← Chapters

Chapter 15

Vol. 2 Ch. 15

Chapter 15

Vol. 2 Ch. 15

စေ့စပ်ပွဲတစ်ခုတွင် လူကိုပြောင်းခြင်းသည် ကြားကောင်းသည့်အရာတော့ မဟုတ်ပေ။

အထူးသဖြင့် ဒါက အကြီးဆုံးမိသားစု၏ ပြဿနာဖြစ်နေချိန်တွင်ဖြစ်သည်။ မိထွေးတစ်ယောက်အနေဖြင့် ရွှီလီသည် သူမ၏အမျိုးသားဘက်မှ ပါသောသားနှင့်ချွေးမတို့အတွက် ဆင်ခြေပေးပြီး ကာကွယ်ပေးနေသူမဖြစ်လိုပေ။

အများကြီးစဉ်းစားပြီးနောက် လင်းချောင်က ကျိဇယ်နှင့် စေ့စပ်ကြောင်းလမ်းခြင်းကို မသိလျှင် အကောင်းဆုံးဖြစ်မည်။ ကံကောင်းထောက်မစွာနဲ့ပဲ သူတို့ကလည်း ဒီကိစ္စကို ဆွေးနွေးရန်အချိန်မရခဲ့သေးပေ။

လူကို တိတ်တဆိတ်ပြောင်းလိုက်လျှင် အကြီးဆုံးမိသားစုနှင့်လည်း ပတ်သက်စရာမလိုတော့ဘဲ ရွှီလီကလည်း ရှင်းပြနေစရာမလိုသလို လင်းချောင်လည်း အဆင်မပြေသလို မခံစားရတော့ပေ။ အကြီးဆုံးမိသားစုကတော့ ရှက်သည်ဖြစ်စေ မရှက်သည်ဖြစ်စေ သူမ မစိုးရိမ်တော့ပေ။

ရွှီလီက လင်းချောင် သူမစကား၏ အဓိပ္ပါယ်ကို နားမလည်မည်ကို စိုးရိမ်မိသည်။

"လက်ထပ်ပြီး အတူတူနေဖို့အတွက် ပြောတာပါ။ ဒုတိယသားကို ဘယ်လိုထင်လဲ"

လင်းချောင်၏ ထက်မြက်မှုအရဆိုလျှင် ကျိဇယ်နှင့်စေ့စပ်ကြောင်းလမ်းကြောင်း သူမသိထားပါက ရွှီလီ၏ ဆိုလိုရင်းကို လျင်မြန်စွာသိရှိသွားမည်ဖြစ်သည်။

လင်းချောင်က ခဏလောက် လေးလေးနက်နက်စဉ်းစားလိုက်၏။ "သူက မဆိုးပါဘူး၊ တာဝန်ကျေတဲ့သူပါပဲ။"

မျိုးဆက်ကွာခြားမှုနှင့် ယဲ့မင်ရှူး၏ သဘောထားကြောင့် သူမတွင် သံသယတစ်စုံတစ်ရာသာ မရှိခဲ့လျှင် ယခု ရွှီလီ၏ ပြောဆိုမှုအရ ကျိသော်နှင့်စေ့စပ်ထားသည်မှာ အမှန်ဖြစ်လောက်သည်။ မဟုတ်လျှင် ကျိိဇယ် သဘောမတူပါက သူတို့ကစေ့စပ်ပွဲကို ဖြတ်သိမ်းရန်သာ နည်းလမ်းရှာကြလိမ့်မည်။ ဦးလေးဖြစ်သူထံ လွှဲပြောင်းပေးရန်တွေးမည်တော့မဟုတ်။

ယဲ့မင်ရှူး မကျေမနပ်ဖြစ်ရတဲ့အကြောင်းကတော့ သူမမှာ ဒီလိုယောင်းမတစ်ယောက်ရှိရမှာ ရှက်စရာလို့ခံစားရခြင်း ဒါမှမဟုတ် ကျိသော်အတွက် သူမမိတ်ဆက်ပေးထားသူရှိခြင်းကြောင့် ဖြစ်နိုင်သည်။ သို့သော်လည်း ယဲ့မင်ရှူးက ယောင်းမ တစ်ဦးသာဖြစ်ပြီး ယောက္ခမမဟုတ်တာကြောင့် လင်းချောင်၏ အိမ်ထောင်ရေးသည် သူမနှင့် ဆိုင်တော့မဆိုင်ပေ။ အနည်းဆုံးတော့ သူမသာဆိုလျှင် အိမ်ထောင်မပြုချင်ဘူးဆိုလျှင်တောင် သူမကိုအိမ်ပြန်ပို့ပြီး ဖျားနာနေချိန်မှာ ပြုစုစောင့်ရှောက်ပေးသည့် ကျိသော်ထက် ပို၍ကောင်းကောင်းလုပ်နိုင်မည်မဟုတ်ပေ။

ဒီအဖြေက ရွှီလီကို စိတ်ချမ်းသာစေပေမဲ့ သူမကအတည်ပြုလိုက်သေး၏။

"မင်းရဲ့ စေ့စပ်ကြောင်းလမ်းကရော?"

လင်းချောင် ကျိမိသားစုသို့ ရောက်ရှိချိန်ကပဲ ရွှီလီကသူမကိုအမြဲတမ်း ကောင်းမွန်စွာဆက်ဆံခဲ့သည်။ ရွှီလီ၏ သဘောထားက သူမ၏သားဖြစ်သူ စေ့စပ်ပွဲကိုမလိုလား၍ ဖြတ်ပစ်ချင်သည်ကို သိထားသူနှင့်တော့ မတူပေ။ ဒါကြောင့် မစ္စတာကျိ ဆေးရုံဆင်းပြီးနောက် ကိစ္စများကိုရှေ့ဆက်လုပ်တော့မည့်ပုံသာဖြစ်ရမည်။

လင်းချောင်က ခဏလောက်စဉ်းစားခဲ့ပြီး တိုက်ရိုက်တော့ အဖြေမပေးခဲ့ပေ။

"ကျွန်မ သူနဲ့စကားပြောလို့ရမလား"

ရွှီလီက ဤတောင်းဆိုမှုကို မထင်ထားခဲ့သည့်အတွက် အနည်းငယ်တော့ အံ့ဩသွားခဲ့သည်။ သို့သော်လည်း မိသားစုနှစ်စုကြား စေ့စပ်ပွဲဖြစ်သဖြင့် နောက်ဆုံးတွင် သူတို့နှစ်ဦးသာ အတူနေထိုင်ရမည်ဖြစ်သည်။ လင်းချောင် အိမ်ထောင်မပြုမီ အကြောင်းအရာများကို ရှင်းရှင်းလင်းလင်း လုပ်ထားလိုသည်က ကျိုးကြောင်းဆီလျော်မှုရှိသည်။

ရွှီလီက ခေါင်းညိတ်လိုက်၏။

"ဒါပေါ့၊ မင်းတို့နှစ်ယောက် ဆွေးနွေးသင့်တာပေါ့။"

ကျိမိသားစုက ဒီကိစ္စကို ဖြေရှင်းခဲ့သည့်ပုံစံကို တွေးမိရင်း သူမက လင်းချောင်၏ လက်ကို ကိုင်လိုက်သည်။

“စိတ်မပူပါနဲ့ ငါတို့မိသားစုက မင်းကို ကောင်းကောင်းဆက်ဆံမှာပါ။ ဒုတိယသားက မင်းအပေါ်အမှားလုပ်ခဲ့ဖူးရင် ငါ့ကိုပြောပါ ငါ သူနဲ့ရှင်းလိုက်မယ်"

.......

“ငါတို့မိသားစုက ဒီကိစ္စကို သေချာမကိုင်တွယ်နိုင်ခဲ့လို့ ကောလာဟလတွေ ထွက်နေပြီး ဖြေရှင်းဖို့ပိုကောင်းတဲ့ နည်းလမ်းလည်း မရှိတော့ဘူး။ ငါတို့ ဒီလိုနည်းနဲ့ပဲ ဖြေရှင်းလို့ရတော့မယ်။"

အိမ်ရှေ့ စာကြည့်ခန်းတွင် မစ္စတာကျိက သူ၏အတော်ဆုံးသားငယ်ကို စိတ်ရှူပ်ထွေးနေသည့် အမူအရာဖြင့်ကြည့်နေခဲ့၏။

ငယ်စဉ်က ထိမ်းမြားလက်ထပ်ရန် ဆုံးဖြတ်သောအခါတွင် ဒုတိယသားကို လုံးဝထည့်မစဉ်းစားခဲ့ပေ။ ပထမ အချက်မှာ မျိုးဆက်ကွာခြားမှုဖြစ်ပြီး ဒုတိယအနေဖြင့် ဒုတိယသားဖြစ်သူသည် ချောင်ချောင်ထက် ကိုးနှစ်ပိုကြီးသည်။ မျိုးဆက်ချင်းတူလျှင်တောင် ရှောင်ဇယ်က ပို၍သင့်လျော်သော အသက်အရွယ်ဖြစ်သည်။ အခုတော့ မထင်မှတ်ဘဲ ဒီကိစ္စက ဒုတိယသားထံရောက်သွားပြီဖြစ်၏။

လင်းချောင်နှင့်ကျိဇယ် လက်မထပ်ရရန် ယဲ့မင်ရှူး ဒီလောက်ထိ လုပ်လိမ့်မည်ဟု ကျိသော် မထင်ထားခဲ့ပေ။ သူက မစ္စတာကျိ၏ စကားကို ဝင်မပြောဘဲ မျက်မှောင်ကြုတ်၍သာ နားထောင်နေခဲ့သည်။ သူ၏တည်ငြိမ်သော အမူအရာမှာ မစ္စတာကျိ၏ ဆူပူကြိမ်းမောင်းမှုအောက်တွင် မျက်နှာဖြူဖျော့သွားခဲ့သော အကြီးဆုံးသားနှင့် ဘယ်လောက်ထိ ကွာခြားသည်ကို သိသာနေစေ၏။ ခြားနားချက်က အလွန်ပြင်းထန်သည်။

မစ္စတာကျိလည်း သက်ပြင်းချလိုက်မိသည်။

“အရင်က အခြားသူတွေနဲ့ မိတ်ဆက်ပေးခဲ့တုန်းက မင်းသူတို့ကိုမတွေ့ချင်ခဲ့ဘူး၊ မိသားစုကလည်း မင်းအပေါ် အတင်းအကြပ်မလုပ်ခဲ့ဘူး။ အခုလည်း အတင်းမတိုက်တွန်းချင်ပါဘူး။ ဒါပေမဲ့ ကောလာဟလတွေက အခြားသူနဲ့ ပတ်သက်တဲ့အကြောင်းဆိုရင် အရေးမကြီးဘူး။ အဆိုးဆုံးကတော့ မင်းတို့နှစ်ယောက် လမ်းခွဲလိုက်တယ်လို့ လူတွေကို ပြောလိုက်လို့ရတယ်။ ဒါပေမဲ့အခုက ချောင်ချောင်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေလေ။ သူက ငါတို့မိသားစုနဲ့အတူ အနာဂတ်မှာ ဘယ်လိုနေနိုင်တော့မှာလဲ။"

အချို့အရာများကို ရှင်းရှင်းလင်းလင်း ပြောစရာမလိုဘဲ ကျိသော်လည်း နားလည်၏။ သူက အသံတိုးတိုးဖြင့်ပြောလိုက်၏။

"ဒီစေ့စပ်ပွဲက ငါ့ရဲ့ဆုံးဖြတ်ချက်ပါ၊ ချောင်ချောင်ကို တစ်သက်လုံး စောင့်ရှောက်ပေးမယ်လို့ လောင်လင်းကို ငါ ကတိပေးခဲ့တာ။ ဒုတိယကလေး....မင်းအဖေကို ကူညီတယ်လို့ပဲ စဉ်းစားပေးပါ။"

မစ္စတာကျိက အမြဲလိုလိုစိတ်တိုတတ်ပြီး ခေါင်းမာသည်။ အန္တရာယ်ရှိသောတိုက်ပွဲများနှင့် ခက်ခဲကြမ်းတမ်း သောကာလများတွင်ပင် မည်သူ့ကိုမျှ ခေါင်းမငုံ့ခဲ့ဖူးပေ။ သို့သော် ယနေ့တွင်တော့ သူ့သားငယ်၏ ရှေ့တွင် ခေါင်းငုံ့နေခဲ့သည်။ သူ့အတွက် ရွေးချယ်စရာမရှိသောကြောင့်သာမက သားအငယ်ဖြစ်သူအပေါ် အနည်းငယ် အပြစ်ရှိသလို ခံစားရသောကြောင့်လည်းဖြစ်သည်။

လင်းချောင်နှင့် ကျိသော်တို့ လက်ထပ်လိုက်ခြင်းက ပြဿနာကို တကယ်ပဲဖြေရှင်းနိုင်သည်။ သို့သော်လည်း ညီတစ်ယောက်အနေနှင့် ဘာလ်ို့သူက အစ်ကိုကြီးမိသားစုရဲ့ အရှုပ်တွေကို လိုက်ရှင်းပေးရမှာလဲ။

ထို့အပြင် ကျိသော်က စိတ်သဘောထားပြည့်ဝကြောင်း မစ္စတာကျိသိသည်။ သူသာလျှင် အနည်းငယ်စိတ်သဘောထားမပြည့်ဝခဲ့လျှင် ဒါက အကြီးဆုံးသား မလိုချင်သောဝန်ထုပ်ဝန်ပိုးကို သူ့ဆီတွန်းပို့နေခြင်းဟုခံစားမိနိုင်သည်။

ကျိသော်က ဒီကိစ္စကိုသိပ်မတွေးဘဲ ငြိမ်နေလိုက်၏။ မစ္စတာကျိစကားဆုံးပြီးနောက် သူက မော့ကြည့်လိုက်သည်။

"ကျွန်တော် သူမနဲ့ စကားပြောချင်တယ်"

ငြင်းဆိုခြင်း မပြုသည့်အတွက် မျှော်လင့်ချက် ရှိသေး၏။ မစ္စတာကျိက စိတ်အေးသွားရ၏။

“ကောင်းပြီ မင်းတို့နှစ်ယောက် ဆွေးနွေးလိုက်ပေါ့။"

ဒါကြောင့် ဆယ်မိနစ်အကြာမှာတော့ မစ္စတာကျိက လူငယ်နှစ်ယောက် စကားပြောရန် စာကြည့်ခန်းနေရာမှဖယ်ပေးခဲ့ပြီး ဧည့်ခန်းဆီပြန်သွားခဲ့သည်။

ဒါက သူတို့၏ တရားဝင်ကြင်ဖက်တွေ့ခြင်းဖြစ်သည်။ ရွှီလီက စိုးရိမ်သဖြင့် သားဖြစ်သူကို ဘေးဘက်သို့ တိတ်တဆိတ် ဆွဲခေါ်လိုက်သည်။

“ဒါက ငါတို့အပြစ်ပါ။ မင်း မလုပ်ချင်ဘူးဆိုရင် မင်းအဖေကိုပြောရမယ်နော်။ ကောင်မလေးကို လန့်အောင်မလုပ်ပါနဲ့။ သူမမှာ ဆွေမျိုးလည်းမရှိလို့ မင်းအနိုင်ကျင့်တာကို မခံနိုင်ဘူး။”

ကျိသော်က သူမစကားပြောနေသည်ကို အနည်းငယ်မျက်မှောင်ကြုတ်၍ နားထောင်နေလိုက်သည်။

“သူမမှာ ဘယ်လိုလုပ် ဆွေမျိုးမရှိရမှာလဲ။ အဖေပြောတာတော့ အမေတို့က သူမမိသားစုဆို။”

သူ၏လေသံက လုံးဝတည်ငြိမ်ပြီး လက်ခံသည့်သဘောမဟုတ်ဘဲ လက်မခံချင်စိတ် အနည်းငယ်ပါနေခဲ့သည်။

ရွှီလီက အချိန်ယူစဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့ခြင်းပင်။ ကျိသော်က လင်းချောင်နှင့်သာ လက်မထပ်လျှင် တစ်ကိုယ်တည်း နေရဦးမည်ဖြစ်သည်။ သူမက သားဖြစ်သူ၏ ကျောကိုပုတ်လိုက်၏။

"ဒါဆို သူမနဲ့ လက်ထပ်လိုက်ပါ၊ ငါတို့လည်း တစ်ကယ့်မိသားစုတွေဖြစ်သွားတာပေါ့။"

ကျိသော်တွင် ပြောစရာများရှိသေးပုံပေါ်သည့်အတွက် သူမက အမြန်တိုက်တွန်းလိုက်သည်။

"မြန်မြန်လုပ်။ မင်းလည်း အသက်သုံးဆယ်နီးပါးရှိပြီကို ကောင်မလေးကို စောင့်ခိုင်းနေသေးတယ်။"

သူထွက်သွားပြီးနောက် သူမသက်ပြင်းချလိုက်တော့၏။

" ရှုပ်လိုက်တဲ့ကိစ္စ။ အနည်းဆုံးတော့ ချောင်ချောင် မသိထားဘူး။"

“သူမ တကယ်မသိတာလား?"

မစ္စတာကျိက ဇနီးဖြစ်သူကို တိတ်တဆိတ်မေးလိုက်ခြင်းပင်။

ရွှီလီက ခေါင်းညိတ်လိုက်၏။

“သူမ မသိလောက်ဘူး။ ကျွန်မတို့ စာမရေးဖြစ်ကြတော့ သူတို့က ကျွန်မတို့ စိတ်ပြောင်းသွားပြီထင်ပြီး ကလေးကို တစ်ခါမှမပြောဖူးဘူးထင်တယ်။ ဒီရက်ပိုင်း စိတ်ရှုပ်စရာတွေကြုံနေရလို့ ကျွန်မတို့လည်း အသေးစိတ်မပြောရသေးဘူး။ ဒါပေမဲ့ ကျွန်မ သတိမထားမိခဲ့တာလည်း ဖြစ်နိုင်ပါတယ်။"

“သူမသိသည်ဖြစ်စေ မသိသည်ဖြစ်စေ သူမကိုယ်တိုင်လည်း ထုတ်မပြောတဲ့အတွက် အနေရမခက်စေဖို့ ကျွန်မတို့လည်း ဟန်ဆောင်ထားမှဖြစ်မယ်။"

အခက်ခဲဆုံးအပိုင်းကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်သည့်အတွက် နောက်တစ်ခုကတော့ တရားခံနှင့်ဖြေရှင်းရန်ပင်။

မစ္စတာကျိသည် စာကြည့်ခန်းသို့ လှမ်းကြည့်ကာ ပြောလိုက်၏။

"အကြီးဆုံးသားကို အကြောင်းကြားစရာမလိုဘူး။ သူတို့က ငါ့ကို သူတို့ကိစ္စတွေ ဝင်မစွက်ဖက်စေချင်ဘူး၊ ဒါကြောင့် ကျိမိသားစုကိစ္စတွေကိုလည်း သူတို့ ဝင်ပါဖို့မလိုဘူး။ ငါက အိုနေပြီမလို့ ပြဿနာတွေမဖြေရှင်းနိုင်တော့ဘူး။"

ခဏရပ်လိုက်ပြီးနောက် သူက ရွှီလီကိုမေးလိုက်၏။

“ငါတို့မှာ ပိုက်ဆံဘယ်လောက်ကျန်သေးလဲ”

အကြောင်းအရာက ရုတ်တရက်ပြောင်းသွားသည့်အတွက် ရွှီလီက ခဏတာအံ့အားသင့်သွားပြီးနောက် ဂဏန်းတစ်ခုပြောလိုက်၏။

“အကြီးဆုံးချွေးမက ငါ့ကို မျက်နှာလိုက်တယ်လို့ အမြဲစွပ်စွဲနေတာမဟုတ်လား"

မစ္စတာကျိက ဇနီးဖြစ်သူကို ကြည့်လိုက်သည်။

"ဒီတစ်ခါ ငါ ဒုတိယသားနဲ့ ချောင်ချောင်ကို ပိုပြီးပေးမယ်။ ဘယ်သူ ဘာပြောရဲမလဲ ကြည့်ရတာပေါ့။"

မစ္စတာကျိ၏ စာကြည့်ခန်းက အိမ်ရှေ့ဘက်တွင်ဖြစ်ပြီး သစ်ပင်များနှင့် ပုခက်လေးကို ပြတင်းပေါက်မှလှမ်းမြင်နိုင်၏။

ကျိသော် ဝင်လာသောအခါ လင်းချောင်က စားပွဲပေါ်တွင်ထိုင်နေပြီး နံရံပေါ်ရှိ ရုပ်ပုံတစ်ပုံကို သဘောကျသလိုကြည့်နေကာ ဘယ်လိုစိတ်ခံစားချက်မျိုးမှမဖော်ပြနေခဲ့ပေ။

ဤငြိမ်သက်မှုက သူတို့၏ပထမဆုံးတွေ့ဆုံမှုကို သတိရမိစေသည်။ ထိုအချိန်က သူမ ရှောင်ဇယ်နှင့် လက်ထပ်မည့်သူဖြစ်ခဲ့သော်လည်း ယခုအခါတွင်တော့ သူမက သူနှင့်လက်ထပ်ရမည့်သူဖြစ်နေခဲ့လေပြီ။

ကျိသော်က ကုလားထိုင်တစ်လုံးကို ဆွဲယူပြီး စကားအများကြီးမပြောဘဲ သူမဘေးတွင် ဝင်ထိုင်လိုက်၏။

"ဒီကိစ္စကို မင်းဘယ်လိုထင်လဲ"

အခြားသူတစ်ဦးသာဆိုလျှင် ပတ်ဝန်းကျင် သက်တောင့်သက်သာဖြစ်စေရန် သို့မဟုတ် အခြားသူအကြောင်းသ်ိရစေရန် ရုပ်ပုံအကြောင်းနှင့်ပတ်သက်သည့် စကားအနည်းငယ်ဖြင့် စတင်ခဲ့ကြလိမ့်မည်။ သို့သော်လည်း ကျိသော်ကတော့ ဒါကို စီးပွားရေးကိစ္စတစ်ခုလိုသဘောထားပြီး တည့်တိုးပြောလိုက်၏။

ဤအပြုအမူကလည်း လင်းချောင်၏ အထင်အမြင်နှင့် ထပ်တူပင်။ သူမက ပြုံးလိုက်၏။

"ကျွန်မ အရင်ဆုံးအတည်ပြုချင်တာက ရှင့်မှာချစ်သူမရှိဘူးမလား။ ရှင် သဘောကျနေတဲ့သူအပါအဝင်ပေါ့။"

ကျိသော်လည်း ဆေးရုံမှအဖြစ်အပျက်ကို ချက်ခြင်းဆိုသလို တွေးမိသွားပြီး လင်းချောင်ကို လေးလေးနက်နက် စိုက်ကြည့်လိုက်၏။ လင်းချောင် တစ်ခုခုကိုသိထားနိုင်သည်ဟု သူသံသယဝင်မိသော်လည်း သူမ၏ အမူအရာကိုကြည့်၍ သူဘာမှမပြောနိုင်ခဲ့ပေ။

လင်းချောင်၏ မေးခွန်းသည် ယဲ့မင်ရှုးနှင့် အမှန်တကယ်ဆက်စပ်နေသော်လည်း သူထင်သည့်အတိုင်း တော့မဟုတ်ခဲ့။ သူမ သူငယ်ချင်းက အမျိုးသားဇာတ်ဆောင်မှာ ချစ်သူရှိသည်ဟု မပြောခဲ့ပေမဲ့ လင်းချောင်ကတော့ ကြားဝင်သူ မဖြစ်ချင်လိုပေ။ လက်ထပ်ရမည့်သူမှာ ကျိဇယ်ဖြစ်ပါက သူမပြန်လည်စဉ်းစားရန် လိုအပ်မည်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူမက အသက်မွေးဝမ်းကြောင်းအလုပ်အတွက် အိမ်ထောင်ပြုရန်လိုအပ်ပြီး အမျိုးသားဇာတ်ဆောင်ကလည်း အလုပ်အကိုင်အဆင်ပြေရန် သူမနှင့်လက်ထပ်ရန် သဘောတူခဲ့ခြင်းဖြစ်၏။ သူတို့ အိမ်ထောင်ပြုလိုက်လျှင် အလုပ်ကိစ္စများလည်း အဆင်ပြေကာ ပြဿနာများကိုလည်း မြန်မြန် ဖြေရှင်းနိုင်လိမ့်မည်။ အမျိုးသားဇာတ်ဆောင်တွင် ချစ်သူရှိနေပြီး သူမကို လက်မထပ်လိုလျှင်တော့ သူမလည်း အတင်းလက်မထပ်ခိုင်းနိုင်ပေ။

ကျိသော် နှုတ်ဆိတ်နေတာကိုမြင်ရတော့ လင်းချောင်လည်း ချက်ကောင်းထိသွားသလားဟု တွေးမိသွားတော့၏။

“ရှင့်မှာ တကယ်ပဲမရှိ..."

"မရှိဘူး၊ မင်းစိတ်ချလို့ရတယ်"

ကျိသော်က သူမ စကားကို ကြားဖြတ်ပြောလိုက်၏။

သူမ၏ မေးခွန်းများက သူမစေ့စပ်ပွဲကို ဆန့်ကျင်လိုခြင်းမရှိကြောင်း သိသာနေသည်။ ကျိသော်က စားပွဲပေါ်လက်တင်ကာ ရှေ့သို့အနည်းငယ်တိုးလိုက်၏။

"ကိုယ့်အကြောင်း မင်းကိုပြောပြမယ်။ ကိုယ်က ကျိသော်၊ ပါတီဝင်အသက် နှစ်ဆယ့်ခုနစ်နှစ်အရွယ် အမျိုးသားဖြစ်ပြီး ယန်ဒူမှာတပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေတယ််၊ အိမ်ထောင်မရှိသလို ဆေးဘက်ဆိုင်ရာ မှတ်တမ်းတွေလည်း မရှိပါဘူး...."

ပထမတော့ လင်းချောင်က ဂရုတစိုက် နားထောင်နေပေမဲ့ သူဆက်ပြောသည်က်ိုကြားရတော့ ရယ်ချင်လာမိသည်။

“အမျိုးသား၊ ပါတီဝင်” က ဘာကို ဆိုလိုတာလဲ။ သူ ကြင်ဖက်တွေ့နေတာလား အလုပ်လျှောက်နေတာလား။

ပြီးတော့ စူးရှတဲ့အကြည့်နဲ့ အတည်ပေါက် အမူအရာအရ စစ်ဘက်ဆိုင်ရာ အစည်းအဝေးတစ်ခုထဲ ရောက်နေသလိုပင်။

လင်းချောင်လည်း အထက်လူကြီး၏ သင်ကြားပြသပေးမှုကို နားထောင်နေသည့် စစ်သားတစ်ယောက်ကဲ့သို့ လေးလေးနက်နက် ခေါင်းညိတ်၍ နားထောင်နေခဲ့ပြီး အတွေးများကိုတော့ စိတ်ထဲတွင်သာထားခဲ့သည်။

ကျိသော်က သူမ ခေါင်းညိတ်သည်ကို သတိပြုမိပြီး ခေတ္တရပ်ကာစာအုပ်တစ်အုပ် ထုတ်ပေးလိုက်သည်။

သူသည် ငယ်ရွယ်ပြီးဂုဏ်မောက်သည့် ကျိဇယ် မဟုတ်ပေ။ သူသာ မလိုချင်လျှင် အမေဖြစ်သူကိုပြော၍ ပြဿနာဖန်တီးနိုင်သည်။ သူက လင်းချောင်နှင့် စကားပြောသည်မှာ သူမ၏ အတွေးများကိုသေချာနားလည်ပြီး စိတ်ချရစေရန်သာဖြစ်သည်။

လင်းချောင်က ဒါကို သူ၏အရာရှိကတ်ပြား သို့မဟုတ် ပါတီအဖွဲ့ဝင်ကတ် ဖြစ်မည်ဟုထင်ပြီး လေးစားစွာယူရန်လုပ်လိုက်ရာ ထိုအရာက ဘဏ်စာအုပ်ဖြစ်နေသည်ကိုမြင်လိုက်ရ၏။

လင်းချောင်က ၎င်းသည် အရာရှိ၏ ID သို့မဟုတ် ပါတီအဖွဲ့ဝင်ကတ်ဖြစ်ကြောင်း ထင်မြင်ခဲ့ပြီး ၎င်းကို ဘဏ်စာအုပ် အဖြစ် တွေ့ရှိမှသာ ၎င်းကို လေးစားစွာ ယူသွားတော့မည်ဖြစ်သည်။

ကျိသော်က စာအုပ်ကို သူမရှေ့တွင် ချထားလိုက်သည်။

“လောလောဆယ်တော့ အသား၊ အဝတ်အထည်နဲ့ စက်မှုလုပ်ငန်းဆိုင်ရာ ကူပွန်တွေနဲ့အတူ လတိုင်းလစာ ၁၇၄.၆ ယွမ်နဲ့ တပ်ရင်းမှူးအဆင့်အရာရှိတစ်ယောက်ရဲ့ အကျိုးခံစားခွင့်တွေကို ကိုယ်ရထားတယ်။ တပ်ရင်းမှာပဲ စားသောက်ပြီးနေတော့ ကျန်တာအကုန်လုံးက ဒီမှာပဲ။ လိုအပ်တာရှိရင် ဒီကနေယူသုံးနိုင်တယ်။"

စကားပြောနေချိန်အတွင်း ဘဏ်စာအုပ်ကို ပေးခဲ့သည့်အတွက် လင်းချောင်က သူမ၏ ယခင်အတွေးများကို ပြန်ရုတ်သိမ်းခဲ့သည်။ ဒီလူက ကြင်ဖက်တွေ့တဲ့သဘောကို နားလည်သည်။ ချိုသာသောစကားလုံးများနှင့် ကတိများ တစ်ထောင်လောက်ပေးခြင်းသည် ဤဘဏ်စာအုပ်က်ိုပေးခြင်း၏ ရိုးသားမှုနှင့်လက်တွေ့ကျမှုဖြင့် နှိုင်းယှဉ်၍မရနိုင်ပေ။

ဒါကြောင့် လစာကတ်သည် အမျိုးသားတစ်ဦးအတွက် အကောင်းဆုံး ခန်းဝင်ပစ္စည်းဟု ဆိုကြခြင်းဖြစ်သည်။ သုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ လွှဲပြောင်းပေးလိုသောဆန္ဒသည်ပင် ယုံကြည်ခြင်းဖြင့် ကတိကဝတ်ပြုခြင်းကို ပြသ၏။

လင်းချောင်က ဤပူးပေါင်းဆောင်ရွက်မှုကို မည်သို့ဆွေးနွေးရမည်ကို တွေးနေသော်လည်း ကျိသော်ကတော့ ဘဏ်စာအုပ်ကိုပြထားပြီး သူ၏အတွေးကိုဖော်ပြခဲ့သည်။ သူက အဖိုးကျိနှင့် ဆွေးနွေးပြီး စာကြည့်ခန်းမှ ထွက်လာပုံရသည်။ သူက လင်းချောင်ကိုလက်ထပ်ရန် သဘောတူထားသရွေ့ မစ္စတာကျိက သူလုပ်လိုသည့် စီးပွားရေးလုပ်ငန်းကို ထောက်ပံ့ပေးရန် သဘောတူခဲ့ပုံရသည်။

ထိုသို့ သူကရိုးသားမှုကို ပြသခဲ့အတွက် လင်းချောင်လည်း သူမ၏ ရပ်တည်ချက်ကို ဖော်ပြသင့်သည်ဟု ခံစားမိသည်။

"ရှင် ကျွန်မအခြေအနေကိုသိပါတယ်၊ ဒါကြောင့် ကျွန်မအများကြီး မပြောတော့ဘူး။ လက်ထပ်ပြီးရင် ကျွန်မအလုပ်ရှာပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်မယ်။ ရှင့်ကို မနှောင့်ယှက်သလို ဒုက္ခလည်းမပေးပါဘူး။ တခြားသူတွေ နားမလည်တဲ့ အကူအညီမျိုးလိုရင် ကျွန်မရှင့်ဘက်က အမြဲရှိနေပေးမယ်။"

၁၉၈၀ ခုနှစ်အစောပိုင်းတွင် စီးပွားရေးလုပ်ရန်အတွက် လုံခြုံစိတ်ချရသော အလုပ်တစ်ခုကို စွန့်လွှတ်ခဲ့သူတိုင်း လှောင်ပြောင်ခြင်းခံရသည်။

ထို့အပြင် ကျိသော်၏ ရာထူးနေရာက လုံခြုံစိတ်ချရရုံသာမက အလားအလာကောင်းသည့် ရွှေအခွင့်အရေးတစ်ခုလိုပင်။

သူမပြောတာကို နားထောင်ရင်း ကျိသော်က စာကြည့်ခန်းထဲဝင်သွားချိန် မစ္စတာကျိပြောခဲ့သည့်စကားကို ပြန်သတိရလာသည်။

"မင်းက ယောက်ျားတွေကို မကြိုက်သလို မစွမ်းဆောင်နိုင်တာလည်း မဟုတ်ဘူးမလား။"

သူက လင်းချောင်၏ စကားကို ဖြတ်ပြောလိုက်သည်။

"သူများတွေ နားမလည်နိုင်တဲ့အကူအညီ ဘာလို့လိုမှာလဲ။"

"မရှိဘူးလား?"

လင်းချောင်က သူ၏လေသံကအရ တစ်ခုခုမှားနေသလိုခံစားရ၍ ခဏရပ်လိုက်၏။

သူတို့နှစ်ယောက်၏ လက်ရှိဆက်ဆံရေးကို တွေးကြည့်လျှင်တော့ သူ၏ကိစ္စများကို သူမနှင့်ဝေမျှမည်မဟုတ်ပေ။ သူမက အမြန်ပြောလိုက်၏။

“ရှင်အကူအညီလိုရင် ကျွန်မကို အချ်ိန်မရွေးအကူအညီတောင်းနိုင်ပါတယ်။ ကျွန်မတို့အတူတူ ရင်ဆိုင်မယ်ဆိုတာ သိစေချင်တာပါ။ ဘာပဲဖြစ်ဖြစ် ခြွင်းချက်မရှိ ကျွန်မ ရှင့်အနားမှာရှိနေမှာပါ"

သူမ၏စကားများသည် လုံးဝမှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ သူမက ပြတ်သားစွာ မဖော်ပြသွားသောကြောင့် သူလည်း ရှင်းပြရန်အတင်းမပြောခဲ့တော့ပေ။

ကိုးနှစ်ဟူသော အသက်ကွာဟချက်သည် စကားပြောဆိုရာ၌ အဆင်မပြေမှုများ ဖြစ်ပေါ်စေနိုင်သည်ဟု ပထမ ဆုံးအကြိမ်အဖြစ် ကျိသော် ခံစားခဲ့ရသည်။ သို့သော်လည်း သူတို့လက်ထပ်ပြီးလျှင်တော့ အချိန်ကြာသည်နှင့်အမျှ အဆင်ပြေသွားလိမ့်မည်။ သူက ထိုအကြောင်းက်ို ကျော်လိုက်၏။

"မင်းမှာ အခြားမေးစရာရှိသေးလား။"

“မရှိတော့ပါဘူး။"

လင်းချောင်၏ လက်တွဲဖော်နှင့် ပတ်သက်သည့် လိုအပ်ချက်များမှာ ရိုးရှင်းသည်။

“ရှင်ရော ဘာပြောချင်သေးလဲ”

ကျိသော်တွင် ပြောစရာမရှိတော့ပေ။

လင်းချောင်က ထက်မြက်ပြီး သူမ လိုချင်သည့်အရာကိုသေချာသိသည်။ ကြီးကြီးမားမားပြဿနာများ မရှိသေးသရွေ့ အခြားကိစ္စများကိုတော့ နောက်ပိုင်း ဖြည်းဖြည်းချင်း ညှိယူနိုင်သည်။

သူလည်း ဘာမှထပ်ပြောစရာ မရှိတော့သည်ကိုမြင်တော့ လင်းချောင်က ထရပ်ပြီး လက်ဆန့်ပေးလိုက်သည်။

"ဒါဆို ပူးပေါင်းမှုကောင်းကောင်းလေး လုပ်ကြတာပေါ့။"

မကြာခဏ အလုပ်လုပ်ခဲ့ရသည်ကြောင့် သူမ၏ လက်ချောင်းထိပ်များတွင် အသားမာအချို့ရှိနေပြီး လက်များက နူးညံ့ခြင်းတော့မရှိပေ။ သို့သော်လည်း သူမ၏လက်များသည် သွယ်လျသောလက်ချောင်းများဖြစ်ပြီး လက်သည်းများကို သပ်ရပ်လှပစွာပုံဖော်ညှပ်ထားကာ အနည်းငယ်ပန်းရောင်သန်းနေ၏။

ကျိသော်က သူမလက်ကိုတစ်ချက်ကြည့်လိုက်သည်။

"ဒါကို ပူးပေါင်းမှုလို့ မင်းသတ်မှတ်တာလား။"

"ကြားရဆိုးလို့လား။"

သူ မလှုပ်ရှားလာတာကိုမြင်တော့ လင်းချောင်လည်း လက်ပြန်သိမ်းရန် လုပ်လ်ိုက်ရာ သူ၏နွေးထွေးသည့်လက်က သူမ၏လက်ချောင်းများကို ညင်သာစွာဆုပ်ကိုင်လိုက်၏။

"မဆိုးပါဘူး။"

ကျိသော်လည်း သူမ၏လက်ကို အမြန်လွှတ်လိုက်ပြီးပြောလ်ိုက်၏။

"ကောင်းမွန်တဲ့ ပူးပေါင်းမှုပေါ့။"

တကယ်တော့ အချစ်မပါသည့် အိမ်ထောင်ရေးသည် အတူနေထိုင်ခြင်းသာဖြစ်ပြီး ပူးပေါင်းမှုနှင့်ကွာခြားမှုသိပ်မရှိပေ။

ဤသို့ဖြင့် သူတို့အချင်းချင်းသဘောတူညီမှု ရရှိခဲ့၏။ ကျန်သည့်မင်္ဂလာပွဲပြင်ဆင်မှုများကိုတော့ မစ္စတာကျိနှင့် ရွှီလီတို့ဖြင့် ဆွေးနွေးရန်လိုအပ်သည်။

အချိန်ကုန်လာပြီး အဒေါ်ကျန်းက ထမင်းပြင်ဆင်ပြီးပြီဖြစ်သော်လည်း ဘယ်သူမှ စားချင်စိတ်မရှိသေးပေ။

သူတို့နှစ်ယောက် ထွက်လာတာကိုမြင်တော့ ရွှီလီက သူမသား၏ မျက်နှာကို အရင်ကြည့်လိုက်ရာ ပုံမှန်ကဲ့သို့ အမူအရာမရှိသည့်အတွက် လင်းချောင်ကို ကြည့်လိုက်၏။

လင်းချောင်က နွေးထွေးစွာပြုံးလိုက်သည်။

"အဖိုးကျိတို့က်ို စောင့်ခိုင်းမိလို့ တောင်းပန်ပါတယ်။ ကျွန်မ ဒါလေးသွားထားပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့ပါ့မယ်။"

ယခုအချိန်တွင် အဖိုးကျိဟု ခေါ်လိုက်ခြင်းက အနည်းငယ် အနေရခက်သွားစေသော်လည်း သူမ၏ပုံစံအရ သူတို့အငြင်းအခုံ ဖြစ်ခဲ့ပုံတော့မရပေ။ သူတို့ချင်းအဆင်ပြေလျှင် အခေါ်အဝေါ်က မင်္ဂလာပွဲပြီးမှ ပြန်ပြင်၍ရသည်။

ရွှီလီက ပြုံး၍ခေါင်းညိတ်လိုက်သည်။

"အလျင်မလိုပါဘူး။"

သူမက တစ်ဖက်ပြန်လှည့်ရန်လုပ်ပြီးမှ လင်းချောင်တစ်ခုခုက်ိုင်ထားသည်ကို သတိထားမိ၍ လှည့်ကြည့်လိုက်၏။

"မင်း ဒါကိုယူဖို့ အခန်းထဲပြန်သွားတာလား။"

သူမက သားဖြစ်သူကို တိတ်တဆိတ်မေးလိုက်၏။

လင်းချောင် ယနေ့ဝတ်ထားသည့်ဝတ်စုံတွင် အိတ်ကပ်သေးသေးလေးသာပါသဖြင့် သူမက ဘဏ်စာအုပ်ကို လက်ဖြင့်သာ ကိုင်သွားခဲ့ရသည်။ သို့သော်လည်း ကျိသော်ကိုယ်တိုင် သူမကိုပေးခဲ့သည့်အတွက် အခြားသူများသ်ိမည်ကို သူ စိတ်မပူသည့်သဘောပင်။

ရွှီလီက ပြောစရာစကားမရှိတော့ပေ။ သားဖြစ်သူက လက်မခံဘဲ ကလေးမလေးက်ို ခြောက်လှန့်နေမည်ကို သူမစိတ်ပူခဲ့သော်လည်း သူမ သားကတော့ ဘဏ်စာအုပ်က်ိုပါ တစ်ခါတည်း ပေးခဲ့လိုက်ပြီဖြစ်သည်။

All Chapters