Chapter 43
Vol. 4 Ch. 43
ချန်ပေါင်ကောင်း အိမ်ထဲဝင်လာသည်နှင့် သူလည်းမျက်မှောင်ကြုတ်လိုက်မိသည်။ "မင်းရဲ့ခေါင်းဘာဖြစ်တာလဲ? ကြက်ခြံလိုဘဲ"
ဟူချူရှန်းဟာ ကပ်စေးနဲဆိုသည့် မကောင်းသတင်းကျော်ကြားနေသူဖြစ်ကာ သူမသည် လက်ဖဝါးထဲမှရေထွက်လာလောက်အောင် အကြွေစေ့တစ်စေ့ကို ညစ်ထားတတ်သည်။ သူမသည် ခရင်တွေပေါင်ဒါတွေလိမ်းဖို့မပြောနဲ့ သူမ မင်္ဂလာဆောင်တုန်းက ဝယ်ခဲ့သည့်တစ်ထည်ကလွဲလို့ အဝတ်အစားသစ်တွေတောင် မဝယ်ပါချေ။
ချန်ပေါင်ကောင်းမှာ သူ့မိန်းမ ဘာလို့စိတ်ပြောင်းသွားပြီး ဒီအကြောင်းတွေကို ဘာလို့တွေးလာတာလဲဆိုတာ သိချင်သော်လည်း ဟူချူရှန်းမှာ သူ့လက်ကိုလှမ်းဆွဲကာ ပြောလာသည်။ "ပေါင်ကောင်း၊ နောက်ဆုံးတော့ ရှင်ပြန်လာပြီ!"
သူ့မရဲ့စိတ်ခံစားချက်တွေဟာ ပြည့်နှက်နေကာ ရွာသားတွေနှင့် အနီရောင်အဖွဲ့ရောက်လာမှာကို စောင့်နေသလိုမျိုး သူမစကားပြောရင်းဖြင့် မျက်ရည်တွေကျလာသည်။
ချန်ပေါင်ကောင်းမှာ အံ့ဩသွားတော့သည်။ "မင်းဘာဖြစ်တာလဲ? အနောက်က အိမ်လေးထဲမှာ မြုပ်ထားတဲ့ပိုက်ဆံတွေ ပျောက်သွားလို့လား?
ဟူချူရှန်း ရင်နင့်သွားရသည်။ "ကျွန်မ အနောက်က အိမ်မှာ ပိုက်ဆံတွေမြှုပ်ထားမှန်း ရှင် ဘယ်လိုသိတာလဲ? ရှင် ကျွန်မရဲ့ပိုက်ဆံတွေကို ယူလိုက်တာလား?"
ချန်ပေါင်ကောင်းမှာ သူမှားပြောလိုက်မိမှန်း သဘောပေါက်သွားတော့သည်။ "ငါ၊ ငါ ဒီတိုင်း မဟုတ်တာတွေ ပြောလိုက်တာပါ"
သို့ပေမယ့် ဟူချူရှန်းကတော့ ရင်ထဲတွင် သံသယတွေဖြစ်လာကာ စိတ်မအေးနိုင်တော့တဲ့အတွက် ဘယ်သူမှမရှိသည့်အချိန် သူမပိုက်ဆံမြုပ်ထားသည့် နေရာသို့သွားကာ တစ်ချက်သွားကြည့်သည်။
ပိုက်ဆံတွေဟာ တစ်ပြားတောင် မလျော့သော်လည်း ဟူချူရှန်းမှာ ဆက်ပြီး မမြုပ်ရဲတော့ပေ။ ပိုက်ဆံတွေအား သူမလက်ထဲတွင် ကိုင်ထားရင်း မသက်မသာဖြစ်နေမိသည်။
အရင်တစ်ခေါက်က လမုန့်တွေကို သူမရဲ့ဖေဖေပေးတာဟု လုထောင်ပြောခဲ့ဖူးသည်။ အစက သူမ မယုံခဲ့ကာ ၎င်းဟာ မဖြစ်နိုင်ဟုထင်ခဲ့မိသည်။ သူမ ကောင်းကောင်းအိပ်လို့ရရန် ထိုကလေးမလေးကို တိတ်တိတ်လေးနေဖို့ သွားပြောတဲ့အချိန် ဒီလိုအရာမျိုးနှင့် ကြုံရလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပါချေ။
အခုပြန်စဉ်းစားကြည့်ပါက ဟူချူရှန်းမှာ သရဲနဲ့ကြုံလာရသလို ကြောက်လန့်မိနေဆဲပင်။
ဒါ့အပြင်၊ သူမခေါင်းပေါ်၌ သက်သေတွေရှိနေသေးသည်။
ဟူချူရှန်းသည် ခန်အပေါ်တွင် အပူခံနေသည့် ချန်ပေါင်ကောင်းအားဆွဲကာ အသံတိုးတိုးဖြင့်ပြောလိုက်သည်။ "ပေါင်ကောင်း၊ ကျွန်မကိုပြော သရဲတွေက ပိုက်ဆံခိုးတတ်လား?"
ချန်ပေါင်ကောင်းမှာ နားမလည်ပါချေ။ "မင်းဘာတွေပြောနေတာလဲ?"
"သရဲတွေက ပိုက်ဆံခိုးနိုင်လားလို့ ရှင့်ကိုမေးနေတာ"
သရဲတွေသာ ဒါကိုကြားသွားရင် မကောင်းဟု တွေးမိကာ ဟူချူရှန်းသည် သူမစကားတွေကိုအမြန်ပြောင်းလိုက်သည်။ "သရဲတွေက လူတွေရဲ့ပစ္စည်းတွေကို ခိုးနိုင်လားလို့မေးတာ။ ကျွန်မငယ်ငယ်တုန်းက ကျွန်မအဘွားပြောပြဖူးတယ်၊ သူတို့ရွာမှာ လူတွေရဲ့ပစ္စည်းတွေတသ်မကဘူး ကလေးတွေကိုပါခိုးတဲ့ သရဲတစ်ကောင်ရှိတယ်လို့ ပြောပြဖူးတယ်"
အခုတော့ ချန်ပေါင်ကောင်းသဘောပေါက်သွားကာ ဆွံ့အသွားရသည်။ "မင်းရဲ့အဘွားက မင်းကိုခြောက်နေတာလေ၊ မင်းက အဲ့ဒါကိုယုံတယ်ပေါ့"
"အရင်ကတော့ ကျွန်မ မယုံပါဘူး။ ဒါပေမဲ့ အခုတော့ ယုံသွားပြီ"
ချန်ပေါင်ကောင်းကတော့ ဟူချူရှန်းရဲ့ စိုးရိမ်မှုတွေကို လုံးဝနားမလည်နိုင်ပါချေ။
ဟူချူရှန်းသည်သူ့အား သူမရဲ့ခဲအိုလုကောပင်းသည် သရဲအဖြစ် ပြောင်းသွားသည်ဟု ပြောသော်လည်း သူသည်မယုံသည်သာမက သူမရဲ့ခဲအိုဟာ ပြန်လာလိမ့်မည်ဟု ပြောနေသေးသည်။ သူ့မိန်းမ၏ ဆံပင်ပုံစံအသစ်ကိုတော့ သူမကိုယ်တိုင်လုပ်ထားမှတော့ သူ့ယောက်ဖနဲ့ ဘာဆိုင်လို့လဲ?
ဟူချူရှန်းမှာ သူ့ရဲ့တုံးအလှတဲ့ဦးနှောက်ကို မဖျောင်းဖျနိုင်တော့သည့်အတွက် သူမရဲ့ဘောင်းဘီရှည်တွေတွင် အိတ်ကပ်တွေချုပ်ကာ ယာယီပိုက်ဆံဖွက်ထားလိုက်သည်။
သို့ပေမယ့် သူမအိမ်ရှိ မမြင်ရဘဲ စွမ်းအားကြီးလှသည့်သရဲအကြောင်း တွေးမိသည့်အခါတိုင်း သူမအိပ်သည့်အခါ မျက်လုံးတောင်မမှိတ်နိုင်ပေ။
ဟူချူရှန်းမှာ စိတ်ဓာတ်ကျလာကာ မိန်းမောနေရင်း ချက်ပြုတ်နေသည့်အချိန် သူမလက်ကိုတောင် လှီးမိသွားသည်။
ယခုတော့ သူမသည် သရဲနှင့်ကြုံခဲ့ရကြောင်း ပိုလို့တောင် သေချာသွားတော့သည်။ သူမသည် အရမ်းထိတ်လန့်နေမိကာ ထိုသရဲ သူမအား လွှတ်ပေးအောင်၊ သူမ ဆယ်နှစ်ကျော်လောက် အလုပ်ကြိုးကြိုးစားစားလုပ်ကာ စုထားသည့် ပိုက်ဆံများကိုပါ လွှတ်ပေးအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဦးနှောက်ကိုအလုပ်ပေးတွေးတောနေမိသည်။
ထို့ကြောင့် ရှောင်လုထောင် နိုးလာသည့်အခါ သူမရဲ့ဒေါ်ဒေါ်သည် စိတ်အားထက်သန်စွာဖြင့် သူမအားဆက်ဆံနေသည်ကို မြင်လိုက်ရသည်။ သူမ မျက်နှာသစ်ရန် ရေခပ်ပေးကာ သူမနှင့်အတူ တူတူပုန်းတမ်းကစားပေးပြီး သူမနှဲမှုတ်သည့်အခါ၌ သူမဘက်တွင်တောင်ရပ်တည်ပေးသည်။
အဆုံးတွင်၊ သူမ၏ဒေါ်ဒေါ်သည် မျက်ရည်ဝဲစရာကောင်းလောက်အောင် ထောက်ပံ့ဖြန့်ချိရေးဈေး၌ရောင်းသည့် ဈေးကြီးသည့် နို့သကြားလုံးတွေကိုတောင် သူမအတွက် လက်တစ်ဆုပ်အပြည့် ဝယ်ပေးသေးသည်။
ကလေးမလေးက သကြားလုံးကိုယူကာ သူမရဲ့ မေမေကိုသွားကြွားတော့ ချန်ဖန်းရှုတင်မက လုဟွေ့ပါ အံ့ဩသွားမိသည်။
"ဒါကို အစ်ကိုတို့ရဲ့ဒေါ်ဒေါ်က ပေးခဲ့တာလို့ ပြောတာလား? အစ်ကိုတို့ဦးလေးက ဒေါ်ဒေါ်ကို ပြောင်းလဲလိုက်တာလား?"
ဒါကိုကြားတော့ ချန်ဖန်းရှူမှာ မနေနိုင်ဘဲ လုဟွေတင်ပါးကို ရိုက်လိုက်သည်။ "ဘာမဟုတ်တာတွေပြောနေတာလဲ?"
တစ်ဖက်မှာတော့ ရှောင်လုထောင်ဟာ ပါးစပ်အပြည့်သကြားလုံးတွေနှင့် အလေးအနက် ခေါင်းညိတ်ပြလာသည်။ "ဒါက ကောင်းတာပေါ့"
ဒီအမူအရာဟာ သူသည် သူ့ဒေါ်ဒေါ်အား 'အဒေါ်အသစ်' ဆိုသည့် ဂုဏ်ပြုလက်မှတ်ကို ကိုယ်တိုင်ကိုယ်ကျသွားပေးတော့မလိုပင်။
လုထောင်ဟာ တစ်ယောက်ထဲစားရတာကို သဘောမကျတဲ့သူဖြစ်သည့်အတွက် သူမရဲ့အစ်ကိုလုဟွေ့အား သကြားလုံးတစ်ခုနှင့်တစ်ဝက် ခွဲပေးလိုက်သည်။
ခွဲဝေပြီးသည့်နောက် သူမကိုယ်တိုင်လည်း တစ်ခုယူကာ အပြင်၌သွားကစားရန် ပြင်လိုက်သည်။
သူမရဲ့ခြေတံတိုတိုလေးတွေကို လှမ်းတော့မယ့်အချိန်မှာဘဲ ချန်ဖန်းရှုက သူမကိုတားလိုက်သည်။ "သကြားလုံးကို အိမ်ထဲမှာဘဲထား။ ဒီနေ့ နှစ်လုံးပဲ စားလို့ရမယ်နော်"
သကြားလုံး စားပြီးသွားပြီဖြစ်တဲ့ လုထောင်မှာ နင်သွားပြီး သူမရဲ့အိတ်ကပ်လေးကို လက်လေးနဲ့အုပ်ကာ သူမအမေကိုမော့ကြည့်ရင်း ခေါ်လိုက်သည်။ "မေမေ"
ကလေးမလေးရဲ့ မျက်လုံးကြီးတွေဟာ အနင်ရောင်စပျစ်သီးတွေလိုမျိုး ကြည်လင်သန့်စင်နေကာ ချန်ဖန်းရှုရဲ့ပုံရိပ်ပါ ထင်ဟပ်နေပြီး ချွဲနဲသည့်အရိပ်အယောင်တွေ ကူးလူးရောယှက်နေ၏။
ချန်ဖန်းရှု သူမအား လက်ကမ်းကာ အလေးအနက်အမူအရာဖြင့် ပြောလိုက်သည်။ "သကြားလုံးတွေအများကြီးစားရင် သွားနာလိမ့်မယ်။ အများဆုံး နှစ်လုံးဘဲစားလို့ရမယ်"
လုထောင်ရဲ့ပခုံးတွေ ရုတ်တရက် လှုပ်ရှားသွားပြီး သူမရဲ့အိတ်ကပ်ထဲမှ သကြားလုံးနှစ်လုံးကို ယူကာ သူမရဲ့မေမေကို မော့ကြည့်လိုက်သည်။
ချန်ဖန်းရှုကတော့ မလှုပ်ရှားပါချေ။ "နောက်ထပ်ရော?"
ကလေးမလေးဟာ သူမရဲ့အိတ်ကပ်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်။ "မရှိတော့ဘူး၊ ကုန်သွားပြီ"
သူမသည် မလျော့တမ်းပေနေပေမယ့် တစ်စုံတစ်ယောက်ကတော့ သူမကိုနှောင်ယှက်ဖို့ကြိုးစားလာသည်။
အိမ်စာလုပ်နေသည့်လုဟွေ့ဟာ ခေါင်းငုံ့လာပြီး ရက်စက်စွာဖြင့် လက်ညိုးထိုးပြလာသည် "မရှိတော့ဘူးလို့ ဘယ်သူပြောလဲ? အိပ်ကပ်ထဲမှာ လေးလုံးတောင်ကျန်သေးတယ်"
ကလေးမလေးဟာ ချက်ချင်းဒေါသထွက်လာတော့သည်။ "မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကိုကို၊ မဟုတ်တာတွေမပြောနဲ့!"
"ကိုကိုလဲ စနေတာမဟုတ်ဘူး။ ညီမလေးခုနှစ်လုံးရလာတာလေ။ ညီမလေးတစ်လုံးစားတယ် ပြီးတော့ နှစ်လုံးထုတ်လာတယ်။ ခုနစ် အနုတ် တစ်အနုတ် နှစ် က လေးနဲ့ညီတယ်။ ဒီတော့ လေးလုံးကျန်သေးတယ်"
"ခုနစ် အနုတ် တစ်.... အနုတ် နှစ်.... အနုတ် နှစ်...."
နံပါတ် တစ်ဆယ်ထိတောင် မရေတတ်သေးတဲ့ ရှောင်လုထောင်မှာ ချက်ချင်းကို စိတ်ရှုပ်ထွေးသွားသည်။ သူမရဲ့လက်တွေနဲ့ အတော်ကြာရေတွက်နေသော်လည်း နုတ်ခြင်း၏ အဓိပ္ပါယ်ကို နားမလည်သေးပါချေ။ သူမ ထပ်ထုတ်လိုက်တော့ သူမအိတ်ကပ်ထဲတွင် သကြားလုံးလေးလုံးကျန်နေသေး၏။
ကလေးမလေးသည် နှုတ်ခမ်းစူလိုက်ကာ သကြားလုံးတွေကို ကြည့်လိုက်ပြီး သူမအိတ်ကပ်ထဲ ပြန်ထည့်လိုက်ကာ စားဖို့တော့ တွ့န်ဆုတ်နေသေးသည်။
သူမသည် တွန့်ဆုတ်စွာဖြင့် သူမအစ်ကိုကို ပေးလိုက်သော်လည်း ဖြတ်သွားသည့် ရှုစန်းပေါင်က မြင်သွားကု သရေကျလာပြီး သူမဆီလာတောင်းသည်။
သေချာပေါက် သူမကငြင်းလိုက်သည်။ ရလဒ်အနေဖြင့် ရှုစန်းပေါင်ဟာ ဒေါသထွက်သွားကာ ချန်မိသားစုခြံဝန်းထဲတွင် ဘယ်သူမှမရှိတာကိုမြင်တော့ သူသည် သကြားလုံးတွေကို လုယူသွားတော့သည်။
ကလေးမလေးမှာ သကြားလုံး လုခံရဖူးသည့် စိတ်ဒဏ်ရာရှိသည်။ အရင်တစ်ခေါက်က လုကောဖုသည် သူမအား လိမ်လည်ကာ မာသာ့ရှင်းဆီ ခေါ်သွားခဲ့ဖူးသည်။ ရှုစန်းပေါင် လှုပ်ရှားတော့မှာကို သူမမြင်တော့ ချက်ချင်းထွက်ပြေးတော့သည်။ "ဟူကျီလာပြီ၊ ဟူကျီ လာလုနေပြီ!"
ဟူချူရှန်းသည် ပြောင်းတစ်အိတ်ကိုသယ်ကာ ဆန်ပြုတ်လုပ်ရန်အတွက် ၎င်းတို့ကိုကြိတ်ရန် ကြိတ်ခွဲစက်တစ်လုံးကို ငှားလာသည်။
သူမအိမ်ပြန်လာတော့ ဟူကျီလာနေပြီဟု ရှောင်လုထောင် အော်တာကိုကြားတဲ့အခါ ချက်ချင်းစိတ်လှုပ်ရှားလာပြီး ဒီအခွင့်အရေးကိုယူကာ ကြွားဝါရန် အလျင်စလိုဖြင့် အပြေးသွားတော့သည်။
နှစ်မိနစ်အကြာ၊ အခုလေးတင် ရန်လိုနေသည့် အနိုင်ကျင့်သူလေးကိုကြည့်ကာ ရှောင်လုထောင်သည် မတုံ့ပြန်နိုင်တော့ဘဲ မျက်ရည်တွေပြိုကျလာသည်။
ဒီလောက်တောင် အားနဲတယ်လား?
တစ်ဖက်တွင် ရှုစန်းပေါင်သည် တိုင်ပြောရန် သွေးထွက်နေသည့်နှာခေါင်းဖြင့် အိမ်သို့ပြေးပြန်တော့သည်။ "အဘွား၊ အဘွား! သူတို့ သားကိုအနိုင်ကျင့်တယ်! ဝူးးး!"
ရှုလောင်စန်းရဲ့ ဒုတိယသမီးဟာ တစ်လရှိနေပြီဖြစ်တာကြောင့် အမျိုးသမီးရှူသည် ရှုလောင်စန်း၏ ဇနီးအား ဂရုစိုက်တာကို ရပ်လိုက်သည်။ သူမအားလပ်နေသည့်အခါ ဆေးပေါ့လိပ်တွေသောက်ပြီး မာကျောက်ကစားသည်။
သူမရဲ့ မြေးငိုသည့်အသံကိုကြားတော့ ဆေးပေါ့လိပ်သောက်နေတာပါ သီးသွားကာ တစ်ခဏလောက် ချောင်းဆိုးတော့သည်။
ဒါဟာ သူမကို ဒေါသထွက်လာစေသည်။ ဘာမှစဉ်းစားမနေတော့ဘဲ၊ သူမသည် ရှုစန်းပေါင်အားဆွဲကာ အနိုင်ကျင့်သည့်သူအား မေးလိုက်သည်။ "ဘယ်ကောင်စုတ်လေးက နင့်ကို အနိုင်ကျင့်လိုက်တာလဲ? ပြော သူတို့ကို သင်ခန်းစာပေးလိုက်မယ်!"
ရှုစန်းပေါင်ကာ ငိုရင်းဖြင့် ပြောလာသည်။ "ဟုတ်တယ်၊ အဲ့ဒါက အဒေါ်ချန်ပဲ"
"ချန်မိသားစုက အကြီးဆုံးချွေးမလို့ ပြောတာလား?"
အမျိုးသမီးရှု တန့်သွားတော့သည်။ "နင် သူ့ကလေးတွေနဲ့ ရန်ထပ်ဖြစ်ပြန်ပြီလား?"
"ဟင့်အင်း၊ ရန်မဖြစ်ရဘူး"
"ရန်မဖြစ်ရင် သူက နင့်ကို ဘာလို့အနိုင်ကျင့်မှာလဲ? သူပျင်းနေလို့လား?"
ရှုစနပေါင်မှာ ထိုမေးခွန်းကြောင့် နင်သွားတော့သည်။ သူ အတော်ကြာတွန့်ဆုတ်သွားပြီးနောက် လုထောင် သူ့ကို သကြားလုံးပေးတာကို သူငြင်းလိုက်တာ ဟူချူရှန်းမြင်တော့ ဆူလိုက်တာဟု ပြောလိုက်သည်။
ထိုမိသားစုနှစ်စုမှ ကောင်လေးတွေက တွေ့လိုက်တိုင်း ရန်ဖြစ်ကြသည်။ လုထောင်က ရှုစန်းပေါင်နှင့် မရင်းနှီးတာကို ဘယ်လိုလုပ် သူ့ကို သကြားလုံးပေးမှာလဲ? ဦးနှောက်ရှိတဲ့လူတိုင်း သူပြောတာကို ယုံမှာမဟုတ်ပေ။
ဖြတ်သွားဖြတ်လာတွေ လှန်းကြည့်သွားတာကိုမြင်တော့ အမျိုးသမီးရှု၏ မျက်နှာဟာ မည်းမှောင်လာတော့သည်။ "နင့်အိမ်မှာ အစားအသောက်တွေ ပြတ်လပ်နေလို့လား?"
ရှုစန်းပေါင်သည် ဘာမှမပြောတော့ဘဲ ရှိုက်သာနေ၏။ "အဘွား၊ အဘွားဘဲ သူတို့ကို သင်ခန်းပေးမယ်လို့ ပြောခဲ့တယ်လေ"
အမျိုးသမီးရှုမှာ ချန်မိသားစုကို သင်ခန်းစာပေးချင်သော်လည်း အရင်က သူမသည် ချန်မိသားစုနှင့် အကြိမ်ပေါင်းများစွာ ပြဿနာတက်ကာ ဒုက္ခရောက်သည်နှင့်သာ အဆုံးသတ်ခဲ့ရသည်။ ဒါက တကယ်ကြောင်တောင်တောင်နိုင်လှသည်။
ဒါ့ပြင်၊ ကောက်ရိုးဦးထုပ်ရက်သည့် ကိစ္စကြောင့် ယခုဆိုလျှင် အသင်းမှ ချန်မိသားစုကို အကူအညီပေးနေ၏။ ယှဉ်ကြည့်ပါက သူမ၏အကြီးဆုံးသားမက်မှာ အလုပ်ပြုတ်သွားကာ အတွင်းရေးမှူးလျိုဟာလည်း ဒီတစ်လောတွင် သူမကို မျက်နှာသာမပေးတော့ပါချေ။ ကိစ္စတွေဟာ ကိုယ့်လက်ထဲရှိမနေမှတော့ သူမအနေဖြင့် အခွင့်ကောင်းယူဖို့ ခက်ခဲလှသည်။
အမျိုးသမီးရှု၏ မျက်နှာဟာ အကြိမ်တိုင်းပြောင်းလဲနေသော်လည်း ဒီအရှက်တကွဲဖြစ်မှုကို သူမ မမျိုသိပ်နိုင်ပေ။ သူမသည် လမ်းပေါ်၌ နှုတ်ခမ်းပေါ်လက်တင်၍ မတ်တပ်ရပ်လိုက်ကာ တခြသူတွေကို ဆဲရေးတော့သည်။
"ကလေးတစ်ယောက်ကို အနိုင်ကျင့်ရလောက်အောင် အရမ်းအကျင့်ယုတ်တာပဲ! ကြက်က ဘာလို့ ဥမဥတာ၊ နင်တို့မြေးက ဘာလို့အရမ်းကပ်နေရလဲဆိုတာ သိချင်နေခဲ့တာ။ နင်တို့တွေ အကျင့်ယုတ်ထားတာတွေများလို့ ဘုရားသခင်ဆီကနေ အပြစ်ပေးခံရတာပဲ!"
ဒီစကားလုံးတွေရဲ့ ဦးတည်ရာဟာ အရမ်းသိသာလွန်းကာ လူအများအပြားဟာ မသိလိုက်ဘာသာနှင့် ချန်မိသားစုအိမ်ဘက်သို့ ကြည့်လာကြသည်။
အမှိုက်ထုတ်နေသည့် ဟွမ်ရှောင်မိန်မှာ ဒါကိုကြားတော့ နှုတ်ခမ်းတင်းတင်းစိလိုက်ပြီး ဖြူဖျော့လာသည်။
သူမသည် လက်ထပ်ထားတာ ကြာပြီဖြစ်သော်လည်း ကိုယ်ဝန်ဆောင်သည့်လက္ခဏာဘာမှမပြလာမှန်း လူတိုင်းသိသည်။ "ဥမဥ" ဆိုသည့်စကားဟာ သူမကိုစော်ကားနေမှန်း သိသာလှသည်။
အမျိုးသမီးရှုမှာ သူမကိုမြင်တော့ ပိုလို့တောင် စိတ်လှုပ်ရှားလာသည်။ "သားတစ်ယောက်တောင် မမွေးနိုင်တဲ့မိသားစုက ဥမဥနိုင်တဲ့ ချွေးမရတာနဲ့တန်တယ်။ လူငယ်လေးအတွက်တော့ သနားစရာပဲ။ ကံမကောင်းတဲ့ မိန်းကလေးနဲ့ လက်ထပ်ပြီးတာ နှစ်နှစ်ဘဲရှိသေးတယ် သေသွားတာ သနားစရာဘဲ"
အမျိုးသမီးရှုဟာ သူမယောင်းမ အကြောင်းကိုပြောလာတာကြားတော့ ဟွမ်ရှောင်မိန် ဒေါသမထိန်းနိုင်တော့ပေ။
သူမ ဆတ်ခနဲလှုပ်ရှားကာ အမျိုးသမီးရှုအား ပြောတော့မယ့်အချိန် စက်ဘီးနှင့် တစ်ယောက်ယောက် ရောက်လာသည်။
အနောက်တွင် အသားဖြူဖြူနှင့်အမျိုးသမီးတစ်ယောက် ထိုင်နေသည်။ သူတို့သည် ချန်အိမ်ရှေ့သို့ရောက်သည်နှင့် ထိုအမျိုးသားအား ရပ်ရန်လောဆော်လိုက်ကာ အမြန်ခုန်ဆင်းလိုက်သည်။
"ရှုအာ၊ ဒါ ရှုအာတို့အိမ်လား? လောင်လီက ပင်းချန်မှာ နင့်ရဲ့ကောပင်းကိုတွေ့ခဲ့တယ်!"