← Chapters

Chapter 64

Vol. 7 Ch. 64

Chapter 64

Vol. 7 Ch. 64

အမေယီမှာ ယီချန်၏စကားကြောင့် ရှုပ်ထွေးသွားရ၏။ သူမအနေဖြင့် ထိုအချက်မှာ ကျိုးကြောင်းမဆီလျော်သလိုထင်နေမိသော်လည်း ဟုတ်သလိုလိုလည်း တွေးမိသွားသည်။ ယီချန်မှာ အမေယီ၏နားမလည်နိုင်ဖြစ်‌ေန‌သောပုံစံကြောင့် အသာရယ်ကာ ပြောလိုက်၏။

"ဟုတ်ပါပြီ အဲ့ကိစ္စနဲ့ပက်သက်ပြီး အမေအများကြီးတွေးမနေပါနဲ့တော့။ ကျွန်တော့်ဘာသာကြည့်စီစဉ်လိုက်ပါ့မယ်အမေကျွန်တော့်ကို ယုံတယ်မလား"

အမေယီမှာလည်း ‌သူမအနေဖြင့် လူငယ်များကြားဝင်ပါ၍လည်း နားလည်လာမည်မဟုတ်သည်ကို သိနေရာ ယီချန့်စကားနားထောင်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

"အဲ့လိုဆိုလည်း ကောင်းပြီလေ။ မင်းလည်းမငယ်‌ေတာ့ဘူးဆို‌ေတာ့ ကိုယ်ပိုင်အတွေးတွေရှိနေမှာပဲ။ အမေ မင်းတို့ကိစ္စတွေကို ဝင်မရှုပ်တော့ဘူး။ ဒါပေမယ့် ဘယ်လောက်ပဲ လိုအင်ဆန္ဒတွေများနေပါစေ ကိုယ့်ကိုကိုယ်အန္တရာယ်‌ေရာက်‌ေစမယ့် ကိစ္စတွေထဲဝင်မပါဖို့နဲ့ အမေတို့အတွက်ဆိုပြီး မင်းကိုယ်မင်းချုပ်တည်းမထားတော့ပါဘူးလို့တော့ ကတိပေးရမယ်"

ယီချန်လည်း အမေယီအား စိတ်ချလက်ချနေနိုင်ရန် ကတိအထပ်ထပ်ပေးပြီးမှ သူ့အခန်းဆီပြန်လာနိုင်၏။ လင်းထိန်‌ေန‌ေသာ လရောင်အကူအညီဖြင့် ပြတင်း‌ေပါက်မှတစ်ဆင့် တစ်ဖက်အခန်းဆီလှမ်းကြည့်လိုက်ရာ ပိတ်ထားသောပြတင်းတံခါးကြောင့် သူမဘာလုပ်နေသည်ကို မသိရပေ။ ယီချန်မှာ ယခုအချိန်၌ သူ့ခံစားချက်များကို နားလည်သွားပြီဖြစ်ရာ ကျားလိအပေါ် ပို၍ကပ်တွယ်ချင်နေမိသည်။ တစ်ဖက်ပြတင်းတံခါးအား စူးစူးစိုက်စိုက်ကြည့်နေစဉ် ပိတ်ထားသောတံခါးမှာ ရုတ်ချည်းပွင့်လာကာ ဆံပင်ရှည်များအား ဖြန့်ချထားသည့် ကျားလိကအပြင်ထွက်လာသည်နှင့် ကြုံ‌ဆုံသွားရ၏။ ကျားလိမှာလည်း ယီချန်မှသူမအခန်းအား ထိုမျှလောက်စူးစူးစိုက်စိုက်ကြည့်နေခဲ့မှန်းမသိရရာ ရှက်ရွံ့သွားရသည်။

ယီချန်မှာတော့ ကျားလိအပြင်ထွက်လာသည်ကိုတွေ့ရာ စဉ်းစားမနေတော့ဘဲ သူ့အခန်းထဲမှထွက်ကာ သူမ၏အိမ်ငယ်လေးဆီထွက်လာလိုက်၏။ ကျားလိထိုင်နေသော ကွပ်ပျစ်လေးပေါ် အသာဝင်ထိုင်ကာ သူ့နှာခေါင်းဝတွင် ရစ်ဝဲနေသော မွှေးရနံ့တို့အား လောဘတကြီးရှူရှိုက်၍ မေးလိုက်သည်။

"မင်းညကြီးမိုးချုပ်ကို ခေါင်းလျှော်ထားတာလား"

ကျားလိလည်း ယီချန်မှမည်သည့်စိတ်ကူးပေါက်ကာ ရောက်ချလာမှန်းမသိသော်လည်း ပြန်ဖြေလိုက်၏။

"အင်း ဝိုင်နံ့တွေစွဲနေလို့လေ ဒါနဲ့ရှင်ကရောဘာလို့မအိပ်သေးတာလဲ"

ယီချန်မှာကွပ်ပျစ်ထက်မှခြေထောက်များအားတွဲလောင်းချထားကာ လက်အားနောက်ပြန်ထောက်ရင်း တိမ်ကင်းစင်၍ ကြယ်ရောင်စုံဖြင့် လှပနေသည့်ကောင်းကင်ကြီးအားကြည့်ပြီး ပြောလာသည်။

"အင်းး ကိုယ့်စိတ်ထဲမရေမရာဖြစ်နေတဲ့ ကိစ္စတစ်ခုကို အဖြေရှာတွေ့သွားလို့လေ။ ကိုယ်အဲ့အဖြေကိုသိသိချင်း လုပ်ရမယ့်အရာကို တန်းလုပ်လိုက်ချင်ပေမယ့် ဘယ်လိုစရမလဲတွေးနေတာ"

ကျားလိလည်း ဆံပင်များအား တစ်ဖက်တည်းသပ်ချလိုက်ပြီး ယီချန့်စကားအားနားမလည်ဟန်ဖြင့် ပြောလိုက်သည်။

"ရှင့်လိုလူကတောင် တွေဝေနေရတယ်ဆိုတော့ ဘယ်လိုကိစ္စကြီးမလို့ပါလိမ့်။ ကျွန်မသိရသလောက်ဆို ရှင်စစ်တပ်ကနေ ပင်စင်ယူမယ့်ကိစ္စတုန်းကတောင် ဒီလောက်စိတ်ထင့်မနေပါဘူး"

ယီချန်မှာသက်ပြင်းတစ်ချက်ချကာ ပြောလာ၏။

"အခုကိစ္စက ကိုယ့်တစ်ဘဝစာနဲ့ပက်သက်နေတာလေ။ အဲ့တော့ စိတ်ထင့်ရတာပေါ့"

"ဘာမလို့လဲ စီးပွားရေးလား ပညာရေးလား ဒါမှမဟုတ် အိမ်ထောင်ရေးနဲ့ပက်သက်တာလား။ အရင်က ရှင်ထုတ်လုပ်ရေးအဖွဲ့ဆီပြန်ရောက်ပြီဆိုတာနဲ့ အောင်သွယ်တော်တွေက တန်းစီရောက်ချလာတယ်ဆို။ ဒီတစ်ခေါက်ရှင်ပြန်လာတော့ သူတို့ကိုမတွေ့ရလို့ စိတ်ညစ်နေတာလား"

ယီချန်မှာ ကျားလိဘက်လှည့်ကြည့်လိုက်ရာ လရောင်ထင်ဟပ်‌ေန‌ေသာ သူမ၏မျက်နှာတစ်ခြမ်းကို ရင်သပ်ရှုမောဖွယ်ကောင်းစွာ တွေ့လိုက်ရသည်။ သို့သော် သူမကမျက်လွှာချထားသဖြင့် ယပ်တောင်သဖွယ် မျက်တောင်ရှည်ရှည်လေးများက သူမ၏ခံစားချက်များအား ထင်ဟပ်နေစေသည့် မျက်ဝန်းအစုံကို ပိတ်ဆို့တားဆီးထားလေ၏။ ယီချန်မှာ ကျားလိ၏မျက်နှာထက်မှ အကြည့်မလွှဲဘဲပြောလိုက်သည်။

"မင်းရောကိုယ်ကဘာနဲ့ပက်သက်ပြီးသောကရောက်နေတယ်ထင်လဲ"

ကျားလိမှာ ယီချန့်အပြောကြောင့် ကွပ်ပျစ်ပေါ်တင်ထားသည့်လက်များအား တင်းကြပ်လိုက်မိသော်လည်း မသိသလိုဟန်ဆောင်ကာတုန့်ပြန်လိုက်၏။

"ကျွန်မကရှင်မှမဟုတ်တာ။ ရှင့်စိတ်ထဲဘာတွေတွေးနေတယ်ဆိုတာကို ဘယ်လိုလုပ်သိမှာလဲ"

"မင်းကိုယ်မှတ်ဉာဏ်ပျောက်မနေဘူးဆိုတာကို သိထားတယ်မလား"

ကျားလိလည်း သူမသိထားသည်ကို ယီချန်ရိပ်မိနေမှန်းသိ၍ မထူးဆန်းဟန်ဖြင့်ခေါင်းငြိမ့်ပြလိုက်သည်။

"နောက်အပတ်ထဲကျ ကိုယ်ရှန်ဟိုင်းဆီသွားဖို့စီစဉ်ထားတယ်။ အရင်ကတော့ စစ်တပ်ထဲကထွက်ရင် ထုတ်လုပ်ရေးအဖွဲ့ကနေစပြီး စီရင်စုထဲအရင်စီးပွားရေးလုပ်ဖို့ တွေးထားတာ။ ဒါပေမယ့် မင်းကရှောင်စန်းအတွက် လုပ်ကိုင်ပေး‌နေတာကို ကြည့်ပြီးအချိန်ဆွဲမနေတော့ဖို့ ဆုံးဖြတ်လိုက်တယ်။ ကိုယ်သိထားသလောက်ဆို ရှန်ဟိုင်းမှာ အသေးစားစီးပွားရေးလုပ်ငန်းလေးတွေကို ခွင့်ပြုပေးနေတယ်တဲ့။

ကိုယ့်လို‌အနေအထားနဲ့ ရှန်ဟိုင်းမြို့ဆီသွားတာ အရမ်းအန္တရာယ်များမှန်းသိပါတယ်။ ဒါပေမယ့် အခွင့်အရေးဆိုတာ အန္တရာယ်နဲ့ယှဉ်နေတာလေ။ ဒီတော့ ကိုယ့်ဘက်ကနောက်ခံကောင်းကောင်းရအောင်ရှာရတော့မှာပေါ့။ ဘယ်လိုလဲ ကျားလိမိန်းကလေး မင်းမှာကျွန်တော့်ရဲ့နောက်ခံဖြစ်ပေးဖို့ စိတ်ကူးရှိပေးနိုင်မလားလို့ မေးကြည့်ချင်တယ်"

ကျားလိမှာ ယီချန့်ထံမှသူမစောင့်မျှော်နေသည့်စကားမဟုတ်သောကြောင့် အနည်းငယ်စိတ်ပျက်သွားရသော်လည်း ပြန်ပြောလိုက်သေးသည်။

"ရှင့်ရဲ့နောက်ခံဖြစ်ပေးရင် ကျွန်မအတွက်ဘာအကျိုးခံစားခွင့်တွေရလာနိုင်မှာမလို့လဲ။ ကျွန်မက သဘောကောင်းတတ်ပေမယ့် တုံးအနေတာမဟုတ်ဘူးနော်"

ယီချန်မှာတစ်ချက်ရယ်လိုက်ရင်း အာမခံလိုက်၏။

"ကိုယ့်ရဲ့နောက်ခံဖြစ်ပေးရင် ဘာတွေအကျိုးရလာမလဲဆိုတာကို မပြောနိုင်သေးပေမယ့် မင်းအတွက်နစ်နာမှုလုံးဝမရှိစေရဘူးလို့တော့ အာမခံနိုင်ပါတယ်"

"ရှင်ကရှန်ဟိုင်းထိပါ သွားပြီးစီးပွားရေးစဖို့စီစဉ်နေတာဆိုတော့ ပြင်ဆင်မှုတွေလုပ်ပြီးပြီမလို့လား။ ကျွန်မမှာက စီးပွားရေးအမြင်ရှိတာမဟုတ်တော့ ရှင့်ဘာသာမှီခိုမှရမှာနော်။ ပြီးတော့ ရှန်ဟိုင်းဆိုတာ ပုန်းကွယ်နေတဲ့နဂါးနဲ့ ဝပ်နေတဲ့ကျားတွေပြည့်နေတဲ့နေရာဆိုတော့ ရှင့်မှာလုပ်နိုင်စွမ်းကောင်း‌ေကာင်းရှိမှဖြစ်မယ်"

"ကိုယ်သိထားပါတယ်။ အဲ့ဒါကြောင့်လည်း မင်းလိုရွှေပေါင်လုံးကြီးကို ဖက်ထားဖို့ စည်းရုံးနေရတာမလား။ မင်းရဲ့ပုခုံးတစ်ဖက်သာ ငှားပေးလိုက်ပါ ကျန်တာအကုန် ကိုယ်ကိုင်တွယ်နိုင်ပါတယ်"

ကျားလိမှာ ခေါင်းအားမော့၍ လရောင်အောက်တွင် ညှို့ယူနေသည့်မြေခွေးမိစ္ဆာတစ်ကောင်လို ဆွဲဆောင်မှုတို့ပြည့်နေသော ယီချန့်အားကြည့်ကာ လေးလေးနက်နက်ပြန်ဖြေလာသည်။

"ကောင်းပြီလေ ရှင်ရှန်ဟိုင်းကိုရောက်တာနဲ့ အစစအရာရာအဆင်ပြေအောင် ကျွန်မစီစဉ်ပေးမယ်။ အဲ့ဒီတော့ ယီချန်ရှင်ကျွန်မကိုစိတ်ပျက်သွားအောင် မလုပ်မိစေနဲ့"

ယီချန်မှာ သူ၏ဖီးနစ်မျက်လုံးများဖြင့် ကျားလိအားစူးရှစွာကြည့်ကာ ကတိပေးလိုက်၏။

"စိတ်ပျက်ရတယ်ဆိုတဲ့အတွေးမျိုးမင်းစိတ်ထဲပေါ်မလာရအောင် ကိုယ်ကြိုးစားမှာပါ"

နှစ်ဦးသားကြား စကားစပြတ်သွားချိန်တွင် ယီချန်ကကွပ်ပျစ်ပေါ်မှ ဆင်းကာသူ့အခန်းဆီပြန်ရန်လုပ်လိုက်သည်။ ထိုစဉ် ကျားလိမှ သူ့အားရုတ်တရက်‌ေမးခွန်းတစ်ခုမေးလာ၏။

"ရှင် နှလုံးသားရေးရာနဲ့ပက်သက်ပြီး စိတ်ရှုပ်နေတာမလား"

ယီချန်မှာ ထိုအမေးကြောင့် လှမ်းလက်စခြေလှမ်းတို့အားရပ်ကာ ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်၍ ပြန်ဖြေလိုက်သည်။

"အမှန်ပဲ အစကတော့ ကိုယ့်အနေနဲ့စိတ်ထဲရှိတဲ့အတိုင်း တန်းပြောပြချင်ခဲ့တာ။ ဒါပေမယ့် စဉ်းစားရင်းနဲ့ အခုကအချိန်မှန်ဟုတ်မနေဘူးလို့ ခံစားနေရတယ်။ လက်ရှိသူမအမြင်ထဲ ကိုယ်ကအခွင့်ကောင်းယူဖို့ကြိုးစားနေတဲ့ လူတစ်ယောက်လို့ ထင်သွားမှာကိုကြောက်နေတာလေ။ သူမနဲ့ကိုယ့်ရဲ့ကြားက အကွာအဝေးကအရမ်းမြင့်လွန်းတယ်။ ဒါကြောင့်ပဲ ကိုယ်ကပိုပြီးအရဲစွန့်ချင်နေတာ။ နောင်အနာဂတ်မှာ ကိုယ်ကသူမထက်မကျော်လွန်နိုင်တောင်မှ တန်းတူနေရာမှာတော့ ရပ်နေချင်တယ်လေ။

အဲ့လိုမှမဟုတ်ရင် ကိုယ့်ကိုအခြေတည်ပြီး အသိုင်းအဝိုင်းကသူမဆီ လက်ညှိုးထိုးလာမှာ အဲ့ဒါကိုကိုယ်အရမ်းစိုးရိမ်တယ်။ သူမဆီ ဘယ်သူကမှ ပုတ်ခတ်လာမှာမလိုချင်ဘူး။ ကိုယ်လည်း ဟိုဟိုဒီဒီသတင်းတွေရထားတာမလို့ အခုလက်ရှိမှာ ငွေကသိပ်အသုံးမဝင်သေးပေမယ့် နောင်တစ်ချိန်မှာ ငွေကအရာရာဖြစ်လာမယ်လို့ ခံစားမိနေတယ်။ အဲ့လိုသာဆို ကိုယ်လည်း သူမမျက်နှာမငယ်ရအောင် ပြန်ပံ့ပိုးပေးနိုင်သွားပြီလေ။ ကိုယ်အ‌ေနနဲ့ သူမအသိုင်းအဝိုင်းရှေ့မှာ ကျောဖြောင့်ဖြောင့်ထားရပ်နိုင်တဲ့အချိန်မှ သူမကိုကိုယ့်နားရှိပေးနိုင် မပေးနိုင်ဆုံးဖြတ်ခိုင်းတော့မယ်"

ကျားလိမှာ ယီချန့်ထံတွင် ထိုကဲ့သို့ အတွေးမျိုးရှိနေမည်မှန်း မသိခဲ့သော်လည်း သူမစိတ်ထဲပီတိဖြစ်သွားခဲ့ရသည်ကတော့ အမှန်ပင်။ ထို့ကြောင့် ယီချန်အားကြည့်ကာသတိပေးလိုက်သည်။

"ဒါဆိုလည်း ရှင်သူမကို အကြာကြီးမစောင့်ခိုင်းထားပါနဲ့။ အချိန်တွေကကုန်တာအရမ်းမြန်လွန်းတာမလို့ ရှင့်ကိုပဲစောင့်ရင်း သူမတစ်ယောက်တည်းအထီးကျန်နေရတော့မှာလေ။ မတော်လို့ သူမကမစောင့်နိုင်တော့ပဲ ထွက်ပြေးချင်သွားရင် ဘယ်လိုလုပ်မလဲ"

ယီချန်မှာ ကျားလိမှထိုစကားပြောလိုက်သည်နှင့် ရုတ်တရက် သူမရှေ့ရပ်လာကာ သူမမျက်လုံးများနှင့် တန်းတူညီသည်ထိ ကိုယ်ကိုကိုင်း၍ စူးစိုက်ကြည့်ရင်း တစ်လုံးချင်းစီပြောလာသည်။

"သူမမှာ အဲ့လိုအခွင့်အရေးရမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူမထွက်မပြေးနိုင်အောင် ကိုယ်ကခိုင်ခိုင်မာမာဆုပ်ကိုင်ထားမှာမလို့ပဲ"

All Chapters