(ဘိလိယက်ခုံတဲ့လား? ဒီဆိုင်က အနည်းငယ် ဇိမ်ခံတဲ့ဘက် ရောက်လာပြီပဲ!)
Vol. 7 Ch. 96
အခုတော့ ဖြစ်လာခဲ့ပြီ!
နောက်ဆုံးတော့ မစ်ရှင်ပြီးပြီ!
တံခါးသစ်ပွင့်ပြီ!
ဟောင် ထိုတံခါးမှ နေရာသစ်ကို သွားနိုင်ဖို့ အရမ်း စိတ်မဝင်စားပါချေ။ ဒါပေမဲ့ နေရာသစ်ကို ရောက်တော့မယ်ဆိုတဲ့ ကိစ္စကနေ ရလာနိုင်မဲ့ ဖြစ်နိုင်ချေများကြောင့် သူ စိတ်လှုပ်ရှားလာရသည်။
ဈေးဝယ်အသစ်တွေ….
ပိုရောင်းရတော့မည်။
မဟာမြို့တော်တုန်းကလိုမျိုး ပုံမှန် ဖောက်သည်တွေ ရလာဖို့ မျှော်လင့်မိသည်။
သူ အပြုံးတစ်ခုနဲ့ လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။
ဈေးဝယ်ပိုရလာလေလေ ပိုကောင်းလေလေပဲ။
ဝိညာဉ်ကျောက်တုံးတွေ ရလာတော့မှာထက် မတူညီတဲ့ အတွေ့အကြုံများရတော့မည်ကြောင့် ပိုစိတ်လှုပ်ရှားရသည်။
ရောင်းကုန်တွေအသစ်တွေလဲ ရလာနိုင်အုံးမည်။ ဒါပေမဲ့ သူက လူတွေကြောင့် ပိုစိတ်လှုပ်ရှားရတာပဲ။
ဆိုင်တံခါးကို ဖျက်ဝင်လာမဲ့ မတူညီတဲ့ ဈေးဝယ်တွေအကြောင်း တွေးမိရင် ပိုစိတ်လှုပ်ရှားမိသည်။
သူတို့တွေ ဆိုင်ထဲဝင်လာတဲ့အခါ မယုံသင်္ကာပုံမျိုး.လုပ်လောက်လား? ဒါမှမဟုတ် တန်းပြီး ဝယ်သွားလောက်လား?
ထိုအတွေးကြောင့် ဟောင် ပြုံးလိုက်သည်။
ရောင်းရလို့ရတဲ့ အပျော်တစ်ခုတည်း မဟုတ်ဘူး။ ဈေးဝယ်တွေရဲ့ မတူညီတဲ့ တုံ့ပြန်ပုံတွေကို ဖြေရှင်းပေးရတာလဲ ပျော်ရွှင်မှုတစ်ခုပဲ။
ဈေးဝယ်တွေဆီကနေ လေ့လာသင်ယူရတာ ဟောင် ကြိုက်သည်။
သူတို့တွေက အမြဲတမ်း မေးခွန်းတွေ မေးတတ်ကြသည်။ သူတို့တွေရဲ့ ကျေးဇူးကြောင့် ရောင်းကုန်အသစ်တွေတောင် ရလာနိုင်အုံးမည်။
တွေ့ဆုံမှုတိုင်းက အဖိုးတန်သည်။
ဒီရိုးရှင်းတဲ့ ပျော်ရွှင်မှုလေးက သူ့ကို ကမ္ဘာကြီးနဲ့ ဆက်နွယ်နေသလို ခံစားရစေသည်။
သူက သာမာန်ပစ္စည်းတွေ ရောင်းနေတာ မဟုတ်ဘူး။ မတည်ငြိမ်မှုတွေ များတဲ့ လောကကြီးထဲက.လူတွေကို အနည်းငယ်သော သက်တောင့်သက်သာ ဖြစ်မှုတွေ ပေးစွမ်းနိုင်တဲ့ ပစ္စည်းတွေ ရောင်းနေတာပဲ။
သေချာပေါက် တစ်ခါတစ်လေမှာ လွဲသွားတာမျိုးလဲ ရှိတာပေါ့။ မောက်မာတဲ့ သခင်လေး ဒါမှမဟုတ် ဓားပြတိုက်ဖို့ကြိုးစားတဲ့ ကျင့်ကြံသူနဲ့ ကြုံရတာမျိုးပေါ့။
ဒါပေမဲ့ အဲ့ဒါကလဲ ပိုပျော်ဖို့ကောင်းအောင် လုပ်ပေးနိုင်တာပါပဲ။
အခု တံခါးပေါက်အသစ် ပွင့်တော့မည်ဆိုတော့ အကုန်ပြန်စတင်တော့မည်။
ဈေးဝယ်အသစ်.. အခွင့်အရေးအသစ်တွေနဲ့.. တွေ့ကြုံမှုအသစ်တွေ။
ဆုလာဘ် ရယူမယ်!
( လုပ်ငန်းချိန်ပြီးရင် ဆိုင်ကို အဆင့်မြင့်ပါမည်)
ဟောင် မျက်တောင်တစ်ဖြတ်ဖြတ်ခတ်ရင်း ရယ်မောလိုက်သည်။
'ငါ့ကိုနေရာကောင်းလေးသာပေးပါ စနစ် ဟုတ်ပြီလား? အခုလို မှောင်မဲမဲ လမ်းကြားထဲတော့ မလုပ်ပါနဲ့!’
ဟောင် ခေါင်းရမ်းလိုက်သည်။
( မစ်ရှင်အားလုံးပြီးပြီ! မစ်ရှင်အသစ်တွေ ပေးထားပါပြီ။ အလုပ်ကြိုးစားပြီး ဆိုင်ကို တိုးတက်အောင် လုပ်ပေးပါအုံး ပိုင်ရှင်)
ကောင်းပြီ ဆိုင်ရဲ့အဆင့်မြင့်မှုက ဘာတွေများပြောင်းသွားမလဲ ကြည့်တာပေါ့
မစ်ရှင်ငါးခုတောင်လား? အများကြီးပဲ။
‘ စနစ်.. ဂိမ်းကတစ်ကယ် အဆင့်မြင့်လာတာပဲ’
ဟောင် မျက်ခုံးပင့်လိုက်သည်။ နောက်ပိုင်း နေ့ရက်တွေ မလွယ်ကူတော့ဘူးပဲ။
……..
အရန်မစ်ရှင်တစ်- ရေခဲမုန့် ခွက် 100၊ အတောင်ပံကြော် 50 နဲ့ တူနာအိုနီဂီရီ 50 ရောင်းရန်။
တိုးတက်မှု- 0/100 ရေခဲမုန့်၊ 0/50 ကြက်တောင်ပံ၊ 0/30 တူနာအိုနီဂီရီ။
ဆုလာဘ်- ဘိလိယပ်ခုံရမည်။ လုပ်ငန်းချိန်ပြီးလျှင် ဂိုထောင်၌ ပို့ပေးထားမည်။
....
နာမည်တွေကိုတော့ အကုန်သိတယ် ဒါပေမဲ့ အဲ့ဒါတွေက အခုထိ မရောက်သေးဘူးမလား?
‘ ဒီတော့ အဲ့ဒီပစ္စည်းတွေက ကျန်တဲ့မစ်ရှင်တွေ ပြီးလို့ရမဲ့ ဆုလာဘ်တွေနေမယ်’
ဟောင် အချက််အလက်တွေကို ပြန်စဉ်းစားရင်း ထိုင်ခုံနောက်မှီကို မှီလိုက်သည်။
‘ ကြိုပြောလိုက်တာပဲ!’
'ကြည့်ရတာ ငါအခု ဒီမစ်ရှင်အသစ်ကို စဖို့အတွက် အရင်မစ်ရှင်တွေကို ပြီးအောင်လုပ်ဖို့ လိုအုံးမှာပေါ့။ သံသရာက အဆုံးကို မသတ်တော့ဘူး’
ဟောင် ပြုံးလိုက်သည်။
ထို့နောက်မှာ သူ့ရဲ့မျက်လုံးက ဆုလာဘ်နေရာကို ရောက်သွားလေ၏။
‘ နေအုံး ဘာ?! ဘိလိယက်ခုံ ဟုတ်လား?’
အမြင်မှားသွားလားသေချာအောင်လို့ ဟောင် အကြိမ်ကြိမ် မျက်တောင်ခတ်ပြီးမှ ပြန်ကြည့်လိုက်သည်။
‘ ငါ ရောင်းပေးနေတာ မုန့်ဆိုင်တော့ ဟုတ်ပါတယ်နော့? ဂိမ်းခုံက ဘာလို့ရောက်လာတာလဲ?’
သူ တွေးနေရင်း ခဏရပ်သွားသည်။ ဒါက နောက်ထပ် ထူးဆန်းတဲ့ ဟာသလုပ်နည်းများလား?
နတ်ဘုရားလား အထက်ပုဂ္ဂိုလ်လား ဘယ်သူပဲဖြစ်ဖြစ် ဂိမ်းခုံပို့ပေးဖို့ကို ဘယ်လိုတောင် ဆုလာဘ်အနေနဲ့ တွေးလိုက်ရတာလဲ?
အခုလို ဖျော်ဖြေမှုပိုင်းပါ ဖြည့်စွက်ပေးတဲ့ ကုန်စုံဆိုင်မျိုး တစ်ခါမှ မတွေ့ဖူးဘူး
မယုံနိုင်သလို ဖြစ်နေပေမဲ့ ဟောင် မနေနိုင်စွာ ပြုံးမိသွားသည်။
သူ ဂိမ်းခုံရောက်လာလို့ မပျော်ဘူးထင်လား? သေချာပေါက် ဘယ်ဖြစ်နိုင်မှာလဲ?
သူ ဘိလိယက်ဆော့ရတာ အရမ်းကြိုက်သည်!
ကျောင်းတက်တုန်းကဆို သူ ဂိမ်းဆော့တာ တော်တော် တော်သည်။ ဘိလိယက်ထိုးတာနဲ့ ပတ်သတ်လာရင် သူ တစ်ခါမှ ရှုံးပွဲရှိဖူးတာ.မဟုတ်ခဲ့ဘူး။
သူ စားပွဲမှာ ထိုင်လိုက်တာနဲ့ သူငယ်ချင်းတွေ ငိုရတော့တာပဲ။ သူတို့ ဘယ်လောက်ပဲ လေ့ကျင့်ပါစေ ဟောင်ကို နိုင်အောင် မဆော့နိုင်ကြဘူး။
အရင် နေ့ရက်ကောင်းတွေကို ပြန်စဥ်းစားမိသွားတော့ ဟောင် ရယ်လိုက်တော့သည်။
‘ ဖြစ်နိုင်တာ ငါလဲ နည်းနည်း ဝင်ဆော့လို့ ရမှာပဲ။ အနည်းငယ် ပျော်ရတော့လဲမဆိုးပါဘူးလေ’
ဆိုင်ရဲ့ခရီးလမ်းမှာ ဒါက အခန်းသစ်တစ်ခု ဖြစ်လာနိုင်သည်.. သူ မမျှော်လင့်ဖူးပေမဲ့ ထင်ထားတာထက် တော်တော်လေး ပျော်ဖို့ ကောင်းမဲ့ပုံရှိသည်။
……..
အရန်မစ်ရှင်နှစ်- အားလူးကြော် မူရင်းအရသာ အထုပ် 50 နဲ့ ခေါက်ဆွဲဗူး 200 ရောင်းရန်။
တိုးတက်မှု- 0/50 အားလူးကြော်၊ 0/200 ခေါက်ဆွဲ။
ဆုလာဘ်- ရောင်းကုန်အသစ်ပွင့်မည်။ တူနာအိုနီဂီရီ
( အလုပ်ချိန်ပြီးလျှင် ဂိုထောင်သို့ ပို့ပေးထားမည်)
…….
အာလူးကြော်နဲ့ ခေါက်ဆွဲရောင်းရမှာလား?
အရမ်းတော့ မခက်ပေမဲ့ အချိန်တော့ ယူရမှာပဲ။ အာလူးကြော်က ရောင်းအား အနည်းဆုံးပဲ။
ဒါပေမဲ့ အာလူးကြော်က အရမ်းရိုးရှင်းတဲ့ အစွမ်းနဲ့ အရသာကလဲ တစ်လောကလုံး ကြိုက်စေလောက်တဲ့အထိ ကောင်းသည်။ တံခါးအသစ်က ဈေးဝယ်တွေ အားလူးကြော်ကို မလွန်ဆန်တဲ့ နေရာမျိုးမှာ ပွင့်လာဖို့ မျှော်လင့်ရတာပဲ။
အာလူးကြော်တွေ တစ်ထုတ်ပြီးတစ်ထုတ်ကို ကျင့်ကြံသူတွေ လာယူမဲ့ မြင်ကွင်းမျိုးကို သူ မြင်ယောင်နေမိပြီပင်။
ဒါကလဲ အကောင်းဆုံးအပိုင်းပဲလေ ဟုတ်တယ်မလား?
အကြိုက်မတူ၊ စရိုက်မတူတဲ့ လူမျိုးအစုံနဲ့ သူတွေ့ချင်သည်။
တူနာအိုနီဂီရီ ဆိုတဲ့ ဆုလာဘ်နားမှာ သူ့ရဲ့ မျက်လုံးတွေ ရပ်တန့်သွားခဲ့သည်။
(T/N: အိုနီဂီရီဆိုတာ ရေညှိတြိဂံ အလိပ်လေးတွေကို ပြောတာပါ)
ဟောင် အနည်းငယ် ပြုံးလိုက်သည်။
အိုနီဂီရီ… ပြန်တွေ့ရပြီပဲ။
ဒါက သူ့အတွက် အရင်က နေ့စဥ်စားစရာ ဖြစ်ခဲ့ရသည်လေ။
ဈေးပေါပြီး ဗိုက်ဝစေသည်။ သယ်ယူလို့လွယ်သည်။ အလျင်လိုနေတဲ့ အချိန်မျိုးအတွက် အသင့်တော်ဆုံးပဲ။
သူ့အမေ လုပ်ပေးခဲ့စဥ်က မီးဖိုခန်းတစ်ခုလုံး တူနာငါးနံ့လေး မွှေးနေတာကိုတောင် ပြန်မြင်သွားမိသည်။
“ နေ့လည်စာအတွက် အကောင်းဆုံးပဲ” သူမ အမြဲပြောလေ့ရှိသည်။
“ စားလို့မြန်သလို အာဟာရလဲရှိတယ်”
‘ ငါအဲ့တာတွေကို နေ့လည်စာအဖြစ် ဘယ်နှစ်ကြိမ်တောင် စားခဲ့ရတာလဲ?’
အိုနီဂီရီက သူကျောင်းတက်စဥ်က သူ့အတွက် နေ့လည်စာပင်။ အမြဲလိုလို သပ်ရပ်စွာ ထုတ်ပိုးထားတဲ့ အူနီဂီရီက အမြန်စားလို့လဲ ရပြီး တစ်နေကုန်လုံးကို ဗိုက်ပြည့်နေတာမို့ တင်းတိမ်စေသည်။
အောက်မေ့မှု တစ်စိတ်တစ်ပိုင်း ဖြစ်ပေါ်လာခဲ့ပြီး သူ့နှာခေါင်းမှာ အနံ့ပင် ရလာသလိုပဲ။
သူ့အမေရဲ့ အိုနီဂီရီက ရိုးရှင်းပြီး သက်တောင့်သက်သာဖြစ်စေသည်။
အရင်တုန်းက ကျောင်းအိမ်စာတွေ၊ စားမေးပွဲတွေနဲ့ အလုပ်ရှုတ်နေချိန်များတွင်သာမက နောက်ပိုင်း အလုပ်ခွင်အတွက် အရေးတကြီး သွားရချိန်မျိုးတွင်လဲ ဒီသေးငယ်တဲ့ စားစရာက အိမ်လုပ်အရသာကို ခံစားရစေသည်။
ဒီလိုရိုးရှင်းတဲ့အရာလေးက များစွာတဲ့ မှတ်ဉာဏ်တွေကို ယူဆောင်လာပေးနိုင်တာ အံ့သြစရာပဲ။
အခုတော့ သူဒီနေရာမှာ လူကြီးတစ်ယောက်အနေနဲ့ အိုနီဂီရီကို ပြန်ရောင်းနိုင်တော့မည်.. ပြီးတော့ ဘာမှလဲ ပြင်ဆင်စရာ မလိုဘူး။ ဗိုက်ဆာတဲ့အချိန် ကောက်ကိုက်လိုက်ရုံပဲ။
‘ ကြည့်ရတာ ဒီကုန်စုံဆိုင်မှာလဲ ငါ့ရင်ထဲထိအောင်.လုပ်ဖို့ လှည့်ကွက်တစ်ချို့ ရှိတာပဲ’
သူ ကျေးဇူးတင်စွာ ပြုံးလိုက်သည်။
စိတ်လှုပ်ရှားမှုကြောင့် သူ့ရဲ့ အစာအိမ်က အချက်ပြလာခဲ့သည်။
အခုအချိန်ကျပြီနဲ့တူတယ်… သူ့ရဲ့ နေ့စဥ် အစားအသောက်ကို စိတ်ကျေနပ်စရာ အပြောင်းအလဲလေး တစ်ချို့ လုပ်ဖို့ပေါ့။
ဒီနေရာက ငါ့ကိုပျင်းရိအောင် လုပ်အုံးမယ်ဆိုရင်တောင်မှ ငါအခု ဒီမှာ အားအင်အပြည့် ရှိနေနိုင်တော့မယ်ကွ။