← Chapters

အခန်း (၉၃)

Vol. 7 Ch. 93

အခန်း (၉၃)

Vol. 7 Ch. 93

ချင်းဇီ ဆိုင်ထဲရောက်တာနဲ့ စိတ်ဝိညာဥ် အာရုံခံမှုကို သုံးပြီးတစ်နေရာလုံးကို စစ်ဆေးလိုက်သည်။

သူ့ရဲ့နှုတ်ခမ်းတွေ ကွေးတက်သွားလေ၏။

‘ အို? လူခြောက်ယောက်ရှိတယ်။ သေမျိုးငါးယောက်နဲ့ ကျင့်ကြံသူ တစ်ယောက်ထဲပဲ’

သူ ရင်ဆိုင်ဖို့လိုတာ အဲ့ဒီချမ်းသာတဲ့ ငပျော့ကောင်ပဲပေါ့။

‘ ကြည့်ရတာ ငါတော့ ရွှေတွင်းထဲ ကျတာပဲ!’

သူ ဒီလိုအခွင့်အရေးမျိုး စောင့်နေတာ ကြာလှပြီ။

‘ ဝူးဟူး!’

သူ့ရဲ့ အကြည့်က တစ်ဆိုင်လုံးပေါ် ကျရောက်နေရင်း အရှေ့ကို တစ်လှမ်းချင်းတိုးလိုက်သည်။ ဆိုင်တွင်းတွင် သန့်ရှင်း သပ်ရပ်ပြီး တောက်ပသည်။

အပြင်ဘက်က မဲမှောင်မှောင် လမ်းကြားအိုနှင့် ကြီးစွာကွာခြားလေ၏။

“ ကြိုဆိုပါတယ်” မိုရှီရှီ နှုတ်ဆက်လိုက်သည်။

ချင်းဇီရဲ့ အကြည့်တွေ ကျဥ်း​မြောင်းသွားသည်။ ကောင်တာ အနောက်က ကောင်မလေးက ကြည့်ရတာ… အရမ်းငယ်သည်။

‘ ဆိုင်ရှင်လား? ဒီကလေးမကလေ?’

သူ့ရဲ့အပြုံးတို့ ကြီးထွားလာရပြီ။

‘ သူမက ဆိုင်ရှင်ဆို ပိုကောင်းတာပေါ့’

‘ ငါသူမကိုပါ ဓားပြတိုက်လို့ရပြီ။ အလွယ်လေးပဲ’

သူ့ရဲ့အတွေးတွေ ကြီးထွားလာခဲ့သည်။

‘ ဒီနေရာက ကောင်းကောင်းဖွက်ထားတာပဲ။ ငါရောက်နေမှတော့ ဘာကိစ္စ ဓားပြ မတိုက်ရမှာလဲ?’

‘ ပြီးပြည့်စုံတဲ့ဂွင်ပဲ!’

ယုံကြည်မှုရှိစွာနဲ့ ချင်းဇီက သူ့ရဲ့ စိတ်ဝိညာဥ် ဖိအားကို အခန်းတစ်ခုလုံးကို ပျံ့လွင့်စေလိုက်သည်။

သူ ဖိအားထုတ်လိုက်တာနဲ့ လေထုက ပိုသိပ်သည်းသွားပြီး တစ်နေရာလုံးကို လွှမ်းမိုးပစ်ဖို့ ကြိုးစားလာသည်။ ထိုကလေးမလေး ဘယ်လောက်တောင် ကြောက်ပြီးတုန်ယင်နေမလဲ သူ မြင်ယောင် နေမိပြီ။

“ မင်းမှာရှိသမျှ အကုန်ထုတ်လိုက်”

“ ငါက မဟာမြို့တော်ရဲ့ အိပ်မက်ဆိုး ချင်းဇီပဲ။ မင်း ကိစ္စတွေကို မဆိုးဝါးစေချင်ရင် ငါလိုချင်တာ ပေးလိုက်”

အကုန်လုံးရဲ့ ကြောက်ရွံ့နေမဲ့ မျက်နှာတွေကို မြင်ယောင်ကာ သူထပ်မံပြုံးလိုက်သည်။ ဒါပေမဲ့ အံ့သြဖို့ကောင်းလှစွာ ကောင်တာရှိ ကလေးမက မျက်တောင်တစ်ချက် မခတ်ပါချေ။

သူမက ရိုးရှင်းစွာ ပြန်စိုက်ကြည့်နေသည်။ သူမရဲ့ မျက်လုံးတွေက ဗလာရပ်ဝန်းကို ကြည့်နေသလိုမျိုး ဘာခံစားချက်မှ မရှိနေဘူး။

“......”

‘ ဘာတွေဖြစ်နေတာလဲ?’

သူ့ရဲ့ ယုံကြည်ချက်က တုန်လှုပ်သွားသည်။ သူ အမြန်ပဲ ရုပ်ပြန်ထိန်းကာ တစ်ခန်းလုံးကို ဝေ့ကြည့်လိုက်သည်။

လင်ယွီကျွင်း၊ ရှောင်လျန်ဖန်း၊ ဟွာဖေးရှုနဲ့ ယွဲ့ရှုယန်က အဖက်တောင် မလုပ်ပါချေ။ တစ်ကယ်တော့ သူတို့လေးယောက်လုံးရဲ့ အမူအရာက… သူ့ကို မြင်တောင် မမြင်နေသလိုပဲ။

ကြောက်ရွံ့မှုအစား သူတို့ရဲ့ မျက်လုံးတွင် သနားရိပ်သာရှိသည်။ သူတို့တွေ ထိုလူ မသိတဲ့အရာကို သိနေတာမို့ပင်။

လင်ယွီကျွင်း မျက်လုံးမှိတ်လိုက်ကာ ဆုတောင်းပေးသည့်ဟန်ဖြင့် လက်မူရာ လုပ်လိုက်သည်။

ချင်းဇီရဲ့ နှလုံးက တစ်ချက် ဆောင့်ခုန်သွားလေ၏။

ထိုလေးယောက်ရဲ့ အကြည့်တွေကို တစ်ခုချင်း.ရင်ဆိုင်ပြီးနောက်မှာ သူ့ခေါင်းထဲ ပိုရှုတ်ထွေးလာတော့သည်။

ထို့နောက်မှာ အဲ့ဒါက သူ့ကိုရိုက်ခတ်သွားသည်။ သူတို့ရဲ့ အဝတ်အစားတွေက… သာမာန် အဝတ်အစားတွေ မဟုတ်ဘူး။ သူတို့က မဟာမြို့တော်ရဲ့ ထိပ်သီးဂိုဏ်းတွေက တပည့်တွေပဲ!

သူ တစ်ကိုယ်လုံး ချမ်းစိမ့်သွားခဲ့သည်။

သူ့ကိုယ်သူ အရမ်းယုံကြည်မှု ပြည့်နေပြီး ဖိအားထုတ်နေချိန်မှာ အရှေ့ကလူတွေရဲ့ အရည်အချင်းကို လုံးဝ လျစ်လျူရှုမိ သွားခဲ့သည်။

သူတို့တွေက လက်ရွေးစင်တွေထဲမှ လက်ရွေးစင်တွေလို့ ပြောရမည်!

သူ ထိုထဲမှ နှင်းပွင့်လွှာဂိုဏ်းရဲ့ ရေခဲနတ်ဘုရားမ ယွဲ့ရှုယန်ကို မှတ်မိလိုက်သည်။

သူမမှာ တုနှိုင်းမမှီတဲ့အလှရှိပြီး အေးစက်စက် မျက်ဝန်းတွေက တစ်ဖက်လူ ကြာကြာ စိုက်မကြည့်နိုင်အောင် အတွင်းထဲထိ ဖောက်ဝင်နိုင်သည်။

ချင်းဇီ သူမကို ပထမဆုံး မြင်ဖူးတဲ့ အချိန်ကိုတောင် အမှတ်ရမိသွားသည်။

သူမရဲ့ အရှိန်အဝါနဲ့ စူးရှတဲ့ အကြည့်ကြောင့် သူ အချိန်အကြာကြီး စွဲလန်းခဲ့ရသည်လေ။

သူမက လှရုံတင်မဟုတ်ဘူး။ သူမရဲ့ ကျက်သရေရှိမှုက အရာအားလုံးကို လွှမ်းခြုံပစ်နိုင်သည်။

သူ အရင်က သူမအနားကပ်ပြီး သူမ ကြိုက်အောင်လုပ်မည်လို့ တွေးခဲ့ဖူးသည်။

ဒါပေမဲ့ ထိုအတွေးက ကိုယ့်ကိုယ်ကို ဘယ်လောက်တောင် ရူးမိုက်လဲ မြင်သွားချိန်မှာ ရပ်တန့်ခဲ့ရသည်။

ယွဲ့ရှုယန်ဆိုတာ သူ မမှီနိုင်တဲ့ပန်းတစ်ပွင့်ပဲ။

သူမကို ရှုတ်ရဲသူဖြစ်ဖြစ် နှင်းပွင့်လွှာဂိုဏ်းကို ရှုတ်ရဲသူဖြစ်ဖြစ် အသက်ရှင်ရက် ထွက်သွားနိုင်ရင် ကံကောင်းတာပဲ။

ချင်းဇီရဲ့ စိတ်ထဲမှာရှုတ်ထွေးလာပြီး အစောပိုင်းက ယုံကြည်မှုတွေအကုန် ပျောက်ပျက်ကုန်ရသည်။

သူ ဒီလူတွေကို အလွယ်လေး ဓားပြတိုက်နိုင်မည်လို့ အစောပိုင်းက တွေးခဲ့မိသည်… ပစ္စည်းတွေကို လုယက်ပြီး ထွက်ပြေးမည်ဟူ၍ပင်။

ဒါပေမဲ့ တစ်ကယ့်အခြေအ​နေရဲ့ လေးလံမှုကို သဘောပေါက်ပြီးနောက်မှာ သူ့ရဲ့ နှလုံးသားထဲကို ကြောက်ရွံ့မှုတွေ ထိုးတက်လာသည်။

သူဘာတွေ တွေးနေမိတာလဲ?

ဒီနေရာကိုသာ ဓားပြတိုက်လိုက်မိရင် ကြုံရနိုင်တဲ့ အကျိုးဆက်ကို တွေးကြည့်လို့တောင် မရဘူး။

သူသာ လှုပ်ရှားမိလို့ကတော့ မသိလိုက်ခင်မှာပဲ တစ်စစီ ဖြစ်သွားလိမ့်မည်။

သူ့ရဲ့ နှလုံးက တုန်ယင်သွားသည်။

သူ ဘာလုပ်သင့်လဲ?

သူ ဒူးထောက်ပြီး ခွင့်လွှတ်ဖို့ တောင်းပန်လိုက်သင့်လား?

မဖြစ်နိုင်တဲ့ အတွေးကြောင့် သူ ချက်ချင်း ခေါင်းရမ်းချင်သွားသည်။

မဟာမြို့တော်ရဲ့ အိပ်မက်ဆိုး ငါ ချင်းဇီက ဘာကြောင့် သူများကို ဒူးထောက်ရမှာလဲ?

ဒါပေမဲ့ သူ့ခေါင်းထဲမှာ အတွေးတွေ ဝဲနေဆဲပဲ။ အကယ်လို့ ဒူးထောက်တောင်းပန်တာကပဲ လွတ်မြောက်နိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်​နေရင်ကော?

မရဘူး။ အဲ့ဒါက အရမ်းသနားဖို့ကောင်းတယ်!

ဒါပေမဲ့ သူ့မှာ တစ်ခြားရွေးချယ်စရာ ရှိသေးလို့လား?

ငါ မလွတ်နိုင်ဘူး!

သူ တစ်ခုခုလုပ်ရမှာကို သိသည်။.ဒါပေမဲ့ ရွေးချယ်စရာတစ်ခုပေါ်လာတိုင်း ပထမတစ်ခုထက် ပိုဆိုးနေသည်။

ချင်းဇီ တံတွေးမြိုချလိုက်သည်။ သူ.. သူ ဒီတိုင်းထွက်သွားလိုက်ရင်ကော?

သူ ပြေးလို့ရပေမဲ့ အကယ်လို့ သူတို့ အနောက်ကလိုက်လာကြရင်ကော?

သူ တုန်ယင်စွာဖြင့် ခြေတစ်လှမ်း ဆုတ်မိသွားသည်။

ဒီအခြေအ​နေက မတွေးမိခင်မှာပဲ သူ ကိုင်တွယ်နိုင်တာထက် ပိုနေခဲ့ပြီ။

ငါ ဒီတိုင်း… ပုံမှန်လို ဟန်ဆောင်လိုက်ရမလား?

ဒါပေမဲ့ ပုံမှန်မဟုတ်ဆုံးက ချင်းဇီရဲ့ အတင်းလုပ်ယူထားတဲ့ အပြုံးတုကြီးပင်။

ဒါမှမဟုတ် ငါ ဒီတိုင်း တိတ်တဆိတ် ထွက်သွားလိုက်ရမလား?

ဟုတ်တယ်။ အဲ့ဒါအလုံခြုံဆုံးပဲ။

ဟောင် မက်မွန်လက်ဖက်ရည်သောက်ရင်း ခုံကိုမှီလိုက်သည်။

‘ ပြဿနာရှာတဲ့သူလား?’

ဟောင် မျက်ခုံးပင့်လိုက်သည်။

‘ ဒီနေ့ ဘာဖြစ်နေပါ့?’

‘ အစောကတင် လူနှစ်ယောက် ငါ့ကို ဓားပြတိုက်ဖို့ ကြိုးစားထားသေးတယ်’

‘ အခု နောက်တစ်ယောက် ပေါ်လာပြန်ပြီလား?’

သူ သက်ပြင်းသာချလိုက်သည်။

အရူးတစ်သိုက် ဒီနားပြောင်းလာကြတာများလား?

‘ စနစ် ငါဒီကောင့်ကို ဖြေရှင်းလိုက်လို့ ရတယ်မလား?’

( ရတယ်။ မကောင်းတဲ့ ရည်ရွယ်ချက်ကို အတည်ပြုပြီးပြီမို့ သူ့ကို ကြိုက်သလို ဖြေရှင်းပါ)

ဟောင် ပြုံးလိုက်သည်။

မိုရှီရှီ ရှိနေတဲ့ ကောင်တာဘက်ကို လှည့်လိုက်လေ၏။

ဖျတ်။

ဟောင် လက်ဖျောက်တီးလိုက်သည်။

အခန်းထဲသို့ ထိုအသံက ပဲ့တင်ထပ်သွားသည်။

“ ရှီရှီလေး’

“ သူ့ကိုဒီပို့လိုက်”

ချင်းဇီရဲ့ မျက်နှာက တွန့်သွားသည်။

သူ့ရဲ့ အကြည့်က တံခါးပေါက်ဆီကို ရောက်သွားပြီး…

ပြေးလေတော့၏။

အနည်းဆုံးတော့ ပြေးဖို့ ကြိုးစားခဲ့သည်။

ဒါပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်က လေတစ်ဝက်မှာတင် ရ​ပ်သွားသည်။

သူ့ရဲ့ ခြေထောက်နဲ့ကြမ်းပြင်နဲ့ မထိတော့ဘူး။

တစ်စုံတစ်ခုက သူ့ကို အင်္ကျီကော်လံကနေ ဆွဲမထားသလိုပဲ။

ရုပ်သေးရုပ်လိုမျိုး လေထဲမှာ ရုန်းကန်နေလေ၏။

‘ ဝှက်သယ်ဖက်!!’

သူ အနောက်ကို လှည့်လိုက်သည်။

သူ့အနောက်တွင် အစောပိုင်းက ကလေးမ ရှိနေခဲ့သည်။

တူညီတဲ့ အကြည့်ကို တပ်ဆင်ထားဆဲပဲ။

“ မင်း..”

သူ့ရဲ့ ကိုယ်ထဲက ချီစွမ်းအင် အားလုံးကို စုစည်းလိုက်သည်။

“ လေဓားသွား!”

သူ့ရဲ့ လက်ကနေ လေပြင်းတွေ ပေါက်ထွက်လာပြီး အရှေ့က လေထုကို ပိုင်းချလိုက်သည်။

ဒါပေမဲ့ လေဓားသွားက ပုံစံ မပေါ်လာခင်မှာပဲ…

လက်ဝါးတစ်ချက်က သူ့ရဲ့နောက်ကျောကို ရိုက်လိုက်သည်။

နူးညံ့ပြီး သေးငယ်သည်။

မိုရှီရှီရဲ့ လက်ဝါးပင်။

ကျောက်ဖြစ်ရုပ်ကျွင်း ချိတ်ပိတ်သိုင်း။

ချင်းဇီ အေးခဲသွားသည်။

သူ့ရဲ့ ချီစွမ်းအင်တွေ… ပျောက်ကွယ်သွားလေပြီ။

သူ ကြိုးစားလှုပ်ရှားသေး၏။

ဒါပေမဲ့ သူ မလှုပ်နိုင်တော့ဘူး။

သူ့ရဲ့ လက်မောင်းတွေက လေးလံလာခဲ့သည်။

ခြေထောက်တွေ ထုံထိုင်းလာသည်။

သူ့ရဲ့အကြည့်က တစ်ဖြည်းဖြည်း အောက်စိုက်သွားသည်။

ချင်းဖီရဲ့ အရေပြားက မီးခိုးရောင် ပြောင်းလာခဲ့သည်။

မာကျောပြီး ကျောက်တုံးကဲ့သို့ပင်။

“မင်း… မင်းငါ့ကို ဘာလုပ်လိုက်တာလဲ?”

“ မိစ္ဆာမ ငါ့ကို လွှတ်စမ်း!”

“ ဒါ မပြီးသေးဘူး!”

“ ဟမ့်! မင်းလို…”

All Chapters