အခန်း (၂၅၄-၂၅၆)
Vol. 6 Ch. 254-256
Chapter 254
May 2, 2024 by Nay Chi Lynn
အပိုင်း ၂၅၄ -ရှေးဟောင်းအရာများနှင့် တူသောမင်းကြီး
သူမရဲ့ သူ့ကို မူမမှန်တဲ့ပုံစံနဲ့ အကြည့်ကို မြင်တော့ လုံယန်က ပူပန်စွာ မေးလိုက်မိသည်။
“ဘာဖြစ်လို့လဲ။ တစ်ခုခု အဆင်မပြေတာရှိလို့လား။”
လုလျန့်ဝေ အသိပြန်ဝင်လာပြီးနောက်တွင်တော့ သူမမျက်နှာက ရုတ်တရက်ကြီး အလွန် နီမြန်းလာရတော့၏။
သူမ ရှက်လည်းရှက်၊ ဒေါသလည်းထွက်လာရ၏။
“အရှင်မင်းကြီး၊ အရှင် ဘာတွေ ထင်နေတာလဲ။ ကျွန်တော်မျိုးမက အခုမှ ကလေးပဲ ရှိသေးတယ်။------“
ဘာလို့ ကလေးမွေးမယ့် အကြောင်းတွေ ပါလာရတာလဲ။
ထို့အပြင် သူ့ကို လက်ထပ်ရမလား သို့မဟုတ် လက်မထပ်ဘူးလားဆိုတာကိုတောင် သူမ မစဉ်းစားရသေးပေ ။ ဒါကို သူက ကလေးယူဖို့အထိ အဝေးကြီးတောင် စဉ်းစားပြီးနေပြီ။
သူမပြောလိုက်တဲ့ ဘယ်စကားလုံးကများ သူ့ကို နားလည်မှုလွဲစေတာလဲ။
လုလျန့်ဝေ စိတ်ဓာတ်ကျစွာနဲ့ သူ့ကို ကြည့်လိုက်သည်။
သူမပြောတာကို နားထောင်ပြီးနောက်တွင်တော့ လုံယန်က တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံရပြီး သူ့မျက်နှာမှာ သုန်မှုန်လာသည်။
သူနဲ့ ယှဉ်လိုက်ရင် သူမက တကယ်ကို ငယ်သေးတာပဲ။ ဒါပေမယ့်လည်း သူမလိုအရွယ်မှာ ကလေးမွေးတဲ့သူတွေ အများကြီး ရှိတယ်လေ။
ဒါပေမဲ့ သူမက သူ့အတွက်တော့ အရမ်းငယ်ရွယ်လွန်းနေသေးသည်။ -------
သူက အချိန်တော်တော်ကြာကြာ တိတ်ဆိတ်သွားရ၏။ ပြီးနောက် သူက သူမခေါင်းကို ထိလိုက်ပြီး သူမအား နူးညံ့စွာ ကြည့်လာေလသည်။
“ဟုတ်ပါပြီ။ ငါကိုယ်တော် သိပြီ။ လက်ထပ်ပြီးပြီးချင်း မင်းကို ကိုယ်ဝန်ဆောင်ခိုင်းဖို့ အစီအစဉ်မရှိပါဘူး။”
ပြောနေချိန်အတွင်း သူ့နားရွက်များက ပူနွေးလာရပြ နည်းနည်း နီလာ၏။ သူရဲ့ချောမောလှသော မျက်နှာကလည်း ပုံမှန်မဟုတ်စွာ ရှက်ပြီး ရဲတွတ်နေသည်။ သူမလက်ချောင်းများကိုလည်း သူ့လက်တွေဖြင့် အနည်းငယ် တင်းကျပ်စွာ ဆုပ်ကိုင်ထားမိ၏။
လုလျန့်ဝေ : “------“
သူမခေါင်းကို မိုးကြိုးပစ်သွားတယ်လို့ ခံစားလိုက်ရသည်။ သူ ဘာစကားတွေပြောနေတာလဲ။
“ကျွန်တော်မျိိုးမက အရှင့်ကို လက်ထပ်မယ်လို့ အရှင်မင်းကြီးက ဘာကများ သေချာသွားစေတာလဲ အရှင်မင်းကြီး”
ဘယ်လိုပဲ သူ့အဆင့်အတန်းက မင်းကြီးဖြစ်နေပါစေ၊ သူမကို လေးစားမှု မရှိခြင်းအတွက် အပြစ်ပေးမည်ဆိုပါစေ ဘယ်လိုပဲဖြစ်ဖြစ် သူမ စိတ်ဆိုးမာန်ဆိုးပြောလိုက်သည်။
လုံယန်က သူမမျက်နှာဆီ အကြည့်ရောက်သွားပြီး စိတ်ပိုင်းဖြတ်ထားပြီး ဩဇာလွှမ်းမိုးမှုရှိသောအသံဖြင့် ပြောလိုက်သည်။
သူသာ သူမအတွက် ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲ အခမ်းအနားကို ကျင်းပပေးရန် ရည်ရွယ်ချက် မရှိခဲ့ဘူးဆိုရင် ချက်ချင်း သူမကို နန်းတော်ထဲ ခေါ်သွားပြီး ထွက်သွားခွင့်ပြုမှာ မဟုတ်တော့ဘူး။
သူ့၏အာဏာရှိလှသော အသံကို ကြားလိုက်သောအခါ လုလျန့်ဝေ ၏ မျက်နှာအမူအရာဟာ မှိန်ဖျော့သွားရ၏။
“အရှင်မင်းကြီး၊ တကယ်တော့ ကျွန်တော်မျိုးမက အရှင့်ရဲ့သမီးတော် ပိုဖြစ်ချင်တာပါ ။”
လုံလောက်ပြီ ! သူမ ထိုစကားတွေကို ပြောလိုက်သော အခါ သူ့မျက်နှာမှာ သုန်မှုန်သွားသည်ကို သူမ မြင်လိုက်ရ၏။
လုလျန့်ဝေက သူမနှလုံးသားထဲက မျိုသိပ်ထားရသော ခံစားမှုများကို ပြသသော အနေဖြင့် သူမနှုတ်ခမ်းများကိုမဲ့လိုက်မိ၏။
သူမတစ်ယောက်တည်း ဝမ်းနည်းနေလို့ ဘယ်ဖြစ်ပါ့မလဲ
“အရှင်မင်းကြီး၊ အရှင့်ကို အဆိပ်ဖြေပေးခဲ့တဲ့အတွက် ကျွန် တော်မျိုးမ ဂုဏ်ပြုခံရနိုင်လောက်လား။ အရှင်သာ ကျွန်တော် မျိုးမကို သမီးတော်အဖြစ် လက်ခံမယ်ဆိုရင် ကျွန်တော်မျိုးမက မင်းသမီး ဖြစ်လာပြီး ဒါက ကျွန်တော်မျိုးမအတွက် ပိုပျော်ရွှင်ရလိမ့်မယ်။ ပြီးတော့ အရှင်မင်းကြီး အသက်လာရင်လည်း ကျွန်တော်မျိုးမ ကောင်းကောင်း ဂရုစိုက်ပေး ပါ့မယ်။”
“ဘယ်အဖေကများ သူ့သမီးကို အနမ်းပေးတာ မင်းမြင်ဖူးလဲ။”
သူမစကားနှင့် သူမနင်သွားသည်ကိုမြင်တော့ လုံယန် သူ့နှလုံးသားထဲက စိတ်ပျက်နေ ခြင်းကို ဖယ်ရှားလိုက်၏။ထို့နောက် သူမရဲ့ မေးစေ့လှလှလေးကို ပင့်တင်လိုက်ပြီး နောက်ပြောင်ကာ ပြောလိုက်သည်။
“မင်း ကိုယ့်ကို အသက်ကယ်တင်ပေးတဲ့ အတွက် မျက်နှာသာပေးတဲ့အနေနဲ့ ကိုယ်တော့်ကို မင်းကိုပေးမယ် ။ မင်းဒါနဲ့ကျေနပ်သင့်ပါတယ်။”
လုလျန့်ဝေက သူ့လက်ကိုအဝေးသို့တွန်းထုတ်ရင်း ပြောလိုက်၏။
“အရှင်မင်းကြီးက ကျွန်တော်မျိုးမ ကို တကယ် ပြန်ပေးဆပ်ချင်တယ်ဆိုရင် ဒီလောက် ကြီးမားတဲ့ အနစ်နာခံမှု လုပ်စရာမလိုပါဘူး။ ကျွန်တော်မျိုးမအတွက် ငယ်ရွယ်ချောမောတဲ့ အမျိုးသားလေးတွေ ပို့ပေးရင်ရပါပြီ””
ငယ်ရွယ်တယ်ဆိုတဲ့ စကားလုံးကိုပြောသောအခါတွင်တော့ သူမအသံကို ဖိပြောလိုက်သည်။
“အရှင်မင်းကြီးက ကောင်းမွန်လွန်းတဲ့ ခေတ်ဟောင်းအရာတစ်ခုလိုပါပဲ။ ကျွန်တော်မျိုးမနဲ့ မထိုက်တန်ပါဘူး။အရှင်မင်းကြီးကို နန်းတော်ထဲက အမျိုးသမီးတွေ အတွက် ချန်ထားသင့်တယ်လို့ထင်ပါတယ်။ ကျွန်တော်မျိုးမက ငယ်ငယ်ရွယ်ရွယ်လေးတွေကိုပဲ သဘောကျတာ။”
“ငယ်ရွယ်ချောမောတဲ့ အမျိုးသား ဟုတ်လား ။ ရှေးဟောင်းအရာဝတ္ထု ဟုတ်လား “
လုံယန်က သူ့ဖီးနစ်မျက်ဝန်းများကို အန္တရာယ်ရှိစွာ ကျဉ်းမြောင်းလိုက်သည်။ သူ့တစ်ကိုယ်လုံးမှာလည်း ယခင်ကရှိခဲ့သော နူးညံ့မှုတွေအစား ခြိမ်းခြောက်မှုတွေနဲ့ ပြည့်နှက်လာသည်။
လုလျန့်ဝေက ကျားနှုတ်ခမ်းမွှေးကို သွားနှုတ်ခြင်းသည် ဉာဏ်မရှိသော လုပ်ရပ်ဖြစ်ကြောင်း သိလိုက်၏။ ထို့ကြောင့် စကား ပြန်ပြောင်းလဲ၍ ပြောလိုက်သည်။
“အရှင်မင်းကြီးက တကယ်တော့ အသက်ငယ်သေးတယ်။ အလွန်ရင့်ကျက်တယ်။ ဆွဲဆောင်မှုရှိတယ်။ ------အင်း။”
သူမ စကားမပြီးသေးခင် သူမပါးစပ်မှာ အပိတ်ခံလိုက်ရ၏။
သူမမျက်ဝန်းများက ပြူးကျယ်သွားပြီး သူမရှေ့က ချောမောခန့်ငြားသော မျက်နှာကို ကြည့်မိလိုက်လေသည်။
သူမရဲ့နှုတ်ခမ်းများက ထိုအမျိုးသား၏ အနမ်းပေးခြင်းကို ခံနေရပြီး မရင်းနှီးသော လတ်ဆတ်သည့်ရနံ့တို့ပြည့်နေလေ၏။
လုလျန့်ဝေခေါင်းထဲမှာ ဘာအတွေးမှ မတွေးနိုင်တော့ဘဲ ဗလာဖြစ်သွားရလေတော့သည်။
ဆက်ရန် ----------
Chapter 255
May 2, 2024 by Nay Chi Lynn
အပိုင်း ၂၅၅ - အလွန်အမင်း ရန်လိုခြင်း
သူတို့နှစ်ယောက်၏ အရပ်ကွာခြားမှုမှာ အလွန်ပင် ကြီးမားလှတာမို့ လုလျန့်ဝေရဲ့ မျက်နှာမှာ အနည်းငယ် မော့ထားရပြီး ထိုသူ့ဆီမှအနမ်းပေးခြင်းကို ခံနေရလေသည်။
သူမကို ဖက်ထားသော လက်မောင်းများ၏ တင်းကျပ်မှုကြောင့် သူမခါးကျိုးကျေသွားတော့မယောင် ခံစားနေရလေသည်။
ယခုပုံစံက လုံးဝမသက်သာသောကြောင့် သူမ ခေါင်းကိုခါယမ်းလိုက်၏။ သို့သော် ၎င်းက သူ့ရဲ့ အနမ်းကို ပိုပြီးပြင်းထန်လာအောင် တွန်းအားပေးမိသလို ဖြစ်သွားလေသည်။
လုလျန့်ဝေ အသိပြန်ဝင်လာတော့ ယခုလေးတင် သူမပြောခဲ့သည့် စကားများအတွက် နောင်တရလာမိသည်။သူမစကားေတွက လုံယန်ကို စိတ်ဆိုးသွားစေဖို့ လုံလောက်၏။
သူမ အသက်ရှူမဝဖြစ်လာသည့် အချိန်ရောက်မှသာ သူက သူမကို လွှတ်ပေးလာသည်။
သူက သူ့လက်ကြမ်းကြမ်းကြီးဖြင့် သူမရဲ့ ဖူးယောင်နေသော နှုတ်ခမ်းကို ညင်သာစွာ ပွတ်သပ်နေ၏။
“ကိုယ်တော်တို့ရဲ့ ဆက်ဆံရေးက သားအဖ အဖြစ် သတ်မှတ်ဖို့ မသင့်တော်ဘူး။ မင်း ဒါကို မှတ်ထား ။နောက်တစ်ကြိမ် မင်းကို ဒီအကြောင်း ထပ်ပြီး ပြောခွင့်မပြုဘူး””
လုံယန်က အမိန့်ပေးသကဲ့သို့ အသံဖြင့် သူမကို သတိပေးသယောင် ပြောလာ၏။
ဤကဲ့သို့ သူ၏ အပေါ်စီးမှ အမိန့်ပေး ပြောဆိုမှုကြောင့် လုလျန့်ဝေ ခန္ဓာကိုယ်မှာ အားနည်းသွားရတော့၏။
သူ့ရဲ့ အခွင့်အာဏာအောက်မှာ ဦးညွှတ်ရသည်ကို သူမ မကျေမနပ် ဖြစ်တာမို့ သူမက ဝတ်ကျေတန်းကျေဖြင့်သာ ပြန်ဖြေလေသည်။
လုံယန်က သူမခေါင်းထိပ်ကို ကြည့်နေပြီး ခဏမျှ ငြိမ်နေ၏။ သူမ မကျေမနပ်ဖြစ်နေကြောင်းကို သူသိသော်လည်း အနာဂတ်မှာ သူမကို ဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲေပးဖို့ အချိန်များစွာ ကျန်ရှိနေပါသေးတယ်လေ ။
“လိမ္မာတဲ့ကောင်မလေး ၊ ကိုယ်တော် မင်းကို ငါးဖမ်းဖို့ ဟွမ်ကျွမ်းကို ခေါ်သွားပေးမယ်လေ “
သူတို့ အင်ပါယာအပန်းဖြေစံအိမ်သို့ ရောက်သောအခါ လုလျန့်ဝေက ဘေးမှာ ထိုင်နေပြီး နေကြာစေ့စားရင်း လုံယန် ငါးဖမ်းတာကို ကြည့်နေလေသည်။
လုံယန်က လှုပ်ရှားမှုမရှိ ငြိမ်ငြိမ်သက်သက် ထိုင်နေသော်လည်း သူ့တည်ရှိမှုက လျစ်လျူရှုဖို့ မဖြစ်နိုင်လှပေ။ သူ့ရဲ့ အရှိန်အဝါကို ထိန်းချုပ်ထားတာတောင်မှ လူအများကြားမှာ သူက အံ့ဩစရာကောင်းနေတုန်းပင်ဖြစ်သည်။
ညနေစာစားပြီးနောက် လုလျန့်ဝေက သူမဝမ်းဗိုက်ကို ညင်သာစွာ ပွတ်လိုက်ပြီး လုံယန်ကို ပြောလေ သည်။
“ကျွန်တော်မျိုးမ အစာကြေသွားအောင် လမ်းလျှောက်ချင်လို့ပါ။”
လုလျန့်ဝေက ရိုးသားစွာ ပြုံး၍ ပြောလိုက်သည်။
လုံယန် မတ်တပ်ရပ်လိုက်ကာ သူ၏ လက်ချောင်းသွယ်များကို သူမဆီသို့ ကမ်းေပးလိုက်၏။
“ကောင်းပြီ။ သွားကြစို့။ ကိုယ်တော် မင်းကို အဖော်ပြုပေးမယ်။”
သူ ကမ်းပေးလာသောလက်ကို သူမ ကြည့်လိုက်သည်။ အဲ့ဒါက ပျော်စရာကောင်းတဲ့ပုံပေါက်တယ်ဆိုတာကို သူမဝန်ခံပါသည်။ သို့သော် ယခုအချိန်မှာတော့ သူမက တဟုန်ထိုးသွားပြီး သူ့လက်ကို သွေးထွက်သွားအောင် ထိုးဖောက်လိုက်ချင်မိသည်။
သူမနှလုံးသားထဲမှာ အကြမ်းဖက်လိုသော အတွေးများပေါ်လာသော်လည်း သူမ နာခံစွာ လက်ထုတ်လိုက်ပြီး သူ့လက်ကို ကိုင်ကာ ပြောလိုက်သည်။
လုံယန်က သူမရဲ့ လက်နုနုနယ်နယ်လေးများကို ဆုပ်ကိုင်ပြီး သူမကို အမြတ်တနိုးကြည့်လာသည်။
စံအိမ်မှထွက်ခွာလာပြီးနောက် လုံယန်က သူမကို ခေါ်ဆောင်ကာ ခြံဝန်းထဲ လမ်းလျှောက်ဖို့ စီစဉ်လိုက်သည်။ သို့သော် လုလျန့်ဝေက သူ့လက်ကိုဆွဲကာ ဂိတ်တံခါးဝဆီကို လျှောက်သွား၏။
“အင်ပါယာအပန်းဖြေစံအိမ်က နန်းတော်လိုမျိုး မဟုတ်ဘူး။ အပြင်မှာ အရမ်းမှောင်နေပြီ။”
လုလျန့်ဝေက သူ့ကိုတစ်ချက် ကြည့်လိုက်ပြီး တမင်သက်သက် သူ့စကားကို နားမလည်ချင်ယောင်ဆောင်လိုက်၏။
“အရှင်မင်းကြီးက အမှောင်ကို ကြောက်တတ်တယ်လား။”
လုံယန်က ခေတ္တခဏမျှရပ်သွားပြီးနောက် ခေါင်းကိုခါလိုက်သည်။
“အရှင်မင်းကြီးက မကြောက်တတ်ဘူးဆိုတော့ အပြင်ကို လမ်းလျှောက်ထွက်ကြရအောင် “
လုလျန့်ဝေ ပြုံးပြီး ကောင်းကင်ကို လက်ညိုးညွှန်ပြလိုက်သည်။
“ဒီညရဲ့ လမင်းကြီးကအရမ်းလှတာပဲ ။ တွေ့လား ကောင်းကင်မှာ ကြယ်တွေ ပြည့်နေတယ်။ ကြည်နူးဖွယ်မကောင်းဘူးလား ကြည့်”
လုံယန် ကောင်းကင်ကို ကြည့်လိုက်၏။ လရောင်က တကယ်ပဲ လှပနေသည်။ သူပြန်စဉ်းစားပြီးနောက် အစေခံတစ်ယောက်ကို မီးအိမ် ယူခိုင်းလိုက်သည်။ထို့နောက် သူမလက်ကို ကိုင်ပြီးဂိတ်ဆီသို့လျှောက်သွားလိုက်၏။
သူတို့တွေ တဖြည်းဖြည်း ခပ်ဝေးဝေးကို ရောက်သွားကြောင်း လုံယန် သတိထားမိသည်။ သို့သော် သူဘာမှမပြောဘဲ သူ့ဘေးက အမျိုးသမီးလေးကို ငဲ့ကြည့်လိုက်ကာ ပြုံးနေမိလေ၏။
ပြီးနောက် သူက မြေပြင်ပေါ်က အရိပ်တွေကို လှမ်းကြည့်လိုက်ပြီးနောက် သူ့ရဲ့ နက်နဲလွန်းသော မျက်ဝန်းများက ပျော်ရွှင်ရိပ်သန်းလာလေသည်။
လရောင်အောက်တွင် အရိပ် အကြီးတစ်ခုနှင့် အသေးတစ်ခုသည် မြေပြင်တွင် တစ်ခုနှင့် တစ်ခုထပ်နေပြီး သူတို့အချင်းချင်း ပွေ့ဖက်ထားသကဲ့သို့ ထင်ရလေသည်။
အချိန်တစ်ခုအကြာ လမ်းလျှောက်ပြီး နောက်ဆုံးတွင်တော့ လုလျန့်ဝေ ရပ်တန့်လိုက်သည်။
လုံယန်က သူ့ရှေ့ရှိ စံအိမ်ကိုကြည့်လိုက်ပြီးနောက်တွင်တော့ သူ့အကြည့်တို့မှာ ပြောင်းလဲရသွားသည်။
လုလျန့်ဝေက သူ့လက်ကို လွှတ်လိုက်ကာ အရှေ့သို့ အနည်းငယ် လှမ်းလိုက်ပြီး တံခါးခေါက်လိုက်၏။
အင်ပါယာအပန်းဖြေစံအိမ် နှင့် ဒီနေရာက သိပ်မဝေးပေ။ လုလျန့်ဝေက အပြင်ထွက်လမ်းလျှောက်မည်ဆိုသော အကြောင်းပြချက်ဖြင့် လုံယန်ကို ဒီနေရာသို့ ခေါ်သွားခိုင်းခြင်းပင် ဖြစ်သည်။
သူမက တံခါးခေါက်နေစဉ် လုံယန်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ သူ့မျက်နှာမှာ အံ့အားသင့်သွားသော အပြုအမူကို မမြင်ရသောအခါတွင်တော့ သူမ ပြုံးလိုက်ပြီး တံခါး ဆက်ခေါက်နေလိုက်သည်။
ခဏအကြာတွင် တစ်ယောက်ယောက်က တံခါးလာဖွင့်ပြီး အပြင်ထွက်လာသည်။ ထိုသူမှာ အိမ်တော်ထိန်းချန်ပင်ဖြစ်၏။
သူက လုလျန့်ဝေကို မြင်သောအခါတွင်တော့ သူ့မျက်လုံးများမှာ ကျုံ့သွား လေသည်။ သူ့မျက်နှာကလည်း အလွန်အမင်း ထိတ်လန့်သွားပုံပေါ် ပြီး သူက ထစ်ထစ်ငေါ့ငေါ့ ပြောလာ၏။
“ဒုတိယ၊ ဒုတိယမမလေးလု “
ဆက်ရန် -----------
Chapter 256
May 2, 2024 by Nay Chi Lynn
အပိုင်း၂၅၆ - ဧကရာဇ်က သက်တော် မကြီးသေးပါဘူး။ အရမ်း ယောက််ျားပီသနေရုံပါပဲ။
ထိုနေ့ ညက အဆိပ်ခတ်ခံရပြီး စိတ်မချမ်းမြေ့ဖွယ်ရာအတိဖြင့် နှိပ်စက်ခံခဲ့ရသော ခံစားချက်က ယခုထိတိုင်အောင် သူ့စိတ်ထဲတွင် စွဲထင်နေသေးသည်။ အိမ်ထိန်းချန်က ဖျော့တော့သွားရပြီး လုလျန့်ဝေကို ကြောက်ရွံ့စွာ ကြည့်လိုက်သည်။
လုလျန့်ဝေက အရေးမစိုက်ဘဲ အမိန့်ပေးလိုက်သည်။
“သင်္ချိုုင်းတူးဖို့ ကိရိယာတွေ ယူပြီး ငါ့နောက်လိုက်ခဲ့။”
“သင်္ချိုုင်းတူးဖို့လား “
အိမ်ထိန်းချန်က ဘေးပတ်ပတ်လည်ရှိအမှောင်ထုကို ကြည့်လိုက်မိပြီး ကြောက်လန့်စိတ်ကြောင့် တုန်ရီသွားမိသည်။
လုလျန့်ဝေက သူ့ကို လျစ်လျူရှုလိုက်ပြီး လုံယန်လက်ကိုဆွဲကာ အခြားတစ်ဖက်သို့ လျှောက်သွားလေသည်။
အိမ်ထိန်းချန် အသိပြန်၀င်လာသောအခါတွင်တော့ သူ့စိတ်ထဲတွင် ကြောက်ရွံနေသေးသော်လည်း သူမစကားကို အလေးမထားဘဲ မနေရဲပါချေ ။ ထို့ကြောင့် သူက ပစ္စည်းကိရိယာများကို အလျင်အမြန် ယူဆောင်လိုက်ပြီး လုလျန့်ဝေရဲ့ နောက်သို့လိုက်သွား၏။
လုံယန်က သူ့အရှေ့တွင် လျှောက်နေသော မိန်းကလေးကို ကြည့်လိုက်ပြီးနောက် အတွေးနက်သွားလေသည်။
လုလျန့်ဝေက သူ့ရဲ့ စိုက်ကြည့်နေသော အကြည့်ကို သတိထားမိတာမို့ ခေါင်းကို နောက်ပြန်လှည့်ပြီး နောက်ပြောင်ပြောဆိုလာ၏။
လုံယန်က သူမနောက် ခြေလှမ်းမှန်မှန်ဖြင့် လိုက်လာခြင်းဖြစ်၏။ သူမစကားကို ကြားသောအခါတွင်တော့ သူမျက်ခုံးများပင့်တက်သွားရပြီး သူမကို တစ်ချက်ကြည့်လိုက်သော်လည်း သူ့ခြေလှမ်းများမှာ ပုံမှန်ဖြစ်နေဆဲပင်။ သူက အေးဆေးသက်သာစွာဖြင့် လမ်းလျှောက်နေပုံမှာ ခြင်္သေ့တစ်ကောင်က ကြီးမြတ်လှသောအမူအရာဖြင့် အစာရှာထွက်နေသလို ပုံစံမျိုးပင် ဖြစ်သည်။
ညနက်ထဲတွင် လမ်းလျှောက်နေသော်လည်း သူ့ရဲ့ ကြီးကျယ်မြင့်မြတ်သော ဘုရင်တစ်ပါး၏ ဂုဏ်အရှိန်အဝါက နည်းနည်းမှ မှေးမှိန်သွားခြင်း မရှိပါပေ။
လုလျန့်ဝေက သူမအကြည့်ကို ရုတ်သိမ်းလိုက်ပြီး မြူးတူးသောအသံဖြင့် ေပြာလာ၏။
လုလျန့်ဝေက အနည်းငယ် မော်ကြွားဟန်ဖြင့် ပြောလာ၏ ။
သူ့အဖြေကို ကြားလိုက်ရတဲ့အခါတွင်တော့ လုလျန့်ဝေ ပျင်းရိသွားကာ ပခုံးတွန့်ပြလိုက်သည်။
အသက်ကြီးကြီး အမျိုးသားများက တကယ့်ကို အမျိုးသားငယ်ငယ်လေးများနှင့် မယှဉ်နိုင်ဘူး ။
ဒီနေရာမှာ အရှင်မင်းကြီးအစား လုထင်ချန်းသာဆိုလျှင် ဒီလိုရိုးရှင်းသော အဖြေကို ပေးလိမ့်မည် မဟုတ်ပေ။ သူက အလွန် စိတ်ဝင်စားသွားပြီး အဓိကအချက်ကို ရအောင်မေးလိမ့်မည်။ သူမသာ ပြန်ပြီးမဖြေဆိုခဲ့ပါက သူမကို ခြိမ်းခြောက်နိုင်မည့် နည်းလမ်းများကို သူစဉ်းစားနေပေလိမ့်မည်ပင်။
သူမက ဘယ်သူ့အုတ်ဂူကို သွားတူးမယ်ဆိုတာ လုံယန် တကယ်ပင် မသိပါချေ။ သို့သော် မည်သူ၏ အုတ်ဂူပင်ဖြစ်ဖြစ် သူမသာ ပျော်ရွှင်မည်ဆိုပါက ကိစ္စမရှိပါဘူးလေ ။
အိမ်ထိန်းချန်က နောက်ကနေလိုက်လာပြီး သူ့အရှေ့မှ သွားနေသော အမျိုးသားကို ကြည့်လိုက်မိသည်။ သူက မည်သူဆိုတာကို အိမ်ထိန်းချန်က မသိသော်လည်း ထိုသူ့ကိုကြည့်ရင်း နားမလည်နိုင်စွာပင် သူ့နှလုံးသားထဲအထိ ကြောက်ရွံ့မှုကို ခံစားမိသည်။
အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် လုလျန့်ဝေ ရပ်တန့်လိုက်ကာ အရှေ့က တောင်ကုန်းလေးကို ကြည့်လိုက်၏။ သူမ ရှေ့ဆက်သွားခါနီးအချိန်တွင် လုံယန်က ရုတ်တရက် ရောက်လာပြီး သူမရဲ့လက်ကို ကိုင်လိုက်သည်။
ထို့နောက် သူမပြန်ဖြေတာကို မစောင့်ပါဘဲ အရှေ့ကနေ ဦးဆောင်ပြီး လျှောက်သွားလေသည်။
လုလျန့်ဝေ ခဏလောက် နားမလည်နိုင်ဖြစ်သွားရလေသည်။ ထိုသူ့ရဲ့ ပခုံးနှင့် နောက်ကျောပြင်ကို ငေးကြည့်လိုက်ရင်း သူမဘာသာတွေးလိုက်မိသည်။ ထိုသူက ဒီလိုမျိုး ထောက်ထားညှာတာတတ်တဲ့သူပဲလေ နောက်ဆို သူ့ကွယ်ရာမှာ ဧကရာဇ်ကို လူအိုကြီးလို့ ခေါ်တာကို ရပ်လိုက်သင့်ပြီ ။
ဧကရာဇ်က သက်တော်မကြီးသေးပါဘူး။ အရမ်းကိုမှ ယောက်ျားပီသနေရုံလေးပါပဲ ။
သူမ တိတ်တဆိတ် ပြုံးလိုက်ကာ သူ့နောက်ကနေလိုက်သွားလိုက်၏။
တောင်ကုန်းက သိပ်မမြင့်ပေ။ ဒါက လင်မိသားစု၏ သုဿန်ဖြစ်လေသည်။ ညအချိန် ထိုနေရာတွင် မတ်တပ်ရပ်နေခြင်းက အလွန် ချောက်ချားဖွယ်ရာပင်ဖြစ်၏။
အိမ်ထိန်းချန်ရဲ့ မျက်နှာက ဖြူဖျော့သွားလေသည်။ အကယ်၍ သူ့အသက်သာ ဒုတိယသခင်မလေးရဲ့လက်တွင် မရှိပါက သူ အလုပ်ထုတ်ခံရမည်ဆိုရင်တောင် အထုတ်ခံလိုက်ရမှာကို မကြောက်ရွံ့ပါပဲ ဒီနေရာမှ အလျင်အမြန် ထွက်သွားမိပေလိမ့်မည်။
လုလျန့်ဝေက ဘေးမှာ ရပ်နေပြီး အိမ်ထိန်းချန် အလုပ်လုပ်တာကို စောင့်ကြည့်နေလေသည်။
မူလက ဒီနေ့ သူမကို အဖော်လိုက်ပေးမည့်သူမှာ ဝမ်ဟယ် ဖြစ်သည်။ သို့သော် ကံမကောင်းစွာဖြင့် သူမက လုံယန်ရဲ့ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရပြီးနောက် သူ့ကို လုံးဝဖယ်ထုတ်လို့မရခဲ့ပါချေ။
လင်ချင်းယွမ် သေဆုံးသွားသည်မှာ နှစ်ရက်ရှိနေပြီဖြစ်သည်။ အကယ်၍ သူမကို မတူးထုတ်ဘဲ ထားမည်ဆိုပါက သူမ တကယ်ပင် သေဆုံးသွားပေလိမ့်မည်။
လုံယန် အကြည့်များက သင်္ချိုုင်းကမ္ဗည်းပေါ်သို့ ရောက်သွားပြီး ၎င်းပေါ်တွင် ရေးထိုးထားသော နာမည်ကို မြင်တွေ့လိုက်ရသည်။ သူ တစ်စုံတစ်ရာကို ရေးတေးတေးလေးသဘောပေါက်သွားရ၏။
အိမ်ထိန်းချန်က အလွန်ကြောက်လန့်နေပြီး လုပ်ဆောင်စရာကိစ္စများကို အလျင်အမြန် လုပ်ကိုင်လိုက်သည်။ တစ်ခဏကြာသောအခါ ခေါင်းတလား၏ထောင့်စွန်း ပေါ်လာလေ၏ ။ ထို့နောက် အခေါင်းပေါ်မှာရှိသည့် ဖုန်မှုန့်များအားလုံး ရှင်းလင်းသွားပြီဖြစ်၏။
အိမ်ထိန်းချန်က သူ့လက်ထဲက ပစ္စည်းကိရိယာများကိုချထားလိုက်ပြီး လုလျန့်ဝေ၏ နောက်ထပ် ညွှန်ကြားချက်ကို စောင့်နေလေသည်။
ထိုအခြင်းအရာကိုမြင်တော့ လုလျန့်ဝေက ချက်ချင်းပဲ လောဆော်လိုက်၏။
အိမ်ထိန်းချန်က အနည်းငယ် တုန်လှုပ်သွား၏။ သူက အဆင့်အတန်းမရှိသည့် အလုပ်များကို အမြဲ လုပ်လေ့ရှိပြီးစံအိမ်မှာ အချိန်အကြာကြီးရှိနေခဲ့သော အလုပ်သမားများကိုလည်း မကြာခဏ ခက်ခဲအောင် ပြုလုပ်လေ့ရှိသည်။ သို့သော်လည်း ယခုကဲ့သို့သင်္ချိုုင်းတူးဖော်ကာ အခြားသူတစ်ပါး၏ ခေါင်းတလား ပျက်စီးသွားအောင်တော့ တစ်ခါမှ မလုပ်ခဲ့ဖူးပါပေ။