← Chapters

Chapter 16

Vol. 2 Ch. 16

Chapter 16

Vol. 2 Ch. 16

လင်းချောင်က ဘဏ်စာအုပ်ကို သိမ်းရန်လုပ်လိုက်ပြီးမှ ခဏဖွင့်ကြည့်လိုက်သည်။ တစ်ချက်ကြည့်လိုက်သည်နှင့် သူမမျက်လုံးကိုပင် မယုံနိုင်ဖြစ်သွားရသည်။ သူမက အမြင်မှားသည်လားဟု တွေးပြီး ပိတ်လိုက်တော့၏။

ရှစ်ထောင်ကျော်? ရှစ်ထောင်ကျော်ရှိတာလား!

မာရုန်လင်က သူမကို လက်ထပ်ရန် ငွေတစ်ထောင် သုံးစွဲရန်စီစဉ်ခဲ့သည်...

စက်ဘီးအတွက် တစ်ရာ၊ ၁၂လက်မ အဖြူအမည်းတီဗွီတစ်လုံးအတွက် လေးရာ၊ ကျန်သည့် လေးရာက်ိုလက်ပတ်နာရီတစ်လုံးအတွက် သုံးခဲ့သည်။ အိမ်သစ်နှင့် မင်္ဂလာပွဲအတွက် ထိုပမာဏဆိုလျှင်လုံလောက်ပြီဖြစ်သည်။

သို့သော် ကျိသော်ကသူမကို ထိုပမာဏထက် ဆယ်ဆနီးပါးပိုပေးခဲ့၏။ ဒီလူက ပိုက်ဆံအများကြီးဘယ်လိုစုထားခဲ့တာလဲ။

ထို့နောက် သူက စီးပွားရေးလုပ်ရန် အခွင့်အလမ်းစောင့်နေပြီး အနာဂတ်အတွက် စီစဉ်နေသည်ကို သူမသတိရသွား၏။ ဒီခေတ်တွင် အတိုးနှုန်းများက အလွန်များပြီး ၁၀% လောက်က စသည်။ သူမ စိတ်အေးသွားပြန်၏။ ပစ္စည်းများကို နေရာချပြီးသည်နှင့် စားပွဲပေါ်တွင်ပူပူနွေးနွေးအစားအသောက်များရှိသော ခြံရှေ့သို့ ပြန်လာခဲ့သည်။

လတ်ဆတ်သည့် ရာသီစာဟင်းရွက်များ၊ ပုစွန်ကြော်နှင့် ဆေးရုံမှဆင်းစဖြစ်သည့် မစ္စတာကျိအတွက် အဒေါ်ကျန်းက အားပြည့်စေမည့်ဟင်းချိုလည်း ပြင်ပေးထားသေးသည်။

မစ္စတာကျိက လင်းချောင်နှင့် ကျိသော်တို့၏ ရှေ့တွင်ရှိသော ဝက်သားပေါင်းကို ကြည့်လိုက်ပြီး ရှေ့မှလူနှစ်ယောက်ကိုလည်း ကြည့်လိုက်သည်။ တစ်ခုခုပြောချင်သော်လည်း သူဘာမှတော့မပြောခဲ့ပေ။

ရွှီလီက သတိမထားမိသလိုဟန်ဆောင်ကာ လင်းချောင်ထိုင်ရန်အတွက် ကျိသော်ဘေးရှိ ထိုင်ခုံကို ဆွဲထုတ်လိုက်သည်။

“ဗိုက်ဆာနေပြီလား?"

လင်းချောင်က ရွှီလီ၏ဘေးတွင် ထိုင်လေ့ရှိသည်။ ထမင်းထည့်ပေးသည့် အဒေါ်ကျန်းကတော့ ထိုင်ခုံ အပြောင်းအလဲကို သတိမပြုမိခဲ့ပေ။ သူမက လင်းချောင််ကိုသာ တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။

လင်းချောင်က သူတို့ကို ပုံမှန်အတိုင်း ကျေးဇူးတင်စကားပြောလိုက်ပြီး ထိုင်လိုက်သည်။

"ကျွန်မ အရမ်းဗိုက်မဆာပါဘူး။ မနက်စာ အများကြီးစားခဲ့တယ်လေ။" သူမက ပထမဆုံးရောက်သည့်အချိန်က ကဲ့သ်ို့ပင် ယုံကြည်မှုအပြည့်နှင့် ဖြေလိုက်၏။

ဒါက ရွှီလီကိုတော့ သက်တောင့်သက်သာ ဖြစ်စေသည်။

“ကိစ္စတွေလည်း အဆင်ပြေသွားပြီဆိုတော့ ဘယ်တော့လက်ထပ်ဖို့စီစဉ်ကြမလဲ။"

လက်ထပ်မယ်? ဘာတွေလဲ?

အဒေါ်ကျန်းက လင်းချောင်ကို ကြည့်လိုက်ပြန်ပြီး အလွန်သိသာနေမည်ကို စိုးရိမ်သဖြင့် မီးဖိုခန်းသို့အမြန်ပြန်သွားခဲ့သည်။ လင်းချောင်က ကျိမိသားစုထံ ခိုလှုံရာလာရှာခြင်းဟုသာ သူမ ထင်ထားခဲ့၏။ ကောလာဟလများ ပြန့်လာသည့်အခါလည်း သူမက အမှန်တရားကိုမသိဘဲ ရှင်းပြခဲ့သေးသည်။

အခြေချနေထိုင်ရတော့မည်ဖြစ်သည့်အတွက် အခြားသူများသိမည်ကိုလည်း လင်းချောင်မကြောက်တော့ပေ။

လင်းချောင် ခဏလောက်စဉ်းစားလိုက်သည်။

“တတ်နိုင်သမျှ အမြန်ဆုံးပါပဲ။"

အိမ်ထောင်စုစာရင်းနှင့် ယန်ဒူတွင် အိမ်မရှိလျှင် အဆင်မပြေသဖြင့် သူမကျိမိသားစုနှင့်အတူ နေခဲ့ရသည်။ မကြာမီ အိမ်ထောင်ပြုပြီး သူမကိုယ်ပိုင်နေရာတစ်ခုရှိသွားသည်က ပိုကောင်းလိမ့်မည်။ သ်ို့ရာတွင် ဤကိစ္စက အခြားလူတစ်ယောက်နှင့်လည်း ပတ်သက်မှုရှိနေသေးသဖြင့် လင်းချောင်လည်း ဘေးဖက်ရှိ ကျိသော်ကိုလှည့်ကြည့်လ််ိုက်၏။

သူမ ဘာမှမပြောရသေးခင် သူက တည်ငြိမ်စွာပြောလိုက်၏။

“ကျွန်တော်လည်း ကန့်ကွက်စရာမရှိပါဘူး”

"ပြက္ခဒိန် သွားယူလိုက်မယ်"

ရွှီလီကလည်း နှောင့်နှေးမည်ကြောက်သဖြင့် ဤကိစ္စကိုအမြန်ဖြေရှင်းလိုသည်။ သူမက ထမင်းစားမပြီးခင်မှာပဲ စားပွဲမှ ထသွားလိုက်၏။

"မေလ ၁ ရက်နေ့ဆိုရင် ဘယ်လိုလဲ" မစ္စတာကျိက အကြံပြုလိုက်ခြင်းဖြစ်သည်။

"အားလပ်ရက်မလို့ အချိန်ကောင်းဖြစ်ပြီး ပြင်ဆင်ချိန်လည်း လုံလောက်တယ်လေ။"

“မေလ ၁ ရက်နေ့ဆိုတော့ ရာသီဥတုကလည်း မင်္ဂလာပွဲအတွက်အဆင်ပြေပါတယ်။"

လင်းချောင်နှင့် ကျိသော်တို့ ကန့်ကွက်ခြင်းမရှိသဖြင့် ရွှီလီလည်း တစ်စုံတစ်ခုကို သတိရသွားသည်။

"ဒါဆို မင်း တပ်ရင်းအဆောင်မှာနေဦးမှာလား။"

တပ်ရင်းအဆင့် အထက်အရာရှိများသည် သူတို့မိသားစုများကို ခေါ်ဆောင်နိုင်သည်။ ကျိသော်၏ အဆင့်အတန်းသည် လုံလောက်သည်ထက်ပိုနေသော်လည်း သူက တစ်ကိုယ်တည်းနေခဲ့ပြီး အိပ်ဆောင်ကိုသာမျှဝေသုံးစွဲပြီး အခြားသူများထံ အိမ်ရာခွဲဝေပေးမှုကို ဦးစားပေးခဲ့သည်။

ယခု သူလက်ထပ်ပြီးသောအခါတွင်တော့ လင်းချောင်က ကျိမိသားစုနှင့်အတူ ဆက်မနေထိုင်နိုင်တော့ပေ။

ကျိသော်က အမေဖြစ်သူ၏ ဆိုလိုရင်းကို နားလည်သည်။

“ကျွန်တော် အစီရင်ခံစာတင်ပြီး အိမ်ရာလျှောက်ထားလိုက်ပါမယ်။"

"ဒီနေ့လည်မှာ အချိန်ရရင် ချောင်ချောင်ကို ဈေးခေါ်သွားလိုက်။ တီဗွီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်နဲ့ ထမင်းပေါင်းအိုးတွေဝယ်လိုက်ပါ။ မင်းအဖေနဲ့ ငါစရိတ်တွေရှင်းပေးမယ်။ မင်းမှာ စက်မှုကူပွန်တွေ မလောက်ဘူးဆိုရင် ငါ့မှာ ရှိသေးတယ်...."

"နောက်တစ်ရက်မှပေါ့။"

ကျိသော်က ရုတ်တရက်ပန်းကန်ကိုချလိုက်ပြီး နာရီကိုတစ်ချက်ကြည့်လိုက်သည်။

“ဒီနေ့ နေ့လည်မှာ လုပ်စရာတစ်ခုရှိတယ်"

လုပ်စရာရှိတယ်၊ လုပ်စရာရှိတယ်...

ပစ္စည်းတွေဝယ်ဖို့ သူ့ဇနီးလောင်းကို လိုက်ပို့ခိုင်းတာကို သူ့မှာလုပ်စရာတစ်ခု ရှိတယ်တဲ့။

မစ္စတာကျိက မကျေမနပ်ဖြစ်သွားပြီး ဘဏ်စာအုပ်ကိုလွှဲပေးပြီးနောက် သူစိတ်ဝင်စားလာပြီဟု ယူဆနေခဲ့သည့် ရွှီလီလည်း စိတ်ပျက်သွားခဲ့ရသည်။

သို့သော်လည်း ကျိသော်က အချိန်ဆွဲဲတော်သည်။ သူစကားပြောပြီးသည်နှင့် ရှောင်ဖန်းက ကားမောင်း၍ ရောက်လာခဲ့သည်။ ရွှီလီက သူမသားအတွက် ကာပြောပေး ရန်သာ တတ်နိုင်တော့၏။

"ချောင်ချောင် ငါ မင်းနဲ့လိုက်ခဲ့မယ်။ သူက ယောက်ျားလေးပဲ၊ ဘာဝယ်ရမှန်း သိမှာမဟုတ်ဘူး။"

လင်းချောင်ကတော့ စိတ်ထဲမထားခဲ့ပေ။

" ကျွန်မ အလျင်မလိုပါဘူး။ ဘယ်သူနဲ့သွားရသွားရ ကိစ္စမရှိပါဘူး"

နောက်ဆုံးတော့ သူတို့နှစ်ယောက်၏ ဆက်ဆံရေးသည် အပြန်အလှန် အကျိုးရှိစေမည့် ပူးပေါင်းမှုတစ်ခုသာဖြစ်၏။ ကျိသော်လည်း သေချာပေါက် မပျော်နိုင်သေးပေ။

မထင်မှတ်ထားပဲ ကျိသော်ထွက်သွားပြီး ခဏအကြာမှာပြန်ရောက်လာကာ လင်းချောင်ဘေးတွင် မှတ်စုစာအုပ်ချပေးလိုက်၏။

“မှတ်စရာရှိတာမှတ်ဖို့ ဒါတွေကိုသုံးလိုက်။”

ကျိသော်က စစ်ဦးထုပ်ကိုဆောင်းကာ ထွက်သွားခဲ့တော့သည်။ မကြာမီမှာပဲ ခြံအပြင်ဘက်မှ ကားမောင်းထွက်သွားသောအသံကို ကြားလိုက်ရသည်။ လင်းချောင်လည်း မှတ်စုစာအုပ်ကို လှန်ကြည့်ရာ ဘာမှမရှိကြောင်းတွေ့လိုက်ရ၏။ စာကျက်နေစဉ် မှတ်စုမှတ်ရန်အတွက် သူက ဒါကိုပေးခဲ့ပုံရသည်။ ဤအမူအရာက သူလုံးဝဆန္ဒမရှိသော်လည်း ဆုံးဖြတ်ချက်ချပြီးပြီဖြစ်သည့်အတွက် သူမကို ဂရုစိုက်မည်ဖြစ်ကြောင်း ပြသနေလေသည်။ လာမည့်နှစ်များတွင်လည်း သူတို့အတူတူ အချိန်အများကြီး ကုန်ဆုံးကြရလိမ့်မည်။ အချစ်ရေးခံစားချက်များ မရှိနိုင်သော်လည်း အပြန်အလှန် လေးစားမှုက သူမတို့၏ဘဝကို အတူတကွ အဆင်ပြေပြေနေနိုင်စေရန် အကူအညီဖြစ်လိမ့်မည်။

ကျိသော်က လင်းချောင်ကို မှတ်စုစာအုပ်ပေးလိုက်သည်ကိုမြင်တော့ ရွှီလီက လင်းချောင်၏ တံခါးဝမှစာအုပ်များကို သတိရသွား၏။

“မင်း အထက်တန်းကျောင်းသုံး ဖတ်စာအုပ်တွေရလာတာ ငါတွေ့ခဲ့တယ်”

“ဟုတ်တယ်၊ လွန်ခဲ့တဲ့တစ်နှစ်လောက်ကပဲ ကျွန်မဘွဲ့ရခဲ့တာလေ။ အားတဲ့အချိန်တွေမှာ စာပြန်ကြည့်နေမှ မမေ့သွားမှာမလို့ပါ။"

အဒေါ်ကျန်း၏ စကားများကို ပြန်အမှတ်ရသွား၍ ရွှီလီ ခေါင်းညိတ်လိုက်သည်။

“သူ မသွားနိုင်ဘူးဆိုတော့ နေ့လည်စာစားပြီးရင် ငါတို့အပြင်သွားမယ်လေ။"

ကျိသော်လည်း မရှိသလို အိမ်လည်းမရသေးသဖြင့် ရွှီလီက လင်းချောင်ကို ကြီးကြီးမားမားပစ္စည်းများဝယ်ရန် ခေါ်မသွားဘဲ ရင်းနှီးသော အပ်ချုပ်သမားထံသာခေါ်သွားလိုက်၏။

အပ်ချုပ်သမားက မျက်စိမှုန်နေပြီဖြစ်သော်လည်း တည်ငြိမ်သော လက်ပိုင်ရှင်တစ်ဦးဖြစ်သည်။ သူ၏ဆိုင်တွင် ပုံမှန်အဝတ်အစားများသာမက ဘောင်းဘီများ၊ အပေါ်ဝတ်များနှင့် ဆိုင်ထဲတွင်ချိတ်ထားသည့် တရုတ်ရိုးရာ အမျိုးသမီးဝတ်စုံများလည်းရှိသေးသည်။

ရွှီလီက ထိုမြင်ကွင်းကိုမြင်ရတော့ ပြုံးလိုက်သည်။

"ဒါတွေ ထပ်လုပ်ထားပြန်ပြီလား"

"ဘယ်လိုလုပ်နိုင်တော့မှာလဲ? ပန်းထိုးတာက အဝတ်တွေကိုပိုပြီးကြည့်ကောင်းစေတယ်လေ ပြီးတော့ ကျွန်တော်လည်း မျက်စိမှုန်လာတော့မထိုးနိုင်တော့ပါဘူး ”

အပ်ချုပ်သမားက အထည်များကို ဖြတ်လိုက်ပြီး ကတ်ကြေးက်ိုချထားလိုက်သည်။

"ပြန်လည်တည်ထောင်ကာလအပြီးမှာ လူတွေက ဒီဇိုင်းအမျိုးမျိုး ဝတ်လာတာမြင်ရလို့ ထပ်ပြီး ရတနာဟောင်းလေးတွေ ထုတ်ပြထားရုံပါ။"

မြို့ငယ်လေးများတွင် ခေတ်ရေစီးကြောင်းများက တဖြည်းဖြည်း ချင်းပျံ့နှံ့လာသည်။ လင်းချောင်၏ မွေးရပ်မြေတွင် များစွာပြောင်းလဲခြင်းမရှိသေးသော်လည်း ယန်ဒူတွင်တော့ ဟောင်ကောင်စတိုင်ရှပ်အင်္ကျီများနှင့် ပြည့်နေပြီဖြစ်သည်။ ယဉ်ကျေးမှုတော်လှန်ရေးအတွင်း ပျောက်ကွယ်သွားခဲ့သော ၁၉၅၀ ခုနှစ်များက လူကြိုက်များခဲ့သည့် အင်္ကျီများက တစ်ကျော့ပြန်ရောက်လာခြင်းဖြစ်သည်။ ရာသီဥတုမပူသေးသော်လည်း စတိုးဆိုင်များတွင်တော့ ဝယ်၍ရနေလေပြီ။ အဆင်သင့်လုပ်ထားသောကြောင့် ကူပွန်များမလိုအပ်သော်လည်း ဈေးနှုန်းကတော့မြင့်၏။

"ကျွန်မချွေးမ မင်္ဂလာပွဲမှာဝတ်ဖို့အတွက် ဝတ်စုံနှစ်စုံလောက်လုပ်ပေးပါ"

ရွှီလီက ပြုံးလိုက်ပြီး ဖြတ်ထားသော အထည်စများကို လက်ညှိုးထိုးပြကာ လင်းချောင်ကို ရှေ့ကိုတွန်းပို့လိုက်၏။

"ဒီနှစ်ခုလည်း လုပ်ပေးပါ၊ ဒါပေမဲ့ အလျင်စလိုမလုပ်ပါနဲ့၊ မင်္ဂလာဆောင်အဝတ်အစားကိုပဲ အရင်လုပ်ပေးပါ။"

"အိုး မင်းရဲ့ဒုတိယသားလေးက နောက်ဆုံးတော့ အိမ်ထောင်ကျပြီပေါ့။" အပ်ချုပ်သမားကြီးက ရယ်မောလိုက်၏။

ရွှီလီလည်း စိတ်သက်သာသည့်ပုံစံ လုပ်ပြလိုက်သည်။

“ဟုတ်တယ်၊ သူက အသက်သုံးဆယ်ပြည့်တော့မှာလေ။ နောက်ဆုံးတော့ အိမ်ထောင်ကျတော့မှာပေါ့။"

ဆိုင်၏အနေအထားက နွေးထွေးနေခဲ့သည်။ ဒါကိုကြားတော့ ယခုမှဝင်လာသည့် သားအမိနှစ်ယောက်က နှုတ်မဆက်နိုင်ခင် ရပ်သွားလိုက်၏။

"ဂုဏ်ပြုပါတယ် အဒေါ်ရွှီ။"

နှုတ်ဆက်သည့်အသံက ရင်းနှီးနေသဖြင့် လင်းချောင်လှည့်ကြည့်လိုက်ရာ အသက်လေးဆယ်ကျော် စတိုင်ကျကျ အမျိုးသမီးတစ်ဦးကိုတွေ့လိုက်ရ၏။ သို့သော်လည်း လင်းချောင် အာရုံစိုက်မိသည်ကတော့ ဆေးရုံတွင် ခဏတာတွေ့ဆုံခဲ့ရသည့် ထိုအမျိုးသမီး၏ နောက်မှ လှပသည့်အမျိုးသမီးငယ်တစ်ဦးဖြစ်သည့် စုန့်ကျင်းကိုပင်။

အသစ်ရောက်လာသည့် လူများကိုမြင်လိုက်ရတော့ ရွှီလီက အပ်ချုပ်သမားနှင့် စကားပြောနေသည်ထက် သိသိသာသာပင် စိတ်ရှုပ်သွားပုံပေါ်၏။

"အဝတ်အစား အသစ်ချုပ်ဖို့ ရောက်လာကြတာပဲလား။"

"ဟုတ်တယ်၊ ရှောင်ကျင်းက အလုပ်သင်စလုပ်တော့မှာမလို့ ကျွန်မတို့က သူမအတွက် အင်္ကျီနှစ်ထည်လောက်ချုပ်ပေးမလို့လေ။"

အမျိုးသမီးကပြုံးပြီး စုန့်ကျင်းကို လက်ညှိုးထိုးပြလိုက်၏။ စုန့်ကျင်းက ခန္ဓာကိုယ်အတိုင်း ယူမှုပြီးသွားချိန်တွင် ထိုအမျိုးသမီးက လင်းချောင်ကို ကြည့်လ်ိုက်သည်။

"ဒီလိုလှတဲ့ချွေးမမျိုး ဘယ်မှာရှာတွေ့ခဲ့တာလဲ။ ယန်ဒူတစ်မြို့လုံးမှာ ကျွန်မတော့ ဒီလိုလှတဲ့သူ ရှာမတွေ့ဖူးသေးဘူး။ အဒေါ့်ရဲ့ဒုတိယသားလည်း မတွေ့တာမဆန်းပါဘူး။ အဒေါ်က လူကောင်းရွေးတတ်တာပဲနော်။"

ထိုအမျိုးသမီး၏ စကားများက လင်းချောင်နှင့်ရွှီလီတို့ကို မြှောက်ပင့်ပြောဆိုနေခြင်းဖြစ်၏။ သို့သော်လည်း ကျိသော် ကိုယ်တိုင်ရှာထားခြင်းမဟုတ်ဘဲ ရွှီလီရှာပေးထားသည်ကိုတော့ သူမဘယ်လိုသိတာလဲ။

ရွှီလီက ဘာမှပြန်မပြောဘဲ ပြုံးနေသည့်တိုင် ထိုအမျိုးသမီးက အရှက်မရှိသေးပေ။ သူမသမီးကို လင်းချောင်နှင့် မိတ်ဆက်ပေးပြန်၏။

"မင်းတို့နှစ်ယောက်က အသက်အရွယ် အတူတူလောက်ပဲမလို့ ပေါင်းသင်းလို့ အဆင်ပြေမယ်ထင်တယ်။ ရှောင်ကျင်းရဲ့အဖေနဲ့ ကျိကျွင်းက ငယ်သူငယ်ချင်းတွေမလို့ ယုံကြည်လို့ရပါတယ်။ မင်းအကူအညီလိုတာရှိရင် သူမကိုမေးလိုက်ပေါ့။"

သမီးဖြစ်သူ စုန့်ကျင်းကလည်း ပါးနပ်သူဖြစ်သည်။ သူမက ပြုံး၍ ခေါင်းညိတ်ပြကာ လင်းချောင်နှင့် ဆေးရုံမှာတွေ့ခဲ့သည်ကို မှတ်မိသည့် အရိပ်အယောင်ပင်မပြခဲ့ပေ။

သူမက အကျင့်စာရိတ္တကောင်းမွန်သော်လည်း လင်းချောင်က သူမထက် ပို၍ပင် သဘောထားကြီးသည်။ ရွှီလီလည်း ရှိနေသဖြင့် သူမ ဝင်ပါ၍ စကားပြောရမည့်နေရာမဟုတ်ပေ။

ရွှီလီကတော့ ထိုအမျိုးသမီး၏ အကြံပြုချက်ကိုသဘောတူရန် စိတ်ကူးလုံးဝရှိပုံမပေါ်ခဲ့။ ကိုယ်တိုင်းပေးပြီး အဝတ်အစားလာယူရန် ရက်ချိန်းရွေးပြီးသည်နှင့် လင်းချောင်ကိုခေါ်၍ ထွက်သွားလ်ိုက်၏။

သူတို့ထွက်သွားသည်နှင့် စုန့်ကျင်း၏ အမေက အသံတိုးတိုးဖြင့် မေးလိုက်၏။ "ဆေးရုံမှာတွေ့ခဲ့တဲ့ မိန်းကလေးမဟုတ်လား"

အတိအကျပြောရန်မလိုဘဲ စုန့်ကျင်းက သူမ၏ ဆိုလိုရင်းကိုသိသည်။

"ဟုတ်တယ် သူမပဲ။ ဒါပေမဲ့ အခုတော့ပိုပြီးကောင်းကောင်းမွန်မွန် ဝတ်စားထားတာပဲ။"

"ဒါပေါ့ သူမက ကျိမိသားစုနဲ့ လက်ထပ်တော့မှာလေ။ ဘယ်လိုလုပ် အဝတ်ကောင်းတွေ မဝတ်ဘဲနေမှာလဲ။"

စုန့်ကျင်း၏ အမေက ပို၍အသံတိုးလ်ိုက်ပြန်၏။

"သူမနဲ့ ကျိသော် တစ်ကယ်ပဲ လက်ထပ်မယ်လို့ ငါမထင်ထားဘူး။ မင်ရှူးသိရင် ဘယ်လောက်တောင် ဒေါသထွက်လိုက်မလဲ။"

ယဲ့မင်ရှူးက အမှန်တကယ်ပင် ဒေါသထွက်နေပြီး မယုံနိုင်သဖြင့် ထပ်ခါထပ်ခါ ဖုန်းဆက်ကာအတည်ပြုနေခဲ့သည်။

“ကျွန်မတို့ အဖိုးကြီးနဲ့အဖွားကြီး ဘာတွေတွေးနေလဲ လုံးဝနားမလည်နိုင်ဘူး။ သူမက နယ်ကလာတဲ့ မိန်းကလေးတစ်ယောက်ပဲလေ။ သူတို့က သူမကို ရတနာလိုဆက်ဆံနေတယ်။ ပထမတော့ သူတို့က ရှောင်ဇယ်နဲ့လက်ထပ်ပေးမယ်ပြောတယ်၊ အခု ဒုတိယသားနဲ့လက်ထပ်ပေးပြန်တော့မယ်။ ကမ္ဘာပေါ်မှာ အခြား မိန်းကလေးတွေ မရှိတော့ဘူးလား။"

"သူမကို ဒုတိယသားနဲ့လက်ထပ်ပေးတာ ပိုကောင်းတယ်မဟုတ်ဘူးလား။ ရှောင်ဇယ်နဲ့ လက်ထပ်ရမှာကို စိတ်ပူနေစရာ မလိုတော့ဘူးလေ။"

“ဒုတိယသားနဲ့ လက်ထပ်ပေးတာဘာကောင်းလို့လဲ။ သူမက အသက်နှစ်ဆယ်တောင် မပြည့်သေးဘူး၊ ကျွန်မက ယောက်မလို့ခေါ်ရမှာလား။"

ထိုအကြောင်း တွေးလိုက်ရုံနှင့် ယဲ့မင်ရှူးကို စိတ်မသက်မသာဖြစ်ရပြီး ထုတ်ပြောနိုင်ရန်လုံးဝမဖြစ်နိုင်ပေ။

"ရှောင်ဇယ်နဲ့ လက်ထပ်မလို့ သဘောတူထားခဲ့တဲ့ မိန်းကလေးက အခု ဒုတိယသားနဲ့ လက်ထပ်တော့မယ်။ သူတို့က မျိုးဆက်တစ်ခုတည်းတောင် မဟုတ်ဘူး။ သူတို့စုံတွဲက အနေရခက်သလို မခံစားမိကြဘူးလား။"

သူမ ပို၍တွေးလေလေ ပို၍မှားနေသလို ခံစားလာရလေလေပင်။

" သူတို့စုံတွဲက ဒုတိယသားကို အရမ်းမျက်နှာသာပေးကြတယ်။ သူက ကြင်ဖက်မတွေ့ချင်ဘူးဆိုတော့လည်း မတွေ့ခိုင်းကြဘူး။ ကျွန်မက စေတနာနဲ့မိတ်ဆက်ပေးခဲ့တာတောင် သူက အေးစက်စက် လုပ်သွားတယ်။ အခု ဘယ်လိုလုပ် သူမကို လက်ထပ်ဖို့ဖြစ်သွားတာလဲ။ ဒုတိယသားက လက်ခံရဲ့လား။"

ဒါက သူမကို အလွန်အံ့သြစေပြီး ကျိကျွင်းကို ဘယ်လိုပြောရမည်ကိုပင် မသ်ိဖြစ်နေ၏။

နောက်ဆုံးတစ်ခေါက်က ကျိကျွင်း သူမကိုရိုက်ရန်ပင်လုပ်ခဲ့ပြီး စိတ်ငြိမ်ရန် အတော်အချ်ိန်ပေးခဲ့ရသည်။ သူမလုပ်ခဲ့သည့် အရှုပ်ကြောင့် ကျိသော်က သူမကိုလက်ထပ်ရတော့မည်ကို ကျိကျွင်းသိလျှင် ဘယ်လိုတုန့်ပြန်မည်ကို မသိနိုင်ပေ။

ယဲ့မင်ရှူးက စိတ်ရှုပ်စွာဖြင့် နဖူးက်ိုလက်ဖြင့်နှိပ်လိုက်၏။

"ကျိကျွင်း အလုပ်ဆင်းတော့မယ်။ နောက်မှ ဆက်ပြောကြတာပေါ့။"

ကျိကျွင်းကို ဘယ်လိုပြောရမလဲ တွေးနေတုန်းမှာပဲ ကျိဇယ်က အရင်သိလိုက်ရ၏။

ကျိဇယ်က စားသောက်ဆိုင်တွင် ငယ်သူငယ်ချင်းများနှင့် ညစာစားရန်စီစဉ်ထားခဲ့သည်။ သူရောက်လာသောအခါတွင် လူစုံနေပြီဖြစ်ပြီး ရှေးဟောင်းဟယ်ထျန်ကျောက်စိမ်းတုံး နှစ်တုံးနှင့် ကစားနေကြပြီဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း အချို့သောလူများကို ရာထူးပြန်အပ်ခဲ့ပြီး သိမ်းဆည်းထားသော ပစ္စည်းများကိုလည်း ပြန်လည်ပေးအပ်ခဲ့သည်။ အချို့သောပစ္စည်းများ ပျက်စီးသွားပြီဖြစ်သော်လည်း ကောင်းမွန်စွာ ထိန်းသိမ်းထားသော ရှေးဟောင်းပစ္စည်းများကိုတော့ ဈေးချိုသာစွာဖြင့် ဈေးကွက်တွင် ရောင်းချခဲ့ပြီး စိတ်ဝင်စားမှူရရန်လုပ်ခဲ့ကြသည်။

ကျိဇယ်ကိုတွေ့တော့ တစ်ယောက်က သူ့ကိုလာကြည့်ရန်ခေါ်လိုက်၏။ သူက ပြုံး၍ လက်ကာပြလိုက်သည်။

"ဒါတွေကို ငါနားမလည်ဘူး”

သူကအကျီကိုချွတ်ပြီး ထိုင်လိုက်၏။

ကျိမိသားစုက ဒေသခံများမဟုတ်ပေ။ သူတို့က အဖိုးကျိ၏ ရဲစွမ်းသတ္တိနှင့် ကြိုးစားအားထုတ်မှုကြောင့် အောင်မြင်လာခဲ့ခြင်းဖြစ်ပြီး မျိုးရိုးနှင့်ပတ်သက်သည့် ဝါသနာများကိုတော့ သိပ်မသိကြပေ။

မစ္စတာကျိက သားသမီးများနှင့် ပတ်သက်လျှင် တင်းကြပ်ပြီး သားနှင့်မြေးများအားလုံးကို စစ်မှုထမ်းရန် စေလွှတ်ခဲ့သည်။ သူတို့ကလည်း မထူးချွန်လျှင်တောင် မညံ့ဖျင်းကြပေ။

ဒါကိုလည်း သူ့သူငယ်ချင်းတွေက သိထားသဖြင့် သူ့ကို အတင်းမတိုက်တွန်းကြပေ။

“မင်း အဒေါ်အသစ်ရတော့မယ်လို့ ငါကြားတယ်"

"မင်းရဲ့ ညီမဝမ်းကွဲတွေထဲက ဘယ်သူက ငါ့ဦးလေးကိုသဘောကျနေတာလဲ။” ကျိဇယ်က မျက်ခုံးပင့်ကာ ပြုံး၍ပြောလိုက်သည်။

“မင်းသိပါတယ်၊ မင်းမှာသတ္တိရှိရင် သူ့ကိုကိုယ်တိုင်သွားပြောပေါ့။ ငါကတော့ အောင်သွယ်ပေးမှာ မဟုတ်ဘူး။"

“ငါတို့မဟုတ်ဘူး။ မင်းမိသားစုက မင်းဦးလေးအတွက် စီစဉ်ပေးတဲ့သူကိုပြောတာလေ။"

ကျိသော်က သူတို့ထက် နှစ်အနည်းငယ်သာ ပို၍ကြီးသော်လည်း သူတို့နှင့် အံဝင်ခွင်ကျတော့မဖြစ်ခဲ့ပေ။ အသက်ကြီး၍ မဟုတ်ဘဲ သူက အမြဲလိုလို တည်ငြိမ်နေခဲ့၍အခြားသူများနှင့် ယှဉ်မရခဲ့သောကြောင့်ဖြစ်သည်။ ကျိသော်ကို တစ်ယောက်ယောင်က အနိုင်ကျင့်ရန်လုပ်လျှင်လည်း ကျိသော်က ပြင်းထန်စွာဖြေရှင်းသဖြင့် သူတို့က ကျိသော်ကို ကြောက်ကြသည်။

ကျိသော် ဘာမှမပြောသဖြင့် သူငယ်ချင်းများက အံ့သြသွားကြသည်။

"မင်း မသိသေးဘူးလား။"

ကျိဇယ် တစ်ကယ်ကိုမသိပေ။ အချို့သော အကြောင်းများကြောင့် သူက သူ့အမေကိုတွေးမိပြီး စိတ်မအေးဖြစ်သွားရ၏။ သူ့သူငယ်ချင်းများက ကောလာဟလများအကြောင်းပြောချိန်တွင် ရင်ထဲတုန်လှုပ်သွားသော်လည်း သူမယုံနိုင်သေးပေ။

"မင်းတို့အားလုံး ယုံကြတာလား။"

"မင်္ဂလာပွဲအတွက် အဝတ်အစားချုပ်ဖို့အတွက် အဖွားကျိက သူ့ကိုခေါ်သွားတာကို တစ်ယောက်ယောက်က တွေ့လိုက်တယ်လေ။ ဘယ်လိုလုပ် သတင်းမှားဖြစ်န်ိုင်မှာလဲ။"

သူ့သူငယ်ချင်းက ပြန်ဖြေလိုက်ပြီး သူ့ပခုံးကို ဖက်လိုက်သည်။

"သူက မင်းအိမ်မှာနေနေတာလို့ ငါကြားတယ်။ မင်း သူ့ကိုတွေ့ဖူးမှာပေါ့။ ဘာလို့ မသိတာလဲ။"

ထိုအချိန်တွင် ကျိဇယ်၏ မျက်နှာမှ တည်ငြိမ်မှု ပျောက်သွားတော့သည်။ သံသယစိတ်များကို ထိန်းထားပြီး စကားနည်းနည်းသာပြောပြီး ထမင်းကို အတင်းပြီးအောင်စားကာ ကျိအိမ်သို့ တ််ိုက်ရိုက်သွားခဲ့လိုက်သည်။ သူ့ အမေက လွယ်လွယ်နှင့်သဘောတူပြီး ဒီလိုအရှုပ်မျိုးလုပ်ထားသည်ဟု သူမယုံနိုင်ပေ။

ပို၍အံ့ဩစရာကောင်းသည်က အဖိုးနှင့် အဖွားကျိက သူမကို သူ့ဦးလေးနှင့် လက်ထပ်ခိုင်းပြီး ထိုအရှုပ်များကို သူ့ဦးလေးအား ရှင်းခိုင်းခြင်းဖြစ်၏။

ကျိအိမ်သို့ သွားသည့်လမ်းတစ်လျှောက်လုံး သူ၏မျက်နှာ ပူလောင်နေခဲ့သည်။ သူက ပင်မအိမ်ထဲသို့ အမြန်ပြေးသွားခဲ့သည်။

“အဖိုး၊ အဖွား..."

သူ့စကားမဆုံးခင်မှာပဲ လူတစ်ယောက်၏ အေးစက်စက် တင်းမာသည့်အကြည့်နှင့် ရင်ဆိုင်လိုက်ရသည်။ ထိုနေရာတွင် အဖိုးကျိနှင့် ရွှီလီတို့သာမက ကျိသော်နှင့်လင်းချောင်တို့လည်း ဧည့်ခန်းထဲတွင် ရှိနေသည်ကို တွေ့လိုက်ရ၏။

သူ၏ရုတ်တရက် ဝင်လာခြင်းက လူတိုင်းကို အာရုံစ်ိုက်မိသွားစေသည်။ သူနှင့်တွေ့ခဲ့ချိန်က သူလက်ထပ်ရမည့်မိန်းကလေးဖြစ်ခဲ့သူက ယခုသူ့ဦးလေးဘေးတွင် ထိုင်နေသည်။ သူတို့ရှေ့ရှိ စားပွဲပေါ်တွင်လည်း အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်များကဲ့သို့ မင်္ဂလာဆောင်အတွက် ပစ္စည်းများရှိနေ၏။

သူ၏လည်ချောင်းထဲ တင်းကျပ်လာတော့သည်။ ကျိသော်က မတ်တပ်ရပ်လိုက်၏။ "ကျွန်တော် ရှောင်ဇယ်နဲ့ စကားပြောစရာရှိတယ်။"

သူက ကျိဇယ်ကို အေးဆေးတည်ငြိမ်စွာ စိုက်ကြည့်လိုက်၏။

“မင်း ဒီကိုရောက်နေပြီဆိုတော့ ငါ့အခန်းထဲမှာ စကားသွားပြောရအောင်။"

All Chapters