← Chapters

Chapter 13

Vol. 2 Ch. 13

Chapter 13

Vol. 2 Ch. 13

ကျိကျွင်းက ဒုတိယသားဆိုသော စကားတစ်ခွန်းသာကြားလိုက်သည်။

"ဒုတိယညီလေးက ဘာဖြစ်လို့လဲ။"

သူ၏ ညီဖြစ်သူ ကျိသော်အပေါ် ထားသော သူ၏ခံစားချက်များကိုသိသည့်အတွက် သူမက သူ့ညီနှင့်ပတ်သက်သည့်စကားများကို သူမ မပြောလိုပေ။

"ဘာမှမဟုတ်ပါဘူး သူ ကျွန်မတို့ကို ကူညီခဲ့တာမှတ်မိသွားလို့ပါ။ သူ့ကိုကျေးဇူးတင်စကားပြောဖို့ ညစာဖိတ်ကျွေးလိုက်ရမလား။"

"ဒုတိယကလေးက ဒါတွေကိုဂရုမစိုက်ပါဘူး။"

ကျိကျွင်းက သူမ၏အကြံပေးချက်က အနည်းငယ်စိမ်းကားသည့်ပုံစံ ဖြစ်သွားစေမည်ဟု ခံစားမိသည်။

ယဲ့မင်ရှူးက ပြုံးလိုက်၏။

"သူ ဂရုမစိုက်ရင်တောင် ကျွန်မတို့ ကျေးဇူးတင်စကားတော့ ပြောသင့်တယ်လေ။ ဘာမှမပြောဘဲ သူ့အကူအညီကို ဒီတိုင်းလက်ခံရမှာလား။"

ကျိဇယ်ကသာ သူတို့စကားဝိုင်းမှ အရိပ်အခြည်ကို နားလည်လိုက်သည်။ ယဲ့မင်ရှူးကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှတော့မပြောခဲ့ပေ။

ညနေစာစားပြီးနောက်မှာတော့ သူက ယဲ့မင်ရှူးနှင့် သီးသန့်သွားတွေ့လိုက်သည်။

"မင်းဦးလေးမှာ ချစ်သူမရှိဘူးလို့ မင်းပဲပြောတာလေ။ ဒါဆို ငါမမှားဘူး။"

ယဲ့မင်ရှူးက သူမမှန်သည်ဆိုသည့်ပုံစံဖြင့် ပြောလိုက်ခြင်းပင်။

ကျိဇယ်က အမေဖြစ်သူ သူ့အတွက် ချစ်သူအဖြစ် အခြားတစ်ယောက်ကို ဟန်ဆောင်ရန်ခေါ်လာခဲ့သည်ကိုသတိရသွား၏။

"အမေ ဘာမှမတွေးပါနဲ့။ အဖိုးက နေကောင်းသေးတာမဟုတ်ဘူး။"

"ငါသိပါတယ်။ ငါဘာတွေးနေတယ် ထင်လို့လဲ။"

ယဲ့မင်ရှူးက ဒီအကြောင်းကို ဆက်မဆွေးနွေးချင်တော့သည်မှာ သေချာသည်။

"ဒါပေမဲ့ မင်းကတော့ ရူးပြီးလုံးဝသွားလို့မရဘူး။ပတ်သက်မိပြီးသွားရင် ခါချဖို့ခက်သွားလိမ့်မယ်။ အဲ့ဒီကောင်မလေး အအေးမိနေတယ်မလား။ ရက်နည်းနည်းလောက် အချိန်ဆွဲပြီးစောင့်ကြည့်လိုက်။"

သူမပြောစရာပင်မလိုဘဲ ကျိဇယ်ကလည်း မသွားလိုပေ။ ဘယ်သူက တစ်ခါမှမဆုံဘူးတဲ့သူတစ်ယောက်နဲ့ လက်ထပ်ချင်မှာလဲ။

ကျိဇယ် လက်ခံလိုက်တာမြင်တော့ ယဲ့မင်ရှုးက အပြစ်တင်စကားဆိုပြန်သည်။

"မင်းကလေ ငါခေါ်ရင်ဘယ်တော့မှ အိမ်ပြန်မလာဘူး ဒါပေမဲ့အခု မင်းအဖိုးခေါ်တော့ပြန်လာတယ်။ ဘာလို့ပြန်လာရတာလဲ။ တပ်စခန်းမှာနေမယ်ဆိုရင် ဒါတွေကိုရှောင်နိုင်လိမ့်မယ်။"

"အဖိုးက နေမကောင်းဘူးမလား။"

ကျိဇယ်က ရယ်မော၍ ဆင်ခြေပေးလိုက်၏။

"ကျိလင် အိမ်စာပြီးပြီလားလို့ ကျွန်တော် သွားစစ်လိုက်ဦးမယ်။"

"ကျိလင်က မင်းအကူအညီလိုလို့လား။ သူက အမြဲတမ်း တစ်ခုမဟုတ်တစ်ခုလုပ်နေပြီး မေးလိုက်တိုင်းလည်း ထွက်ပြေးသွားတယ်။"

လင်းချောင်က အအေးမိမပျောက်သေးသည့်အတွက် ကျိဇယ် မပြောလျှင်တောင် အဖိုးကြီးတို့က အလျင်စလိုအပြင်မထွက်ခိုင်းပေ။

ရက်အနည်းငယ်ကြာတော့ အဖိုးကျိ၏ သွေးပေါင်ချိန်မှန်သွားသည့်အတွက် ယဲ့မင်ရှုးက နေ့တစ်ပိုင်းခွင့်ယူကာ သူ့ကိုဆေးရုံမှသွားကြိုခဲ့သည်။

ယဲ့မင်ရှူး၏ ဆန္ဒကို လျစ်လျူမရှူရန် ဆုံးဖြတ်ပြီးနောက် မစ္စတာကျိက သူမအပေါ်အေးစက်စက် မဆက်ဆံတော့ပေ။

"ရှောင်ဇယ် အလုပ်ပြီးပြီလား။"

အဖိုးကျိက ကျိဇယ်အကြောင်း ပြောသည်နှင့် ယဲ့မင်ရှူး၏ စိတ်ထဲအလိုမကျ ဖြစ်သွားသလိုသော်လည်း ထုတ်မပြောခဲ့ပေ။

"သူက ဘယ်လိုလုပ် အဲ့ကိစ္စတွေကို ကျွန်မကိုပြောပြမှာလဲ။ ဘယ်တော့မှလည်း အိမ်မှာမနေဘူး။ အဖေ ဆေးရုံတက်တော့မှ ကျွန်မလည်းသူ့ကိုမြင်ရတာ။"

သူမက အသံအေးအေးဖြင့် ပြောနေခြင်းဖြစ်သဖြင့် အဖိုးကျိက ဘာမှထပ်မပြောတော့ဘဲ ခေါင်းသာညိတ်လိုက်သည်။

ကျိအိမ်သို့ ကားရောက်သည်နှင့် သူတို့က အိမ်နီးချင်း အရာရှ်ိ ခေါင်းဆောင်ဝမ်၏ ဇနီးဖြစ်သူနှင့် တွေ့ခဲ့သည်။ သူမက အခုမှအပြင်မှပြန်ရောက်လာပုံရကာ သူတို့ကိုနှုတ်ဆက်လိုက်၏။

"ရှင့်အသက်အရွယ်နဲ့ဆို သေချာဂရုစိုက်ဖို့လိုပြီ။ ကျွန်မတို့အိမ်က လောင်ဝမ်ဆို ရှင့်ထက်ငယ်တာတောင် မနေ့တည်းက ကျောနာတဲ့အကြောင်း ညည်းညူနေတာ။"

"ပေါ့ပေါ့နေလို့မရဘူး။ စစ်မြေပြင်ကို သွားခဲ့တဲ့လူတိုင်းမှာ ရောဂါဟောင်းတွေရှိကြတယ်။"

ရွှီလီက သူမနှင့်စကားအနည်းငယ် ပြောဆိုလိုက်ပေမဲ့ အိမ်နီးချင်းအမျိုးသမီးက သူမကိုကြည့်၍ပြုံးလိုက်သည်။

"ဂုဏ်ပြုပါတယ်၊ ရှင့်ဒုတိယသားက အခုအလှည့်ရောက်လာပြီပေါ့။"

"အလှည့်ရောက်လာတယ်?"

ရွှီလီက တွေးမရဖြစ်သွား၏။

အိမ်နီးချင်းအမျိုးသမီးက မျက်စိတစ်ဖက်မှိတ်ပြပြီး ပြောလ်ိုက်သည်။

"သူက ချစ်သူရနေပြီမလား။ သူမက ရှင်တို့အိမ်မှာနေတာလေ။ ကျွန်မ သူနဲ့ လွန်ခဲ့တဲ့နှစ်ရက်လောက်က တွေ့ပြီးပြီ။ သူက ရှင်တို့ရဲဘော်ဟောင်းတစ်ယောက်ရဲ့မြေးမလေးဆို။ အတော်လှတာပဲ၊ ဒီလိုလှတဲ့သူမျိုးရဖို့အတော်ခက်တယ်။"

"ဘယ်သူပြောပြတာလဲ။"

ရွှီလီက တစ်ခုခုတော့မှားနေသလိုခံစားရသည်။

သို့သော်လည်း သူမက ခံစားချက် မပြတတ်သည့်သူဖြစ်သည့်အတွက် အိမ်နီးချင်းကတော့ သတိမပြုခဲ့မိပေ။

"အကုန် သိကြတယ်လေ။ ကြားတာတော့ ရှင့်သားတင်မကဘူး ရှောင်ဇယ်ကလည်း ချစ်သူရနေပြီဆို နှစ်ထပ်ကွမ်း ဂုဏ်ပြုစရာပဲပေါ့။ ဘယ်တော့ မင်္ဂလာပွဲတွေလုပ်မယ်တွေးထားလဲ။"

ကျိသော် အကြောင်း တစ်ခုတည်းသာဆိုလျှင် နားလည်မှုလွဲသည်ဟု ရှင်းပြ၍ရသည်။ သို့သော် နှစ်ထပ်ကွမ်းဂုဏ်ပြုသည့်အကြောင်း ပြောလာချိန်မှာတော့ ခက်သွားလေပြီ။ သူတို့က ကျိမိသားစုက ယုံရတဲ့သူတွေမဟုတ်ဘူး၊ စေ့စပ်ထားတဲ့သူရှိရက်နဲ့ အခြားတစ်ယောက် ရှာတယ် ဒါမှမဟုတ် ဦးလေးနဲ့တူနဲ့က မိန်းမတစ်ယောက်ကိုလူနေကြတယ် လို့ပြောကြမလား။

ရွှီလီက နှုတ်ခမ်းကိုတင်းတင်းစေ့ထားလိုက်ပြီး ယဲ့မင်ရှူးကို ကြည့်လိုက်၏။

မစ္စတာကျိ၏ အပြုံးကလည်း ပျောက်ကွယ်သွားတော့သည်။ အိမ်နီးချင်းထွက်သွားသည်နှင့် သူက မေးလိုက်၏။

"ချောင်ချောင် အိမ်မှာလား။"

နေ့လည်စာအတွက် မေးမြန်းရန်အိမ်ရှေ့ထွက်လာသည့် အဒေါ်ကျန်းက အနေအထားကို သတိပြုမိပြီး အလျင်အမြန်ဖြေလိုက်၏။

"သူမက အနားက အထက်တန်းကျောင်းအကြောင်းမေးပြီး အပြင်ထွက်သွားတယ်။"

"အထက်တန်းကျောင်း။"

မစ္စတာကျိက ဆေးရုံတက်နေခဲ့ရသည့်အတွက် လင်းချောင် ဘာတွေလုပ်နေသည်ကို သတိမပြုနိုင်ခဲ့ပေ။

သို့သော်လည်း သူမနှင့်နေ့တိုင်း စကားပြောနေသော အဒေါ်ကျန်းကတော့ သူမအကြောင်းပိုသိသည်။

"သူမက ဘာမှလုပ်စရာမရှိလို့ ကျွန်မကို ယန်ဒူမှာအလုပ်ရှာတဲ့အကြောင်းတွေ မေးနေသေးတယ်။"

မစ္စတာကျိက တစ်ခုခုတွေးလိုက်သော်လည်း ဘာမှမမေးတော့ဘဲ အိမ်ထဲဝင်သွားလိုက်သည်။

"ရွှီလီ၊ သားကြီးကိုခေါ်လိုက်ပါ။"

တိတ်တဆိတ်လိုက်လာသော ယဲ့မင်ရှူးက မော့ကြည့်လိုက်၏။

မစ္စတာကျိကတော့ သူမကိုစောင်း၍ပင် မကြည့်ခဲ့ချေ။

"သားကြီးကိုခေါ်ပြီး ငါက ချက်ချင်းတွေ့ချင်နေတယ်လို့ပြောလိုက်"

မစ္စတာကျိ၏ ငယ်စဉ်ထဲက စိတ်မြန်လက်မြန်အပြုအမူများက ယခုကြီးသည်အထိ မပြောင်းလဲပေ။ သူ့အကြောင်းသိသူများကတော့ သူစိတ်ဆိုးလျှင် ပြဿနာမကြီးဘဲ စိတ်မဆိုးလျှင်သာ ပြဿနာကြီးသည်ဆိုသည်ကိုသိကြသည်။

ရွှီလီက ဖုန်းကောက်ကိုင်လိုက်တော့ ယဲ့မင်ရှုး ထိတ်လန့်သွားတော့သည်။

"အဖေ!"

မစ္စတာကျိက သူမကို ဘာမှဆက်မပြောရန် လက်ကာပြလိုက်ပြီး စကားတစ်ခွန်းမှမပြောဘဲ ဆိုဖာတွင်ထိုင်လိုက်၏။

ရွှီလီက ခေါင်းငုံ့ပြီး ဖုန်းနံပါတ် ရိုက်နေလိုက်သည်။ နာရီဝက်လောက်ကြာတော့ ကျိကျွင်းက ချွေးတရွှဲရွဲဲဖြင့် ပြေးလာခဲ့၏။

"ဘာဖြစ်တာလဲ။ ဘာကိစ္စဖြစ်သွားလို့လဲ။"

သူက ကျန်းမာရေးကိစ္စ တစ်ခုခုဖြစ်သည်လားဟု ထင်လိုက်သော်လည်း သူဝင်လာချိန်မှာတော့ မစ္စတာကျ်ိက ကျုံးရှန်းဝတ်စုံဝတ်ထားပြီး အမူအရာမဲ့စွာဖြင့်ဆိုဖာတွင် ထိုင်နေသည်ကို မြင်လိုက်ရ၏။ ဘေးတွင်တော့ သူ့ဇနီးယဲ့မင်ရှူးက အကူအညီမဲ့၊ ထိတ်လန့်နေသည့်ပုံစံဖြင့်ရပ်နေ၏။

"မင်း အဖေ့ကို စိတ်တိုအောင်လုပ်လိုက်ပြန်ပြီလား။"

သူက သူမကိုစောင်းကြည့်လိုက်၏။

ဒါက အမြဲဒီအတိုင်းပင်။ ယဲ့မင်ရှုးက မစ္စတာကျိကိုစိတ်တိုအောင်လုပ်မိတိုင်း ကျိကျွင်းက သူမရှေ့မှရပ်တည်ပေးရသည်။ သူက ဇနီးဖြစ်သူကို ကာကွယ်ပေးလိုသည့်အတွက် သူမကို အရင်ဆူလိုက်၏။ သူမ အဆူခံလိုက်ရပြီး စိတ်ပျော့သွားလျှင် မစ္စတာကျိက ဘာမှထပ်မပြောတော့ပေ။

သို့သော် ဒီနေ့ကျိကျွင်းမရောက်ခင် ယဲ့မင်ရှူးက နာရီဝက်လောက် မတ်တတ်ရပ်နေခဲ့ပြီးဖြစ်သည်။ သူ့စကားကိုကြားတော့ သူမက ဘာမှမပြောဘဲ မစ္စတာကျိကိုသာ ကြည့်လိုက်၏။

မစ္စတာကျ်ိက သူတို့တိတ်ဆိတ်နေသည်ကို ဘာမှဝင်မပြောဘဲ ကြည့်နေလိုက်၏။ အခြေအနေက သူထင်ထားသည်ထက် ပိုဆိုးသည်ကို ကျိကျွင်း နားလည်သွားတော့မှ မစ္စတာကျိက ရေနွေးကြမ်းခွက်ကိုအောက်ချလိုက်၏။

"မင်းတို့ လင်းမိသားစုနဲ့ စေ့စပ်တဲ့ကိစ္စက်ို သဘောတူခဲ့တယ်မလား။"

ဘာလို့ ဒီအကြောင်းပြောလာပြန်သည်ကိုမသ်ိဘဲ ကျိကျွင်းက သူ့ဇနီးကိုကြည့်လိုက်၏။

"ဟုတ်ကဲ့ သဘောတူခဲ့ပါတယ်။"

"ဒါဆို ဘာလို့ မင်းတို့ ဒီအဖိုးကြီးရဲ့ မင်းတို့သားကိစ္စစီစဉ်ပေးတာကို မှားနေတယ်၊ လက်မခံနိုင်ဘူး၊ မကျေနပ်ဘူးလို့ ခံစားရရင် အဲ့တည်းက မပြောခဲ့တာလဲ။"

မစ္စတာကျိ၏ "မှားနေတယ်၊ လက်မခံနိုင်ဘူး၊ မကျေနပ်ဘူး" ဆိုသောစကားများကြောင့် ကျိကျွင်း ချွေးပြန်လာတော့သည်။ သူက အနေရခက်စွာ ရပ်နေခဲ့ပြီး ယဲ့မင်ရှူး ဘာလုပ်ခဲ့ပြန်သည်ကို တွေးမရဖြစ်နေတော့သည်။ သူက ကိစ္စများပြေလည်အောင်သာ ကြိုးစားလိုက်၏။

"မိသားစုတွေ အဆက်အသွယ်မရှိတာလည်း ဆယ်နှစ်ကြာပြီလေ။ သူတို့မိသားစုက အကူအညီလိုမှလာရှာတယ်ဆိုပြီး မယုံကြည်ရဘူးလို့ မင်ရှုးက ထင်နေရုံပါ။"

ဒါက အရင်ကအဖြစ်အပျက်အကြောင်း မစ္စတာကျိ သူတို့ကို မပြောထားခြင်းကြောင့်ဖြစ်သည်။ မပြောသင့်တိုင် အကြောင်းအရာကို ဤကိစ္စသို့ပြောင်းလိုက်ကြသည်။ ပြောခဲ့လျှင်တော့ စာကိုဝင်နှောင့်သည်ဟုတ်မဟုတ်လည်း ယဲ့မင်ရှုးစိတ်ဝင်စားမည့်ပုံမပေါ်။

မစ္စတာကျိက သူ့ကိုအေးစက်စက်ကြည့်လိုက်သည်။

"ဒါကြောင့် မင်းမိန်းမက ရှောင်ဇယ်မှာချစ်သူရှိတယ်ဆိုပြီး လိမ်တာပေါ့။"

ကျိကျွင်းဘာမှ ပြန်မပြောနိုင်ခင်မှာပဲ သူကဆက်ပြောလိုက်၏။

"ဒါကြောင့် သူမက ဒီကိစ္စကို ဒုတိယသားအပေါ် လွှဲချလိုက်တာပေါ့။"

"ဒုတ်ိယသားအပေါ်။"

ဒီတစ်ခါတော့ ကျိကျွင်း တကယ်ကို ထိတ်လန့်သွား၏။ သူက ယဲ့မင်ရှူးဘက်လှည့်လိုက်တော့၏။

"မင်းဘာလုပ်ခဲ့တာလဲ။"

"ကျွန်မ ဘာလုပ်လို့လဲ။ လင်းချောင်ဘယ်သူလဲလို့ ကျွန်မကိုမေးကြတော့ ကျွန်မတို့မိသားစုနဲ့ စေ့စပ်ထားတဲ့သူလို့ဖြေခဲ့တာ။ သူတို့က လင်းချောင်ကို ဒုတိယမောင်လေးရဲ့အင်္ကျီဝတ်ထားပြီး သူနဲ့အတူရှိနေတာ မြင်လိုက်မယ်လို့ ကျွန်မ မသ်ိဘူးလေ။ ကျွန်မရှင်းပြမယ်လုပ်တော့ သတင်းကပြန့်နေပြီ။"

ယဲ့မင်ရှုးက ရှင်းလင်းချက် တစ်ခါတည်းပြင်ထားပုံရသည်။ သ်ို့သော် ကိစ္စက ကျိဇယ်နှင့်ပတ်သက်လာချိန်မှာတော့ သူမက တိတ်တဆိတ်သာနေခဲ့၏။

ကျိကျွင်းက နှစ်နှစ်ဆယ်လောက် မြင်လာခဲ့သည့်မျက်နှာကိုကြည့်ပြီး တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း ဘာမှမပြောနိုင်ခဲ့ပေ။

မစ္စတာကျိကလည်း သူမစကားများကြောင့် ဒေါသထွက်လာတော့သည်။

"ဒါတင်မက အပြင်မှာပြောနေကြတာက ချောင်ချောင်နဲ့ ဒုတိယသားက မကြာခင် လက်ထပ်ပွဲလုပ်တော့မှာတဲ့။ ရှောင်ဇယ်နဲ့ အတန်းဖော်ရဲ့ဆက်ဆံရေးကလည်း အဆင်ပြေနေတယ်လို့ သူတို့ပြောကြသေးတယ်။"

စောင့်နေသည့် နာရီဝက်အတွင်းတွင် လူလွှတ်၍ ဒီကိစ္စကိုစုံစမ်းခိုင်းခဲ့ရာ ချွေးမအကြီး၏ အင်အားစိုက်ထုတ်စီစဉ်ခဲ့မှူများအကြောင်း သိခဲ့ရသည်။

"မင်း ဘာမှပြောစရာမလိုဘူး၊ မင်းတွေးနေတာကို ငါသိတယ်။ ချောင်ချောင်က နယ်ကမလို့ မင်းတို့မိသားစုအတွက် အကောင်းဆုံး မဖြစ်ဘူးမလား။ နှစ်နည်းနည်းပဲရှိသေးတယ် မင်းက ဒီလိုဖြစ်နေပြီ။ ငါနယ်ကို အပို့ခံရတာမေ့သွားတာလား။ ငါရောပဲ နယ်ကလာတာကိုမေ့သွားတာလား။"

ဒါက မတူဘူးလေ။ မစ္စတာကျိက စာတတ်တဲ့အတွက် နယ်မှာဆိုရင်တောင် အခြေအနေမဆိုးဘူး။ ပြီးတော့ အခုသူ့ရဲ့လက်ရှိအခြေအနေနဲ့ဘယ်သူက နောက်ခံကိုစဉ်းစားမှာလဲ။ ယဲ့မင်ရှူးက စိတ်ထဲမှသာတွေးနေခြင်းဖြစ်ပြီး မစ္စတာကျိရှေ့တွင်တော့ ခေါင်းသာငုံ့နေခဲ့သည်။

သူ၏စကားများက အမှန်တရားဖြစ်သည်ကို မစ္စတာကျိသိ၏။ သူတို့သာသိလျှင် နှစ်နှစ်ဆယ်ကြာမှမဟုတ်ဘဲ အရင်တည်းက လုပ်ခဲ့မည်ဖြစ်သည်။ သူက ပင်ပန်းသွားခဲ့ပုံပေါ်နေ၏။

"မင်းတို့ပြန်ကြတော့။ ငါလည်း မင်းတို့မိသားစုကိစ္စဝင်မပါသင့်တော့ဘူး။"

ဒါက သူ့ကိုယ်သူ သူတို့နှင့် စည်းခြားပြောဆိုလိုက်သော စကားဖြစ်သည့်အတွက် ကျိကျွင်းအတွက်တော့ ဆူသည်ထက်ပိုဆိုးသည်။

သူက "အဖေ" ဟုအော်ခေါ်လိုက်ပြီး ယဲ့မင်ရှူးကလည်း ထိတ်လန့်သွား၏။ သို့သော် မစ္စတာကျိက လက်ကာပြလိုက်၏။

"သားကြီး၊ ငါက အသက်ခုနစ်ဆယ်ဖြစ်နေပြီး ဒီအရှုပ်တွေထဲဝင်ပါနေရတယ်။ ငါ့ကို နားခွင့်ပေးပါတော့။ ပြန်တော့ မလိုအပ်ဘဲ မလာပါနဲ့။"

မစ္စတာကျ်ိက အမြဲလိုလို စိတ်အားထက်သန်သူဖြစ်ပြီး ဒါက သူအသက်ကြီး၍ ပင်ပန်းနေပြီဟု ပထမဆုံးဝန်ခံခြင်းပင်။

ကျိကျွင်းက အလွန်ရှက်မိသဖြင့် ဘာမှထပ်မပြောတော့ဘဲ ခေါင်းငုံ့၍သာ ကျိအိမ်မှ ထွက်သွားလိုက်သည်။ အိမ်ပြန်ရောက်တော့ သူက ဧည့်ခန်းတွင်ထိုင်နေပြီး တိတ်တဆိတ် စီးကရက်များကိုသာ တစ်လိပ်ပြီးတစ်လိပ် ထိုင်သောက်နေခဲ့သည်။

သူမလုပ်ရပ်က စည်းကျော်သွားသည်ကို နားလည်သွားသော ယဲ့မင်ရှူးက သူ့ကို မနှောင့်ယှက်ရဲဘဲ လေဝင်လေထွက်ကောင်းစေရန် ပြတင်းတံခါးသာ ဖွင့်လိုက်၏။ ဒီလှုပ်ရှားမှူလေးကလည်း သူ့ကိုအာရုံစိုက်မိစေသည်။

"မင်းတကယ်ပဲ ဒုတိယကလေးနဲ့ လင်းချောင်အကြောင်းကောလာဟလတွေကို ရည်ရွယ်ချက်ရှိရှိဖြန့်ခဲ့တာလား။"

သူမအဖြေကိုမစောင့်ဘဲ ကျိကျွင်းက စီးကရက်ကို ပြင်းပြင်းရှိုက်လိုက်၏။

"ကိုယ်နားမလည်နိုင်ဘူး။ ဒုတိယကလေးက မင်းကိုဘာလုပ်ခဲ့မိလို့လဲ။"

ယဲ့မင်ရှူးက သူ့ကိုစိတ်ဆိုးအောင် မလုပ်လိုသော်လည်း သည်းမခံနိုင်ဖြစ်နေရသည်။

"ရှင်က ဘာပြောချင်တာလဲ။ အဲ့ဒီကောင်မလေးက ဒုတိယကလေးနဲ့လက်ထပ်ရင်တော့ အဆင်မပြေဘဲ ကျွန်မသားနဲ့ လက်ထပ်မှအဆင်ပြေမှာလား။ ရှင့်ညီက ရှင့်သားအရင်းထက် သွေးနီးတယ်ထင်နေတာလား ဒါမှမဟုတ် အဲဒီကလေးက ကျွန်မကလေးထက်ပိုပြီး မြင့်မြတ်နေလို့လား။"

နာရီဝက်လောက် ကျိအိမ်တွင် အေးတိအေးစက်ဆက်ဆံခံလိုက်ရသည့်အတွက် သူမ မျက်လုံးများနီနေပြီး မျက်ရည်များကျလာတော့သည်။

"ကျိကျွင်း ရှင် ကျွန်မကိုလက်ထပ်ခဲ့မိတာ နောင်တရနေပြီလား။"

"ကိုယ်ဘယ်တုန်းက အဲ့လိုပြောလို့လဲ။"

သူမ မျက်ရည်များကြောင့် လွှမ်းမိုးခံလိုက်ရသော ကျိကျွင်းက ပြောလိုက်သည်။

"ဒါက အခုပြောနေတာနဲ့ဘာဆိုင်လို့လဲ။"

"မဆိုင်ဘူးလို့ ဘယ်သူပြောလဲ။ ကျွန်မရဲ့ နောက်ခံကသာမဆိုးဘဲ ရှင့်ကို ကူညီနိုင်မယ်ဆိုရင် နယ်ကကောင်မလေးတစ်ယောက်ကို ရှောင်ဇယ်နဲ့လက်ထပ်ဖို့ အတင်းဖိအားပေးခံရပါ့မလား။ ရှင်က နှစ်နှစ်ဆယ်ကျော်လောက် အလုပ်လုပ်လာတာတောင် ဆယ်နှစ်ငယ်တဲ့ဒုတိယကလေးကို မယှဉ်နိုင်သေးဘူး။"

"ဒါက ဒုတိယကလေးနဲ့ဘာဆိုင်လို့လဲ။ သူ့မှာ သူ့ကိုယ်ပိုင်အစွမ်းအစရှိတယ်လေ!"

ပုံမှန်ဆိုလျှင် နူးညံ့သိမ်မွေ့ပြီး တွေးခေါ်နိုင်စွမ်းရှိသော ယဲ့မင်ရှူးက ရုတ်တရက်ပြောရဆိုရ ခက်နေခဲ့သည်။

"မင်းဒုတ်ိယကလေးကို ပစ်မှတ်ထားနေတာလား။"

"ဘာလို့ အရင်တည်းက သူတို့က သူတို့သားကိုလက်မထပ်ခိုင်းဘဲ ကျွန်မတို့သားနဲ့ စီစဉ်ပေးတာလဲ။"

ဒီတစ်ခါပြောလာသည်က ရွှီလီကိုပါ ရည်ညွှန်းလာပြီဖြစ်သည်။ ကျိကျွင်းက ဆိုဖာမှထလိုက်၏။

"မင်းဘာလို့ ပြောမရတာလဲ။ အမေ့ကြောင့်သာမဟုတ်ရင်...."

"အမေ့ကြောင့်သာမဟုတ်ရင် ရှင်က ပဋိပက္ခမှာပါသွားခဲ့ပြီ။"

ယဲ့မင်ရှူးက သူ့အတွက် ဆက်ပြောပေးလိုက်သည်။

"ကျွန်မ ဒီအကြောင်း လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တည်းက ကြားခဲ့ပြီးပြီ။ ဟုတ်တယ်၊ အမေက ခြောက်လကလေးကိုဆုံးရှုံးခဲ့ရပြီး ရှင့်ကိုကာကွယ်ပေးရင်းခန္ဓာကိုယ်ထိခိုက်ခဲ့ရတယ်။ ဒုတ််ိယကလေးကိုရဖို့် ဆယ်နှစ်ကျော်ကြာခဲ့ရတယ်။ ဒါပေမဲ့ ရှင်က သူ့သားအရင်းမဟုတ်ဘူးဆိုရင်တောင် ဒီလောက်ထိ ဘက်လိုက်စရာလိုလို့လား..."

"ပါးစပ်ပိတ်ထားစမ်း!"

ဒီစကားက ကျိကျွင်းအတွက် နာကျင်ရသည်။ သူက စားပွဲခုံကို ခြေထောက်ဖြင့်ကန်ကာ ထုခွဲလိုက်ပြီး လက်မြှောက်လိုက်၏။

All Chapters