← Chapters

Chapter 46

Vol. 4 Ch. 46

Chapter 46

Vol. 4 Ch. 46

ဟူချူရှန်းဟာ သိသိသာသာကိုဘဲ လှုပ်လှုပ်ရှားရှားဖြစ်သွားသော်လည်း သူမရဲ့အမူအရာဟာ ရုတ်တရက်ပြောင်းသွားတာကြောင့် လီချွန်းလန်ဟာ အနည်းငယ်နားမလည်ဖြစ်သွားရသည်။

သူမသည် သိပ်မဝေးသည့်နေရာမှ ရိတ်ခနဲဖြတ်သွားသည့် ပုံရိပ်ကိုတွေ့လိုက်ရပြီး ရုတ်တရက် တစ်ခုခုကိုသဘောပေါက်သွားတော့သည်။

တစ်ယောက်ယောက် ရောက်လာတာကို သူမ သတိထားမိတာကြောင့် လူတွေကြားသွားပြီး သတင်းဖြန့်မှာစိုးသည့်အတွက် သူမ ဟန်ဆောင်လိုက်တာပင်။

လီချွန်းလန် စိတ်ထဲမှနေ သရော်လိုက်သော်လည်း သူမတိတ်တဆိတ်သာနေလိုက်သည်။ သူမသည် ဟူချူရှန်းအား ထပ်ပြီးမဆွဲခေါ်လိုက်ခင် ထိုလူဖြတ်သွားဝာာကိုစောင့်နေလိုက်သည်။ "ယောင်းမ....."

သူမစကားမဆုံးခင် သူမလက်ဟာ ရိုက်ဖယ်ခံလိုက်ရသည်။

ဟူချးရှန်း မျက်မှောင်ကြုတ်ကာ တရားနည်းလမ်းတကျပြောလိုက်သည်။ "ဘယ်သူ့ကို ယောင်းမလို့ လာခေါ်နေတာလဲ? ငါတို့တွေ နင့်လိုယောင်းမမျိုး မလိုချင်ဘူး'

လီချွန်းလန်၏ လက်ဟာ ခပ်ပြင်းပြင်းရိုက်ခံလိုက်ရသည်ကြောင့် နာကျင်သွားပြီး သူမလည်း အနည်းငယ်အရှက်ရသွားမိသည်။

သို့ပေမယ့် ဒီကိုမလာခင် သူမ၏ယောက်ျားနှင့် ယောက္ခမတို့၏ သင်ကြားချက်ကို တွေးကြည့်မိသွားတော့ သူမဒေါသကိုထိန်းကာ ဟူချူရှန်း အဝတ်အစားကူပွန်တွေထည့်ထားသည့်အိတ်ကပ်ကို ကြည့်လိုက်သည်။ "နင်ဘာတွေ တွေးနေတာလဲ ယောင်းမရဲ့?ငါတို့တွေက မိသားစု‌တွေဘဲလေ။ ငါ့ယောင်းမရဲ့ယောင်းမက ငါ့ရဲ့ယောင်းမဘဲပေါ့"

ထိုသို့ပြောပြီးနောက် သူမ ပေးသည့်အရာတွေက မလုံလောက်သေးသည့်အတွက် တစ်ဖက်လူက သူမအား တမင်အခွင့်ကောင်းယူနေတာဟု တွေးလိုက်မိသည်။ သူမသည် အိတ်ကပ်ထဲမှ ဆီကူပွန်ကိုထုတ်လိုက်ကာ ပြောလိုက်သည်။ "ငါတို့က နင့်ကို စိုးရိမ်လို့ပါ ယောင်းမရဲ့။ တခြားရည်ရွယ်ချက်မရှိပါဘူး။ ယောင်းမရယ် ငါ့ကိုမယဉ်ကျေးနေပါနဲ့"

ဟူချူရှန်းရဲ့မျက်လုံးတွေဟာ ဆီကူပွန်အပေါ် ချက်ချင်းရောက်သွားပြီး အကြည့်မလွှဲနိုင်တော့ပေ။

လီချွန်းလန်သည် ဆီကူပွန်တွေအား သူမလက်ထဲ ထိုးထည့်ကာ ပြောလိုက်သည်။ "ယောင်းမရယ် ငါ့ယောင်းမဆီ ဒီကြက်ဥတွေ ကူယူသွားပေးပါနော်။ ကျေးဇူးအရမ်းတင်တယ်"

ချန်ဖန်းရှုနှင့် သူမ၏ကလေးနှစ်ယောက်အား တကယ်မောင်းထုတ်နိုင်ပါက ဟူချူရှန်းတစ်ယောက် ‌ကူညီပေးလိမ့်မည်ပင်။

သို့ပေမဲ၊့ သူမ မရဲပါချေ။

ဟန်ဝမ့်ကျွမ်းနှင့် သူမခင်ပွန်းတို့ရောက် လာကတည်းက အသင်းတစ်ခုလုံးဟာ လုကောပင်း မသေသေးဘူးဆိုပြီးပြောနေကြပြီး ချန်ပေါင်ကောင်းနှင့် ချန်ပေါင်မင်းတို့ ညီအစ်ကိုတွေလည်း ဝမ်းသာနေကြသည်။ သို့ပေမယ့် ၎င်းဟာမဖြစ်နိုင်သလို လီကျန်းရှန့် မှားမြင်မိတာဟု သူမတွေးမိသည်။

ဒါ့အပြင်၊ သူမ၏ယောင်းမ ချန်ဖန်းရှုတင်မက သူမ၏ ယောက္ခမလုကွေ့ရင်းပါ စိတ်ကူးထားသလို ပျော်မြူးနေကြ၏။

ဟူချူရှန်းမှာ ဒီရက်တွေထဲ စိုးရိမ်နေမိပြီး လီချွန်းလန်ကို လက်မခံရဲပါချေ။

လီချွန်းလန်သည် သူမလက်ထဲ တခြားဟာထပ်ထိုးထည့်ပေးဖို့လုပ်နေတာမြင်တော့ သူမနာကျင်မှုကိုသည်းခံကာ ပြန်ထိုးထည့်ပေးလိုက်ပြီး ကြက်ဥ‌ခြင်းကိုပြန်တွန်းထည့်ပေးလိုက်သည်။ "ငါ နင့်ကို မကူညီပေးနိုင်ဘူး။ နင်ပြောချင်ရင် နင်ကိုယ်တိုင် သူ့ကိုသွားပြော"

ထိုသို့ပြောပြီးနောက် သူမသာနောက်တစ်စက္ကန့်လောက် နေနေပါက ပစ်မှတ်ဖြစ်ခံထိမည်ကို စိုးကာ လှည့်ထွက်သွားလိုက်သည်။

ဒီကြက်ဥအလုံးနှစ်ဆယ်ဟာ သူမရဲ့ပါးစပ်ကိုထိန်းနိုင်လိုက်သည်။ သူမသာ ဒါတွေကိုခရိုင်၌ တိတ်တိတ်လေးသွားရောင်းလိုက်ပါက ၎င်းမှ ယွမ်တချို့ရနိုင်သည်။

လီချွန်းလန်သည် ခြင်းအား အမြန်ယူလိုက်ပြီး သူမမော့ကြည့်လိုက်တဲ့အချိန် ဟူချူရှန်းဂာ အဝေးကိုလျှောက်သွားပြီဖြစ်သည်။

သူမ မနေနိုင်ဘဲ ခြေလှမ်းအနည်းငယ် အမှီလိုက်လိုက်သည်။ "ဟေး၊ ယောင်းမ! ငါတို့ စကားပြောလို့မပြီးသေးဘူးလေ"

ဟူချူရှန်း ဒါကိုကြားတော့ အမြန်အသော့နှင်ကာ ပြေးတောင်ပြေးမိ မတတ်ပင်။

လီချွန်းလန်မှာ ယခု ကိုယ်ဝန်ရှိနေသည်ကြောင့် မပြေးနိုင်ပါချေ။ အနည်းငယ် ပြေးပြီးနောက် သူမနောက်ကျန်ရစ်ခဲ့ကာ ဒေါသဖြင့် ခြေထောက်ဆောင့်လိုက်သည်။

"ဘာလို့အရမ်းမြန်မြန်ပြေးနေတာလဲ? သရဲအလိုက်ခံရလို့လား?"

ထိုအချိန် သူမရပ်သွားကာ အသံမြှင့်လိုက်သည်။ "ဟေး အဝတ်အစားကူပွန်တွေ! ငါ့ကိုပြန်မပေးရသေးဘူး!"

အလုပ်မပြီးရုံတင်မက ပစ္စည်းတွေအများကြီးလဲ ဆုံးရှုံးလိုက်ရသည်။

လီချွန်းလန်မှာ စိတ်ညစ်သွားရုံတင်မက သူ့ယောက္ခမနှင့် ‌သူ့ယောက်ျားကို ဘယ်လိုရှင်းပြရမလဲ မသိနေပါချေ။ ဟူချူရှန်းတစ်ယောက် အိမ်ပြန်ရောက်မှ သူမအိတ်ကပ်ထဲတွင် အဝတ်အစားကူပွန်တွေရှိသေးကြောင်း သတိရလိုက်သည်။

သူမ ထိုကူပွန်တွေအား ထုတ်ကြည့်လိုက်တော့ လူကြီးတစ်ယောက်အတွက် ဘောင်းဘီတစ်ထည်‌ချုပ်ပေးနိုင်လောက်အောင် လုံလောက်သည့် ကူပွန်စုစုပေါင်း ခြောက်ခုရှိနေမှန်း သိလိုက်ရသည်။ ၎င်းအား သူမအိမ်တွင် မသုံးရင်တောင်မှ ခရိုင်တွင် သွားရောင်းလိုက်ပါက ပိုက်ဆံအများကြီးရနိုင်သည်။

အစမှာတော့ သူမရွှင်မြူးနေသော်လည်း နောက်တော့ စိတ်ဓာတ်ကျသွားပြန်သည်။

၎င်းအား သူမပိုက်ဆံနှင့် လဲလှယ်နိုင်သော်လည်း ထိုသို့မလုပ်ရဲပါချေ။

သူမရဲ့ခဲအိုက အဲ့ဒါကို သိသွားရင်ဘယ်လိုလုပ်မလဲ? သူမ သရဲဆီကနေ အရိုက်မခံနိုင်ဘူး။

ဟူချူရှန်းဟာ ကပ်စေးနဲပြီး သေးသေးမွှားမွှားကအစ ဈေးဆစ်တတ်သော်လည်း ဒီအသေးအမွှား ဈေးဆစ်တာတွေဟာ သူမကိုမထိခိုက်ပါချေ။ ယခု အဝတ်အစားကူပွန်တွေ သူမလက်ထဲမှာရှိနေသော်လည်း သူမ လုံးဝမယူရဲပါချေ။ မထိရဘဲ ကြည့်နေရတာက ပိုလို့တောင် သက်သောင့်သက်သာ မရှိစေပါချေ။

သူမ၏ ယောင်းမကို ပေးလိုက်ပြန်ရင်လဲ ရှင်းပြရခက်အုံးမည်။

သူမယောင်းမအား သူ့ယောင်းမဆီကနေ ယူခဲ့တာလို့ ပြောလိုက်သင့်လား?

အရင်တစ်ခေါက် သူမ သူ့ကိုတစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးခဲ့တဲ့ကိစ္စတောင် အပြည့်အဝ မပြေလည်သေးပါချေ။

ဟူချူရှန်းသည် အဝတ်အစား ကူပွန်တွေကိုကိုင်ထားရင်း အာလူးပူပူတစ်လုံးကိုင်ထားရသလိုမျိုး မသက်မသာဖြစ်နေမိသည်။

သို့ပေမဲ့ ချန်ဖန်းရှုကတော့ သူမကို အာရုံမရှိပါချေ။

ကောက်ရိုးဦးထုပ် ပထမအသုတ်ပြီးနောက် တုံ့ပြန်ချက်တွေ တစ်ညီတစ်ညွတ်တည်း ရလိုက်ကာ ဘုံအဖွဲ့မှ ချင်းရှန်အသင်းအတွက် နောက်ထပ် အမှာနှစ်ခုရလိုက်သည်။ချင်းရှန်အသင်းမှာ လုံးဝကို အသိအမှတ်ပြုချီးကျူးခံလိုက်ရသည်။

အတွင်းရေးမှူးလျိုသည် ယခုနှစ်အတွက် ရက်လုပ်မည့်သူတွေကို ရွေးချယ်မည်ဖြစ်ကြောင်း ကြေညာခဲ့ကာ ချန်ဖန်းရှုလည်း ထိုထဲမှတစ်ယောက်ဖြစ်သည်။

ဘုံအဖွဲ့၌လည်း ဒုတိယမြောက်စမ်းသပ်တာပြုလုပ်ရန် ပြင်ဆင်နေပြီး ချန်ဖန်းရှုအား အသင်းတချို့မှခေါင်းဆောင်များဖြင့် အစည်းအဝေးလုပ်ရန် အထူးတလည် ခေါ်ဆောင်ခဲ့သည်။

ချန်ဖန်းရှုမှာ ဘုံအဖွဲ့၌ တန်ဖိုးအမြင့်ဆုံး ရဲဘော်ဖြစ်လာသည်။ အသင်းထဲမှ လူတိုင်းဟာ သူမကိုအားကျနေကြပြီး ထိုသို့ သမီးတစ်ယောက်ကိုပျိုးထောင်ခဲ့သည့်အတွက် ချန်မိသားစုကိုပါ ချီးကျူးကြသည်။ ယခုနှစ်၌ ထောင်ထောင်သာ အသက်သုံးနှစ်မဟုတ်နေပါက ချန်မိသားစုအိမ်သို့ သူမအား လက်ထပ်ရန် လာကမ်းလှမ်းကြလိမ့်မည်ပင်။

ချန်ဖန်းရှုတစ်ယောက် အစည်းအဝေးအတွက် ဘုံအဖွဲ့သို့သွားသည့်အချိန် ချန်မိသားစု၌ ကြီးကြီးမားမားအရာတစ်ခု ဖြစ်သွားခဲ့သည်။

ရှောင်လုထောင်မှာ ဒေါသထွက်စွာဖြင့် အိမ်မှထွက်ပြေးသွားသည်။

ထိုကိစ္စကိုတော့ လုဟွေ့ကနေစပြီး ဇစ်မြစ်လိုက်ရမည်ပင်။

ခရိုင်မှ ဘုံအဖွဲ့အထိ ဌာနတိုင်းနှင့် ကျောင်းတိုင်း၌ တစ်ပတ်လျှင် ပိတ်ရက်တစ်ရက်ရှိကာ ထိုရက်တွေဟာ တစ်ထပ်တည်း မကျနေတတ်ပေ။ တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့၌ လုဟွေ့တို့ ပိတ်ရက်ဖြစ်သည့်အတွက် လုကောပင်း၏ ရဲဘော်ရဲဘက်ရဲ့ သားဖြစ်သူ ရှောင်ဝေနှင့် သူ့အိမ်သို့လာကစားရန် ကြိုချိန်းထားကြသည်။

အစကတော့၊ ရှောင်ဝေဟာ သာ့ဟွားရွာဘေးရှိထုတ်လုပ်ရေးအသင်းတွင် နေတာဖြစ်သည့်အတွက် အိမ်နှစ်အိမ်လည်ပတ်ဖို့ရန်အဆင်ပြေလှသည်။ သို့သော်လည်း လုမိသားစုကနေ ခွဲထွက်လာပြီးနောက် ချန်ဖန်းရှု‌သည် ကလေးတွေအား သူမ မိဘအိမ်သို့ပြန်ခေါ်ခဲ့သည်။ ကလေးနှစ်ယောက်ဟာ တစ်ယောက်အိမ်တစ်ယောက် လည်လို့မရတော့ပေ။

အခွင့်အရေးဟာ ရှားပါးလွန်းတာကြောင့် လုဟွေ့သည် စိတ်ပိုင်းဖြတ်ကာ လုထောင်၏နှဲကို ဖွက်လိုက်သည်။

သူ့ညီမလေးရဲ့ဝါသနာဟာ အရမ်းသန့်စင်ပြီး သဘာဝကျတာကြောင့် အစ်ကိုဖြစ်တဲ့သူတောင်မှ အဲ့ဒါကို ခက်ခက်ခဲခဲ ကိုင်တွယ်ရသည်။ သူ့သူငယ်ချင်း ၎င်းကိုသည်းခံနိုင်မလားဆိုတာ မစစ်ဆေးတာက ပိုကောင်းလိမ့်မည်။

ရှောင်လုထောင်မှာ ဒီတလော၌ အွန်လိုင်းအတန်းတွေတက်ရတာကို အရမ်းပျော်နေမိသည်။ သူမသည် "အလုပ်ဟာဂုဏ်အရှိဆုံး" ဆိုတာကိုမှုတ်တတ်လာသော်လည်း အခုထိတော့ သိပ်ကောင်းကောင်းမမှုတ်နိုင်သေးပါချေ။

အခုတော့ သူမရဲ့သင်ယူမှုအပေါ် ကြီးကြီးမားမားအောင်မြင်လိုက်ကြောင်း ခံစားမိလိုက်သည်။ သူမသည့် နေ့တိုင်း ထိုနှဲကိုခဏလောက် မမှုတ်ဘဲနေပါက အစားတောင်မစားနိုင်ပေ။

ဒီအတွက်ကြောင့် လုဟွေ့ ထိုနှဲကိုဖွက်လိုက်သည့်အခါ ကြီးကြီးမားမားအရာတစ်ခု ဖြစ်လာတော့သည်။

လုထောင်မှာ ဟိုဟိုသည်သည်၊ ဗီရိုတွေ အံဆွဲတွေထဲအပြင် ဟန်ဟန်တစ်ကိုယ်အရွယ်စာ ခွေးအိမ်ထဲမှာ‌တောင်မှ လိုက်ရှာခဲ့သည်။ ခန်အောက်၌ ဘာမီးမှမတောက်နေတာကိုမြင်တော့ ကလေးမလေးဟာ နှုတ်ခမ်းစူလာပြီး ‌ငိုတော့မည်။

သူမသည် ခန်အရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ကာ မျက်လုံးတွေထဲ အရည်ကြည်ဖွဲ့လာသည်။ မသိပါက ထိုအပေါက်ထဲဝင်ကာ သတ်သေတော့မလိုပုံပင်။

လုဟွေ့ရောက်လာ‌တော့ ဒီမြင်ကွင်းကိုမြင်တဲ့အခါ သူ့မျက်လုံးတွေဟာ လိပ်ပြာမလုံသည့်စိတ်ဖြင့် ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ " ထောင်ထောင်၊ အပြင်သွားမကစားဘူးလား?"

လုထောင် နှာရှုတ်လိုက်သည်။ "ကိုကို၊ ထောင်ထောင်၊ ထောင်ထောင့်ရဲ့ကလေးလေးပျောက်နေတယ်"

ဒါကိုကြားတော့ လုဟွေ့မှာ ပိုလို့တောင် လိပ်ပြာမလုံဖြစ်လာသည်။ "ရှာမတွေ့ဘူးဆိုရင် အပြင်မှာ ခဏလောက် သွားကစားလိုက်လေ။ သူက ညီမလေးနဲ့ တူတူပုန်းတမ်းကစားနေတာဖြစ်မှာပေါ့။ ညီမလေးပြန်လာရင် ပေါ်လာလိမ့်မယ်"

"တကယ်လား? တကယ်လားဟင်?" လုထောင်က သိပ်မယုံသေးပေ။

[သေချာပေါက် ညာနေတာ]

အာ့ဝူလင်က ရုတ်တရက်ပြောလာသည်။ [သမီး ကိုကိုရဲ့အမူအရာကို ကြည့်လိုက်ရင် ရှင်းနေပြီလေ။ နှဲကို ယူသွားတာသူဘဲ]

'ကိုကို ယူသွားတာလား?'

လုထောင် နားမလည်နိုင်ဖြစ်သွားရသည်။

'သူ့ရဲ့ကိုကိုက နှဲမမှုတ်ဘူးလေ။ ဒါဆို သူမရဲ့ရတနာကြီးကို သူဘာလုပ်မလို့လဲ?'

ကလေးမလေးဟာ သူမရဲ့အတွေးတွေကို ဘယ်လိုဖုံးကွယ်ရမလဲ မသိပါချေ။ သူမရဲ့သံသယတွေကို မျက်နှာပေါ်တွင် ပြလိုက်သည်။

လုဟွေ့မှာ သူမ၏ မျက်လုံးကြည့်ကြည်လေးတွေကြောင့် သည်းမခံနိုင်တော့ဘဲ ဆင်ခြေပေးကာ အမြန်ထွက်သွားတော့သည်။ "အာ၊ အစ်ကို ရှောင်ဝေကို သွားကြိုရအုံးမှာဘဲ။ ဒါဆို ကိုကို အခု ညီမလေးနဲ့ စကားမပြောတော့ဘူးနော်"

အခုတော့ အခန်းထဲတွင် လုထောင်တစ်ယောက်ထဲ ကျန်ခဲ့ကာ စိတ်တိုအံ့ဩနေမိသည်။

ကလေးမလေးဟာ မသိစိတ်ကနေ သူ့ရဲ့အနောက် ခြေလှမ်းအနည်းငယ်အကွာကနေ လိုက်သွားသည်။ သူမရဲ့ကိုကို ကိုခေါ်တော့မယ့်အချိန်မှာဘဲ သူမနားထဲတွင် အာ့ဝူလင်၏ အသံကိုကြားလိုက်ရသည်။

[အခုလေးတင် သူယူထားတယ်လို့ ဖေဖေပြောလိုက်တယ်လေ။ သူခပ်မြန်မြန်ပြေးသွားတာ လိပ်ပြာမလုံလို့နေမယ်]

"ဒါ ဒါပေမဲ့ ကိုကိုက ထောင်ထောင်ရဲ့ရတနာကို ဘာလို့ယူမှာလဲ?"

ထောင်ထောင်က သူမရဲ့လက်လေးနှစ်ဖက်ကို ချိတ်လိုက်ကာ မျက်တောင်ရှည်ရှည်တွေက ငိုက်စိုက်ကျသွားပြီး သူမပုံစံဟာ အရမ်းကိုသနားစရာကောင်းလှသည်။

အာ့ဝူလင် ရယ်လိုက်သည်။ [ဘာလို့လဲဆိုပြီး ‌ပြောနေသေးတယ်လား? စီစဉ်သူကြောင့်သာမဟုတ်ရင် ဖေဖေလဲ အဲ့ဒါကိုလွှင့်ပစ်လိုက်တာကြာပြီ]

ရလဒ်အနေဖြင့် ဒီစာကြောင်းဟာ ပျားအုံကိုတုတ်နဲ့ထိုးလိုက်တာပင်။ ကလေးမလေးဟာ နှစ်ကြိမ်လောက် ပြင်းပြင်းထန်ထန်ရှိုက်လိုက်ပြီး ရွှေရောင်ပုတီးလုံးတွေဟာ သူမမျက်နှာပေါ် စီးကျလာခဲ့သည်။

'ဒီကမ္ဘာကြီးက မကောင်းဘူး။ ကိုကိုက ထောင်ထောင့်ကို အနိုင်ကျင့်တယ်။ ပြီးတော့ ဖေဖေလဲ ထောင်ထောင့်ကိုအနိုင်ကျင့်တယ်။'

'သူတို့တွေက ထောင်ထောင်ကို သဘောမကျကြဘူး၊ ဒါကြောင့်၊ ဒါကြောင့် ထောင်ထောင် အိမ်ကနေထွက်သွားချင်တယ်!'

ကလေးမလေးဟာ အရမ်းစိတ်တိုသွားသော်လည်း ဘယ်သူ့ကိုမှ သွားမတိုင်ပေ။ သူမမျက်နှာလေးကို သုတ်လိုက်ကာ ထွက်သွားသည်။

[အမ်၊ ထောင်ထောင်လေး တကယ်စိတ်ဆိုးသွားတာလား?]

လုထောင်က သူ့ကိုလျစ်လျူရှုကာ ပြောလိုက်သည်။ "ဖေဖေတို့က မကောင်းကြဘူး! ထောင်ထောင် အိမ်ကနေ ထွက်သွားချင်တယ်!"

[ဖေဖေက ဒီတိုင်းပြောလိုက်တာ၊ စိတ်ထဲမထားပါနဲ့] အာ့ဝူလင်ရဲ့အသံက တိုးဖျော့သွားသည်။

မ‌မျှော်လင့်ထားစွာနဲ့ နောက်တစ်စက္ကန့်မှာဘဲ တံခါးဆီလျှောက်သွားနေတဲ့ ကလေးမလေးဟာ ပြန်လှည့်လာသည်။

အာ့ဝူလင် - [ထောင်ထောင်လေး၊ အိမ်ကနေ ထွက်မသွားဘူးဘဲ!]

"ဟင့်အင်း၊ ဟင့်အင်း! ထောင်ထောင် တစ်ခုခုကိုရှာဖို့ပြန်လာတာ!"

ကလေးမလေးဟာ ခွေးခြေခုံလေးကနေ ခန်အပေါ်တက်လိုက်ပြီး ခန်ဗီရိုမှ အံဆွဲကိုဖွင့်လိုက်ကာ သူမတွင် ကျန်နေသည့် သကြားလုံးနှစ်လုံးကိုယူလိုက်ပြီး သူမရဲ့အိတ်ကပ်ထဲထည့်လိုက်သည်။

အိတ်ကပ်ထဲထည့်ပြီးနောက် သူမတစ်ခဏလောက်စဉ်းစားကြည့်လိုက်ပြီး ဆံပင်စည်းကြိုးနှစ်ခုနှင့် ကလစ်လေးကိုယူလိုက်ပြီးမှ ခန်အပေါ်ကနေ ခုန်ဆင်းလိုက်သည်။

အာ့ဝူလင် - [...အိမ်ကနေထွက်ပြေးတာ ဒီလောက်ပစ္စည်းတွေအများကြီး ယူသွားတယ်လား? အိမ်ပြောင်းမလို့လား?]

သူစကားပြောပြီးတာနဲ့ ရှောင်လုထောင်ဟာ ပြန်ပြေးလာကာ ခန်ပေါ် ထပ်တက်ပြန်သည်။

ဒီတစ်ခေါက်တော့ သူမသည့် ခြေဖျားထောက်ကာ အားကုန်သုံး၍ ဗီရိုပေါ်မှ အဝတ်အိတ်ကို ဆွဲလိုက်သည်။

အာ့ဝူလင်မှာ နားမလည်ဖြစ်သွားတော့သည်။ [အိတ်ထဲမှာ တစ်ခုခုဖွက်ထားလို့လား? ဖေဖေ ဘယ်လိုလုပ်မသိတာလဲ?]

လုထောင်က ဘာမှမပြောဘဲ မျက်နှာတွေ နီရဲလာသည်အထိအားကုန် ကြိုးစားနေ၏။

မိနစ်အနည်းငယ်အကြာ၊ သူမရဲ့ခေါင်းအုံးလေးကိုဖက်ရင်း လက်ထဲတွင်လည်း အဖာအစပ်တွေနှင့် စောင်ကိုကိုင်ထားကာ ဆွဲဖို့ရုန်းကန်နေရ၏။ သူမ တစ်ဖက်ကိုဆွဲလိုက် တစ်ဖက်က ကျသွားလိုက်၊ နောက်တစ်ဖက်ကိုဆွဲလိုက် ကျန်တစ်ဖက်က ထပ်ကျသွားလိုက်ဖြစ်နေသည်။

အာ့ဝူလင်မှာ အတော်ကြာတိတ်ဆိတ်နေမိသည်။ [ သမီးကို ဒီလိုမျိုးမြင်လိုက်ရတော့ ဖေဖေ ရုတ်တရက်စိတ်အေးသွားတယ်]

ရှောင်လုထောင်မှာ နားမလည်ဖြစ်သွားပြီး မျက်မှောင်ကြုတ်ကာ စောင်နှင့်အတော်ကြာရုန်းကန်နေ၏။ အဆုံးတွင်၊ သူမသည် နာကျင်မှုကိုသည်းခံကာ သူမရဲ့ခေါင်းအုံးလေးကိုဘဲ ယူသွားလိုက်သည်။

မသွားခင် သူမသည် တွန့်ဆုတ်စွာဖြင့် အကြိမ်အနည်းငယ်ပြန်လှည့်ကြည့်လိုက်သည်။

ဒီလိုနှောင့်နှေးနေတာကြောင့် လုထောင် တကယ်ထွက်သွားတဲ့အချိန် သူမအိမ်ကနေ ထွက်သွားမယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်ထက် မိနစ်နှစ်ဆယ်ကျော်ကြာသွားသည်။

ကလေးမလေးမှာ သူမသဘောကျသည့်ခေါင်းအုံးလေးကိုကိုင်ထားရင်း မျက်ပေါ်တွင် စိတ်ရှုပ်နေသည့်အကြည့်နှင့်အတူ လမ်းတစ်ဖက်တွင် ရပ်နေ၏။

"ဖေဖေ" သူမ အာ့ဝူလင်ကို အသံတိုးတိုးလေးဖြင့်ခေါ်လိုက်သည်။ "အိမ်ကနေထွက်သွားဖို့ ဘယ်လိုလုပ်ရမှာလဲ?"

အာ့ဝူလင် - [.....]

[လွယ်ပါတယ်၊ လမ်းလျှောက်လေ၊ ခြေထောက်နဲ့လျှောက်]

ခြေထောက်သုံးရမှာလား?

ကလေးမလေးဟာ ခေါင်းငုံ့လိုက်ပြီး သူမခြေထောက်ကိုကြည့်ဖို့ကြိုးစားလိုက်ပေမဲ့ ခေါင်းအုံးက ခံနေတာကြောင့် လုံးဝမမြင်ရပေ။

သူမ လည်ပင်းဆန့်ကာ အကြိမ်အနည်းငယ်လောက် ကြိုးစားလိုက်ပေမယ့် မမြင်ရပါချေ။ သူမမှာ ရွေးချယ်စရာမရှိတော့ဘဲ သူမရဲ့ခြေထောက်လေးကို မကာ ကြည့်လိုက်သည်။ "ဖေဖေ၊ သမီး ဘယ်ခြေထောက်ကိုအရင်လှမ်းရမှာလား ညာခြေထောက်ကို အရင်လှမ်းရမှာလား?"

အာ့ဝူလင် - [.....]

အိမ်ကနေထွက်ပြေးမယ့် ပထမဆုံးခြေလှမ်းဟာ ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်သွားသည်။

ရှောင်လုထောင်မှာ ဘယ်ခြေထောက်ကို အရင်လှမ်းရမလဲဆိုတာနဲ့ ရုန်ကန်နေရကာ သူမအတွက် အခက်အခဲဖြစ်နေ၏။ ပခုံးတွင် ဝါးလုံးလွယ်ထားသည့် အသက်သုံးဆယ်အရွယ်အမျိုးသားတစ်ယောက်သည် သူမကိုဖြတ်သွားပြီးနောက် ပြန်လှည့်လာသည်။

ထိုလူသည် ဘေးနား၌ မည်သူမှမရှိကြောင်း အတည်ပြုပြီးနောက်က ဆောင့်ကြောင့်ထိုင်ကာသူမမျက်လုံးတွေကိုကြည့်ရင်း နူးနူးညံ့ညံ့ပြုံးပြလိုက်သည်။

"ထောင်ထောင် ဘာလို့တစ်ယောက်ထဲ ဖြစ်နေတာလဲ? သမီးရဲ့မေမေရော?"

All Chapters