← Chapters

တန်ခိုးရှင် အဆင့်

Vol. 4 Ch. 363

တန်ခိုးရှင် အဆင့်

Vol. 4 Ch. 363

ချန်းဖန်၏ လက်မှ ရွှေရောင် အလင်းတစ်ခု ပေါ်ထွက်လာသည်နှင့် တောင်တန်း မြစ်ပြင် ဖြတ်တောက်ခြင်းက အသက်ဝင်လာတော့၏။ အလင်းက ကောင်းကင်နှင့် မြေကြီး အကြားရှိ နောက်ဆုံး စစ်သည်တော် တစ်ဦးအလား ညကောင်းကင်၏ မှောင်မိုက်ခြင်းကို ဖြတ်သန်း၍ လင်းလက်လာခဲ့၏။

ထိုရွှေရောင် အလင်းများကား ပမာဏအားဖြင့် ကြီးမားခြင်း မရှိသော်လည်း အလွန်သိပ်သည်း ထူထပ်၏။ ထိုစွမ်းအားကို တွေ့သည်နှင့် တာကီမီယာ ဟီရိုက ကြောက်လန့် တကြား နောက်ဆုတ်သည်။ သို့သော်လည်း သူ့တွင် ဆက်လက် ဆုတ်ခွာစရာ နေရာ မရှိတော့ချေ။ သူ၏ နောက်၌ လေထု ဟင်းလင်းပြင်ကြီးသာ ရှိတော့၏။ ဓားသူတော်စင်သည် ပြိုင်ဘက်အား အထင်သေးခြင်းများ မရှိတော့ချေ။ သူက ဓားအား လက်နှစ်ဖက်ဖြင့် ဦးခေါင်းပေါ်သို့ မလိုက်ရာ ဓားမျဉ်းကွေးတစ်ခု ပေါ်ထွက်လာ၏။ ဓားနှင့်အတူ သူ၏ စွမ်းအားများက အဆများစွာ ပြိုကျလာကာ တစ်ကြိမ်ပင် မရောက်ဖူးသေးသော အဆင့်သစ် တစ်ခုသို့ သူ ရောက်ရှိသွားခဲ့၏။

"ရှေးဟောင်း ဓားနည်းစနစ် … အပယ်ခံ၏ နောက်ဆုံးအလင်း ခုတ်ချက်…"

သူ၏ဓားချီက မီတာဒါဇင်ချီအောင် မြင့်တက်သွားရာ တိုကျို မျှော်စင်ပင် ပိုမို မြင့်မားလာသယောင် ထင်ရစေသည်။ များစွာသော လူများက ထိုနေရာမှ လျှပ်စီးအလင်းကို မြင်သော်လည်း မည်သည့် အရာများ ဖြစ်ပျက်နေကြောင်းကိုမူ စဉ်းစား မရကြပေ။

တာကီမီယာ ဟီရိုက ချန်းဖန်အား စူးရဲစွာ ကြည့်ရင်း ရှေ့သို့ အနည်းငယ် တိုးလိုက်၏။ သူ၏ ခြေလှမ်းတိုင်းက တိုကျို မျှော်စင်ကြီး တစ်ခုလုံးကိုပင် တုန်ခါစေသည်။

သူ၏ မီတာ ဒါဇင်ခန့် ရှည်သော ဓားချီကလည်း အပယ်ခံ တစ်ယောက်၏ မိုက်ရူးရဲဆန်မှုဖြင့် ချန်းဖန်ထံ တိုးဝင်လာသည်။ ထိုဓားချီက မျှော်စင်ကြီးကိုပင် ဖောက်ခွဲနိုင်သည့် အင်အားများကို သယ်ဆောင်ထား၏။ ထိုဓားချီနှင့် ရွှေရောင်အလင်းတို့ ထိပ်တိုက်တွေ့ရာ လေဟာနယ်ကိုပင် တုန်ခါစေသော ပေါက်ကွဲမှု ပေါ်ထွက်လာခဲ့ပြန်၏။ တိုကျို မျှော်စင်ကား အဆစ်အမြစ်များ မခိုင်မာတော့သည့် လူနာ တစ်ယောက်အလား အော်ဟစ် ညည်းတွား နေတော့သည်။

စွမ်းအား နှစ်ခု ထိပ်တိုက်တွေ့ အပြီး၌ တာကီမီယာ ဟီရိုက ဓားချီအား လက်လွှတ်ကာ သူစွမ်းအားများကို ဓားအတွင်း စီးဆင်းစေလိုက်၏။ ထို့နောက် ဓားက ငွေရောင်အလင်းကို သယ်ဆောင်ရင်း ချန်းဖန်ထံ တိုးဝင်လာတော့၏။

ထိုအရာကား အပယ်ခံ၏ နောက်ဆုံးအလင်း ခုတ်ချက်ပင်...။

အပယ်ခံ ခုတ်ချက်က တာကီမီယာ ဟီရို၏ စွမ်းအား အလုံးစုံကို သယ်ဆောင်ရင်း ချန်းဖန်အား ထက်ဝက် ပိုင်းဖြတ်ရန် ကြိုးစားသည်။ ထို ခုတ်ချက်၏ အောက်တွင် အသေးငယ်ဆုံးသော ဆဲလ်တစ်ခုချင်းစီကိုပင် ထက်ဝက် ပိုင်းဖြတ်နိုင်သည့် စွမ်းအားများ ပါဝင်၏။ ထိုခုတ်ချက်က တန်ခိုးရှင် အဆင့် တစ်ယောက်ကိုပင် သတ်နိုင်လိမ့်မည်ဟု တာကီမီယာ ဟီရို ယုံကြည်ချက် ရှိသည်။

ချန်းဖန်က ထိုရုတ်တရက် တိုက်ခိုက်မှု အောက်၌ မတုန်မလှုပ်ပင်။ သူက အလျင်စလို မပြုမူပဲ စွမ်းအားများကို တည်ငြိမ်စွာ စုစည်း၍ ခုခံသည်။

"ဘုန်း…"

သာမန်ဟု ထင်ရသော လက်သီး တစ်ချက်က လေဟာနယ်ကို ခွဲဖျက်၍ အဖြူရောင် မြူနှင်းနှင့်အတူ ဖြစ်ပေါ်လာ၏။ ထိုလက်သီးက ပေါက်ကွဲမှုကို သယ်ဆောင်ကာ လေထုသို့ တိုးဝင်သွား၏။

ထိုအရာကား ချန်းဖန်၏ နာမည်ကျော် သတ်ဖြတ်ခြင်း တိုက်ကွက်ဖြစ်သည့် အသံထက်မြန်သော လက်သီးပင်...။

ထိုတိုက်ကွက်၏ အောက်၌ သခင်ကြီး စုဆမ်နိုကဲ့သို့သော ပုဂ္ဂိုလ်ပင်လျှင် တုံ့ပြန်ချိန် မရပဲ အရှုံးပေးခဲ့ရသည်။ တာကီမီယာ ဟီရိုသည် ထိုတိုက်ကွက်မှ ရှောင်လွှဲရန် မဖြစ်နိုင်ကြောင်းအား နားလည်၏။ သို့သော်လည်း ထိုတိုက်ကွက်အား ခုခံရန် သူ့အတွင် အချိန် အလုံအလောက် ရှိပေသည်။

"ဘုန်း…"

လက်သီးနှင့် ဓားတို့ တွေ့ဆုံရာတွင် တိုကျို မျှော်စင်ထိပ်၌ ပေါက်ကွဲသံ တစ်ခု ဖြစ်ပေါ်လာ၏။ အသံထက်မြန်သော လက်သီးက ဓားအား ထိတွေ့သည်နှင့် ဓားက အပိုင်းပိုင်း ပြတ်သည်။ လက်သီးက ထိုနေရာတွင် ရပ်တန့်မနေပဲ တာကီမီယာ ဟီရို၏ အမှန်တရားလေးပါး အကာအကွယ် အလင်းကိုပင် ဖောက်ထွက်ကာ သူ၏ ရင်ဘတ်သို့ တည့်တည့်ပင် ထိမှန်သည်။

လက်သီး၏ အောက်တွင် တာကီမီယာ ဟီရို၏ နံရိုးများ ကျိုးကြေကာ ပါးစပ်မှ သွေး အဆက်မပြတ် အန်ထုတ်သည်။ သူ၏ ခန္ဓာကိုယ်မှာလည်း နောက်သို့ လွင့်စဉ်ကျသည်။

သိပ်မကြာခင်မှာပင် တိုကျိုမျှော်စင် အောက်ခြေ၌ ရှိသော လူများသည် ပေါက်ကွဲသံ တစ်ခုအား ကြားလိုက်ရ၏။

"ဘုန်း… ဘုန်း…"

လူတိုင်းက ထိုနေရာသို့ ကြည့်လိုက်ရာ ယုံကြည်ချင်စရာ မကောင်းသော မြင်ကွင်းတစ်ခုအား မြင်ရသည်။

တိုကျိုမျှော်စင်ကြီးကား ထက်ဝက်ပိုင်းပြတ်ကာ မြေပြင်ပေါ်သို့ တအိအိ ကျလာ၏။ မျက်စိ တစ်မှိတ် အတွင်းမှာပင် တိုကျိုမျှော်စင်မှာ တစ်ဝက်ခန့်သာ ကျန်ရှိတော့သည်။

လူတိုင်းအား ထိုမြင်ကွင်းအား ကြည့်ရင်း ဆွံ့အနေကြတော့၏။

"ဒါ… ဒါက လူတွေ လုပ်နိုင်တဲ့ အကန့်အသတ်ထက် ကျော်လွန်နေပြီ…"

လူများစွာက တီးတိုး ရေရွတ်မိကြသည်။ တိမ်များ၏ ပိတ်ပင် တားဆီးမှုကြောင့် မျှော်စင်ထိပ်ကို သူတို့ မမြင်နိုင်သော်လည်း ပြိုကျနေသော မျှော်စင်က ထိုတိုက်ပွဲ မည်မျှ ပြင်းထန်ကြောင်း သက်သေ ထူနေသည်။

"ဘယ်သူ နိုင်သွားတာလဲ…"

ထိုမေးခွန်းက လူတိုင်း၏ စိတ်အတွင်း တိုးဝင်လာ၏။

ဖုန်လုံးများ တဖြည်းဖြည်း ရှင်းလင်းသွားသည်နှင့် ထက်ဝက် ပိုင်းပြတ်နေသော တိုကျိုမျှော်စင်ထိပ်သို့ လူများစွာက လှမ်းမျှော်ကြည့်ကြသည်  ထိုနေရာမှာ မြေပြင်မှာ မီတာ နှစ်ရာခန့်သာ ကွာဝေးရာ သိုင်းသမားများ၏ အမြင်အာရုံဖြင့် ပြတ်သား ရှင်းလင်းစွာ မြင်ရ၏။ ထက်ပိုင်းပြတ် မျှော်စင်ထက်တွင်မူ အနက်ရောင်ဝတ် လူငယ်တစ်ဦးက ကောင်းကင်အား နောက်ခံထား၍ လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေခဲ့၏။

"အဲဒါ… ချန်းပေ့ရွှမ်းပဲ…"

"ဓားသူတော်စင်ရော ဘယ်ရောက်သွားပြီလဲ…"

"ချန်းပေ့ရွှမ်းက အနိုင်ရ သွားတာလား… ဒါက မဖြစ်နိုင်တာ…"

အီရီကာနှင့် ဂျပန်၏ အခြား အထွတ်အထိပ် ပညာရှင် များစွာမှာ ထိုမြင်ကွင်းအား ကြည့်ရင်း ဆွံ့အနေကြသည်။ ကူရိုမီ၏ မျက်နှာ တစ်ခုလုံးမှာလည်း မြင်မကောင်းအောင် ပျက်ယွင်းနေတော့၏။

သူတို့နှင့် ဆန့်ကျင်စွာပင် တရုတ်ပညာရှင် များစွာကမူ ထိုမြင်ကွင်းအား ကြည့်ရင်း ပျော်ရွှင်မှုများ ဖုံးလွှမ်းလာခဲ့သည်။

"ချန်းပေ့ရွှမ်း အနိုင်ရပြီ…"

"တရုတ် သိုင်းလောက အနိုင်ရပြီ…"

ကူရှောင်မန်က ပျော်ရွှင်စွာဖြင့် သူ၏ ဘေးရှိ ဂိုဏ်းတူ ညီအစ်ကိုများကိုပင် ထဖက်မိတော့သည်။ သူ၏ အောင်ပွဲခံမှုက ဂျပန် သိုင်းပညာရှင်များစွာ၏ မျက်နှာများကို ပိုမို အကျည်းတန် စေခဲ့သည်။

"ချန်းပေ့ရွှမ်းက အမှောင် သတ်မှတ်ချက် တတိယနေရာနဲ့ တကယ် ထိုက်တန်တာပဲ…"

ဥရောပ အနွယ်ဝင် သိုင်းပညာရှင်များက မှတ်ချက် ချမိကြသည်။

ပျံလွှားနီလေးမှာလည်း ချန်းဖန်အား ကြည့်ရင်း ဆွံ့အနေခဲ့မိသည်။ ထိုချန်းပေ့ရွှမ်းကား အမှန်တကယ်ပင် အနိုင်ရခဲ့သည်။ ထိုအကောင်မှာ မည်မျှအထိ အစွမ်းထက် နေသနည်း။

ထိုအချိန်၌ ကျိုးပဲ့နေသော တိုကျို မျှော်စင်ထိပ်၌ ရပ်တန့်နေသည့် ချန်းဖန်၏ အမူအရာကမူ အနိုင်ရသည့် အတွက် ပျော်ရွှင်နေသည့် အမူအရာများ ကင်းမဲ့နေသည်။ ထို့အစား သူ၏ မျက်နှာ တိုက်ပွဲစချိန်ကထက် ပိုမို တည်ကြည် လေးနက်နေ၏။

"နောက်ဆုံး တိုက်ခိုက်မှုမှာ သူ့ရဲ့ စွမ်းအင်က ဝိညာဉ်ပင်လယ် (တန်ခိုးရှင်) အဆင့်နဲ့ တန်းတူညီတဲ့ အဆင့်ကို ရောက်သွားတယ်။ အဲဒါက ဝိညာဉ်စွမ်းအင်၊ အတွင်းအား၊ အပြင်အား သုံးခုလုံး ပြီးပြည့်စုံအောင် ပေါင်းစည်း သွားသလိုပဲ။ ဒါက ကမ္ဘာပေါ်မှာ တန်ခိုးရှင်အဆင့်လို့ ခေါ်ကြတဲ့ အဆင့်မလား…"

ချန်းဖန် တွေးတောနေစဉ်မှာပင် မီးတောင် ပေါက်ကွဲသံကဲ့သို့ အသံတစ်ခု မျှော်စင် အောက်ခြေမှ ပေါ်ထွက်လာခဲ့၏။

ချန်းဖန်က လေထုသို့ အနည်းငယ် ပျံတက်ကာ ထိုနေရာကို ကြည့်သည်။ ခဏအတွင်းမှာပင် မျှော်စင် အောက်ခြေမှ အနက်ရောင် အရိပ်တစ်ခုက အလွန် လျင်မြန်သော နှုန်းဖြင့် ကျိုးပဲ့နေသော မျှော်စင်ထိပ်သို့ ရောက်လာခဲ့၏။ ထို့နောက် သူက လေထုကို နင်းကာ လေပေါ်၌ တည်ငြိမ်စွာ ရပ်လိုက်၏။ သူ၏ မျက်လုံးများက တစ်ချိန်တည်း၌ အမှောင်နှင့် လောင်ကျွမ်းမှုတို့ ပူးပေါင်းကာ တောက်ပနေ၏။

"ချန်းပေ့ရွှမ်း… ငါမင်းကို ကျေးဇူးတင်ရမယ်…"

ထိုလူရိပ်ကား ဓားသူတော်စင် တာကီမီယာ ဟီရိုပင်။ သူက လေထုတွင် ကျိုးပဲ့နေသော ဓား၊ အပိုင်းပိုင်းပြတ် နေသော အင်္ကျီတို့ဖြင့် လေထု၌ အသာအယာပင် မျောပါနေ၏။

"မင်း အကူအညီကြောင့်သာ မဟုတ်ရင် ငါ တန်ခိုးရှင် အဆင့်ကို ရောက်မှာ မဟုတ်ဘူး…"

"ချန်းပေ့ရွှမ်း … တန်ခိုးရှင် အဆင့်ရဲ့ စွမ်းအားကို မင်း ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး။ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေကို ငါပိုင်ဆိုင်တယ်။ ဒီနေရာကနေ တိုကျိုရဲ့ အမှောင် ချောင်ကြားထဲမှာ ရှိတဲ့ လှုပ်ရှားမှု အသေးလေးတွေ ကိုတောင် ငါ အာရုံခံနိုင်နေပြီ။ နောက်ပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေကို သုံးပြီး မင်းကို လွယ်လွယ် သတ်လို့ ရနေပြီ"

တာကီမီယာ ဟီရိုက မာနကြီးစွာ ပြောရင်း လက်နှစ်ဖက်အား ခေါင်းပေါ် မြှောက်လိုက်၏။ သူစကား ပြောနေစဉ်မှာပင် ထာဝရ တည်နိုင်စွမ်း ရှိသည့်အလား စွမ်းအားများစွာက တလိပ်လိပ် ထွက်ပေါ်လာ၏။ အထွတ်အထိပ် အဆင့်မှ တန်ခိုးရှင် အဆင့်သို့ တက်လှမ်း သွားခြင်းကား ကျောက်ခေတ်မှ မော်ဒန်ခေတ်သို့ ခုန်တက်သွားနိုင်သော လူတစ်ယောက် အလားပင်။ သူ၏ ခန္ဓာကိုယ်၊ ဝိညာဉ်စွမ်းအား၊ အတွင်းအား သုံးခုလုံးက မယုံကြည် နိုင်လောက်သော အရှိန်နှုန်းဖြင့် တရိပ်ရိပ် တိုးပွာလာနေပြီ ဖြစ်သည်။ သူ၏ ဝိညာဉ်စွမ်းအင် ဆိုလျှင် ခန္ဓာကိုယ်မှ ထွက်ကာ အစစ်အမှန် ခန္ဓာအဖြစ် နေနိုင်သည် အထိ အစွမ်းထက်လာပြီ ဖြစ်၏။

တာကီမီယာ ဟီရိုက ချန်းဖန်အား လက်ညှိုးထိုး လိုက်ရင်း …

"မင်းကို ဆုပေးရမှာပေါ့ … စိတ်ချ မင်း အမြန်ဆုံး သေစေရမယ်…"

သူက ပျော်ရွှင်မှု ရောနှောနေသော ခံစားချက်ဖြင့် ချီဓားကို ဖော်ထုတ်လိုက်၏။ ချီဓားက အဖြူရောင် မြူနှင်းကဲ့သို့ အသွင်အား သယ်ဆောင်ကာ ချန်းဖန်အား တိုးဝင်သွား၏။ ထိုချီဓားက ဆယ်မီတာ ခန့်သာ ရှည်လျားသော်လည်း ပါဝင်သော ချီစွမ်းအင်ကမူ အလွန် သိပ်သည်းသည်။ လျှပ်တစ်ပြက် အတွင်းမှာပင် ချီဓားက တောင်တစ်လုံး၏ စွမ်းအားများကို သယ်ဆောင်ကာ ချန်းဖန်အား ထက်ဝက် ပိုင်းဖြတ်လိုက်သည်။ ထိုချီဓားတွင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများ ပါဝင်ရာ သူ၏ မူလ အားအပြည့် ဓားချက်များထက်ပင် ပိုမို ပြင်းထန်နေ၏။

သို့သော်လည်း ချန်းဖန်က စိုးရိမ်ပုံ မရချေ။ သူက တစ်ချက်ပြုံးရင်း ထိုဓားအား ကြည့်လိုက်၏။

"မင်းက အစစ်အမှန် တန်ခိုးရှင် ဖြစ်ဖို့ အဝေးကြီး လိုသေးတယ်… ခုအချိန်ထိတော့ မင်းက အသုံးမကျတဲ့ ကောင်ပဲ…"

"ဒီနေ့ တန်ခိုးရှင် တစ်ယောက်ကို သတ်ပြီး ငါ့အဆင့်ကို သက်သေ ပြရမှာပေါ့…"

ချန်းဖန်က ပြောရင်း လက်နှစ်ဖက်အား ဆန့်ထုတ်လိုက်၏။

"အစစ်အမှန်သိုင်း သုံးဆယ့်ခြောက်ကွက် … ဆယ့်ငါးခုမြောက် သိုင်းကွက်…"

"နေနဲ့လ စက်ဝိုင်း…"

ရုတ်တရက် နေ့နှင့်ည၏ အဓိပ္ပာယ် ပျောက်ဆုံးသွားသည့် အလား ကောင်းကင်က တုန်ခါလာ၏။ ချန်းဖန်၏ လက်တစ်ဖက် တစ်ချက် လေဟာနယ်တွင်ပင် နေနှင့်လ နှစ်စင်းက ပေါ်ထွက်လာကာ လင်းလက်သော ရောင်ခြည်များ ကွန့်မြူးလာသည်။

သို့သော်လည်း ကောင်းကင်က မီးခိုးများဖြင့် ရုတ်ခြည်းပင် မည်းမှောင်လာ လူတိုင်းအား အစစ်အမှန်ကို မြင်ကွင်းကို မမြင်တွေ့ရအောင် ဖုံးကွယ်သည်။ နေနှင့်လ အလင်းက လေထုကို ခွဲဖျက်ကာ လင်းလက်နေသည့်တိုင် မီးခိုးများကိုမူ ဖောက်ထွက်နိုင်စွမ်း မရှိချေ။

အကယ်၍ နေနှင့်လအတူ ထွက်ပေါ်သည်နှင့်  ကမ္ဘာကြီး ထာဝရ ပြောင်းလဲသွားပေလိမ့်မည်။

***

All Chapters