Chapter 19
Vol. 2 Ch. 19
လင်းချောင်အတွက် အံ့အားသင့်စရာကတော့ ကျိသော်က လူများကို ကယ်တင်ရာတွင် တော်သည့်အပြင် အိမ်မှုကိစ္စများတွင်လည်း ကျွမ်းကျင်သည်။ ကျိသော်က စင်္ကြံနှင့်အပြင်ဘက် လှေကားများအပါအဝင် အပေါ်ထပ်ကို သန့်ရှင်းရေး လုပ်ပြီးသောအခါတွင် လင်းချောင်က အောက်ထပ်တစ်ခုတည်းသာ သန့်ရှင်းရေး လုပ်ပြီးသေးသည်။
လင်းချောင်က ယခုအသုံးပြု၍ရနိုင်သော ဧည့်ခန်းကိုကြည့်လိုက်သည်။
“ဒီနံရံတွေကို ဆေးပြန်သုတ်ရမယ်။"
ကျိသော်က ချက်ချင်းပြောလိုက်၏။
"ကိုယ် တစ်ယောက်ယောက်ကို သွားရှာလိုက်မယ်"
“ ပြီိးတော့ လှေကားထစ်တွေကို အင်္ဂတေနဲ့ပြန်လုပ်ရမယ်။ ဘိလပ်မြေအချို့ ကွဲနေပြီ။"
"ပစ္စည်းတွေဝယ်လိုက်မယ်"
လင်းချောင်က အလုပ်များကို တွေးရင်း ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်သည်။
"ကောင်းပြီ၊ ရှင်အရင်သွားတော့။ ကျွန်မ အရင်ကပစ္စည်းဟောင်းတွေနဲ့ "ဖူ"စာလုံးတွေကို ဖယ်ထားလိုက်မယ်။"
စစ်တပ်စခန်းက ယန်ဒူနှင့် အတော်လေးဝေးသည်။ မစ္စတာကျိနှင့်ရွှီလီတို့က ကျိသော်၏ မူလအခန်းနှင့် အိမ် ဟောင်းတွင်သာ မင်္ဂလာပွဲလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ မင်္ဂလာပွဲကို ဒီမှာ ကျင်းပမည် မဟုတ်သော်လည်း ပြင်ဆင်ရန်တော့ လိုအပ်နေသေးသည်။ အဟောင်းများကို အရင်ရှင်းရမည်။ မခွာနိုင်လျှင် ရေစိမ်ပြီးခြစ်ချရလိမ့်မည်။
နည်းစနစ်ကျကျဖြင့် အိမ်အသစ်ကို သန့်ရှင်းရေးလုပ်ရန် လိုအပ်ကြောင်း လင်းချောင်တွေးပြီး သူမ၏ ကျောပိုးအိတ်ကို ယူလိုက်သည်။ ဝယ်စရာ တော်တော်များနေပြီဖြစ်၍ ကျိသော်ပေးခဲ့သည့် မှတ်စုစာအုပ်ထဲမှ စာရွက်တစ်ရွက်ကိုဆုတ်ဖြဲပြီး စာရင်းချရေးကာ သူ့ထံပေးလိုက်သည်။
ဒါကြောင့် ကျိသော်က ငယ်ငယ်ကမြင်ဖူးခဲ့သည့် ရွှီလီကမစ္စတာကျိကို ပစ္စည်းများမှာရန် ထိုအတိုင်းလုပ်ခဲ့သည်ကို သတိရသွား၏။ ဒါကြောင့် ရွှီလီ နားမလည်နိုင်သည့် သူ့အကြိုက်ပစ္စည်းများကို မစ္စတာကျိ မဝယ်နိုင်တော့ပေ။
ကျိသော်က စာရွက်ကိုခေါက်ပြီး အိတ်ကပ်ထဲထည့်လိုက်သည်။
"နေ့လည်စာ ဘာစားချင်လဲ။ ကိုယ် စားသောက်ဆိုင်ကဝယ်ခဲ့ပေးမယ်။"
စားသောက်ဆိုင်တွင် ဘာရသည်ကို လင်းချောင်မသ်ိပေ။
"ရှင်ဆုံးဖြတ်လိုက်ပါ။ ကျွန်မက ဘာမဆိုအဆင်ပြေတယ်။”
ပြီးတော့ သူမဆက်ပြောလိုက်၏။
“အများကြီးမဝယ်နဲ့နော်၊ မနက်စာစားပြီး ဗိုက်ပြည့်နေသေးတယ်”
ကျိသော်က ခေါင်းညိတ်ပြပြီး လိုအပ်သောပစ္စည်းများကိုဝယ်ကာ စားသောက်ဆိုင်သို့မသွားမီ နေ့လည်စာထမင်းဘူး အပိုတစ်ဘူးပါဝယ်ခဲ့သေး၏။
စစ်တပ်စခန်း၏စားသောက်ဆိုင်က အစိုးရပိုင်စားသောက်ဆိုင်နှင့် ဆင်တူသည်။ ချက်ပြုတ်ရန် အချိန်မရှိပါက တပ်သားများ၏ မိသားစုဝင်များသည် လက်မှတ်များနှင့် အစားအသောက်များဝယ်ယူနိုင်၏။ကျိသော် ဝင်လာသောအခါတွင် တပ်ရင်းတစ်ခုတည်းမှ ဗိုလ်မှူးကြီးလျန်ကို ပိုများသည့်ထမင်းဘူးများဖြင့် ရှေ့တွင် တွေ့လိုက်ရ၏။
ကျိသော်က နှုတ်ဆက်လိုက်၏။
"မိန်းမ အိမ်မှာမရှိဘူးလား?"
"မရှိဘူး၊ သူက ကလေးမွေးထားတဲ့ ငါတို့ရဲ့အကြီးဆုံးကိုသွားပြုစုပေးနေတာ။"
ဗိုလ်မှူးကြီးလျန်က ကျိသော်ထက် ခေါင်းတစ်လုံးစာပိုတိုပြီး ဆံပင်ပါးလာသောကြောင့်ခေါင်းလည်းရိတ်ထားခဲ့သည်။ နေ့လယ်စာထမင်းဘူးနှစ်ဘူးပါသည့် ကျိသော်ကိုကြည့်ရင်း သဘောပေါက်စွာဖြင့် ပြုံးလိုက်၏။
"ဒါဆို မင်းရဲ့ချစ်သူကို တကယ်ခေါ်လာတာလား? ငါကြားတော့ ယုံတောင်မယုံခဲ့ဘူး”
သူ၏ ကျယ်လောင်သောအသံသည် ပို၍အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။
ဗိုလ်မှူးကြီးလျန်က သိချင်နေသဖြင့် ကျိသော် မငြင်းတော့ပေ။
"မင်း အိမ်ရာလျှောက်ထားတယ်လို့ ငါကြားတယ်။ မင်းအရင်က ချစ်သူထားဖို့ စိတ်မဝင်စားဘူးမလား။ အခုမင်းက လက်ထပ်တော့မှာလား။"
“မိသားစုက စီစဉ်ပေးတာလေ"
ကျိသော်က တိုတိုတုတ်တုတ်ပြန်ဖြေလိုက်၏။
ဤအမျိုးသားများက စစ်မှုထမ်းခြင်းတွင် အချိန်အများစုကို ကုန်ဆုံးကြပြီး အမျိုးသမီးများနှင့် တွေ့ဆုံရန် အခွင့်အရေး နည်းပါးသည်။ တော်တော်များများက အိမ်မှစီစဉ်ပေးခြင်းဖြစ်ပြီး အိမ်ထောင်ဖက်များကို အကြိမ်အနည်းငယ်လောက်သာ တွေ့ဆုံခဲ့ရပြီး လက်ထပ်ခဲ့ကြခြင်းဖြစ်သည်။ ဗိုလ်မှူးကြီးလျန်က မအံ့ဩခဲ့ပေ။
"မင်းအသက်အရွယ်နဲ့ဆိုတော့ မိသားစုက စိတ်ပူပြီပေါ့။"
ထို့နောက် သူကစနောက်လိုက်၏။
“မင်း သူတို့နဲ့ တွေ့ပြီးပြီလား။ မင်း စေ့စပ်ထားတဲ့သူကို ခေါ်လာတယ်လို့ ကြားတာနဲ့ မင်းနေမဲ့နေရာကို လိုက်ရှာဖို့သူတို့သွားကြပြီ။"
တခြားသူဆိုလျှင် လူအများက သိပ်မသိချင်သော်လည်း ကျိသော်က ချဉ်းကပ်ရန်ခက်သူအဖြစ်နာမည်ကြီးသူဖြစ်သည်။ သူခေါ်လာ မိန်းကလေးသည် အလွန်လှပသည်ဟုလည်း ကောလဟာလများ ထွက်ပေါ်နေသည်။ ကျိသော်ကို ဘယ်လိုမိန်းကလေးမျိုးက အနိုင်ယူသွားသည်ကို လူတိုင်းသိချင်နေကြ၏။
ဗိုလ်မှူးကြီးလျန်က နာမည်ကြီးနေသည့် ကျိသော်သည် စေ့စပ်ထားသူအား စူးစမ်းလိုကြသည့် လူအုပ်ကြီးထံမှကာကွယ်ရန် အလျင်စလို ပြေးသွားမည်လားကို သိချင်နေသည်။ စစ်တပ်စခန်းတွင် အမျိုးသားများပြည့်နေသဖြင့် ရှက်တတ်သူအတွက်ဆိုလျှင် ရုန်းရင်းဆန်ခတ်ဖြစ်သွားနိုင်သည်။
သို့သော် ကျိသော်၏ အမူအရာက ပြောင်းလဲမသွားပေ။ သူက ဗိုလ်မှူးကြီးလျန်ကိုပင် သတိပေးလိုက်သေးသည်။
“အလှည့်ရောက်ပြီ"
ဗိုလ်မှူးကြီးလျန်က သူ၏နေ့လည်စာထမင်းဘူးများကို အလျင်အမြန်ပေးလိုက်ပြီး ဟင်းအနည်းငယ်မှာလိုက်ကာ နောက်သို့လှည့်ကြည့်လိုက်၏။
"တကယ်ပဲ ပြန်သွားမကြည့်ဘူးလား"
“သူ့မိသားစုကစီစဉ်တဲ့ လက်တွဲဖော်ကို သူသဘောမကျလို့ သူမကြောက်နေမှာကို ဂရုမစိုက်တာလား။"
တိုက်ဆိုင်စွာပဲ ကျိသော်၏အိမ်အသစ်က ဗိုလ်မှုးကြီးလျန်၏ အိမ်ဘေးတွင်ရှိသည်။ စားသောက်ဆိုင်မှ ထွက်လာပြီး နောက် သူတို့အတူပြန်သွားခဲ့ကြ၏။
ဗိုလ်မှူးကြီးလျန်က ထမင်းဘူးအပြည့်သယ်လာပြီး ဘဝအကြံဉာဏ်များ ပေးရန်ကြိုးစားတော့သည်။
"အတူတူနေရတာက ဒီအတိုင်းပါပဲ။ မီးပိတ်လိုက်တာနဲ့ အားလုံးအတူတူပဲ။ မင်းမရီးကိုပဲ ကြည့်။ သူမအိတ်နဲ့မလာခင် ငါတို့စာတွေဓာတ်ပုံတွေပဲ ဖလှယ်ခဲ့ကြတာ။ အခု ငါတို့က နှစ်တွေကြာအောင် အတူတူနေခဲ့ကြတယ်လေ။"
သူက ဆက်ပြောနေခဲ့သည်။
“ငါတို့အားလုံးက အလုပ်များနေခဲ့ကြတာလေ။ ကိုယ့်ဘာကိုယ်ရှာဖို့ ဘယ်လိုအချိန်ရမှာလဲ၊ မိသားစုက သဘောတူရင် အတူနေဖို့အဆင်ပြေပြီပေါ့။"
ကျိသော်က သူ့ကိုငုံ့ကြည့်လိုက်ပြီး အမူအရာလည်းမပြောင်းသလို ဘာမှလည်းမပြောခဲ့ပေ။
ကျိသော်က စွမ်းဆောင်ရည်နှင့် ခံနိုင်ရည်ကြောင့် နာမည်ကြီးသူဖြစ်သည်။ သူ့ကို အဆင့်ကျော်လာလျှင် ဘယ်သူ့ကိုမှ မျက်နှာသာပေးမည်မဟုတ်ပေ။ အပြစ်လုပ်သူများကိုလည်း သူက ကြမ်းတမ်းစွာဆုံးမခဲ့ဖူးသည်။
ဗိုလ်မှူးကြီးလျန်လည်း ထိုမိန်းကလေးကို ကြည့်လိုက်ရာ ထောင့်တစ်ဝိုက်တွင် ချောင်းကြည့်နေသည့် ရင်းနှီးသည့်မျက်နှာပိုင်ရှင်အချိို့က်ို တွေ့လိုက်ရသောအခါ သူပြောခဲ့သည်များမှာ ချဲ့ကားလွန်းရာ ရောက်သွားသလားဟု တွေးမိသွားတော့သည်။
ထိုမိန်းကလေးက ရုပ်ရည်ချောမောလှပသည်။ သူမ သူတို့ကို သတိထားမိ၍ လှည့်ကြည့်လိုက်တော့ သူတို့က အရှက်မရှိ ပြုံးပြနေကြသည်။
ဗိုလ်မှူးကြီးလျန်က ရယ်ချင်သွား၏။
“ဒီကောင်တွေက သူမ ကြောက်သွားမှာကို စိုးရိမ်ပုံမပေါ်ဘူး။”
သူက သူတို့ကိုအော်ပြောမည်အလုပ် ထိုမိန်းကလေးက အဝတ်စုတ်ကိုအောက်ချ၍ပြောလိုက်သည်။
"ရှင်တို့က ကျိသော်ရဲ့လုပ်ဖော်ကိုင်ဖက်တွေလား။"
သူမ၏ အသံက ကြည်လင်ပြီးသာယာသည်။
ဗိုလ်မှူးကြီးလျန်က သူမ လုံးဝမကြောက်သလို ရှက်လည်းမရှက်သည်ကို တွေ့ရသဖြင့် အံ့အားသင့်သွားတော့သည်။
လှပသော မိန်းကလေးများက အကြည့်ခံရလျှင်ကြောက်တတ်ကြသည်။ လင်းချောင်က သူတို့ကိုပြုံးပြလ်ိုက်၏။
"ရပါတယ်၊ ရှင်တို့ ပွင့်ပွင့်လင်းလင်း ကြည့်လို့ရပါတယ်၊ ပုန်းပြီးကြည့်နေစရာ မလိုပါဘူး။"
အခုတော့ ထိုအမျိုးသားများကသာ ရှက်သွားကြတော့သည်။ တစ်ယောက်က ချောင်းဟန့်ပြီးပြောလ််ိုက်သည်။
“ကျွန်တော်တို့က ဒီတိုင်းဖြတ်သွားတာပါ။"
“ဟုတ်တယ်၊ ဖြတ်သွားရုံပါပဲ။ ဘယ်သူမှ ဒီနေရာကိုပြောင်းလာနေမယ်လို့ မထင်ထားခဲ့ပါဘူး။"
ဆယ်မိနစ်အတွင်း သုံးခါဖြတ်လျှောက်တာလား။ သူတို့အားလုံးက မျက်လုံးတွေ ပြူးထားကြပြီးတော့လေ။
လင်းချောင်က သူတို့ကို သူမ မတက်နိုင်သော တံခါးရှိအမြင့်နေရာများကို ညွှန်ပြလိုက်သည်။
"ကျွန်မကို ကူညီပေးနိုင်မလား။ ကျွန်မလည်း ဘေးအိမ်က ခုံငှားစရာမလိုတော့ဘူးပေါ့။"
ဗိုလ်မှူးကြီးလျန်လည်း ထိုအမျိုးသားများ သူတို့၏ အင်္ကျီများကိုမကာ အိမ်ရှိပစ္စည်းဟောင်းများက်ို လင်းချောင်ညွှန်ပြသည့်အတိုင်း ခြစ်ထုတ််ဖယ်ရှားနေသည်ကိုမြင်လိုက်ရ၏။
သူက ကျိသော်ကို ပြန်လှည့်ကြည့်လိုက်သည်။
"မင်း စိတ်မပူခဲ့တာ မဆန်းပါဘူး။"
ကျိသော် လက်ထပ်မည့်မိန်းကလေးက သတ္တိရှိသလို ဣန္ဒြေလည်းရှိသည်။ နှစ်ပေါင်းများစွာ အိမ်ထောင်ကျခဲ့ပြီးဖြစ်သည့် အခြားသူများ၏ ဇနီးများထက်သာလွန်နေသည်။
ထိုအမျိုးသားတွေ ပြန်သွားပြီးနောက် ကျိသော်၏ ဇနီးလောင်းနှင့် ပတ်သက်သည့် ကောလာဟလများ ပို၍ပျံ့နှံ့လာခဲ့သည်။ လူတွေက သူ့ကို ချီးကျူးမလား သနားရမလားဆိုသည်ကိုပင် မသိကြတော့ပေ။
လင်းချောင်ကတော့ ဒါကို သတိမထားမိခဲ့ပေ။ ထိုညနေခင်းတွင် အိမ်၌ ကတ်ထူပုံးအကြီးတစ်ပုံးကို တွေ့လိုက်ရ၏။
ကျိကျွင်းနှင့် စကားပြောပြီးသွားသည့် မစ္စတာကျိက ထိုပုံးက်ို ညွှန်ပြလိုက်၏။
"မင်းရဲ့အစ်ကိုကြီးက ဒါကို မင်္ဂလာလက်ဆောင်အဖြစ် ဝယ်ခဲ့တာ။"
ဒါက နိုင်ငံခြားမှတင်သွင်းထားသော ရောင်စုံတီဗွီအကြီးဖြစ်သည်ဟု လင်းချောင် ချက်ချင်းသိသွားတော့သည်။
၁၂ လက်မအရွယ် အဖြူအမည်းတီဗွီတစ်လုံးက ယွမ် ၄၀၀ ကျော်ကုန်ကျသောကြောင့် ဤတစ်ခုဆိုလျှင်ယွမ် ထောင်ပေါင်းများစွာ ကျသင့်မည်ဖြစ်သည်။ ကျိကျွင််းက ရက်ရောလွန်းတာလား။
နောက်ရက်များတွင်တော့ အမှန်တကယ်ရက်ရောမှုက ဘယ်လိုဆိုသည်ကို လင်းချောင်တွေ့လိုက်ရတော့သည်။
တီဗွီအပြင် ကျိမိသားစုက ထိုအချိန်ကဇိမ်ခံပစ္စည်းအဖြစ်သတ်မှတ်ထားခဲ့သော ထမင်းပေါင်းအိုး၊ အဝတ်လျှော်စက်နှင့် ရေခဲသေတ္တာတစ်လုံးတို့ကိုလည်း လက်ဆောင်ပစ္စည်းအဖြစ်ပေးခဲ့သည်။ အခန်းလွတ်တစ်ခုက ဤပစ္စည်းများဖြင့် ထက်ဝက်လောက်ပြည့်သွားခဲ့လေပြီ။ မှာထားသည့် အရည်အသွေးမြင့် သစ်သားများဖြင့် လုပ်ထားသည့် ပရိဘောဂများလည််း ရောက်နေပြီဖြစ်ပြီး ပြင်ဆင်ပြီးသည်နှင့် အိမ်သစ်သို့ ပြောင်းရွှေ့မည်ဖြစ်သည်။
ထိုအခိုက်တွင် ယဲ့မင်ရှူးက စိတ်ပျက်လက်ပျက်ပုံစံဖြင့် ရောက်လာတော့သည်။
အိမ်ရှေ့ခြံဝင်းတံခါး ပွင့်လာချိန်တွင် ရွှီလီနှင့် လင်းချောင်တို့က အထဲတွင် ပစ္စည်းများ ရေတွက်နေကြသည်။
ရွှီလီတွင် စာရင်းမှတ်တတ်သည့် အကျင့်ရှိသည်။ သူမက ပစ္စည်းတခုချင်းကို စာရင်းစာအုပ်ထဲမှာ စနစ်တကျရေးမှတ်တတ်သည်။
"အချိန်နည်းနည်းကပ်နေပြီဆိုတော့ အခန်းတစ်ခန်းကိုပဲအရင်ပြင်ကြတာပေါ့။ ဒီလောက်ဆို လုံလောက်မယ်ထင်ပါတယ်။ စစ်တပ်ထဲမှာ ရေချိုးဆောင်ရှိတာမလို့ ရေချိုးဖို့သစ်သားပုံးတော့ မလိုဘူး။ ကလေးရလာမှ စဉ်းစားကြတာပေါ့။"
လောကကြီးအကြောင်း ကောင်းကောင်းသိသူ ယဲ့မင်ရှူးက ဒီပစ္စည်းများသည် ကျိကျွင်းနှင့် လက်ထပ်စဉ်က သူမရရှိထားသည့်အရာများထက် နှစ်ဆပိုများကြောင်း တစ်ချက်ကြည့်ရုံဖြင့်သိနိုင်သည်။ သူမက အနည်းငယ် ခံရခက်မိသည်။
အဖိိုးကြီးနှင့် အဖွားကြီးတို့က သားနှစ်ယောက်လုံးကို ညီတူညီမျှဟု သဘောထားလျှင် ညီတူညီမျှသာဆက်ဆံသင့်သည်။ ဒါပေမဲ့ တကယ့် လက်တွေ့မှာတော့ သူတို့က သားငယ်အပေါ် မျက်နှာလိုက်နေတာမဟုတ်ဘူးလား။ ဂရုစိုက်ပေးသည့် မိခင်ရှိသည်နှင့် မရှိသည်က မတူပေ။
ကျိကျွင်းတွင်သာ သူ့အတွက်စကားပြောပေးမည့် မိခင်အရင်းတစ်ယောက်ရှိလျှင် ဒီအသက်အရွယ်အထိ ဒီအဆင့်မှာပဲရှိနေပါ့မလား။ ဒါပေမဲ့ သူမဘယ်လောက်ပဲ ခံပြင်းပါစေ ဒီတစ်ကြိမ်တော့ ခွင့်လွှတ်မှုတောင်းခံရန် သူမဒီကို ရောက်နေခြင်းဖြစ်သည်။ သူမက အပြစ်ရှိသည့်အမူအရာဖြင့် ရွှီလီကို မေးလိုက်၏။
"အမေ၊ အဖေ အိမ်မှာရှိလား”
"စာကြည့်ခန်းထဲမှာ သွားတွေ့လိုက်လေ။"
ရွှီလီ၏ အမူအရာမှာ ဘာမှမထူးခြားပေ။ အရင်ကတည်းက ကျိကျွင်း၏ အမှားမဟုတ်သဖြင့် သူ့ကိုခွင့်လွှတ်နိုင်သည်။ ထို့အပြင် သူမက ကျိကျွင်းကို သူမကိုယ်တိုင် ပြုစုပျိုးထောင်ထားသောကြောင့် အမြဲလိုလိုချစ်ခင်မှုရှိခဲ့သည်။ ကျိကျွင်းက စိတ်ပျော့သော်လည်း နွေးထွေးသည့် စိတ်ခံစားချက်ရှိသည်။ သို့သော် ယဲ့မင်ရှူးကတော့ နွေးထွေးမှုမပေးနိုင်သူတစ်ယောက်ဖြစ်၏။
ယဲ့မင်ရှူး ရှောင်ဇယ်ကို မွေးသောအခါ သူမက ငယ်ရွယ်သေးသလို အကသမားတစ်ယောက် အနေဖြင့် သူမ၏သွင်ပြင်ကို ဂရုစိုက်ခဲ့သည်။ ရှောင်ဇယ်ကို အသက်သုံးနှစ်အထိ ရွှီလီစောင့်ရှောက်ခဲ့ရသည်။ ကျိသော်တွင်ရှိသော အရာအားလုံး မြေးဖြစ်သူကိုလည်းပေးသည်။ ဒါပေမဲ့ ဘာဖြစ်ခဲ့တာလဲ။
ရှောင်ဇယ် ဖျားသည်နှင့်တစ်ပြိုင်နက် ယဲ့မင်ရှူးက ကလေးကို တမင်ဂရုမစိုက်ဘဲ ညှင်းပန်းနှိပ်စက်နေသလိုသဘောမျိုးဖြင့် ကလေးကို ချက်ချင်းပြန်ခေါ်သွားခဲ့သည်။ နောက်ပိုင်းတွင် ကျိကျွင်းက ကလေးကို ပြန်ခေါ်လာခဲ့ပြီး ယဲ့မင်ရှူးကလည်း ပြင်းပြင်းထန်ထန်တောင်းပန်ခဲ့သည်။
သို့သော် ထိုအချိန်မှစ၍ သူမက ရှောင်ဇယ်၏ ကိစ္စများတွင် နောက်တစ်ကြိမ် ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့တော့ပေ။ ကံကောင်းထောက်မစွာနဲ့ ဒီတစ်ခါလည်း သူမ ဒီကိစ္စကို ဝင်မစွက်ဖက်ခဲ့ပေ။ ဒီလိုမဟုတ်လျှင်အဖြစ်အပျက်တစ်ခုလုံးက အတင်းအဖျင်းများ ဖြစ်သွားလိမ့်မည်။
ဤအမူအရာက ယဲ့မင်ရှူးကို အနည်းငယ်ရှက်ရွံ့သွားစေပြီး သူမ၏ အပြုံးကလည်း ပို၍ပင်အတင်းအကြပ်လုပ်နေသလို ဖြစ်သွားတော့၏။
"ဒါဆို အမေ ဆက်လုပ်နေပါ၊ ကျွန်မအရင်သွားတွေ့လိုက်မယ်။”
ရွှီလီက “အင်း" ဟုသာတုံ့ပြန်ပြီးနောက် အာရုံစူးစိုက်နေပြီး ဘာမှမေးချင်ပုံမပေါ်သော လင်းချောင်ကို လှည့်ကြည့်လိုက်ပြီး ရှင်းပြလိုက်သည်။
"မင်းအဖိုးကျိနဲ့ ငါနဲ့က ဒုတိယ အိမ်ထောင်လေ။"
လင်းချောင်က အမြဲသတိရှိပြီး ဘာမှအများကြီးမမေးသော်လည်း မသိနားမလည်မှုကြောင့် လင်းချောင် ပြဿနာမဖြစ်ရအောင် ရှင်းပြလိုက်ခြင်းဖြစ်သည်။ နောက်ဆုံးမှာတော့ သူမကလည်း ယောက်မတစ်ယောက်ဖြစ်၏။ တစ်အိမ်ထဲ အတူမနေကြသော်လည်း အနာဂတ်တွင်မလွဲမသွေ ဆုံတွေ့ ကြရမည်ဖြစ်သည်။ ယဲ့မင်ရှူးက သူမကို ဘယ်လိုသဘောထားမျိုးကိုပဲ ပြလာပါစေ သူမက ယောက္ခမတစ်ယောက်အနေဖြင့် ယဲ့မင်ရှူးဘက်မှ ဘယ်တော့မှ နေပေးမည်မဟုတ်ပေ။
လင်းချောင်ကလည်း အမှန်တကယ် ထက်မြက်သည်။ သူမက ချက်ချင်းနားလည်ခဲ့သည်။
“အနာဂတ်မှာလည်း ကျွန်မယောက်မကို လေးစားပါ့မယ်"
အကွာအဝေးထားပြီး လေးစားခြင်းဖြစ်၏။
ယောက္ခမနှင့်ချွေးမတို့ အဆင်ပြေနေချိန်မှာတော့ ယဲ့မင်ရှူးက စာကြည့်ခန်း တံခါးကိုခေါက်ရင်း စိတ်မသက်မသာဖြစ်နေ၏။ ကံကောင်းထောက်မစွာနဲ့ အဖိုးကြီးက သူမဖြစ်ကြောင်း ကြားသိရသောအခါ ခဏတာနှုတ်ဆိတ်နေသော်လည်း သူမကိုလှည့်မပြန်ခိုင်းဘဲ ဝင်ခွင့်ပြုလိုက်သည်။
ယဲ့မင်ရှုးက အသုံးမဝင်သည့်အရာများ မပြောရဲပေ။ သူမက ဝင်လိုက်သည်နှင့် ခေါင်းငုံ့ထားလိုက်၏။
"အဖေ၊ ကျွန်မမှားပါတယ်။ လင်းမိသားစုက ကျွန်မတို့နဲ့ အိမ်ထောင်မပြုချင်တာကြောင့် နှစ်ပေါင်းများစွာ အဆက်အသွယ် မလုပ်ခဲ့တာလို့ ထင်ခဲ့မိတာပါ။ ကျွန်မ မလုပ်ခဲ့သင့်ပါဘူး... ရှောင်ဇယ်က သူမနဲ့လက်ထပ်ဖို့ မလိုအပ်ဘူးလို့ထင်ပြီး သူမနဲ့ဒုတိသားအကြောင်း ကောလာဟလတွေ မဖြန့်ခဲ့သင့်ပါဘူး။”
ကျိကျွင်း သူမကိုစိတ်ဆိုးသွားသည့် နေ့အကြောင်းတွေးရင်း မျက်လုံးများ နီရဲသွားသည်။
“ဒါပေမဲ့ ဒုတိယသားကို သူမနဲ့ လက်ထပ်ခိုင်းဖို့ ကျွန်မ တကယ်ကို မစဉ်းစားခဲ့ပါဘူး၊ လျော်ကြေးနည်းနည်းပေးလိုက်ရင် လုံလောက်ပြီလို့ တွေးခဲ့မိတာပါ။"
သူမ၏စကားများတွင် အမှန်တရားအချို့လွဲချော်နေသော်လည်း အဖိုးကြီးက အများကြီး မပြောချင်တော့ဘဲ ပြောလိုက်သည်။
"ရှောင်ဇယ်မှာ ချစ်သူရှိလား?"
ဒါက သူမ ပြောခဲ့ဖူးသော အလိမ်အညာများကို ဝန်ခံပြီးပြောပြစေရန်ဖြစ်သည်။
ယဲ့မင်ရှူးက နှုတ်ခမ်းကိုကိုက်လိုက်ပြီး နောက်ဆုံးတော့ အမှန်အတိုင်းပြောခဲ့သည်။
"မရှိပါဘူး၊ စုန့်ကျင်းက ကျွန်မဟန်ဆောင်ဖို့ခေါ်လာတဲ့ သူတစ်ယောက်ပါပဲ။"
ဒီလိုပြောရခြင်းက သူမကိုယ်သူမ ပြင်းပြင်းထန်ထန် ရိုက်လိုက်သလို ခံစားရသည်။ မျက်နှာပူသော်လည်း ရွေးချယ်စရာမရှိပေ။
“အဖေ၊ ဒီ တစ်ခါတော့ ခွင့်လွှတ်ပါနော်။ နောက်တစ်ခါ ထပ်မလုပ်ရဲတော့ပါဘူး။ အဖေ မသိပါဘူး။ ကျိကျွင်းက ဒေါသထွက်ပြီး အိမ်ကပစ္စည်းတွေကို ရိုက်ချိုးခဲ့ပြီး ခုနစ်ရက်ကြာတဲ့အထိ ပြန်မလာသေးဘူး။ ရှောင်ဇယ်လည်း စစ်တပ်ကို ပြန်သွားပြီ။"
ဒါက အားလုံးမဟုတ်သေးပေ။ မင်္ဂလာဆောင်ရက်နီး လာသည်နှင့်အမျှ မိသားစုက ဧည့်သည်များကို စတင်ဖိတ်ကြားနေပြီဖြစ်သည်။ ဖိတ်ကြားခံရသူများထဲတွင် သူမ၏ မိသားစု မပါဝင်ပါ။
ကျိမိသားစု၏ ဒုတိယသားဖြစ်သူက အိမ်ထောင်ပြုတော့မည်ဖြစ်ပြီး တစ်မိသားစုလုံး အလုပ်များနေ သော်လည်း သူမကို ဖယ်ထုတ်ထားသောကြောင့် အတင်းအဖျင်းပြောစရာများ ဖြစ်ပေါ်စေခဲ့သည်။
အဖိုးကြီးက ပို၍ကြမ်းတမ်းလျှင် သူမကို မင်္ဂလာဆောင်တောင်လာ ခွင့်မပြုဘဲ ဒီအသိုင်းအဝိုင်းတွင်မနေနိုင်တော့အောင် လုပ်နိုင်သည်။ ကျိကျွင်း၏ အဆင့်အတန်းက သာမန်သာဖြစ်ပြီး သူမ၏ လက်ရှိအခြေအနေကလည်း ကျိကျွင်း၏ ချစ်သူမဟုတ်ဘဲ မိသားစု၏ ချွေးမဖြစ်သည်။
ယဲ့မင်ရှူးတောင်မှ ဤအရာများကို တွေးမိလျှင် အဖိုးကြီးလည်း တွေးမိနိုင်သည်။
"မင်းတောင်းပန်သင့်တာက ငါမဟုတ်ဘဲ ဒုတိယသားနဲ့ ချောင်ချောင်ကိုပဲ။"
သူမကိုယ်သူမ နှိမ့်ချမှုမရှိခဲ့သေးဘူးလို့ သူထင်နေလို့ ဒုတိယသားနဲ့ အဲဒီမိန်းကလေးကို တောင်းပန်စေချင်တာလား။
ယဲ့မင်ရှူးက လင်းချောင်အကြောင်းကို တွေးလိုက်တိုင်း အရှက်ရမိသလိုပင်။ သို့သော် အကျိုးဆက်များနှင့် နှိုင်းယှဉ်လိုက်၍ သူမ အံကြိတ်ကာပြောလိုက်၏။
" ကျွန်မ သွားတောင်းပန်လိုက်ပါ့မယ်..."
"တောင်းပန်စရာမလိုပါဘူး။ ချောင်ချောင်က သူမနဲ့ စေ့စပ်ထားသူက ရှောင်ဇယ်မှန်း သ်ိတောင်မသိဘူး။”
အဖိုးကြီးက သူမကိုလှမ်းကြည့်လိုက်ရာ သူမမျက်နှာ အရောင်ပြောင်းသွားသည်ကို တွေ့လိုက်ရသည်။ သူက ပေါ့ပေါ့ပါးပါး ထပ်ပြောလိုက်၏။
"မင်း သ်ိတယ် သားကြီးလည်း သိတယ်၊ ပြီးတော့ ရှောင်ဇယ်လည်းသိထားတယ်၊ ဒါဆို လုံလောက်ပြီပေါ့။"
ဟုတ်ပါသည်။ ကျိကျွင်းနှင့် ရှောင်ဇယ်တို့ သူမလုပ်ခဲ့သည်များကို သိထားလျှင် လုံလောက်ပြီဖြစ်သည်။ ထိုမိန်းကလေး သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဘာများကွာခြားသွားမှာလဲ။
တကယ်တော့ သူမမသိသည့်အတွက် သူတို့မိသားစုနှင့် ရင်ဆိုင်ရလျှင်လည်း အဆင်မပြေ မဖြစ်တော့ပေ။ သူမနှင့်မတူဘဲ သူမကဒီကိစ္စမှ အကျိုးအမြတ်အများကြီးရခဲ့သည်။
ယဲ့မင်ရှူး၏ မျက်နှာသည် ပျက်သွားတော့သည်။
"ကျွန်မ နားလည်ပါပြီ။ ကျွန်မ သူမကို ဘာမှမပြောပါဘူး။"
လင်းချောင်ကို စိတ်မသက်မသာဖြစ်အောင်လုပ်တာက ဘာကောင်းလို့လဲ။ လင်းချောင်သာ ပြဿနာဖန်တီးလိုက်လျှင် သူမ ဒုက္ခရောက်ရလိမ့်မည်။ ဒါကို သူမကြိုသိခဲ့လျှင် ဒီလိုအန္တရာယ်များသော ခြေလှမ်းကို အရင်ကလှမ်းခဲ့မည် မဟုတ်ပေ။
ယဲ့မင်ရှူး၏ အကြောင်းကို အဖိုးကြီးက ကောင်းကောင်းသိသည်။ ပြောစရာအကုန် ပြောပြီးပြဖြစ်သည့်အတွက် သူမကို ပြန်လွှတ်ရန် သူအဆင်သင့်ဖြစ်နေလေပြီ။
သို့သော် ယဲ့မင်ရှူးကတော့ မလှုပ်ခဲ့ချေ။