← Chapters

( ကျင့်ကြံသူအနေနဲ့ လှည့်ပတ်ခြင်း)

Vol. 7 Ch. 90

( ကျင့်ကြံသူအနေနဲ့ လှည့်ပတ်ခြင်း)

Vol. 7 Ch. 90

အနည်းဆုံးတော့ အပြိုင်ကမ္ဘာကုန်စုံဆိုင် မှာတော့ ဒါက ပုံမှန်ပဲလေ။

ဒါပေမဲ့ အခုလိုမျိုး ပုံမှန်ဈေးဆိုင်မှာတော့ ဝိညာဥ်ကျောက်တုံး.အသုံးပြုတယ်ဆိုတာ အင်မတန်ရှားသည်။ ဝတ်ရုံမှာ အထူးအကာအကွယ် အစီအရင်မျိုး ပါရင်ဖြစ်စေ၊ အထူးအားတိုးစေတဲ့ ဆေးဝါးမျိုး ပါရင်တော့ တစ်မျိုးပေါ့။

အထူးချည်မျှင်များ ရက်လုပ်ထားတဲ့ ဝတ်ရုံနဲ့ သားရဲများရဲ့ အထူးပစ္စည်းများ ထည့်ထားတဲ့ ဝတ်ရုံများသည် တိုက်ပွဲများနဲ့ အရေးကြီး အချိန်အခါမျိုးတွင်သာ ဝတ်ဆင်ကြသည်။

မဟုတ်ရင် ဒင်္ဂါးကိုသာ အသုံးများသည်။

ဝိညာဥ်ကျောက်တုံးကို ကျင့်ကြံရေး သမားများရဲ့ ပတ်ဝန်းကျင်တွင်သာ သုံးကြသည်။

ဝိညာဥ်ကျောက်တုံးဆိုတာ ချီစွမ်းအင်များ သိပ်သည်းဖြစ်တည်နေတဲ့ သန့်စင်တဲ့ ကျောက်တုံးများပဲ။ ကျင့်ကြံသူအများစုက ဝိညာဥ်ကျောက်တုံး တစ်တုံးစီကို အဆင့်တက်ဖို့ အထောက်အပံ့ပေးနိုင်တဲ့ ရတနာတွေအဖြစ် တစ်ဘဝလုံး တန်ဖိုးထားကြသည်။

ဒါပေမဲ့ သာမာန်အဝတ်အတွက် ဝိညာဥ်ကျောက်တုံးကို သုံးနေတာလား? ကျင့်ကြံသူအများစုရဲ့ အမြင်မှာတော့ ဒါက အပြစ်လုပ်နေတာပဲ။

ဒါကြောင့်ပဲ ဟွာမင်က ငွေရှင်းခါနီးအချိန်မှာ တိတ်တဆိတ် ထပ်စစ်ဆေးလိုက်သည်။

‘ သူက လျှို့ဝှက်ဂိုဏ်းတစ်ခုခုရဲ့ အတွင်းတပည့်ဖြစ်နိုင်တယ်… အရမ်းအရမ်း ဝေးတဲ့နေရာကလာတာဖြစ်ရမယ်’

‘ သူ့ရဲ့ ဝတ်စားပုံက ဒီနေရာနဲ့ လုံးဝ မတူညီဘူး’

ဟွာမင် ဒီတိုင်း ခန့်မှန်းနေတာ မဟုတ်ပါချေ။ ဒီဆိုင်ကို လူတွေဝင်ချည်ထွက်ချည် ပြုနေတာ သူ နှစ်ပေါင်းများစွာ စောင့်ကြည့်ပေးခဲ့တာပဲ။ ထို့ကြောင့် ဟောင်ရဲ့ ထူးဆန်းတဲ့ ဒီဇိုင်းနဲ့ အဝတ်အစားက သာမာန်မဟုတ်တာကို သေချာပေါက် ပြောနိုင်သည်။

အစရဲ့အသားက နူးညံ့ပြီး ကောင်းမွန်စွာ ပြုလုပ်ထားပုံပေါက်သည်။ ချုပ်ရိုးချုပ်သားလဲ ကောင်းပြီး ကိုယ်နဲ့ ကွက်တိကျတယ်… သေချာပေါက် ကျွမ်းကျင်တစ်ယောက် ချုပ်ထားတာပဲ။

ဈေးဝယ်ရဲ့ အတိုင်းနဲ့ သေချာချုပ်ပေးထားတာမျိုး ဖြစ်ပြီး ဈေးကြီးလောက်သည်။ အကာအကွယ် အစီအရင် မပါရင်တောင်မှ ဝိညာဥ်ကျောက်တုံး တစ်တုံးနီးနီး ကုန်ကျနိုင်သည်။

ဟွာမင်းက သူ့ရဲ့ ကျောက်စိမ်းဝတ်ရုံရဲ့ အတွင်းစကနေ ငွေရောင်အမှတ်တံဆိပ်တစ်ခု ထုတ်ယူကာ ဟောင်ကို ပေးလိုက်သည်။

“ ဒါက သခင်လေးအတွက်ပါ”

“ ဒီဆိုင်ကို ထပ်လာခဲ့ရင်ဖြစ်စေ၊ ဒါမှမဟုတ် ငါတို့ရဲ့ ဆိုင်ခွဲလေးခုထဲက ဘယ်တစ်ခုကိုပဲ ရောက်ရောက် ဒါကိုပြလိုက်ပါ။ သခင်လေး လျော့ဈေးအနည်းငယ် ရလိမ့်မယ်”

ဟောင် အနည်းငယ် ရပ်သွားကာ

“ အိုး ကျေးဇူးပဲ”

ကျင့်ကြံရေးလောကက ဆိုင်တွေမှာလဲ လျော့စျေးပေးတဲ့ အလေ့အထမျိုးရှိလိမ့်မယ်လို့ သူ မထင်ထားမိဘူး။

ဒါပေမဲ့ ဒါက ပုံမှန်အလေ့အထလဲ ဖြစ်နိုင်သည်။ သူ ဆိုင်ပြင်ထွက်တာ အခု ပထမဆုံးပဲလေ။

သူ သိတာဆိုလို့ ဈေးဆိုင်တန်းကြီး ရှိတယ်ဆိုတာ တစ်ခုပဲ။

ငွေပေးပြီးနောက်မှာ ဟောင် အဝတ်လဲခန်းထဲ သွားပြီး အမဲတစ်ထည်ကို ဝတ်ခဲ့လိုက်သည်။

ကွက်တိပင်။

ဒါကိုဝတ်လိုက်တာနဲ့ ဆွဲဆောင်မှု အမှတ်တွေဘာတွေ ရသွားတာလား?

ဖြစ်နိုင်တာ သြဇာတိက္ကမ ပိုင်းပါ မြင့်သွားတာလား? ဒါကသာ ဂိမ်းတစ်ခုဆိုလို့ကတော့ သူ့ရဲ အော်ရာ အမှတ်က အဆင့်တွေခုန်တက်သွားပြီပင်။

‘ ကောင်းတယ်’ ဟောင် တွေးနေရင်းဖြင့် အင်္ကျီကော်လံကို ညှိလိုက်သည်။

‘ ဒါနဲ့ဆို ထူးထူးဆန်းဆန်းကြီး ကြည့်ခံရတော့မှာ မဟုတ်ဘူး’

ဟောင် ခူရိုမီကို ခေါင်းညိတ်ပြလိုက်ကာ ကျောက်စိမ်းရက်ကန်းစံအိမ်ကနေ ထွက်သွားလိုက်သည်။

‘ ဒီဝတ်စုံက ငါနဲ့ကျင့်ကြံရေးလောကကို တစ်ကယ် လိုက်ဖက်အောင်လုပ်ပေးနိုင်မလား ကြည့်တာပေါ့’

သူတို့တွေ လမ်းတစ်လျှောက် သွားတဲ့အချိန်မှာ

အရင်လိုမျိုး.လူတွေရဲ့ အကြည့်ကို မခံစားရတော့ချေ။

သူ နောက်ဆုံးတော့ လူတိုင်းနဲ့ ရောနိုင်သွားပြီ!.

အမှန်တော့ သူ လက်ခုတ်လက်ဝါးတီးပြီးပါ ကိုယ့်ကိုယ်ကို ချီးကျူးချင်ခဲ့သည်။ ဒါပေမဲ့ အဲ့လိုလုပ်လိုက်မိလို့ကတော့ ချီသွေဖယ်ခြင်း​ကြောင့် ရူးသွားတဲ့ ကျင့်ကြံသူ တစ်ယောက် ရောက်နေပါတယ်လို့ တိုင်ကြား ခံနေရလိမ့်မည်။

ဒီလိုနဲ့ ဈေးတစ်လျှောက်ရှိ ဈေးဆိုင်များကို ပတ်ကြည့်နေခဲ့တာ တစ်နာရီလောက် ကြာသွားခဲ့သည်။

ဆိုင်တစ်ဆိုင်တွင် အန္တရာယ်ကြုံလျှင် အသိပေးနိုင်တဲ့ စိတ်ဝိညာဥ်အစွမ်း ထည့်ထားတဲ့ ဆံထိုးများကို ရောင်းချသည်။ နောက်တစ်ဆိုင်သွားကြည့်လိုက်သောအခါမှာ ရှားပါးဆေးပင်များကို သစ်သားဗူးများဖြင့် ထည့်ထားတာ တွေ့ရ၏။ သစ်သားဗူးများ အပေါ်မှာ ‘နဂါးအရိုးပန်းပွင့်’ ဒါမှမဟုတ် ‘နှစ်တစ်ယောက်အအေးမြစ်’ စသဖြင့် ဒရမာဆန်လှသည့် နာမည်များ တပ်ထားလေသည်။

နောက်တစ်နေရာသည် ပန်းပဲဖိုဖြစ်သည်။ အပေါ်ပိုင်း အဝတ်မပါတဲ့ လူတစ်ယောက်က ဓားပျံကို လက်ဗလာဖြင့် ပန်းပဲထုနေသည်။ မလိမ်မာတဲ့ တပည့်ကို ဆူနေသလိုမျိုး ပါးစပ်ကလဲ အဆက်မပြတ် အော်ဟစ်နေသေး၏။

ဘေးရှိ အကူကောင်လေးသည် ခုံပေါ်မှာ စိမ်ပြေနပြေထိုင်ပြီး မြက်တစ်ပင်ဝါးရင်း အော်သမျှ စကားလုံးတိုင်းကို ခေါင်းညိတ် ထောက်ခံနေ၏။

ထိုလမ်းမှာ အဆောင်ပစ္စည်းဆိုင်ပင် ရှိသေးပြီး အကန့်သတ်နဲ့ပဲ ရနိုင်မဲ့ အဆောင်ပစ္စည်းများဟူ၍ ကြော်ငြာ ဆင်းနေသည်။

'မင်းဆယ်ခုဝယ်ရင် အထူးအဆောင်စာရွက် တစ်ခုရမယ်။ အဲ့ဒါက မင်းကိုကြီးမားတဲ့ ကံကောင်းမှုမဟုတ်ရင် တစ်နေ့လုံး လေလည်စေပြီးကံဆိုးစေမှာပဲ။ မင်းရဲ့ ကံကို စမ်းသပ်ချင်လား? ဒီကိုလာခဲ့လိုက်’ ဆိုတဲ့ စာတမ်းရှည်ကြီးကို ဘေးမှာချိတ်ဆွဲထား၏။

“....”

ဟောင် မျက်တောင်ခတ်လိုက်သည်။ ဒါက လိမ်စားနေတာလို့ ပြောရင် အရမ်းကဗျာဆန်သွားမလား?

အဲ့ဒီအဆောင်ပညာရှင် လုပ်စားနေမှန်း 90% သေချာသည်။

ဟောင် တစ်ခုမှ မဝယ်ခဲ့ချေ။ သူ သာမာန်လိုပဲ လှည့်ပတ်သွားနေပြီး မျက်လုံးထဲဝင်လာတဲ့ ပစ္စည်းများကို သွားကြည့်တတ်သည်။

သူတို့အကြာကြီး လျှောက်မသွားခဲ့ပေ။ ဆိုင်မှာ သူ့ကိုလိုနေမလား စိတ်ပူမိတာကြောင့်ပင်။

အရာအားလုံးကို တစ်ရက်ထဲ စူးစမ်းနေလို့ မရဘူးလေ။ ဒါကြောင့် သူ အသားကင်တစ်ချောင်းကို လက်က ကိုင်ပြီး ဆိုင်ဆီကို ပြန်ဦးတည်လိုက်တော့သည်။

အသားကင်ကို ကြည့်လိုက်ရုံနဲ့တင် သူ့ရဲ့ ဗိုက်က အချက်ပြနေခဲ့ပြီ။ အသားကင်က ထွက်နေတဲ့ မီးခိုးနံ့လေးက ပါးစပ်ထဲ သွားရည်ယိုစေသည်။

အသားကင်အပေါ်က ဆီဝေ့နေတာက နေ​ရောင်အောက်မှာ တောက်ပနေပြီး ပိုပြီး စားချင့်စဖွယ် ဖြစ်နေတော့သည်။

တစ်ကိုက်စားကြည့်ပြီးနောက်မှာ ဟောင် အံ့သြသွားလေ၏။

အသားက အရမ်းနူးညံ့သည်။ အားစိုက်စရာမလိုပဲ အလွယ်ခွာလို့ရပြီး အရသာကလဲ ကျေနပ်ဖွယ်ပင်။

အသားရဲ့အရသာက သိုးသားနဲ့ ငှက်သားရဲ့ ကြားက အရသာကို ရသည်။ အသားဓာတ်ပြည့်ပြီး ချောမွေ့ကာ လျှာပေါ်မှာ ပျော်ဝင်သွားသည်။

မီးခိုးနဲ့ ကင်ထားတာဖြစ်၍ ထောင့်စွန်းလေးများတွင် အနည်းငယ် တူးနေသည်။ အပေါ်ယံတို့ထားသော ဆီတွင် အချိုနဲ့အစပ်အရသာ ရောနေတာကြောင့် စားလိုက်တာနဲ့ ပါးစပ်ထဲကို ပေါင်းစပ်ဝင်သွားတဲ့အရသာက အနွေးဓာတ်ကို စွဲကျန်နေစေသည်။

မီးကင်တဲ့အခါမှာ အလွန်ဂရုတစိုက်လုပ်ထားသလို ခံစားရသည်။ အပေါ်ယံက အဆီရည်သည် စီးကျနေပြီး ကျွတ်နေတဲ့ ဘေးအနားသားများကြောင့် တစ်ကိုက်ပြီးတစ်ကိုက် စားချင်လာရသည်။

ဟောင် ခေါင်းညိတ်လိုက်သည်။

ဆိုင်က ပစ္စည်းတွေနဲ့ အရသာကို သွားမယှဥ်နိုင်ဘူးဆိုပေမဲ့ ပေးရတဲ့ဈေးနဲ့ တစ်ကယ်တန်သည်။

ဟောင် ခူရိုမီကို ကြည့်လိုက်ကာ တစ်တုံးကျွေးလိုက်လေ၏။ သူမ ငုံ့ကြည့်လိုက်ပြီး စားလိုက်သည်။ တစ်ခဏလောက် ရပ်သွားခဲ့ပြီး သူမလဲ လက်ခံစွာခေါင်းညိတ်လိုက်သည်။

ဟောင် နောက်တစ်တုံးယူကာ သူခိုးလေးဘက်ကို ပေးလိုက်သည်။

ကြွက်စုတ်က အဆိပ်ကျွေးနေသလို နှာခေါင်းတရှုံ့ရှုံ့ဖြင့် အနံ့ခံသေး၏။ နှာခေါင်းက မြှောက်ထားပြီး အမြှီးတစ်ယမ်းယမ်းနှင့်ပင်…

“ ငါအကျန်တွေ မစားဘူး” ဆိုတဲ့ မျက်နှာထားက တပ်ထားသေးသည်။

ဒါပေမဲ့ အနံ့က ဆွဲဆောင်လာခဲ့သည်။

ဟောင်ရဲ့ လက်ပေါ်ကနေ အသားက ချက်ချင်းပျောက်သွားကာ အမွှေးနဲ့သွားရဲ့ အရိပ်သာ မြင်လိုက်ရ၏။

“ မင်းက လောဘကြီးလိုက်တာ ချီဘီဆု”

ဗလာဖြစ်သွား​သော လက်ကိုငုံ့ကြည့်ရင်း ဟောင် ပြောလိုက်တာပင်။

“ ငါ မချပေးရသေးဘူးလေ”

ပလပ်ပလပ်ပလပ်။

အပြည့်အဝ စားသုံးနေတဲ့ သူခိုးလေးက ခဏရပ်သွားပြီး…

‘ မင်းငါ့ကို.. ပလပ်ပလပ်.. အရသာရှိတာ ကျွေးလိုက်တာနဲ့.. ပလပ်.. ငါပါလာမယ် ထင်မနေနဲ့’

ဂျွတ်

အွန်း

‘ ငါအခုထိမင်းကို ခွင့်မလွှတ်သေးဘူး။ အမ်း..ပလပ် ငါမင်းကို အခုထိ လက်မခံသေးဘူး’

‘ ဒါပေမဲ့ ဒီအသားကင်ကတော့ လက်ခံပေးလို့ရတယ်’

ထို့နောက်မှာ ကြွက်စုပ်က လက်ချောင်းများကိုပါ ယပ်လိုက်ရင်း ဟောင်ကို ပေစောင်းစောင်း ကြည့်လာသည်။ ပြီးတဲ့နောက်မှာ ဒရာမာဆန်ဆန် ခေါင်းကို တစ်ဖက်လွှဲလိုက်ပြီး အမြှီးကိုပါ ခါသွားသေးသည်။

မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့ ဆိုင်တံခါးပေါက်ရှိသော လမ်းကြားအိုဆီကို သူတို့သုံးယောက်လုံး ပြန်ရောက်လာခဲ့ပြီပင်။

ခုနှစ်လှမ်းလောက် လှမ်းလိုက်တာနဲ့ ခံစားလို့ရလိုက်သည်။

လူသတ်ငွေ့လဲ မဟုတ်သလို စိတ်ဝိညာဥ်ဖိအားလဲ မဟုတ်ဘူး။ သူတို့နောက်ကို တစ်ယောက်ယောက် လိုက်နေတယ်ဆိုတဲ့ ထင်ရှားတဲ့ခံစားချက် တစ်ခုသာ။

ဖရိုဖရဲ မသပ်မရပ်နဲ့ ကျယ်လောင်စွာ လိုက်နေတာပဲ။

နည်းနည်းလေးတောင်… ဖုံးကွယ်ဖို့ မကြိုးစားတတ်ရှာဘူး။

All Chapters