← Chapters

Chapter 67

Vol. 7 Ch. 67

Chapter 67

Vol. 7 Ch. 67

ယီချန်လည်း ခေါင်းငြိမ့်ပြလိုက်ပြီး စာရွက်စာတမ်းများအား ဖတ်ရှုနေစဉ် လျို့ဇီရွေ့ကဆက်ရှင်းပြလာ၏။

"မင်းအနေနဲ့ အစိုးရကိုအခွန်အခအဖြစ် တစ်နှစ်ယွမ်ငါးထောင်ပေးဆောင်ရမယ်။ ယွမ်ငါးထောင်ဆိုတာ များလွန်းတဲ့ပမာဏဆိုပေမယ့် အစိုးရကမင်းရဲ့ကုန်ပစ္စည်အရင်းအမြစ်နဲ့ပက်သက်ပြီး ဝင်မပါရဘူးဆိုတဲ့အချက်ကို ထည့်သွင်းပေးထားတယ်။ ဒါပေါ့ မင်းရဲ့ကုန်ပစ္စည်းရောင်းချဈေးနှုန်းမှာလည်း လက်ဖယ်ထားရမှာ။ မင်းသာလုပ်နိုင်စွမ်းရှိမယ်ဆိုရင် ယွမ်ငါးထောင်နဲ့ ဒီအချက်တွေကိုလဲရတာတန်တယ်လို့တောင် သတ်မှတ်ရမယ်"

ယီချန်မှာ လျို့ဇီရွေ့ပြောသည်ကို လက်ခံလေ၏။ စီးပွားရေးလုပ်ရာတွင် ကုန်အရင်းအမြစ်နှင့် ရောင်းဈေးကလည်း အရေးပါသည့်အရာများဖြစ်ကာ ဤအချက်များနှင့်ပက်သက်ပြီး သူသာကိုင်တွယ်ရမည်ဖြစ်၍ နစ်နာမှုမရှိပေ။ ထို့ကြောင့် ယီချန်လည်း ကျန်အချက်များကိုပါ သေချာစီစစ်ဖတ်ရှုပြီးနောက် လက်မှတ်ထိုးလိုက်သည်။ ယခုတွင် ယီချန်၌ တရားဝင်စီးပွားရေးလုပ်ခွင့်ရသွားလေပြီပင်။ ယီချန်၏လက်မှတ်ထိုးထားသော စာချုပ်ကို လျို့ဇီရွေ့ကပြန်စစ်ဆေးရင်းပြောလာသည်။

"အခုဆိုင်ဖွင့်ဖို့ကိစ္စကအဆင်ပြေသွားပြီဆိုတော့ နေရာအကြောင်းပြောကြတာပေါ့။ အစိုးရကမင်းသာ နိုင်ငံပိုင်ဈေးတန်းဆိုပြီး ဆိုင်းဘုတ်ချိတ်မယ်ဆိုရင် မင်းအတွက်အဆောက်အဦးနဲ့မြေနေရာတစ်ခုချပေးလိမ့်မယ်။ ဒါကမင်းဆုံးဖြတ်ရမယ့်ကိစ္စဆိုပေမယ့် ဦးလေးအ‌ေနနဲ့အကြံတစ်ခုပေးရရင်တော့ အစိုးရရဲ့ထောက်ပံ့မှုယူမယ့်အစား ငွေပိုသုံးပြီး ကိုယ်ပိုင်ငွေနဲ့ စီးပွားရေးစဖို့ပဲ။

နိုင်ငံပိုင်ဆိုင်းဘုတ်ချိတ်လိုက်တာနဲ့ မင်းကမြေနေရာနဲ့ ဆိုင်နေရာရမယ်ဆိုပေမယ့် တရားဝင်ပိုင်ဆိုင်မှုက နိုင်ငံပိုင်ဖြစ်နေမှာလေ။ အဲ့တော့ မင်းလုပ်ငန်းထဲအထက်ကစေလွှတ်မယ့်လူတွေပါဝင်လာပြီး ဆိုင်ရဲ့စီမံခန့်ခွဲမှုတွေထဲ ဝင်စွက်ဖက်လာကြမယ်။ အဲ့ဒီစေလွှတ်ခံလူတွေရဲ့လက်ထဲမှာ မင်းရဲ့စီမံအုပ်ချုပ်ပိုင်ခွင့်‌ေတွအကုန်လုံးက တစ်နှစ်အတွင်း သူတို့လက်ထဲရောက်သွားနိုင်တယ်။ မင်းအနေနဲ့ ဝင်ငွေမရှိတော့ဘူးလားဆိုတော့လည်း မဟုတ်ပါဘူး။

လစဉ်ဝင်ငွေတော့ရှိနေဦးမှာပါ ဒါပေမယ့် ဝန်ထမ်းလစာသာသာပဲပေါ့။ ပြီးရင် အဲ့ဒီလူတွေနဲ့ ပက်သက်ဆက်နွှယ်ပြီး ဝင်လာမယ့်လူတွေရှိဦးမှာဆိုတော့ ပြဿနာကြီးသေးဆိုတာ ပြတ်လပ်နေမှာမဟုတ်တော့ဘူး။ ဒါတွေက နိုင်ငံပိုင်ဆိုင်းဘုတ်ချိတ်ပြီး ဖြစ်သွားခဲ့တဲ့မင်းရှေ့ကလူအချို့ရဲ့ ဥပမာတွေကို ထောက်ပြီးပြောပြတာနော်။ ဒီကိစ္စတွေဖြစ်လာနိုင်တယ်ဆိုပေမယ့် မင်းရဲ့အရည်အချင်းကကောင်းမွန်နေမယ်ဆိုရင်တော့ စိုးရိမ်စရာမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဆိုင်တန်းတည်ဖို့မြေနေရာရော ဘာရောအတွက်က ကုန်ငွေမရှိတော့ဘူးလေ။

တစ်ကယ်လို့ အစိုးရကိုအားမကိုးချင်ဘူးဆိုရင်တော့ ကိုယ့်ခြေကိုယ့်လက်နဲ့ အစအဆုံး လူအားငွေအားထုတ်ရတော့မှာပေါ့။ ပြီးရင် မင်းစီးပွားရေးအောင်မြင်မှုရ မရဆိုတာကလည်း မင်းအပေါ်ပဲမူတည်တော့မယ်။ အစိုးရက တစ်နှစ်ငါးထောင်ယူတာကလွဲလို့ ဘာမှဝင်ပါလာမှာမဟုတ်တော့ဘူး"

ယီချန်လည်း လျို့ဇီရွေ့ပြောသောစကားများအား နားထောင်ကာသက်ပြင်းချလိုက်မိသည်။ အကယ်၍ သူ့တွင်သာအဆက်အသွယ်ကောင်းကောင်း ရှိမနေပါလျှင်ရွေးချယ်စရာပင် ရှိလာမည်မဟုတ်ပဲ အရိုးပါမကျန်ဝါးစားခံရပေလိမ့်မည်။ ထို့ကြောင့် သူသည်ကျားလိအား အထူးကျေးဇူးတင်မိသွား၏။ သူ့ဘက်တွင်သာ သူမရှိမနေလျှင် သူ့အတွက်အခက်အခဲများအားကျော်လွှားနိုင်ရန် စောင့်ဆိုင်းနေရတော့မည့်ပုံပင်။

သူကစောင့်နိုင်လျှင်တောင် အခွင့်အရေးများကစောင့်နေမည်မဟုတ်ပေ။ လာမည့်နှစ်တွင် ဖွင့်လှစ်တော့မည့် စီးပွားရေးလမ်းကြောင်းမှာ ကာလရှည်ကြာငတ်မွတ်နေခဲ့ရသည့် စီးပွားရှင်ဘီလူးကြီးများအတွက် လတ်ဆတ်သောအသားတုံးကြီးအလားပင်။ ထိုအချိန်ဆိုလျှင် ပြည်မကြီးမှလူများအပြင် ဟောင်ကောင်ကျွန်းမှလူများနှင့်ပါ ပြိုင်ဆိုင်ရမည်ဖြစ်၍ သူ့လိုမှင်စာလေးမှာ သူတို့ကြားစိစိညှက်ညှက်ကြေမသွားစေရန် အပတ်တကုတ်ကြိုးပမ်းရပေမည်။ သူ့တွင်ငွေများရှိနေသည့်တိုင် ထိုငွေပမာဏမှာ တစ်ကယ့်စီးပွားရေးရှင်ကြီးများအတွက်တော့ ထုတ်ပြရန်ခဲယဉ်းနေသည့် ပမာဏမဟုတ်ချေ။ ပြည်မကြီးမှလူများကြား ခေါင်းထောင်ထားနိုင်လျှင်တောင် ဟောင်ကောင်ကျွန်းပေါ်ရှိ လူများကိုတော့ သွားကြောလို့မရနိုင်ပေ။ ထို့ကြောင့်သူသည် အခုချိန်ကတည်းမှ အုတ်မြစ်ချထားရမည်ဖြစ်၏။ ထိုမှသာ စရန်‌ေသနတ်သံကြားသည်နှင့် အရှိန်တင်ပြေးသွားနိုင်မည်ပင်။

"ကျေးဇူးတင်ပါတယ် ဦးလေးလျို့။ ဦးလေးနဲ့လိလိရဲ့အကူအညီသာရှိမထားဘူးဆို ကျွန်တော်လမ်းစပျောက်သွားမှာ အသေအချာပဲ။ ဒါနဲ့ ကျွန်တော့်မှာ ရင်းနှီးငွေအလုံအလောက်ရှိထားတာမလို့ မြေနေရာကောင်း‌ေကာင်းတစ်ခုရှာထားပေးဖို့ကို ဦးလေးလျို့ဆီပဲ အပူကပ်ရဦးမယ်"

လျို့ဇီရွေ့မှာ ဂရုမထားရန် လက်ယမ်းပြလိုက်ပြီး ပြောလာသည်။

"မင်းတို့မိသားစုက လိလိအပေါ်စစ်မှန်ခဲ့တော့ ငါကလည်း မင်းအပေါ်ပြန်စစ်မှန်ရမှာပေါ့။ စိတ်မပူပါနဲ့ ဦးလေးမင်းအတွက် သေချာကြည့်ပေးထားလိုက်မယ်"

ယီချန်သည် လျို့ဇီရွေ့ဆီမှထွက်လာသည်နှင့် အိမိတန်းမပြန်သေးပဲ မှောင်ခိုဈေးဆီသွားရန် စီစဉ်လိုက်သည်။ ရှန်ဟိုင်းနှင့် မှောင်ခိုဈေးရှိရာ စီရင်စုသည် ကားဖြင့်တစ်နာရီလောက်ကြာအောင် စီးလာခဲ့ရ၏။ မှောင်ခိုဈေးဆီရောက်ချိန်တွင် နေ့လည်ပင်ရောက်နေပြီဖြစ်၍ ဦးလေးကျူးတို့ဆိုင်သိမ်းသွားမည်စိုးကာ အမြန်လျှောက်လာလိုက်သည်။ သို့သော် မှောင်ခိုဈေးထဲမဝင်ခင်တွင် သူ့အားခေါ်လိုက်သံကြား၍ လှည့်ကြည့်လိုက်ရာ ဦးလေးကျူးဖြစ်နေ၏။ ဦးလေးကျူးမှာလည်း ယီချန်အားတွေ့ရာ ဝမ်းသာအားရလာနှုတ်ဆက်လာသည်။

"ရှောင်ယီ မင်းပဲ။ မင်းကိုပွဲတော်ပြီးတာနဲ့ တွေ့ရမယ်ထင်နေတာ နှစ်ရက်သုံးရက်ကြာတဲ့အထိ ပေါ်မလာတော့ ငါတို့မှာစိတ်ပူလိုက်ရသေးတယ်။ ဒါနဲ့ ပန်းသီးကတော့ ပွဲတော်ရက်တွင်းပဲ မြိုးမြိုးမြက်မြက်ရအောင် ရောင်းထုတ်လိုက်ဆိုပြီး မင်းပြောခဲ့လို့ ငါတို့အိမ်က ကလေးတွေအတွက်ကလွဲရင် အကုန်ရောင်းထွက်သွားပြီ။ အခု မင်းဘာကုန်တွေထပ်ရောင်းဖို့တင်လာတာလဲ"

ဦးလေးကျူးမှာ ယီချန်၌ကုန်အရင်းအမြစ်ကောင်းများ ရှိထားသည်ကိုသိ၍ သူလည်းတစ်စိတ်တစ်ပိုင်းဝေမျှချင်နေ၏။ ဝက်သားရောင်းသည်မှာ အမြတ်ကောင်းကောင်းရသော်လည်း အများကြီးထုတ်‌ေဖာ်မရောင်းနိုင်ရာ ငွေပိုရကာစိတ်ကြိုက်ရောင်းချနိုင်သည့် အလုပ်ကိုသူငြင်းမည်မဟုတ်ပေ။ ထို့ပြင်ယီချန်မှ သူတို့အားသတင်းကြီးတစ်ခုကိုပင် အသိပေးထားရာ ယီချန့်အပေါ် ပို၍ယုံကြည်ကိုးစားကြလေသည်။ ယီချန်လည်း အပိုငွေမကုန်တော့ပဲ မှောင်ခိုဈေးအပြင်တွင် ဦးလေးကျူးအားတွေ့လိုက်ရရာ ဝမ်းသာသွားရ၏။

"ကျွန်တော်လည်း ဦးလေးကျူးတို့ကို လာရှာမလို့လုပ်ထားတာ။ ဦးလေးကျူး ကျွန်တော့်မှာ သတင်းကောင်းတစ်ခုရှိတယ်။ ဦးလေးကျူးတို့သာ စိတ်ပါဝင်စားရင် ကျွန်တော်နဲ့ ပူးပေါင်းကြည့်ပေါ့"

ထိုသို့ပြောကာ လက်ရှိနေရာက စကားပြောရန်မသင့်သဖြင့် နိုင်ငံပိုင်စားသောက်ဆိုင်တစ်ခုဆီ ဦးလေးကျူးအားခေါ်သွားရန်လုပ်လိုက်သည်။ ဦးလေးကျူးမှာလည်း သူထင်သည့်အတိုင်းယီချန့်တွင် အခွင့်အလမ်းများရှိနေသည်ကိုတွေ့ရာ ဝမ်းသာအားရ လိုက်သွား၏။ စားသောက်ဆိုင်ထဲရောက်သော် ယီချန်မှာ ဦးလေးကျူးအစားဟင်းပွဲများမှာပေးသည်။ ဦးလေးကျူးသာ မှာလျှင်မန်ထိုလောက်နှင့်ပင် ပြီးမည်ကိုသိနေ၍ ဝက်သားလွှာခေါက်ဆွဲပွဲကြီးနှစ်ပွဲနှင့် အသားဖက်ထုပ်တစ်ပွဲမှာလိုက်၏။ ဦးလေးကျူးသည်လည်း ထိုသည်များမှာ တော်တော်ကုန်ကျမည်ကိုသိသော်လည်း လက်ရှိသူ့စိတ်ထဲစွဲနေသည်မှာ ယီချန်ပြောသည့် အခွင့်အလမ်းဖြစ်နေ၍ စားပွဲထိုးထွက်သွားသည်နှင့် တန်းမေးလာသည်။

"ရှောင်ယီ ဦးလေးကိုသိချင်စိတ်ဖြစ်အောင် လုပ်ပြီးပစ်မထားပါနဲ့တော့။ ‌ငါတို့ကဘာတွေကို ပူးပေါင်းရမယ်ဆိုတာ ပြောပြဦးလေ"

ယီချန်လည်း ဦးလေးကျူး၏အလောတကြီးဖြစ်နေပုံကြည့်ကာ အသာရယ်ရင်း ကိုယ်ကိုအနည်းငယ်ကိုင်းကာ ဦးလေးကျူးကိုလည်း ရှေ့တိုးလာရန်ပြောပြီး လေသံကိုတိုးနိုင်သလောက်တိုးကာပြောလိုက်၏။

"တစ်ကယ်တော့ ကျွန်တော်အခုပဲတရားဝင်စီးပွားရေးလုပ်ခွင့်ရလာတာ။ တစ်ချို့တားမြစ်ကုန်ပစ္စည်းတွေကလွဲရင် ရှန်ဟိုင်းမှာစိတ်ကြိုက်ရောင်းချနိုင်သွားပြီလေ။ ကျွန်တော်က မြေနေရာကျယ်ကျယ်တစ်ခုရှာနေတယ် တွေ့သွားရင်ဈေးတန်းတစ်ခုဆောက်ပြီး ဆိုင်ခန်းတွေကိုအငှားချမှာပါ။ အဲ့တော့ ဦးလေးတို့သာလစဉ်ကြေးပေးပြီး ဆိုင်ခန်းငှား‌မယ်ဆိုရင် တစ်နေကုန်စိတ်တိုင်းကျတရားဝင် ရောင်းချခွင့်ရမှာနော်"

ယီချန်မှာ လျို့ဇီရွေ့နှင့်သေချာဆွေးနွေးတိုင်ပင်ခဲ့ပြီးဖြစ်ရာ ခေတ်သစ်ရှိစူပါမားကတ်ပုံစံဖန်တီးမည်ဖြစ်၏။ သူသည်အစိုးရအား တစ်နှစ်ယွမ်ခုနစ်ထောင်ပေးဆောင်မည်ဖြစ်ကာ အစိုးရကသူ့အားဈေးတန်းဖွင့်ပိုင်ခွင့်ပေးရမည်ပေ။ ထိုကိစ္စမှာ မှောင်ခိုဈေးနှင့်သဏ္ဍာန်တူနေသည့်အပြင် သူကတရားဝင်ဖြစ်နေသေးရာ ဤသည်နှင့်ပက်သက်ပြီး မှောင်ခိုဈေးနောက်ကွယ်ရှိလူနှင့် ပဋိပက္ခရှိလာနိုင်မည်ကို စိုးရိမ်မိသော်လည်း လျို့ဇီရွေ့ကထိုကိစ္စအား သူကိုင်တွယ်မည်ဖြစ်ကြောင်း ပြောလာသည်။

ထို့ကြောင့် သူသည်ထိုကိစ္စအား ထည့်စဉ်းစားရန်မလိုတော့ပေ။ ထိုသို့ဆိုလျှင် သူကဘာကို တွန့်ဆုတ်နေရပါဦးမည်နည်း။ သူသည် ဈေးတန်းဖွင့်ကာ ဆိုင်ခန်းများအားအငှားချ၍ ထိုဈေးသည်များကိုလည်း တရားဝင်ဆိုသည့် ခေါင်းစဉ်ငှားပေးရမည် ဖြစ်သည်။ သူ၏ ပထမဆုံးခြေလှမ်းမှာ ဦးလေးကျူးနှင့် မရီးဟွမ်ပင်။ သူတို့မှတစ်ဆင့် သူတို့မိတ်ဆွေများထံဦးတည်ပျံ့သွားစေမည်။ ဦးလေးကျူးမှာတော့ များပြားလှသောအကြောင်းအရာများကြောင့် ကြောင်အသွားရသည်။

All Chapters