← Chapters

( ဂုဏ်ကြီးလှတဲ့ အရိပ်ဂိုဏ်းရဲ့ ခိုးယူခြင်း ဆရာသခင်)

Vol. 7 Ch. 88

( ဂုဏ်ကြီးလှတဲ့ အရိပ်ဂိုဏ်းရဲ့ ခိုးယူခြင်း ဆရာသခင်)

Vol. 7 Ch. 88

ခူရိုမီရဲ့ ကိုယ်လုံးထဲ ဝင်တိုးနေရင်းဖြင့် ထိုကြွက်က အသံရှည်ဆွဲကာ အီလိုက်သေး၏။

အီးးး!

ပီပီးး!

ခူရိုမီကလဲ ခပ်တိုးတိုး ညည်းလိုက်ပြီး သူမရဲ့ ခေါင်းကို အနည်းငယ် ငုံ့လိုက်သည်။ သူမရဲ့ နှာခေါင်းနဲ့ ကြွက်ရဲ့ကျောပြင်ကို ထိလိုက်လေ၏။

ဟောင်ရဲ့ ဦးနှောက်က အလုပ်မလုပ်တော့ပေ။

“...ဘာ?”

ခူရိုမီက ဟောင်ရဲ့ဘက်ကို လှည့်လာသည်။

‘ သတိထားဖို့မလိုဘူး သခင်’

‘ သူက ငါတို့ဂိုဏ်းရဲ့ အဖွဲ့ဝင် တစ်ယောက်ပါ’

သူမ အနည်းငယ် နှာခေါင်းရှုံ့ပြလိုက်ချိန်မှာ ကြွက်ကလဲ ခူရိုမီရဲ့ အမွှေးထဲမှ ပြန်ထလာလိုက်၏။

‘ သူက ငါ့ရဲ့ညီငယ်လေးပါ။ သူခိုးလေးလို့ ခေါ်တယ်’

‘ သူခိုးလေး မြန်မြန် ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်’

ကြွက်က တစ်ကိုယ်လုံး တွန့်လိုက်သည်။ ခူရိုမီရဲ့ ခြေထောက်ပေါ်ကနေ သူခိုးလေးက ဖြည်းဖြည်းချင်း ကိုယ်ကို မတ်နေခဲ့သည်။ ခူရိုမီရဲ့ ခြေထောက်က သူ့ကို ဆင့်ခေါ်ထားတဲ့ ကောင်းကင်ဘုံရဲ့ လှေကားထစ်တွေအတိုင်း ပြုမူနေလေ၏။

သူ့ရဲ့ အကြည့်များက ဟောင် ရှိရာကို ​ရောက်လာပြီး….

တိတ်ဆိတ်သွားလေ၏။

ထို့နောက်မှာမှ…

ဟောင်ရဲ့ ဦးနှောက်ထဲသို့ ခပ်စူးစူး အသံတစ်ခု ဝင်ရောက်လာခဲ့သည်။

‘ဒီတော့ မင်းပေါ့!’

သူခိုးလေးရဲ့ လက်သေးသေးလေး တစ်ဖက်က ဟောင် ရှိရာကို ထိုးထားရင်း သူ့ရဲ့ အမြှီးကလဲ အနည်းငယ် လှုတ်ယမ်းနေသေး၏။

‘ ငါတို့မမကို ခိုးသွားတဲ့သူ?!’

ဟောင် မျက်တောင်ခတ်လိုက်သည်။

ခူရိုမီလဲ မျက်တောင်ခတ်လိုက်သည်။

သူခိုးလေးက မပြီးသေးပါချေ။

‘မင်း…. ဒီခြေထောက်နှစ်ချောင်းနဲ့ လူလိမ်ကောင်!’

‘ ငါတို့မမကို မင်း ကျိန်စာတိုက်ထားတာ ဖြစ်ရမယ်!’

‘ ဘယ်လို ဆွဲဆောင်တဲ့ မိစ္ဆာသိုင်းမျိုး သုံးထားတာလဲ?!’

‘ မင်း သူမရဲ့ အားနည်းချက်ကို အခွင့်ကောင်း ယူထားတာမလား?’

သူခိုးလေးက ခြေထောက်ကို မြေပေါ် ဆောင့်ချလိုက်ရင်း ကြောက်မက်ဖွယ် အကြည့်နဲ့ အနီးကို တစ်လှမ်းတိုးလိုက်သေး၏။

‘ ငါ့မမ ခူရိုမီက ဘယ်သူ့ကိုမှ ဦးညွတ်ခဲ့တာ မဟုတ်ဘူး။ ဘယ်တုန်းကမှပဲ! အကြီးအကဲတွေကိုတောင် ဦးမညွတ်ဘူး!’

ပြောနေရင်းဖြင့် ရင်ဘတ်ကိုပါ ပုတ်ပြလိုက်သေးသည်။ ဂုဏ်ယူမှုကြောင့် သူ့ရဲ့ရင်ဘတ်က အနည်းငယ် မို့တက်နေခဲ့သည်။

‘ အခု သူမက မင်းကို သခင်လို့တောင် ခေါ်နေတယ်! ဘယ်လို တားမြစ်သိုင်းတွေ သုံးထားတာလဲ?!’

သူခိုးလေး ခဏရပ်လိုက်ပြီးမှ ပိုကျယ်လာတဲ့ အသံနဲ့

‘ နေ့တိုင်း သူမ ဆိုင်ရှေ့မှာ မတ်တပ်ရပ်နေရတာ… မသိရင် အစောင့်ခွေးကျလို့! မင်းက ဘာလုပ်ပိုင်ခွင့်နဲ့ သူမကို အခုလို ခိုင်းရတာလဲ?’

.

ဒုန်း!

ဒုန်း!

‘ပြီးတော့.. အဲ့ဒီထူးဆန်းတဲ့ အဝတ်တွေပါ ဝတ်ခိုင်းသေးတယ်!’

‘ ဘယ်လို အဓိပ္ပါယ်မရှိတဲ့ ကိစ္စကြီးလဲ?! ဒါပေမဲ့ အဲ့ဒါက သူမနဲ့လိုက်တာတော့ ဝန်ခံရမယ်… အဝတ်အစားတွေက ရယ်စရာကောင်းနေတာတောင်မှ ငါတို့မမက ကျက်သရေရှိနေလို့သာ!’

ဟောင်; “....”

‘ ဒီပေါက်စက ဟွာဖေးရှုထက်တောင် ရပ်ပါ(rapper) ဆန်သေးတယ်ဟ’

ဟောင် မယုံနိုင်စွာ ခေါင်းရမ်းလိုက်ရင်း တွေးမိသွားသည်။

ခူရိုမီက သူမရဲ့ အကြည့်ကို ကျဥ်းမြောင်းလိုက်လေ၏။

ဘတ်!

ပေါ့ပါးစွာဖြင့် သူမရဲ့ လက်တစ်ဖက်က သူခိုးလေးရဲ့ ခေါင်းတည့်တည့်ကို ရောက်သွားလေ၏။ ပေါက်စီလုံးကို ပြားလိုက်သလိုမျိုး သူ့ရဲ့ ခေါင်းက အတွင်းကို ပုဝင်သွားခဲ့သည်။

‘တော်တော့’

ထို့နောက်မှာ အကြာကြီး တိတ်ဆိတ်သွားသည်။

ခဏကြာမှာ သူခိုးလေးက ပုဝင်နေတဲ့ ခေါင်းကို ပြန်မော့လာခဲ့သည်။ ထောင်မတ်နေတဲ့ နားရွက်နှစ်ဖက်နဲ့ အရင် လည်ချောင်းတစ်ချက် ရှင်းပြီးမှ

‘.... မင်္ဂလာပါ ငလိမ်ကောင်’

အနည်းငယ် စူပုတ်ပုတ်ဖြင့် ဆိုလိုက်သေး၏။

‘ ငါ့ကို သူခိုးလေးလို့ခေါ်ကြတယ်။ ကျက်သရေရှိတဲ့ မမ ခူရိုမီရဲ့မောင်လေးပဲ.. အရိပ်စောင့်ကြပ်သူ၊ လျှို့ဝှက်ချက်စောင့်ထိန်းသူ၊ ခိုးယူပစ္စည်းတွေရဲ့ အစောင့်အရှောက်ပဲ’

‘ ပြီးတော့ ဂုဏ်ရှိလှတဲ့ အရိပ်ဂိုဏ်းရဲ့ ခိုးယူခြင်းဆရာသခင်ပဲ’

သူခိုးလေးက သူ့ရဲ့စကားတွေကို ပိုပြီး ခမ်းခမ်းနားနားဖြစ်သွားအောင် မျက်လုံးတစ်ဖက်ကို တစ်ဝက်လောက် မှေးကျဥ်းထား၏။

‘ ငါမင်းကို စောင့်ကြည့်နေမှာ’

ဟောင် မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။

“ ဟုတ်ပြီ ငါလဲ တွေ့ရတာ ဝမ်းသာတယ် ချီဘီဆု”

(T/N: ချီဘီဆုဆိုတာ ဂျပန်စကားကနေ ဆင်းသက်လာတာပါ။ ပေါက်စလို့ အဓိပ္ပါယ်ရတယ်)

သူခိုးလေးရဲ့ မျက်နှာက တွန့်သွားကာ

“ချီ…ဘာရယ်?”

ဟောင် ပြုံးလိုက်လေ၏။

“မင်းက အကောင်သေးပြီး ဆူဆူညံညံနဲ့ ဒရာမာလဲ ခင်းသေးတယ်။ အရမ်းတွေ ယုံကြည်မှုရှိနေတဲ့ မင်းက ချီဘီဆု မဟုတ်လို့ ဘာဖြစ်ရမှာလဲ?’

‘ မင်းငါ့ကိုများ နာမည်ပြောင် ပေးရဲတယ်.. ငါ..ငါက!’

“ ချီဘီဆု”

ဟောင် ထပ်ပြောလိုက်ပြီး ခူရိုမီရဲ့ ဘေးမှာ ထိုင်ချလိုက်သည်။

“ သွားစို့ ခူရိုမီ။ ချီဘီလေးကိုပါ ခေါ်ခဲ့လေ”

ခူရိုမီ ခေါင်းသာ ညိတ်ပြလိုက်သည်။

သူမ ဘာမှ မပြောချေ။

သူမရဲ့ ခေါင်းကို အနည်းငယ်မျှသာ စောင်းလိုက်ပြီး သူခိုးလေးကို ကြည့်လိုက်သည်။ သူမရဲ့ မိုးပြာရောင် မျက်လုံးများက အနည်းငယ် ကျယ်သွားသည်။

သူခိုးလေး ချက်ချင်းပဲ သဘောပေါက်လိုက်သည်။

အဲ့ဒီအကြည့်…. အဲ့ဒီအပြုအမူက… အရာအားလုံး.ပြောသွားခဲ့သည်။

သူသာ တစ်ခွန်းငြင်းမိလို့ကတော့ အစောပိုင်းကလို ခေါင်းပဲ အရိုက်ခံရမှာ မဟုတ်ဘူး။ အနီးဆုံး အမှိုက်ပုံးရှိရာကို ပျံသွားရမှာပင်။ အမှိုက်ပုံးထဲမှာ ကိုယ့်အပြစ်ကိုယ် ပြန်တွေးနေရလိမ့်မည်။

သူ တိတ်တဆိတ်ပဲ တစ်ကိုယ်လုံး တုန်သွားသည်။

အဆုံးမှာတော့.. လိမ်လိမ်မာမာဖြင့် ခူရိုမီရဲ့ကျောပေါ်ကို တွယ်တက်လိုက်လေသည်။

လက်သေးသေးလေးများဖြင့် အမွှေးများကို စုပ်ကိုင်ထားလေ၏။

ဟောင် ပေါ့ပါးစွာ သက်ပြင်းတစ်ချက်ချကာ အရှေ့တိုးလိုက်သည်။ ရှေ့မှ ရွှေရောင် အလင်းအနည်းငယ် မြင်ရသော လမ်းကြားထိပ်ကို ဦးတည်လိုက်သည်။

ဟောင်ရဲ့ အနောက်ကနေ ခူရိုမီက လိုက်လာသည်။

ခူရိုမီရဲ့ နောက်ကျောပေါ်က အမွှေးပွ သက်ရှိ ကျောပိုးအိတ်ကတော့ ပတ်ပတ်လည်ကို သံသယ မျက်လုံးများဖြင့် လှည့်ပတ် ကြည့်နေလေ၏။

သူတို့တွေ အရိပ်ထဲမှ ထွက်လိုက်ကြသည်။

“....”

ဟောင်ရဲ့ အမြင်အာရုံထဲ အလင်းတွေ ဝင်ရောက်လာပြီပင်။

သူတို့အရှေ့ရှိ ကျယ်ပြန့်တဲ့ လမ်းမကြီး၏ အောက်ခြေတွင် ကျောက်တုံးနက်များ.ခင်းထားသည်။

ဘေးနှစ်ဖက်တွင် ဈေးဆိုင်များစွာရှိ၏။ တစ်ချို့ဆိုင်များတွင် အဆောင်စာရွက်များ ချိတ်ထားပြီး တစ်ချို့ကတော့ နူးညံ့တဲ့ အလှဆင်ပစ္စည်းများကို ချိတ်ဆွဲထားသည်။

လေထုက သန့်စင်ပြီး ပတ်ဝန်းကျင်က ဆူညံသံများဖြင့် အသက်ဝင်နေခဲ့သည်။

အနီးအနား တစ်နေရာကနေ အသားကင်နံ့ကလဲ ပျံ့လွင့်လာသေး၏။

ဟောင်ရဲ့ အမြင်ကို အဖမ်းစားနိုင်ဆုံးက အလင်းရောင်ပဲ။

လမ်းတစ်လျှောက်လုံးမှာ အလင်းထုတ်ပေးနိုင်တဲ့ ကျောက်တုံးများကို သစ်သားမီးအိမ်လေးများထဲ ထည့်ပြီးချိတ်ဆွဲ ထားကြသည်။

ထုတ်ပေးနေသော အလင်းက အရမ်းမပြင်းသလို အရမ်းလဲ အားမနည်းဘူး။ နွေးထွေးတဲ့ မနက်နေရောင်လေး ဖြည့်စွက်ထားသလိုမျိုး ရွှေရောင်အလင်းများ ထုတ်ပေးနေ၏။

မီးတိုင်များလဲ မဟုတ်သလို ဆိုင်အတွင်းက မီးလုံးများလိုမျိုး စူးနေအောင်လဲ မလင်းဘူး။

ဒါက ကွဲပြားသည်။

ဤ လမ်းမီးအိမ်များသည် အပေါ်ယံကြည့်လျှင် ရိုးရှင်းပုံပေါ်သော်ငြား တစ်ကယ်ကတော့ ကျင့်ကြံသူ လက်မှုပညာသည်များရဲ့ နှစ်ပေါင်းများစွာ ကြိုးစားမှုရဲ့ ရလဒ်များပင်။

ဤပညာကို ကျောက်တုံးအတတ်ပညာလို့ ခေါ်သည်။

ရိုးရှင်းတဲ့ သိုင်းကျင့်စဥ်တစ်ခုထဲနဲ့ ဖန်တီးထားတာ မဟုတ်ဘဲ သေးငယ်တဲ့ ဖန်တီးမှုအများကြီး ပေါင်းစပ်ပြီးမှ ရလာတာပင်။

မြို့ပြင်ရှိ စိတ်ဝိညာဥ်မိုင်းတွင်းများမှ တူးဖော်၍ ရသော ဈေးပေါသည့် အဆင့်နိမ့် ကျောက်တုံးများကို အသုံးပြုထားသည်။

ထိုကျောက်တုံးသီးသန့်ဆိုလျှင် သေးငယ်တဲ့ အလင်းကိုပဲ ထုတ်ပေးနိုင်တာမို့ အခန်းတစ်ခုကို အလင်းပေးဖို့တောင် မရဘူး။

ဒါပေမဲ့ အထူး ကျောက်တုံးပညာရပ်နဲ့ သန့်စင်မှုလုပ်လိုက်တဲ့အခါမှာ ကျောက်တုံးရဲ့ အလင်းက တိုးသွားခဲ့သည်။ ထိုဖြစ်စဥ်အတွက် မီးဒြပ်စင်အရည်အချင်းရှိဆေးပင်များ၊ အပူဖယ်ထုတ်ပေးတဲ့သတ္ထုရိုင်းများ၊ အဆင့်နိမ့်စိတ်ဝိညာဥ်ဆိုးဆေးများကို လိုအပ်သည်။

ပြီးလျှင်တော့ အစီအရင်ထွင်းဖို့သာ လိုတော့သည်။ စုပ်ယူ၊ စုဆောင်း၊ ထုတ်လွှတ်၊ ထိန်းညှိဆိုတဲ့ အခြေခံစည်းမျဥ်းလေးခုကို အသုံးပြုထားတဲ့ အစီအရင်ကို သုံးသည်။ ဤ အစီအရင်သည် လွယ်ကူပြီး အစီအရင်ဂိုဏ်းငယ်တိုင်းလိုလို တပည့်များအား အခြေခံအနေနဲ့ သင်ကြားပေးတဲ့ အစီအရင် တစ်ခုပဲ။

ရလဒ်ကတော့လား?

လောင်စာမလိုဘဲ ရာသီတစ်ခု ကူးပြောင်းမှသာ အားပြန်သွင်းဖို့ လိုအပ်သည့် ကြာရှည်ခံသလို ဈေးပေါတဲ့ မီးအိမ်များကို ဖန်တီးနိုင်ခဲ့တာပေါ့။

မြို့ကြီးတိုင်းမှာ ထိုမီးအိမ်များကို အသုံးပြုကြသည်။ ဇိမ်ခံပစ္စည်းအဖြစ် ကြွားဝါမှုအနေနဲ့ သုံးတာမဟုတ်ဘူး။ လူတိုင်းသုံးနိုင်သည်မို့ မြို့ရဲ့ အသုံးစရိတ်ကိုလဲ တည်ငြိမ်စေသည်မို့ပင်။

ဒီလိုဖြင့် လမ်းမကြီးသည် မီးရောင်များဖြင့် အသက်ဝင်နေတော့၏။

လမ်းမပေါ်တွင် သွားလာနေသော မြင်းလှည်းများလဲရှိသည်။ တစ်ချို့ မြင်းလှည်းများကို သာမာန် ဝိညာဥ်သားရဲများက ဆွဲနေကြတာဖြစ်ပြီး တစ်ချို့မြင်းလှည်းများကို ထူးဆန်းတဲ့ အသွင်အပြင်ရှိတဲ့ နတ်ဆိုးသားရဲများက ဆွဲကြသည်။

ထိုအချိန်တွင် ပေါက်စီလုံးများအပြည့် ခင်းထားသော လေးထောင့်လင်ဗန်းကို ကိုင်ဆောင်ထားတဲ့ ဈေးသည်တစ်ယောက်က ဘေးမှ ဖြတ်သွားလေသည်။

နောက်တစ်ဖက်ကနေလဲ ထင်းများတင်ထားတဲ့ လှည်းတစ်စီးဖြတ်သွား၏။ ထိုလှည်းမှ သစ်သားနံ့နဲ့ ဆေးဖက်ဝင်အပင်နံ့လေးများက လေထုတစ်လျှောက်ကို ပျံ့ကျဲပေးနေသည်။

လမ်းရဲ့ ဘေးမှ စီတန်းနေတဲ့ အဆောက်အဦးများတွင်တော့ ကျောက်တုံး တစ်ချို့နဲ့ သစ်သားများကို သုံးပြီးဆောက်ထားတာ တွေ့ရသည်။ အိမ်ခေါင်မိုးများသည် အချွန်အကောက်များဖြင့် အလှဆင်ထားကြသည်။

သာမာန်ရွာတစ်ခုလို အကြမ်းဖျင်းဆန်တဲ့ လူနေမှုပတ်ဝန်းကျင် မဟုတ်ပေ။ ကောင်းကင်တမျှ ခမ်းနားတဲ့ မြို့ကြီးတစ်ခုလဲ မဟုတ်ပါချေ။

လမ်းတစ်လျှောက်မှာ လူတွေက တိတ်တဆိတ်ပဲ သွားလာနေကြသည်။ တစ်ချို့လူများသည် ရိုးရှင်းတဲ့ဝတ်ရုံနဲ့ ဆံပင်ကိုလဲ ရိုးရှင်းစွာ ကြိုးတစ်ချောင်းနဲ့ စည်းနှောင်ထားသည်။

တစ်ချို့ကတော့ စိတ်ဝိညာဥ်အဝတ်အစားများကို ဝတ်ဆင်ထားသည် ပြောရမည်။ စိတ်ဝိညာဥ်စွမ်းအင်ပါတဲ့ အပေါ်ထပ်များကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းနှင့် အလှဆင်ထားသည်။ ဖုံးကွယ်ထားတဲ့ သားရဲများကို ခါးစည်းအဖြစ် စည်းထား၏။

လက်နက်တွေ သယ်ဆောင်ထားတဲ့သူများလဲ ရှိသည်။ ဓားရှည်၊ ဓားမကြီးများကို နောက်ကျောတွင် လွယ်ကြရုံသာ မက ချိန်းကြိုးများဖြင့် ဆက်သွယ်ထားတဲ့ တူကို တင်ပါးဘေးမှာ ချိတ်ထားတဲ့သူပင် ရှိသေး၏။

All Chapters