( ကျောက်စိမ်းရက်ကန်းစံအိမ်)
Vol. 7 Ch. 89
မနက်အစောပဲ ရှိသေးသော်ငြား မဟာမြို့တော်သည် အသက်ဝင်နေခဲ့သည်။
မြို့ထဲမှာ ရောက်နေတယ်ဆိုတာကလွဲလျှင် ဟောင် ထူးထူးခြားခြား မခံစားရပါချေ။ အခု နေရာတွင် ကောင်းကင်ပေါ်ကို ထိုးထောင်ထွက်နေတဲ့ ကမ္ဘာပေါ်က အဆောက်အဦးကြီးတွေ မရှိဘူး။ လေထုကလဲ မီးခိုးနံ့တွေ သတ္ထုနံ့တွေ ပြည့်မနေဘူး။
ဤနေရာရှိ အဆောက်အဦးများသည် ကျယ်ဝန်းသည်။ လေထုသည် လတ်ဆတ်၏။ လေထုထဲရှိ ချီစွမ်းအင်ဓာတ်သည် ခံစားချက်ကို ပေါ့ပါးစေသည်။
‘... မဆိုးပါဘူး’ ဟောင် ပြုံးလိုက်လေ၏။
သေချာပေါက် မြင်မြင်သမျှက လှနေလေသည်။
သူတို့ အစောက ထွက်လာခဲ့တဲ့ ကျဥ်းမြောင်းတဲ့ မှောင်မဲမဲ လမ်းကြားကို ပြန်လှည့်မကြည့်နိုင်လောက်အောင် အရှေ့က လမ်းမကြီးသည် ရှည်လျားသည်။
သူ အရှေ့ကို ပိုရောက်လာသည်နှင့်အမျှ လူသွားလူလာတစ်ချို့က ကြည့်လာကြသည်။ လူတစ်ချို့ဆို လမ်းလျှောက်နေတာပင် ရပ်သွားပြီး ကြည့်နေကြသည်။ သူတို့တွေ ထုတ်လွှတ်နေတဲ့ စိတ်ဝိညာဥ်အာရုံခံမှုတွေကြောင့် မသိလျှင် သူ့ရဲ့တည်ရှိမှုကို မမြင်နိုင်တဲ့ လက်ချောင်းများက ထိတွေ့နေတဲ့အတိုင်းပဲ။
“...”
ဟောင် မျက်တောင် တစ်ဖြတ်ဖြတ် ခတ်လိုက်သည်။
သူ အဲ့လောက် ဆိုးဆိုးဝါးဝါးကြီး.ထင်းထွက် နေလို့လား?
သူ့ရဲ့ ပုံစံက မြို့တော်ကို တစ်ခါမှ မရောက်ဖူးတဲ့ တောသားရုပ် ပေါက်နေလို့လား? ရုပ်ပျက်ဆင်းပျက်ကြီး ငေးကြည့်နေမိလို့များလား?
သူ့ရဲ့ မျက်လုံးတွေက ကိုယ့်အင်္ကျီကိုယ် ပြန်ငုံ့ကြည့်မိသွားသည်။
အာ။
သူအခုထိ ကုန်စုံဆိုင်ရဲ့ ဝတ်စုံကြီး ဝတ်ထားမိတာပဲ။
‘..ချီးပဲ’
ဟောင် စိတ်ထဲမျ ကျိန်ဆဲလိုက်သည်။ သူ့ရဲ့ မျက်နှာကို သပ်လိုက်လေ၏။
ငါ စောက်တလွဲတွေတော့ လုပ်မိပြီ…!
ငါ အပြင်မထွက်ခင် ရှီရှီလေး ဖြစ်ဖြစ် အနည်းဆုံး ထျန်းလုကိုဖြစ်ဖြစ် အဝတ်အစားနဲ့ ပတ်သတ်ပြီး အကူအညီ တောင်းခဲ့လိုက်ရမှာကွာ။
နည်းနည်း ထူးဆန်းမနေမဲ့ အဝတ်မျိုး တောင်းခဲ့ရမှာ…..
“ ငါက ဒီနေရာက မဟုတ်သလို ဒီကမ္ဘာကတောင် မဟုတ်ဘူး” လို့ အော်နေမဲ့ အဝတ်မဟုတ်တာမျိုးပေါ့…!
အခုတော့ အရမ်း နောက်ကျသွားပြီ။
အခုမှတော့ စိတ်ညစ်နေလဲ မထူးဘူး။ အပြင်ထိ ရောက်လာမိပြီ။
“ ငါတို့ သွားသင့်ပြီ ခူရိုမီ”
“ အရင်ဆုံး အဝတ်ဝယ်မယ်”
ပြောပြီးတာနဲ့ ဟောင် ကိုယ်ကိုအနည်းငယ် ရို့လိုက်ကာ အတတ်နိုင်ဆုံး ဖုံးကွယ်ဖို့ ကြိုးစားလိုက်လေ၏။
ခူရိုမီက တိတ်တဆိတ်ပဲ ဟောင်ရဲ့ အနောက်က လိုက်လာခဲ့သည်။
အခြေအနေကို နားလည်တဲ့ သူခိုးလေးက ခူရိုမီရဲ့ ကျောပေါ်ကနေ ချောင်းကြည့်လာ၏။
‘မင်း တစ်ကယ် အင်္ကျီလဲခဲ့သင့်တာ..’
သူရဲ့ နှုတ်ခမ်းက ကျေနပ်စွာ အပေါ်တက်သွားသေး၏။
ဘယ်လိုတောင် လွဲရတာလဲ? မင်းနဲ့ တန်တယ်။ ငတုံးလူသား။
ဒါပေမဲ့ သူခိုးလေး တစ်ခွန်းမှ ထုတ်မပြောရဲပါချေ။
သူ့ဘဝရဲ့ နေဝင်ချိန်ကို ခူရိုမီရဲ့ လက်သည်းချက်ကြောင့် မရောက်ချင်သေးဘူး။ မိသားစု ညစာလေး စားချင်သေးသလို နွေးထွေးတဲ့ နေရောင်ကိုလဲ ခံစားချင်သေးသည်။ သူအခုထိ မိတ်ဖက် ရသေးတာလဲ မဟုတ်ဘူး။
ထို့နောက်မှာ ဟောင် တွေ့သွားခဲ့သည်။
မှန်နံရံကို သုံးထားသည်မို့ အတွင်းပိုင်းရှိ ကျက်သရေရှိတဲ့ ဝတ်ရုံများကို မြင်နေရ၏။ ဝတ်ရုံများကို သစ်သားရုပ်ထုများပေါ်တွင် ဝတ်ပေးထားသည်။ သစ်သားရုပ်များသည် ဟန်ပန်အမျိုးမျိုးဖြင့် တိုက်ခိုက်ဟန်ပြုနေသော ကျင့်ကြံသူများ အသွင်ရှိနေ၏။
ဟောင်ရဲ့ အကြည့်သည် အဆောက်အဦး အပေါ်ရှိ ဆိုင်းဘုတ်ပေါ်ကို ရောက်ရှိသွားသည်။
‘ ကျောက်စိမ်းရက်ကန်းစံအိမ်’
ကျောက်စိမ်းရောင် လေးထောင့်အခံကို ဘေးတွင်ရွှေရောင်ကွတ်ထားပြီး အလယ်မှ မှင်နက်ဖြင့် ရေးသားထားသည်။
အချိန်ဆွဲမနေတော့ဘဲ ဟောင် အောက်ငုံ့ကာ ခူရိုမီနဲ့ သူခိုးလေးကို ပွေ့လိုက်ပြီး တံခါးဖွင့်လိုက်သည်။
ချည်ထိုးဖိနပ်များကို နံရံတစ်လျှောက်တွင် စီတန်းထားပြီး စားပွဲပေါ်တွင် လက်ဝတ်ပစ္စည်းများ ခင်းကျင်းထားသည်။ အစီအရင်ကို တိုးပေးသော လက်အိတ်၊ ခါးပတ်နှင့် ခါးစည်းကြိုးများကို စင်တွေပေါ်မှာ တင်ထား၏။
ယောက်ျားလေး ပစ္စည်းများ ခင်းသည့်ဘက်ကို လှည့်တော့မဲ့ အချိန်မှာပဲ ဟောင်ရဲ့ မြင်ကွင်းရှေ့ကို အရိပ်တစ်ခု ရောက်လာခဲ့သည်။
ထျန်းလုလောက်နီးနီး အရပ်ရှည်သည့် လူတစ်ယောက်က လက်ပိုက်ထားရင်း အရှေ့တိုးလာ၏။ ထိုသူသည် ထူထဲသော မျက်ခုံးများရှိပြီး ကျောက်စိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။
“ ကျောက်စိမ်းရက်ကန်းစံအိမ်က ကြိုဆိုပါတယ်”
‘ သူက ဆိုင်စောင့်ဖြစ်မယ်’
ဟောင် တွေးမိသွားရင် နောက်ကျောကို အနည်းငယ် မတ်လိုက်လေ၏။
ထိုလူက ယဥ်ကျေးစွာ ခေါင်းညိတ်ပြလာသည်။
“ ငါ့နာမည်က ဟွာမင်ပါ။ ဒီနေ့အတွက် တာဝန်ကျတဲ့သူပေါ့”
“ သခင်လေး အကူအညီလိုပါသလား? လိုအပ်ရင် ငါ လိုက်ပြပေးနိုင်တယ်”
ဟောင် ခဏ ရပ်သွား၏။
‘သခင်လေး…?’
နေအုံး။ အခုသူ့ကို သခင်လေးလို ဆက်ဆံနေတာပေါ့?
ဒါဆို နောက်ထပ်လိုမဲ့ ဇာတ်ကွက်က ယပ်တောင်တစ်ချောင်းကောက်ယူပြီး တစ်ယောက်ယောက်ရဲ့ မျက်နှာဖြတ်ရိုက်ရင်း
“ ငါဘယ်သူလဲ မင်းသိလားကွ?” ဆိုပြီး ပွဲကြမ်းဖို့လား?
အတိတ်တုန်းက ဈေးဝယ်ချိန်တိုင်း ဝန်ထမ်းတွေ ရှင်းပြပေးတာမျိုးကို သူ သဘောမကျခဲ့ဘူး။ ဒါပေမဲ့ အဲ့ဒါက ကမ္ဘာပေါ်မှာတုန်းကလေ။ အခုတော့ အချိန်ကုန်လဲ သက်သာနိုင်သည်မို့ ကူပေးခိုင်းလဲ ဆိုးဝါးတဲ့ အကြံမဟုတ်ချေ။
“ မင်္ဂလာပါ”
ချောချောမွေ့မွေ့ပဲ ထွက်လာခဲ့သည်။
ဟောင် သူ့ရဲ့ ဈေးဝယ်တွေ ဆိုင်ထဲဝင်လာတဲ့အခါမှာ ပြောတဲ့အတိုင်း လိုက်ပြောလိုက်တာပင်။
“ ငါက သာမာန်ဗြောင်ဝတ်ရုံကို လိုချင်တာ”
“ ဘယ်နားမှာလဲ ပြပေးနိုင်မလား?”
ဟွာမင် ယဥ်ကျေးစွာ ခေါင်းညိတ်ပြပြီး လက်တစ်ဖက်နဲ့ ညွှန်ပြလိုက်သည်။
“ ဒီဘက်ကိုပါ သခင်လေး”
မိနစ်အနည်းငယ် အတွင်းမှာ သပ်ရပ်စွာ ပြသထားတဲ့ ဝတ်ရုံများ ရှိရာကို ရောက်လာခဲ့ပြီပင်။
ဟောင်ရဲ့ အကြည့်က မီးခိုးရောင် တိမ်အဆင်ဖြင့် အနားကွတ်ထားတဲ့ အမဲရောင်ဗြောင်ဝတ်ရုံပေါ် ရောက်သွားလေ၏။
အရမ်းထင်းထွက်မနေသလို မျက်လုံးကို သက်တောင့်သက်သာ ခံစားရစေသည်။
သူ လက်လှမ်းပြီး အသားကို ကိုင်ကြည့်လိုက်၏။
“ ဒါ ဘယ်လောက်ကျလဲ?”
ဟွာမင်း ချက်ချင်း တုံ့ပြန်လိုက်သည်။
“ တစ်ထည်ကို ရွှေဒင်္ဂါးနှစ်ဆယ် ကျပါတယ် သခင်လေး”
“ ပုံစံက ရိုးရှင်းပေမဲ့ သူ့ရဲ့ ချည်ထည်က ပေါ့ပါးခိုင်ခံ့ပြီး ဝတ်ရတာ အသက်ရှုချောင်တဲ့ အတွက် နာမည်ကြီးတဲ့ သန်ခေါင်းပိုးထည်စ ကနေ ချုပ်ထားတာလေ”
“ အဆွဲအဆန့်လဲ ခံတယ်။ ခရီးသွားရင်တို့ ပေါ့ပါးတဲ့ တိုက်ပွဲငယ်မျိုးအတွက်ဆိုလဲ သင့်တော်တယ်”
“ တိုက်ခိုက်ချိန်မှာတော့ ခန္ဓာကိုယ်ကို မကာကွယ်ပေးနိုင်ဘူး။ ဒါပေမဲ့ ခရီးသွား ကျင့်ကြံသူတွေ အဝတ်များတယ်”
ဟောင် အနည်းငယ် အင်း လိုက်ပြီး အသားကို ထပ်ကိုင်ကြည့်လိုက်သည်။ ချောမွေ့ ပြောင်ရှင်းပြီး အံ့သြဖို့ ကောင်းလောက်အောင် လက်ချောင်းထိပ်များပင် အေးသွားသလိုပဲ။
သက်တောင့်သက်သာရှိပြီး အဝတ်လဲ ခံမဲ့ပုံပင်။
“ ငါယူမယ်” သူပုံမှန်လို ပြောလိုက်လေ၏။
“ အမဲသုံးထည်၊ အဖြူနှစ်ထည်နဲ့ အနီတစ်ထည်ပေး”
ဟွာမင် မျက်တောင်ခတ်လိုက်ကာ
“ ဒီဇိုင်းတူတူပဲလား?”
“ အင်း” ဟောင် ခေါင်းညိတ်လိုက်သည်။
“ အရောင်ပဲကွဲပေးရင် ရပြီ။ ငါက ရိုးတာကြိုက်လို့”
“ နားလည်ပါပြီ။ ဒါဆို ငါ့ကိုခွင့်ပြုပေးပါ။ ဆိုဒ်တိုင်းချင်လို့”
အချိန်အများကြီး မကြာလိုက်ပေ။ နှစ်ထည်လောက် ဝတ်ကြည့်ပြီးနောက်မှာ တော်တဲ့ဆိုဒ်ကို ရသွားခဲ့သည်။ အဝတ်လဲခန်းမှ ထွက်လာပြီးနောက်မှ အင်္ကျီလက်စကို အနည်းငယ် ဖုန်ခါလိုက်ရင်း
“ ဒီတစ်ခုပဲ”
“ ကောင်းပါပြီ။ ဆိုဒ်တူတဲ့ တစ်ခြားအရောင်တွေကို သွားထုတ်ခိုင်းလိုက်ပါ့မယ်”
ဟွာမင် ခေါင်းညိတ်ပြပြီးတာနဲ့ လုပ်ဆောင်ဖို့ လှည့်ထွက်သွားလိုက်သည်။
မိနစ်အနည်းငယ် ကုန်သွားခဲ့သည်။ ဟောင် အနားရှိ ခုံတန်းမှာ ဝင်ထိုင်နေချိန်မှာ ခူရိုမီက ဘေးမှာလှဲနေ၏။ သူခိုးလေးက ဟောင်ရဲ့ အင်္ကျီလက်မှ အပြင်ကို ချောင်းကြည့် နေခဲ့သည်။
အထည်တွေကို သပ်ရပ်စွာ ခေါက်ပြီး၍ ထုတ်ပိုးပြီးနောက်မှာ ဟွာမင် ပြန်လာခဲ့သည်။
“ စုစုပေါင်း ရွှေဒင်္ဂါး ၁၄၀ ကျပါတယ်”
ဟောင် သူ့ရဲ့ အိတ်ကပ်ထဲကို နှိုက်လိုက်၏။ ဝိညာဥ်ကျောက်တုံးတစ်တုံး ပေးလိုက်လေသည်။
ဟွာမင် ရဲ့ မျက်ခုံးက အနည်းငယ် ပင့်သွားကာ သူ စိုက်ကြည့်နေမိသည်။
“... ဝိညာဥ်ကျောက်တုံးလား?”
သတိကြီးကြီးဖြင့် သူ ထပ်မေးလိုက်လေ၏။
“ ဒါနဲ့ ပေးချင်တာ သေချာရဲ့လား? သခင်လေး”
ဟောင် ဝိညာဥ်ကျောက်တုံးနဲ့ ငွေပေးတာက အရမ်းကို ပုံမှန်ဖြစ်သလိုမျိုး ခေါင်းညိတ်လိုက်သည်။