← Chapters

( ဆိုင်ရဲ့ ကြီးထွားလာမှု!)

Vol. 7 Ch. 97

( ဆိုင်ရဲ့ ကြီးထွားလာမှု!)

Vol. 7 Ch. 97

…..

အရန်မစ်ရှင်တစ်- နို့​ရေခဲမုန့် ခွက် 50 ရောင်းရန်။

တိုးတက်မှု- 0/50။

ဆုလာဘ်- ​ရောင်းကုန်အသစ်ပွင့်မည်။ ချောကလပ်ရေခဲမုန့် ပွင့်မည်။ အလုပ်ချိန်ပြီးရင် စက်ကိုပို့ထားမည်။

…..

ဟောင် စနစ်ကို ချက်ချင်း ပြောလိုက်မိသည်။

‘ နေ..နေ.. နေအုံး’

‘ ရေခဲမုန့်ကို ခွက်နဲ့ရောင်းမှာလား? ကတော့နဲ့ ရောင်းရမှာလား?’

ဟောင်ရဲ့ မျက်နှာပေါ်မှာ အပြုံးကြီး.ဖြစ်ပေါ်လာ၏။

ကတော့နဲ့လား? အဲ့လိုဆို ပိုကောင်းမှာပဲ!

ကတော့နဲ့ စားရတာကြိုက်တဲ့ ပရိတ်သတ်က အမြဲအင်အားတောင့်သည်။

ရေခဲမုန့်ကို ကတော့နဲ့စားရတာက မတူညီတဲ့ ခံစားချက်တစ်ချို့ ရစေသည်။

ဘေးဘက်ကိုတစ်ဖြည်းဖြည်း အရည်ပျော်သွားမဲ့အပြင်…

ထိပ်ပိုင်းကို ကုန်အောင် စားပြီးသွားတာနဲ့ ကတော့ကို ဝါးစားလို့ရအုံးမည်။

ခွက်နဲ့ဆို ဘေးလဲ မဖိတ်တော့ပဲ…

သန့်ရှင်းသည်။

ဒါပေမဲ့ ကတော့နဲ့ကမှ ရေခဲမုန့်စားရတဲ့ အတွေ့အကြုံကို ပေးနိုင်သည်လေ!

ကောင်းမွန်တဲ့ အချိုပွဲက အနည်းငယ်သော ညစ်ပတ်မှုကို ဖြစ်စေမှာပဲ။ ဒါမှ အနည်းငယ် ပျော်ရမှာပေါ့။

ဒါ့အပြင် ကျွတ်ဆက်တဲ့ ကတော့ချွန်အောက်ပိုင်းကို လက်ကျန်ရေခဲမုန့်နဲ့ တွဲဝါးလိုက်ရမဲ့ နောက်ဆုံးတစ်ကိုက်ကို မကြိုက်တဲ့သူ ရှိလို့လား?

အကောင်းဆုံးအပိုင်းကို နောက်ဆုံးမှ စားလိုက်ရတာပဲ။

‘ စနစ် ဆိုင်ကို အဆင့်​မြင့်တာနဲ့ ရေခဲမုန့်စက်ပါ ရမှာပေါ့ ဟုတ်လား?’

( အမှန်ပဲ ပိုင်ရှင်။ ဆိုင်ကို ချဲ့ထွင်ပြီး ရေခဲမုန့်စက်ပါ ထားပေးမှာ။ အလုပ်ချိန်ပြီးရင် ပို့ထားပေးမယ်)

ဟောင် ခေါင်းညိတ်လိုက်ရင်း စိတ်လှုပ်ရှားလာသည်။

‘ နောက်ဆုံးတော့ အစားစားပြီး အချိုတည်းဖို့ ရပြီ’

အစားစားပြီး အချိုတည်းလိုက်ရင် အမြဲတမ်း စိတ်ကျေနပ်စေသည်လေ။

နေ့တစ်နေ့ကို ပြီးပြည့်စုံစေမဲ့ အကောင်းဆုံးနည်းလို့ ခံစားရသည်။

ရိုးရှင်းတဲ့ အထောက်အပံ့တစ်ခုပဲ။

……

အရန်မစ်ရှင်နှစ်- ဖျော်ရည်ဗူးကနေ ဝိညာဥ်ကျောက်တုံး 400 စုဆောင်းရန်။

တိုးတက်မှု- 0/400

ဆုလာဘ်- ရောင်းကုန်အသစ်ပွင့်မည်- လေပြင်းတောင်ပံ ဖျော်ရည်။

( အလုပ်ချိန်ပြီးရင် ဂိုထောင်ကို ပို့ပေးထားမည်)

…….

​လေပြင်းတောင်ပံ ဖျော်ရည် ဟုတ်လား?

အဲ့ဒါက ကမ္ဘာပေါ်မှာတုန်းက ကြော်ငြာ အဆန်းကြီးတွေနဲ့ ​ကြော်ငြာတတ်တဲ့ ဖျော်ရည်မလား?

လက်မောင်းနှစ်ဖက်မှာ ကတ်ထူနှစ်ခုကို အတောင်ပံလိုတပ်ပြီး အိမ်ခေါင်မိုးက ခုန်ချပြတာတို့…

စိတ်ထဲမှာ ဆုတောင်းတစ်ခုသာပြုပြီး တောင်အောက်ကို စကိတ်နဲ့ ဆင်းပြတာတို့…

ရောင်းကုန်နဲ့ ဘာမှမဆိုင်တဲ့ ကြော်ငြာမျိုးတွေနဲ့ပဲ ကြော်ငြာတာလေ။ ဖျော်ရည်နဲ့ လားလားမှ မဆိုင်ဘူး။

‘ ငါအရင်က တစ်ဗူးသောက်ဖူးတယ်။.ပြီးတော့ တစ်ကယ်ကို တစ်နေကုန် လန်းဆန်းနေတော့တာပဲ’

ဟောင် သူ့ရဲ့ တစ်ကြိမ်တစ်ခါက စပ်စုခဲ့ပုံကို ပြန်အမှတ်ရသွားသည်။

သူ တစ်ဗူးသောက်ကြည့်ခဲ့သည်။

သောက်ပြီးငါးမိနစ်ကြာတာနဲ့ သူ အရမ်းလန်းဆန်းသွားတာမို့ တစ်ခန်းလုံးကိုလဲ သန့်ရှင်းရေးလုပ်ခဲ့သည်။ အိမ်စာ သုံးအုပ်လုံးလဲ ပြီးသွားသလို ပျင်းနေတာနဲ့ ဗီရိုထဲက အဝတ်တွေကို အရောင်တွေအလိုက် ပြန်စီခဲ့သေးသည်။

သူ ရယ်လိုက်တော့သည်။

အရမ်းကို အားပြင်းလွန်းတဲ့ အချိုရည်လေ။

အရမ်းအရမ်းကို အားပြင်းသည်။

အရိုင်းဆန်စိတ်ဝင်သွားတဲ့ သားရဲတစ်ကောင်လို အင်အားတွေ ပြည့်လာတာပင်။

ဆိုင်ရဲ့ အခြေအနေကြောင့် ပိုပြီး အစွမ်းပြင်းလောက်သည်။

ဒီမှာရှိသမျှ ပစ္စည်းတွေကို ဆိုင်ရဲ့ မှော်အစွမ်းနဲ့ ထိထားတာပဲ။

ဒီတစ်ခေါက် ဖျော်ရည်က တစ်ကယ်ပဲ အတောင်ပံ ပေါက်ရင် ပေါက်လာစေမှာ။

‘ ဘာအစွမ်းများပေးမလဲ သိချင်နေမိပြီ’

……..

အရန်မစ်ရှင်သုံး- ဒုတိယဆိုင်ဝန်ထမ်း ခန့်ပါ။ မိုရှီရှီကို အရမ်းခိုင်းစားဖို့ ကြံနေတာတော့ မဟုတ်ဘူးမလား?

တိုးတက်မှု- 0/2

လိုအပ်ချက်- သိုင်းသူတော်စင် နောက်ဆုံးအဆင့်နဲ့ ထိုအဆင့်ထက် မြင့်တဲ့သူ ဖြစ်ရမည်။.သင့်တော်သူ တွေ့လျှင် စနစ်မှ အသိပေးမည်။

ဆုလာဘ်- အလုပ်သမားတွေအတွက် နားကြပ်ရမည်။ အလုပ်ချိန်ပြီးလျှင် ဂိုထောင်ကို ပို့ပေးထားမည်။

……..

ဒုတိယဝန်ထမ်းက သူ တစ်ချိန်လုံး စောင့်နေခဲ့ရတဲ့ မစ်ရှင်ပဲမလား?

သူ့ရဲ့ လက်ကို အသာ​မြှောက်ကာ မျက်နှာပေါ်က အပြုံးကြီးကို ဖုံးကွယ်ဖို့ ကြိုးစားလိုက်သည်။

‘ စနစ် မင်းနောက်ဆုံးတော့ ငါ့စကားနားထောင်ပြီပဲ။ မင်းက ကြင်နာတတ်မှန်း ငါသိနေတယ်’

အချိန်ကျပြီလေ။

ဒုတိယ အကူ ခန့်လိုက်တာရဲ့ ဆိုလိုရင်းက သူ အပြစ်ရှိစိတ် မခံစားရဘဲ အနားယူလို့ရပြီ။

သေချာပေါက် အနီးကပ် စောင့်ကြည့်ပေးဖို့တော့ လိုအုံးမှာပေါ့။

ကောင်တာကို တစ်ခြားတစ်ယောက်က ကြည့်ပေးနေရင်တောင်မှ သူက ဆိုင်ရှင်ပဲ။

ထို့နောက်မှာ သူ့ရဲ့ မျက်လုံးတွေက ဆုလာဘ်နေရာကို.ရောက်သွားလေ၏။

အလုပ်သမားတွေအတွက် နားကြပ်တဲ့လား?

သူ့ရဲ့ခေါင်းကို စောင်းလိုက်သည်။

‘ နားကြပ်..? ဘာနဲ့ချိတ်ဆက်မှာလဲ?’

ဘလူးတု နဲ့လား? ဝိုင်ဖိုင်နဲ့လား?

ဒါက ကမ္ဘာကြီးမှ မဟုတ်တာ။

အပေါ်ကိုလွှတ်တင်ထားတဲ့ ဂြိုလ်တုမှ မရှိတာပဲ။

‘ ဒါမှမဟုတ်… သီချင်းတွေကို ဒေါင်း ပေးထားပြီးသားများလား?’

ဟောင်ရဲ့ မျက်လုံးထဲသို့ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထျန်းလုက လက်သီးတွေ ဝဲပျံရင်း သူနဲ့ အတည်အတံ့လေ့ကျင့်နေချိန်မှာ…

နားကြပ်က ထွက်လာတဲ့ သီချင်းသံ အကျယ်ကြီးကို ခေါင်းတစ်ညိတ်ညိတ် နားထောင်နေတာမျိုးပေါ့…

‘ သီချင်း နား​ထောင်နေရင်း တိုက်ရင် ပိုမြန်သွားလောက်လား?’

ရယ်ချင်စရာ မြင်ကွင်းမျိုးကြောင့် ဟောင် ထုတ်ရယ်မိတော့မတတ်ပင်။

ဟောင် အတွေးဆက်မလွန်ခင်မှာပဲ စနစ်ရဲ့ အသံကို ကြားလိုက်ရသည်။

( သီချင်းမထွက်ဘူး ပိုင်ရှင်။ အဓိက ရည်ရွယ်ချက်က ဆက်သွယ်ဖို့ပဲ။ ချီစွမ်းအင်၊ စိတ်ဝိညာဥ်အာရုံခံမှုနဲ့ သိုင်းကျင့်စဥ်တွေကို ပိတ်ပင်ထားတဲ့ နေရာ ရောက်နေရင်တောင်မှ စကားပြောခွင့်ပြုပေးနိုင်တယ်။ နေရာတွေ ခြားနေရင်တောင် ရတယ်)

စနစ်ရဲ့ အသံက အနည်းငယ် ဘဝင်ဟပ်နေသလိုပဲ။

ဒီကောင်.. လာကြွားနေတာလား?

‘ အခြေခံကျကျ ပြောရရင် အဆင့်မြင့်ထားတဲ့ ဝေါ်ကီတော်ကီ သာသာပဲ ရှိတာကိုများ’

စနစ်ကဘာမှ ပြန်မပြောလာခဲ့ဘူး။

ငါလဲ မျှော်လင့်မနေပါဘူး။

‘ မင်း တွေးကြည့်သင့်တယ် စနစ်’

ဟောင် ပုခုံးတွန့်လိုက်သည်။

မနက်ဖြန်က နေ့ကြီးနေ့ကောင်း ဖြစ်တော့မှာပဲ။

ဒီလိုနဲ့ မနက်ခင်းမှာ ဟောင် စောစော နိုးလာခဲ့သည်။

အပြင်ဘက်က ကောင်းကင်သည် မှောင်မဲနေဆဲ ဖြစ်ပြီး ကြယ်တစ်ချို့သာ မှိတ်တုတ်မှိတ်တုတ် အလင်းထုတ်ပေးနေ၏။

ဆိုင်တစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။

မိုရှီရှီ၊ ထျန်းလုနဲ့ ခူရိုမီတို့ မိသားစုလဲ အိပ်နေဆဲပဲ။

အေးစက်စက် အအေးဓာတ်ကို ခံစားရင်း ဟောင် အနည်းငယ် အကြောဆန့်လိုက်သည်။

တတိယထပ်ကနေ သူဆင်းလာလိုက်၏။

ဒါပေမဲ့ ဒုတိယထပ်ကို ရောက်တဲ့အချိန်မှာပဲ သူ အေးခဲသွားခဲ့သည်။

“ သေစမ်း”

ဒုတိယထပ်က လုံးဝကို ကွဲပြားနေသည်။

ပိုပြီးကြီးလာသလို ခံစားရသည်။

စနစ်ရဲ့ ပြောင်းလဲမှုစကေးက.. သွားရှုတ်လို့ မရဘူးနော်။

အခု အသစ်စက်စက် အိပ်ခန်းအသစ် ထပ်ထွက်ပေါ်လာခဲ့ပြီ။

သန့်စင်ခန်းလဲ လေးခန်းဖြစ်သွားသည်။

နဂိုရှိတဲ့ အိပ်ခန်းသုံးခုနဲ့ သန့်စင်ခန်းသုံးခုမှာ ထပ်ပေါင်းလိုက်တော့ အခု စုစုပေါင်း အခန်း ၈ ခန်းဖြစ်သွားခဲ့ပြီ။

မီးဖိုခန်းကတော့ အရင်အတိုင်းပင်။

ဒါပေမဲ့ ဧည့်ခန်းကတော့လား?

ဧည့်ခန်းက နှစ်ဆ ဖြစ်သွားပြီ။

အထီးကျန်နေတဲ့ ဆိုဖာတစ်ခုတည်း မဟုတ်တော့ဘူး။.ဆိုဖာ နှစ်ခု ဖြစ်သွားပြီ။

နံရံတွေကိုလဲ မသိရင် အနောက်တွန်းပို့ခံထားရတဲ့အတိုင်းပင်။

‘ ဒီစနစ်က လူတွေကို ကြိုပြောရတာ ကောင်းကောင်းကြိုက်တာပဲ’

ဆိုင်ရဲ့ အစမှာ ကောင်တာမှာ ရပ်နေတဲ့ သူ တစ်ယောက်ပဲ ရှိခဲ့သည်။

အခုတော့ လူတွေရောက်လာပြီ။

အဖော်တွေ ရလာပြီ။

ဝန်ထမ်းအစစ်တွေနဲ့ ဆိုင်က သာမာန်ဆိုင်တစ်ခု မဟုတ်တော့ဘူး။

အဆင့်မြင့်ဂိုဏ်းကြီး တစ်ခု မဟုတ်ပါချေ။

ဒါပေမဲ့ စစ်မှန်သော အိမ်တစ်ခု ဖြစ်လာခဲ့သည်။

ဟောင် လည်ပင်းအကြောဆန့်လိုက်ရင်း

‘ အမလေး ငါ စိတ်ကူးတွေယဥ်နေမိတာ ကြည့်ပါအုံး’

ဒါပေမဲ့ စိတ်ထဲမှာတော့ သူ ဂုဏ်ယူနေမိတာပင်။

သူ အခု တစ်ယောက်ထဲ မဟုတ်တော့ဘူး။

ဒီလိုနဲ့ပဲ သူ ပထမထပ်ထိကို ဆင်းသွားလိုက်သည်။

ဂိုထောင်က အရင်အတိုင်းပင်။

ကြီးမားကျယ်ပြန့် သည်။

အသစ်ရောက်ထားတဲ့ ပစ္စည်းတစ်ချို့နဲ့ နေရာတော့ ပြည့်နေသည်။

ဒါပေမဲ့ ဧရာမ ဂိုထောင်ကြီးလို ခံစားရဆဲပဲ။

ဒါပေမဲ့ သူဒီကို ရောက်လာတာ ပစ္စည်းတွေကြောင့် မဟုတ်ဘူး။

သူ့ရဲ့ စိတ်လှုပ်ရှားမှုအစစ်က ဆိုင်ရှေ့မှာပဲ။

ဂိုထောင်နဲ့ ဆိုင်ရှေ့နဲ့ကို ဆက်သွယ်ထားတဲ့ တံခါးကနေ သူ ဖြတ်ဝင်သွားလိုက်သည်။

စနစ်က သူ့ကို စိတ်မပျက်စေခဲ့ဘူး။

သူ ချက်ချင်းပဲ ပြောင်းလဲမှုတစ်ခုကို တွေ့လိုက်ရသည်။

All Chapters