အခန်း (၂၆၀-၂၆၂)
Vol. 6 Ch. 260-262
အပိုင်း ၂၆၀ - မရင်းနှီးသော ထုံကျင်စေလောက်တဲ့အထိအတွေ့
“ဟုတ်ပါတယ်”
လုလျန့်ဝေက သူ့ကို မော့ကြည့်ကာ ပြန်ဖြေလိုက်သည်။
သူက အင်ပါယာတရားရုံမှ ပြန်လာ၍ထင့် ။ သူ့ဆံပင်ရဲ့ထိပ်တွင် ရွှေသရဖူကိုဆောင်းထားပြီး သူ့ပုံစံက တစ်ကိုယ်လုံးတွင် အေးစက်မှုများဖြာထွက်နေပြီး ပိုပြီးခန့်ညားထည်ဝါပုံ ပေါက်နေလေသည်။
သို့သော်လည်း သူမကိုကြည့်လာတဲ့ သူ့မျက်ဝန်းနက်နက်များကတော့ ခံစားချက်တွေ ကွယ်ဝှက်ထားသလိုမျိုး အဓိပ္ပာယ်ဖော်မရတဲ့ အကြည့်တွေပင်ဖြစ်၏။
တစ်ခုခုကြောင့် လုလျန့်ဝေ နားလည်ရခက်စွာဖြင့် အနည်းငယ် တုန်လှုပ်သွားသည်။
“ပင်ပန်းနေပြီလား။”
လုံယန်က သဘာဝဆန်စွာ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူမလက်ကို ဆုပ်ကိုင်လိုက်သည်။ သူမရဲ့ လက်ချောင်းနူးနူးညံ့ညံ့များကို အသားမာပါးပါးရှိနေသော သူ၏ လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်ပေးလာ၏။
မရင်းနှီးသော ထုံကျင်စေလောက်တဲ့ အထိအတွေ့ကြောင့် လုလျန့်ဝေ နည်းနည်းနေရခက်သွားရသည်။
သူမက သူ့ကို လှမ်းကြည့်လိုက်ပြီးနောက် သူမရဲ့ လက်ကို ပြန်ဆွဲယူလိုက်သည်။ ထိုသူ့ရဲ့မျက်လုံးများက မှေးကျဉ်းလာတာကိုမြင်လိုက်ရတဲ့အခါတွင်တော့ သူမ ရွေးချယ်စရာမရှိပါဘဲ သူမလက်ကိုဆန့်ထုတ်ကာဖြင့် သူ့ကို ရှင်းပြရလေသည်။
“အခုလေးတင် ကျွန်တော်မျိုးမက ဆေးပင်တွေကို နှုတ်ယူလာတာမို့ လက်မှာ မြေကြီးတွေ ပေနေပါတယ် “
ဆိုလိုရင်းအဓိပ္ပါယ်မှာ သူမလက်ကို ဆွဲယူလိုက်ခြင်းက သူ့လက်ကို ညစ်ပေသွားအောင် လုပ်မိမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ သူ့ကို ငြင်းဆန်လို၍ သူမလက်ကို ဆွဲထုတ်ယူခြင်း လုံးဝမဟုတ်ရပါချေ။
လုံယန်ရဲ့အကြည့်က သူမရဲ့ လက်ဖြူဖြူလေးဆီသို့ ရောက်သွားလေသည်။ သူမရဲ့လက်မှာ အမှန်ပင် မြေကြီးများ ပေကျံနေတာကိုမြင်တော့ သူ ခဏလောက်ငြိမ်သက်သွားရပြီးနောက် သူမျက်ဝန်းနက်များက သူမကိုကြည့်လာလေသည်။
“ကောင်းပြီ။ ဒါဆို မင်းလက်ဆေးဖို့ ကိုယ်တော်ခေါ်သွားပေးမယ် “
သူက ပြောလိုက်ပြီးနောက် သူမ စောဒကမတက်နိုင်ခင်မှာပင် နောက်တစ်ကြိမ်ထပ်ပြီး သူမလက်ကိုကိုင်ကာ ဘေးနားရှိစမ်းချောင်းဆီသို့ ခေါ်ဆောင်သွားသည်။
ရုတ်တရက်ကြီး ဗိုလ်ကျခြယ်လှယ်တတ်သော ထိုအမျိုးသားကို ကြည့်ကာ လုလျန့်ဝေ မည်သည့်စကားကိုမှ မပြောဝံ့တော့ပေ။
သူတို့ စမ်းချောင်းဆီသို့ ရောက်သောအခါတွင်တော့ သူက သူမပုခုံးများကို ကိုင်လိုက်ပြီးနောက် အတူတကွ ထိုင်လိုက်လေသည်။ ထို့နောက် သူမလက်ကို ဆွဲယူကာ စမ်းချောင်းထဲသို့ နှစ်လိုက်ပြီး သူ့ရဲ့ လက်ချောင်းသွယ်သွယ်များဖြင့် သူမလက်ကို ညင်သာစွာ ပွတ်တိုက်ပေးလာသည်။
စမ်းရေက အလွန်အေးမြပေသည်။ သို့သော် လုလျန့်ဝေရဲ့ မျက်နှာကတော့ ရုတ်တရက် ပူထူကာ နီမြန်းလာ၏။
သူမက သူမရဲ့ လက်ချောင်းများကို သူ့ဆီမှ လွတ်မြောက်သွားအောင် နေရာရွှေ့လိုက်သည်။ သို့သော် သူက သူမလက်ချောင်းများကို ပိုမိုတင်းကျပ်စွာ ဆုတ်ကိုင်လိုက်ပြန်သည်။
“မလှုပ်နဲ့ ခဏနေရင် ပြီးသွားလိမ့်မယ်”
လုံယန်က ညင်သာစွာပြောလာ၏။ သူ့အသံက ကလေးတစ်ယောက်ကို ချော့မော့ပြောဆိုနေပုံနှင့် တူလှသည်။
လုလျန့်ဝေက သူမ ခေါင်းကိုအနည်းငယ် ငုံ့လိုက်ပြီးနောက် တိတ်တဆိတ်နေလိုက်မိ၏။
လုံယန်က စမ်းချောင်းထဲတွင် ရှိနေသော သူမရဲ့ လက်ကလေးများကို ကြည့်လိုက်မိသည်။ လက်ဆစ်ကလေးများက အချိုးအစားကျစွာ လှပပြည့်စုံလွန်းလှပြီး နွေဦး ကြက်သွန်မြိတ်စိမ်းကဲ့သို့ သွယ်လျလှပလွန်း၏။
သူ့နှုတ်ခမ်းထောင့်စွန်းများ ကော့တက်သွားရပြီး သူ့လက်ချောင်းရှည်ရှည်များဖြင့် သူမလက်ဖမိုးကို ပွတ်သပ်လိုက်မိသည်။ သူမ လှည့်ကြည့်မလာခင် အချိန်အတွင်းမှာပဲ သူမလက်ကို ရေထဲက ထုတ်လိုက် ပြီးနောက် သူထုတ်ယူထားတဲ့ လက်ကိုင်ပုဝါဖြင့် သူမလက်ကို ဂရုတစိုက်နဲ့ ခြောက်သွေ့သွားအောင် သုတ်ပေးလိုက်သည်။
သူ့အပြုအမူများမှာ အသေးတစိတ်ရှိလှပြီး သူမလက်များကို ရတနာတစ်ခုကဲ့သို့ အမြတ်တနိုးပင် ဂရုစိုက်လွန်းလှသည်။
သူမ နှုတ်ခမ်းစေ့လိုက်မိပြီး ခေါင်းစောင်းကာ သူ့ကို ကြည့်လိုက်သည်။
ယခုတွင် သူက ခေါင်းငုံ့ထား၏။ ထူပြီးရှည်လျားသော သူ့မျက်တောင်မွှေးများက ကော့ညွတ်နေကာ သူ့မျက်ခွံကို နူးညံ့စွာ ကာရံထားသည်။ သူ့မျက်နှာတွင် ညင်သာသော အမူအရာတချို့ ရှိလို့နေပြီး သူက သူ့နှုတ်ခမ်းများကို တင်းကျပ်စွာ စေ့ထားလေသည်။ သူ့ရဲ့ ပုံစံအမှန်ဖြစ်သော ထက်မြက်စူးရှမှုများက ပျောက်ကွယ်နေပြီး နူးညံ့မှုနှင့် ညင်သာမှုက အစားထိုးဝင်ရောက်နေ၏။
ထိုကဲ့သို့သော လုံယန်ရဲ့ ပုံစံကိုမြင်လိုက်ရတော့ လုလျန့်ဝေ ရုတ်တရက် အနည်းငယ် စိတ်မချမ်းသာဖြစ်သွားရသည်။
သူက မြင့်မြတ်သော၊ ကြီးကျယ် ခမ်းနားသော ဧကရာဇ်တစ်ပါးဖြစ်သည်။ ကမ္ဘာကြီးက သူ့လက်ထဲမှာပဲရှိပြီး လူတစ်ယောက်၏ သေခြင်း၊ရှင်ခြင်းကို ဖြစ်စေနိုင်သော အင်အားလည်း သူ့မှာရှိသည်။ သို့သော် ယခုတော့ သူက သူမလက်ကို သုတ်ပေးခြင်းဟူသော ကိစ္စသေးသေးလေးကို သူ့ကိုယ်သူ နှိမ့်ချရင်းဖြင့် လုပ်ကိုင်ပေးနေလေသည်။
လုလျန့်ဝေ မျက်ဝန်းများက အောက်သို့ အနည်းငယ် ညွတ်ကျသွားသည်။ ထိုသူက အခြားအမျိုးသမီးများအပေါ် ဒီလိုမျိုး နူးညံ့ညင်သာပြီး အသေးစိတ်ကအစ ပုံမှန်ကိစ္စလိုမျိုး ဂရုစိုက်ပေးနေသည့်ပုံစံမျိုးကို သူမ မတွေးဘဲ မနေနိုင်ပါပေ။
သူ့ရဲ့ မောင်းမဆောင်ထဲမှ အမျိုးသမီးများအကြောင်း ကို တွေးလိုက်မိတော့ သူမ မျက်မှောင်ကြုတ် လိုက်ပြီးနောက် သူမလက်ကို ဆွဲယူလိုက်သည်။
လုံယန်ရဲ့ လက်က ချက်ချင်းပဲ ဗလာဖြစ်သွားရသည်။ သူမရဲ့မျက်နှာသေးသေးပေါ်ရှိ မျက်လုံးများက မဲ့ကျနေပြီး အလေးအနက်ဖြစ်နေသော သူမရဲ့ အမူအရာကို သူသဘောတကျဖြစ်မိသွား၏။
သူက သူမ မေးစေ့ကို ပင့်တင်လိုက်ကာ သူ့ရဲ့ မျက်ဝန်းနက်နက်များဖြင့် သူမနှလုံးသားထဲသို့ မြင်အောင် ကြည့်နေလေသည်။
သူက ပြောနေစဉ်အတွင်းမှာပဲ သူလက်ချောင်းများကို ရွှေ့ကာ သူမဦးခေါင်းထိပ်ကို သာသာလေးပုတ်ပေးလိုက်၏။
လုလျန့်ဝေ သူ့လက်ကို အနည်းငယ် ခါထုတ်လိုက်ပြီး နူးနူးညံ့ညံ့ ပြောလိုက်သည်။
ဒါကြောင့်မို့ အရှင်က ဧကရာဇ်ဖြစ်တယ်ဆိုရင်တောင်မှ စည်းမျဉ်းစည်းကမ်းကို မချိုးဖောက်သင့်ဘူး ။
လုလျန့်ဝေပြောလာသည့်စကားလုံးများက အနည်းငယ်သွယ်ဝိုက်နေသော်လည်း သူမ ဆိုလိုချင်သည့် အဓိပ္ပါယ်ကို တော့ ဖော်ပြနိုင်ပါသေးသည် ။
သို့သော် လုံယန်က ထိုစကားများကို ကြားလိုက်ရသောအခါ တွင်တော့ စိတ်မဆိုးရုံသာမက သူမျက်နှာပေါ်က အေးစက်မှုများကို လွင့်ပြယ်သွားပြီး အပြုံးတစ်ခုက သူ့နှုတ်ခမ်းထောင့်တွင် တွဲလွဲခိုလာလေသည်။
ဆက်ရန် __
Chapter 261
May 5, 2024 by Nay Chi Lynn
အပိုင်း ၂၆၁ - သူ့ရဲ့ သည်းခံနိုင်စွမ်းကို လုလျန့်ဝေတစ်ဦးတည်းကပဲ လက်ခံရရှိတယ်
လုလျန့်ဝေက သူ့ပုံစံကိုမြင်လိုက်ရတော့ သူမ အံ့အားသင့်သွားရပြီး သူ့ကို ထပ်မကြည့်ဘဲ မနေနိုင်ပါပေ။
သူရယ်လိုက်တဲ့ပုံစံက သူလေးလေးနက်နက် အမူအရာရှိစဉ်အခါကထက် ပိုပြီး ကြည့်ကောင်းလေသည်။
သူ ဘာကိုမှဂရုမစိုက်ဘဲ လွတ်လွတ်လပ်လပ် ပြုံးရယ်တာကို လုလျန့်ဝေ အရင်က မမြင်ဖူးပေ။ အချိန်တော်တော်ကြာသည်အထိ သူ့ အပြုံးက သူမျက်နှာပေါ်တွင် ရှိနေသေးလေ သည်။
သူက ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသော အမျိုးသားပုံစံဖြစ်သည်။ သူ့ မပြုံးသည့် အချိန်များတွင် သူ့မျက်နှာအသွင်အပြင်က အေးစက်ပြီး တည်ကြည်နေပေသည်။ သူ့အရှိန်အဝါကိုပြသဖို့အတွက် တခြားသူများကို ဒေါသထွက်စရာမလိုဘဲ လူအများက သူ့အရှိန်အဝါကို ခံစားလို့ရသည်။ သူ့မှာ လူအများရဲ့ နှလုံးသားထဲကအထိ အံ့ဩတုန်လှုပ်သွားစေနိုင်သည့် သန်မာပြီး ခြိမ်းခြောက်နိုင်သော အရှိန်အဝါ ရှိလေသည်။
သို့သော် သူပြုံးရယ်လိုက်တဲ့အချိန်တွင်တော့ သူ့မျက်နှာ အသွင်အပြင်က နူးညံ့သိမ်မွေ့သည့် သဘောထားကိုဖော်ပြနေပြီး အလွန်ကျက်သရေရှိပြီး ကြော့ရှင်း ခန့်ညားမှုကို ပေးစွမ်းနေ၏။
အခုအချိန်မှာ ဖြစ်ပေါ်နေတဲ့ သူ့ပုံစံမျိုးလိုပေါ့ ။
သူ့နှုတ်ခမ်းထောင့်ရှိ အပြုံးက နူးညံ့နေပြီး သူ၏ အေးစက် နေသော မျက်နှာအသွင်အပြင်မှ သွေဖယ်သွားစေ၏။ သူ့မျက်ဝန်းများကလည်း အပြုံးများဖြင့် ပြည့်နှက်နေလေသည်။
သူမက စိတ်ရှုပ်ထွေးစွာဖြင့် သူ့ကို ကြည့်လိုက်သည်။သူမ ပြောလိုက်တဲ့ အဘယ်စကားက သူ့ကို စိတ်ကျေနပ်သွားစေတာလဲဆိုတာ သူမ စဉ်းစားလို့ကိုမရချေ။
လုံယန်၏ အေးမြသောလက်ချောင်းများက သူမမျက်နှာကို ထိကိုင်လာသည်။
သူ့ရဲ့လက်တွေက သူမဆီသို့ ရောက်လာတဲ့ အခါမှာတော့ လုလျန့်ဝေ ခေတ္တရပ်တန့်သွားရသည်။ အကယ်၍ သူမ ထပ်ပြီး သူ့လက်ကို ဖယ်ထုတ်လိုက်မယ်ဆိုရင် သူမစိတ်ဆိုးသလိုမျိုး သူရော စိတ်ဆိုးသွားလောက်မလား ။
သူမ ခဏမျှ တွေးဆကြည့်ပြီးနောက် ဖယ်ထုတ်မည့်အတွေးကို သူမ လက်လျှော့လိုက်သည်။
ဧကရာဇ်ပြည့်ရှင်ရဲ့ အရှိန်အဝါက ထပ်ခါထပ်ခါ ရန်စသင့် သော အရာမဟုတ်ပါချေ။
“မင်း စိတ်မဆိုးဘူးဆိုရင် ရုတ်တရက်ကြီး ဘာလို့ မျက်နှာငယ်သွားတာလဲ။”
“ဘယ်တုန်းကများ ကျွန်တော်မျိုးမ မျက်နှာပျက်သွားလို့လဲ “”
လုလျန့်ဝေ အနည်းငယ် အံ့အားသင့်စွာဖြင့် သူ့ကိုကြည့်လိုက်၏။
လုံယန် ပြုံးလိုက်မိသည်။ သူ့လက်ချောင်းရှည်ရှည်များက သူမရဲ့ ပန်းရောင်သန်းနေသော မျက်နှာပေါ် ဖြတ်သန်းသွား၏။ သူက သူမရဲ့ သည်းညည်းခံနေရသည့် မျက်နှာအမူအရာကို ကြည့်နေပြီး သူ့မျက်ဝန်းထဲက အပြုံးက ပို၍နက်ရှိုင်းလာရ၏။
“ငါကိုယ်တော် မင်းကို ထိတွေ့နေတာကို မင်း မကြိုက်ဘူးလား။”
သူ ရုတ်တရက် ပြောလိုက်သောစကားက လုလျန့်ဝေမျက်နှာ ကို ထူပူသွားစေသည်။
စကားတွေကို မဆီမဆိုင်နဲ့ လွယ်လွယ် ပြောတတ်တာပဲ ။
သူမ မျက်တောင်ခတ်လိုက်ပြီး ဟာသပုံစံဖြင့်ပြောလိုက်သည် ။
“ကျွန်တော်မျိုးမက ဟုတ်တယ်လို့ ပြောရင် အရှင်မင်းကြီး ကျွန်တော်မျိုးမကို အပြစ်ပေးမှာလား။”
သူမရဲ့ အသားအရေက အလွန်နူးညံ့၊ ချောမွတ်နေသောကြောင့် လုံယန်က လွှတ်မပေးချင်မိပေ။ သိုသော် သူ သူ့ကိုယ်သူ သည်းခံပြီး လက်ကို ရုတ်သိမ်းလိုက်လေသည်။
သူမျက်ဝန်းနက်များထဲတွင် နားလည်ရခက်သော ခံစားချက်များ ဖြတ်ပြေးသွားလေသည်။
“မလုပ်ပါဘူး။ လုံးဝပဲ။ ကိုယ်တော် စည်းကျော်မိသွားတယ်။”
သူ ဒီလောက်တောင် သဘောကောင်းလိမ့်မည်ဟု သူမ မျှော်လင့်မထားသောကြောင့် လုလျန့်ဝေ ကြောင်သွားလေသည်။
သူက ကြင်နာတတ်သူ မဟုတ်ဘူးဆိုတာကိုသာ အရင်က သူမ မသိထားခဲ့ပါက သူက သိမ်မွေ့ညင်သာသော အမျိုးသားတစ်ယောက်ဟု သူမ တွေးထင်မိသွားပေလိမ့်မည်။
သို့သော် သူက အဲ့လိုလူမျိုး ဟုတ်မနေဘူးဆိုတာ သူမ သိထားသည်။
“ဝေဝေ အနှေးနဲ့အမြန်ဆိုသလို မင်းက ငါကိုယ်တော်ရဲ့ ဧကရီ ဖြစ်လာလိမ့်မယ်။ လက်ထပ်ပွဲပြီးသွားရင် မင်း မကြိုက်ဘူးဆိုရင်တောင်မှ ငါကိုယ်တော်က မင်းကို ထွက်သွားခွင့် ပြုမှာမဟုတ်ဘူး”
လုလျန့်ဝေ ထိုစကားများကို ကြားသောအခါ သူပြောလိုက်တဲ့ စကားလုံးများ၏ သွယ်ဝိုက် အဓိပ္ပါယ်ကြောင့် သူမ နှလုံးသားထဲမှ တုန်လှုပ်သွားလေသည်။
သူက နေရောင်အောက်တွင် မတ်တပ်ရပ်နေပြီး သူ့ပုံစံက အဟန့်အတားများ အပြည့်ရှိနေသည့် အလွန်မြင့်မားသော တောင်တစ်တောင်နှင့်ပင် တူလှသည်။
သူ ဘာမှမလုပ်ဘဲ နေ,နေသော်လည်း ပေါ့ပေါ့ပါးပါး ကြည့်ရှုနေသော သူ့အကြည့်တစ်ချက်ကပင် ၎င်းက တစ်ကမ္ဘာလုံးကို အစိုးရသော အကြည့်ပုံစံမျိုးဖြစ်၏။
ထိုအရာက ဧကရာဇ်တစ်ပါး၏ ပင်ကို အရှိန်အဝါနဲ့ ခမ်းနားမှုဖြစ်ပြီး လူအများကို ရိုသေလေးစားလာအောင် ကြောက်လန့်သွားအောင် လုပ်နိုင်လေသည်။
လုလျန့်ဝေ မျက်တောင်များ အနည်းငယ် တုန်ရီသွားသည်။
သူက ဧကရာဇ်တစ်ပါးဖြစ်သည်။ သူကို ဘယ်သူမှ မနာခံဘဲ မနေဝံ့ပေ။ သူ့ကို ဘယ်သူမှ မငြင်းဆိုဝံ့ပေ။ တစ်ပါးသူ၏ ဆန္ဒက ဘယ်လိုပင် ဖြစ်နေပါစေ။ သူအလိုရှိသမျှ မည်သည့်အရာကိုမဆို သူ ရယူနိုင်ပေသည်။
သူမက ရုတ်တရက်ပင် သူမကိုယ်သူမ သေအောင်လုပ်မိတော့မည့်အရာများကိုတွေးကာ ကြောက်ရွံ့လာရသည်။
လုံယန်က ဘယ်လိုပဲ သူမကို ညင်သာစွာ ဆက်ဆံပါစေ သူက ဘုရင်တစ်ပါး ဖြစ်နေဆဲပင်။ သူက ကမ္ဘာကြီးကို သူ့လက်ဖဝါးထဲတွင် ထိန်းချုပ်ထားနိုင်ပြီး လူများ၏ သေခြင်၊ရှင်ခြင်းကို သူဆုံးဖြတ်နိုင်၏။
သူမခေါင်းကို ငုံ့လိုက်ပြီး သူမအသံမှာလည်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။
၎င်းကိုကြားတော့ လုံယန် မျက်မှောင်ကြုတ်သွားလေသည်။ သူက သူမကို ကြောက်လန့်သွားစေဖို့ မရည်ရွယ်ခဲ့ပေ။
သူမကို သူ လက်ထပ်ခွင့်တောင်းခဲ့စဉ်ကတည်းက ဒီအမျိုးသမီးလေးဟာ သူ့ကို ရှောင်တိမ်းဖို့ကြိုးစားနေခဲ့သည်။ ယခုတွင်လည်း သူမပုံစံက ကြောက်ရွံ့ပြီး သူမရဲ့ အခွံထဲ ပြန်ဝင်သွားချင်တဲ့ပုံစံနှင့်တူ၏။
သူက အသက် သုံးဆယ် ရှိပြီဖြစ်၏။ အရင်က သူ တစ်ခါမှ အမျိုးသမီးတစ်ယောက်ကို စိတ်ပျော်ရွှင်လာအောင် ချော့ရတာမျိုး မလုပ်ခဲ့ဖူးပေ။ ဒါကြောင့် ဒီမိန်းကလေးကို ဘယ်လိုနည်းလမ်းနဲ့ ချော့ရမလဲဆိုတာ သူမသိတော့ပေ။
ဆက်ရန် _____
Chapter 262
May 5, 2024 by Nay Chi Lynn
အပိုင်း ၂၆၂ - ကိုယ့်စကားတွေကို သံသယမဖြစ်ပါနဲ့
သူမ၏ တည်ငြိမ်နေသော အမူအရာကို ကြည့်လိုက်ပြီး လုံယန် ကူကယ်ရာမဲ့သွားရသည်။ အရင်တစ်ခါက လုဟယ့်ထျန်းနှင့် လုထင်ချန်း ရှေ့တွင် သူမက ကလေးကဲ့သို့ ပြုမူခဲ့တာကို သူသတိရသွားသည်။ သူမက သက်တောင့်သက်သာရှိပြီး ပျော်ရွှင်နေပုံရ၏။
သူ့ရှေ့တွင်တော့ သူမက အချိန်တိုင်းလိုလိုပင် အများအားဖြင့် သူမ အရွယ်နှင့်မလိုက်အောင် တိတ်ဆိတ်နေလေ့ရှိပြီး ရင့်ကျက်နေပေသည်။
သူမ အဖေနှင့် အစ်ကိုရဲ့ ရှေ့တွင် ရှိနေသကဲ့သို့ သူ့ရှေ့တွင်လည်း သူမကို ဘာကိုမှဂရုမစိုက်ဘဲ သက်တောင့်သက်သာရှိ နေစေချင်သည်။
သူ့မျက်နှာ သုန်မှုန်လာရပြီး ရုတ်တရက် လက်ဆန့်ထုတ်လိုက်ကာ သူမကို သူလက်မောင်း များကြားထဲသို့ ထည့်လိုက်သည်။
သူမ ခန္ဓာကိုယ် ရုတ်တရက် တောင့်တင်းလာတာကို သတိထားမိလိုက်သောအခါတွင်တော့ သူက သူမနောက်ကျောကို သူလက်ဖြင့် ပုတ်ပေးလေသည်။
“လုလျန့်ဝေ၊ မင်းက ငါကိုယ်တော်ရဲ့ဘဝမှာ ငါကိုယ်တော် လက်ထပ်ချင်တဲ့ တစ်ဦးတည်းသော အမျိုးသမီးပဲ။ နောင်အနာဂတ်မှာ မင်း ကိုယ်တော့်ရှေ့မှာ ထိန်းချုပ်နေစရာ မလိုဘူး။ မင်းအမှားလုပ်မိခဲ့ရင်တောင် ကိုယ်တော် မင်းကို စကားနဲ့တောင်အပြစ်မတင်ဘူး မင်းစိတ်ချထားလို့ရတယ်။”
လုံယန်က ထိုအကြောင်းကို မပြောခဲ့လျှင် ကောင်းပေလိမ့်မည်။ သူပြော လိုက်တဲ့အခါမှာတော့ သူမကိုယ်ခန္ဓာကို တောင်တစ်တောင် ဖိထားသကဲ့သို့ ရုတ်တရက် ဖိအားများ ခံစားလိုက်ရသည်။
“ဧကရာဇ် လက်ထပ်ချင်တဲ့ တစ်ဦးတည်းသော အမျိုးသမီး”ဆိုတဲ့ စကားလုံးက အလွန် ထိတ်လန်စရာကောင်းလေသည်။
လုံယန်ရဲ့ အကြည့်များက နှင်းဆီနီနီနှင့်တူသော သူမ၏ ပန်းရောင် နှုတ်ခမ်းဆီသို့ အကြည့်ရောက်သွားလေသည်။ သူခေါင်းအနည်းငယ် ငုံ့လိုက်သော်လည်း သူ့ကိုယ်သူ ချုပ်တီးကာဖြင့် သူမနဖူးပြင်ကိုသာ ညင်သာစွာ နမ်းလိုက်လေသည်။
ဒီတစ်ခါတော့ လုံယန်က သူမလက်ကို ကိုင်မထားဘဲ သူမကို လွှတ်ပေးလိုက်သည်။
သူမရဲ့ ရှေ့တွင် လမ်းလျှောက်နေသော ထိုအမျိုးသားကို ကြည့်ကာ လုလျန့်ဝေ လက်ကို မြှောက်၍ သူမ၏စိုစွတ်နေသော နဖူးကိုထိလိုက်လေသည်။
တကယ်တော့ သူ့အနမ်းကို သူမ မမုန်းပါချေ ။ သူမ ကျင့်သားမရရုံသာ ဖြစ်သည်။
သူမ ခေါင်းငုံ့ရင်းမှ သူမစိတ်တွေ အနည်းငယ်ပျံ့လွင့်နေလေသည်။
“နင်တို့က နာမည်ကြီးနေသည့် အတော်ဆုံး လူသတ်သမားတွေ မဟုတ်ဘူးလား။ အညတရ သာမန်လူတစ်ဦးကိုတောင် ဘာလို့ အနိုင်မတိုက်နိုင်ရတာလဲ။ သုံးစားလို့ကိုမရဘူး။”
သူ့အနီးတွင် ရပ်နေသော ဟုန်ရှို့က အလွန်ကြောက်လန့်သွားပြီး အသက်ပင်ရဲရဲမရှူနိုင် ဖြစ်သွားရ၏။
ထိုလုပ်ကြံသတ်ဖြတ်ရေးသမားများသည် သူမ ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ထားသည့်သူများ ဖြစ်၏။ သူတို့ကို ဒီစံအိမ်ရှိ အတော်ဆုံး လုပ်ကြံသတ်ဖြတ်သူများအဖြစ် ယူဆနိုင်ပေသည်။ သို့သော် သူတို့က အညတရ လူတစ်ယောက်ကိုတောင် နိုင်အောင်မတိုက်နိုင်ဘူးလို့ ဘယ်သူကထင်ထားမိမှာလဲ။
ဘယ်နေရာက ရောက်လာမှန်းမသိတဲ့ ထိုအညတရ ကောင်လေးက အနိုင်ရနေသည်မှာ ရက်ပေါင်းများစွာ ရှိလေပြီ။
မနက်ဖြန်က နောက်ဆုံးရက်ပဲ။ ထိုကောင်လေးကို အနိုင်မတိုက်နိုင်ခဲ့ဘူးဆိုရင် မင်းသား၏ အကြံအစည်များ ပျက်စီးသွားပေလိမ့်မည်။
ဟုန်ရှို့က မင်းသမီးရဲ့ ခံစားချက်ကို နားလည်၏ ။ သို့သော် မထင်မှတ်ထားတဲ့ အခြေအနေကြောင့် သူတို့လုပ်နိုင်တာဆိုလို့ ဘာမှမရှိချေ။
“အဲ့လူရဲ့ နောက်ကြောင်း ရာဇဝင်ကို မင်းစုံစမ်းပြီးပြီလား။”
လုယွင်ရွှမ်းက သူမရဲ့ လက်ကိုင်ပုဝါကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ကြမ်းတမ်းစွာ မေးလိုက်သည်။
“ကျွန်တော်မျိုးတို့ စုံစမ်းပါသေးတယ် ။ ဒါပေမဲ့ ဘာကိုမှ ရှာမတွေ့ခဲ့ဘူး။”
“မရှာနိုင်ဘူး ဟုတ်လား။ သူက ကျောက်တုံး အက်ကွဲကြောင်းကနေ ထွက်လာတာမို့လား။ နင်တို့ ဘာအသုံးမကျတာတွေ လုပ်နေတာလဲ ။ လူတစ်ယောက်ရဲ့ နောက်ကြောင်းကိုတောင် မရှာဖွေနိုင်ဘူးလား ဟမ် “
ဟုန်ရှို့က ပြင်းထန်သော သောကစိတ်ဖိစီးမှုဖြင့် ရှင်းပြလေသည်။
“အဲ့ဒီလူက ထူးဆန်းတာတော့ အမှန်ပါပဲ။ အိမ်တော်က လူတွေပေးတဲ့ အချက်အလက်တွေနဲ့ ဘယ်လောက် လူအင်အားသုံးပြီး ရှာပါစေ။ အဲ့ဒီလူက ဘယ်သူလဲဆိုတာကို မသိနိုင်ဘူးဖြစ်နေပါတယ် “
“နင်တို့ မရှာနိုင်ဘူးဆိုရင် သူ့နောက်ကို တစ်ယောက်ယောက် နောက်ယောင်ခံ လိုက်ခိုင်းထားရမယ်ဆိုတာ နင်တို့မသိဘူးလား။ သူက လူဖြစ်သရွေ့ ခြေရာလက်ရာ မကျန်ခဲ့နိုင်ဘူးဆိုတာ လုံးဝမဖြစ်နိုင်ဘူး။”
ထိုသူများ ထွက်သွားသည်အထိ လုယွင်ရွှမ်းက ဒေါသထွက်နေဆဲဖြစ်ကာ သူမ အနီးရှိ ပန်းအိုးကို နောက်တစ်ကြိမ် ပစ်ပေါက်လိုက်ပြန်၏။
ထိုအချိန်တွင် နန်းတွင်းအစေခံ ဝင်လာပြီး သတင်းပေးပို့လေသည်။
“မိန်မလှလေးချန်က ဥယျာဉ်ထဲမှာ မင်းသားနဲ့ ဝင်တိုက်မိပါတယ် ----------“
ဒါကိုကြားတော့ လုယွင်ရွှမ်းရဲ့မျက်နှာက ဒေါသကြောင့် အစိမ်းရောင် ပြောင်းသွားတော့၏။
အရှေ့နန်းတော်က အရမ်းကျယ်ဝန်းနေတာကို ဘယ်လိုဖြစ်ပြီး ဒီလောက် တိုင်ဆိုင်မှုတွေ များနိုင်ရမှာလဲ။ ဒါက ရည်ရွယ်ချက်ရှိရှိ တမင်လုပ်တာပဲ ။
သူမ အေးစက်စွာ နှာမှုတ်လိုက်ကာ သူမ လက်မောင်းအောက်တွင် တွဲကျနေသော ဝတ်ရုံစကို သေသပ်အောင် ပြင်ဆင်ပြီး အစေခံရဲ့ လက်ကို ကိုင်ကာ အားပြုလိုက်သည်။
“ရာသီဥတုက သာယာနေတယ်။ ဉယျာဉ်တော်ထဲမှာပွင့်နေတဲ့ နှင်းဆီပန်းတွေကို သွားကြည့် ကြည့်ရအောင်။”