← Chapters

( ငါးစက္ကန့်အတွင်း.လူတိုင်းကို ကန်းသွားအောင်.ဘယ်လိုလုပ်မလဲ?)

Vol. 7 Ch. 86

( ငါးစက္ကန့်အတွင်း.လူတိုင်းကို ကန်းသွားအောင်.ဘယ်လိုလုပ်မလဲ?)

Vol. 7 Ch. 86

ဟောင် သူ့ရဲ့မျက်နှာမှစပ်ဖြဲဖြဲအပြုံးကို ဖုံးကွယ်လိုက်လေ၏။

‘ တစ်ကယ့်လူ’

အမှန်တွေ ပြောသွားတာပဲ။

သူ အဲ့ဒီလူကို သဘောကျမိသည်။

ဤ သိုင်းကျင့်စဥ်သည် စိတ်ကို ပေါ့ပါးစေသည်။ ဘယ်မျိုးဆက်ကနေ လက်ဆင့်ကမ်းထားတာမျိုးမှ မဟုတ်ဘူး။ ဂိုဏ်းတွေနဲ့လဲ မပတ်သတ်ဘူး။

သိုင်းကျင့်စဥ်မှာ လွှမ်းမိုးနိုင်တဲ့ အရှိန်အဝါ မရှိသလို တစ်ခြားသိုင်းတွေလို အဆင့်လဲ မမြင့်ဘူး။ ဒါပေမဲ့ လျင်မြန်သော တုံ့ပြန်မှုရှိ၏။

ဤသိုင်းကျင့်စဥ်က အခန်းထဲက လူအားလုံးကို ကန်းစေနိုင်လောက်တဲ့ ရဲတင်းမှုရှိသည်။ အသုံးမတော်လျှင် အသုံးပြုသူကိုပါ ကန်းစေနိုင်သည်။ ဒါပေမဲ့ သေရေးရှင်ရေး အခြေအနေကနေ လွတ်မြောက်အောင် ကူညီပေးလိမ့်မည်။

သေချာပေါက် နေကြာပွင့်အပ်သိုင်းလိုမျိုး ထျန်းလုနဲ့ လေ့ကျင့်လို့တော့ မရပါချေ။ သူ တစ်ယောက်ထဲ လေ့ကျင့်မှဖြစ်မည်။

ဒါ့အပြင် ထျန်းလုရဲ့ မျက်လုံးက တစ်ဖက်သာ အလုပ်လုပ်တော့သည်။

တစ်ဖက်တည်းသာ…

သူ့ရဲ့ နောက်ဆုံးလက်ကျန် မျက်လုံးလေးကိုတော့ မကန်းစေချင်သေးဘူး။

ထို့ကြောင့် သူ လျှို့ဝှက်လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်သည်။

လူမရှိသော ဆိုင်ထောင့်တွင် နေရာယူပြီးသည်နှင့် ကြောင်လေးနှစ်ကောင် ရှိမရှိကိုပါ စစ်ဆေးလိုက်၏။ မိုရှီရှီ ချောင်းကြည့်နေမလားကိုလဲ စစ်ဆေးပြီးမှ စိတ်သက်သာစွာ သက်ပြင်းတစ်ချက် ချလိုက်သည်။

ဦးနှောက်ထဲမှာ သိုင်းကျင့်စဥ်နဲ့ ပတ်သတ်တဲ့ မှတ်ဉာဏ်တွေ ရောက်နေပြီးသားဖြစ်၍ တစ်ခါထဲ အသက်သွင်းလိုက်လို့ရသည်။ တစ်ခုတည်းသော လုပ်စရာက ဒျန်ထျန်းတည်းက ချီစွမ်းအင်တွေကို စုစည်းဖို့ရန် အာရုံစိုက်ဖို့သာပင်။

ထို့နောက်မှာ သူ ထုတ်လွှတ်လိုက်၏။

ပထမဆုံး ကြိုးစားမှုကလား?

သိပ်တော့ မချောမွေ့ဘူး။

ချီစွမ်းအင် ထုတ်လွှတ်မှုကလျင်မြန်သွားတာမို့ အဆုံးမှာ ကိုယ့်မျက်လုံးကိုယ် ပြန်ထိသွား၏။ မျက်တောင် တစ်ဖြတ်ဖြတ် ခတ်နေပေမဲ့ မျက်ရည်များက မျက်နှာတစ်လျှောက် စီးကျနေဆဲပင်။ ရင်နင့်ဖွယ် ရုပ်ရှင်ကြည့်ထားတဲ့ အတိုင်းပဲ။

ကံကောင်းလို့ သူ ချီစွမ်းအင်ကို လေးပုံတစ်ပုံပဲ သုံးထားလို့သာ။ အကုန်သုံးမိလို့ကတော့ တစ်ကယ် ကန်းသွားလောက်သည်။

အခြေအနေက အ​ကောင်းကြီးလဲ မဟုတ်သလို အဆိုးကြီးလဲမဟုတ်ဘူး။ အနည်းဆုံးတော့ မြင်နေရသေးသည်။ ယိုင်နဲ့နေပြီဖြစ်တဲ့ လက်ကျန်ဂုဏ်ပုဒ်နဲ့ နံရံကို အားပြုပြီး ကတုန်ကယင် လမ်းလျှောက်နိုင်သေးသည်။

‘ ဟုတ်ပြီ’ ဟောင် အားတင်းလိုက်သည်။ မူးဝေမှုပျောက်သွားအောင် ခေါင်းကိုပါ ခါရမ်းလိုက်၏။

‘ အလင်းကို တိုက်ရိုက်ကြီး မကြည့်မိစေနဲ့!’

တစ်မိနစ်လောက် အားဖြည့်ပြီးနောက်မှာ ဟောင် ထပ်မံကြိုးစားလိုက်သည်။ သူ အသင့်ဖြစ်ပြီပင်။

ချီစွမ်းအင်ကို သေချာပိတ်ထားကာ ဖောက်ထွင်းနိုင်သော နေမင်းကို မထုတ်မိသေးဖို့ ဂရုစိုက်နေ၏။

အပူတွေ တက်လာတာကို ခံစားမိပေမဲ့ မျက်လုံးနှစ်ဖက်ကို တင်းနေအောင် ပိတ်နေဆဲပဲ။

ဒုတိယအကြိမ် ကိုယ့်ဂိုးကိုယ်သွင်းစရာ အကြောင်းမရှိဘူး။

ထို့နောက်မှာမှ သိုင်းကျင့်စဥ်ကို အသက်သွင်းလိုက်၏။

ရွှေရောင်အလင်းတန်းများ သူ့ရဲ့ဒျန်ထျန်မှ ဖောက်ထွက်လာသည်။ အလင်းတန်းသည် လျင်မြန်ပြီး စူးရှ၏။

ဒီတစ်ခေါက်တော့ ကန်းစေလောက်တဲ့ နာကျင်မှုမျိုးမရှိတော့သလို မျက်ရည်လဲ မကျတော့ပေ။ အလင်းက သူ့အလုပ်သူ လုပ်သွားခဲ့ပြီလေ။

ဟောင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီးမှ မျက်လုံးများ ဖွင့်လိုက်သည်။

‘ ဟုတ်ပြီ ဒီတစ်ခေါက်တော့ ပထမထက် အဆင်ပြေလာပြီပဲ’

ဒါပေမဲ့ ဟောင် ဆိုင်ထဲဘက်ကို ခေါင်းလှည့်လိုက်ချိန်မှာ အပြုံးတို့ ပျောက်ကွယ် သွားရလေ၏။

ထောင့်တစ်ထောင့်တွင် ခူရိုမီသည် မတ်မတ်ကြီး ရပ်နေခဲ့သည်။ သေချာ သတိထားကြည့်မိလျှင် အနည်းငယ် ဖွာနေသော အမွှေးနက်နက်များကို တွေ့နိုင်သည်။

ဒါပေမဲ့ သူမရဲ့ မျက်လုံးတွေကတော့လား?

ခပ်ဟဟသာ မြင်ရလောက်အောင် မှေးကျဥ်းနေခဲ့သည်။ အရမ်းသေးလွန်းလို့ မသိလျှင် စုတ်တံတစ်ချောင်းဖြင့် မျက်နှာပေါ်မှာ မျဥ်းဖြောင့်တစ်ကြောင်း ဆွဲထားတဲ့အတိုင်းပဲ!

သူမ ဟောင်ကို မကြည့်နေခဲ့ပေ။ သူမရဲ့ ငူငူငေါင်ငေါင် အကြည့်က ဟောင် အလင်းထုတ်မှု ပြုလုပ်ခဲ့သော နေရာကိုသာ မျက်တောင်မခတ်စတမ်း ကြည့်နေခဲ့သည်။

​နှေးကွေးစွာဖြင့်… ခူရိုမီ မျက်တောင် တစ်ချက်ခတ်လိုက်သည်။

ထို့နောက်မှာ ဟောင် ရှိရာကို လှည့်လာပြီး

“ ငါ့အသက်ကိုးဘဝလုံး တစ်ခါမှ မခံစားဖူးဘူး” ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်လာသည်။

သူမရဲ့ အမြှီးကိုပါလှုပ်ယမ်းလိုက်၏။

ဟောင် စကားမဟရသေးခင်မှာပဲ သူမရဲ့ တည်ငြိမ်ကျက်သရေရှိတဲ့အသံက ဟောင်ရဲ့ ခေါင်းထဲဝင်ရောက်လာသည်။

‘ စိတ်မပူနဲ့ သခင် ငါဘာမှ မဖြစ်ဘူး’

ဖောက်ခွဲနိုင်တဲ့ နေမင်းက သူမကို ထိခိုက်အောင် မလုပ်ခဲ့ပါချေ။ အနည်းငယ် အံ့သြသွားရုံသာ ဖြစ်သည်။

အလင်းတန်းက ပြင်းထန်သည် ဆိုသော်ငြား သူမရဲ့ သက်တမ်းတစ်လျှောက်မှာ ထိုထက် ကြောက်မက်ဖွယ်ကောင်းတဲ့ အလင်းများကို တွေ့ဖူးပြီးသားပဲ။

အဆင်မပြေတဲ့ တစ်ခုတည်းသောအချက်က ရုတ်တရက် ပေါ်ပေါက်လာ၍ဖြစ်သည်။ အထူးသဖြင့် အခုလို လုံခြုံတယ်လို့ ခံစားရသော နေရာတွင် ဖြစ်ပေါ်ခဲ့လို့ပဲ။

သူမ မကိုင်တွယ်နိုင်တဲ့ ကိစ္စမျိုးတော့ မဟုတ်ပါချေ။

“ ငါမှားတာပါ… မင်းတို့ကို သတိပေးထားသင့်တာ”

‘ ငါ နည်းနည်းတော့ အံ့သြသွားပေမဲ့ လုံးဝ မနာကျင်ခဲ့ပါဘူး’

ဟောင် စိတ်သက်သာရာရစွာ ပုခုံးများ ဖြေလျော့လိုက်သည်။ ဒါပေမဲ့ သူ စိတ်ပြန်ပူလာ၏။

“ ရိုယူနဲ့ ဆူကီကျ ဘယ်လိုလုပ်မလဲ? ငါသူတို့ကို ဘာလဲဆိုတာ အတိအကျ မရှင်းပြတတ်ဘူး…”

“ ဒီတိုင်း… သူတို့ကကော ကိုင်တွယ်နိုင်ပါ့မလား?”

‘ အဲ့ဒါအရေးမကြီးပါဘူး အရှင်။ ငါ့ရဲ့ ကလေးတွေကို နူးညံ့စွာကြီးပြင်းလာစေတာက ကောင်းတဲ့အကြံလို့မထင်ဘူး။ ရုတ်တရက် စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရရင် သူတို့အတွက် မကောင်းဘူး’

‘ သူတို့အခု သင်ယူနေဆဲဆိုပေမဲ့ အခုလို အခြေအနေကို ကြုံတွေ့ခဲ့ရင် ကိုင်တွယ်နိုင်ဖို့အထိတော့ သန်မာသင့်ပြီ’

ခူရိုမီကို သူမရဲ့ ကလေးများအား ဒီထပ် ကာကွယ်လိမ့်မည်လို့ ထင်ခဲ့မိသည်။ ဟောင် အနည်းငယ်တောင် စိတ်ပျက်မိသွားသည်။

ဒါပေမဲ့ အဆုံးမှာတော့ သူမကလဲ စိတ်ဝိညာဥ်သားရဲတစ်ကောင်ပဲ။

သက်တမ်းရ သားရဲတစ်ကောင်ပင်။ အသက် ၂၂၂ နှစ်လောက် ရှင်သန်လာတဲ့ သားရဲဆီကနေ နောက်မျိုးဆက်တွေကို အရမ်း ယုယ ကြင်နာဖို့ မျှော်လင့်လို့ ဘယ်ရမလဲ?

ဟောင် အတွက်တော့ ရိုယူနဲ့ ဆူကီက အရိပ်တွေကို ဆော့ကစားတတ်တဲ့ ကောင်တာပေါ်မှာ လူးလိမ့်နေတတ်တဲ့ ချစ်စရာ အမွှေးပွလုံးလေးတွေပဲ။

ခူရိုမီအတွက်တော့ လေ့ကျင့်ပေးရမဲ့ နောက်မျိုးဆက်များသာ။

စိတ်ဝိညာဥ်သားရဲများအတွက် ကမ္ဘာကြီးက ကြီးထွားဖို့ အချိန်မပေးဘူး။

မဟာမြို့တော်ရဲ့ အလွန်မှာရှိတဲ့ သစ်တောအုပ်ထဲမှာ ခွင့်လွှတ်မှုဆိုတာမျိုး မရှိဘူး။

အန္တရာယ်က သတိပေးပြီး လာတတ်တာမျိုးမှ မဟုတ်တာပဲ။

တစ်ခါတစ်ရုံ ချုံပုတ်နောက်ကနေ ထွက်လာတတ်သလို ကောင်းကင်ပေါ်ကလဲ ကျလာတတ်၏။

တစ်ခါတစ်ရံမှာ အန္တရာယ်တွင် လက်သည်းများ၊ အစွယ်များ ပါတတ်၏။

တစ်ခါတစ်ရံ ကျတော့လဲ အန္တရာယ်သည် ဓားကိုင်ကာ ဝတ်ရုံခြုံထားတတ်သည်။

နတ်ဆိုးသားရဲတွေ၊ မိစ္ဆာဂိုဏ်းတွေ…ဖြတ်သွားဖြစ်လာ ကျင့်ကြံသူ တစ်ယောက်တောင်မှ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်၏။စိတ်ဝိညာဥ်သားရဲများကို နယ်​မြေအတွက် အမဲလိုက်တာမျိုး မဟုတ်ပေ။ သူတို့ရဲ့ အစိတ်အပိုင်းများကို ရယူဖို့ရန် ဖြစ်သည်။

အရိုးတွေ၊ သွေးတွေ၊ ပင်မ အူတိုင်တွေသာ မက အမွှေးကိုပါ ရောင်းစားကြတာပင်။

ဒီလိုကမ္ဘာကြီးထဲမှာ နူးညံ့နေလျှင် သေဆုံးရလိမ့်မည်။ တစ်ချက်လေး မပြင်ဆင်မိရင်တောင် ကြီးမားစွာ ပေးဆပ်ရတတ်၏။

ခူရိုမီရဲ့ တုံ့ပြန်မှုက အေးစက်သည်။ ဒါပေမဲ့ အဲ့ဒါက သူမရဲ့ ကမ္ဘာကြီးပဲ။

သူမရဲ့ ကလေးတွေကို ကြောက်ရွံမှု လုံးဝ ကင်းမဲ့ဖို့ထိ မမျှော်လင့်ထားသော်ငြား အနည်းဆုံးတော့ သင်ယူတတ်မြှောက် စေချင်သေးသည်။

‘ သခင် လေ့ကျင့်တာကို ကြည့်လို့ရမလား?’

ဟောင် မျက်တောင်ခတ်လိုက်ကာ

“...ဘာရယ်?”

‘ အစောပိုင်းက သခင်လေ့ကျင့်နေတဲ့ ဟာလေ’

ခူရိုမီ အတည်ပြုလိုက်သည်။

‘ခွင့်ပြုပေးမယ်ဆိုရင်… ငါလေ့လာချင်တယ်’

“ ငါလေ့ကျင့်နေတာကို မင်းကြည့်ချင်တာလား?”

‘ ဟုတ်တယ် သခင်’

ဟောင် ကြားလိုက်ရတဲ့စကားကို မသေချာစွာ မျက်တောင် ခတ်လိုက်သည်။

သူမ ပြောနေတာက မိနစ်အနည်းငယ်ကြာတိုင်း ဖောက်ခွဲနိုင်သောနေမင်းရဲ့ အလင်းကို ကြည့်ချင််တယ်လို့လား..?

“.. ကောင်းပါပြီ”

ဟောင်.တွန့်ဆုတ်စွာ ခေါင်းညိတ်လိုက်၏။

“ မင်း လုပ်ချင်တယ်ဆိုတော့လဲ”

ဒီလိုနဲ့ ဟောင်ရဲ့ အလင်းလေ့ကျင့်ရေး ပွဲစဥ် ပြန်စတင်ခဲ့သည်။

ဒီတစ်ခေါက်တော့ သူ့မှာ ပွဲကြည့်ပရိတ်သတ် တစ်ယောက်ရှိလာပြီပင်။

ခူရိုမီသည် ကြောင်တစ်ကောင်ရဲ့ အလှပဆုံးသော ဟန်ဖြင့် ဘေးတွင်ထိုင်နေခဲ့သည်။ အမြှီးလေးကိုလဲ သပ်ရပ်စွာ ချထားသေး၏။

ဟောင်ကတော့ မသက်မသာ ခံစားနေရဆဲပင်။

ခူရိုမီကိုယ်တိုင် တောင်းဆိုခဲ့ပေမဲ့ ဟောင်ရဲ့ စိတ်ထဲမှာ ဒါက မမှန်ဘူးလို့ ခံစားနေရသည်။

သူအခု လုပ်ငန်းခွင် လုံခြုံမှုကို ချိုးဖောက်နေမိတာလား?

ခူရိုမီက မျက်တောင်တစ်ချက်တောင် မခတ်ပါချေ။ သူမရဲ့ မျက်လုံးများက ပြူးကျယ်စွာရဲ့ ဟောင်ရဲ့ လှုပ်ရှားမှုတစ်ခုဆီကို လေ့လာနေလေ၏။

All Chapters