အခန်း (၂၅၁-၂၅၃)
Vol. 6 Ch. 251-253
အပိုင်း 251 - လိမ္မာတယ် ပြဿနာမရှာနဲ့
May 1, 2024 by Duan Fei Lin (段飞林)
လုလျန့်ဝေက သက်ပြင်းေဖြးေဖြးေလးမှုတ်ထုတ်လိုက်ပြီး နောက် ခေါင်းကိုမော့ကာဖြင့် လုံယန်ကို ကြည့်လိုက်သည်။
“ကျွန်တော်မျိုးမက မင်းသားကို မမေ့နိုင်လောက်ဘူးလို့ ဘာလို့များ အရှင်မင်းကြီး ထင်ရတာလဲ။”
သူမသာ မင်းသားကို မမေ့နိုင်သေးရင် မင်းကြီးက သူ့ကို လက်လျှော့လိုက်တော့မှာများလား။
လုလျန်ဝေ့ ခေါင်းမော့လိုက်သောအခါတွင်တော့ သူမ မျက်ဝန်းများက အနည်းငယ် စိတ်ရှုပ်ထွေးပုံ ပေါ်နေလေသည်။
လုံယန်က သူမရဲ့ အမူအရာကြောင့် အလွန်ကျေနပ်သွားပြီး သူ့မျက်ဝန်းနက်နက်တို့က အပြုံးများဖြင့် ပြည့်နှက်လာသည်။
“မင်းက သူ့ကို လက်လွှတ်လိုက်ပြီပဲလေ ။ ဘာလို့များ ငါကိုယ်တော်ကို လက်မခံနိုင်ရတာလဲ။”
လုလျန့်ဝေက သူ့ကို သူမတွေးထားတဲ့ စကားလုံးများဖြင့် အော်ပြောပစ်လိုက်ချင်မိသည် ။ သူတို့နှစ်ယောက်ရဲ့ အသက်ကွာခြားချက်ကို မဆိုထားနှင့်။ သူ့အဆင့်အတန်းက သူမ လက်မခံချင်ရသော အကြီးမားဆုံး အကြောင်းပြချက်ပင် ဖြစ်သည်။
“ကျွန်တော်မျိုးမက နန်းတွင်းထဲမှာ ပိတ်လှောင်ခံထားရတာကို မကြိုက်ဘူး။”
လုလျန့်ဝေ တီးတိုးလေး ပြောလိုက်သည်။ ဒါက ပထမဆုံးအကြိမ် သူရှေ့မှာ သူမရဲ့ အမှန်အတိုင်း ဝန်ခံပြောဆိုခြင်းလည်း ဖြစ်သည်။
“ကျွန်တော်မျိုးမက လွတ်လပ်မှုကို နှစ်သက်တယ်။ ကျွန်မ မကြိုက်တာက။”
ယောကျ်ားတစ်ယောက်အတွက် အခြားအမျိုးသမီးတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရမှာကို သူမ မကြိုက်ချေ။ နောက်ဆုံးမှာတော့ သူမ ထိုစကားတွေကို မပြောဖြစ်လိုကပေ။
အကြောင်းမှာ မူလခန္ဓာကိုယ်ပိုင်ရှင်က မင်းသားရဲ့ ကိုယ်လုပ်တော် ဖြစ်လာရန် ဆန္ဒရှိခဲ့ကြောင့်ပင်ဖြစ်သည်။ အခုသာ သူမ ထိုစကားတွေကို လုံယန်အားပြောလိုက်မိပါက သူမအား သူတော်ကောင်း ယောင်ဆောင်ပြီး ဟန်များနေတာဟု သူ ထင်သွားနိုင်သည်။
သူမ တိတ်တိတ်လေးသာ နေလိုက်တော့သည်။
“ဧကရာဇ်နန်းတော်က အရှေ့နန်းတော်ထက်စာရင် ပိုကျယ်ဝန်းပြီး ကြီးမားတယ် ။”
လုလျန့်ဝေကမျက်လွှာချကာကြည့်လိုက်သည်။ လုံယန်က ချက်ချင်းပင် အရှေ့နန်းတော်ကို ချက်ချင်း လက်ညိုးထိုးပြ နေလေသည်။
ယခင်က သူမအား အရှေ့နန်းတော်ထဲတွင် ပိတ်လှောင်ထားခြင်း ခံရမှာကို အရေးမစိုက်ခဲ့ပေ။ အရှေ့နန်းတော်ထဲ ဝင်ခွင့်ရဖို့အတွက်တောင်မှ သူမက တခြားသူများကို ခြိမ်းခြောက်ခဲ့သေးသည်။ နန်းတော်ထဲ ဝင်ရမယ့်အချိန်ရောက်မှ သူမ ဆန္ဒမရှိတော့တာက ဘာကြောင့်များလဲ ။
အရှေ့နန်းတော်က ဧကရာဇ်နန်းတော်ရဲ့ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။ သူမသာ နန်းတော်ထဲဝင်ခဲ့ပါက သူမရဲ့ လုပ်ပိုင်ခွင့်အာဏာသည် အရှေ့နန်းတော်ထဲမှာ ထက်စာလျှင် ပိုကြီးမားပေလိမ့်မည်။သူမသည် မိဖုရားခေါင်ကြီးရာထူးကိုတောင် ယူနိုင်ပေလိမ့်မည်။
လုလျန့်ဝေ သက်ပြင်းချလိုက်သည်။
“ကျွန်တော်မျိုးမရဲ့ ဆန္ဒတွေက အရေးမပါပါဘူး။”
သူမ မည်မျှပင် တွန့်ဆုတ်နေပါစေ မင်းကြီးက သူမကို လွှတ်ပေးမည် မဟုတ်ပေ။ သူမရဲ့ဆန္ဒများသည်လည်း ဘယ်တော့မှ အရေးပါမှာမဟုတ်ချေ။
“တော်တယ်။ မင်းဒါကို နားလည်ထားမယ်ဆိုရင် အားလုံး အဆင်ပြေသွားလိမ့်မယ် “
လုလျန့်ဝေက သူ့ကို ဖျက်ကနဲ ကြည့်လိုက်ပြီးနောက် စိတ်ညစ်စွာ စားပွဲပေါ် မှီချလိုက်သည်။
လုံယန်က သူမကို ဆွဲ,မလိုက်ပြီး မေးလာသည်။
“ပင်ပန်းနေပြီလား “
လုလျန့်ဝေက ထိုအခွင့်အရေးကို အသုံးချ၍ သန်းပြလိုက်သည်။
သူက သူမအနားယူဖို့အတွက် သူမကို ကျိန်းကုန်းအိမ်တော်ကို ပြန်မပို့ပေးဘူးလား။
လုံယန်က အခန်းတွေထဲကမှ တစ်ခန်းထဲသို့ ဖွင့်ဝင်လိုက်သည်။
လုလျန့်ဝေ သူမခေါင်းကို ဝေ့ရင်း တစ်ချက်ကြည့်လိုက်မိသည်။ အသေးစိတ် စစ်ဆေးကြည့်လိုက်သောအခါ အခန်းထဲတွင် သပ်သပ်ရပ်ရပ် ပြင်ဆင်ထားသည့် အခန်းခွဲတစ်ခုရှိနေကြောင်း တွေ့လိုက်ရသည်။ သို့သော်------
“အရှင်မင်းကြီး၊ ဒါက မသင့်တော်ပါဘူး။”
သူမ ပါးနပ်စွာ ငြင်းဆိုလိုက်သည်။
“မင်းက ဘာကို စိုးရိမ်နေတာလဲ။”
လုံယန်က ကျီစယ် ပြောဆိုလိုက်သည်။
လုလျန့်ဝေက ခပ်မြန်မြန်ပဲ ပြန်လည်တုံ့ပြန်လာသည်။
“အရှင်မင်းကြီးက ရုတ်တရက်ကြီး ကျွန်တော်မျိုးမကို အပြင်ခေါ်ထုတ်လာတယ်။ ကျွန်တော်မျိုးမကိုသာ မတွေ့ကြတော့ရင် ကျွန်တော်မျိုးမရဲ့ မိသားစုတွေ စိုးရိမ်နေကြလိမ့်မယ်။”
“ကိုယ်တော် စာရေးထားခဲ့တယ်။”
လုလျန့်ဝေ အနည်းငယ် ထိတ်လန့်သွားမိသည်။
“စိတ်မပူပါနဲ့။ သူတို့တွေ ဒီကိစ္စနဲ့ ပတ်သတ်ပြီး စိုးရိမ်မှာမဟုတ်ဘူး “
လုံယန်က သူ့ရဲ့ လက်ချောင်းသွယ်သွယ်များကိုမြှောက်ကာ သူမနဖူးကို တောက်လိုက်သည်။
သူမရဲ့ နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေက ဆီးနှင်းထဲမှာ လှလှပပ ဖူးပွင့်နေသည့် ဆီးပန်းပွင့်နီနီလေးများကဲ့သို့ ချက်ချင်းပဲ နီမြန်းသွားရပြီး သူမအား ရှက်ရွံ့နေသည့်ပုံပေါက်သွားစေသည်။
လုံယန်ရဲ့ မျက်ဝန်းတွေက အနည်းငယ် ကျဉ်းမြောင်းသွားပြီးနောက် သူ့လက်ကို မ,ကာ သူမနဖူးအား ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
ဒီထူးဆန်းသော အတွေ့အထိကို လုလျန့်ဝေ အနည်းငယ် ရှောင်တိမ်းလိုက်လေသည်။
ဒီလူက ပုံမှန်လိုမပြုမူနိုင်ဘူးလား။
သူမကိုများ သူထိချင်ရင် ထိမယ် ပြီးတော့ သူမနဖူးကို ဒီလိုမျိုး သူကိုင်ချင်သလို ကိုင်လို့ရမယ်များ ထင်နေတာလား ။
လုလျန့်ဝေ့က သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး ရုတ်တရက် ခြေဖျားထောက်လိုက်သည်။ သူမက ယခု သူ သူမနဖူးကို လုပ်ခဲ့သည့်အတိုင်း သူ့နဖူးကို ပြန်လုပ်ချင်ရုံပင်။
သို့ရာတွင် သူ့အရပ်က အရမ်းရှည်နေပြီး သူမက လက်ကိုလည်း မြှောက်ထားရသည်။ သူ့နဖူးကို မထိလိုက်နိုင်သေးခင် မှာပဲ သူက သူမကို သူ့လက်မောင်းများဖြင့် ပွေ့ဖက်လိုက်၏။
“လုလျန့်ဝေ၊ မင်း လုပ်ရဲတယ်ပေါ့”
သူက သူမခေါင်းပေါ်ကနေ စိတ်ဆိုးနေသောလေသံဖြင့် ပြောလေသည်။
လုလျန့်ဝေလည်း စိတ်ဆိုးသွားရပြီး သူ့လက်မောင်းတွေဆီမှ ရုန်းကန်နေလိုက်သည်။ သို့သော် သူမခါးကို ပွေ့ဖက်ထားသော သူ့လက်မောင်းများက ရုတ်တရက် အားလျော့သွားကြောင်း ခံစားမိလိုက်တာမို့ သူမက ရုန်းနေတာကို ရပ်တန့်လိုက်သည်။
“လိမ္မာတဲ့ကောင်မလေး... ပြဿနာမရှာနဲ့ “
သူက ရုတ်တရက်ပင် မသဲမကွဲသံဖြင့် ပြောလာသည်။
လုလျန့်ဝေ အနည်းငယ် စိတ်ဆိုးသွားသည်။ သူမ ပြဿနာရှာနေတာ မဟုတ်ပေ။ သူကသာ သူမအပေါ် အသားယူနေတယ်ဆိုတာ အသိအသာကြီးကိုပင်။
သူမက မျက်ဝန်းများကိုပြူးကာဖြင့် သူ့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။
“အရှင်သာ ကျွန်တော်မျိုးမကို လွှတ်ပေး။ ဒါဆို ကျွန်တော်မျိုးမ ပြဿနာမရှာတော့ဘူး။”
ဆက်ရန် -------
အပိုင်း 252 - ဒီမှာပဲ
May 1, 2024 by Duan Fei Lin (段飞林)
လုံယန်က သူ့ရဲ့ မက်မွန်သဏ္ဍာန် မျက်လုံးများကို မှေးကျဥ်းလိုက်ပြီး သူမကို ရုတ်တရက် ငုံ့ကြည့်လိုက်သည်။ လုလျန်ဝေရဲ့ အံ့အားသင့်နေတဲ့ အကြည့်အောက်မှာပဲ သူ့လက်တွေနဲ့ သူမရဲ့ချိုင်းအောက်ကနေ ကိုင်ပြီး သူမကို မြေကြီးနဲ့ လွတ်သွားသည်အထိ ပင့်မ လိုက်သည်။
လုလျန့်ဝေက ရုတ်တရက် လေပေါ်သို့ရောက်သွားအောင် မ,ချီခံလိုက်ရသလို ခံစားသွားရပြီး ဘာမှမတုန့်ပြန်နိုင်လိုက်ဘူး ဖြစ်သွားသည်။ အသိပြန်ဝင်လာတဲ့အခါတွင်တော့ သူမမျက်နှာတစ်ခုလုံး ရဲတွတ်နေပြီဖြစ်သည်။
သူမ ပြုတ်မကျသွားဖို့အတွက် သူမလက်တွေကို ဘယ်မှာထားရမလဲ မစဉ်းစားတတ်ပေ။
သို့ရာတွင် သူမ ရုန်းကန်ခြင်း မပြုရသေးခင် အချိန်အတွင်းမှာပဲ သူမ ကုတင်ပေါ် သို့ အတင်ခံလိုက်ရသည်။
ယောကျာ်းတစ်ယောက်ရဲ့ သန့်ရှင်းလတ်ဆတ်ပြီးနှစ်လိုဖွယ်ကောင်းသော ရနံ့က သူမနှာဖျားသို့ရောက်ရှိလာသည်။
လုလျန့်ဝေက ခေါင်းအုံးပေါ် ညင်သာစွာသို့ လှဲချလိုက်ပြီး လုံယန်က သူမအား ဖိနပ်ချွတ်ပေးပြီး ငေးကြောင်ကာ ကြည့်နေမိသည်။ ထို့နောက်သူက စောင်ကိုယူကာ သူမကိုခြုံပေးလာခဲ့သည်။
သူမမျက်နှာမှာ ရုတ်တရက် ပူထူလာရပြီး ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။
သူက သူမကို ကလေးတစ်ယောက်လို ဆက်ဆံနေတာပဲ။ အဲ့ဒါဆို ဘာလို့များ သူက သူမကို လက်ထပ်ချင်နေသေးတာလဲ ။
သူ့မှာ အသက်ငယ်တဲ့မိန်းကလေးတွေကို ကြိုက်နှစ်သက်တတ်တဲ့ အကျင့်များရှိနေသလားဆိုတာ သူမမေးလိုက်ချင်သည်။ ဒါပေမယ့် အဆုံးမှာတော့ သူမ မမေးဖြစ်ခဲ့ပေ ။ သူထွက်သွားတာကိုမြင်လိုက်တဲ့အခါတွင်တော့ သူမက ရှက်လွန်းတာမို့ မျက်နှာကို ခေါင်းအုံးထဲသို့ အလျှင်အမြန် မြှုပ်ထားလိုက်မိသည်။
သို့သော်လည်း သူမ ဘယ်လောက်ပဲ အိပ်ချင်နေပါစေ အိပ်လို့ကိုမရပေ။ ပြောရမယ်ဆိုရင် ဒါက သူမ အိမ်မှမဟုတ်တာပဲလေ။
သူမ ခဏလောက် လှဲနေလိုက်သော်လည်း အိပ်လို့မပျော်ပေ။ ထို့ကြောင့် သူမ စောင်ကိုဖယ်ကာ ထထိုင်လိုက်သည်။
လုံယန်ရဲ့ပုံစံကို ကြည့်ရတာ သူမကို ထွက်သွားခွင့် မပြုလောက်ပေ ။ ဒါပေမယ့် ဒီနေ့ညတွင် သူမ မြို့တော်ရဲ့ဆင်ခြေဖုံးကို သွားရမှာပင်ဖြစ်သည်။
သူမ မျက်မှောင်ကြုတ်ကာ ထထိုင်လိုက်ပြီး သူမရဲ့ရှုပ်ပွနေသော အဝတ်အစားကို သပ်ရပ်သွားအောင် ပြင်ဆင်လိုက်သည်။ ထို့နောက် တံခါးကို ဖွင့်လိုက်ပြီး အပြင်သို့ ထွက်သွားလိုက်သည်။
ဥယျာဉ်ဘက်ဆီမှထွက်ပေါ်လာသော ရေစီးသံနှင့်တူသည့် ဗျတ်စောင်းသံကို သူမ ရုတ်တရက် ကြားလိုက်ရသည်။
သူမ ခဏမျှတုံ့ဆိုင်းနေပြီးနောက် သီချင်းသံ ထွက်ပေါ်လာရာနေရာသို့ သွားလိုက်သည်။
မျှော်စင်ပေါ်တွင် လုံယန်က အစိမ်းဖျော့ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ဗျတ်စောင်းရဲ့အနောက်တွင် ထိုင်နေပြီး သူလက်ချောင်းသွယ်သွယ်များဖြင့် စောင်းကြိုးများကို တီးခတ်နေလေသည်။
သူ့ရဲ့အနက်ရောင်ဆံနွယ်များက သူ့ပခုံးပေါ်ကနေ နောက်ကျောဘက်ကို တွဲလောင်းကျနေသည်။ သူ့ရဲ့ တည်ကြည်လွန်းသော မျက်နှာထားက ပုံမှန်နှင့်မတူဘဲ လူအများ နှလုံးသားထဲမှ တုန်လှုပ်သွားရလောက်အောင်ကို ချောမောခန့်ညားလွန်းနေသည် ။ ယခုတွင် သူက စိတ်ကျေနပ်နေပုံရပြီး သူ့နှုတ်ခမ်းထောင့်တွေကလည်း လှပစွာ ကွေးတက်နေသည်။ ထိုအမူအရာက ယခုတွင် သူစိတ်အခြေအနေကောင်းမွန်နေကြောင်း သက်သေပင်ဖြစ်သည်။
ဗျတ်စောင်းသံဟာ သာယာလှပသလို လူကလည်း ချောမောခန့်ညားလွန်းလှသည်။
လုလျန့်ဝေက ပန်းပင်တွေနဲ့ သစ်ပင်တွေအနောက်မှာ ရပ်နေရင်း လုံယန့်ကို အချိန်အတော်ကြာတိတ်တဆိတ်ငေးကြည့်နေမိသည်။
သူမက နောက်ကို ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး မျှော်စင်ထဲက အမျိုးသားကို ကြည့်နေမိသည်။ သူမ ပြုံးလိုက်ပြီးနောက် ပြတ်ပြတ်သားသားဖြင့် ပြန်လှည့်ကာ ဥယျာဉ်နံရံဆီသို့ လျှောက်လာခဲ့သည်။
သူမနှင့် လုံယန် ခြံဝန်းထဲကို ဝင်လာစဉ်က အစေခံတွေသိပ်မရှိကြောင်း သူမ ဂရုတစိုက် စောင့်ကြည့် စစ်ဆေးပြီးပြီဖြစ်သည်။
ခြံဝန်းထဲ၌ လုံယန် တီးခတ်နေသည့် ဗျတ်စောင်းသံမှလွဲ၍ တခြားမည်သည့်အသံမှ မရှိပေ။ ယခုအချိန်က သူမထွက်သွားဖို့ အချိန်ကောင်းပင်ဖြစ်သည်။
သူမ နံရံအောက်သို့ လျှောက်လာပြီး တံတိုင်းအမြင့်ကို အမြင်ဖြင့် စစ်ဆေးကြည့်လိုက်လေသည်။ တံတိုင်းက သိပ်မမြင့်ပေ။ သို့သော် တံတိုင်းနံရံတွေက ချောမွေ့နေ၍ တံတိုင်းကို ကျော်တက်ရန် ခြေချစရာမတွေ့သလို တခြားပစ္စည်းများလည်းရှာမတွေ့ရပေ။
သို့ရာတွင် နံရံအနီး၌ သူမအတွက် အသုံးဝင်နိုင်သော ခိုင်ခိုင်ခန့်ခန့် သစ်ပင်ကြီးတစ်ပင်ရှိနေ၏။
သူမလက်ဖဝါးတွေကို ပွတ်လိုက်ပြီးနောက် သစ်ပင်အောက်သို့ လျှောက်သွားလိုက်သည်။ ပြီးနောက် သူမရဲ့ လက်တွေ ခြေတွေနဲ့ သစ်ပင်ကို တွယ်တက်လိုက်သည်။
သစ်ပင်ပေါ် သို့ရောက် သွားပြီးနောက်မှာတော့ သူမ ဖြေးညင်းစွာဖြင့် မတ်တပ်ရပ်လိုက်သည်။
သစ်ကိုင်းတစ်ခုက နံရံရဲ့ အပြင်ဘက်ကို ရှည်ထွက်နေပြီး ထိုသစ်ကိုင်းကလည်း အတော်လေး ရှည်လျားရုံသာမက တောင့်တင်းခိုင်မာပုံပေါ်သည်။ သူမ ထိုသစ်ကိုင်းပေါ်ကို အရင်ခြေလှမ်းအနည်းငယ် စမ်းပြီး ချကြည့်လိုက်သည်။ သစ်ကိုင်း ခိုင်ခန့်ကြောင်း သေချာမှသာလျှင် သူမ ယုံကြည်ချက်ရှိရှိ ရှေ့သို့် လှမ်းကာ တက်လိုက်သည်။
သူမက ထိုသစ်ကိုင်းကို အသုံးပြုပြီး နံရံရဲ့အပြင်ဘက် အောက်ကို ခုန်ချချင်နေခြင်းဖြစ်သည်။
သို့သော် သူမ သစ်ကိုင်းတစ်ဝက်လောက်သာ လျှောက်ရသေးသော်လည်း သစ်ပင်အောက်တွင် လူတစ်ယောက်က ရပ်နေပြီး အေးအေးဆေးဆေးအမူအယာဖြင့် သူမကိုကြည့်နေကြောင်း တွေ့လိုက်ရသည်။
ထိုအခါမှသာ စောင်းသံက အချိန်တစ်ခုလောက်ကတည်းက ရပ်တန့်သွားပြီဖြစ်ကြောင်း သူမ သိလိုက်ရသည်။
သူမ ခြံဝန်းအပြင်ကို လှမ်းကြည့်လိုက်ပြီး ဆက်လျှောက်သွားရမလား ဒါမှမဟုတ် ဘာမှမဖြစ်သယောင် ဟန်ဆောင်ပြီး လိမ်လိမ်မာမာလေး ပြန်လိုက်သွားရမလားဆိုတာ စဉ်းစားနေမိ လေသည်။
လုလျန့်ဝေက ခဏမျှဘေးကျပ်နံကျပ်ဖြစ်နေပြီးနောက် ခြေလှမ်းကို မရပ်တန့်လိုက်ဘဲ ရှေ့သို့ ဆက်လျှောက်နေမိသည်။
သို့သော် အပင်အောက်မှ အမျိုးသားက သူမကို စိုက်ကြည့်နေတော့ သူမ လျစ်လျူရှုပြီး မနေနိုင်ပေ။ ထို့ကြောင့် သူမ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ကာ ခပ်တည်တည်နဲ့ ပြောလိုက်သည်။
“အရှင်မင်းကြီး၊ အရှင့် ခြံဝန်းထဲက သစ်ပင်က တော်တော်လေး ခိုင်ခန့်ရဲ့လားဆိုတာ ကျွန်တော်မျိုးမ စစ်ဆေးပေးပါရစေ”
လုံယန်က သစ်ပင်အောက်တွင် ရပ်နေပြီး စိတ်ကြည်နေသော အမူအရာဖြင့် သူမကိုကြည့်နေ၏သည်
“ကောင်းပြီလေ။ ကိုယ်တော် ဒုတိယလုသခင်မလေးကိုေနှာက်ယှက်မိလို့ စိတ်မကောင်းပါဘူး”
သူ့စကားကိုကြားလိုက်ရပြီးနောက် လုလျန့်ဝေ ခြေချော်ကာ သစ်ပင်ပေါ်တွင် ကတုန်ကယင် ဖြစ်သွားရသည်။ သူမ ဟန်ချက်မထိန်းနိုင်ဘဲ သစ်ပင်ပေါ်မှ ပြုတ်ကျလုမတတ်ဖြစ်သွားရသည်။
သူမက အပေါ်ရှိ သစ်ကိုင်းကို လှမ်းကိုင်လိုက်ရပြီး စိတ် တည်ငြိမ်သွားအောင် လုပ်လိုက်သည်။ သူမ အောက်ကိုငုံ့ကြည့်ဖို့ ရှက်သွားပေမယ့် သူမ ပြောဖြစ်အောင်တော့ ပြောလိုက်သေးသည်။
အပိုင်း ,253 - ကလေးယူဖို့အကြောင်းကိုတော့ နောက်နှစ်နှစ်လောက်မှ ဆွေးနွေးကြတာပေါ့
May 1, 2024 by Duan Fei Lin (段飞林)
လုံယန်က ဘာမှမလုပ်ဘဲ သူမကို ကြည့်ရုံသာ ကြည့်နေသော်လည်း တောင်ကြီးတစ်တောင်က ဖိထားသလိုမျိုး ဖိအားများကို သူမ ခံစားနေရသည်။
သူမစိုးရိမ်ပူပန်နေတုန်းမှာပဲ လုံယန်ရဲ့ရယ်သံတိုးတိုးလေးကို သူမ ကြားလိုက်ရသည်။
သူ ဘာကိုရယ်နေသလဲဆိုတာကိုပင် သူမ နားမလည်နိုင်ဖြစ်သွားရသည်။
သူမက သစ်ပင်အစွန်းကို ရောက်နေပြီဆိုတာ သိလိုက်ရတာမို့ သစ်ကိုင်းအဆုံးကို တုံ့ဆိုင်းခြင်းမရှိ လှမ်းဆွဲလိုက်သည်။ထို့နောက် သစ်ကိုင်း ပျော့ပြောင်းမှုကို အကူအညီယူပြီး နံရံအပြင်ဘက်သို့ သူမကိုယ်သူမ လွှဲယမ်းကာ ခုန်ချလိုက်သည်။
သို့သော် သူမမျှော်လင့်ထားသည့်အတိုင်း မြေပြင်ပေါ်ကို မခုန်ချမိဘဲ သန်မာပြီး ကျယ်ပြန့်သော ရင်ခွင်ထဲသို့သာ ခုန်ချမိသွားသည်။
သူမ ဘယ်သူ့ထံ ခုန်ချမိသွားတယ်ဆိုတာကို သိလိုက်ရတဲ့အခါတွင်တော့ လုလျန့်ဝေ ပြောစရာ စကားမဲ့သွားရသည်။
“အရှင်မင်းကြီး ခုနလေးတင် နံရံအတွင်းဘက်မှာပဲ ရှိနေသေးတာ မဟုတ်ဘူးလား။”
ဘာလို့ အပြင်ကို ထွက်လာတာလဲ။ ပြီးတော့လည်း ဒါကို သူမ လုံးဝ သတိမထားမိလိုက်ဘူး။
သူမရဲ့ အပြင်ထွက်ပြေးချင်နေသည့် အကြောင်းကို မဖော်ထုတ်ပါဘဲ လုံယန်က မျက်လုံးများမှေးစင်းလျက် သူမကို ကြည့်နေလေသည်။
လုံယန်က သူမကို လက်မောင်းများဖြင့် ပွေ့လိုက်ပြီး ဥယျာဉ်ထဲ ပြန်ပြီး ခုန်ကာဝင်လာသည်။
သူ့လက်ထဲတွေမှာ နာနာခံခံနဲ့ ငြိမ်သက်နေသော အမျိုးသမီးလေးကို ကြည့်လိုက်ပြီးနောက် လုံယန်ရဲ့ နှုတ်ခမ်းတွေက ပျော်ရွှင်စွာ ကော့တက်သွားသည်။
သူက သူမကို ပွေ့ထားပြီး အတွင်းဘက်ဆီသို့ လျှောက်နေတာကို မြင်တော့ လုလျန့်ဝေက ပြောလိုက်သည်။
“အရှင်မင်းကြီး၊ ကျွန်တော်မျိုးမ ထပ်ပြီး မအိပ်ချင်တော့ဘူး။ ကျွန်ေတာ်မျိုးမ အိပ်လို့မရဘူး။
သူမ အနည်းငယ်ညင်သာသော အသံဖြင့် ပြောလိုက်မိကြောင်း သူမကိုယ်သူမ သတိမထားမိလိုက်ပေ။
လုံယန်က သူမကို နူးညံ့စွာ ကြည့်လိုက်သည်။
“ခုနကတင် အိပ်ချင်နေတယ်လို့ ဘယ်သူက ပြောလိုက်တာပါလိမ့်။”
လုလျန့်ဝေက သူမရဲ့ မျက်ဝန်းလှလှလေးကို ပေကလပ် ပေကလပ်လုပ်လိုက်သည်။
“ကျွန်တော်မျိုးမ အခု မအိပ်ချင်တော့ပါဘူး။ အရှင်မင်းကြီး ကျွန်တော်မျိုးမကို ဟွမ်ကျွမ်းသို့ ခေါ်သွားပေးလို့ ရမလား။”
“ဟမ်”
လုလျန့်ဝေက သူ့ဝတ်ရုံကို မရည်ရွယ်ဘဲ သူမလက်ချောင်းများဖြင့် ဆုပိကိုင်လိုက်မိပြီး သူ့မျက်လုံးများကို ရှောင်ရှားမိလိုက်သည်။
“အင်ပါယာအပန်းဖြေစံအိမ်က ငါးတွေက အရမ်းအရသာရှိတယ်။ အရှင်မင်းကြီး ငါးဖမ်းဖို့ ကျွန်တော်မျိုးမကို ခေါ်သွားပေးပါလား။”
လုံယန်က သူမရဲ့ အမူအရာသေးသေးလေးများကို မြင်လိုက်ရပြီး သူ့ရဲ့ မျက်ဝန်းနက်ထဲတွင် မူးယစ်စေနိုင်လောက်သော အပြုံးလှလှလေး ထင်ထပ်လာသည်။ သူက သူ့လက်တွေကို တင်းကျပ်လိုက်ပြီး ပြောလာ၏။
“ကောင်းပြီလေ”
လုလျန့်ဝေက ထိုစကားကို ကြားလိုက်သောအခါ သူမ တိတ်တိတ်လေး ဝမ်းသာသွားရသည်။
သူမက သူမရဲ့ လက်မောင်းတွေနဲ့ သူ့(လုံယန်)လည်ပင်းကို ဖက်ထားပြီးနောက် တိုက်တွန်းလိုက်သည်။
လုံယန်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေဟာ ကွေးတက်သွားသည်။ သူက ခေါင်းငုံ့လိုက်ပြီး သူမရဲ့ နှင်းလိုဖြူဖွေးနေသော နဖူးပြင်ပေါ်သို့ အနမ်းတစ်ပွင့် ပေးလိုက်သည်။ သူက အက်ရှရှအသံဖြင့်ပြောလာခဲ့သည်။
“အမ် ...ကောင်းပြီ။”
သူမရဲ့နဖူးဆီမှ အေးပြီး စွတ်စိုသွားသော အရာကို ခံစားလိုက်ရသောအချိန်မှသာ လုလျန့်ဝေက ယခုအခြေအနေကို သေဘာပေါက်သွားပြီး သူ့လက်မောင်းတွေကို တွန်းထုတ်လိုက်လေသည်။
“ကျွန်တော်မျိုးမကို အောက်ချပေးပါ။ ကျွန်တော်
သူမရဲ့ လေးနက်နေမှုကို မြင်တော့ လုံယန်က အင်တင်တင်ဖြင့် သူမကို မြေကြီးပေါ် ချပေးလိုက်သည်။
လုလျန့်ဝေက စိတ်သက်သာရာရစွာဖြင့် သက်ပြင်း မှုတ်ထုတ်လိုက်သည်။ ရှေ့သို့ ဆက်လျှောက်ခါနီးအချိန်မှာပဲ တစ်စုံတစ်ခုက သူမလက်ေချာင်းများထဲ ရောက်လာတာကို သိလိုက်ရပြီး လုံယန်ရဲ့ လက်ဖဝါးက သူမလက်ချောင်းနားမှာရှိနေတာကိုမြင်လိုက်ရသည်။
လုလျန့်ဝေက သူ့လက်ကို ခါထုတ်ချင်သည်။ သို့သော် သူ့ရဲ့ ငြင်းပယ်ခွင့်မပြုသော အကြည့်ကို မြင်လိုက်သောအခါတွင်တော့ သူမ အလျှော့ပေးလိုက်ရသည်။
လုလျန့်ဝေက သူမကိုယ်သူမ နှစ်သိမ့်လိုက်ရသည်။
သို့သော် သူမ ကိစ္စတစ်ခု စဉ်းစားလိုက်မိတာမို့ ချက်ချင်း ရုန်းကန်ပြီး မေးလိုက်မိသည်။
“အရှင်မင်းကြီး၊ အရှင်က ကလေးတွေကို အရမ်းနှစ်သက်တာလား။”
လုံယန်က နည်းနည်း စိတ်ရှုပ်ထွေးသွားလေသည်။ တစ်စုံတစ်ခုကို စဉ်းစားမိပြီးနောက် သူ့အကြည့်က သူမဝမ်းဗိုက်ပေါ် ရောက်သွား လေသည် ။ထို့နောက် သူတုံ့ဆိုင်းစွာဖြင့် တိုးတိုးလေး ပြောလိုက်သည်။
“ငါကိုယ်တော် သဘောကျပါတယ်။ ဒါပေမဲ့ မင်းက ငယ်သေးတယ်။ ကိုယ် ေတာ်တို့ ကလေးယူဖို့ကို နောက်နှစ်နှစ်လောက်မှ ပြောကြတာပေါ့။”
တကယ်တော့ သူ ကလေးတွေကို သိပ်သဘောမကျပါဘူး။ ဒါပေမယ့် -----
သူ့အကြည့်တွေက လုလျန့်ဝေရဲ့ မျက်နှာလှလှလေးပေါ် ရောက်သွားသည်။ အကယ်၍ ကလေးတွေက သူမကဲ့သို့ ချစ်ဖို့ကောင်းမယ်။ ယဉ်ကျေးမယ်။ လှပမယ်ဆိုလို့ရှိရင် ကလေးယူဖို့ကို သူ စိတ်အနှောင့်အယှက် မဖြစ်မိလောက်ဘူး။
ထို့အပြင် အနာဂါတ်မှာ ဝေ့ဝေ့က ကလေးတစ်ယောက်လိုချင်ရင်လည်း သူကန့်ကွက်လိမ့်မှာ မဟုတ်ဘူး။
“--------”
ထိုစကားတွေကိုကြားပြီးနောက်တွင်တော့ လုလျန့်ဝေ ခြေထောက်ယိုင်သွားကာ လဲကျမလို ဖြစ်သွားရသည်။ ကံကောင်းလို့ လုံယန်က မြင်လိုက်ပြီး သူမလက်ကို အလျှင်အမြန် ဆွဲလိုက်သည်။
“မင်း ဘယ်လိုတွေ လမ်းလျှောက်နေတာလဲ။”
လုံယန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး အပြစ်တင်လိုက်သည်။ သို့သော် ထိုအသံက ကူကယ်ရာမဲ့နေပြီး လူတွေကို နည်းနည်း အလိုလိုက်ခံထားရသကဲ့သို့ ခံစားရစေသည်။
လုလျန့်ဝေက သတိပြန်မဝင်နိုင်သေးဘဲ ထိတ်လန့်ဆဲပင်ဖြစ်သည်။ သူမရဲ့ မျက်ဝန်းလှလှတွေက သူ့ကို အံ့အားသင့်စွာ ကြည့်နေသည်။
ခုလေးတင် သူဘာပြောလိုက်တာလဲ။ သူ တစ်ခုခုကို နားလည်မှု လွဲနေသလားလို့။