အခန်း (၂၆၃-၂၆၅)
Vol. 6 Ch. 263-265
Chapter 263
May 5, 2024 by Nay Chi Lynn
အပိုင်း ၂၆၃ - ဘယ်သူ့ကို သွေးဆောင်ဖျားယောင်းနေတာလဲ
ဗျတ်စောင်းသံက သာယာလှစွာဖြင့် ဥယျာဉ်ထဲတွင်ထွက်ပေါ်လာသည်။ သံစဉ်မှာ ချစ်မိနေသော မိန်းမပျိုလေးက သူမချစ်ရသူကို ချစ်စကား ပြောနေသော ပုံစံနှင့်တူလှ၏။
ဤသည်မှာ လုယွင်ရွှမ်း ဉယျာဉ်ထဲသို့ ခြေချလိုက်သည်နှင့်တပြိုင်နက် မြင်လိုက်ရသည့် ပွဲကြည့်စင်ထဲရှိ မြင်ကွင်းတစ်ခုပင်ဖြစ်၏။
ထိုအချိန်တွင် ချန်ချီယွီက စောင်းကြိုးကို အသာအယာတီးခတ်နေပြီး သူမဆန့်ကျင်ဘက်တွင် ထိုင်နေသည့် အမျိုးသားကို မြူဆွယ်သောမျက်ဝန်းဖြင့် ကြည့်နေလေသည်။
သူမရဲ့ စွဲမက်ဖွယ်ကောင်းသောအကြည့်က အနည်းငယ်လွန်နေသယောင်။
လုယွင်ရွှမ်း ၎င်းကိုမြင်လိုက်တော့ သူမ ဒေါသထွက်သွားလေသည်။
ချန်ချီယွီ ဘယ်လိုတောင် အရှက်ကင်းမဲ့ရတာလဲ။ နေခင်းကြောင်တောင်ကြီး ဘယ်သူ့ကို မြူဆွယ်ဖျားယောင်းဖို့ ကြိုးစားနေတာလဲ။
ချန်ချီယွီက သူမဆီသို့ လမ်းလျှောက်လာသောသူကို မြင်လိုက်ရတဲ့ အခါတွင်တော့ ရုတ်တရက် သူမလက်ချောင်းများက ဗျတ်စောင်းကြိုးကို ဆွဲလိုက်သည်။ဗျတ်စောင်းကြိုး ပြတ်သွားလေသည်။
“အရှင်မင်းသား ကျွန်မလက်တွေ နာကျင်သွားပြီ -----။”
စောင်းကြိုးကြောင့် ပြတ်ရှသွားသော သူမ လက်ချောင်းများကို ဆန့်ထုတ်ပြကာ သနားချင်စဖွယ် အမူအရာဖြင့် သူမ မျက်နှာချင်းဆိုင်ရှိ ထိုအမျိုးသားအား ကြည့်လိုက်လေသည်။
လုံချီ ရေနွေးကြမ်းကို စိတ်အေးလက်အေး တစ်ငုံချင်းစီသောက်နေပြီး လုံးဝ ဂရုစိုက်မနေပါချေ။ ကျောက်စိမ်းနှင့်တူသော လက်များက ရုတ်တရက် သူ့ရှေ့ရောက်လာတော့ သူအံ့သြသွားလေသည်။
ရဲတင်းသော ထိုအမျိုးသမီးက သူ့လက်ကို ကိုင်ဖို့ကြံနေတာကိုမြင်တော့ သူကလက်မြှောက်လိုက်ပြီး ချန်ချီယွီရဲ့ လက်ကို ခါထုတ်ပစ်ရန် လုပ်နေသော်လည်း သူမက မတ်တပ်ရပ်ကာ စားပွဲကို ပတ်လျှောက်လာပြီး သူမကိုယ်သူမ သူ့ရင်ခွင်ထဲသို့ ပစ်သွင်းလိုက်လေသည်။
လုံချီမျက်လုံးထဲတွင် မနှစ်မြို့စိတ်များပေါ် လာသည်။ သူမကို တွန်းထုတ်ရန် လုပ်နေစဉ်မှာပဲ လုယွင်ရွှမ်းရဲ့ အသံကို သူကြားလိုက်ရသည်။
“အရှင့်သား၊ အရှင်က ဒီရောက်နေတာပဲ အရှင့်သားကို လိုက်ရှာနေတာ “
လုံချီက ထိုစကားကို ကြား၍ ခဏရပ်တန့်သွားချိန်တွင် ချန်ချီယွီက သူ့ခါးကို ဖက်ဖို့ အခွင့်အရေးယူလိုက်ပြီးပြောလာ သည်။
သူမက ပြောနေစဉ်မှာပဲ သူ့ရင်ခွင်ထဲကို တိုးဝင်သွားလေသည်။
လုယွင်ရွှမ်း မျက်နှာသည် ဒေါသကြောင့် ရှုံမဲ့သွားလေ သည်။
အခုက မေလလယ် ရောက်ခါနီးပြီ။ ဘယ်လိုလုပ်ပြီး အေးမှာလဲ။
“အရှင်မင်းသား အလုပ်များနေတယ်ဆိုရင်လည်း ဒီကိုယ်လုပ်တော် အရင်သွားနှင့်ပါ့မယ်။”
လုံချီက သူမနောက်လိုက်လာမည်ဆိုတာကို သူမ လုံးဝ ယုံကြည်စိတ်ချလေသည်။
သူမ ဝမ်းနည်းမှာကို သူ မကြည့်ရက်ဘူးဆိုတာ သူမ သိသည်။
ချန်ချီယွီ၏ လှည့်ကွက်တွေက အလုပ်ဖြစ်မှာ မဟုတ်ပေ။
မျှော်စင်ထဲတွင် လုယွင်ရွှမ်း၏ စိတ်ထိခိုက်သွားသော အမူအရာကိုမြင်လိုက်ရတော့ လုံချီက ချန်ချီယွီကို တွန်းထုတ်ပြီး သူမနောက် တကယ် လိုက်သွားချင်ခဲ့သည်။ သို့သော် သူ လျင်လျင်မြန်မြန် လှုပ်ရှားရန် မတတ်နိုင်လိုက်ပေ။
သူ့ရဲ့ ချောမောသောမျက်နှာက ဒေါသကြောင့် နီလာ၏ ။ သူ့မျက်လုံးထဲတွင်လည်း မနှစ်မြို့မှုများရှိနေပြီး သူက ငုံ့ကာကြည့်လာသည်။
“ဒီကိုယ်လုပ်တော်က တမင်လုပ်တာမဟုတ်ရပါဘူး ။ ခွင့်လွှတ်ပေးတော်မူပါ အရှင့်သား။”
လုံချီက သူမရဲ့ ဖြားယောင်းနေသော အမူအရာကို မျက်ကွယ်ပြုလိုက်ပြီး သူမလက်ကောက်ဝတ်ကို အရိုးကျိုးလောက်သည်အထိ ခပ်တင်းတင်း ဖမ်းဆုပ်လိုက်သည်။
ချန်ချီယွီက အရာအားလုံးအတွက် ဆုံးဖြတ်ထားပြီးသလိုမျိုး သူ့ကို မလွှတ်ပေးရုံသာမက ခပ်တင်းတင်းဖက်လိုက်လေသည်။
“ဒီကိုယ်လုပ်တော် မိဘအိမ်မှာရှိနေစဉ်ကတည်းက အရှင်မင်းသားကို လေးစားခဲ့ရနာပါ ။အရှင်မင်းသားရဲ့ ကိုယ်လုပ်တော် ဖြစ်လာခဲ့တာက ကျွန်မအတွက် ကံကောင်းမှုကြီးပါပဲ ။အရှင်မင်းသား ဒီကိုယ်လုပ်တော်ကို တစ်ခါ နှစ်ခါလောက် သနားညှာတာပေးဖို့ တောင်းဆိုပါရစေ။ ဒီကိုယ်လုပ်တော်က အရှင်မင်းသားကို တသက်လုံး ခစားသွားချင်ပါတယ်။----“
လုံချီ သူမကို အဝေးသို့ တွန်းထုတ်လိုက်ချင်သည်။ သို့သော်လည်း တစ်ချို့သော အကြောင်းများကြောင့် သူ ခန္ဓာကိုယ်က ရုတ်တရက် ပူလာလေသည်။
သူ့ကို မှီနေသည့် ဆွဲဆောင်မှုရှိသော အမျိုးသမီးကို မြင်တော့ အခြားမျက်နှာတစ်ခုကို သူ မြင်ယောင်လာမိလေသည်။
သူ့မျက်လုံးများကိုမှေးကျဉ်းလိုက်ကာ ရုတ်တရက် သူမကို သူ့လက်မောင်းတွေထဲထည့်ကာ သယ်လိုက်၏။
လုယွင်ရွှမ်းက လုံချီ သူမရဲ့ နောက်လိုက်လာမှာကို အချိန်ကြာကြာ မစောင့်ရလောက်ဘူးဟု လက်ကိုင်ပုဝါကို ကိုင်ရင်းဖြင့် သူမကိုယ်သူမ နှစ်သိမ့်နေလေသည်။ လုံချီ သူမနောက် သေချာပေါက်လိုက်လာမှာပါ။ သူက သူမကို အလွန် သဘောကျ နှစ်သက်တယ်လေ ။ သူမ ဝမ်းနည်းသွားမှာကို သူဘယ်လိုလုပ် ကြည့်ရက်နိုင်ပါ့မလဲ။
ချန်ချီယွီက ဘာမို့လို့လဲ ။ သူမ ဘယ်လောက်ပဲ ကြိုးစားပါစေ။ လုံချီက သူမကို အာရုံစိုက်မှာမဟုတ်ဘူး ။
ဒီတစ်ခေါက် အရှေ့နန်းတော်ကို ရုတ်တရက် ဝင်လာတဲ့ မိန်းမလှလေးတွေ အများကြီးကို လုံချီ ထိတောင် မထိခဲ့ဘူးမလား။ သူက သူတို့ကို အကြည့်တစ်ချက်တောင် မစွန့်ကြဲခဲ့ပေ။
ဒါကို တွေးမိတော့ လုယွင်ရွှမ်း သူမရဲ့ တင်းကြပ်နေတဲ့ လက်ချောင်းတွေကို ပြန်ဖြေလျှော့လိုက်လေသည်။
ဆက်ရန် ___________
Chapter 264
May 5, 2024 by Nay Chi Lynn
အပိုင်း ၂၆၄ - သူမကိုယ်သူမ ကြည့်ဖို့တောင် အချိန်မရှိတော့ဘူး
ထိုအချိန်တွင် ခြေသံများ ကြားလိုက်ရသည်။
လုံချီက သူမနောက်သို့လိုက်လာကြောင်း တွေးမိကာ လုယွင်ရွမ်း အလွန်ပျော်ရွှင်သွားရသည်။သူမ နောက်လှည့်ကြည့်ချင်သော် လည်း သူမရဲ့ ပုံစံက အရေးစိုက်သည့်ပုံမပေါက်ရလေအောင် တည်တည်ကြည်ကြည်နေရမယ်ဟု သူမကိုယ်သူမ သတိပေးနေမိ၏။
သို့သော်ငြားလည်း သူမ ခြေလှမ်းတွေကို ဖြည်းဖြည်း လှမ်းနေမိဆဲပင် ။
သို့ရာတွင် သူမ မျှော်လင့်ထားသလို လုံချီက သူမနောက် လိုက်မလာခဲ့ပေ။ အခြားတစ်ဖက်သို့ ဦးတည်ကာ သွားသကဲ့သို့ တဖြည်းဖြည်း ဝေးကွာသွားသော ခြေသံကိုသာ သူမကြားလိုက်ရသည်။
လုယွင်ရွှမ်းရဲ့ မျက်နှာအသားအရောင်မှာ ပြောင်းသွားပြီးနောက် ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်လေသည်။ သို့သော် လုံချီက ချန်ချီယွီကို သူ့လက်မောင်းများဖြင့်သယ်ကာ တခြားဘက်သို့ အလျင်အမြန် လမ်းလျှောက်သွားသည်ကို တွေ့လိုက်ရသည်။
လုယွင်ရွှမ်း၏မျက်နှာမှာ ကြည့်ရဆိုးသွားလေသည်။သူမရှေ့မှ မြင်ကွင်းကို သူမမျက်လုံးများဖြင့် မြင်လိုက်ရတဲ့အခါတွင်တော့ သူမရဲ့မျက်နှာပေါ်တွင် ယခုလေးတင်ရှိခဲ့သော ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနှင့် သူမမျက်နှာပေါ်ရှိအမူအရာများက ကြေမွပျက်စီးသွားလေသည်။
လုံချီနှင့် ချန်ချီယွီတို့ သွားနေသည့်လမ်းမှာ ချန်ချီယွီ၏ အိပ်ဆောင်သို့ ဦးတည်နေသော လမ်းဖြစ်လေသည်။
လုံချီရဲ့ အလောတကြီး ခြေလှမ်းများကို မြင်လိုက်ရတဲ့အခါတွင်တော့ ရုတ်တရက် လုယွင်ရွှမ်း တစ်စုံတစ်ခုကို တွေးမိသွားပြီး အံကြိတ်လိုက်မိသည်။ သူမမျက်နှာမှာလည်း ဖြူဖျော့သွားရပြီး သူမတစ်ကိုယ်လုံး တုန်ယင်သွားကာ လဲကျလုနီးပါး ဖြစ်သွားရလေသည်။ ကံကောင်း၍ သူမဘေးတွင်ရှိနေသော အစေခံက သူမကို အချိန်မီ ကိုင်တွဲမိလိုက်လေသည်။
အစေခံမလေးရဲ့ ကတုန်ကယင် အသံက သူမကို သတိပြန်ဝင်လာစေသည်။
ချန်ချီယွီက နည်းနည်းလေးပဲ လှပတယ်ဆိုတာ မှန်ပေမယ့် အဲ့ဒီမိန်းမက ပြည့်တာဆာအိမ်က တန်ဖိုးမရှိတဲ့ မိန်းမလိုမျိုး အရမ်း မြှူဆွယ်ဖျားယောင်းတတ်၏။ လုံချီက ဘာလို့ သူမဆွဲဆောင်တာကို ခံလိုက်ရတာလဲ ။
ကမ္ဘာကြီးက ဘာဖြစ်သွားတာလဲ။ လုံချီက ဘာလို့ ချန်ချီယွီကို သယ်ပြီး ထွက်သွားတာလဲ။
သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး သူ့ကိုကူတွဲထားသော အမျိုးသမီးအစေခံ၏လက်ကို ပြင်းပြင်းထန်ထန် ဆုပ်ကိုင်လိုက်သည်။
သူမရဲ့အဆိတ်ခံရသောကြောင့် အစေခံမလေး အလွန်နာကျင်သွားသော်လည်း သူမ စကားတစ်ခွန်းမှ မဟရဲပါ။
အချိန်တစ်ခုကြာပြီနောက် လုယွင်ရွှမ်းရဲ့ မျက်နှာပေါ် ရှိ အမူအရာက ပြောင်းလဲသွားသည်။
“မိန်းမလှလေးချန်က နေမကောင်းဘူးထင်တယ်။ငါတို့ သွားကြည့်ကြစို့။”
အစေခံမလေး၏မျက်လုံးများ ဝင်းလက်သွားကာ သူမက အလျင်အမြန် တုံပြန်လေသည်။
“အရှင်မပြောတာမှန်တယ် ။ဒီအစေခံက မိန်းကလေးချန် အသားအရေမကောင်းတာကို မြင်လိုက်ရပါတယ် ။ သူမသာ ဖျားနာနေရင် ဘယ်ကောင်းပါ့မလဲ ။ ကျွန်တော်မျိုးမ နန်းတွင်းသမားတော်ကိုခေါ်ဖို့ ပြောလိုက်သင့်လားဘုရား “
ထိုစကားများက လုယွင်ရွှမ်းကို သတိဖော်ပေးလိုက်သလိုပါပင် ။ သူမ အစေခံကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမမျက်နှာတွင် စိတ်ကျေနပ်မှု ပေါ်လာလေသည်။
“နင်ပြောတာ မှန်တယ်။ တကယ်သာ မိန်းမလှလေးချန် ဖျားနေတယ်ဆိုရင် အဆင်ပြေသွားအောင် နန်းတွင်းသမားတော်ကို သွားပင့်လိုက်။ ပြီးရင် လူနာသွားကြည့်ဖို့ ဒီမင်းသမီး နောက်လိုက်ခဲ့။”
အစေခံက အခြားတစ်ယောက်အား သမားတော်ကို ခေါ်ခိုင်းလိုက်သည်။ ယခုတွင်တော့ လုယွင်ရွှမ်း စိတ်သက်သာရာ ရသွားရ၏။ သူမက အစေခံရဲ့ လက်ကိုတွဲကာ အကူအညီယူလိုက်ပြီး ချန်ချီယွီ၏ အဆောင်ဆီသို့ ဖြည်းဖြည်းချင်း ဦးတည်သွားလိုက်၏။
သူမမျက်နှာတွင် စိုးရိမ်ပူပင်မှုများ ပေါ်မနေသော်လည်း သူမနှလုံးသားထဲတွင်တော့ သောကရောက်နေလေသည်။ သမားတော်အား အလွန်နှေးကွေးလွန်းသောကြောင့်လည်း သူမ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။
လုံချီက တခြားမိန်းမနှင့် အတူရှိနေကြောင်း စဉ်းစားလိုက်မိသည်နှင့်တပြိုင်နက် သူမတစ်ယောက်ယောက်ကို သတ်ချင်စိတ်ပေါက်လောက်အောင်ကိုပင်ဒေါသထွက်လေသည်။
ချန်ချီယွီက သူမရှေ့မှာတင် ပွင့်ပွင့်လင်းလင်းနဲ့ မင်းသားကို ဆွဲဆောင်ရဲလေသည်။နေနှင့်ဦးပေါ့ လုယွင်ရွှမ်းက သူမကို အလွတ်ပေးမှာ မဟုတ်ဘူး။
လုယွင်ရွှမ်းရဲ့ လက်သည်းများက အစေခံ၏အသားထဲသို့ ထိုးဖောက်သွားလေသည်။ နာကျင်မှုကြောင့် အစေခံရဲ့မျက်နှာမှာ ဖြူဖျော့သွား၏။
အချိန်တိုအတွင်း နန်းတွင်းသမားတော် ရောက်လာလေသည်။လုယွမ်ရွှမ်းက ညင်သာစွာဖြင့်ပြောလာသည်။
“မိန်းကလေးချန်က ဖျားနေလို့။ သမားတော် ဒီမင်းသမီးနဲ့အတူ သွားပြီး လူနာကို စမ်းသပ်ကြည့်ပေးပါဦး။”
နန်းတွင်းသမားတော်က လမ်းတလျှောက်လုံး အရှေ့နန်းတော်မှ အစေခံ၏ ဆွဲခေါ်လာခြင်းကို ခံခဲ့ရသည်။ ယခုတွင် သမားတော်မှာ ချန်ချီယွီ၏ ခြံဝန်းဆီသို့ လုယွင်ရွှီးရဲ့ခေါ် ဆောင်ခြင်းကို ခံခဲ့ရပြီး အသက်ပင်ရှူချိန်မရအောင် လမ်းတစ်လျှောက်လုံး ပြေးလွှားလာရတာမို့ သူက ချွေးများ ထွက်နေလေသည်။
အခန်းထဲတွင် ချန်ချီယွီက လုံချီ၏ ဝတ်ရုံကို သူမလက်များဖြင့် သေသပ်စွာ ချွတ်ပေးနေသည်။ သူတို့နှစ်ယောက် အသင့်ဖြစ်နေချိန်တွင် တံခါးအပြင်မှ နန်းတွင်းအစေခံ၏ ထိတ်ထိတ်ပျာပျာအသံကို ရုတ်တရက် ကြားလိုက်ရ၏။
“အရှင်မင်းသမီး၊ မင်းသမီးဝင်လို့မဖြစ် -------။”
“အတင့်ရဲလိုက်တာ။ ဒီမင်းသမီးက ချန်မိန်းကလေးအတွက် နန်းတွင်းသမားတော်ကို ကြင်နာစွာနဲ့ ပင့်ဖိတ်လာပေးတာကို။ ဘယ်လိုတောင် နင် တားဆီးရဲတာလဲ။”
အစေခံမှာ ပါးကို အရိုက်ခံလိုက်ရတဲ့အခါမှာတော့ ကြောက်ရွံ့သွားရပြီး သူမကို တားဆီးဖို့ ရုတ်တရက် မေ့သွားလေသည်။
ပိတ်ထားသောတံခါးက ချက်ချင်း တွန်းဖွင့်ခံလိုက်ရလေသည်။
ပထမဆုံး တဟုန်ထိုး ဝင်လာသော အစေခံသည် အခန်းထဲမှ မြင်ကွင်းကိုတွေ့တော့ ချက်ချင်း ခေါင်းကို ငုံ့လိုက်ကာ ဘေး၌ ရပ်နေလေသည်။
လုယွင်ရွှမ်းက အထဲက မြင်ကွင်းကို မတွေ့လိုက်ရတာမို့ နန်းတွင်းသမားတော်ကို အထဲသို့ခေါ်လာလေသည်။
“ညီမလေး ချီယွီ၊ ခုနက ဉယျာဉ်ထဲမှာ နင်အခြေအနေ သိပ် မကောင်းတာ ငါတွေ့မိတယ်။ နင်သာဖျားသွားရင် ဘယ်ကောင်းပါ့မလဲ ။ငါ ဒီကို နန်းတွင်း သမားတော် ပင့်လာတယ်။ နင် -------။”
အိပ်ခန်းထဲက မြင်ကွင်းကို မြင်တွေ့လိုက်ရတဲ့အခါတွင်တော့ သူမ အံ့အားသင့်သွားရပြီး တုံ့ပြန်ရန် မေ့သွားသကဲ့သို့ သူမစကားသံများဟာလည်း ရုတ်ခြည်း ရပ်တန့်သွားရလေတော့၏။
ဆက်ရန် _____
Chapter 265
May 5, 2024 by Nay Chi Lynn
အပိုင်း ၂၆၅ -ဒါက အလွန်ထိတ်လန့်စရာကောင်းလှပြီး ရှက်ဖို့လည်း ကောင်းသည်
ချန်ချီယွီရဲ့ မျက်နှာက ထိတ်လန့်မှုကြောင့် စိမ်းဖန်သွားရပြီး ရှက်ရွံ့မှုကြောင့် နီရဲသွားလေသည်။
ယခုအချိန်တွင်ဖြစ်နေသော အခန်းထဲရှိ မြင်ကွင်းက တိုက်ရိုက် ကြည့်ရှုရန် အမှန်တကယ်ပင် မသင့်တော်လှပေ။
သမားတော်သည် အခန်းထဲမှ အနေရခက်စွာဖြင့် ထွက်သွားလေသည်။
ဒီလို မြင်ကွင်းမျိုး တွေ့ရအောင် သူ ဘယ်လိုတောင် ကံဆိုးရတာလဲ။ ဒီလို ဇာတ်လမ်းမျိုးထဲ ဘယ်လိုလုပ်ပြီး သူ ဝင်ပါမိသွားရတာလဲ ။
အရှင်သားနှင့် ကိုယ်လုပ်တော်တို့ ~~~~ဒီအရာက အရမ်းထိတ်လန့်စရာကောင်းပြီး အရမ်းကို ရှက်ဖွယ်ကောင်းလှသည်။
သမားတော်က အကြောက်လွန်ပြီး စိုးရိမ်သောကရောက်လို့ ပြီးခါနီးအချိန်တွင်မှ လုယွင်ရွှမ်းက တုံ့ပြန်နိုင်လာ၏။
သူမ စိတ်ထဲတွင် ဒေါသဖြင့် အော်ဟစ်နေမိသည်။ ဒီအရှက်ကင်းမဲ့သော ချန်ချီးယွီကို အပိုင်းပိုင်းအစစ ဖြစ်အောင် ဓားနဲ့ ခုတ်ပိုင်းပစ်ချင်သော်လည်း နောက်ဆုံးတွင်တော့ သူမ သည်းခံလိုက်၏။
အိပ်ယာပေါ်တွင် လှဲနေသော လုံချီကို သူမကြည့်လိုက်ပြီးနောက် သူမမျက်ဝန်းထဲတွင် မျက်ရည်များ ဝေ့လာရသည်။ သူမရဲ့ မျက်နှာအမူအရာမှာ မှားယွင်းစွာ အနိုင်ကျင့်ခံထားရပုံပေါ်နေ၏။
“ဒီကိုယ်လုပ်တော်က မဆင်မခြင်နိုင်ပြီး အရှင်မင်းသားရဲ့ အချိန်ကောင်းလေးကို ဖျက်စီးမိသွားပါတယ်။”
သူမ အံကြိတ်လိုက်ပြီး ခါးသီးသော ခံစားချက်ကို ဖိနှိပ်ထားလေသည်။ သူမရဲ့အသံမှာ စိတ်ထိခိုက်ပြီး ဝမ်းနည်းပုံ ပေါ်နေလေသည်။
အဆုံးမှာတော့ သူမက လုံချီပြန်ဖြေမှာကို စောင့်မနေဘဲ သူမ လှည့်ပြန်လာလေသည်။
သူမက သူ့ရဲ့ တခြားအမျိုးသမီးနဲ့ အိပ်ယာပေါ်မှ မြင်ကွင်းကို မြင်တွေ့လိုက်ရခြင်းဖြစ်သည်။ သူမက ဒီလိုမျိုး စိတ်ပျက်စရာကိစ္စကို ခံစားသွားရသည့်အတွက် လုံယန်က သူမနောက်ကို သေချာပေါက် လိုက်လာပေလိမ့်မည်။
ထိုသို့တွေးလိုက်ပြီး လုယွင်ရွှမ်း သူမခြေလှမ်းများကို မြန်မြန်လှမ်းလိုက်သည်။
သို့ရာတွင် သူမ၏ မျှော်လင့်ချက်မှာ ပျက်ဆီးသွားရလေသည်။
အခန်းထဲတွင် လုံချီက လုယွင်ရွှမ်း၏စကားများကို လုံးဝမကြားလိုက်ပေ။ သူက အနည်းငယ် အသိ ကင်းလွတ်နေပြီး စိတ်ခံစားချက်တချို့၏ လွှမ်းမိုးခြင်းကို ခံနေရလေသည်။ အခန်းထဲသို့ တစ်စုံတစ်ယောက် ဝင်လာတာကိုတောင် သူ သတိမထားမိလိုက်ပေ။
သူက ရုတ်တရက် လှိမ့်လိုက်ပြီး ချန်ချီယွီကို သူ့အောက် ပို့လိုက်လေသည်။
အစတွင် လုယွင်ရွှမ်းရဲ့ ရုတ်တရက် ဝင်ရောက်လာမှုကြောင့် သူမရဲ့ ဒီနေ့ အစီအစဉ်မှာ ပျက်စီးသွားပြီဟု ချန်ချီယွီ တွေးထင်လိုက်မိသည်။ ထို့ကြောင့် သူမ နောက်ဆုတ်ဖို့ ပြင်လိုက်သော်လည်း သူမဘာမှမလုပ်ရသေးခင်မှာပဲ ကြီးမားလှသော အင်အားတစ်ခုက သူမကို အိပ်ယာပေါ်သို့ ကျသွားအောင် ရုတ်တရက်တွန်းလာလေ၏။
ချန်ချီယွီက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် အဖြစ်မှန်ကို နားလည်လိုက်တဲ့ အခါတွင်တော့ ချက်ချင်းပင် ဝမ်းသာသွားလေသည်။
“အရှင်မင်းသား၊ ဒီကိုယ်လုပ်တော်ကို အရှင့်သားကို ခစားခွင့်ပြုပါ--------။”
လုံချီသည် သူ့ရှေ့က အမျိုးသမီးကို ဝေးဝါးစွာဖြင့် ကြည့်လိုက်သည်။
အကြောင်းတချို့ကြောင့် ထိုဖျားယောင်းသွေးဆောင်နေသောမျက်နှာသည် သင်္ဘောတစ်ထောင်ကိုပင် လွှင့်တင်နိုင်သည့် အခြားမက်မောဖွယ်ရာ မျက်နှာတစ်ခုနှင့် ပေါင်းစပ်သွား၏။
သူမ မျက်နှာကို ထိတွေ့ရန် သူလက်မြှောက်လိုက်သည့်အခါတွင် မိန်းမငယ်လေးတစ်ယောက်ရဲ့ အေးစက်ပြီး စက်ဆုပ်ရွံရှာနေသည့် မျက်ဝန်းများက သူ့ရဲ့ မူးဝေနေသောစိတ်ထဲတွင် လျှပ်တပြက် ပေါ်လာလေသည်။
သူက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ချန်ချီးယွီရဲ့ ခါးကို ရုတ်တရက် တင်းတင်းကျပ်ကျပ် ကိုင်လိုက်သည်။
အရမ်းအဝေးကြီးကို မရောက်သေးသည့် လုယွင်ရွှမ်းက ချက်ချင်းပဲ ဒီနားဝင်ဆိုးတဲ့အသံကို ကြားလိုက်ရသည်။
သူမ ရပ်တန့်ပြီး တစ်ပတ်ပြန်လှည့်လိုက်ကာ ပိတ်သွားပြီးဖြစ်သော သူမရဲ့ နောက်က တံခါးကို ကြည့်လိုက်သည်။
အခန်းထဲမှ ဒီအသံက သူမရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပဲ
သူမ မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ်သွားရသည်။
လုံချီ လိုက်မလာခဲ့ဘူး။ သူ သူမနောက်ကို ပြေးပြီး လိုက်မလာခဲ့ဘူး။
လုယွင်ရွှမ်း၏ လက်သည်းများသည် သူမလက်ဖဝါးထဲသို့ ပြင်းထန်စွာ ထိုးဖောက်သွားကာ တစ်ချောင်းပြီး တစ်ချောင်း ကျိုးထွက်သွားလေသည်။
လုယွင်ရွှမ်းရဲ့ ဒေါသ ပေါက်ကွဲခါနီးပြီဆိုတာကို သိတဲ့ အစေခံမလေးက သူမခေါင်းကို ငုံ့လိုက်ပြီး အလွန်ကြောက်လန့်သွားကာ စကားတစ်ခွန်းမှ မပြောဆိုဝံ့တော့ပေ။
သူမ ကြောက်လန့်နေသော်လည်း သူမစိတ်ထဲတွင် တိတ်တဆိတ်ရေရွတ်နေမိသည်။မင်းသမီးက ဘာကြောင့် မင်းသားကို အကြောင်းပြချက်ပေးဖို့ မတိုက်တွန်း၊ ရန်မတွေ့ပါဘဲ ချန်မိန်းကလေးနဲ့ အိပ်ဖို့ကို ခွင့်ပြုလိုက်ရတာလဲ ။
မင်းသမီးတစ်ယောက်အနေနဲ့ဆိုရင် လုယွမ်ရွှမ်းက မိန်းကလေးချန်ကို နေ့ခင်းဘက်မှာပင် ပြုလုပ်နေသည့် အခုကိစ္စအတွက် အမှားကိုရှာ၊ အပြစ်ပေးလိုက်ပြီး မင်းသားရဲ့အဝေးကို ပို့လိုက်လို့ရသည်။ မိန်းကလေးချန်က ဘာမှပြန်ပြောရဲမှာ မဟုတ်ပေ။
သို့ရာတွင် ထိုသို့ရိုးရှင်းသည့်ကိစ္စကိုပင် မင်းသမီးက မေ့နေပုံရပြီး ထိုအစား ယခုလိုမျိုး ထွက်ခွာလာခဲ့၏။
မင်းသမီး ဘာတွေ စဉ်းစားနေလဲဆိုတာ သူမ မသိတော့ပေ။
မိန်းကလေးချန်က မင်းသားရဲ့အပေါ်မှာ အဝတ်မဲ့လုနီးပါးဖြင့် လဲလျောင်းနေတာကို မင်းသမီးက အခုလေးတင် အကုန်လုံး မြင်ပြီးပြီဖြစ်သည်။ ထို့အပြင် မိန်းမလှလေးချန်က တွေ့ရခဲသော အလှဖြစ်ပြီး တခြားသူများထက် အနည်းငယ် ပိုပြီးဆွဲဆောင်မှု ရှိလေသည်။ အမျိုးသားများက သူမလို အမျိုးသမီးမျိုးများနှင့် တွေ့ကြုံရသည့်အခါတွင်တော့ သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်ရန် ခက်ခဲလှ၏။
အရှင်မင်းသားက အခုအချိန်တွင် ငယ်ရွယ်ပြီး တက်ကြွ သော အရွယ်ဖြစ်သည်။ မိန်းကလေးချန်ဘက်က အစပြုပြီး သူ့ကို ပွေ့ဖက်လာမယ်ဆိုရင် သူ ဘယ်လို သည်းညည်းခံနိုင်မှာလဲ။
အစေခံမှာ မင်းသမီးကိုကြည့်ရတာ ဉာဏ်ကောင်းတဲ့သူဖြစ်သော်လည်း ဒီနေ့ စိတ်ရှုပ်ထွေးသွားတာထင်တယ် ဟု အံ့အားသင့်နေရင်း သူမ တွေးနေမိသည်ကိုလည်း မရပ်တန့်နိုင်ပါပေ။
တကယ်တမ်းကျ မင်းသမီးက မင်းသားကို မိန်းကလေးချန်ရဲ့ ငွေလင်ဗန်းထဲကို ထည့်ပေးလိုက်တဲ့သူပဲ ။