← Chapters

( ဆိုင်ရဲ့ ဒီဇိုင်းအသစ်လား? ရေခဲမုန့်စက်!)

Vol. 7 Ch. 98

( ဆိုင်ရဲ့ ဒီဇိုင်းအသစ်လား? ရေခဲမုန့်စက်!)

Vol. 7 Ch. 98

ဆိုင်ရဲ့ ရှေ့ခန်းက လုံးဝကို ကွဲပြားနေခဲ့သည်။

အရင်အရွယ်အစားထက် နှစ်ဆမက ပိုကြီးထွားသွားခဲ့သည်။

သုံးဆလောက်တော့ မဟုတ်ပေမဲ့ နှစ်ဆမကတော့ ကျယ်ဝန်းသွားတာပင်။

ပစ္စည်းတင်ထားတဲ့ စင်တွေလဲ ပိုရှည်သွားပြီး နံရံမှာ သပ်ရပ်စွာ ကပ်ထားသည်။

ပိုများတဲ့ စင်အလွတ်တွေ ရောက်လာခဲ့သည်။

သာမာန် ချောင်ကျကျ ဆိုင်တစ်ခုဆိုတာထက် တစ်ကယ့် ဆိုင်ကြီးဆိုင်ဝန်းတစ်ခုနှင့် ပိုတူလာသည်။

‘သေစမ်း… ဘယ်တုန်းက ဒီလောက် ပြောင်းသွားတာလဲ?’

နံရံတစ်ဖက်ရဲ့ တစ်လျှောက်မှာရှိတဲ့ အပြင်ကိုမျက်နှာမူထားတဲ့ စားပွဲရှည်နဲ့ ထိုင်ခုံတွေလဲ ပြောင်းလဲသွားခဲ့သည်။

နံရံကြီးကလဲ အနောက်ဆုတ်သွားပြီး နေရာကို ပိုရှည်ပြီး ကျယ်သွားစေခဲ့သည်။

‘ ဝိုး.. ငါ စရောင်းခဲ့တဲ့ ဆိုင်သေးသေးလေး မဟုတ်တော့ဘူးပဲ’

အရင်ကလဲ မသေးခဲ့ဖူးပါချေ။ ဒါပေမဲ့ အခု ကြီးမားသွားတဲ့ပုံစံနဲ့ယှဥ်လိုက်ရင် လုံးဝ မတူညီတဲ့ နေရာတစ်ခုလိုပဲ။

မူလက ထိုင်ခုံများ ရှိဆဲပဲ ဆိုပေမဲ့ ထိုင်ခုံအသစ်များကို ပိုရှည်သွားတဲ့ နံရံတစ်လျှောက် ချပေးထားသည်။

ပိုရောက်လာမဲ့ ဈေးဝယ်တွေအတွက် သင့်တော်သည်။

‘ တစ်ယောက်ထဲလာတဲ့သူတွေ ကြိုက်မှာပဲ’

ထောင့်နားမှာ စားပွဲဝိုင်းက ပြောင်းလဲမှုက ပိုသိသာ၏။

နံရံနဲ့ မလှမ်းမကမ်းတွင် သစ်သားစားပွဲဝိုင်း လေးခုကို နွေးထွေးစွာ ခင်းကျင်းပေးထားသည်။

သစ်သားစားပွဲဝိုင်း တစ်ခုတွင် ခေတ်သစ် ကော်ဖီဆိုင်တွေမှာ တွေ့ရတတ်သော သစ်သားခုံပု လေးခုံ ပါရှိသည်။

ခုံလေးတွေရဲ့ သစ်သားအရောင်က စားပွဲဝိုင်းနှင့် ဆင်တူပင်။

တစ်ခြားထိုင်ခုံတွေ မထားရှိပေးထားချေ။ စားပွဲဝိုင်းလေးခုနဲ့ အရှေ့ဘက်ရှိ နံရံကပ်စားပွဲရှည်သာရှိသည်။ ထို့ကြောင့် လူတွေ အထအပြုလုပ်ရင်လဲ ဝင်တိုက်မှာ မစိုးရတော့ဘူး။

နံရံရဲ့ ထောင့်နားမှာ ထိုင်ခုံအပိုများကို ထပ်ထားပေးသေးသည်။

ဈေးဝယ်တွေ အုပ်စုများလို့ အဖွဲ့တောင့်နေရင်လဲ ခုံအပိုများယူကာ.ဝိုင်းချဲ့လိုက်လို့ ရသည်။

ထိုင်ချင်ရင် စားပွဲတစ်ဝိုင်းမှာ လူခြောက်ယောက်လောက်ထိ ထိုင်လိုက်လို့ရသည်။

ထိုင်စားဖို့နေရာကလဲ တော်တော်လေး ကျယ်ပြန့်သွားတော့သည်။

ကျယ်ပြန့်ပြီး အသက်ရှုချောင်စေတဲ့နေရာက ဈေးဝယ်အသစ်တွေကို ဖိတ်ခေါ်နေခဲ့သည်။

‘ ငါ့ကောင်… အဆင့်တက်တာ မြန်လိုက်တာ’.

ဟောင် ရယ်လိုက်သည်။

သူ ဆိုင်ထဲကို ထပ်လျှောက်လာခဲ့သည်။

ချက်ချင်းပဲ သူ နောက်ထပ်တစ်ခုကို သတိထားမိသွား၏။

ရေထည့်စက်ကလဲ တစ်ခုထဲ မဟုတ်တော့ဘူး။

နှစ်ခုဖြစ်သွားပြီ!

ဘေးချင်းကပ်ထားပေးထားတဲ့ ရေထည့်စက် နှစ်ခုက အသုံးချခံဖို့ အသင့်စောင့်နေလေ၏။

အရမ်းကောင်းတာပဲ။

ဈေးဝယ်တွေ အများကြီးဝင်လာပြီး ခေါက်ဆွဲတွေ ဝယ်ထားရင်တောင်မှ ရေထည့်စက်နှစ်ခုကို တန်းစီပြီး ထည့်နိုင်တော့မှာမို့ အချိန်ပိုမြန်သွားမည်။

ဈေးဝယ်တွေ ကျလာတာ ရှားတယ်ဆိုသော်ငြား အကယ်လို့ ကြုံလာခဲ့ရင် ရေထည့်စက် တစ်ခုတည်းကို တန်းစီစောင့်ခိုင်းတာက ကြန့်ကြာမှုတွေ ဖြစ်စေနိုင်သည်။

လိုရမယ်ရ အခြေအနေများအတွက် အကောင်းဆုံး ပြောင်းလဲမှုပဲ။

ရေထည့်စက်နှစ်ခုဖြစ်သွားရင်.စောင့်ရတာလဲ မရှိတော့ဘူး.. ဆိုင်ထဲ ဈေးဝယ်ကျရင်တောင်မှ ပိုချောချောမွေ့မွေ့ လည်ပတ်နိုင်မည်။

ပရမ်းပတာဖြစ်ရမဲ့အခြေအနေ နည်းပါးပြီး ပိုအကျိုးထူးလာစေတာပဲ။

‘ သေချာပေါက် ပိုမြန်သွားစေတော့မှာပဲ’

ဟောင် ကျေနပ်စွာ တွေးလိုက်သည်။

ဒါပေမဲ့ သူ့ရဲ့မျက်လုံးထဲ နောက်ထပ်ဝင်လာတဲ့ အရာကြောင့် သူ ကြီးမားစွာ ပြုံးမိသွားလေ၏။

အခန်းရဲ့ ခပ်ဝေးဝေး ထောင့်တစ်နေရာတွင် အရင်က ဘာမှမရှိခဲ့ပေ။ အခုတော့ စက်တစ်ခုက ထည်ဝါစွာ ရပ်နေလေ၏။

ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ သန့်ရှင်းပြီး အနည်းငယ် ခေတ်ဆန်သည်။

အပေါ်တွင် တောက်ပတဲ့ “ နို့အရသာ” ဆိုတဲ့အမှတ်အသားလေး ပျံနေသည်။

ဟောင် မျက်လုံးများ မှေးကျဥ်းလိုက်၏။

ဒါက နို့အရသာ ရေခဲမုန့်စက်မှန်း မှန်းဆဖို့ရန်အတွက် ဉာဏ်ကောင်းဖို့ မလိုပါချေ။

နို့အရသာဆိုတဲ့ စာတန်းရဲ့ အောက်တွင် တောက်ပြောင်နေသော ရေတကောင်း တစ်ခုရှိသည်။

ထိုအရာ၏ ညာဘက်၌ ပေါင်မုန့်မီးကင်စက် အရွယ်ခန့်ရှိသော စက်တစ်ခု ပါသေးသည်။

ထိုစက်ငယ်တွင် လက်ထည့်ရန်ကွက်တိ သေးငယ်သော အပေါက်တစ်ခု ရှိသည်။

ဟောင် စိတ်ရှုတ်ထွေးစွာပဲ ခေါင်းစောင်းလိုက်တော့သည်။

‘ ဒါဘာအတွက်တုန်း?’

သူ အနားတိုးပြီး စက်အသေးစားကို သေချာ ကြည့်ရှုလိုက်သည်။

‘ စနစ် ဒါဘာစက်လဲ?’

( ဒါက ကတော့ထုတ်စက်ပါ ပိုင်ရှင်။ ထုတ်ချင်ရင် အပေါ်က ထည့်စရာ အပေါက်ထဲကို တိုကင်တစ်ခု ထည့်ရမယ်)

( တိုကင်တွေကို ကောင်တာအောက်က အံဆွဲထဲ ထည့်ပေးထားတယ်။ တိုကင်ကို စက်ထဲထည့်ပြီးရင် စက်ရဲ့ လက်ထည့်နိုင်လောက်တဲ့ အပေါက် တွေ့တယ်မလား? အဲ့ထဲ လက်ထည့်လိုက်)

( စက်က အလိုအလျောက် ဝေဖာကတော့ ထည့်ပေးလိုက်လိမ့်မယ်။ ကတော့ထုတ်ယူပြီးမှပဲ ရေခဲမုန့်စက်က အလုပ်စလုပ်ပြီး သင့်တော်တဲ့ ပမာဏကို ထည့်ပေးလိမ့်မယ်)

ဟောင် မျက်တောင်ခတ်လိုက်သည်။

ထို့နောက်မှာ ရယ်လိုက်တော့သည်။

တစ်ကယ်ကို လက်တွေ့ကျတာပဲ။

အချက်တစ်ခုစီကို သေချာရှင်းပြလိုက်ရင် ဈေးဝယ်တွေ ဘယ်လိုလုပ်ရမလဲ စမ်းတဝါးဝါး.ဖြစ်နေစရာ အကြောင်း မရှိတော့ဘူး။

ရေခဲမုန့်ထည့်ဖို့ လီဗာကို အသားကုန် ဆွဲတာတို့၊ စက်ကိုဖျက်ဆီးမိမှာတို့ကို စိတ်ပူဖို့ မလိုတော့ဘူး။

အလုပ်များနေချိန်မျိုးမှာဆို သူနဲ့ မိုရှီရှီ စက်တစ်ခုခု ဖြစ်မှာဆိုးပြီး ကလေးလိုမျိုး.လိုက်ဂရုစိုက်ပေးဖို့ လိုမှာလဲ မဟုတ်တော့ဘူး။

ဟောင် လက်ခံစွာဖြင့် ကတော့စက်ကို တစ်ချက် ရိုက်လိုက်သည်။

‘ အမြဲတမ်းလိုလိုပဲ.. ဆိုင်က အကွက်စေ့အောင် တွေးတတ်သားပဲ’

ဟောင် တိုကင်ကို စစ်ဆေးဖို့ရန် ကောင်တာကို ပြန်ကြည့်လိုက်လေ၏။

သူ့ရဲ့မျက်လုံးများက နံရံရှိ သေးငယ်သော မျက်နှာပြင်တစ်ခုဆီ ရောက်သွားသည်။

ကတော့ပေါ်မှာ နို့အရသာ ရေခဲမုန့်လေး လှပစွာတင်ထားတဲ့ ပုံရိပ်ကို ပြီးပြည့်စုံစွာ ပြသထားလေ၏။

အောက်မှာလဲ ကြော်ငြာစာ ပါသေးသည်။

“ နွေရာသီရဲ့ အပူဒဏ်အတွက် အသင့်တော်ဆုံး နို့ရေခဲမုန့်; ဝိညာဥ်ကျောက်တုံး နှစ်တုံးပဲနော်!”

“ ဈေးသက်သာတာပဲ”

ဟောင် အံ့သြသွားခဲ့သည်။

တစ်ခြား အသစ်ပွင့်တဲ့ ရောင်းကုန်တွေနဲ့ ယှဥ်ရင် ဈေးပိုသက်သာတာပဲ။

သူ့ရဲ့ မျက်လုံးတွေ ကျဥ်းမြောင်းသွားခဲ့သည်။ သူဘာလို့ ဒါကို လွတ်သွားတာလဲ?

သူ့ရဲ့ အာရုံခံမှုက အခုပိုထက်လာခဲ့သည်။

ဆိုင်ရဲ့ အဆင့်မြင့်သွားမှုက အများကြီး ပြောင်းသွားခဲ့သည်။

တစ်ကယ်ကို စိတ်လှုပ်ရှားစရာ နေ့တစ်နေ့ပဲ။

‘ ကြည့်ရတာ အဲ့ဒါကြောင့်ငါမေ့သွားတာ ဖြစ်မယ်’

အံဆွဲရှိနေတဲ့ကောင်တာဆီကို ဟောင် ပြန်လျှောက်သွားလိုက်သည်။

အံဆွဲပေါ်တွင် စာတန်းငယ်တစ်ခုရှိသည်။

“ ရေခဲမုန့်အတွက် တိုကင်ယူရန်”

ဟောင် အံဆွဲ ဖွင့်လိုက်လေ၏။

အထဲတွင် သေးငယ်သော ခြောက်ထောင့်ပုံ တိုကင်ရှိသည်။

ခြောက်ထောင့်ပုံ ငွေပြားသည် အချောတိုက်ထားတာမို့ တောက်ပြောင်နေသည်။

အလယ်တွင် ရေခဲမုန့်ကတော့ပုံကို ထွင်းထားသည်။

ဘေးဘက်တွင် ကောင်းစွာ အနားကွတ်ထားသည်မို့ ဒင်္ဂါးနဲ့ ဆင်တူသည်။

အနောက်ဘက်တွင် “DCS” ဆိုပြီး အတိုကောက် ရေးသားထားသည်။

ဟောင် စိုက်ကြည့်နေရင်း မျက်နှာမှာ ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

သူ့ရဲ့ ငယ်ဘဝကို​တောင် သတိရမိသွားသည်လေ။

သူအရင်က ကြွေပြားစေ့ ကစားကွင်းကို သွားဖူးသည်။

ဘယ်မှာမဆို တိုကင်ကြွေပြားများဖြင့် ကစားရသည်။

ပြီးလျှင် အဲ့ဒါတွေနဲ့ ဂိမ်းကစားသည်ဖြစ်စေ၊ လက်ဆောင်ပြန်ထုတ်သည်ဖြစ်စေ လဲလို့ရသည်။

အဲ့ဒါက သေးငယ်တဲ့ရိုးရာတစ်ခုလို အမြဲခံစားခဲ့ရသည်။

ဟောင် တိုကင်တစ်ခုကို ယူလိုက်ပြီး လက်ထဲမှာ အနီးကပ်ကြည့်လိုက်သည်။

‘ ငါမလုပ်သင့်ဘူး… ဒါပေမဲ့ ကြည့်တာပေါ့’

အပြုံးတစ်ချက်နဲ့ ဟောင် သူ့ရဲ့ အားအင်တွေကို စုစည်းလိုက်သည်။

အားကုန်သုံးကာ တိုကင်ပြားကို ကွေးအောင် ညှစ်ချလိုက်လေ၏။

ဘာမှ ဖြစ်မသွားခဲ့ဘူး။

နည်းနည်းလေးတောင် မကွေးသွားဘူး။

တိုကင်ပြားက ဘာမှကို မဖြစ်ပေ။

သူ ပိုအားထည့်ကာ ထပ်ကြိုးစားကြည့်သေးသည်။

ဘာမှ မထူးခြားပေ။

သူ့ရဲ့သန်မာမှုက အခုဆို ကျောက်တုံးကြီးကို ခွဲချေပစ်နိုင်နေခဲ့ပြီ။

‘ ကောင်းပြီလေ။ လုပ်မဲ့လုပ် အဆုံးထိ လုပ်ကြည့်ရမှာပေါ့’

စာစဉ်ပြီး၏

All Chapters