( ဆွဲထုတ်ခံလိုက်ရရှာပြီ)
Vol. 7 Ch. 95
ချင်းဇီရဲ့ ပုံစံက လိမ်လည်နေဟန်တော့ မရှိချေ။
ဒါပေမဲ့ ကုန်းရှောက်ယန်နဲ့ကုန်းကြွယ်ယုံရဲ့ နာမည်ကို ပြောတဲ့အချိန်မှာ သူ့ရဲ့ အသံက ဘာလို့ အရမ်းတုန်နေတာလဲ?
ချင်းဇီလို မြေပွေးတောင် ကြောက်ရတဲ့ အကြောင်းအရင်းမျိုး သူတို့မှာ ရှိနေလို့လား?
ဟောင် တစ်စက္ကန့်လောက် တွေးခဲ့ပေမဲ့ ချက်ချင်းပဲ အတွေးကို ဖျောက်ဖျက်လိုက်သည်။
အတွေးလွန်တာက မကောင်းဘူး။
သိုင်းသူတော်စင် အဆင့်တောင် မရောက်သေးပဲနဲ့ အတွေးများပြီး အသေခံလို့ ဘယ်ဖြစ်မလဲ?
ပြီးတော့ ချင်းဇီ လိမ်သည်ဖြစ်စေ၊ မလိမ်သည်ဖြစ်စေ သူ့အတွက် အရေးမကြီးဘူး။
အဆုံးမှာတော့ အမှိုက်က အမှိုက်ပဲလေ။
အရင်ဦးဆုံး လမ်းဘေး သူခိုးတစ်ကောင် နှစ်ကောင်လောက်ငှားပြီး အခြေအနေကို စမ်းသပ်ခိုင်းပြီးတာနဲ့ မပြီးပြတ်သေးတာကို ရှေ့ထွက်ရှင်းဖို့လုပ်တဲ့ ချင်းဇီရဲ့ ဦးနှောက်သုံးတဲ့အကွက်က အထင်ကြီးစရာလဲ ကောင်းမနေဘူး။
ဟောင် အနောက်ကို အနည်းငယ် လှည့်ကာ လက်တစ်ဖက်မြှောက်ရင်း တည်ငြိမ်စွာ ပြောလိုက်လေ၏။
“ ယွင်ကျီ မင်းငါ့အတွက် ဒီလူကို ရှင်းပေးနိုင်မလား?”
“ မင်းရဲ့ ဂိုဏ်းကို ဖြစ်ဖြစ်၊ မြို့တော် အရာရှိရုံးကို.ဖြစ်ဖြစ် အဆင်ပြေသလိုလုပ်သာ လုပ်လိုက်”
လင်ယွီကျွင်း ချက်ချင်းပဲ တုံ့ပြန်ဖို့ ပြင်လိုက်သည်။
ဒါပေမဲ့ သူ စကားတစ်ခွန်းတောင် မပြောရသေးဘူး။ ရှောင်လျန်ဖန်းက အရှေ့တိုးလိုက်ပြီး ခေါင်းညိတ်ကာ
“ ဖြစ်စေရမယ် အကိုကြီး!”
ရှောင်လျန်ဖန်းရဲ့ အမူအရာက စိတ်အားထက်သန်စွာဖြင့် တောက်ပနေခဲ့သည်။
“ ငါကိုယ်တိုင် သေချာပေါက် ပို့လိုက်မယ်!”
ဟောင်က အကူအညီတောင်းသည့်အစား သူ့ကို ဆုလာဘ်တစ်ခု ပေးလိုက်သလိုမျိုး ရှောင်လျန်ဖန်းရဲ့ အမူအရာက ပျော်ရွှင်မှု အပြည့်ဖြစ်နေလေ၏။
သွေးသောက်ညီကို ရဲ့ စိတ်လှုပ်ရှားနေမှုကို မြင်တော့ လင်ယွီကျွင်း စိတ်ထဲမှာ ရယ်မောရင်း ခေါင်းသာယမ်းလိုက်သည်။
ရှောင်လျန်းဖန်းဆိုတာ တရားမျှတမှုဆိုတဲ့ စကားကိုကြားတာနဲ့.. ခေါင်းမီးတောက်နေတဲ့ လူစားမျိုးလေ။
လူကောင်းတွေကို ကာကွယ်ပြီး လူဆိုးတွေကို အပြစ်ပေးမယ်.. အဲ့ဒါက အမြဲရှောင်လျန်ဖန်း တွေးနေတဲ့အရာပဲ။
သူခိုးအငယ်လေးဖြစ်စေ၊ ကျင့်ကြံသူတစ်ယောက်ဖြစ်စေ သူ့ရှေ့မှာ စည်းကျော်နေလို့ကတော့ ဆံပင်ကနေ ဆွဲဆောင့်ပစ်ဖို့ သူ ဝန်လေးမှာမဟုတ်ဘူး။
ထိုအချိန်မှာ ချင်းဇီက သူ့ကို ပြုံးပြုံးကြီး စိုက်ကြည့်နေတဲ့လူငယ်ကို ကြောက်ရွံ့ခြောက်ခြားစွာ ကြည့်လိုက်သည်။
“ မ..မဟုတ်ဘူး! နေအုံး! ငါပေးမယ်။ ငါမင်းတို့အားလုံးကို ပေးမယ်!”
သူ စိတ်ပျက်စွာ ပြောလိုက်တော့သည်။
“ ငါမင်းတို့ကို အကုန်ပေးမယ်။ ငါ့ရဲ့ရတနာတွေ ဝိညာဥ်ကျောက်တုံးတွေ အကုန်ပေးပါ့မယ်!”
ဒါပေမဲ့ ဘယ်သူကမှ သူ့ကို အဖက်မလုပ်နေခဲ့ပေ။
ရှောင်လျန်ဖန်း အရှေ့တိုးလိုက်သည်။ ချင်းဇီရဲ့ လက်မောင်းကို သံမဏိအားဖြင့် စုပ်ကိုင်လိုက်ပြီး ရေခဲတုံးကို သယ်သွားသလိုမျိုး အလွယ်လေး သယ်သွားလေ၏။
တိတ်တဆိတ် ကြည့်နေတဲ့ မိုရှီရှီလဲ ရှောင်လျန်ဖန်း စုပ်ကိုင်လိုက်တာ မြင်တာမို့ သူမရဲ့ သိုင်းကို ပြန်ရုတ်လိုက်သည်။.ထို့နောက်မှာ ကောင်တာကို သွားပြီး အလုပ်ဆက်လုပ်နေလေ၏။
ချင်းဇီ သူ့ရဲ့ ခြေလက်တွေကို ပြန်အာရုံခံနိုင်သွားတာမို့ မျှော်လင့်ချက်တွေ ထိုးထောင်လာတော့သည်။
ဒီလိုနဲ့ သူထွက်ပြေးတော့မဲ့ အချိန်မှာပဲ….
လေးလံတဲ့ စိတ်ဝိညာဥ်ဖိအားက သူ့ကိုယ်တွင်းကို ရိုက်ချလိုက်လေ၏။
ချင်းဇီ အံကြိတ်တောင့်ခံကာ ပြန်တိုက်ဖို့ ကြိုးစားသော်ငြား အချည်းအနှီးသာ။ ကျင့်ကြံဆင့်ကြားမှာ ကွာခြားချက်က အရမ်းကြီးနေလေ၏။
သူ့ကို ဖိနှိပ်လိုက်သူကတော့ ရှောင်လျန်ဖန်းမှလွဲ၍ တစ်ခြား မဖြစ်နိုင်ပါချေ။
“ မင်းရဲ့ သန်မာမှုကို သိမ်းထားသင့်တယ်နော်”
မိတ်ဆွေဟောင်း တစ်ယောက်ကို အကြံပေးနေသည့်နှယ် ရှောင်လျန်ဖန်း ပေါ့ပါးစွာ ပြောလိုက်သည်။
ချင်းဇီ အင်မတန် ကြိုးစားနေရင်း သူ့ရဲ့ မျက်နှာက ခရမ်းရောင်ပင် ပြောင်းနေခဲ့ပြီ။ ဒါပေမဲ့ လက်ချောင်းတစ်ချောင်းတောင် မရွေ့နိုင်နေခဲ့ဘူး။ သူ့ရဲ့ ဒျန်ထျန် တစ်ခုလုံးကို တင်းကျပ်စွာပိတ်ဆို့ခံထားရ၏။
တစ်ခြားနည်းလမ်း မတွေးနိုင်ခင်မှာပဲ ရှောင်လျန်ဖန်းက လက်ချောင်းများကို လှုပ်ရှားလိုက်၏။ ချင်းဇီရဲ့ ကိုယ်တွင်းက ပင်မသွေးကြောများကို လက်မောင်းနဲ့ ရင်ဘတ်က သွေးကြောနေရာမှ ပိတ်ပင်လိုက်တာပင်။
လက်ချောင်းတစ်ခါထိတိုင်း အသံတစ်ခု ထွက်လာပြီး ချင်းဇီရဲ့ ခန္ဓာကိုယ်က ပိုလေးလံထိုင်းမှိုင်းလာကာ တောင့်ခဲလာခဲ့သည်။
သူ့ရဲ့ ကျင့်ကြံဆင့်က လုံးဝ ပိတ်ချခံလိုက်ရလေ၏။
ကြိုးပျက်သွားတဲ့ ရုပ်သေးတစ်ရုပ်လို ကြမ်းပြင်ပေါ် ပုံကျသွားခဲ့သည်။ ချီစွမ်းအင် တစ်စက်လေးတောင် မထုတ်လွှတ်နိုင်တော့ဘူး။
ရှောင်လျန်ဖန်းရဲ့ ပုံမှန်ဆန်လှတဲ့ အပြုအမူကို ကြည့်လိုက်တာနဲ့ လုပ်နေကျမှန်း သိနိုင်သည်။
ချင်းဇီထက် ဆိုးဝါးတဲ့ သူတွေကိုတောင် ဖမ်းဖူးလောက်သည်။
ရှောင်လျန်ဖန်း ဟောင် ရှိရာကို လှည့်လိုက်ကာ ကြီးမားတဲ့ အပြုံးကြီးဖြင့်
“ ကျေးဇူးပါ အကိုကြီး!”
နွေးထွေး တောက်ပစွာ ပြောလိုက်သည်။
“ အကိုကြီးက မဟာမြို့တော်ကို သန့်ရှင်းအောင် ကူညီပေးလိုက်တာပဲ”
ဟောင် အနည်းပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ ဘာမှ ကြီးကြီးမားမား မလုပ်ခဲ့ဘူးဆိုသော်ငြား မြို့တော်ကို ပိုကောင်းမွန်အောင် ကူညီပေးခဲ့နိုင်တာပဲ။
အမ်း… ခံစားရတာ မဆိုးပါဘူး။
ထိုအချိန်မှာ ချင်းဇီကတော့ မြေပေါ်မှာ ညည်းတွားနေလေ၏။
သူ့မြင်ကွင်းထဲမှာ ရှိနေတဲ့ သူတွေအားလုံးက သူ့ကိုတစ်စက်လေးတောင် သနားစိတ် ပြမလာခဲ့ဘူး။
အပြိုင်ကမ္ဘာကုန်စုံဆိုင်မှာလဲ သူ့စည်းကမ်းနဲ့သူ ရှိသလို မဟာမြို့တော်မှာလဲ သူ့စည်းကမ်းနဲ့သူ ရှိသည်။ အခုတော့ ချင်းဇီက အပြိုင်ကမ္ဘာကုန်စုံဆိုင်ရဲ့ စည်းကမ်းကို ဖောက်ခဲ့တာပဲ။
ရှောင်လျန်ဖန်း ချင်းဇီကို ကော်လံက ဆွဲမကာ ပုခုံးပေါ်ထမ်းတင်လိုက်သည်။
“ မပူနဲ့ အကိုကြီး”
“ အခုကစပြီး သူ လူမှုပတ်ဝန်းကျင်ကို ကူညီနိုင်မဲ့ နည်းလမ်းရှာတွေ့ဖို့ ငါသေချာ လုပ်ပေးလိုက်မယ်။ အလုပ်ကြမ်းတွေအတွက်က အမြဲလူလိုနေတာပဲလေ”
“...”
ဟောင် မျက်တောင်ခတ်လိုက်ကာ
‘အလုပ်ကြမ်း?’
ရှောင်လျန်ဖန်း မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။
“ အလုပ်ကြမ်းလုပ်တာ လူကို တိုးတက်စေတယ်။ အနာခံမှ အသာစံရမှာလေ မဟုတ်ဘူးလား?”
ဟောင်ရဲ့ စကားပြန်သံ မထွက်လာခင်မှာပဲ ရှောင်လျန်ဖန်းက တံခါးပေါက်က ထွက်သွားလိုက်ပြီပင်။ ပျော်ရွှင်စွာဖြင့် လေချွန်သံတောင် ကြားနေရသေး၏။
‘ ချင်းဇီကို သေလောက်အောင် ခိုင်းစားတော့မလို့များလား?’
ကဲပါလေ။ ဒါဘာပဲဖြစ်ဖြစ် ငါ့ပြဿနာမှ မဟုတ်တာပဲ။
ဟောင် မတတ်သာစွာ စိတ်ထဲမှ သက်ပြင်းတစ်ချက် ချပေးလိုက်သည်။
သူ အပြင်ခဏထွက်ပြီး လမ်းအနည်းငယ် လျှောက်မိရုံနဲ့တင်.. ပြဿနာတွေကို ဆိုင်ထဲထိ ခေါ်လာမိတာပဲ။
ဖြစ်နိုင်တာ.. သူကမ္ဘာပေါ်မှာတုန်းက ဖတ်ဖူးတဲ့ ဝတ္ထုထဲက သူကြိုက်တဲ့ ဇာတ်ကောင် 'ဟန်’ အတိုင်း ပြုမူတော့မှရယ်။
ပုန်းလျှိုးကွယ်လျှိုး နေထိုင်ပြီး ကျင့်ကြံမယ်.. စားသောက်မယ်.. အိပ်မယ်.. ကမ္ဘာကြီးကို လျစ်လျူရှုထားမယ်။
တောထွက်နေတဲ ရသေ့ဘုရင် တစ်ယောက်လိုမျိုးပဲ နေထိုင်တော့မယ်။
အနည်းဆုံးတော့ ဒီဆိုင်ထဲမှာ သူ့အတွက် အားလုံးရှိနေတာပဲလေ။
ဝိညာဥ်ကျောက်တုံးလဲ မပျက်ရနေမယ်။
စနစ်က ရွေးထုတ်ပေးမဲ့ စကြာဝဋ္ဌာ တစ်ခုလုံးရဲ့ ထိပ်သီးသိုင်းကျင့်စဥ်တွေကို… အေးဆေး ကောက်ရွေးရုံပဲ။
အရသာရှိတဲ့ စားစရာနဲ့သောက်စရာကို စိတ်ကြိုက်ယူလို့ရတယ်။
အရေးကြီးဆုံးက…
ဘယ်သူမှ သူ့ကို လမ်းကြားထဲကလို ဓားနဲ့ လိုက်ထိုးပြီး အလောင်းကောင်အဖြစ် ပြောင်းဖို့ကြိုးစားနေမှာ မဟုတ်ဘူး။
ရိုးရိုးသားသားပြောရရင် သူဘာလို့ အပြင်ထပ်ထွက်ဖို့ လိုအုံးမှာလဲ?
သေချာပေါက် အပြင်ကမ္ဘာက ကြီးမားပြီး စိတ်လှုပ်ရှားဖို့ကောင်းသည်။ ဒါပေမဲ့ သူ မရှိလဲ အပြင်ကမ္ဘာက စိတ်လှုပ်ရှားဖို့ ကောင်းနေမှာပဲ။
အကယ်လို့ သူ နောက်တစ်ခေါက် အပြင်ထွက်တဲ့အချိန် မကောင်းဆိုးဝါးလောက်နီးနီး ရန်သူမျိုးကို တွေ့လာရင် ဘယ်လိုလုပ်မလဲ?
အကယ်လို့ သူ နောက်တစ်ခေါက် ရင်ဆိုင်ရမဲ့ ရန်သူက ခူရိုမီနဲ့ ထျန်းလုတောင်.မကိုင်တွယ် နိုင်လောက်အောင် သန်မာနေရင်ကော? ဒါဆို ဘယ်လိုလုပ်တော့မလဲ?
တော်ပါပြီ ကျေးဇူးပဲ။
ဖြစ်နိုင်တာ သူလုံးဝ ဆရာကြီးဖြစ်လာမှ… မျက်တောင်တစ်ချက်မခတ်ဘဲ တောင်တန်းတစ်ခုလုံးကို ဖျက်ဆီးနိုင်လောက်အောင် သန်မာလာမှ… အပြင်ထပ်ထွက်ဖို့ စဥ်းစားတော့မည်။
ဒီလိုနဲ့ နေ့ရက်တွေက ဆိုင်ထဲမှာပဲ ငြိမ်းချမ်းစွာ ကုန်ဆုံးနေ၏။ နေ့စဥ်အဝင်အထွက်ရှိတဲ့ ပုံမှန်ဖောက်သည်များသာ ရှိသည်။ ဘယ်လိုသူခိုး၊ ဘယ်လိုထူးဆန်းတဲ့ ကျင့်ကြံသူမှ သူ့ရဲ့နေ့ရက်တွေကို မဖျက်ဆီးခဲ့တာမို့ တည်ငြိမ်စွာ ကုန်ဆုံးနေလေ၏။
ဒီလိုနဲ့ပဲ သူ အလုပ်ကြိုးစားရင်း စောင့်ဆိုင်းခဲ့ရတဲ့ မစ်ရှင် ပြီးမြောက်လာခဲ့ပြီ။
ဟောင်ရဲ့ နှလုံးက မထိန်းချုပ်နိုင်လောက်အောင်.ခုန်နေလေ၏။
ဒါက ဆိုင်ကို ကြီးမားတဲ့ ပြောင်းလဲမှုကြီး.ယူဆောင်လာတော့မှာပဲ။
……….
ပင်မ မစ်ရှင်တစ်- ရောင်းကုန်များမှ ဝိညာဥ်ကျောက်တုံးတစ်ထောင် စုဆောင်းပါ။
တိုးတက်မှု- 0/1000မှ 1007/1000။
ဆုလာဘ်- ဆိုင်ကို အဆင့်တက်ခွင့်ရမယ်! ကောင်းကင်ပြာနယ်မြေကြီး၏ တစ်နေရာရာတွင် ကျပန်းအနေနဲ့ ရွေးချယ်ပြီး တံခါးတစ်ချပ် ဖွင့်ပေးမည်။ အဲ့ဒီတံခါးက အုတ်ဂူ၊ မြို့တစ်မြို့ ဒါမှမဟုတ် တစ်စုံတစ်ယောက်ရဲ့ အိမ်နောက်ဖေးကိုလဲ ရောက်ရှိသွားနိုင်သည်။ စနစ်မှ တာဝန်ယူမည် မဟုတ်ပါ။ ကိုယ့်ထိုက် ကိုယ့်ကံပါပဲ
အခြေအနေ- ပြီးမြှောက်ပြီ! ဆုလာဘ် ယူတော့မည်လော?