← Chapters

( စနစ်ရှိတဲ့ အကောင်ကြီးကို မင်းတို့က ရန်စချင်တာလား?)

Vol. 7 Ch. 91

( စနစ်ရှိတဲ့ အကောင်ကြီးကို မင်းတို့က ရန်စချင်တာလား?)

Vol. 7 Ch. 91

ဟောင် လမ်းလျှောက်နေတာ ရပ်သွားခဲ့သည်။ ခူရိုမီနဲ့ သူခိုးလေးလဲ ရပ်သွားလေ၏။ သူတို့သုံးယောက်လုံးတွင် အံ့သြနေဟန်.မရှိချေ။

ဟောင် အနောက်လှည့်ကြည့်လိုက်ချိန်မှာ…

လမ်းကြားထိပ်၌ ပုံရိပ်နှစ်ခု ရပ်နေတာကို မြင်တွေ့လိုက်ရသည်။

ထိုထဲက တစ်ယောက်သည် သားရဲသားရေ လတ်ပြတ်အင်္ကျီကို ဝတ်ဆင်ထားသည်။ အင်္ကျီ က တော်တော်လေး သေးနေသည်။

အကိုကြီးပိုင်..

သူ့ရဲ့လက်မောင်းတွေက ပိန်သော်ငြား အမာရွတ်ဟောင်းတွေ ရှိသည်။ ပုခုံးပေါ်တွင် သံချေးတက်နေတဲ့ ဓားမကြီးတစ်ချောင်းကို ပျင်းရိစွာထမ်းထားသည်။

ပါးစပ်ကလဲ ပြုံးဖြဲဖြဲလုပ်နေသေး၏။ စိတ်မကောင်းစရာက ထိုဓားပြလိုလို ဘာလိုလို လူတွင် သွားမစုံရှာပေ။

ဆံပင်တွေကလဲ ဘဝတစ်ပါးကို အရင်ကူးပြောင်းနှင့်တာ ဖြစ်ရမည်။ ဒါပေမဲ့ လက်ကျန် ကျန်သေးတဲ့ ကျိုးတိုးကျဲတဲလေးကို သနားဖို့ကောင်းစွာ ရအောင် စည်းနှောင်ထားလေ၏။

ခပ်ပါးပါး မုတ်ဆိတ်မွှေးကလဲ ရှိသေးသည်။

စီးထားတဲ့ ဖိနပ်ကလဲ ဖြစ်ကတတ်ဆန်းပင်…

အဆောင်စာရွက်ဟောင်းများကို ဖြစ်သလို ကြိုးဖြင့်စည်းပြီး ဖိနပ်လုပ်ဝ​တ်ထားသည်။

ဘေးက တစ်ယောက်ကတော့ စာပွဲခင်းကို ဘောင်းဘီလုပ်ဝတ်ထားပြီး မတော်တဲ့ ဝတ်ရုံအရှည်ကြီးကို အပေါ်က ထပ်ခြုံထားသည်။ မြေကြီးနဲ့တောင် တရွတ်တိုက်နေလေပြီ။

ငပိန်ကောင်လျို။

အချိုင့်တွေပါနေသော မညီမညာ ဓားစုတ်ကို လက်နောက်ပြန်ကိုင်ထားပြီး မိုက်ချင်ယောင် ဆောင်ထားသည်။ ဒါပေမဲ့ လက်ကတော့ တုန်နေလေ၏။

ထိုးထောင်ထွက်နေတဲ့ ဆံပင်စုတ်ဖွားတွေကြောင့် မသိလျှင် မိုးကြိုးသားရဲနဲ့ အချိန်အကြာကြီး တိုက်ခိုက်ပြီး ရှုံးလာဟန်ပေါ်နေသည်။

ခါးမှာဝတ်ထားရတဲ့ ခါးပတ်ကလဲ လျှောကျနေပြီပင်။.အိပ်ကပ်သေးသေးလေးထဲမှာ အပြည့်ထည့်ထားတဲ့ အဆောင်စာရွက်တွေ ကြောင့်ပဲ။ ဒါပေမဲ့ အဆောင်စာရွက် ဆိုသည်ထက် အရောင်စုံစက္ကူတွေ ထိုးထည့်ထားပုံသာ ပေါက်သည်။

ထိုလူက မျက်လုံးကို မှေးထားပြီး တစ်စက္ကန့်တိုင်းမှာ မျက်တောင်ခတ်နေသည်။ မသိရင် ကမ္ဘာကြီးက သူ့အတွက် မှုန်ဝါးနေတဲ့ အတိုင်းပဲ။

သူတို့တစ်ယောက်မှ စကားမပြောကြပေ။

စကားမပြောဘဲ အရှေ့တိုးလာ၏။

အကိုကြီးပိုင်က သူ့ရဲ့ဗိုက်ကို တစ်ချက်ပွတ်ကာ ငပိန်ကောင်လျိုကို တံတောင်နဲ့တို့လိုက်သည်။

“ တွေ့လား? ငါပြောပါတယ်။ ဇိမ်ခံ ကျောက်စိမ်းစံအိမ်က ထွက်လာတည်းက သူ့ရဲ့ပုံစံက ကြက်ပေါက်အဆင့်လောက် ပါပဲလို့”

သူ့ရဲ့အသံသည် ချွဲတွေကပ်နေရုံသာ မက နေရာမှားနေတဲ့ ယုံကြည်ချက်တို့ကြောင့် ကြမ်းရှနေသည်။

“အမ်း” ငပိန်ကောင်လျိုက အရမ်းတောက်ပနေတဲ့ လေထုကို အခုထိ ကြည့်မပြီးသည့်ဟန်ဖြင့် မျက်တောင်ခတ်ရင်း တုံ့ပြန်လိုက်သည်။

“ မင်း​ပြောတာ သူက မချမ်းသာတဲ့ ငပျော့ကောင်ဖြစ်မယ်ဆို။ သူ့ရဲ့အဝတ်အစားက ဈေးကြီးတယ်မလား?”

“ အဲ့ဒါတွေ ဘာအရေးကြီးလို့လဲ? တောက်ပနေတယ်မလား? ဒါဆိုငါတို့ ယူမယ်”

“ စည်းမျဥ်းအသစ်.. သန့်ရှင်းတဲ့ဖိနပ်နဲ့ ကျောက်စိမ်းဆံထိုးရှိတဲ့ ဘယ်သူမဆို ဓားပြ တိုက်ခံရမယ်”

အကိုကြီးပိုင်ရဲ့ အကြည့်က ခူရိုမီနဲ့ သူခိုးလေးဆီကို ကျရောက်သွားသည်။

“ ကျွတ် အဲ့ကောင်မှာ အိမ်မွေးအကောင်တွေ ရှိသေးတယ်”

“ ဟိတ်ဟန်များတဲ့ကောင်”

“ မင်း အဲ့ဒီအထက်တန်းကောင်တွေကို ကြည့်ထား။ သူတို့တွေက ကြွားဝါးရတာ ကြိုက်တယ်”

အကိုကြီးပိုင်က ပြောရင်းနဲ့ မဲ့လိုက်ပြီး

“ အဲ့ကြောင်က မကုတ်ဖို့ မျှော်လင့်ရတာပဲ”

ငပိန်ကောင် လျို က ရယ်လိုက်သည်။

ခူရိုမီရဲ့ နားတွေ ထောင်မတ်လာပြီပင်။

‘အိမ်မွေးအကောင်’ ဆိုပြီး စော်ကားခံလိုက်ရတဲ့ သူခိုးလေးကလဲ ကြောက်မက်ဖွယ် ကြည့်လို​က်သည်။

ငါမင်းတို့သိအောင်ပြပေးမယ်ကွ..!

ဟောင် လက်တစ်ဖက် မြှောက်ပြလိုက်လေ၏။

“ ငါလုပ်မယ်” သူ့ရဲ့ ခပ်တိုးတိုးအသံကို နှစ်ယောက်လုံးသေချာ ကြားလိုက်ရသည်။

ဟောင် ရှေ့တစ်လှမ်းတိုးလိုက်သည်။

ထို့နောက်မှာ သူ့ရဲ့ စိတ်ဝိညာဥ်အာရုံခံမှုကို အကိုကြီးပိုင်နဲ့ ငပိန်ကောင်လျိုဆီကို ပို့လိုက်သည်။

စိတ်ဝိညာဥ်နိုးထနယ်ပယ်ရဲ့ ဒုတိယနဲ့ တတိယအဆင့်ပဲ။

ဟောင် မျက်ခုံးပင့်လိုက်လေ၏။

ဒီလောက်လေးနဲ့ အဆုံးသတ်ဗီလိန်လိုမျိုး ရောက်လာရဲတာလား?

တစ်ချက်လောက် လေနဲ့မှုတ်ထုတ်ရင်တောင် မေ့လဲသွားမဲ့ ကျင့်ကြံဆင့်နဲ့များ!

“ မင်း” ခူရိုမီနဲ့ သူခိုးလေးကို လုံးဝ အဖက်မလုပ်စွာဖြင့် အကိုကြီးပိုင်က ဟောင်ကို ပြောလိုက်လေ၏။

“ အဝတ်ကောင်းနဲ့ ကျောက်စိမ်းမျက်နှာနဲ့ကောင်။ ကျောက်စိမ်းစံအိမ်ကနေ အလှပန်းအိုး.မျက်နှာနဲ့ ထွက်လာတာပဲ။ သေချာပေါက် မင်းမှာ ငွေတွေရှိရမယ်”

“ ပြီးတော့ ဒီလိုမှောင်မဲတဲ့လမ်းကြားထဲကို ဘေးမှာ အစောင့်မပါဘဲ ဝင်လာရဲတာ တုံးအတာပဲ”

ငပိန်ကောင်လျိုက ဝင်ပြောလို​က်သည်။

“ အကုန်ထုတ်စမ်း။ အဲ့ဝတ်ရုံကောပဲ။ ကြည့်ရတာ ငါနဲ့တော်လောက်မယ်”

“ မပေးချင်ဘူးပေါ့?” ပြောနေရင်းနဲ့ ငပိန်ကောင်လျိုက အရှေ့ထပ်တိုးလိုက်သည်။

“ ရတယ်။ ငါတို့ဖြတ်ခုတ်ပြီး လုယူရတော့မှာပဲ”

ထိုနှစ်ယောက်က ရယ်လိုက်ကြသည်။ ကြောက်ဖို့ကောင်းမည့်အစား ပါးစပ်ထဲ ရွံ့ဝင်သွားလို့ ချောင်းဆိုးနေတဲ့ ငန်းနှစ်ကောင်နှင့်သာ တူသည်။

ဟောင် ရယ်လိုက်လေ၏။

သူ့ရဲ့ပုံစံက ခြိမ်း​ခြောက်ခံနေရပုံနှင့် နည်းနည်းမှ မတူညီပေ။

သူရဲ့ ကျင့်ကြံဆင့်က အများကြီးမြင့်နေလို့လား?

ဒါမှမဟုတ် အရှေ့က နှစ်ယောက်ရဲ့ပုံစံက ကံကြမ္မာဆိုးနဲ့ အဆုံးသတ်ရမဲ့ အ​မြှောက်စာ ဇာတ်ကောင်ပုံပေါက်နေလို့လား?

ရိုးရိုးသားသားပြောရလျှင် ဘာကြောင့်ရယ်ဆိုပြီး ပြောဖို့ မလွယ်ကူပါချေ။

သူတို့နှစ်ယောက်ရဲ့ ပုံစံက ဇာတ်ကားထဲမှာ နှစ်စက္ကန့်လောက်ပဲ ပါနိုင်မဲ့ သူတွေနဲ့ တူနေသည်။ တစ်စက္ကန့်မှာ ပေါ်လာခွင့်ရပြီး နောက်စက္ကန့်ကျ မြေကြီးထဲ နစ်ဝင်တဲ့အထိ ရိုက်ချခံရမဲ့ အခွက်တွေနဲ့လေ..။

ဟောင် စိတ်လှုပ်ရှားနေခဲ့သည်။

နောက်ဆုံးတော့..

ဒီနှစ်ယောက်က ဒီနေ့အတွက် သူ့ရဲ့ ကံကောင်းခြင်းများလား..?

သူ့ရဲ့ အသစ်ရထားတဲ့ သိုင်းကျင့်စဥ်တွေကို စမ်းချင်နေတာ တော်တော်ကြာပြီလေ။

အခုချိန်ထိ သူ ထျန်းလု တစ်ယောက်ထဲနဲ့ပဲ တိုက်ခဲ့ဖူးသည်။

ထျန်းလုနဲ့ တိုက်ခိုက်နေရတာ မင်းကို ရှုံးအောင်လုပ်ဖို့ နည်းလမ်းပေါင်း ငါးသောင်းလောက် သိနေတဲ့ သရဲနဲ့ တိုက်ခိုက်နေရသလိုပဲ။

ဒါပေမဲ့ ဒီနှစ်ယောက်ကတော့လား?

လုံးဝ ပြီးပြည့်စုံသည်။

သေချာပေါက်ကို ပြီးပြည့်စုံတာပဲ။

ဟောင်ရဲ့ လက်ထဲမှာ ကိုလာတစ်ဗူး ပေါ်လာခဲ့သည်။ သူ မတွေးတောနေတော့ပဲ ဖွင့်ချကာ တစ်ဗူးလုံးမော့လိုက်လေတော့၏။

ကိုလာဗူးက ချက်ချင်းဆိုသလို ပြန်ပျောက်ကွယ်သွားတော့သည်။

ဒါကသူ့ရဲ့ သိုလှောင်လက်စွပ်ထဲက မဟုတ်ပါချေ.. သူ့မှာမှ မရှိတာပဲ။

စနစ်က ပေးထားတဲ့ သိုလှောင်ရုံမှ ဖြစ်သည်။ သူ့ကို ပစ္စည်းဆယ်ခု စုဆောင်းခွင့် ပေးသည်။ အခြေအနေ ကြုံကြိုက်လာရင် သုံးနိုင်အောင်ဆိုပြီး ဆိုင်ရဲ့ ရောင်းကုန်တွေ ထိုးထည့်လာခဲ့တာပင်။

အကိုကြီးပိုင်နဲ့ ငပိန်ကောင်လျိုက မယုံနိုင်စွာ မျက်တောင် တစ်ဖြတ်ဖြတ်ခတ်နေကြသည်။ သိုလှောင်လက်စွပ်လား?

“ ချမ်းသာတဲ့ကောင်ပဲ” ငပိန်ကောင်လျိုက လေသံနိမ့်နဲ့ပြောလိုက်ပြီး လောဘကြောင့် မျက်လုံးတွေ အရောင်တောက်လာသည်။

“ ဒီလိုမျိုး လေထဲကနေ ထုတ်နိုင်နေပုံရှိရင် တော်တော်ချမ်းသာတဲ့ကောင် ဖြစ်ရမယ်”

အကိုကြီးပိုင်ကလဲ ပြောလိုက်သည်။

ဒါပေမဲ့ ဟောင်က ဂရုမစိုက်ပါချေ။ ကိုလာ ဝင်သွားတာနဲ့ သူ့ရဲ့ တစ်ကိုယ်လုံးအနှံ့ကို ပေါက်ကွဲနိုင်တဲ့ စွမ်းအင်တွေ ပို့ပေးနေသလိုပဲ။

‘ ကဲကဲ ဆော့နေတာ တော်ပြီ’ ဟောင် တွေးပြီးတာနဲ့ လက်ကိုအကြောဆန့်လိုက်သည်။

‘ အခု တစ်ကယ်တိုက်ပြီ’

ဓားပြနှစ်ကောင်ကို ကြည့်ရင်း သူ့ရဲ့မျက်နှာက စနောက်လိုတဲ့ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ ဒီတော့ မင်းတို့ကငါ့ရဲ့ ပစ္စည်းတွေကို ယူချင်တာပေါ့? လာယူလေ”

အကိုကြီးပိုင်ကော ငပိန်ကောင်လျိုကော မာန်ဖီလိုက်ကာ အရှေ့ကိုပစ်ဝင်လာသည်။ သူတို့နှစ်ယောက်လုံးက ဟောင်ရဲ့ ရန်စတဲ့ အပြုအမူကြောင့် အလွန်ဒေါ်သထွက်သွားပြီး အပြေးတိုက်ခိုက်တော့သည်။

အရင်ရောက်လာသူက ငပိန်ကောင်လျိုပင်။ သူ့ရဲ့ဓားမြှောင်ကို ဟောင်ရဲ့ လည်ပင်းဆီကို ပစ်သွင်းရင်း သတိလွတ်အောင် လုပ်ဖို့ ကြိုးစား၏။

ဟောင် ဘေးကိုရွှေ့ကာ အသာအယာ ရှောင်လိုက်သည်။ ဘေးကို ရှောင်လိုက်ချိန်မှာ သူ့ကို ဖြတ်တိုက်သွားတဲ့ လေထုကိုပင် ခံစားလိုက်မိသည်။

အကိုကြီးပိုင်ကလဲ မဝေးတော့ပြီမို့ သူ့ရဲ့ဓားမကြီးကို စက်ဝိုင်းသဖွယ် ဝိုက်ချလိုက်သည်။

ရိုးရှင်းပြီး ရက်စက်တဲ့ တိုက်ချက်ဆိုသော်ငြား ဟောင်က ပြင်ဆင်ပြီးသားပင်။ သူ အနည်းငယ် ငုံ့လိုက်ကာ ဓားမကြီးရဲ့ ရိုက်ချက်ကို လွတ်တယ်ဆိုရုံလေး ရှောင်လိုက်သည်။

ဟောင် အခုထိ ပြန်မတိုက်သေးပါချေ။ ထိုအစား သူက နေရာမှာရပ်မြဲအတိုင်း ရပ်နေပြီး တိုက်ချက်တွေကို ကပ်သီးလေးတွေ ရှောင်ပြနေသည်။

ဒီနှစ်ယောက်က မသန်မာလို့တော့ မဟုတ်ပါချေ။ ကျင့်ကြံသူသာ မရှိခဲ့ရင် တစ်မြို့လုံးက သူတွေကို သူတို့ယှဥ်ချနိုင်သည်။ ဒါပေမဲ့ ဟောင် အတွက်တော့ သူတို့ရဲ့တိုက်ချက်တိုင်းက သနားဖို့ကောင်းစွာ ထင်းရှင်းနေလေ၏။

စိတ်ပျက်မှုက သူတို့ရဲ့မျ​က်နှာပေါ်မှာ ပုံပေါ် လာခဲ့ပြီ။

“ ငါတို့ဘာလို့သူ့ကို မရိုက်နိုင်တာလဲ?”

ငပိန်ကောင်လျိုက မောပန်းစွာဆိုလိုက်ပြီး ဟောင်ရှိရာကို ဓားထပ်စိုက်ပြန်သည်။ ဒါပေမဲ့ ဟောင်က လွယ်ကူစွာ ရှောင်လိုက်ပြန်၏။

ဟောင် စိတ်ထဲမှာ ခေါင်းခါလိုက်သည်။ ပျော်စရာတော့ကောင်းသားပဲ။

သူ ကိုလာရဲ့အစွမ်းကို သိချင်လို့ အစောပိုင်းက ကိုလာတစ်ဗူး သောက်ထားသေးသည်။

အရှေ့က နှစ်ယောက်ကို ကြောက်လို့ မဟုတ်ပါချေ။ ဒါပေမဲ့ ကျင့်ကြံသူ တစ်ယောက်ဖြစ်လာပြီးမှတော့ ကမ္ဘာကြီးမှာ ကောင်းမွန်ရှာ ရှင်သန်မှုပြုရမှာပေါ့။

ဒါပေမဲ့ အခုတော့လား? ဒီထပ်ပိုပြီး မကောင်းနိုင်တော့ပေ။

All Chapters