← Chapters

ဆုလာဘ်

Vol. 37 Ch. 551

ဆုလာဘ်

Vol. 37 Ch. 551

စင်မြင့်ထက်မှ မိုင်ငါးဆယ်အကွာတွင် ရုတ်တရက် လူရိပ်တစ်ခု တိတ်ဆိတ်စွာ ပေါ်ထွက်လာသည်။

ထိုသူမှာ ယီထျန်းယွမ်ပင်...။

တစ်ခဏအတွင်း မိုင်ငါးဆယ်အကွာသို့ ခုန်ကူးလာပြီး လုံခြုံစွာ ရောက်ရှိသွားသည်။ ယခင်က ဒုတိယအဆင့်ခုန်ကူးစွမ်းရည်ဖြင့် ဆယ်မိုင်အကွာသို့သာ ရောက်နိုင်ခဲ့သော်လည်း ဆန်းကြယ်မှတ်နှစ်သန်းကို အသုံးပြု၍ အဆင့်မြှင့်ပြီးနောက် ယခုတော့ မိုင်ငါးဆယ်အကွာအထိ ခုန်ကူးနိုင်ခဲ့ပြီ။

ထို့အပြင် စွမ်းရည်ပြန်လည်အသုံးပြုရန် အနားယူရသည့်အချိန်လည်း များစွာ တိုတောင်းလာသည်။ ယခုဆိုလျှင် တစ်နာရီခွဲခန့်သာ လိုအပ်ပြီး ထပ်မံအသုံးပြုနိုင်ပြီဖြစ်သည်။ ဤသို့ ဆက်လက်အဆင့်မြှင့်သွားပါက နောက်ပိုင်းတွင် မိနစ်အနည်းငယ်မျှဖြင့်ပင် ခုန်ကူးစွမ်းရည်ကို ထပ်မံအသုံးပြုနိုင်တော့မည်ဖြစ်သည်။

ထိုအခါ မည်သူက သူ့ကို လိုက်မီပြီး ဖမ်းဆီးနိုင်တော့မည်နည်း။ ထွက်ပြေးရာတွင် ဧကရာဇ်အဆင့်ဟု ဆိုနိုင်ပေတော့မည်။

ယခင်က သူသည် အဆင့်မြှင့်ရန် အလျင်မလိုခဲ့ပေ။ လက်ရှိအဆင့်ဖြင့် လုံလောက်နေသေးသည်ဟု ထင်မှတ်ထားသည်။ သို့သော် အစောင့်အများစုသည် မိုင်နှစ်ဆယ်ကျော်အကွာအတွင်း ရှိနေသဖြင့် ဆယ်မိုင်အကွာသို့သာ ခုန်ကူးနိုင်ခဲ့လျှင် သူ့အား ဖမ်းမိသွားနိုင်ဖွယ်ရှိသည်။ ထိုအခါ လူအုပ်ကြီးက သူ့ကို ဝိုင်းဝန်းတိုက်ခိုက်နိုင်သလို မင်းဆရာကိုယ်တိုင်ပါ ဝင်ရောက်တိုက်ခိုက်လာနိုင်သည်။ ထို့ကြောင့် ဆန်းကြယ်မှတ်နှစ်သန်းကို အသုံးပြု၍ ခုန်ကူးစွမ်းရည်ကို အဆင့်မြှင့်လိုက်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

“ခုန်ကူးစွမ်းရည်က တကယ်ကို အသုံးဝင်တာပဲ… အဲဒီ ပုံရိပ်ယောင်ဝိညာဉ်က ဘယ်လိုမျက်နှာပေးနဲ့ ဖြစ်နေမလဲမသိဘူး…” ယီထျန်းယွမ်က ပြုံးလိုက်ရင်း အနောက်ဘက်တွင် နတ်ဘုရားစင်မြင့်ကို ဝိုင်းထားသည့် လူအုပ်ကြီးကို လှမ်းကြည့်လိုက်သည်။ ထိုနေရာကို ရေပက်မဝင်နိုင်အောင် ဝိုင်းထားကြသည်။

အကယ်၍ တစ်စုံတစ်ယောက် အတွင်းမှ ထွက်လာပါက သူတို့၏ မျက်စိအောက်မှ လွတ်ထွက်သွားနိုင်မည် မဟုတ်ပေ။ ထို့အပြင် မင်းဆရာကိုယ်တိုင်က အမြဲစောင့်ကြည့်နေသဖြင့် အတွင်းမှထွက်လာသူသည် သူ၏ မျက်စိအောက်မှ လွတ်မြောက်နိုင်ရန် မဖြစ်နိုင်ပေ။

သို့သော် ယီထျန်းယွမ်က အတွင်းမှ ထွက်လာရန် အစီအစဉ်မရှိခဲ့ပေ။ သူသည် အပြင်ဘက်သို့ တိုက်ရိုက်ခုန်ကူးလာပြီး မျက်နှာအသစ်တစ်ခုသို့ ပြောင်းလဲလိုက်သဖြင့် အလွယ်တကူ လွတ်မြောက်လာနိုင်ခဲ့သည်။

“တာ့တာ… ဖြည်းဖြည်းဆော့ကစားကြပေတော့…”

ယီထျန်းယွမ်က ထိုအစောင့်များကို သတ်ဖြတ်ရန် မရည်ရွယ်ခဲ့ပေ။ အကယ်၍ မင်းဆရာက သူ့ကို သတိပြုမိသွားပါက ထွက်ပြေးရန်ပင် ခက်ခဲသွားနိုင်သည်။

ခုန်ကူးစွမ်းရည်ဖြင့် မိုင်ငါးဆယ်အကွာသို့ ရောက်ရှိနိုင်ခြင်းသည် အလွန်ထူးကဲသော်လည်း သူတော်စင်ဧကရာဇ်အဆင့်၏ ဝိညာဉ်အာရုံသည် မိုင်တစ်ရာကျော်အကွာအထိ ဖြန့်ကျက်နိုင်သည်။ ထို့ကြောင့် အလွန်လျှို့ဝှက်သောနေရာသို့ ခုန်ကူးမသွားနိုင်လျှင် ထွက်ပြေးရန် အတော်လေး ဒုက္ခရောက်နိုင်သည်။

မင်းဆရာသည် ဤဘက်သို့ အာရုံစူးစိုက်နိုင်သော်လည်း သူ၏ အာရုံစွမ်းအားအားလုံးကို ကောင်းကင်တက်လှမ်းခြင်းနတ်ဘုရားစင်မြင့်ပေါ်တွင်သာ ထားရှိထားသဖြင့် အနောက်ဘက်ကို အာရုံစူးစိုက်ရန် မဖြစ်နိုင်ပေ။

ထို့နောက် ယီထျန်းယွမ်သည် တွေဝေမနေဘဲ လှည့်ထွက်သွားသည်။ နောက်တစ်ကြိမ် ဤနေရာသို့ ပြန်လာသောအခါ စိတ်ဝိညာဉ်ဘုရင်အဆင့်သို့ ရောက်ရှိပြီးမှသာ ဖြစ်လိမ့်မည်။ ဤအဆင့်အောက်တွင်ဆိုလျှင် ပြန်လာရန် မလိုအပ်သလို အဓိပ္ပါယ်လည်း မရှိပေ။

မင်းဆရာတို့၏ အခြေအနေကို ယီထျန်းယွမ်က ဂရုမစိုက်တော့ပေ။ သူတို့သည် ဤနေရာကို ဖျက်ဆီးပစ်မည်မှာ သေချာသော်လည်း အချိန်ကြာလာသည်နှင့်အမျှ လက်လျှော့ရမည်သာ ဖြစ်သည်။ ထိုအခါ ဤနေရာကို စောင့်ကြည့်ရန် လူအနည်းငယ်ကိုသာ ထားရှိလိမ့်မည်။ အကယ်၍ မင်းဆရာက အတွင်း၌ မည်သူမျှမရှိကြောင်း သိရှိသွားပါက မည်သို့သော ခံစားချက်ဖြစ်ပေါ်မည်နည်း...။

ထွက်ခွာပြီးနောက် ယီထျန်းယွမ်သည် ဖီးနစ်နယ်မြေသို့ တိုက်ရိုက်ပြန်လည်ပျံသန်းသွားသည်။ သူသည် ကောင်းကင်တက်လှမ်းခြင်းနတ်ဘုရားစင်မြင့်၌ အချိန်အတော်ကြာနေထိုင်ခဲ့ပြီဖြစ်သဖြင့် မိတ်ဆွေများ စိတ်ပူမည်စိုးရိမ်သဖြင့် ပြန်လည်ရောက်ရှိရန် အချိန်တန်ပြီဖြစ်သည်။

မကြာမီ သူသည် ဖီးနစ်နယ်မြေသို့ ရောက်ရှိလာပြီး မီးသဖန်းပင်တောအုပ်ထဲသို့ ပျံသန်းဝင်လာစဉ် ချက်ချင်းပင် တစ်စုံတစ်ယောက်က သူ့ကို တားဆီးလိုက်ပြီး သတိထားလျက် ကြည့်လိုက်သည်။

“ဘယ်သူလဲ…”

သို့သော် သူ့ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်နှင့် အစောင့်တစ်ဦးက အံ့သြစွာ အော်လိုက်သည်။

“ဖီးနစ်တမန်တော်သခင်ကြီး…”

ယီထျန်းယွမ်သည် သူ၏ မူရင်းမျက်နှာသို့ ပြန်လည်ပြောင်းလဲထားပြီဖြစ်သဖြင့် ချက်ချင်းပင် အသိအမှတ်ပြုခံရသည်။ သို့သော် အစောင့်များက တင်းတင်းကြပ်ကြပ် ကြည့်ရှုလျက် ပြောလိုက်သည်။

“ကျေးဇူးပြု၍ အထောက်အထားပြပါအုံး သခင်ကြီး…”

အထောက်အထားသင်္ကေတသည် အလွန်အရေးကြီးသည်။ ယီထျန်းယွမ်သာမက အခြားအကြီးအကဲများပင် ပြန်လည်ရောက်ရှိလာပါက ဤအထောက်အထားသင်္ကေတကို ပြသရမည်ဖြစ်သည်။ မျက်နှာပြောင်းလဲခြင်းသည် ပြဿနာမဟုတ်သော်လည်း သင်္ကေတကို အတုလုပ်ရန်မှာ မဖြစ်နိုင်ပေ။

မျက်နှာသွင်ပြင်နှင့် သင်္ကေတနှစ်ခုစလုံးကို ဂရုတစိုက် စစ်ဆေးပြီးမှသာ လူတစ်ဦး၏ အထောက်အထားကို အတည်ပြုနိုင်သည်။

ယီထျန်းယွမ်က ဖီးနစ်တမန်တော်သင်္ကေတကို ထုတ်ယူ၍ ရှေ့သို့ပြသလိုက်သည်။ ထိုအခါ အစောင့်များ၏ မျက်နှာများ ချက်ချင်းပြောင်းလဲသွားပြီး လမ်းဖယ်ပေးလိုက်သည်။

“ဖီးနစ်တမန်တော်သခင်ကြီး ပြန်လည်ရောက်ရှိလာတာကို ကြိုဆိုပါတယ်…”

သူတို့၏ လေသံသည် လေးစားမှုအပြည့်ဖြစ်ပြီး ယီထျန်းယွမ်သည် အခြားမျိုးနွယ်ဖြစ်သည်ဟူသော အကြောင်းဖြင့် မထီမဲ့မြင်ပြုခြင်း သို့မဟုတ် ရန်လိုခြင်း မရှိချေ။ ယီထျန်းယွမ်သည် ဤနေရာ၌ များစွာသော အကျိုးပြုမှုများ ပြုလုပ်ထားပြီးဖြစ်သဖြင့် ဖီးနစ်မျိုးနွယ်၏ အသိအမှတ်ပြုမှုကို ရရှိထားပြီး မည်သူကမျှ သူ့ကို ဖယ်ကြဉ်ခြင်း မရှိတော့ပေ။

ယီထျန်းယွမ်က ခေါင်းညိတ်ပြီး အတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားသည်။ ယန်အာတို့အိမ်သို့ ပြန်ရောက်သောအခါ လော့အကြီးအကဲက သူ၏ မြေးမလေးနှင့် ကစားနေသည်ကို မြင်လိုက်ရပြီး သူ့မျက်နှာတွင် ပြုံးရွှင်မှုများ ထင်ဟပ်လာသည်။

“ဖေဖေ…”

ယီထျန်းယွမ်ကို မြင်လိုက်ရသည်နှင့် ယန်အာ၏ မျက်လုံးများ တောက်ပလာပြီး သူ့ထံသို့ ပြေးဝင်လာသည်။ အနီးအနားရှိ နှင်းဖီးနစ်လည်း အတူတူ ပြေးဝင်လာပြီး သူ့အား နှုတ်သီးဖြင့် ထိုးကျွမ်းကာ အော်ဟစ်နေသည်။ ယီထျန်းယွမ်က သူ့ကို မခေါ်ဆောင်သွားသည့်အတွက် စိတ်ဆိုးနေသည့်ပုံပေါ်သည်။

“အေးပါအေး… နောက်တစ်ခါ မင်းကို ခေါ်သွားမယ်လေ…” ယီထျန်းယွမ်က ၎င်း၏ ခေါင်းကို ပုတ်လိုက်သည်။ ကောင်းကင်တက်လှမ်းခြင်းနတ်ဘုရားစင်မြင့်သို့ သွားရာတွင် နှင်းဖီးနစ်ကို ခေါ်ဆောင်သွားရန် မဖြစ်နိုင်ပေ။ ၎င်းသည် လှုပ်ရှားရန် အဆင်မပြေချေ။

“ဖေဖေ… ကျွန်မကိုလည်း ခေါ်သွားပါဦး… ဖေဖေက ကျွန်မကို မလိုချင်တော့ဘူးလို့ ထင်နေတာ…” ယန်အာက မျက်ရည်ဝဲလျက် သူ့ကို ကြည့်နေပြီး ယခင်အတိုင်း သူ့အား တွယ်ကပ်နေသည်။

“ဘယ်လိုလုပ်မလိုချင်ပါ့မလဲ… မင်းမှာ လော့အကြီးအကဲက အတူကစားပေးနေတာမဟုတ်လား…” ယီထျန်းယွမ်က သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။

“ဖီးနစ်တမန်တော် ပြန်ရောက်လာပြီပဲ…”

လော့အကြီးအကဲက စိတ်လှုပ်ရှားစွာ လျှောက်လှမ်းလာသည်။ ယီထျန်းယွမ်သည် ကြာရှည်မပြန်လာသလို မင်းဆရာကိုယ်တိုင် ရောက်လာကြောင်း ကြားသိရသဖြင့် အနည်းငယ် စိတ်ပူပန်နေခဲ့သည်။

ယခု သူ ဘေးကင်းစွာ ပြန်ရောက်လာသည်ကို မြင်ရသဖြင့် လော့အကြီးအကဲ ဝမ်းမြောက်မိသည်။

“ဟုတ်ကဲ့… ဘေးကင်းစွာ ပြန်ရောက်လာပါပြီ… ဘာပြဿနာမှ ဖြစ်မှာမဟုတ်ဘူးလို့ ကျွန်တော်ပြောထားပြီးသားပဲ…” ယီထျန်းယွမ်က ပြုံးလျက် ပြောသည်။ “ဒီတစ်ခေါက်က ကောင်းကင်မင်နတ်ဘုရားနိုင်ငံရဲ့ သန်မာသူတွေကို ငါးယောက်တောင် သတ်ပစ်လိုက်ပြီး အမွေအနှစ်ပါ ရလာတယ်… ခံစားချက်က မဆိုးဘူးပဲ…”

“မျိုးနွယ်ခေါင်းဆောင်က သင်ပြန်ရောက်လာတာနဲ့ သူ့ထံသို့ ချက်ချင်းလာခဲ့ဖို့ မှာထားပါတယ်…” လော့အကြီးအကဲက ပြုံးလျက် ပြောသည်။

“ဒါဆိုလည်း အခုပဲ သွားကြတာပေါ့…” ယီထျန်းယွမ်က ပြုံးလျက် ယန်အာကို ပွေ့ချီပြီး အကြီးအကဲခန်းမဆီ လျှောက်လှမ်းသွားသည်။

အကြီးအကဲခန်းမသို့ ရောက်ရှိသောအခါ ဘိုင်ရွှယ်ဟွမ်က တစ်စုံတစ်ယောက်နှင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။ သူတို့ ဝင်ရောက်လာသည်ကို မြင်သောအခါ ဘိုင်ရွှယ်ဟွမ်က မျက်လုံးတစ်လှည့်ကြည့်လာပြီး ယီထျန်းယွမ်ကို မြင်လိုက်ရသည်နှင့် မျက်လုံးများ တောက်ပလာသည်။

“မင်းဘေးကင်းကင်း ပြန်ရောက်လာမယ်ဆိုတာ ငါသိပြီးသားပဲ… ဒီတစ်ခေါက်မင်းက အကြီးမားဆုံး အောင်မြင်မှုတွေ ထွေးပိုက်လာတာပဲ…”

“အဲဒီလောက်လဲ မဟုတ်ပါဘူး… လော့အကြီးအကဲတို့ရဲ့ အကူအညီမရှိရင် ကျွန်တော်လည်း ဒီလောက်ထိ လုပ်နိုင်မှာ မဟုတ်ပါဘူး…” ယီထျန်းယွမ်က အလွန်နှိမ့်ချစွာ ပြောလိုက်သည်။

“မနှိမ့်ချပါနဲ့… မင်းလုပ်ခဲ့တဲ့ ကိစ္စတွေကို ငါအကြမ်းဖျင်း သိထားပြီးသားပါ… အထူးသဖြင့် စိတ်ဝိညာဉ်ဘုရင်အဆင့် သန်မာသူတွေကို ငါးယောက်တောင် ဆက်တိုက်သတ်ပစ်ခဲ့တယ်ဆိုတာ… ဒီလို ရဲရင့်မှုမျိုးက ဖီးနစ်မျိုးနွယ်မှာတောင် ရှားပါးတယ်…” ဘိုင်ရွှယ်ဟွမ်က ပြုံးလျက် ပြောသည်။ “ဒီတစ်ခေါက်က ရတနာသိုက်ကို မရခဲ့ပေမယ့် ကောင်းကင်မင်နတ်ဘုရားနိုင်ငံရဲ့ အင်အားကို ထိထိရောက်ရောက် ချိုးနှိမ်နိုင်ခဲ့တာက ငါတို့ရဲ့ ပန်းတိုင်ကို ပြီးပြည့်စုံစွာ အောင်မြင်ခဲ့တာပဲ… ဒီတစ်ခေါက် မင်းက အကြီးမားဆုံး အောင်မြင်သူပဲ… ဘယ်လို ဆုလာဘ်လိုချင်လဲ… ငါ တတ်နိုင်သမျှ ဖြည့်ဆည်းပေးမယ်…”

“- ‘ကောင်းကင်မင်ယံကို သိမ်းပိုက်ပြီး ရတနာများကို သိမ်းယူရန်’ မစ်ရှင်ကို အောင်မြင်စွာ ပြီးမြောက်ပြီးပါပြီ… ဆုလာဘ်အဖြစ် အတွေ့အကြုံအမှတ် သန်းသုံးရာ၊ ဆန်းကြယ်မှတ် တစ်သန်း၊ အပြစ်မှတ် ငါးသောင်း၊ ဖီးနစ်မျိုးနွယ်နှင့် ရင်းနှီးမှု တစ်ရာတိုးလာပါပြီ…”

ဤအခါ မစ်ရှင်သည် နောက်ဆုံးတွင် ပြီးမြောက်သွားပြီး အံ့သြဖွယ်ဆုလာဘ်များကို ရရှိခဲ့သည်။ ဤခရီးသည် အချည်းနှီးဖြစ်မနေခဲ့ပေ။

“ဆုလာဘ်အနေနဲ့ဆိုရင်… ကျွန်တော်က ဝိညာဉ်စွမ်းအင်ဖြည့်မြက်ပဲ လိုချင်ပါတယ်…” ယီထျန်းယွမ်က ပြုံးလျက် ပြောသည်။ သူလိုချင်သည်မှာ ဝိညာဉ်စွမ်းအင်ဖြည့်မြက်တစ်ခုသာဖြစ်သည်။

“ဝိညာဉ်စွမ်းအင်ဖြည့်မြက်လား… ဒါကတော့ အနည်းငယ်ခက်ခဲမယ်… လက်ရှိမှာ ဝိညာဉ်စွမ်းအင်ဖြည့်မြက်က မရှိတော့ဘူး… အဆင့်မြင့်သူတော်စဉ်လက်နက်တွေကိုတောင် မင်းစိတ်ကြိုက်ရွေးလို့ရတယ်… ဒါပေမယ့် ဝိညာဉ်စွမ်းအင်ဖြည့်မြက်ကတော့ မရှိဘူး…” ဘိုင်ရွှယ်ဟွမ်က မတတ်နိုင်ဟန်ဖြင့် ပြောသည်။

ဝိညာဉ်စွမ်းအင်ဖြည့်မြက်သည် အဆင့်မြင့်သူတော်စဉ်လက်နက်ထက် ဈေးသက်သာသော်လည်း ၎င်းကို မရရှိနိုင်ခဲ့ပေ။

“ဒါဆိုလည်း ယာယီအနေနဲ့ ဘာမှ မလိုအပ်ပါဘူး…” ယီထျန်းယွမ်က ခေါင်းခါလိုက်သည်။ သူသည် အခြားအရာများကို စိတ်မဝင်စားပေ။

“အဆင့်မြင့်သူတော်စဉ်လက်နက်တောင် မလိုချင်ဘူးလား…” ဘိုင်ရွှယ်ဟွမ်က မျက်ခုံးတွန့်လျက် မေးသည်။

“စိတ်မဝင်စားပါဘူး… ကျွန်တော်က အဲဒါတွေကို သုံးစရာမှမလိုတာ… ယူလာပြီး ဘာလုပ်ရမလဲ…” ယီထျန်းယွမ်က ခေါင်းခါလိုက်သည်။

“ဒါဆိုရင်… ဖီးနစ်တော်ဝင်သွေးအနှစ်သာရကရော…” ဘိုင်ရွှယ်ဟွမ်၏ မျက်ဝန်းများသည် မျဉ်းကွေးတစ်ခုအဖြစ် ကျဉ်းမြောင်းလာပြီး ယီထျန်းယွမ်ကို ဂရုတစိုက် ကြည့်လျက် ကြီးမားသော ဆွဲဆောင်မှုတစ်ခုကို ထုတ်ပြလိုက်သည်။

ယီထျန်းယွမ်က ဘိုင်ရွှယ်ဟွမ်ကို ကြည့်လိုက်သည်။ ၎င်းသည် အမှန်တကယ်ပင် အဖိုးတန်လှသည်။ ဤသည်မှာ ဆုလာဘ်ပေးရုံသက်သက်မဟုတ်ဘဲ သူ့ကို ဖီးနစ်မျိုးနွယ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အပြည့်အဝဆွဲဆောင်လိုခြင်းဖြစ်သည်ဟု သူခံစားရသည်။

သို့သော် သူသည် ဤကိစ္စအပေါ် ထင်မြင်ချက်မရှိပေ။ ဖီးနစ်မျိုးနွယ်နှင့် ဆက်ဆံရေးကောင်းမွန်နေပြီဖြစ်သဖြင့် ၎င်းတို့က ပိုမိုရင်းနှီးရန် ကြိုးစားလိုပါက သူအတွက် ကိစ္စမရှိပေ။

“မျိုးနွယ်ခေါင်းဆောင်က ပေးချင်တယ်ဆိုရင်… ကျွန်တော်ကတော့ ဘာမှ ပြဿနာမရှိပါဘူး… မငြင်းဘူးဆိုပါတော့ပေါ့…” ယီထျန်းယွမ်က ပြုံးလျက် ပြောသည်။ မယူရင်တော့ မိုက်မဲရာကျပြီပေါ့။

အခန်း (၅၅၁) ပြီးပါပြီ။

All Chapters