← Chapters

Chapter 44

Vol. 4 Ch. 44

Chapter 44

Vol. 4 Ch. 44

အမျိုးသမီးရှု ပြင်းပြင်းထန်ထန် ဆဲရေးနေသည့်အချိန် ဒီစကားတွေကို သူမကြားလိုက်ရသည်။ သူမ တံတွေးတွေပါ နင်သွားမိလုနီးနီးပင်။

ထိုနှစ်ယောက်ဟာ လူစိမ်းတွေသာ မဟုတ်ရင် ချန်ဖန်းရှုရဲ့ ယောက်ျားကို တွေ့လိုက်တယ်လို့ လာပြောတဲ့သူဟာ ရည်ရွယ်ချက်ရှိရှိလာပြီး သူမ မျက်နှာကို ဖြတ်ရိုက်ချင်တဲ့သူလားဟု သူမ သံသယဝင်မိလိမ့်မှာပင်။

ပတ်ပတ်လည်မှ တခြားသူတွေလဲ မယုံနိုင်ဖြစ်နေကြသည်။

လုကောပင်း ပျောက်နေသည်မှာ တစ်နှစ်ကျော်လောက်ရှိနေပြီဖြစ်ကာ စစ်တပ်မှလည်း ရှင်းရှင်းလင်းလင်း ရှင်းပြချက် မပေးခဲ့ပေ။ သူသည် အပြင်၌ဆုံးသွားလောက်သည်ဟု လူတိုင်းက ထင်ကြေးပေးကြကာ လူတိုင်းဟာ ချန်ဖန်းရှုအတွက် အောင်သွယ်လုပ်ပေးချင်ခဲ့ကြသည်။ ဘယ်လိုလုပ် ရုတ်တရက်ကြီး သူ့သတင်းရလာတာလဲ?

ဟွမ်ရှောင်မိန်လည်း ပျော်ရွှင်နေသည့် အမူအရာမပြလာခင် တစ်ခဏလောက် ကြောင်အနေမိသည်။ " တကယ်ပြောတာလား?"

ထိုအမျိုးသမီးက ခေါင်းညိတ်လိုက်သည်။ "တကယ်ပဲ"

ဟွမ်ရှောင်မိန်မှာ အမျိုးသမီးရှုကို ထပ်ပြီးဂရုမစိုက်တော့ပေ။ သူမသည် ထိုလူနှစ်ယောက်အား အိမ်ထဲသို့ ဦးဆောင်ခေါ်သွားလိုက်သည်။

သုံးယောက်သား အိမ်ထဲဝင်သွားပြီးနောက် လမ်းတစ်ဖက်ရှိ လူတွေဟာ အသံတိုးတိုးဖြင့် စပြီးပြောဆိုကြတော့သည်။

"ဖန်းရှုရဲ့ ယောက်ျားက တကယ်ကြီး ဆုံးသွားတာမဟုတ်ဘူးလား? အချိန်အကြာကြီး ဘာလှုပ်ရှားမှုမှ မရှိလာတာလေ။ ငါ့စိတ်ထဲ သူ ဆုံးသွားတာ ကြာပြီလို့ ထင်နေတာ"

"မဟုတ်ဘူးလို့ ဘယ်သူပြောလဲ? သူ တိတ်နေတာကြောင့်သာမဟုတ်ရင် ချန်ဖန်းရှုရဲ့ယောက္ခမက သူ့ကို ဒီလိုနှိပ်စက်မှာ မဟုတ်ဘူး"

"အခု အိမ်ကိုပြန်လာမှ၊ ချန်မိသားစုက သမီးလဲ နောက်ဆုံး အဆင်ပြေသွားတာ"

"ဟုတ်တယ်၊ သူမက ကံလဲကောင်းသလို အရည်အချင်းလဲရှိတယ်။ ငါတို့အသင်းတစ်ခုလုံး သူ့ပေါ်မှာ မူတည်နေတာ..."

စကားလုံးအနည်းငယ်ပြောပြီးနောက် တစ်ယောက်ယောက်က ပုံမှန်အတိုင်း သူ့နောက်ကနေလိုက်ပြောတော့သည်မှာ အမျိုးသမီးရှုကို မျက်ခုံးတွေ တွန့်ချိုးသွားစေတော့သည်။

ရှောင်လုထောင်သည် တံခါးဝတွင်‌ထိုင်ကာ ကျောက်တုံးဖြင့် ပုံဆွဲနေတာကိုမြင်တော့ သူမဆီ လျှောက်သွားကာ အပြုံးတုနှင့်အတူ မေးလိုက်သည်။ "သမီး၊ တစ်ခုမေးခွင့်ပေး။ နင့်ရဲ့အဖေက သေသွားတာမဟုတ်ဘူးလား?"

ဤကဲ့သို့အရာအား ကလေးတစ်ယောက်ကို ပြောသည်မှာ သိပ်ပြီးတော့မမှန်ပေ။

တစ်ယောက်ယောက်က ချက်ချင်းမျက်မှောင်ကြုတ်လိုက်ကာ အာ့ဝူလင်ဆိုပိုပြီးတော့တောင် ဒေါသထွက်လာသည်။ [နင့်အဖေပဲ သေ! နင့်တစ်မိသားစုလုံးဘဲသေ! မရတော့ဘူး၊ ဒီမတရားမှုကို ငါသည်းမခံနိုင်တော့ဘူး၊ host၊ ဒီစနစ်က သူနဲ့ သူ့တစ်မိသားစုလုံးရဲ့အဖေပဲ!]

ထိုသို့ကျိန်းမောင်းပြီးသည့်နောက် သူ ထပ်ပြီးရပ်လိုက်သည်။ [မေ့လိုက်တော့၊ သမီးက ကြောင်တောင်တောင်ကလေးလေးပဲ၊ ဒီလို ညှီဟောက်နေတဲ့ ဆန်းပြားရှုပ်ထွေးတဲ့ဘာသာရပ်ကို မသင်နဲ့....]

သို့ပေမယ့် သူပြောမပြီးသေးခင်မှာဘဲ လုထောင်က ယုံကြည်ချက်ရှိရှိဖြင့် ရင်ဘက်ကိုပင့်ကာ စိတ်ထဲကနေပြောလာသည်။ "ထောင်ထောင် မလုပ်နိုင်ဘူးလို့ ဘယ်သူပြောလဲ? ထောင်ထောင်က အရမ်းတော်တာ၊ အကုန်လုပ်နိုင်တယ်"

ကလေးမလေးဟာ ကလေးသံလေးနှင့်ပြောလိုက်ပြီး အမျိုးသမီးရှုအား အလေးအနက်ဖြင့် မော့ကြည့်လိုက်သည်။ "အဖွားရဲ့အဖေကရော? အဖွားနဲ့ အဖွားတို့တစ်မိသားစုလုံးကရော?"

အာ့ဝူလင် - [……]

အမျိုးသမီးရှု - “…”

အမျိုးသမီးရှုရဲ့မျက်နှာဟာ အစိမ်းရောင်သန်းလာကာ သွေးတွေ အန်ထုတ်လုမတတ်ပင်။

သူမ ဘယ်လိုဘဲ နားထောင်နားထောင် သူပြောတာဟာ မမှန်နေသလို ခံစားရသည်။

'ဒီ ကလေးစုတ်က ငါ့ကို လာဆူနေတာလား?'

' သေချာပေါက် သူ့ကိုဆူနေတာပဲ၊ ဟုတ်မလား?'

အမျိုးသမီးရှု မျက်နှာပေါ်က အရုပ်ဆိုးလှတဲ့အမူအရာကိုကြည့်ရင်း လုထောင် တစ်ခုခုကိုတွေးလိုက်မိသည်။ "မဟုတ်‌သေးပါဘူး၊ အဲ့ဒါက မကောင်းလို့လား?"

သူမ မေးခွန်းမှားမေးမိလိုက်မှန်း သဘောပေါက်သွားကာ တွန့်ဆုတ်သွားပြီး အနည်းငယ် သနားသွားသည်။ "ဝမ်းမနည်းပါနဲ့၊ အောင့်ထားပါ"

ဒီစကားတွေကိုပြောလာတော့ တစ်ယောက်ယောက်မှာ မနေနိုင်ဘဲ အော်ရယ်မိတော့သည်။

အမျိုးသမီးရှု ဒါကိုကြားတော့ သူမမျက်နှာဟာ လုံးဝကိုမည်းမှောင်သွားတော့သည်။

ခြံဝန်းအပြင်ဘက်တွင် ရှောင်လုထောင်မှာ တခြားသူတွေ ဘာကြောင့်ရယ်ကြလဲဆိုတာ နားမလည်ဖြစ်နေကာ ငွေ့ရည်ကြည်ဖွဲ့နေသည့်မျက်လုံးတွေဖြင့်ကြည့်နေ၏။

ဟွန်ရှောင်မိန်နှင့် တခြားသူတွေ အိမ်ထဲ ဝင်လာလာခြင်း ထိုအမျိုးသမီးဟာ ချန်ဖန်းရှုကို ဆွဲခေါ်လိုက်ပြီး စိတ်မရှည်စွာဖြင့် စကားစပြောလာသည်။

ထိုအမျိုးသမီး၏ နာမည်ဟာ ဟန်ဝမ့်ကျွမ်းဖြစ်သည်။သူမသည် ချန်ဖန်းရှုနှင့် အထက်တန်းကျောင်းအတန်းဖော်ဖြစ်ကာ ချန်ဖန်းရှုထက် တစ်နှစ်ပိုကြီးသည်။

အထက်တန်းမှ ဘွဲ့ရပြီးနောက် ဟန်ဝမ့်ကျွမ်းသည် သူမ၏ အဆက်အသွယ်ကိုသုံးကာ ခရိုင်ရှိအထည်အလိပ်စက်ရုံ၌ အလုပ်ရခဲ့သည်။ သူမ၏ ခင်ပွန်း လီကျန်းရှန့်သည် စက်ပစ္စည်းစက်ရုံရှိ ထောက်ပံ့ဖြန့်ချိရေးတာဝန်ခံဖြစ်သည်။ သူတို့သည် အဆင်ပြေပြေရှိကြကာ သူတို့ကလေးတွေအား ခရိုင်ရှိမူလတန်းကျောင်း၌ထားနိုင်သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က လီကျန်းရှန့်သည် အလုပ်ခရီးသွားရာမှ ပြန်ရောက်လာကာ သူသည် လုကောပင်းအား ပင်းချန်၌တွေ့ခဲ့ကြောင်း ပြောလာသည်။

တစ်ချက်လေးသာ မြင်လိုက်ရကာ သူ့ဆီသွားနှုတ်ဆက်ဖို့လွဲသွားပြီး လုကောပင်းရဲ့ပုံရိပ်ဟာ ပျောက်ကွယ်သွားတော့သည်။

ဟန်ဝမ့်ကျွမ်း ဒါကိုကြားသည့်အခါ သူမ ထိုင်မနေနိုင်တော့ပေ။ သူမ ချက်ချင်း စက်ရုံမှထွက်ကာ နေ့တစ်ဝက်ခွင့်တောင်းလိုက်ပြီး ချန်ဖန်းရှုအား ရှာရန် တစ်ယောက်ယောက်ကိုပါ ခေါ်လာခဲ့သည်။

သူမသည် သူမသိသမျှအား ချန်ဖန်းရှုကို အသက်မရှူတမ်းပြောပြကာ မေးလိုက်သည်။ "လွန်ခဲ့တဲ့လတွေက ကောပင်း နင့်ဆီကို ဘာစာမှမပို့ဘူးလား?"

ချန်ဖန်းရှုသည် တစ်ခဏလောက် တိတ်သွားကာ ခေါင်းခါလိုက်သည်။

"သူ အချိန်မရသေးလို့နေမှာ" ဟန်ဝမ့်ကျွမ်း သူမကိုနှစ်သိမ့်လိုက်သည်။ "စစ်သားတစ်ယောက်ဖြစ်ဖို့ သူတို့အတွက် မလွယ်ဘူး။ သူတို့မှာ တခြားအရေးကြီးတဲ့မစ်ရှင်ရှိလို့ ပြန်လို့မရတာ ဖြစ်မယ်။ သူ့အလုပ်တွေ ပြီးသွားရင် နင်နဲ့ ကလေးတွေကို သေချာပေါက်လာတွေ့မှာ"

"ဖြစ်နိုင်ပါတယ်"

ချန်ဖန်းရှုမှာ သူမသူငယ်ချင်းတွေလိုမျိုး သိပ်ပြီးမပျော်နေမိချေ။ ထိုအစား သူမပုံဟာ မိန်းမောနေကာ သူမဘာတွေးနေလဲဆိုတာ ဘယ်သူမှ မသိပါချေ။

ယှဉ်ကြည့်ပါက စိတ်လှုပ်ရှားစွာဖြင့် လာနားထောင်သည့် ဟူချူရှန်းဟာ ပိုပြီးတော့တောင် အံ့ဩထိတ်လန့်သွားသည်။ "အဲ့က တကယ်ပဲ ကောပင်းဆိုတာ သေချာရဲ့လား? သေချာမြင်လိုက်တာလား?"

'ကောပင်းသာ အသက်ရှင်နေသေးတယ်ဆိုရင် အဲ့ဒီနေ့က သူမ ကြုံခဲ့ရတာ ဘယ်သူများလဲ?'

'ရုပ်တူနေတာရော မဖြစ်နိုင်ဘူးလား? သူမခေါင်းမှ ဆံပင်တွေဟာ ကောက်နေဆဲပင်။'

တခြားသူတွေကတော့ သူမရဲ့ ကသောင်းကနင်းဖြစ်နေတဲ့အခြေအနေကို နားမလည်သည့်အတွက် ဟွန်ရှောင်မိန်က ဖြတ်ပြောလာသည်။ "ကောပင်းဖြစ်နိုင်တာပဲ။ ကောပင်းက ဒီလောက်ကြည့်ကောင်းတာ သူနဲ့တူတဲ့လူမျိုးကို ဘယ်နားမှာရှာတွေ့မှာလဲ?"

'ဒါပေမဲ့.....'

ဟူချူရှန်း တစ်ခုခုထပ်ပြောချင်ပေမယ့် ဒီအခန်းထဲ ဘာဖြစ်ခဲ့လဲဆိုတာကို သူမစဉ်းစားမိတော့ ပါးစပ်ပိတ်လိုက်မိသည်။

ဟန်ဝမ့်ကျွမ်း သက်ပြင်းတစ်ချက် ရှိုက်လိုက်ကာ ချန်ဖန်းရှုအား တခြားအကြောင်းပြောလိုက်သည်။ "နင့်ကို ငါမတွေ့ရတာ နှစ်လလောက်ပဲ ရှိသေးတယ်။ ဘယ်လိုလုပ် နင့်မိဘအိမ်ကိုပြန်လာတာလဲ? လောင်လီနဲ့ငါ သာ့ဟွားအသင်းဆီ အရင်သွားလိုက်သေးတယ်။ ငါတို့ လုမိသားစုအိမ်မှာ မေးကြည့်လိုက်တော့ နင်ထွက်သွားပြီမှန်းသိလိုက်ရတယ်"

သူမသည် ထိုသတင်းအား အမြန်လာပြောပြတာဖြစ်သော်လည်း သိပ်အများကြီး မမေးခဲ့တာကြောင့် သူမဘယ်လိုလုပ် လုမိသားစုနှင့် ခွဲနေခဲ့လဲဆိုတာကို မသိခဲ့ရပေ။

လုကောပင်းအကြောင်း ပြောပြီးသွားကြောင်း ဟွမ်ရှောင်မိန် တွေ့လိုက်ရတော့ သူမထိုအခန်းထဲတွင် အကြာကြီး မနေနေတော့ဘဲ အပြင်ထွက်ကာ ဧည့်သည်နှစ်ယောက်အတွက် ရေသွားထည့်ပေးလိုက်သည်။

ထို့နောက် ချန်ဖန်းရှုလည်း လွန်ခဲ့သည့်နှစ်လက ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ ဟန်ဝမ့်ကျွမ်းအား အကြမ်းဖြင်းပြောပြလိုက်သည်။

သူမ ပါးနပ်စွာဖြင့်ပြောပြကာ လုမိသားစုအကြောင်းပြောသည့်အချိန် သိပ်ပြီးတော့ သူမ မကျေနပ်ကြောင်း မပြောခဲ့ပေ။

သူမရဲ့အကျင့်ဟာ အရမ်းကောင်းကြောင်း ဟန်ဝမ့်ကျွမ်းသိသည်။ သူမတို့သာ မဆုံမိပါက ဒီအကြောင်း သူမ ပြောပြလိမ့်မည်မဟုတ်မှန်း သူမ သိသည်။ သူမဒေါသထွက်စွာဖြင့် အံကြိတ်လိုက်ကာ ပြောလိုက်သည်။ "ငါနင့်ကို ခရိုင်ဆီပြောင်းလာခိုင်းရမှာ။ ကောပင်းရဲ့လစာကမြင့်တယ် သူ နင့်ကို အဲ့ဒီမှာ မထားနိုင်စရာ အ‌ကြောင်းမရှိဘူး"

'ပြောရတာလွယ်ပေမယ့် ထိုလူဟာ အိမ်နှင့် နှစ်တွေတစ်လျှောက် ဝေးနေခဲ့သလို သူခရိုင်ကို သွားတဲ့အချိန် သူ့ကိုကူညီမည့် အမျိုးတွေလည်း မရှိပါချေ။ အဲ့ဒါက ဘယ်လိုလုပ်လွယ်မှာလဲ?'

ဒါ့ပြင်၊ လုကောပင်း ဒုက္ခမရောက်ခင် အမျိုးသမီးလုသည် သူ့ကိုသိပ်သဘောမကျသော်လည်း အလွန်အကဲတော့မလုပ်ခဲ့ပါချေ။

ချန်ဖန်းရှုမှာ ထိုအကြောင်း မပြောချင်တော့သည့်အတွက် ဟန်ဝမ့်ကျွမ်းနှင့် လီကျန်းရှန်တို့၏ အငယ်ဆုံးသားအကြောင်းကို မေးလိုက်သည်။

"သူ မူလတန်းကျောင်းတတ်နေပြီလေ။ နင် သူ့ကိုသိပါတယ်။ သူ မူလတန်းကျောင်းသွားရတာ သူ့အသက်ကိုခြိမ်းခြောက်နေတာကျနေရော။ သူ့ကို ဘယ်လိုလုပ် ပေးထွက်ခိုင်းရဲမှာလဲ? သူ့ကို ထွက်ခိုင်းလိုက်ရင် သူအသားကျသွားပြီး ထပ်ပို့လို့မရတော့မှာစိုးလို့"

ဟန်ဝမ့်ကျွမ်းမှာ သူမသားအကြောင်း စကားလုံးအနည်းငယ်ဖြင့် မ‌ကျေမနပ်ပြောပြပြီးနောက် ချန်ဖန်းရှု၏ ခြေထောက်အကြောင်းကို စိုးရိမ်စွာဖြင့် မေးလိုက်သည်။ "ပြန်သက်သာနေပြီလား? အခုထိနာနေသေးလား? ဒါနဲ့၊ အဲ့ဒီနေ့က နင့်ကိုတိုက်သွားတာ ဘယ်သူလဲ? လူကိုတွေ့လိုက်လား?"

အမှန်တော့၊ ချန်ဖန်းရှု ကိုယ်‌တိုင်တောင် အဲ့ဒီနေ့က သူမကိုကားနဲ့တိုက်တဲ့သူက ဘယ်သူလဲဆိုတာ မသိပါချေ။

ထိုနေ့က မှောင်နေကာ တစ်ယောက်ယောက်က သူမကို အနောက်မှနေ တိုက်ထည့်လိုက်သည်။ တစ်ခုခုမှားနေပြီမှန်း သူမသဘောပေါက်လိုက်ကာ အလျင်စလို အနောက်ကို လှည့်ကြည့်လိုက်သော်လည်း ကားရှေ့မီးဟာ အရမ်းလင်းနေသည်ကြောင့် သူမဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရလိုက်ဘဲ ၎င်းဟာ ကားအကြီးကြီးမှန်းသာ သူမ သိခဲ့ရသည်။

နောက်တော့ သူမဒဏ်ရာရသွားကာ မေ့မျောနေခဲ့သည်။ သူမနိုးလာသည့်အချိန် ရက်အနည်းငယ်လောက် ကုန်သွားပြီဖြစ်ကာ စစ်ဆေးကြည့်ဖို့ လမ်းစလည်း မရှိတော့ပေ။

ထိုအကြောင်း ဟန်ဝမ့်ကျွမ်းကြားတော့ သူမသူငယ်ချင်းအား သနားမိသွားသည်။ "ဘယ်လိုတောင်လဲ! လူတစ်ယောက်ကို တိုက်မိသွားတာတောင် ဆေးရုံဆီသွားမပို့ဘူးပေါ့လေ။ နင့်ကို လမ်းတစ်ဖက်မှာဘဲ ထားခဲ့တယ်ပေါ့လေ။ တကယ်လို့ တကယ်ဘဲ တစ်ခုခုဖြစ်သွားရင်ရော?"

ဟန်ဝမ့်ကျွမ်းနှင့် သူမခင်ပွန်းတို့ ချန်မိသားစုအိမ်တွက် တစ်နာရီကျော်လောက်နေခဲ့သည်။ သူတို့ အလုပ်ဆီပြန်သွားဖို့ ပြောလာသည်မှာ မွန်းတည့်နေပြီဖြစ်သည်။

လုကောပင်း မသေသေးကြောင်းသတင်းဟာ ချင်းရှန်တစ်ကြောလုံး ပြန့်သွားတော့သည်။

တစ်ချို့တွေက အံ့အားသင့်နေကြကာ တချို့တွေက သက်ပြင်းချလိုက်ကြပြီး တချို့တွေကတော့ ပျော်စရာကို စောင့်ကြည့်ချင်နေကြသည်။

‌ထိုအထဲတွင် ထိန်းချုပ်နိုင်မှု လွတ်သွားမတတ်ပြုမူနေသည်မှာ ရှုလောင်စန်းသာ ဖြစ်လိမ့်မည်။ သူသည် ထိုအကြောင်းအား ညစာစားချိန်၌ ကြားခဲ့ရပြီးနောက် သူ့တူကိုတောင် မကိုင်နိုင်တော့ပေ။ သူသည် ဟူချူရှန်းလိုမျိုး တူညီသည့်မေးခွန်းကိုသာ မေးမိလုနီးနီးပင်။ "မှားတာမဟုတ်ဘူးလား?"

အမျိုးသမီးရှုဟာ ချက်ချင်းမျက်မှောင်ကြုတ်လိုက်သည်။ "ငါတို့စားသောက်နေတဲ့အချိန် ဘာလို့ သူတို့မိသားစုအကြောင်း လာပြောနေတာလဲ? ငါ့ကိုစိတ်ပျက်စေတယ်နော်"

ရှုလောင်စန်း စကားပြောတာရပ်လိုက်ပေမယ့် စားသောက်သည့်တစ်ချိန်လုံး စိတ်လွင့်နေ၏။ သတိပြုမိသည့်သူတိုင်း သူတစ်ခုခုဖြစ်နေမှန်းပြောနိုင်သည်။

သူလက်ထပ်ခဲ့သည့် လွန်ခဲ့တဲ့နှစ်အနည်းငယ်က ရှုလောင်စန်း၏ ဇနီးသည် ရှုလောင်စန်းဟာ ချန်ဖန်းရှုအား လက်ထပ်ချင်ခဲ့ကြောင်း ကြားခဲ့ဖူးသည်။

လုကောပင်း မဆုံးသေးကြောင်းကြားပြီးနောက် သူမယောက်ျား တုန်လှုပ်ချောက်ချားသွားသည်ကိုမြင်တော့ သူမ အသက်ရှုကြပ်သလို ခံစားလိုက်ရသည်။

အလုပ်အနည်းငယ် စားပြီးနောက် သူမရဲ့ပန်းကန်လုံးနဲ့တူကိုချလိုက်ကာ သူမဗိုက်ပြည့်ပြီဖြစ်တာကြောင့် ကလေးကို ထမင်းသွားကျွေးလိုက်အုံးမည်ဟု ပြောလိုက်သည်။

အမျိုးသမီးရှုကတော့ သူမရဲ့ချွေးမဗိုက်ပြည့်လား မပြည့်လားဆိုတာကို ဂရုမစိုက်ပါချေ။ သူမအား တစ်ချက်သာကြည့်ကာ ပြောလိုက်သည်။ "သူ့ကိုထမင်းကျွေးပြီးရင် ပန်းကန်တွေလာပြန်ဆေးဖို့ သတိရအုံး"

ရှုလောင်စန်းရဲ့ဇနီးသည် နှုတ်ခမ်းတင်းတင်းစိလိုက်ကာ 'အင်း'ဆိုသည့် အသံပြုလိုက်ပြီး ခေါင်းကိုငုံ့ကာထွက်သွားသည်။

တစ်ချိန်တည်းမှာဘဲ၊ မိုင်အနည်းငယ်ဝေးသည့် သာ့ဟွားရွာရှိ လုမိသားစုလည်း ထိုသတင်းကို ကြားသိခဲ့ရသည်။

ပျော်စရာတွေကို ကြည့်ရတာ ကိစ္စကြီးမဟုတ်ပေ။ တစ်ယောက်ယောက်က ချင်းရှန်ရွာရှိ အမျိုးတွေဆီ သွားလည်ခဲ့ကာ လုကောပင်း အသက်ရှင်နေသေးသည့်အကြောင်းကို တိုက်တိုက်ဆိုင်ဆိုင်ကြားခဲ့ရသည်။

သူမပြန်ရောက်လာပြီးနောက် အမျိုးသမီးရှုအား လာပြောပြသည်။ သူမသည် ဝမ်းသာကြောင်းပြောနေသော်လည်း သူမရဲ့မျက်နှာက အမျိုးသမီးရှု၏ မျက်နှာကို အဆင်မပြတ်ကြည့်နေကာ သူမ၏ အံ့ဩထိတ်လန့်ကာ နောင်တရသည့် အမူအရာကို မြင်ချင်နေ၏။

မည်သို့ပင်ဆိုဆို၊ လုကောပင်း သေဆုံးသွားတာကြောင့်သာမဟုတ်ပါက ချန်ဖန်းရှုအနေဖြင့် သူ့မိဘအိမ်သို့ ပြန်သွားရလိမ့်မည်မဟုတ်ပေ။

အခု သူမရဲ့သားအသက်ရှင်နေပြီး သူမရဲ့ချွေးမလည်း အလုပ်ကောင်းကောင်းလုပ်နေတော့ သူမ သေအောင်နောင်တရနေတော့မှာပဲ။

သေချာပေါက်ပင်၊ ဒါကို အမျိုးသမီးလုကြားသည့်အခါ သူမမျက်နှာပြောင်းသွားပြီး အမြန်အိမ်ပြန်တော့သည်။

လုကောဖုလည်း မယုံနိုင်ပေ။ သရဲအဖြစ်အတော်ကြာရှိနေခဲ့တဲ့လူက ဘယ်လိုလုပ် အသက်ပြန်ရှင်လာရလဲဆိုတာကို သူနားမလည်ဖြစ်နေခဲ့သည်။

လီချွန်းလန်သည် မာသာ့ရှင်း၏ အိမ်၌ အဖြစ်အပျက်ကို မကြုံခဲ့ရပါချေ။ အစက သူမတကယ်ကြောက်လန့်ခဲ့သော်လည်း အခုလူက မသေဘူးဆိုတာကိုကြားတော့ ပထမဆုံး သူမသံသယဖြစ်မိသည်။ "ရှင်တို့ပြောတော့ ရှင့်အစ်ကိုဆီကနေ ရိုက်ခံထိခဲ့တယ်ဆို။ အဲ့ဒီတုန်းက ရှင့်အစ်ကိုကို တကယ်တွေ့ခဲ့လို့လား? ရှောင်လုထောင်က သရဲယောင်ဆောင်ပြီး ရှင့်ကိုခြောက်လိုက်တာရော မဖြစ်နိုင်ဘူးလား?"

"သူ့အသက်က ဘယ်လောက်လဲ? ဒီလိုဟာတွေကို သူဘယ်လိုလုပ်သိမှာလဲ?" လုကောဖုဟာ ၎င်းကိုမယုံသည့် ပထမဆုံးလူဖြစ်သည်။

"သူလုပ်တာမဖြစ်နိုင်ဘူး၊ ဒါပေမဲ့ သူ့အမေဆိုရင်တော့ ဖြစ်နိုင်တယ်။ အကြီးဆုံးမရီးက အိမ်ခွဲနေဖို့ အတော်ကြာကတည်းက စဉ်းစားခဲ့ပြီး ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာဖြစ်မယ်"

လုကောဖုလည်း ထိုအကြောင်းတွေးမိကာ ၎င်းဟာ မဖြစ်နိုင်ဘူးဟု ခံစားလိုက်ရသည်။

'ဒါ့အပြင်၊ သူ့မရီးမှာ သူတို့အိမ်မှာတုန်းကကျ ဘာမှမရှိခဲ့ပေမယ့် သူ့မိဘအိမ်ကိုပြန်ရောက်တာနဲ့ ဘယ်လိုလုပ် ဦးထုပ်စရက်တာလဲ?'

ချန်ဖန်းရှု ထွက်သွားကတည်းက လုမိသားတွင် မလွယ်ကူခဲ့ပေ။

ချန်ဖန်းရှု ထွက်သွားသည့်အချိန် သူမသည် ပရိဘောဂတွေ အဝတ်အစားတွေကို ယူသွားသည်သာမက အိမ်မှ ပိုက်ဆံအားလုံးနီးပါးကို ယူသွားခဲ့သည်။ အမျိုးသမီးလုမှာ နှလုံးရောဂါကြောင့် ဆေးရုံတက်လိုက်ရကာ နောက်ထပ် ကြီးကြီးမားမား ကုန်ကျခဲ့ရသည်။ ဒါ့ပြင်၊ လုကောဖုအိမ်ရှိ နံရံဟာလည်းပြိုသွားကာ ပြန်ပြင်ရန် ပိုက်ဆံလိုခဲ့သေးသည်။

ဒါဟာ လုမိသားစု‌တွင် ငွေရေးကြေးရေးခက်ခဲခဲ့သည့် ပထမဆုံးအကြိမ်ပင်။ အဲ့ဒီခံစားချက်က ဘယ်လိုမျိုးလဲ?

ချင်းရှန်ရွာမှ ကောက်ရိုးဦးထုပ်တာဝန်အကြောင်းကြားပြီးနောက် အသင်းထဲမှလူတွေဟာ သူတို့မိသားစုကို လှောင်ပြောင်ကြ‌တော့သည်။ သူတို့မိသားစုဟာ လူမဟုတ်ကြောင်း ချန်ဖန်းရှုအား တွန်းအားပေးကာ အိမ်မှထွက်ခိုင်းကြောင်း ရွာသားတွေဟာ သူတို့နောက်တွင်အတင်းပြောကြသည်။ ဒါ့အပြင် ဒီတာဝန်ဟာ သူတို့သာ့ဟွားရွာမှဖြစ်ခဲ့သည်။

ထိုအကြောင်းတွေကြည့်လေ သူတို့ပိုပြီး ဒေါသထွက်လာလေပင်။ သူတို့သည် ချန်ဖန်းရှုကို ဆူပူခဲ့ဖူးကာ ရှောင်လုထောင်ကိုလည်း ဆူပူခဲ့ဖူးပြီး မကောင်းလည်းကြံခဲ့ဖူးသည်။

ဒါ့ပြင် တခြားအရာကြောင့်လည်းဖြစ်မည်။ နှဲမှုတာ လေ့ကျင့်နေသည့် ရှောင်လုထောင်မှာ သူမနားရွက်တွေ အနည်းငယ် ပူလာသည်ဟု အမြဲတမ်းခံစားခဲ့ရပြီး နှဲကိုသာ သူမလက်ထဲတွင် အချိန်နှင့်အမျှ ကိုင်ထား၏။

သူမ နှဲကိုငါးကြိမ်လောက်ထိနေတော့ အာ့ဝူလင်ကာ ခပ်တိုးတိုးပြောဘာသည်။ [ထောင်ထောင်၊ အချစ်လေး၊ သမီး မစ်ရှင်တွေ ထပ်မလုပ်ချင်တာသေချာလား?]

ကလေးမလေးသည် နှုတ်ခမ်းတင်းတင်းစိလိုက်ကာ ခေါင်းစောင်းလိုက်သည်။ "ထောင်ထောင်မလုပ်ချင်ဘူး။ ဖေဖေက ထောင်ထောင်ရဲ့ဆံပင်ကို ထပ်ကောက်အောင်လုပ်မှာလား?"

[သမီးရဲ့ဆံပင်တွေကို ကောက်ပေးတယ်လို့ပြောတာလား?] အာ့ဝူလင်က နှစ်ခါလောက် နှာမှုတ်လိုက်ကာ ပြောလိုက်သည်။ [ဆုတောင်းလေ]

ဘာလို့ မီးပူထပ်မတိုက်လိုက်လဲ?

ကလေးမလေးဟာ အံ့ဩသွားသည်။

[သမီးရဲ့ အံ့ဩနေတဲ့အမူအရာကိုမြင်တော့ ‌ဖေဖေနေလို့ပိုကောင်းလာတယ်]

အာ့ဝူလင်သည် အပစ်ပေးသည့်စည်းမျဥ်းအသစ်အ‌ကြောင်းကို တဖြည်းဖြည်းချင်း နည်းလမ်းတကျပြောပြသည် [သမီးသာ ဖေဖေပြောတာကိုထပ်မနာခံရင် အနီရောင်ပန်းတွေကို‌ လျှော့ပစ်မယ်]

အနီရောင်ပန်းတွေ လျော့သွားမှာလား?

လုထောင် အံ့အားသင့်သွားခဲ့သည်။

All Chapters