← Chapters

Chapter 17

Vol. 2 Ch. 17

Chapter 17

Vol. 2 Ch. 17

ခလုတ်တစ်ချက်နှိပ်လိုက်သည်နှင့် နွေးထွေးသော အဝါရောင် မီးရောင်က အခန်းတစ်ခုလုံး ပျံ့နှံ့သွားတော့သည်။

ကျိသော်က တံခါးဖွင့်ပြီး နှုတ်ခမ်းကို တင်းတင်းကြပ်ကြပ်စေ့ထားသော တူဖြစ်သူကို လှည့်ကြည့်လိုက်သည်။

"အထဲဝင်လာခဲ့။"

သူ့အသံက အကျယ်ကြီးမဟုတ်ပေမယ့် ကျိဇယ်က နားမထောင်ဘဲ မနေရဲပေ။ သူက စကားနားထောင်ကာ လိုက်သွားခဲ့ပြီး နောက်မှတံခါးကိုပင် ပိတ်လိုက်သေးသည်။

တံခါးကိုပိတ်လိုက်သည်နှင့် ကျိဇယ်လည်း ပြောချင်သည့်စကားများကို မထိန်းနိုင်တော့ပေ။ “ ဦးလေး သူမကိုလက်ထပ်လို့မရဘူး! ကျွန်တော် သူမကို ဦးလေးအပေါ်တွန်းပို့ပစ်ဖို့ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး”

"မင်းဘာပြောဖို့ ကြိုးစားနေတာလဲ။" ကျိသော်က တည်ငြိမ်စွာ စကားဖြတ်ပြောလိုက်၏။

" ကျွန်တော်... ကျွန်တော်ဆိုလိုတာက..." ကျိဇယ်က နှုတ်ခမ်းကိုကိုက်ရင်း ခဏလောက် တုံ့ဆိုင်းသွားတော့သည်။

“အဖိုးက ကျွန်တော့်အတွက် ဒီစေ့စပ်ပွဲကို စီစဉ်ပေးခဲ့တာမလို့ ကျွန်တော်ပဲ သူမကို လက်ထပ်ပါမယ်။ ဒါက ဦးလေးနဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန်တော်ကိုယ့်ကိစ္စ ကိုယ်ရှင်းပါမယ်။ ကျွန်တော့်ရဲ့ အရှုပ်အထွေးတွေကို ဦးလေး ရှင်းပေးစရာမလိုပါဘူး။"

“ဒါဆိုရင်ရော? တူက သူ့ဦးလေးရဲ့ စေ့စပ်ထားသူကို ခိုးတာ ဒါမှမဟုတ် ငါတို့ နှစ်ယောက်စလုံးက လူတစ်ယောက်တည်းကို သဘောကျကြပြီး ငါက အလျှော့ပေးလိုက်တာလို့လူတွေက ပြောကြမှာပေါ့။"

ကျိသော်တွင် ကျိဇယ်ကို စကားတစ်ခွန်းတည်းဖြင့် အံသြအောင်လုပ်နိုင်သည့် နည်းလမ်းအမြဲရှိသည်။

"ကျွန်တော် သူတို့ကို ရှင်းပြလိုက်မယ်။ ကျွန်တော်တို့မိသားစုကြားက လက်ထပ်စာချုပ်ရှိတယ်လေ၊ ရှင်းဖို့မခက်ပါဘူး…”

"ဒါဆို ငါက အကျင့်စာရိတ္တမကောင်းလို့ ငါ့တူရဲ့ စေ့စပ်ထားသူနဲ့ မရှင်းမလင်း ဖြစ်နေတာလို့ပြောကြမှာပေါ့။"

ကျိသော်ရဲ့ လေသံက တည်ငြိမ်နေပေမဲ့ စကားလုံးတိုင်းက ကျိဇယ်၏ မျက်နှာကို ဖြတ်ရိုက်နေသလိုပင်။

ကျိဇယ်၏ မျက်နှာပျက်သွားတော့သည်။ အချိန်အတော်ကြာ ခေတ္တရပ်သွားပြီးနောက် သူကတီးတိုးပြောလိုက်သည်။

“တောင်းပန်ပါတယ်။ ကျွန်တော် သူမကို ဦးလေးဆီတွန်းပို့ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး”

“အခုတော့ စေ့စပ်ပွဲက ငါ့အပေါ်ရောက်သွားပြီဆိုတော့ မင်းက ငါ့အတွက် စိတ်မကောင်းဖြစ်နေတယ်။ ဒါပေမဲ့ အရင်က မင်း သူမကို လက်မထပ်ရင် ဘာဖြစ်သွားမလဲလို့ တွေးခဲ့ဖူးလား။ မင်းအဖိုးနဲ့ ပတ်သက်ပြီးရော တွေးဖူးရဲ့လား။"

ကျိဇယ်က ငြိမ်သွားပြန်သည်။ သူ စဉ်းစားခဲ့ရဲ့လား။ သူတွေးမိခဲ့သော်လည်း ဂရုမစိုက်ခဲ့ခြင်းပင်။ တစ်ခါမှမတွေ့ဖူးသော မိန်းကလေးနှင့် ငယ်စဉ်ကတည်းက လက်ထပ်ခဲ့ရန် သဘောတူထားသည်ဆိုသည်ကို သူ မလိုချင်ကြောင်းသာ သိခဲ့သည်။ သူက ဘာလို့ အခြားအရာတွေကို ဂရုစိုက်ရမှာလဲ။ သူက သူမကို လက်မထပ်ခဲ့ဘူးဆိုရင်တောင် လျော်ကြေးပေးဖို့အခြား နည်းလမ်းရှာနိုင်သည်။ သူ မတတ်နိုင်လို့လည်း မဟုတ်ခဲ့...

ဒါကို သဘောပေါက်သွားတော့ ကျိဇယ်က သူ၏အတွေးများ ဘယ်လောက်ထိ ဆိုးနေခဲ့သည်က်ို ရုတ်တရက် သိသွားတော့၏။

" သူမ ဘာလို့ ငါတို့မိသားစုကို လက်ထပ်စာချုပ်ကိုအကြောင်းပြပြီး တစ်ယောက်တည်း ယန်ဒူကနေဘာလို့လာရှာခဲ့တာလဲ မင်းသိလား၊ မင်းသဘောမတူမှန်း သိပေမဲ့ မင်းအဖိုးက မင်းကိုလက်ထပ်ဖို့ ဘာကြောင့် အတင်းပြောခဲ့တာလဲ မင်းသိလား။ မင်းဘာမှမသိပေမယ့် ဆုံးဖြတ်ချက်တွေ ချရဲခဲ့တယ်လေ။"

ကျိဇယ်၏ စူးရှသောအကြည့်က ကျိဇယ်၏ နှလုံးသားထဲသို့ ထိုးဖောက် ဝင်ရောက်သွားသလိုပင်။ “တစ်ကိုယ်ကောင်းဆန်တယ်၊ မာနကြီးတယ်၊ ကိုယ့်အတွက်ကိုယ် ကြည့်တယ်။ ကျိဇယ် ဒါက မင်းကိုမိသားစုက သင်ပေးခဲ့တဲ့အရာတွေလား။"

ကျိဇယ်က ဘာမှပြန်မပြောနိုင်ခဲ့ပေ။ တခြားသူဆိုရင်တော့ သူပြန်ပြောလောက်ပေမဲ့ ကျိသော်ကိုတော့ ပြန်မပြောနိုင်ပေ။ ကျိသော်က သူအမြဲလေးစားရသောသူဖြစ်သလို သူ့အဖေရင်းကဲ့သို့ ချစ်ခင်ရသူလည်းဖြစ်သည်။အခုတော့ သူ့ဦးလေးက သူ့အရှုပ်ထဲ ဆွဲသွင်းခံရပြန်သည်။ လင်းမိသားစု ပြဿနာများကို ဖြေရှင်းပေးခဲ့သူက ကျိသော်ဟုလည်း အဖိုးကပြောသည်။

သူက ဦးလေးဖြစ်သူအပေါ် အများကြီး အကြွေးတင်နေပြီး ဘယ်စကားနှင့်မှ ပြန်မဆပ်နိုင်တော့ပေ။

ကျိဇယ်က နောင်တအပြည့်အကြည့်များနှင့် ခေါင်းငုံ့နေခဲ့သည်။

ထိုအခိုက်တွင် သွေးကြောများထောင်နေသည့်လက်တစ်ဖက်က သူ့ရှေ့သို့ရောက်လာခဲ့သည်။

"တော်ပြီ။ စိတ်ငြိမ်အောင် စီးကရက်သောက်လိုက်။"

ကျိဇယ်က တုံ့ဆိုင်းနေတော့ ကျိသော်က စီးကရက်ထိုးပေးလိုက်ရင်း သူ့အတွက်ပါတစ်လိပ် မီးညှိလိုက်ကာ ပြတင်းပေါက်ဖွင့်လိုက်၏။

"လက်ထပ်ပွဲကိစ္စ ငါပဲလုပ်လိုက်မယ်။ ငါပဲ သူမနဲ့လက်ထပ်လိုက်မယ်။ ငယ်ငယ်တည်းက စေ့စပ်ထားတဲ့ကိစ္စကို မရှိသလို သဘောထားလ်ိုက်။ ဒါက မင်းတို့နှစ်ယောက်လုံးအတွက် အကောင်းဆုံးပဲ။"

ကျိဇယ်က စကားမပြောတော့ဘဲ စီးကရက်မီးညှိ၍သာ သောက်နေရာ အလွန်ရှိုက်မိသဖြင့် ချောင်းဆိုးသွားတော့သည်။

ချောင်းဆိုးလိုက်ရာမှ သတိမပြုမိဘဲ မျက်ရည်အချိို့လည်း ကျလာခဲ့၏။ ကျိသော်က မမြင်ဟန်ဆောင်၍ ပြတင်းပေါက်အပြင်ကိုသာ ကြည့်နေခဲ့သည်။

"ဒါကို သင်ခန်းစာတစ်ခုလို့ သဘောထားလိုက်ပါ။ နောက်ဆိုရင် မလုပ်ခင်မှာ အကျိုးဆက်ကို အရင်စဉ်းစားပေါ့။"

သူ၏တူဖြစ်သူက လုံးဝဆိုးသွမ်းသူမဟုတ်ပေ။ သူက အလုပ်ကြိုးစားသူဖြစ်ကာ စစ်လေ့ကျင့်ရေးအတွင်း စံပြနှစ်ကြိမ်ဖြစ်ခဲ့သည်။ သို့သော် သူက ခေါင်းမာပြီး လုပ်ချင်ရာသာ လုပ်လေ့ရှ်ိသည်။

မိသားစုနောက်ခံနှင့် ပညာရေးအဆင့်အတန်းကြောင့် သူက ယုံကြည်မှူလွန်ကဲနေပြီး ကိစ္စအတော်များများကို ထင်သလို လုပ်တတ်သည်။ ကံကောင်းစွာနဲ့ နောင်တတော့ရသေးသည်။ ဒီသင်ခန်းစာက အတော်ကြာကြာခံပါစေဟုတော့ မျှော်လင့်မိသည်။

ကျိသော်က စီးကရက်ဖွာရင်း စကားလမ်းကြောင်းပြောင်းလိုက်သည်။

"မင်း ယွီကျင်းနဲ့ အခြားသူနဲ့အတူ အပြင်ခဏခဏသွားနေတယ်လို့ကြားတယ်။"

"ဟင်? ငယ်သူငယ်ချင်းတွေနဲ့ပဲလေ။ ”

ကျိဇယ်က သူ့ခံစားချက်များကို ထိန်းချုပ်ထားနိုင်သေးသည်။

ကျိသော်က သူ့ကိုစိုက်ကြည့်လိုက်သည်။

"မင်း စီးပွားရေးလုပ်ချင်တာကို မင်းအမေက သဘောမတူလောက်ဘူး။ မင်းကို ကူညီနိုင်တဲ့သူက မင်းအဖိုးပဲ။ ဒီ အဖြစ်အပျက် ပြီးသွားတဲ့နောက် သူက မင်းကိစ္စတွေကို ဝင်ပါတော့မှာမဟုတ်ဘူး”

ကျိဇယ်၏ အစီအစဉ်လေးတွေက အခုမှစနေခြင်းဖြစ်ပြီး သူ့မိသားစုကိုပင် မပြောရသေးပေ။

"ဦးလေး ဘယ်လိုသိတာလဲ။"

သို့သော်လည်း အဖိုးပြီးလျှင် ကျိသော်က မိသားစုထဲတွင် ကိုင်တွယ်ရ အခက်ဆုံးသူပင်။ တခါတရံတွင် ကျိဇယ်က အဖိုးကို မျက်နှာချင်းဆိုင်ခြင်းထက် သူနှင့်မျက်နှာချင်းဆိုင်ရန် ပို၍ခက်ခဲသလို ခံစားခဲ့ရသည်။ ထို့ကြောင့် ကျိသော်သိသည်မှာ အံ့ဩစရာကိစ္စတော့ မဟုတ်ပေ။ ကျိဇယ်က သူပြောသောစကား၏ နောက်ဆုံးအပိုင်းကြောင့် စိတ်ပျက်သွားခဲ့ရသည်။ သူ့အမေရဲ့ ရည်ရွယ်ချက်ကို သူဘယ်လိုလုပ် နားမလည်ဘဲနေမှာလဲ။

သူ့အဖေက သာမန်လူသာဖြစ်ပြီး အသက်လေးဆယ်ကျော်သည့်တိုင် သူ့ညီလေးလောက် မအောင်မြင်သေးပေ။ သူ့အမေက သူ့အပေါ်ထားတဲ့ မျှော်လင့်ချက်များကို တွယ်ကပ်နေပြီး အဖိုး၏ အဆက်အသွယ်တွေကလည်း အသုံးဝင်နေသေးသည့်အတွက် သူဒီထက်ပိုပြီးကြိုးစားလျှင် အောင်မြင်နိုင်သည်။

သို့သော် သူစီးပွားရေးလုပ်လျှင် အသိုင်းအဝိုင်းထဲမှ လူများကလည်း လှောင်ကြလိမ့်မည်။ သူ၏အမေက ပုံမှန်ဆိုလျှင် နူးညံ့ညင်သာ၍ တွေးပေးတတ်သည့်သူဖြစ်ပုံရသော်လည်း ထိုက်ိစ္စများကို အလွန်တွေးသည်။ သူသာ ထိုသို့လုပ်ခဲ့လျှင် သူမက သူ့ကိုတားရန် ပိုဆိုးသည့်အရာများလည်း လုပ်လာနိုင်သည်။ သူ့ဘက်တွင် ရှိနေနိုင်သည့်သူက စိတ်သဘောထားပွင့်လင်းသည့် အဖိုးဖြစ်သူပင်...

ကျိဇယ်က စီးကရက် က်ိုင်ထားသည့်လက်ဖြင့် မျက်နှာကိုပွတ်လိုက်ပြီး ပြောလိုက်သည်။

"ဒီအကြောင်း နောက်မှပြောကြတာပေါ့။ ကျွန်တော် အခုဘာမှ မတွေးနိုင်သေးဘူး။"

ဒီအဖြစ်အပျက်များနှင့်ဆိုလျှင် မိသားစုက မုန်တိုင်းများနှင့် ရင်ဆိုင်ရဦးမည်ဖြစ်သည်။ အခုက ဤအရာများကို တွေးတောရန် အချိန်မဟုတ်ပေ။

သူတို့ စကားပြန်မပြောဖြစ်ကြတော့ပေ။ စီးကရက်များသောက်ပြီး အခန်းထဲမှ လေများကိုထုတ်ပြီးနောက် ပင်မအိမ်သို့ ပြန်ခဲ့ကြသည်။

လင်းချောင်က အခန်းသို့ပြန်သွားခဲ့ပြီဖြစ်ပြီး စားပွဲပေါ်ရှိ မင်္ဂလာဆောင် ပစ္စည်းများကလည်း မရှိတော့ပေ။

မပြန်မီတွင် လင်းချောင်ကို မတွေ့ခဲ့ရသဖြင့် ကျိဇယ်အတော် စိတ်သက်သာသွားခဲ့ရသည်။

ကျိသော်က ငယ်ငယ်လက်ထပ်သဘောတူညီချက် မရှိတော့သလိုဟန်ဆောင်ရန် ပြောခဲ့ပြီး လင်းချောင်ကလည်း တကယ့်သူမှာသူဖြစ်သည်ကို မသိဟုပြောခဲ့သည့်တိုင် အချိန်တိုလေးအတွင်း သူမကို သူတည်ငြိမ်စွာ ရင်ဆိုင်နိုင်ခြင်းမရှိသေးပေ။

သက်ပြင်းချရင်းနဲ့ ကျိဇယ်က ဆိုဖာပေါ်မှ မစ္စတာကျိကိုသတိထားမိလိုက်သည်။

ဧည့်ခန်းရှိ အလင်းရောင်သည် မရှိတော့ဘဲ မှိန်ပျပျအလင်းရောင်တစ်ခုသာ ကျန်တော့သည်။ မစ္စတာကျ်ိက မျက်လုံးမှိတ်ထားပြီး အလင်းရောင်လေးအောက်တွင် သူ၏အရေးအကြောင်းများက ပိုပေါ်လွင်နေပြီး ပုံမှန်ကဲ့သို့ ခက်ထန်သည့်အမူအရာမျိုး ဟုတ်မနေပေ။ ထိုအသက်ခုနစ်ဆယ်ဝန်းကျင် လူကြီးက ခုချိန်ထိ ကျိဇယ်၏ အရှုပ်များအတွက် စိတ်ပူ ဒေါသထွက်ကာ ဖြေရှင်းပေးနေရသေးသည်။

ကျိဇယ်က တုံ့ဆိုင်းနေပြီး ရှေ့တိုးရန်ပင် ကြောက်ရွံ့နေခဲ့သည်။

မစ္စတာကျိက အသံကြားသဖြင့် မျက်လုံးဖွင့်လ်ိုက်၏။

"စကားပြောလို့ပြီးပြီလား။"

ခဏအကြာမှာတော့ စူးရှသည့်မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင် ပေါ်လာခဲ့တော့သည်။

ကျိသော်က ခေါင်းငုံ့လိုက်၏။

"တောင်းပန်ပါတယ် အဖိုး၊ ကျွန်တော် ဦးလေးနဲ့ မိသားစုအပေါ် ပြဿနာတွေ ပေးမိပါတယ်။"

"ပြဿနာတွေပေးတာက ချောင်ချောင်မဟုတ်ဘူးလား။"

မစ္စတာကျ်ိကပြောလိုက်၏။

"အခု မင်းသိပြီဆိုတော့ မြန်မြန်ပြန်တော့ မင်းအမေလိုက်ရှာနေဦးမယ်။"

ယဲ့မင်ရှူးက အဓိကတရားခံဖြစ်ခဲ့သော်လည်း မစ္စတာကျိ၏သဘောအရ သူ့မြေးဖြစ်သူအပေါ် ချစ်စိတ်တော့ မပျောက်ခဲ့ပေ။ သို့သော်သူ၏ လေးနက်သော ချစ်ခြင်းမေတ္တာက ပြင်းထန်သည့် ဝေဖန်မှုတစ်ခုပင်။ ကျိဇယ်သာ ဆန့်ကျင်မှုမရှိခဲ့လျှင် အခြေအနေတွေက ဒီလောက်ထိဖြစ်သွားစရာ အကြောင်းမရှိပေ။

မစ္စတာကျိက ကျိဇယ်၏ ဘာမှနားမလည်ဘဲ တာဝန်သိမှုမရှိခြင်းကို သဘောမကျခဲ့ပေ။

ကျိမိသားစုနေအိမ်မှ ထွက်လာပြီး အေးမြသေ ညလေက ကျိဇယ်၏ ရှုပ်ထွေးသော စိတ်ခံစားမှုများကို ငြိမ်သက်စေခဲ့သည်။ ဒီကိစ္စကို သူ့အမေကို မေးရမည်။ သူမသိပြီး ကျေနပ်နေတယ်ဆိုရင် သူနှင့်သူ့အဖေက သူမကို ဆုံးဖြတ်ချက်မျ ချခွင့်မပေးတော့ရန် ဆွေးနွေးရလိမ့်မည်။

ခြံဝင်းထဲကို ဝင်လိုက်တော့ ပင်မအိမ်တံခါးဝမှာ ထိုင်နေသည့် ကလေးမလေးကို တွေ့လိုက်ရသည်။ တုတ်ငယ်တစ်ချောင်းကို ကိုင်ထားရင်း ကျိလင်က မြေပြင်ပေါ်တွင် တစ်စုံတစ်ခု ဆွဲ နေပြီး သူမ၏မျက်ခုံးများနှင့် ပါးစပ်များက တစ်ခုခုကို အလိုမကျဖြစ်နေသလိုပင်။

"မင်းဘာလို့အထဲမှာ မနေတာလဲ”

ကျိဇယ်က နူးညံ့စွာမေးလ်ိုက်သည်။

ကျိလင်က စူပုတ်၍ကြည့်လိုက်သည်။ သူမ စကားပြောရန်လုပ်စဉ် အိမ်ထဲမှဆူညံသံများ ထွက်လာတော့သည်။သူမက နားပိတ်ပြီး ခေါင်းငုံ့လိုက်၏။

"အမေနဲ့အဖေ ရန်ဖြစ်နေကြတယ်။"

သူမပြောစရာ မလိုပါ။ အသံကြားရုံနှင့် ကျိဇယ်သိနိုင်သည်။ သူက ကျိလင်ထက် ပိုသိသည်။ သူ့မိဘတွေက အသံမထွက်အောင် ကြိုးစားနေပေမဲ့ သူ့အဖေသိသွားပြီလို့ သူ ခန့်မှန်းနိုင်သည်။ ဒီလိုမှမဟုတ်ရင် သူ့အဖေက စိတ်သဘောထား ကောင်းသည့်အတွက် အော်ဟစ်နေစရာအကြောင်း ရှိမှာမဟုတ်ပေ။

"အစ်ကို"

ကျိလင်က သူ့ဘောင်းဘီကို ဆွဲကိုင်ပြီး ပြောလိုက်သည်။

"ဖေဖေနဲ့ မေမေ ကွာရှင်းမှာမဟုတ်ဘူးမလား”

ကျိဇယ်က သူမ ခေါင်းကို ပုတ်လိုက်သည်။

“ကွာရှင်းတယ်ဆိုတာ ဘာကိုဆိုလိုမှန်းတောင် သိရဲ့လား၊ အဲ့လို စကားတွေမပြောနဲ့။"

"ဘာလို့ မသိမှာလဲ"

ကျိလင်က စိတ်ဆိုးနေသည့်ပုံနဲ့ ခေါင်းကို အုပ်ထားလိုက်သည်။

“ကျွန်မအတန်းထဲက ထျန်ရှောင်ယွီရဲ့ မိဘတွေက ကွာရှင်းပြီးတော့ သူမကို ဘယ်သူနဲ့ နေချင်လဲမေးတယ်။ သူမအရမ်းဝမ်းနည်းနေရပြီး သူ့အမေကလည်း သူ့ကိုအခြားကျောင်းကို ပြောင်းစေချင်နေတယ်။"

အများအားဖြင့် တက်တက်ကြွကြွရှိသည့် ကျိလင်က အိမ်တွင် ဘယ်လောက်ထိ ဆိုးရွားခဲ့သည့်အတွက် မိဘများ ကွာရှင်းမည်ကို စ်ိုးရိမ်နေရသည်မသ်ိပေ။

ကျိဇယ်လည်း ယဲ့မင်ရှူးအတွက် ဘာမှဝင်မပြောချင်ဘဲ ဤအရာအား အသေးအမွှား ကိစ္စတစ်ခုအဖြစ် သဘောထားလိုက်တော့သည်။ သူ့ညီမကို အပြင်မှာကြောက်မနေစေချင်ပေ။ သူက သူမခေါင်းကို ပွတ်သပ် လိုက်သည်။

"မင်း တီဗွီမကြည့်ချင်ဘူးလား။ အစ်ကို မင်းကိုရုပ်ရှင်သွားကြည့်ဖို့ ခေါ်သွားပေးမယ်လေ။"

"တကယ်လား?" ကျိလင်၏ စိတ်အခြေအနေက ချက်ချင်း ခုန်တက်သွားသည်။

ကျိဇယ်က သူမကို ဆွဲထူလိုက်သည်။ "တကယ်ပေါ့။ အခုသွားရအောင် မဟုတ်ရင် အစ်ကိုတို့ နောက်ဆုံးရှိုးကို လွတ်သွားလိမ့်မယ်။”

"ရေခဲမုန့်စားလို့ရမလား”

"ရေခဲမုန့်စားဖို့က နောက်ကျသွားပြီ ဗိုက်နာလိမ့်မယ်၊ ဒါပေမဲ့ မင်းဆိုဒါ တော့ သောက်လို့ရတယ်။”

"အစ်ကို၊ ကျွန်မ အိမ်စာမပြီးသေးဘူး။”

ကျိဇယ်က ခဏရပ်လိုက်သည်။

"ဒါဆို အိမ်ပြန်သင့်တယ်။ အစ်ကိုက အိမ်စာမပြီးတာ မကြိုက်ဘူး။"

မောင်နှမများ အိမ်ထဲဝင်ခါနီးတွင် ပင်မအိမ်တံခါးကို တွန်းဖွင့်လိုက်သံ ကြားလိုက်ရသည်။ ကျိကျွင်းက သူ မျက်နှာမည်းမှောင်စွာဖြင့် ပြေးထွက်လာသည်။

"ဒုတိယသားကို တွန်းပို့ဖို့ ကျွန်မဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး။ အဖေနဲ့အမေက သဘောမတူဘူးလို့ ထင်ခဲ့မိတာပါ။"

ယဲ့မင်ရှူးက မျက်ရည်များဖြင့် သူ့နောက်သို့လိုက်လာသည်။ ကျိကျွင်းက တုံ့ဆိုင်းသွားသည်နှင့် သူမဆက်ပြောလိုက်၏။

"ကျွန်မ ယောင်းမအဖြစ် အသက်နှစ်ဆယ်တောင် မပြည့်တဲ့ ကောင်မလေးတစ်ယောက် လိုချင်တယ်လို့ တွေးမိရင် ရူးနေလို့ပဲဖြစ်မှာ။ ဘယ်လောက်တောင် အဆင်မပြေဖြစ်မှာလဲ၊ ဒုတိယသားက ကျွန်မမိတ်ဆက်ပေးတဲ့သူတွေကို တစ်ခါမှမကြည့်ဖူးပေမယ့် သူမနဲ့လက်ထပ်ဖို့ သဘောတူလိုက်တယ်။ သူနဲ့တစ်ချိန်လုံး အတူရှိနေတော့ တစ်ခုခုရှိနေတာဖြစ်ရမယ်။"

"ဒုတိယသားက မင်းလိုစိတ်ထားမယုတ်ညံ့ဘူး။"

သူ၏ဒေါသများ တောက်လောင်လာပြန်သည်။ ကျိကျွင်းက တံခါးကိုပိတ်လိုက်ပြီး အလုပ်သို့သွားလိုက်တော့သည်။

နောက်နေ့မနက်တွင် လင်းချောင် သူမ၏ ခဲအိုနှင့် တွေ့ဆုံခဲ့သည်။

ကျိကျွင်းက ဆံပင်နှင့် မုတ်ဆိတ်များကို သပ်သပ်ရပ်ရပ် ပြင်ထားသော်လည်း သူ့မျက်လုံးများကတော့ ကောင်းကောင်းအိပ်မပျော်ကြောင်း ပြသနေသည်။

ဂျီမိသားစုက မနက်စာစားနေကြသည်။ အနားယူသည့်နေ့ဖြစ်သောကြောင့် ကျိသော်က မနက်စာစားရန် ရှိနေ၏။ ရွှီလီက ပြောလိုက်သည်။

"မင်းအချိန်ရရင် ချောင်ချောင်နဲ့အတူ အပြင်ထွက်သင့်တယ်။ အမြဲတမ်း ငါပဲသွားပေးနေရတာ ငါက အိမ်ထောင်ပြုမဲ့သူဖြစ်နေသလိုပဲ။"

ကျိသော်က တိတ်တဆိတ် နားထောင်နေလိုက်ပြီး ကျိကျွင်း ရောက်လာသည်ကို အရင်ဆုံးသတိထားမိခဲ့၏။

"အစ်ကိုကြီး ရောက်လာတာလား။"

သူ၏အမူအရာနှင့် လေသံကပုံမှန်အ တိုင်းဖြစ်သော်လည်း ကျိကျွင်းက တံခါးနားတွင် တုံ့ဆိုင်းစွာရပ်နေခဲ့သည်။

"မနက်စာစားပြီးပြီလား?"

မစ္စတာကျိက သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း လင်းချောင်ရှေ့တွင်ဖြစ်၍ ဘာမှမပြောခဲ့ပေ။

လင်းချောင်က ကျိကျွင်း၏ အခြေအနေကို သတိမထားမိဘဲ သူ့ကို ပုံမှန်အတိုင်း နှုတ်ဆက်လိုက်သည်။

"မင်္ဂလာနံနက်ခင်းပါ ဦးလေးကျိ။"

အဖိုးနှင့်အဖွားကျိဟု ခေါ်လေ့ရှိသဖြင့် သူ့ကိုလည်း ထိုသို့ခေါ်ခြင်းပင်။ မင်္ဂလာပွဲမတိုင်ခင် အခေါ်အဝေါ် ပြောင်းဖို့မလိုအပ်ဘူးလို့ သူတို့ပြောကြသော်လည်း ကျိကျွင်းက ပို၍ စိတ်မသက်မသာ ခံစားခဲ့ရသည်။

"မင်္ဂလာနံနက်ခင်းပါ၊ အမေတို့ရောပဲ။"

သူမ၏စူးရှသောမျက်လုံးများဖြင့် ရွှီလီက သူ့အင်္ကျီကော်လာမှ ရှုံ့တွနေသည်ကို သတိပြုမိပြီးမနေ့ညက အိမ်မပြန်ဖြစ်ခဲ့ကြောင်း ခံစားမိသွားသည်။

ယဲ့မင်ရှူးက သူမ၏ခင်ပွန်းနှင့် သားသမီးများကို ပြုစုစောင့်ရှောက်ရာတွင် စေ့စပ်သေချာသည်။ ကျိကျွင်း အိမ်မှာရှိနေသရွေ့ သူ၏အင်္ကျီများကို အမြဲသပ်သပ်ရပ်ရပ်ပြင်ဆင်ပေးထားပြီး ကျိဇယ်က မလိမ္မာသည့် ကလေးဖြစ်နေလျှင်တောင် သူ၏ဖိနပ်မှာ အစက်အပြောက်လုံးဝမရှိ အဖြူရောင်ဖြစ်နေရမည်။

သူမသည် ဤကလေးကို ဘယ်လိုပြုစုပျိုးထောင်ခဲ့ရသည်ကို တွေးတောရင်း ရွှီလီ သက်ပြင်းချလိုက်သည်။ ကျိကျွင်းက လွယ်လွယ်နဲ့လွှမ်းမိုးခံခဲ့ရပေမယ့် စိတ်သဘော မဆိုးပေ။ ဒီတစ်ခါတော့ သူမ၏လွှမ်းမိုးမှုခံခဲ့ရပုံမပေါ်ခဲ့ပေ။ မဟုတ်ရင် ဒီလောက်အစောကြီးဒီကိုရောက်နေမည်မဟုတ်ချေ။

"မနက်စာစားပြီးပြီလား၊ မစားရသေးရင် နည်းနည်းစားလိုက်ဦး။”

ကျိကျွင်းက သူ့ကိုစကားပြောလာမည်ဟု မမျှော်လင့်ထားသည့်အတွက် သူ့ မှာအပြစ်ရှိသလို ခံစားလာရသည်။

"ကျွန်တော် မလာခင်က စားခဲ့ပါတယ်။"

သူတကယ်မစားခဲ့ပါ။ မနေ့ညက သူကောင်းကောင်းအိပ်မပျော်သည့်အတွက် မနက်စာကိုလည်း မစားချင်ပေ။

ရွှီလီက ဆန်ပြုတ်တစ်ပန်းကန် ကျွေးလိုက်သည်။

"နည်းနည်းထပ်စားလိုက်။ အရမ်း ဗိုက်မပြည့်ပါဘူး။"

ကျိကျွင်းက ကိစ္စနှင့်ပတ်သက်၍ ရှင်းပြပြောဆိုစရာရှိသည်။ အဆင်မပြေသော်လည်း ပန်းကန်ကိုယူကာ ထိုင်လိုက်၏။ ဒါပေမဲ့ သူ အစားစားချင်စိတ်မရှိသည်မှာ သ်ိသာနေ၏။ သူ့လက်ထဲတွင် တူကိုကိုင်ထားပြီးတွန့်ဆုတ်နေကာ လင်းချောင်ကို မော့ကြည့်လိုက်၍ ဘယ်ကစကားစပြောရမှန်းမသိဖြစ်နေ၏။

လင်းချောင်ကလည်း သတိပြုမိပြီး တိတ်တဆိတ်သာ ဆက်စားနေလိုက် သည်။

မစ္စတာကျိက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"စားပြီးမှ စကားပြောကြတာပေါ့။"

ကျိကျွင်းက စကားလုံးများကို မျိုသိပ်လိုက်သည်။

ထမင်းစားခန်းရှိ အနေအထားက တင်းမာလာသဖြင့် ကျိသော် သူ၏တူများကို ချလိုက်သောအသံကပင် အထူးသိသာနေ၏။ သူက နှုတ်ခမ်းများကို တည်ငြိမ်သက်စွာသုတ်လိုက်ပြီး လင်းချောင်ကို ကြည့်လိုက်သည်။

“အိမ်လျှောက်ထားတာရပြီ။ မင်းကို သွားကြည့်ဖို့ ခေါ်သွားပေးမယ်။"

"အိမ်လျှောက်ထားတာ ရပြီလား”

ရွှီလီက ဒါကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

ကျိသော်က ခေါင်းညိတ်လိုက်တာကိုမြင်တော့ လင်းချောင်လည်း အစားမြန်မြန်စားလိုက်သည်။ ကျိသော်က မတ်တပ်ရပ်၍ ပြောလိုက်၏။

"ဆန်ပြုတ်ကုန်အောင်စား၊ ပြီးမှသွားမယ်။"

All Chapters