Chapter 69
Vol. 7 Ch. 69
ယီချန်သည် ဦးလေးကျူးတို့အားကြည့်ကာ အသေးစိတ်ရှင်းပြလိုက်သည်။
"ဒီတစ်ခန်းစာအကန့်လေးတွေက ဆယ့်ငါးပေပတ်လည်တွေပါ။ ကန့်ထားရတယ်ဆိုတာကလည်း ကိုယ်ပိုင်နေရာကိုသတ်သတ်မှတ်မှတ်ရှိစေချင်လို့လေ။ လူတိုင်းကငွေပေးပြီး ငှားထားကြတာပဲကို ဘယ်သူက လာကျူးတာကို ကြိုက်မှာလဲ မဟုတ်ဘူးလား။ ဒီစားပွဲခုံနဲ့ ထိုင်ခုံအတွက်ကတော့ ကျွန်တော်တို့ဘက်က စီစဉ်ပေးထားမှာပါ။ ဦးလေးတို့တွေ ဆိုင်ခင်းဖို့အတွက် သပ်သပ်ထပ်ဝယ်စရာ မလိုတော့ဘူးပေါ့။
ဒါပေမယ့် အပိုင်ပေးလိုက်မယ်လို့ ပြောတာမဟုတ်ဘူးနော်။ ဦးလေးတို့ ဒီမှာဈေးရောင်းတဲ့အချိန်ပဲ စိတ်ကြိုက်သုံးလို့ရမှာ။ ကျွန်တော်က ပန်ကာလည်းစီစဉ်ထားမှာမလို့ နေပူဒဏ်လည်း မေကြာက်ရေတာ့ပဲ အေးအေးဆေးဆေး မိုးလုံလေလုံရောင်းချနိုင်မှာပါ။ ေစျးဖွင့်ချိန်ကေန ပိတ်ချိန်ထိ လျှပ်စစ်မီးဖွင့်ပေးပါမယ်။ ဈေးဖွင့်ချိန်က မနက်ခြောက်နာရီကနေ ညနေခြောက်နာရီထိပဲမလို့ အဲ့စည်းကမ်းချက်ကို လိုက်နာရပါမယ်။
ဦးလေးတို့စိတ်ကြိုက်ကြည့်လို့ရတယ်နော်။ အလျားလိုက်ဆိုင်ခန်းသုံးဆယ်နဲ့ ဒေါင်လိုက်ဆယ်ခန်းရှိမှာပါ။ ဆိုင်ခန်းစုစုပေါင်း သုံးရာထိထားပေးထားတာမလို့ ကြိုက်တဲ့ဆိုင်ခန်းနံပါတ် ရွေးချယ်လို့ရပါတယ်။ အဆင်ပြေရင်တော့ တစ်ခါတည်းစာချုပ်ချုပ်လိုက်ကြတာပေါ့"
မူလကဆိုင်ခန်းဝယ်ရန် စဉ်းစားထားသူမှာ ဦးလေးကျူးနှင့်မရီးဟွမ်အပြင် နောက်ထပ်လူသုံးဦးမျှသာရှိပြီး ကျန်လူများမှာ အခြေအနေလိုက်ကြည့်ကြခြင်းသာဖြစ်၏။ သို့သော်လည်း ယခုတွင်တော့သူတို့မှာ ဆိုင်ခန်းတစ်ခန်းတော့ လက်ထဲဆုပ်ကိုင်ထားရမည် ဟူသည့်ခံစားချက်ကိုရနေတော့သည်။ သူတို့အတွက်တော့ အလိုလိုသိစိတ်မှာ စီးပွားေရးလမ်းစတစ်ခုဖြစ်နေ၍ ပါလာသည့်ငွေတို့ကိုတွက်ချက်ကာ ဘယ်နှခန်းယူထားနိုင်မည်ကို တွေးနေတော့၏။ ထိုစဉ် လူတစ်ဦးကသူ့စိတ်ထဲ ရှိနေသည်ကိုထုတ်မေးလာသည်။
"ငါတို့တွေဆိုင်ခန်းတွဲဝယ်မယ်ဆိုရင် ကန့်ထားတဲ့ဝါးအကန့်လေးတွေကို ဖြုတ်ချပစ်လို့ရမလား"
ယီချန်မှာခေါင်းငြိမ့်၍ ရှင်းပြလိုက်သည်။ သူသည်ဤကဲ့သို့အခြေအနေအတွက်ပါ စီစဉ်ထားပြီးဖြစ်၏။
"ရပါတယ် ဦးလေးလိုချင်တဲ့ ဆိုင်ခန်းနံပါတ်က တစ်ဆက်တည်းဖြစ်နေသ၍ ဖယ်ပေးလို့ရပါတယ်"
ထိုလူလည်း စိတ်တိုင်းကျသွားကာ ငွေကိုလက်ငင်းထုတ်ပေးလာပြီး စာချုပ်,ချုပ်ရန်ပြောလာသည်။
"ကောင်းပြီ ဒါဆိုငါ့ကိုသုံးခန်းပေး။ ဒီမှာပိုက်ဆံ"
ယီချန်လည်း ပြင်ဆင်လာသော စာချုပ်အားထုတ်ကာ လက်မှတ်ထိုးလိုက်ကြပြီး နှစ်ဦးနှစ်ဖက်မှ တစ်စောင်စီသိမ်းထားလိုက်ကြ၏။
"ဒီထဲကစည်းကမ်းချက်တွေကို သေချာလိုက်နာပေးပါ။ တစ်ကယ်လို့ ဦးလေးသာတစ်ခုခုပျက်ကွက်ခဲ့ရင် ပထမနှစ်ကြိမ်အတွက် ဒဏ်ကြေး ငါးယွမ်ကနေ ယွမ်နှစ်ဆယ်ထိပေးဆောင်ရနိုင်ပါတယ်။ တတိယအကြိမ်ဆိုရင်ေတာ့ ဦးလေးရဲ့စာချုပ်မှာ ဘယ်နှရက်ကျန်ကျန် ဆိုင်ခန်းဖယ်ပေးရပါမယ်။ ပြီးတော့ ဒီစာချုပ်တွေကတစ်လတာသက်တမ်းပဲရှိတာမလို့ နောက်စာချုပ်အသစ်ချုပ်ရင် အကျုံးမဝင်တော့ဘူးနော်"
စည်းကမ်းများအား လိုက်နာသ၍ ပြဿနာမရှိရာ ပထမတစ်ယောက်က အဆင်ပြေပြေစာချုပ်,ချုပ်ပြီးသွားသည်ကို မြင်သော်ကျန်လူများမှာလည်း အလုအယက်ငှားရန်စိုင်းပြင်းကုန်ကြတော့သည်။
"ငါ့ကိုနှစ်ခန်းတွဲပေးပါ။ ဒီမှာပိုက်ဆံယူဦး"
"ငါက လေးခန်းတွဲယူမယ်။ ဒါပေမယ့် နှစ်ခန်းတွဲနှစ်ဆက်နော်"
"ငါ့ကိုရှေ့နောက် လေးခန်းတွဲပေး"
"တက်နင်းမိကုန်ပြီကွ။ ဒီမှာငါတို့ပဲ ရှိသေးသလို ဆိုင်ခန်းတွေလည်း အများကြီးကျန်ပါသေးတယ်။ မလောကြပါနဲ့"
နောက်ဆုံးလူအား စာချုပ်ချုပ်ပေးပြီးသည်နှင့် ဆိုင်နံပါတ်ကဒ်အားထုတ်ပေးကာအလုပ်အားလက်စသတ်လိုက်သည်။ ယီချန်မှာတော့ ရလဒ်အား ကျေနပ်နေတော့၏။ တစ်လစာ,စာချုပ်ဆိုသည့် ဆိုင်ခန်းပေါင်း ငါးဆယ်ရှိလေသည်။ သူသည် ဤခေတ်ကာလရှိ စီးပွားရေးအားအထင်သေးမိနေသေးပုံပင်။ မည်သည့်ကာလတွင်မဆို စွန့်စားလုပ်ကိုင်သူများ ရှားပါးမနေပါပေ။ ယီချန်လည်း ယွမ်ငါးထောင်အားသေချာသိမ်းထည့်၍ အသိပေးလိုက်သည်။
"ဆိုင်ခန်းကနောက်လတစ်ရက်နေ့စပါမယ်။ စာချုပ်ထဲလည်း အဲ့ရက်စွဲပဲထည့်ရေးပေးထားတာမလို့ နောက်လတစ်ရက်နေ့ မနက်ခြောက်နာရီအရောက်လာခဲ့ကြပါနော်။ ဒီရက်တွေထဲ ဦးလေးတို့ရဲ့ဖောက်သည်တွေဆီ အသိပေးခဲ့ကြဦးပေါ့။ ဒီနေရာက တရားဝင်နေရာတစ်ခုမလို့ လွတ်လွတ်လပ်လပ်ဝယ်လို့ခြမ်းလို့ရကြောင်းပါ ပြောခဲ့နော်။
အခုတော့ နေ့လည်စာသွားစားကြတာပေါ့။ လုပ်ငန်းဖြစ်မြောက်တဲ့ အထိမ်းအမှတ်အနေနဲ့ ကျွန်တော်ပြုစုပါ့မယ်။ ကဲ....အစိုးရစားသောက်ဆိုင်ဆီ သွားကြစို့"
ဦးလေးကျူးတို့မှာ ရှန်ဟိုင်းမြို့တွင် သူတို့ကိုယ်ပိုင်ဆိုင်ခန်းတစ်ခု လက်ဝယ်ရရှိပြီးဖြစ်၍ စိတ်လှုပ်ရှားနေကြတော့သည်။ ထိုစာချုပ်လေးက တစ်လသာကြာသော်လည်း သူတို့၏စိတ်လှုပ်ရှားမှုအား မနှောင့်ယှက်နိုင်ပါပေ။ ယခုတွင်တော့ သူတို့မှာအိမ်ပြန်ကာအောင်ပွဲခံချင်နေကြပြီဖြစ်သော်လည်း ယီချန်မှ အစိုးရစားသောက်ဆိုင်တွင် လိုက်ကျွေးမည်ဆိုသောကြောင့် ဝမ်းသာသွားကြ၏။ သို့သော် ထိုနေရာတွင်စားသောက်ရမည်မှာ ဈေးကြီးလွန်းလှသလို သူတို့လူအုပ်ကြီးမှာလည်း များပြားလှသောကြောင့် ယီချန်အားဒုက္ခပေးသလိုမဖြစ်စေရန် ငြင်းဆန်လိုက်ကြသည်။
"ရှောင်ယီ ဒုက္ခခံမနေပါနဲ့တော့။ အစိုးရစားသောက်ဆိုင်ဆီစားရတာက ဈေးကြီးလွန်းတယ်။ ငါတို့တွေလည်း အိမ်ပြန်ကြတော့မှာဆိုတော့ အိမ်ပြန်ရောက်မှစားလည်းရပါတယ်ကွ"
ယီချန်မှာဦးလေးကျူးတို့အုပ်စု၏ စိတ်သဘောထားကို သဘောကျသွားပါသော်လည်း အောင်ပွဲခံချင်နေသေးသည်ဖြစ်၍ တိုက်တွန်းလိုက်၏။
"ငြင်းမနေပါနဲ့တော့ ဦးလေးတို့။ ဦးလေးတို့သာ ကျွန်တော့်ရဲ့ဆိုင်ခန်းတွေကိုမငှားရင် ကျွန်တော်လည်းစီးပွားဖြစ်မှာမဟုတ်ဘူးလေ။ ဒါကနှစ်ဦးနှစ်ဖက် စီးပွားဖြစ်သွားတဲ့ကိစ္စဆိုတော့ ဒီတစ်နပ်စာလေးကို ထည့်မတွက်နေပါနဲ့တော့"
ဦးလေးကျူးတို့လည်း ယီချန်မှအင်တိုက်အားတိုက် တိုက်တွန်းနေ၍ ငြင်းမနေကြတော့ပဲ အစိုးရစားသောက်ဆိုင်ဆီသွားရန် လက်ခံလိုက်ကြသည်။ ဆောက်လုပ်ရေးအလုပ်သမားများ ပြန်လာချိန်တွင်တော့ သူတို့လည်း ထွက်လာလိုက်ကြ၏။ နေ့လည်စာစားချိန်ဖြစ်နေ၍ စားသောက်ဆိုင်မှာ လူကျနေပေသိ ပြည့်နှက်နေသည်တော့မဟုတ်ပါချေ။
သူတို့အုပ်စုဝင်လာသည်နှင့် စားပွဲထိုးကမျက်နှာထားတင်းတင်းနှင့် ရောက်လာသော်လည်း ယီချန်၏ရုပ်ရည်နှင့်အရှိန်အဝါကြောင့် ခက်ထန်စွာမပြောနိုင်တော့ဘဲ နာခံသောအမူအယာဖြင့် အမှာစာကောက်နေတော့သည်။ ဦးလေးကျူးတို့မှာ ယီချန်အားအပိုမကုန်စေချင်၍ မန်ထိုများသာမှာခဲ့ကြသော်လည်း ယီချန်မှ အသားဟင်း၊စွပ်ပြုတ်၊အရွက်ဟင်းလျာနှင့် ခေါက်ဆွဲများပါ ထပ်ဖြည့်မှာလိုက်၏။
ဤခေတ်ကာလရှိ အစားအသောက်ပမာဏမှာ များပြားလှပေမယ့် စားသုံးသူများမှာလည်း တွန့်ဆုတ်မနေတတ်ကြပေ။ စားပွဲအပြည့် ဟင်းပွဲများမှာ အရွယ်ရောက်သူအမျိုးသားအုပ်ကြီးကြား ပြိုက်ကနဲကုန်သွားတော့သည်။ စိတ်ကျေနပ်ဖွယ် ဧည့်ခံပေးမှုတို့ဖြင့် ဦးလေးကျူးတို့မှာ ပျော်ပျော်ပါးပါးအိမ်ပြန်သွားကြ၏။ ယီချန်လည်း အိမ်ပြန်ရောက်သော် အိမ်ရှိဖုန်းနှင့်ထုတ်လုပ်ရေးအဖွဲ့ဆီ ဖုန်းလှမ်းဆက်လိုက်သည်။
သူသည်နှစ်ရက်တစ်ခါလောက်ဖုန်းခေါ်သော်လည်း အမေယီတို့နှင့်သာ ကြုံနေရ၍ ကျားလိနှင့်အေးဆေးစကားမပြောရသေးပေ။ ထို့ကြောင့် သူသည်ယခုအချိန်အားရွေးကာ ခေါ်လိုက်ခြင်းပင်။ သူထင်သည့်အတိုင်း ကျားလိနှင့်သာ ဖုန်းပြောနေရ၍ စိတ်လှုပ်ရှားနေပြီး သူ၏လတ်တလောအခြေအနေကို ပြောပြလိုက်သည်။ ကျားလိသည်ကတော့ ထုံးစံအတိုင်း ယီချန်ပြောလာသမျှကို နားမလည်ပေ။ သို့သော် ထိုသည်ကိုယီချန်ဘက်မှလည်း သိနေသည့်တိုင် သူသည်သူလုပ်သမျှနှင့် ရည်ရွယ်ထားသမျှတို့အား ကျားလိထံပြောပြရသည်ကို နှစ်သက်လေသည်။ ထို့အပြင် ကျားလိသည်လည်း ယီချန်မှသူမအား အရာသွင်းကာရှင်းပြတတ်သည်ကို သဘောကျ၍ သူပြောသမျှကို စိတ်ရှည်ရှည်ဖြင့် နားထောင်ပေးတတ်၏။ ဖုန်းချခါနီးတွင် ယီချန်မှတိုးတိမ်သောအသံလေးဖြင့် ကျားလိအားချွဲလာသည်။
"လိလိ ကိုယ်မင်းကိုအရမ်းလွမ်းတာပဲ။ မင်းသိလား မင်းနဲ့တွေ့ဆုံပြီးတဲ့အချိန်မှသာ ကိုယ့်ဘဝရဲ့အရေးပါတဲ့နေရာတစ်ခုကလစ်ဟာနေခဲ့တယ်ဆိုတာကို သတိထားမိခဲ့တာ။ ပြီးတော့လေ ကိုယ့်ဘဝမှာ လူတစ်ယောက်ကိုနားလည်နိုင်မယ်လို့ ထင်မထားခဲ့ပေမယ့် မင်းသာဆိုရင်တော့ နားလည်နိုင်တယ်လို့ခံစားရတယ်။ လိလိ မင်းမှာလေ မင်းကိုမြင်မြင်ချင်းထဲက ရုန်းမထွက်နိုင်တော့အောင် တုတ်နှောင်ခံလိုက်ရဖို့အတွက် စီမံထားတဲ့ ဆေးတစ်မျိုးမျိုးများရှိထားသလားပဲ။
ပြီးတော့ကိုယ့်အမေထက်တောင် တည်ငြိမ်နေရတဲ့ မင်းရဲ့လျို့ဝှက်ချက်က အဲ့ဆေးရဲ့ဆိုးကျိုးတွေများလား။ အဲ့လိုမှမဟုတ်ရင် ဒီလောက်ထိချောမောခန့်ညားဆွဲဆောင်မှုရှိတဲ့ကောင်လေးနဲ့ စကားပြောတိုင်း ဘာလို့တည်ငြိမ်နေနိုင်ရမှာလဲ။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ မင်းဘယ်လောက်ပဲတည်ငြိမ်ေနပါေစ မင်းနှလုံးသားလေးထဲ ကိုယ်ခုန်ဝင်လာခဲ့ရင်တော့ လှုပ်ခတ်သွားရမှာပဲလေ"
ယီချန်၏ အသံနိမ့်နိမ့်မှာ ကျားလိ၏နားအတွင်းမှတစ်ဆင့် နှလုံးသားထိတိုင် တိုးဝင်သွားလေသည်။ ကျားလိမှာ တည်ငြိမ်သည်ဟုဆိုနိုင်သော်လည်း ယီချန်နှင့်တွေ့ချိန်တွင်တော့ ထိုတည်ငြိမ်မှုတို့က ပျက်ပြယ်ခဲ့ရသည်ကို သူမအသိဆုံးပါေပ။ သို့သော် သူမ၏မပြောင်းလဲသော မျက်နှာထားကြောင့်သာ လူတိုင်းအားအရူးလုပ်နိုင်ခြင်းပင်။ ထိုသို့ဖြစ်ေနသည်ကိုပင် ကျေးဇူးတင်ရပေမည် မဟုတ်ပါက သူမအနေဖြင့် ထိုကောင်စုတ်လေးနှင့် မည်သို့ရင်ဆိုင်ရမည်ကိုသိနိုင်မည်မဟုတ်ချေ။ သို့သော် သူမမှာလည်း စနောက်ချင်စိတ်ရှိနေသေး၍ ပြောလိုက်သည်။
"ဘာလဲ ရှင်ကအခုဝန်ခံဖို့ လုပ်နေတာလား။ ရှင်ပြောတော့ အချိန်မကျသေးဘူးဆို"
ယီချန်မှာ ကျားလိစကားကြောင့် သဘောတကျရယ်လိုက်မိရင်း ပြန်ချေပလာ၏။
"ဟုတ်ပါတယ် ကိုယ်အခုဝန်ခံနေတာမဟုတ်ပါဘူး။ မင်းကို ကိုယ့်ခံစားချက်တွေနဲ့ အရင်ရင်းနှီးအောင် လုပ်နေတာလေ။ အဲ့လိုမှမဟုတ်ရင် ကိုယ်ဖွင့်ပြောလိုက်တဲ့အချိန် မင်းကကိုယ့်အေပါ်အရမ်းရင်တွေခုန်ပြီး မေ့လဲသွားရင်ဘယ်လိုလုပ်မလဲ။ ကိုယ်ကမင်းအတွက် စဉ်းစားပေးနေတာပါကွာ"