Chapter 68
Vol. 7 Ch. 68
အချိန်ခဏကြာအောင် တစ်ခုချင်း ပြန်တွေးတောပြီးအချိတ်အဆက်မိသွားပါမှ ဦးနှောက်ကပြန်အလုပ် လုပ်လာကာ ယီချန်ထံ တုန်ယင်နေသော အသံဖြင့် မေးလာ၏။
"ရှောင်ယီ မင်းပြောတာတစ်ကယ်လား။ မင်းကတရားဝင်စီးပွားရေးစလို့ရနေပြီဖြစ်တဲ့အပြင် မင်းဆီကဆိုင်ခန်းငှားတာနဲ့ ငါတို့ကပါတရားဝင် ရောင်းချခွင့်ရနိုင်ပြီပေါ့ အဲ့လိုလား"
"အမှန်ပါပဲ ဒါပေမယ့် ခုနကကျွန်တော်ပြောသလို တားမြစ်ပစ္စည်းတွေတော့ မပါဘူးနော်"
"ဒါပေါ့ ဒါပေါ့ ငါနားလည်ပြီ။ ဒါပေမယ့် ငါတို့ကတစ်လဘယ်လောက်ပေးရမလဲ။ ငါတို့ငွေသွင်းပြီးရင်ရော တရားဝင်ဖြစ်မှာသေချာရဲ့လား။ မင်းကိုမယုံလို့တော့မဟုတ်ပေမယ့် လက်ရှိကာလအရ တရားဝင်ဆိုတဲ့အဓိပ္ပာယ်ကတာဝန်ကြီးလွန်းလို့လေ"
"ကျွန်တော်နားလည်ပါတယ်။ လစာကတော့ တစ်လယွမ်တစ်ရာပါ။ ဦးလေးကျူးသာ ငွေသွင်းပြီးပြီဆိုတာနဲ့ ကျွန်တော်ကဆိုင်ခန်းနံပါတ်နဲ့ စာချုပ်ထုတ်ပေးမှာလေ။ တရားဝင်မဝင်ကတော့ အစိုးရကေနလက်ခံစာထုတ်ထားပြီးပြီေလ။ ပြီးေတာ့ကျွန်တော်ကိုယ်တိုင်လည်း အဲ့မှာရောင်းမှာမလို့ စိတ်ချထားလို့ရတယ်နော်။ အရင်ဆုံး တိုင်ပင်လိုက်ကြပါဦး။ အခုကျွန်တော်က မြေနေရာရှာနေတုန်းရှိသေးတယ်။ ဦးလေးကျူးတို့ကို စိတ်ကြိုက်ဆိုင်နေရာရှာခွင့်ပေးချင်လို့သာ မဟုတ်ရင်ကျွန်တော်ကတကူးတကလာပြောနေမှာကို မဟုတ်ဘူး"
"ဒါဆိုလည်း ကောင်းပြီလေ။ နောက်အပတ်ထဲကျ ငါအကြောင်းပြန်လိုက်မယ်။ ပြီးတော့ အမျိုးသမီးဟွမ်နဲ့ ငါ့မိတ်ဆွေတွေကိုပါ သတင်းပေးရဦးမှာ။ သူတို့လည်း စိတ်ဝင်ချင်စိတ်ဝင်စားကြလောက်မှာဆိုတော့လေ။ ဒါနဲ့ ငါတို့တွေမင်းကိုဘယ်လိုလာတွေ့ရမလဲ"
ယီချန်လည်း သူလက်ရှိနေ,နေသည့် အိမ်နေရာကိုပြောပြလိုက်ရာ ဦးလေးကျူးမှာ အံ့ဩတကြီးဖြင့် မေးလာ၏။
"မင်းအိမ်က ရှန်ဟိုင်းမြို့ထဲမှာလား"
"ဟုတ်ပါတယ် ကျွန်တော်ကလက်ရှိရှန်ဟိုင်းမှာ အခြေချနေတာလေ"
ဦးလေးကျူးမှာ ရှန်ဟိုင်းတွင် အရောင်းအဝယ်လုပ်ရမည်ကို အနည်းငယ်စိတ်ထင့်နေခဲ့သော်လည်း ယီချန်ကရှန်ဟိုင်းတွင် နေ,နေသည်ဖြစ်ရာ ထိုကိစ္စကမှန်ကန်လောက်သည်ဟု တွေးကာစိတ်လှုပ်ရှားသွားရသည်။ လက်ရှိမှောင်ခိုဈေးမှာ စီရင်စုမြို့ထဲဖြစ်နေသော်လည်း မြို့ကြီးတစ်ခုဟုတ်မနေ၍ အမြတ်ရသည်ဆိုသော်လည်း ကိုယ်ကာယပင်ပန်းရသည်နှင့် ယှဉ်လျှင်များပြားသည်မဆိုနိုင်ချေ။
မူလကသူသည်တွန့်ဆုတ်နေခဲ့သော်လည်း ယွမ်တစ်ရာဖြင့် စီးပွားရေးမြို့ကြီးထဲတရားဝင်ရောင်းချခွင့်အမှန်ရမည်ဆိုလျှင် ချိုသာသည်ဟုပင်ဆိုနိုင်၏။ ထို့ပြင် တစ်နေကုန်ရောင်းချခွင့်ရှိသည်မဟုတ်ပါလား။ ဒီလိုသာဆို သူသည်ထုတ်လုပ်ေရးအဖွဲ့များထံမှ ဝက်သားများအား ဈေးချိုချိုဖြင့်အကုန်သိမ်းဝယ်နိုင်ကာ မြို့ကြီးပေါ်တွင် ဈေးကောင်းဖြင့်ရောင်းနိုင်သွားမည်ပင်။ ဦးလေးကျူးမှာ တွေးလေလေ စိတ်လှုပ်ရှားလေလေဖြစ်ကာ စားသောက်ပြီးသည်နှင့် သူ၏မိတ်ဆွေများကိုပါ ခေါ်ပြီးလာေတွ့မည်ဟု ပြောခဲ့ကာ သုတ်ချေတင်ပြေးတော့သည်။
ယီချန်လည်း ကိစ္စများပြတ်သွားပြီဖြစ်၍ အိမ်ပြန်လာခဲ့လိုက်သည်။ ထို့ေနာက်ေမြနေရာရသည်နှင့် ဆောက်လုပ်ရေးတန်းဝင်နိုင်ရန် ဆိုင်ပုံကြမ်းအချို့ရေးဆွဲကာ ကျွမ်းကျင်လက်သမားများအား မည်သည့်နေရာတွင်ရှာ၍ ရမည်ကို တရှန်းတို့ဆီမေးကြည့်ထား၏။ သူ၏ဈေးတန်းသာ အတည်တကျဖြစ်သွားသည်နှင့် ရှောင်စန်းအတွက်စားသောက်ဆိုင်ဆောက်ရန် စီစဉ်ရမည်ဖြစ်ကာ ထို့နောက်မှာတော့ မြေကွက်ကျယ်များသူဝယ်ပေမည်။ သူ၏နောက်ဆုံးရည်မှန်းချက်မှာ အဆင့်အတန်းမြင့် လူနေဗီလာကြီးတည်ရန်ဖြစ်သောကြောင့် ထိုအဆင့်ဆီရောက်ရန် ယခုပထမခြေလှမ်းအား စလှမ်းနိုင်ပြီဖြစ်၍ ယီချန်သည်ရင်ခုန်စိတ်လှုပ်ရှားနေတော့သည်။ သူ့စိတ်ကူးများမြန်မြန်အကောင်အထည် ပေါ်လာလေလေ လိလိအားသူ့ဘေးတွင် ခမ်းခမ်းနားနားထားနိုင်ခွင့်ရရန် အချိန်နီးကပ်လာလေဖြစ်၏။ သူသည် လိလိအား သူနှင့်အတူမရုန်းကန်စေလိုပေ။
ယီချန်မှာ လျို့ဇီရွေ့မှ မြေနေရာရှာတွေ့ပြီဖြစ်ကြောင်း အသိပေးမလာခင်အထိ နေရာလွတ်ထဲရှိရေနှင့်ပြင်ပကမ္ဘာရှိ အပင်များကြား သက်ရောက်မှုကို စမ်းသပ်နေခဲ့သည်။ ရလဒ်မှာတော့ စိတ်ကျေနပ်ဖွယ်ရာပင်။ သူသည်စမ်းရေဖြင့် အပင်များအပေါ် မလောင်းနိုင်လျှင်တောင် မျိုးစေ့အားစမ်းရေဖြင့် အညှောင့်ထွက်သည်ထိစိမ်ထားရုံဖြင့် အရည်အသွေးအကောင်းဆုံး မျိုးစိတ်ဖြစ်မလာသည့်တိုင် လက်ရှိသစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များထက် သာလွန်နေပြီဖြစ်သည်။ ထို့ပြင် သူသည်ယခုဆိုလျှင် စမ်းရေအားပြင်ပကမ္ဘာသို့ စိတ်ညွှန်ရာအတိုင်း ထုတ်လွှတ်နိုင်နေပြီဖြစ်၍ သူ၏အိမ်ရာဝန်းဆောက်မည့်နေရာရသွားလျှင် ထိုနေရာရှိမြေများအား စမ်းရေဖြင့်အားဖြည့်ကာ အကျိူးရှိစေမည်ဖြစ်၏။
လက်ရှိကာလတွင် စီစီတီဗီများလည်း ရှိမေနေသးရာ သူထိုအရာများလုပ်နေသည်ကို လူမမြင်အောင်ရွေးလုပ်လိုက်လျှင် ရနေပြီပင်။ ထိုသို့သာဆိုလျှင် သူ၏အိမ်ရာဝင်းကြီးမှာ အကောင်းမွန်ဆုံးစိုက်ပျိုးမြေများကိုပါ ပိုင်ဆိုင်ခွင့်ရသွားမည်ဖြစ်၏။ ထို့ပြင် သူသည်နယ်မြေထဲ၌ ဟင်းသီးဟင်းရွက် သစ်သီးဝလံပေါင်းစုံအား စိုက်ထားပြီးဖြစ်ရာ လုပ်ငန်းစသည်နှင့် ကုန်ပြတ်လပ်သွားမည်ကို စိုးရိမ်စရာမလိုတော့ပေ။
ဈေးနေရာအတွက် လျို့ဇီရွေ့ရွေးပေးထားသော နေရာနှစ်နေရာရှိပြီး ဟုန်ဟွေ့မှကားဖြင့်လိုက်ပြပေးသည်။ ပထမနေရာမှာ မြို့စွန်ဘက်ရှိစက်ရုံအိမ်ရာများဘက်ဖြစ်ကာ ပေ၄၅၀×၁၅၀ရှိပြီး လက်ရှိအေခြအေနအရဆို တော်တော်လေးကျယ်ပြန့်နေပြီဖြစ်၍ ဟောခန်းမပုံစံ တစ်ထပ်တည်းဆောက်လျှင်တောင် ရနိုင်၏။ ဒုတိယနေရာမှာတော့ မြို့လယ်ခေါင်တွင်ရှိနေပြီး ပေတစ်ရာပတ်လည်သာဖြစ်၍ အထပ်မြင့်ဆောက်ရပေမည်။ ယီချန်မှာတော့ မြို့စွန်မှနေရာကို ပိုသဘောကျလေ၏။
သူသည်အနာဂတ်ရှိ ကျော်ကြားလာမည့် မြေနေရာများကိုသိထားရာ ထိုနေရာများအား ယူထားလျှင်ရသော်လည်း သူ၏အရည်အချင်းနှင့်ဆိုလျှင် မြို့စွန်တွင်ရှိနေရင်တောင် တိမ်မြှပ်နေမည်မဟုတ်၍ မြို့စွန်ရှိတစ်ခုကိုသာ ယူလိုက်သည်။ ထိုနေရာပတ်လည်တွင်လည်း စိုက်ပျိုးမြေမဟုတ်သည့် မြေပြန့်လွတ်များသာရှိနေပြီး ခပ်လှမ်းလှမ်းတွင်လည်း လူလုပ်မြစ်ကြောင်းတစ်ခုရှိနေရာ သူသာဤမြေကွက်များအားလုံးကို အပိုင်သိမ်းနိုင်လျှင် နောင်တစ်ချိန်သူအိမ်ရာဝန်းဆောက်ရာတွင် အသုံးတည့်သွားပေမည်။ ထိုအတွေးဖြင့် ယီချန်မှာ ဤနေရာလွတ်များအတွက် ကုန်ကျငွေအား ဟုန်ဟွေ့မှတစ်ဆင့် လျို့ဇီရွေ့ထံမေးခိုင်းထားသည်။
ဟုန်ဟွေ့မှာ ယီချန်၏တောင်းဆိုမှုကြောင့် နားမလည်ဖြစ်သွားသော်လည်း ယီချန်ကနှစ် နှစ်အတွင်းရအောင် ငွေချေမည်ဖြစ်၍ ချန်ပေးထားပါဟုပြောခိုင်းလာရာ လက်ခံလိုက်ရ၏။ ဈေးတန်းအတွက် မြေနေရာမှာယွမ်နှစ်သောင်းခွဲ ကျသင့်လေသည်။ ယီချန်မှာ မြေနေရာရသည်နှင့် တရှန်းမိတ်ဆက်ပေးသော လက်သမားအဖွဲ့အားေခါ်ကာ မြေနေရာအပြည့်တစ်ထပ်ဟောခန်းကြီးကို ဆောက်လုပ်စေ၏။ ထို့ပြင် အဆက်အသွယ်ဖြင့် မှန်များဝယ်ယူကာ မျက်နှာစာတွင် မှန်များဖြင့်ကာရံထားလိုက်သည်။
ကြမ်းပြင်ကိုလည်း ကြွေပြားများခင်းခိုင်းပြီး ဆယ့်ငါးပေပတ်လည်အကန့်များကန့်၍ ထိုင်ခုံတစ်လုံးနှင့်ကုန်ပစ္စည်းများတင်ရန် စားပွဲတစ်လုံးစီထောက်ပံ့ပေးထား၏။ ယီချန်သည် ဈေးတန်းအပြင်ဘက်ပတ်လည်တွင် ဖုကွေ့ဝါးပင်များ စိုက်ထားလိုက်သည်။ ထိုဝါးပင်မျိုးမှာ အပင်သေးမျိုးလေးများဖြစ်ရာ အမြင့်ဆုံးငါးပေထိသာရောက်နိုင်၍ လူများ၏အမြင်ကိုဖုံးကွယ်မသွားစေသည့်အပြင် ကံကောင်းစေမည့်အဓိပ္ပာယ်လည်းရှိပြီး မျက်စိအေးစေရာလည်းဖြစ်နေစေမည်ပင်။
ဆောက်လုပ်ရေးမှာ လျင်မြန်စွာရုပ်လုံးပေါ်လာ၏။ အပြင်ပိုင်းပြီးခါနီးချိန်တွင် ဦးလေးကျူးမှတံခါးလာခေါက်လေသည်။ ဦးလေးကျူးနှင့် မရီးဟွမ်အပြင် သူမသိသောလူများလည်း အတူရောက်လာကြ၏။ ကြည့်ရသည်မှာ ဦးလေးကျူးပြောထားသည့် သူ့မိတ်ဆွေဆိုသူများဖြစ်နိုင်သည်။ ယီချန်မှ သူတို့အားအိမ်ခန်းမကြီးတွင် ဧည့်ခံသော် ဦးလေးကျူးတို့မှာမနေတတ်ဖြစ်နေတော့သည်။ သူတို့မှာ လယ်သမားနှင့် အလုပ်သမားများသာဖြစ်ကြရာ ဤမျှခမ်းနားသည့် အိမ်တော်ကြီးအားမမြင်ဖူးကြ၍ အထဲဝင်ဖို့ရန်ပင်တွန့်ဆုတ်နေကြတော့၏။
သူတို့ကြောင့်သာ တစ်ခုခုပျက်စီးသွားသည်ရှိသော် လျော်ကြေးပေးရန်သူတို့တွင်ငွေကြေးလုံလောက်မနေပေ။ ထို့ပြင်ဤနေရာများတွင် နေကြမည့်လူများမှာ သာမန်လူများမဖြစ်နိုင်၍လည်း ပို၍စိုးထိတ်နေကြ၏။ ထိုသည်ကို သတိပြုမိသော ယီချန်မှာသူတို့အား လက်ဖက်ရည်သောက်၍ စိတ်အေးလက်အေးနေရန် နားချလိုက်ပြီးဦးလေးကျူးအား မေးလိုက်သည်။
"ဦးလေးကျူး အခုဆိုင်ခန်းကစဆောက်နေပါပြီ။ အတွင်းပိုင်းအပြင်အဆင်လောက်ပဲ ကျန်တော့တယ်။ နောက်အပတ်ထဲဆို လုပ်ငန်းစလို့ရနေပြီမလို့ နည်းနည်းပါးပါးအကဲခတ်ရအောင် ကျွန်တော်လိုက်ပြပေးမယ်လေ။ တစ်ကယ်လို့ အဆင်ပြေတယ်ဆိုရင် ဟိုမှာပဲတစ်ခါတည်းစာချုပ်ချုပ်လိုက်ကြတာပေါ့"
ဦးလေးကျူးတို့အုပ်စုမှာလည်း ဤနေရာတွင်ဆက်မနေဝံ့တော့ရာ ယီချန့်စကားကိုလက်ခံလိုက်ကြ၏။ သူတို့လာရသည့် အဓိကအကြောင်းအရင်းမှာလည်း ထိုသည်ကြောင့်ပင်လေ။ ယီချန်လည်း သူတို့အုပ်စုအား ခရီးသွားယာဉ်ဖြင့်ေစျးနေရာဆီခေါ်လာခဲ့သည်။ ဦးလေးကျူးတို့မှာ သူတို့ရှေ့ရှိမှန်များဖြင့် ဆောက်လုပ်ထားသော အဆောက်အဦးအားကြည့်ကာ အံ့ဩမင်သက်ကုန်ကြ၏။ သူတို့သည် ဤကဲ့သို့ခမ်းနားသောနေရာတွင် ေဈးရောင်းရမည်ကို မယုံနိုင်သေးချေ။
ယွမ်တစ်ရာမှာ တန်သည်ဟုပင်တွေးမိကုန်ကြ၏။ ယီချန်မှာ သူတို့မျက်နှာထက်ရှိ ကျေနပ်နေဟန်တို့ကို မြင်ကာ စိတ်အေးသွားရပြီး အထဲရှိအလုပ်သမားများအား နေ့လည်စာစားရန် လွှတ်လိုက်ကာ သူတို့ကို အထဲသို့ ခေါ်ပြလိုက်သည်။ ဦးလေးကျူးတို့မှာ ကိုယ်ပိုင်အကန့်ဖြင့် သပ်သပ်ရပ်ရပ်စီတန်းထားသည့် ဆိုင်ခန်းလေးများအပြင် စားပွဲတစ်လုံးနှင့် ထိုင်ခုံတစ်လုံးပါ အခမဲ့စီစဉ်ပေးထားသည်ဆိုသောစကားကြောင့် သဘောကျသွားတော့၏။