← Chapters

အမြောက်စင်

Vol. 37 Ch. 550

အမြောက်စင်

Vol. 37 Ch. 550

“ဒါကတော့ သေချာပေါက်ပေါ့… မင်းရဲ့ ကျင့်စဉ်အဆင့်က ဝိညာဉ်ဘုရင်နယ်ပယ်ထိ မရောက်သေးဘူး။ ဒါကြောင့် ဒီနေရာရဲ့ အပြည့်အဝ ထိန်းချုပ်သူ ဖြစ်လာနိုင်တာ မဟုတ်ဘူး… ထွက်လာတဲ့ စွမ်းအားကလည်း အကန့်အသတ်နဲ့ပဲ။ မဟုတ်ရင် ဒီကနေ ထွက်ပြေးနိုင်သူတွေက တစ်ထပ်ကျော်ပြီး လုံးဝ ထွက်မပြေးနိုင်ဘူး…”

ယီထျန်းယွမ်ကို ကြည့်ရင်း ဝိညာဉ်ရုပ်က ပြောလိုက်သည်။

“ဒါက သခင်ကြီး အရင်ကတည်းက သတ်မှတ်ထားတဲ့ ခုခံရေးဝင်္ကပါပဲ… တစ်ယောက်ယောက်က အတင်းအကြပ် တိုက်ခိုက်ပြီး ဝင်လာဖို့ ကြိုးစားရင် ဒီနေရာကို အမွေဆက်ခံသူက ထိန်းချုပ်ထားတာပဲဖြစ်ဖြစ်၊ မထိန်းချုပ်ထားတာပဲဖြစ်ဖြစ်၊ ပြန်လည်ခုခံ တိုက်ခိုက်နိုင်တယ်… သူတော်စဉ်နယ်ပယ်အဆင့် သန်မာသူတွေကိုတောင် သတ်ပစ်နိုင်တယ်… ဒါပေမယ့် ဒီမင်းဆရာရဲ့ ကျင့်စဉ်အဆင့်က အားမနည်းဘူးဆိုတော့ သူ့ကို ဒုက္ခပေးဖို့လောက်တော့ လုံလောက်တယ်…”

ယီထျန်းယွမ်က ခေါင်းညိတ်လိုက်သည်။ သူ၏ ကျင့်စဉ်အဆင့်က အမှန်တကယ်ပင် သန်မာလှပြီး ဝိညာဉ်ဘုရင်နယ်ပယ် အဆင့်ခြောက် ခုနှစ် ရှိသူများနှင့် ယှဉ်နိုင်သည့် စွမ်းအားရှိသည်။ သို့သော် ဤနေရာက သတ်မှတ်ထားသည်မှာ ဝိညာဉ်ဘုရင်နယ်ပယ်အဆင့်မှသာ အသိအမှတ်ပြုပြီး သူသည် သူတော်စဉ်နယ်ပယ်ကို အဆင့်ကျော်သတ်နိုင်သည်ဆိုစေကာမူ ယခုထိ အတုအယောင်ဝိညာဉ်နယ်ပယ်အဆင့်တွင်သာ ရှိနေသေးသည်။

ဤသည်မှာ စည်းမျဉ်းစည်းကမ်းများ၏ တင်းကျပ်မှုကြောင့်ဖြစ်ပြီး သူ့အနေဖြင့် ဤစည်းမျဉ်းကို ပြောင်းလဲ၍ မရချေ။

“ကောင်းပြီ… ဒီတိုက်ခိုက်မှုက နောက်ထပ် ဘယ်နှစ်ကြိမ် ထပ်လုပ်နိုင်သေးလဲ…” ယီထျန်းယွမ်က ဤအရာသည် အလွန်သန်မာကြောင်း ခံစားမိသော်လည်း အကြိမ်ရေမည်မျှ ထပ်လည်း တိုက်ခိုက်နိုင်မည်ကို မသိရသေးပေ။

“လောလောဆယ် စုဆောင်းထားတဲ့ ဝိညာဉ်စွမ်းအင်အရ နောက်ထပ် သုံးကြိမ် တိုက်ခိုက်နိုင်သေးတယ်…”

ဝိညာဉ်ရုပ်က ဖြေကြားလိုက်သည်။

ယီထျန်းယွမ်သည် ယခုအခါ အမွေဆက်ခံသူဖြစ်လာပြီးဖြစ်ရာ ဤနေရာနှင့်ပတ်သက်သည့် အရာအားလုံးကို သိရှိနိုင်ပြီဖြစ်သည်။ သို့သော် ကျင့်စဉ်အဆင့်မပြည့်မီသေးသဖြင့် ဤနေရာကို အကြွင်းမဲ့ပိုင်ဆိုင်သူအဖြစ် မဖြစ်လာနိုင်သေးပေ။ အကယ်၍ အဆင့်ပြည့်မီပါက ယီထျန်းယွမ်သည် ဤနေရာကို အပြည့်အဝပိုင်ဆိုင်သူ ဖြစ်လာမည်ဖြစ်သည်။

“သုံးကြိမ်ကျန်သေးတယ်ပေါ့… ဒါဆိုရင် သုံးကြိမ်ပြီးသွားရင်ရော…” ယီထျန်းယွမ်က ဆက်မေးလိုက်သည်။ “အဲ့ဒီအခါ နောက်ထပ်တိုက်ခိုက်ဖို့ ဘယ်လောက်ကြာရမလဲ…”

“ဝိညာဉ်စုစည်းရေးဝင်္ကပါရဲ့ တုံ့ပြန်မှုအရ အကြမ်းဖျင်း နှစ်ရက်လောက်ကြာမှ တစ်ကြိမ် ထပ်တိုက်ခိုက်နိုင်မယ်… ဒါပေမယ့် မင်းက သန့်စင်တဲ့ ကျောက်စိမ်းဝိညာဉ်ကျောက်တွေ ထောက်ပံ့ပေးနိုင်ရင်တော့ ချက်ချင်းပဲ တိုက်ခိုက်နိုင်တယ်…” ဝိညာဉ်ရုပ်က ရှင်းပြလိုက်သည်။

“ကျောက်စိမ်းဝိညာဉ်ကျောက်တွေ ထောက်ပံ့ပေးရင် ဆက်လက်တိုက်ခိုက်နိုင်တာပေါ့… ဒါဆိုရင် ဒါက အမြောက်စင်တစ်ခုနဲ့ တူနေတယ်မဟုတ်လား…”

ယီထျန်းယွမ်၏ မျက်လုံးများ လင်းလက်သွားသည်။ ဤအရာသည် သူတော်စဉ်နယ်ပယ်အဆင့်ရှိသူများကိုပင် ရင်ဆိုင်နိုင်သည့် စွမ်းအားရှိသည်။ အကယ်၍ သူတော်စဉ်နယ်ပယ်အောက်ရှိ သန်မာသူများကို တိုက်ခိုက်ရမည်ဆိုပါက တစ်ချက်ပစ်လိုက်ရုံဖြင့် မြို့တစ်မြို့လုံးကို ဖျက်ဆီးပစ်နိုင်သည်။

သို့သော် သူသည် ဤတိုက်ခိုက်မှုမှ အတွေ့အကြုံအမှတ်များ မရရှိနိုင်ချေ။ ကျင့်စဉ်အဆင့်ပြည့်မီပြီး ဤနေရာကို တရားဝင်ပိုင်ဆိုင်သူ ဖြစ်လာမှသာ အတွေ့အကြုံအမှတ်များ ရရှိနိုင်မည်ဟု ခန့်မှန်းမိသည်။

“ဟုတ်တယ်… ဝိညာဉ်စွမ်းအင် လုံလောက်မှုရှိရင် ဆက်လက်တိုက်ခိုက်နိုင်တယ်…” ဝိညာဉ်ရုပ်က ပြောလိုက်သည်။

“အို့… ဒါကတော့ တကယ်ကို သန်မာလှချည်လား… တစ်ကြိမ်တိုက်ခိုက်ဖို့ ကျောက်စိမ်းဝိညာဉ်ကျောက် ဘယ်လောက်လိုအပ်လဲ…” ယီထျန်းယွမ်က ခေါင်းညိတ်ရင်း မေးလိုက်သည်။

“အကြမ်းဖျင်း တစ်ကြိမ်တိုက်ခိုက်ဖို့ ကျောက်စိမ်းဝိညာဉ်ကျောက် တစ်သန်းလိုအပ်တယ်…” ဝိညာဉ်ရုပ်က ရှင်းပြလိုက်သည်။

“ဟမ်… ဘယ်... ဘယ်လောက်လို့ ပြောလိုက်တာပါလိမ့်…” ယီထျန်းယွမ်သည် ကိုယ့်နားကိုပင် မယုံနိုင်ဖြစ်သွားပြီး နားကြားများ မှားသွားသလားဟု ထင်လိုက်သဖြင့် သေချာရန် ပြန်မေးလိုက်သည်။

“တစ်ကြိမ်တိုက်ခိုက်ဖို့ ကျောက်စိမ်းဝိညာဉ်ကျောက် တစ်သန်းပါ…” ဝိညာဉ်ရုပ်က စိတ်မပျက်ဘဲ ထပ်မံရှင်းပြလိုက်သည်။

“တစ်ကြိမ်တိုက်ခိုက်ဖို့ ကျောက်စိမ်းဝိညာဉ်ကျောက် တစ်သန်းတဲ့လား… ဒီသုံးစွဲမှုက…”

ယီထျန်းယွမ်သည် အေးစက်စွာ အသက်ရှူသွင်းလိုက်သည်။ သူ့တွင် ယခုအခါ ကြွယ်ဝသော ပစ္စည်းဥစ္စာများ ရှိနေသော်လည်း ဤစျေးနှုန်းအရ တစ်ချက်ပစ်လိုက်ရုံဖြင့် အောက်အဆင့် သူတော်စဉ်လက်နက်တစ်ခုနှင့် ညီမျှသည့် ကုန်ကျစရိတ်ဖြစ်သည်။

သူ့တွင် သူတော်စဉ်လက်နက်များ မနည်းမနောရှိသော်လည်း အကြမ်းဖျင်း ဆယ်ကြိမ်ခန့်သာ အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် ဝိညာဉ်လက်နက်များလည်း အများအပြားရှိပြီး၊ ၎င်းတို့ကို ရောင်းချပါက ကျောက်စိမ်းဝိညာဉ်ကျောက်များစွာ ရရှိနိုင်သည်။ သို့သော် တစ်ချက်ပစ်လိုက်ရုံဖြင့် အောက်အဆင့် သူတော်စဉ်လက်နက်တစ်ခုနှင့် ညီမျှသည့် ကုန်ကျစရိတ်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာဖြစ်သည်။

သူသည် အနည်းငယ်သာ သုံးစွဲရမည်ဟု ထင်မှတ်ထားခဲ့ပြီး ထိုသို့ဖြစ်ပါက မင်းဆရာကို အကြိမ်များစွာ အမြောက်ဖြင့် ပစ်ခတ်ရန် တွေးထားခဲ့သည်။ သို့သော် ဤမျှ မြင့်မားသော ကုန်ကျစရိတ်ကြောင့် ယခုအခါအတွက် ဤအစီအစဉ်ကို ဖျက်သိမ်းလိုက်ရသည်။

“ဟုတ်ပြီ… ဒီကောင်းကင်တက်လှမ်းခြင်းနတ်ဘုရားစင်မြင့်က ပျံသန်းနိုင်လား…”

ယီထျန်းယွမ်သည် ဤအချက်ကို ပို၍ စိတ်ဝင်စားသည်။ အကယ်၍ ပျံသန်းနိုင်ပါက ၎င်းသည် ပျံသန်းနိုင်သည့် အမြောက်စင်တစ်ခုနှင့် ညီမျှပြီး ကောင်းကင်မင်အင်ပါယာသို့ တိုက်ရိုက်ပျံသန်းသွားကာ အကြိမ်များစွာ ပစ်ခတ်နိုင်မည်ဖြစ်သည်။ ထိုသို့ဖြစ်ပါက ကုန်ကျစရိတ်များသည်ပင်ဖြစ်စေအုံးတော့ လုံဝ အသုံးတည့်မှာ သေချာသည်။

သူ၏ ကျင့်စဉ်အဆင့်ပြည့်မီသွားပါက၊ ကောင်းကင်တက်လှမ်းခြင်းနတ်ဘုရားစင်မြင့်ကို တိုက်ရိုက်ပျံသန်းစေပြီး ကောင်းကင်မင်အင်ပါယာကို လုံးဝမကြောက်ရွံ့စရာ မလိုတော့ပေ။

“မဖြစ်နိုင်ဘူး… ကောင်းကင်တက်လှမ်းခြင်းနတ်ဘုရားစင်မြင့်က တည်ငြိမ်နေရာပြုထားတာပဲ… ရွှေ့လိုက်ရင် ကောင်းကင်ဘုံနဲ့ ချိတ်ဆက်မှု ပြတ်တောက်သွားပြီး အပေါ်က ပို့ဆောင်ရေးဝင်္ကပါလည်း ပျက်စီးသွားလိမ့်မယ်…”

ဝိညာဉ်ရုပ်၏ အဖြေက သူ၏အိပ်မက်ကို ဖျက်ဆီးလိုက်သည်။

“သြော်…”

ယီထျန်းယွမ်သည် အနည်းငယ် စိတ်ပျက်သွားသော်လည်း သေချာစဉ်းစားကြည့်ရာ ဤအရာမှာ အကျိုးသင့်အကြောင်းသင့်ရှိသည်။ ကောင်းကင်တက်လှမ်းခြင်းနတ်ဘုရားစင်မြင့်ကို ဤနေရာတွင် တည်ဆောက်ထားခြင်းမှာ အကြောင်းမဲ့ မဟုတ်ချေ။

ဤနေရာ၏ ကိုဩဒိနိတ်သည် ကောင်းကင်ဘုံ၏ ‌ကိုဩဒိနိတ်နှင့် ကိုက်ညီမှုရှိသဖြင့် မည်သည့်နေရာသို့မဆို ရွှေ့ပြောင်းလို့ မရချေ။ မဟုတ်ပါက ကောင်းကင်တက်လှမ်းခြင်း နတ်ဘုရားစင်မြင့်ပတ်ဝန်းကျင်သည် ပျံသန်းကောင်းကင်နတ်ဘုရားနိုင်ငံ၏ အင်အားစုဖြစ်နေလိမ့်မည်။

“အလိမ်အညာကောင်တွေ…”

အပြင်ဘက်တွင် မင်းဆရာသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ထပ်မံ၍ ဤဘက်သို့ တဟုန်ထိုး ခုန်ဝင်လာသည်။ သို့သော် သူ့ကို စောင့်ကြိုနေသည်မှာ ပြင်းထန်စွာ ပစ်ခတ်လိုက်သည့် အမြောက်တစ်ချက်ဖြစ်ပြီး သူ့ကို ထပ်မံ ပြန်လည်ဖျက်ဆီးပစ်လိုက်သည်။ ထိုသို့ ထိမှန်သွားသည့် ကောင်းကင်မင်နတ်ဘုရားနိုင်ငံ၏ ကျင့်စဉ်သမားများစွာသည် ချက်ချင်း ပြာမှုန့်အဖြစ် ပြောင်းလဲသွားကာ အကြွင်းအကျန်ပင် မကျန်ရစ်ခဲ့ချေ။

ဆက်လက်၍ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ပြီးချိန်၌ မင်းဆရာသည်သာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီး ကောင်းကင်တက်လှမ်းခြင်း နတ်ဘုရားစင်မြင့်မှာမူ အနည်းငယ်မျှသော အပေါ်ယံ ပျက်စီးမှုများသာ ဖြစ်ပေါ်ခဲ့ပြီး လုံးဝ ပျက်စီးခြင်း မရှိချေ။

“တွက်ချက် မမှန်ခဲ့ဘူး…”

မင်းဆရာ၏ မျက်နှာသည် မည်းမှောင်လှပြီး ကြောက်မက်ဖွယ်ရာဖြစ်နေသည်။ ဤအခြေအနေအရ၊ သူသည် ကောင်းကင်တက်လှမ်းခြင်း နတ်ဘုရားစင်မြင့်ကို လုံးဝသိမ်းပိုက်နိုင်မည် မဟုတ်ပေ။

ဤတိုက်ခိုက်မှုသည် သူ့အပေါ် သက်ရောက်မှုက အန္တရာယ်သိပ်မကြီးမားသော်လည်း သူ့ကို အနှောင့်အယှက်ပေးမှုမှာ မရေမတွက်နိုင်လောက်အောင်ပင်။ ၎င်းကြောင့် သူသည် ကောင်းကင်တက်လှမ်းခြင်းနတ်ဘုရားစင်မြင့်၏ နတ်ဘုရားအင်းများကို ဖျက်ဆီးနိုင်ခြင်း မိရှိသည်မှာ သေချာသလောက် ဖြစ်နေသည်။ ဤသို့ဖြစ်နေပါက သူသည် အတွင်းသို့ ဝင်ရောက်ပြီး လုံးဝ သတ်ဖြတ်နိုင်မည် မဟုတ်ပေ။

မင်းဆရာအနေဖြင့် တိုက်ခိုက်မှုကို ယာယီ ရပ်တန့်ထားပြီး အခြားနည်းလမ်းများကို စဉ်းစားရတော့မည်ဖြစ်သည်။ ကောင်းကင်တက်လှမ်းခြင်း နတ်ဘုရားစင်မြင့်အတွင်း၌ ယီထျန်းယွမ်သည် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

“ဒီနေရာမှာ ဘာပြဿနာမှ မရှိဘူးမဟုတ်လား… သူတော်စဉ်ဘုရင်အဆင့်ရဲ့ တိုက်ခိုက်မှုကို ဆက်လက်ခံနိုင်မှာလား…”

“ပြဿနာမရှိပါဘူး… သခင်ကြီးရဲ့ ခုခံရေးစွမ်းအားက ဒီလောက်နဲ့ ဖျက်ဆီးခံရမှာ မဟုတ်ပါဘူး… နောက်ကွယ်မှာ သခင်ကြီးရဲ့ စွမ်းအားထည့်သွင်းမှုလည်း ရှိသေးတယ်… တကယ်လို့ အတွင်းထိ တိုက်ခိုက်ဝင်ရောက်လာရင် သခင်ကြီးထားခဲ့တဲ့ နတ်ဘုရားစိတ်ဝိညာဉ်တစ်စိတ်တစ်ပိုင်းက အသက်ဝင်လာမယ်… ဒါဆို သူတော်စဉ်ဘုရင်အဆင့်ကိုတောင် သတ်ပစ်နိုင်တယ်…”

ဝိညာဉ်ရုပ်က အေးစက်စွာ ပြောလိုက်သည်။

“ဒါဆိုရင် ငါ ဒီမှာ မရှိရင်တောင် စိတ်ချလက်ချ ထားခဲ့လို့ ရပြီပေါ့…”

ယီထျန်းယွမ်က ခေါင်းညိတ်လိုက်သည်။ သူသည် ဤနေရာတွင် အမြဲတမ်း နေထိုင်နိုင်မည် မဟုတ်ပေ။

ကောင်းကင်တက်လှမ်းခြင်းနတ်ဘုရားစင်မြင့်တွင် တန်ဖိုးရှိသည့် ပစ္စည်းများ မရှိတော့ချေ။ သိုင်းပညာများစွာ ရှိနေသော်လည်း ထိုအရာမှလွဲ၍ အခြားမည်သည့် လက်နက်များ၊ ဆေးလုံးများမှ မရှိချေ။ ကျန်ရှိသည်မှာ အမွေအနှစ်များသာ ဖြစ်သည်။

ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ ကောင်းမွန်သော်လည်း ၎င်းကို စုပ်ယူပြီး အဆင့်တက်ရန်မှာ အချိန်အကြာကြီး လိုအပ်သည်။ သူသည် ဤနည်းဖြင့် အဆင့်တက်ရန် အားကိုးသူ မဟုတ်ချေ။ အကယ်၍ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ ဆယ်ဆခန့် ပိုမိုသန်မာမည်ဆိုပါမှသာ၊ အဆင့်တက်ရန် အချိန်တိုအတွင်း ဖြစ်နိုင်မည်ဖြစ်သည်။

“မင်း… အပြင်ထွက်မလို့လား… အပြင်မှာ ရန်သူတွေ အများကြီး စောင့်နေတယ်… မင်း အလွယ်တကူ ထွက်ပြေးလို့ မရဘူး…” ဝိညာဉ်ရုပ်၏ အသံထဲတွင် စိတ်ခံစားမှု မပါဝင်သော်လည်း ၎င်းသည် ပတ်ဝန်းကျင်အခြေအနေကို သိရှိထားပြီး အမွေဆက်ခံသူကို အကြောင်းမဲ့ အလွယ်တကူ သေဆုံးစေလိုခြင်း မရှိချေ။

“စိတ်မပူပါနဲ့… ဒီလောက်ဆို မင်း သိလာလိမ့်မယ်… ဘယ်သူမှ ငါ့ကို တားလို့မရဘူး… မင်းတောင်မှ မရဘူး…” ယီထျန်းယွမ်က ပြုံးလျက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ဒါနဲ့ ဖန်တီးကောင်းကင်နတ်ဘုရင်ရဲ့ မျိုးဆက်ကို ရှာဖွေဖို့ ဘယ်လိုနည်းလမ်းရှိလဲ…”

“ရှိတယ်…”

ဝိညာဉ်ရုပ်က လက်တစ်ချက်ထောင်ပြလိုက်ရာ၊ ကျောက်စိမ်းပြားတစ်ခုသည် လေထဲမှ ယီထျန်းယွမ်၏ လက်ထဲသို့ ကျရောက်လာသည်။ ၎င်းက ရှင်းပြလိုက်သည်။

“ဒါက သွေးရိုးဗီဇကျောက်စိမ်းပြားပါ… သခင်ကြီးရဲ့ မျိုးဆက်နဲ့ တွေ့ဆုံလိုက်တာနဲ့ အလင်းရောင်ထွက်ပေါ်လာလိမ့်မယ်…”

“ဒါဆိုရင် ရှင်းသွားပြီ… ဒီလိုဆိုရင် ပိုလွယ်သွားပြီ…” ယီထျန်းယွမ်ရဲ့ မျက်လုံးများ လင်းလက်သွားသည်။ သူသည် မျိုးဆက်များကို မည်သို့ရှာဖွေရမည်ကို စဉ်းစားနေခဲ့ရာ၊ ဤကျောက်စိမ်းပြားရှိသည်ဆိုပါက အရာအားလုံး မခက်ခဲတော့ပေ။

ကျောက်စိမ်းပြားကို လက်ခံရရှိပြီးနောက် ယီထျန်းယွမ်က ဝိညာဉ်ရုပ်ကို ကြည့်ရင်း ပြောလိုက်သည်။

“ဒါဆိုရင် ဒီနေရာကို မင်းလက်ထဲ အပ်ထားလိုက်မယ်… ငါ ခဏထွက်သွားမယ်… နောက်တစ်ကြိမ်ပြန်လာတဲ့အခါ ဒီနေရာကို အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ အချိန်ဖြစ်လိမ့်မယ်…”

ကျင့်စဉ်အဆင့် မလုံလောက်သဖြင့် ဤနေရာကို တရားဝင်ပိုင်ဆိုင်သူ ဖြစ်လာနိုင်ခြင်း မရှိသလို ဤနေရာရှိ စွမ်းအားများကိုလည်း အပြည့်အဝ အသုံးမပြုနိုင်ချေ။ ဤသို့ဖြစ်နေရာ ဤနေရာတွင် ဆက်လက်နေထိုင်နေခြင်းသည် အဓိပ္ပါယ်မရှိပေ။

“ဒါဆိုရင် မင်း ဘယ်လိုထွက်သွားမှာလဲ…” ဝိညာဉ်ရုပ်က သူ့ကို အပေါ်အောက် စစ်ဆေးကြည့်ရင်း ပြောလိုက်သည်။ “လောလောဆယ် ဒီကနေ မထွက်သွားသင့်ဘူး… ဒီမှာပဲ အေးအေးဆေးဆေး ကျင့်စဉ်ကျင့်သင့်တယ်…”

ထိုအခိုက်အတန့်တွင် ယီထျန်းယွမ်၏ ခန္ဓာကိုယ်သည် တစ်ချက်လှစ်ခနဲ ပျောက်ကွယ်သွားပြီး ဝိညာဉ်ရုပ်၏ မျက်စိရှေ့မှ လုံးဝပျောက်ကွယ်သွားသည်။

ဝိညာဉ်ရုပ်သည် မှင်တက်မိသွားပြီး ကောင်းကင်တက်လှမ်းခြင်းနတ်ဘုရားစင်မြင့်တစ်ခုလုံးနှင့် အပြင်ဘက်ရှိ ကျယ်ပြန့်သော ဧရိယာကို သေသေချာချာ စစ်ဆေးကြည့်သော်လည်း ယီထျန်းယွမ်၏ အသက်ရှူမှုကို လုံးဝရှာမတွေ့နိုင်ခဲ့ချေ။

စိတ်ခံစားမှုမရှိသည့် ၎င်းပင်လျှင် အံ့အားသင့်စွာ မှင်တက်မိသွားရသည်…။

အခန်း (၅၅၀) ပြီးပါပြီ။

All Chapters