အခန်း (၂၆၆-၂၆၈)
Vol. 6 Ch. 266-268
Chapter 266
May 6, 2024 by Nay Chi Lynn
အပိုင်း ၂၆၆ - မိန်းမစိုးလုပ်ဖို့ အရမ်းသင့်တော်တယ်
အသစ်ဝင်လာသော အလှလေးများထဲတွင် မိန်းကလေးချန်က အခွင့်အရေးပေးခြင်းကို ခံရသည့် ပထမဆုံးတစ်ယောက်ဖြစ်သည်။ ဒီနေ့ကစပြီး အရှေ့နန်းတော်သည် ပိုပြီး စည်းစည်းကားကား ဖြစ်လာမည်ထင်၏။
အစေခံက သူမဘာသာသူမ တွေးတောလိုက်ပြီးနောက် သူမနောက်ရှိ အခန်းထဲက အသံက ပိုပိုပြီးကျယ်လာသည်ကို သူမကြားလိုက်လေသည်။
မိန်းမလှလေးချန်၏ ငိုသံ၊သာယာမှု နှင့် နာကျင်စွာ အော်ဟစ်သံက ထွက်ပေါ်လာ၏။
အစေခံက လုယွင်ရွှမ်းရဲ့ မျက်နှာကို တစ်ချက် ခိုးကြည့်လိုက်သည်။
လုယွမ်ရွှမ်းရဲ့ မျက်နှာက အလွန်အရုပ်ဆိုးနေတာကိုမြင်တော့ သူမ ဘာစကားမှ မပြောဝံ့တော့ပေ။
လုယွင်ရွှမ်း အလွန်စိတ်ဆိုးသွားရပြီး သူမရဲ့ လက်သည်းတွေက သူမလက်ဖဝါးကို ထိုးဖောက်သွားသော်လည်း ထိုမွန်းကျပ်စေသည်အထိ ခံစားရသော ဒေါသကို ငြိမ်သက်အောင် မလုပ်နိုင်ပါချေ။
လုံချီက သူမ မတရားခံရတာကို မကြည့်ရက်နိုင်ဘဲ သူမနောက် လိုက်လာမည်ဟု သူမ တကယ် တွေးထင်ခဲ့မိသည်။
ဘယ်သူကမှ မျက်နှာကို မရိုက်သော်လည်း ယခုတွင် သူမရဲ့ ပါးပြင်မှာ နာကျင်မှုကိုခံစားနေရ၏။
အခန်းထဲက အသံများက သူမကို ခါးသီးစွာဖြင့် နောင်တရစေသည်။ သို့သော် နောက်ကျသွားခဲ့ပြီဖြစ်သည်။
သူမ ခုနက လုံချီ့ကို အခန်းထဲကထွက်လာဖို့ ဘာကြောင့် မချော့မော့ခဲ့ရတာလဲ ။
လုယွင်ရွှမ်း နောင်တရပြီး မုန်းတီးမိလေသည်။ သူမ အခန်းတံခါးကိုရိုက်ချိုးကာဝင်သွားပြီး ချန်ချီးယွီကို ဆွဲကာ ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်ချင်သည်။ သို့သော်လည်း သူမကိုယ်သူမ စိတ်ထိန်းဖို့အတွက် သတိပေးလိုက်၏။
ဒီနေ့ လုယွင်ရွှမ်းကို လုပ်ခဲ့တဲ့အပြုအမူအတွက် ချန်ချီးယွီ အရှက်ကွဲစေရမယ် ။
လုယွင်ရွှမ်းက ခက်ထန်စွာ ပြောလာသည်။ ထို့နောက်သူမက ဝတ်ရုံလက်ကို ခါလိုက်ကာ ထွက်သွားလေသည်။
အစေခံက အနည်းငယ် ထိတ်လန့်သွားလေသည်။ အခုလေးတင် မင်းသမီးရဲ့ ရက်စက်ပြီး အဆိပ်ပြင်းသောမျက်နှာ အမူအရာကို သူမ ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။
မိန်းကလေးချန်တော့ သေချာပေါက် ခံစားရပေတော့မည်။
အစေခံလေးက ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားလေသည်။
ဒီနေ့လည်း ချူးယီ ထပ်ပြီး အနိုင်ရရှိသော နေ့ပဲဆိုတာ အံ့ဩစရာမဟုတ်တော့ပေ။
သူ အနိုင်ရရှိသူ ဖြစ်နေသည်မှာ လေးရက်ဆက်တိုက်ရှိလေပြီ။ လက်ခုပ်သံများကြားတွင် သူ့ကို စိတ်အားထက်သန်စွာ ကြည့်နေသော ဘဏ္ဍာထိန်းဝမ်ကို လျစ်လျူရှုလိုက်လေသည်။ ပြီးတော့ ပြိုင်ပွဲကွင်းပြင်မှ ခုန်ချပြီးနောက် ချက်ချင်းထွက်သွားလိုက်သည်။
ရယ်စရာကတော့___သူက သူ့ဆရာကိုယ်စား အနိုင်ရရှိခဲ့ခြင်းပင်။သူက ဘယ်လိုပဲတော်ပါစေ မနက်ဖြန် သူ့ဆရာသခင်သာ ပေါ်လာတာနဲ့ သူကိုယ်တိုင် ရိုက်နှက်အနိုင်ယူခဲ့တဲ့ လူများကဲ့သို့ သူသည်လည်း ပြိုင်ပွဲကွင်းပြင်မှ ပြုတ်ကျပေလိမ့်မည်။
သူခေါင်းခါလိုက်ပြီး နန်းတော်ရှိရာဘက်သို့ လမ်းလျှောက်လာလေသည်။
သူ လမ်းကြားလေးကို ဖြတ်နေတုန်းမှာပဲ သူ့မျက်လုံးများ ဝင်းလက်သွားရပြီး အနီးရှိ အိမ်ခေါင်မိုးပေါ်သို့ ပျံတက်သွားလိုက်သည်။
ထိုအချိန်မှာပဲ သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားသော လူနှစ်ယောက်ကို အောက်တွင် မြင်လိုက်ရသည်။
လူနှစ်ယောက်က ရှည်လျားသော လမ်းကြားကို ကြည့်လိုက်ပြီး သူတို့နှစ်ဦး အချင်းချင်း ပြန်ကြည့်နေကြ၏။
“သူ ဘယ်ကိုပျောက်သွားတာလဲ။”
“သူ ဒီဘက်ကို လာတာ ငါရှင်းရှင်းလင်းလင်း တွေ့လိုက်တယ်။”
တခြားတစ်ယောက်က တိုးတိုးလေး ပြောလေသည်။
“ဝေးဝေးရောက်မှာ မဟုတ်သေးဘူး။ နောက်က လိုက်ပြီး ကြည့်ကြတာပေါ့။”
နှစ်ယောက်သားက ပြောပြီးနောက် ရှေ့သို့ဆက်သွားတော့မည့်အချိန်တွင် အနက်ရောင်အရိပ်တစ်ခုက ရုတ်တရက် သူတို့ရှေ့ ဆင်းလာပြီး သူတို့ကို တားဆီးလိုက်သည်။
“မင်းတို့ ငါ့ကို ရှာနေတာလား။”
ချူးယီက သူ့ရဲ့ ကြီးမားသည့်ဓားကြီးကို သယ်ထားပြီး သူတို့နှစ်ယောက်ကို စူးစူးစမ်းစမ်း ကြည့်လိုက်သည်။
သူတို့ရှေ့တွင် ရုတ်တရက် ပေါ်လာသည့်လူကို တွေ့လိုက်ရတော့ သူတို့နှစ်ယောက် အလွန် အံ့အားသင့်သွားလေသည်။
“ငါတို့ မင်းကို မသိဘူး။ ငါတို့ ဘာလို့မင်းကို ရှာရမှာလဲ။”
သူတို့ထဲမှ တစ်ယောက်က အမြန် တုံ့ပြန်လိုက်ပြီး ဟန်ဆောင်နေ၏။
ချူးယီ သူတို့ကို ကြည့်လိုက်ပြီး သူ့အသံက နောင်တရနေပုံ ပေါက်လေသည်။
“မင်းတို့က ရူးနေတာပဲ။”
အစကတည်းကကြောက်ရွံ့နေသော ထိုလူနှစ်ယောက်မှာ ချူးယီက သူတို့ကို ကြည့်နေတာမြင်တော့ ရုတ်တရက် လိပ်ပြာမလုံဖြစ်သွားရသည်။ သူတို့က စိတ်မရှည်စွာ ကျိန်ဆဲလိုက်ကာ ချူးယီကို ဖြတ်ကျော်သွားရန် ကြံစည်လိုက်သည်။
သို့သော် သူတို့ ခြေတစ်လှမ်းပဲ လှမ်းရသေးသော်လည်း သူတို့ ခန္ဓာကိုယ်က မလှုပ်ရှားနိုင်တော့ကြောင်း သိလိုက်ရ၏။
သူတို့နှစ်ယောက် ချူးယီကို ကြောက်လန့်စွာ ကြည့်လိုက်လေသည်။
ချူးယီက ပြုံးလိုက်ပြီး သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။သူက သူတို့နှစ်ယောက်ကို အံ့ဩစွာဖြင့် ကြည့်နေ လေသည်။
“မင်းတို့ ဘယ်လိုသိကြတာလဲ။”
အကြောက်တရားက သူတို့နှစ်ဦးစလုံး၏ မျက်လုံးထဲတွင် ပေါ်လာလေ၏။
သူတို့က သူ့ပြိုင်ဘက် မဟုတ်ရလောက်အောင်ကိုပင် ဒီလူ၏ သိုင်းပညာက အလွန်မြင့်မားနေသည်။
သူတို့ သိတောင်မသိလိုက်ပါဘဲ အကြောပိတ်ခံလိုက်ရလေသည်။
ချူးယီကတော့ သူတို့မျက်လုံးထဲက အကြောက်တရားကို မြင်ပုံမရဘဲ သူ့ကိုယ်သူ ပြောနေ၏။
“လူလိမ် ကျောင်းချန်က မကြာခင်ကပဲ နန်းတော်ထဲကို လူသစ်တွေ ခေါ်နေပုံရတယ်။ မင်းတို့နှစ်ယောက်က အရမ်းပိန်ပါးပြီး သွယ်လျတာပဲ။ မင်းတို့က မိန်းမစိုး ဖြစ်ဖို့ အရမ်းသင့်တော်တယ်လို့ ငါထင်တယ်။ ငါ မင်းတို့ကို သင်းကွပ်ဖို့ နန်းတော်ထဲကို အရင်ပို့ပေးမယ်။”
သူက ပြောလိုက်ပြီးနောက် တစ်ယောက်ချင်းစီကို လက်တစ်ဖက်စီတွင် ဆွဲမလိုက်ပြီး ခေါင်းမိုးပေါ်သို့ ပျံတက်သွား လေသည်။
လူနှစ်ယောက်စလုံးက သူတို့မျက်လုံးထဲမှ အကြောက်တရားများကို အတော်ကြာသည်အထိ ဖုံးကွယ်မထားနိုင်တော့ပေ။
ချူးယီရဲ့ စကားများက ရိုးရှင်းသော်လည်း သူဆိုလိုတဲ့အဓိပ္ပါယ်ကို သူတို့နားမလည်နိုင်ဖို့ပဲ သူတို့မျှော်လင့်မိ၏။သူတို့ နားမလည်ချင်ဘူး ...
ဒီ၊ ဒီလူက တကယ်ပဲ နန်းတော်ထဲက လာတာလား...
ဆက်ရန် ______
Chapter 267
May 6, 2024 by Nay Chi Lynn
အပိုင်း ၂၆၇ -သူတို့ရဲ့ မျက်နှာပေါ်ကနေဖြတ်သွားတဲ့ အေးစက်သော အထိအတွေ့
လူနှစ်ယောက်ကို သယ်ဆောင်ထားရသော်လည်း ချူးယီ မြန်မြန် ပျံသန်းနိုင်သေးသည် ။
လျှပ်တပြက်အတွင်းမှာပဲ သူတို့ နန်းတော်ဆီသို့ ပြန်ရောက်လာ၏။
သူက သူတို့နှစ်ယောက်ကို စစ်မေးသည့်အခန်းထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်လေသည်။
ထင်ထားတဲ့အတိုင်းပင် ချူးချီက ဒီနေရာမှာ ရှိနေလေသည်။
ချူးယီက လူနှစ်ယောက်ကို သယ်လာတာကို မြင်သော်လည်း သူက အံ့ဩဟန်မပြပေ။
“ချူးချီ၊ မင်း ကစားဖို့ ဒီလူနှစ်ယောက်ကို ငါဖမ်းလာခဲ့တယ်။ အရမ်းမကြမ်းတမ်းနဲ့ ။ သူတို့ကို မထိခိုက်စေနဲ့ “
ချူးချီက ပိုးကောင်တောင်ပံကဲ့သို့ ပါးလွှာသော ဓားမြှောင်တစ်ချောင်းကို ကောက်ယူလိုက်သည်။
မီးရောင်အောက်တွင် အေးစက်ပြီးအရောင်တွေ တဖိတ်ဖိတ်လက်နေသော အလင်းတန်းများက ဓားမျက်နှာပြင်တွင် ရောင်ပြန်ဟပ်နေသည်။
ချူးချီက သူတို့နှစ်ယောက်ရှေ့သို့ လျှောက်လာပြီးနောက် ထိုင်ချလိုက်လေသည်။
“သူတို့မျက်နှာက လူသားမျက်နှာဖုံးလုပ်ဖို့အတွက် အရမ်းသင့်တော်တယ်”
“သူတို့က သင့်တော်တယ်လို့ ငါလည်းထင်တယ်။ဒါဆိုရင် ပြဲထွက်မသွားအောင်လို့ မင်း နည်းနည်းပိုပြီး သပ်သပ်ရပ်ရပ်လုပ်ဖို့တော့ လိုလိမ့်မယ်။ သူတို့မျက်နှာကနေ တစ်ခုလုံး ဆွဲခွာလိုက်တာက အကောင်းဆုံးပဲ။အဲ့လိုဆိုရင် ထွက်လာတဲ့ လူသားမျက်နှာဖုံးက တကယ်ကိုပြည့်စုံနေမှာ “
“အစက ငါ သူတို့နှစ်ယောက်ကို ကျောင်းချန်ဆီ လက်ဆောင်ပေးမလို့ ။ ဒါပေမယ့် မင်းက စိတ်ဝင်စားနေတယ်ဆိုတော့ အရင်ဆုံး မင်းကို လေ့ကျင့်ခိုင်းလိုက်မယ် “
ချူးချီက သူကို လှမ်းကြည့်လိုက်သော်လည်း ဘာမှမပြောပေ။ သို့သော် သူ့လက်ထဲမှ ဓားမြှောင်က ထိုလူနှစ်ဦး၏မျက်နှာပေါ်တွင် ဘယ်နေရာကနေ စပြီးဖြတ်ရင် ကောင်းမလဲလို့ တွေးနေသည့်အတိုင်း သွက်လက်စွာဖြင့် ဖြတ်သန်းနေ၏။
ထိုနှစ်ယောက်က ချူးယီနဲ့ ချူးချီတို့၏ စကားကိုကြားပြီးကတည်းက အလွန် ကြောက်လန့်နေတာဖြစ်သည် ။
ယခုအချိန်တွင်တော့ သူတို့မျက်နှာပေါ်ရှိ အေးစက်သော အထိအတွေ့ကြောင့် သူတို့ရဲ့ သွေးတွေ ပြောင်းပြန်စီးဆင်းသွားရသကဲ့သို့ သူတို့ခံစားလိုက်ရသည်။
ဒီကလေးက ဘယ်ကနေ လာခဲ့တာလဲ။ ဘာလို့ ဒီလောက်ထိ အကြောက်အလန့်မရှိရတာလဲ ။
ဒီအခန်းထဲက ညှည်းပန်းနှိပ်စက်သည့် ပစ္စည်းကိရိယာများကို အနီးကပ်ကြည့်လိုက်မယ်ဆိုရင် ၎င်းတို့မှာ သွေးများ စွန်းထင်းနေတာကို တွေ့မြင်ရမည်ပင် ဖြစ်၏။
သူတို့နှစ်ယောက်က ကမ္ဘာကြီးကို မြင်ဖူးပေမယ့် ယခုတွင်တော့ သူတို့မျက်နှာက ကြောက်လန့်ပြီးဖြူဖျော့ရလောက်အောင်အထိ ထိတ်လန့်နေရ၏။
သူတို့ထဲက တစ်ယောက်က မနေနိုင်ဘဲ အော်ပြောလိုက်သည်။
ချူးယီ ထိုအရာကို ကြားတော့ သူတို့ကို အကြောမပိတ်လိုက်မိသဖြင့် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားရသည် ။ သို့သော် ချက်ချင်းပင် သူ့မျက်နှာက ပြုံးနေသည့် အမူအရာ အဖြစ်ပြောင်းသွားလေ၏ ။
“ငါတို့ ဘာလုပ်ချင်နေတာလဲဆိုတာ မင်းတို့ ခုထိ နားမလည်သေးဘူးလား”
သူတို့နှစ်ယောက်မှာ ရိုးတွင်းခြင်ဆီထဲအထိ အေးစိမ့်သွားမတတ်ခံစားလိုက်ရကာ ရုတ်တရက် အချင်းချင်း ကြည့်လိုက်မိကြသည်။ သူတို့ရဲ့ သွားထဲတွင် ဖွက်ထားသော အဆိပ်ကို ဝါးစားရန် ကြံစည်လိုက်စဉ် အေးစက်နေသော အလင်းရောင်တစ်ခုက သူတို့မျက်စိရှေ့မှာပဲ ဖြတ်ခနဲ လက်သွားသည်။
“အား ------“
သူတို့နှစ်ယောက်လုံးရဲ့ ပါးစပ်အတွင်းမှာ အနီရောင်သွေး များထွက်လာပြီး နာကျင်မှုကြောင့် နှစ်ယောက်သား အော်ဟစ်လိုက်ကြသည်။
ထိုအချိန်မှာပဲ အနက်ရောင် အဆိပ်ဆေးလုံးသေးသေးလေး နှစ်လုံးက ထွက်လာသည်။
ချူးချီက ဆေးပြားတွေကို တစ်ချက်ပင်မကြည့်ဘဲ ထိုသူတို့ခန္ဓာကိုယ်ပေါ်မှ အဝတ်များဖြင့် သွေးစွန်းနေသည့် ဓားမြှောင်ကို သုတ်လိုက်သည်။
သူက လုံးဝမရပ်တန့်ပါဘဲ ဓားမြှောင်ပေါ်တွင် သွေးအစွန်းအထင်းများ တစ်စက်မှ မကျန်ရှိရလေအောင် ဂရုတစိုက် သုတ်နေလေသည်။
ချူးယီက ထိုင်ချလိုက်ပြီး မြေပြင်ပေါ်က အဆိပ်ဆေးလုံးကို ကြည့်လိုက်သည်။
“သူတို့က တကယ်ပဲ သူတို့ သွားထဲမှာ အဆိပ်ဖွက်ထားတာလား”
ချူးချီက သူ့ကိုတစ်ချက် ကြည့်လိုက်ပြီး မတ်တပ်ထရပ်လိုက်ပြီး ပြန်ဖြေရမှာကိုပင် ပျင်းရိနေမိလေသည် ။
ချူးယီရဲ့အသံက အရမ်းကိုအံ့ဩနေပုံရပြီး ဒီကိစ္စကို နားလည်နိုင်သည့် အသံ ဖြစ်နေလေသည်။
ချူးယီက ရုတ်တရပ် မတ်တပ်ရပ်လိုက်ပြီး ချူးချီကို ကြည့်ကာ ပြင်းပြင်းထန်ထန် ပြောလာ၏။
“သူတို့နှစ်ယောက်က ငါ့နောက် လိုက်လာကြတာ။ သူတို့ရဲ့ ရည်ရွက်ချက်က ဘာဖြစ်မယ်လို့ မင်းထင်လဲ”
ဒီတစ်ခါတွင်တော့ ချူးချီ သူ့ကို အကြည့်တစ်ချက်ပင် မစွန့်ကြဲချင်တော့ပါပေ။
ချူးယီက သူ့မေးစေ့ကို ထိကိုင်လိုက်ပြီး သေချာ တွေးတောနေလေသည်။
ချူးချီက ချူးယီ ယခုလိုမျိုး ပူညံပူညံလုပ်နေတာကို သည်းမခံနိုင်တော့တာမို့ သူ့ကို ဒေါသဖြင့် ကြည့်လိုက်သည်။
“ငါ့ကိုမေးမယ့်အစား မင်းသူတို့ကို တိုက်ရိုက်စစ်မေးလိုက်တာက ပိုကောင်းတယ် “
“ဟုတ်သားပဲ မင်း ငါ့ကို သတိပေးလိုက်တာပဲ “
ထို့နောက် သူက မြေပြင်ပေါ်တွင် နာကျင်မှုကြောင့် လဲကျနေသော လူနှစ်ယောက်ကို ဆွဲလိုက်ကာ ဘေးက သစ်သားဘောင်တွင် သူတို့ကို ချည်လိုက်သည်။
ချူးချီက စစ်မေးသည့် ထိုင်ခုံတွင် ထိုင်နေပြီး သူ့ဓားမြှောင်ဖြင့် ကစားနေလေသည်။
“ဒီအခန်းထဲမှာ နှိပ်စက်ညှင်းပန်းတဲ့ ပစ္စည်းကိရိယာတွေနဲ့ ပြည့်နေတာ မင်းတို့တွေ့တယ်မလား။ ငါတို့မေးမယ့် မေးခွန်းတွေကို သေသေချာချာ ဖြေရင်ကောင်းလိမ့်မယ်။ မဟုတ်လို့ရင်တော့ ဒါတွေက မင်းတို့သွားတွေကို နှုတ်တာလောက် ရိုးရှင်းမှာ မဟုတ်တော့ဘူးဆိုတာ မင်းတို့သိသင့်တယ် “
ဆက်ရန် ______
Chapter 268
May 6, 2024 by Nay Chi Lynn
အပိုင်း ၂၆၈ - စိတ်နှလုံးကို တုန်လှုပ်စေနိုင်လွန်းတယ်
ချူးယီရဲ့အသံက မှောင်မည်းနေသည့် နှိပ်စက်ညှင်းပန်းတဲ့ အခန်းထဲတွင် ထွက်ပေါ်လာပြီး ထိုလူနှစ်ယောက်ကို ကြောက်လန့် တုန်လှုပ်သွားစေသည်။
သူတို့က သေရမှာ မကြောက်ပေ ။ သို့သော် သူတို့ရဲ့ စိတ်နှလုံးကို တုန်လှုပ်စေနိုင်လွန်းတဲ့ ဘယ်လိုမျိုး ကြောက်စရာ ခံစားချက်များက သူတို့ကို စောင့်ဆိုင်းနေမလဲဆိုတာ သူတို့မသိရပေ။
သူတို့ရှေ့မှာ စကားပြောနေသည့် ထိုလူက ကြောက်လန့်စရာ မကောင်းဘဲ စစ်မေးသည့် ထိုင်ခုံပေါ်တွင် ထိုင်နေသော ထိုလူကသာ .........တကယ်ကြောက်ဖို့ကောင်းကြောင်း သူတို့ပါးစပ်ထဲမှ နာကျင်မှုက သူတို့ကို သတိပေးနေ၏။
ယခုလေးတင် ဖြစ်ပျက်သွားခဲ့သည့် ထိုလူရဲ့ ချောချောမွေ့မွေ့ နဲ့ ရှင်းလင်းလွန်းလှသော လုပ်ရပ်အကြောင်း တွေးမိသောအခါတွင်တော့ သူတို့ ကျောရိုးတစ်လျှောက်လုံး အေးစိမ့်သွားရတော့သည်။
အစက သူတို့ ပါးစပ်ထဲမှာ ဝှက်ထားတဲ့ အဆိပ်ကို ကိုက်ပြီး သူတို့ကိုယ်သူတို့ သတ်သေချင်ခဲ့ကြသည်။ သို့သော်လည်း သူတို့ပါးစပ်လှုပ်မိသည့် အချိန်ခဏလေးမှာပင် ထိုကောင်လေး၏ လက်ထဲရှိ ဓားမြှောင်က သူတို့ပါးစပ်ထဲတွင် ရှာဖွေပြီးသား ဖြစ်နေလေပြီး သူတို့ ဘာမှ မတုံ့ပြန့်နိုင်ခင်မှာပင် သူတို့သွားများကို ဖြတ်တောက်ပစ်လိုက်၏။
သူ့ပါးစပ်က သွေးများဖြင့် ပြည့်နေပြီး သူ ပါးစပ်ဖွင့်လိုက်သည် နှင့်တပြိုင်နက် သွေးများက လျှံထွက်လာပြီး အလွန် ကြည့်ရဆိုးလေသည်။
“ မင်းတို့ ဘာလို့ ငါ့နောက်ကို လိုက်နေကြတာလဲ။မင်းတို့ကို ဘယ်သူ ခိုင်းတာလဲ။”
သူတို့နှစ်ယောက်၏ စိတ်ပျက်စရာ အခြေအနေကို မတွေ့မြင်ရသကဲ့သို့ပင် ချူးယီက သူလက်သည်းရှည်များကို လေမှုတ်နေပြီး ၎င်းတို့ကို ပြီးရင် ညှပ်ပစ်ရမည်ဟု တွေးနေလေ၏။
“ဘယ်သူကမှ ကျွန်တော်တို့ကို မခိုင်းပါဘူး။ ကျွန်တော်တို့ကသာ စပ်စုလွန်းတာပါ ။အမှန်အတိုင်းပြောရရင် မြို့စားမိသားစုရဲ့ ပြိုင်ပွဲ ပထမနေ့ ကတည်းက ကျွန်တော်တို့ မင်းကို သတိထားမိနေတာ။ မင်းက အရမ်း အံ့ဩဖို့ကောင်းတယ် လေးရက်တောင်ရှိနေပြီ မင်းကို ဘယ်သူမှ မရိုက်နိုင်သေးတဲ့အပြင် မင်းနေရာကိုလည်း ဘယ်သူမှ အစားမဝင်နိုင်သေးဘူး “
“ဒါပေမယ့် မြို့စားမင်းရဲ့ သားမက်ဆိုတဲ့ ဂုဏ်ပုဒ်က အရမ်းနာမည်ကြီးနေတာ။ လူတချို့က အနိုင်ရတဲ့သူ မဖြစ်နိုင်မှန်းသိပေမယ့် ပထမဆုရဖို့ကို ကြိုးစားကြည့်ချင်နေကြတာပဲ။ လူတွေအများကြီးကလည်း ကျွန်တော်တို့နဲ့ လာဆက်သွယ်ကြတယ် ။ ကျွန်တော်တို့က မြို့စားမင်းရဲ့ သားမက် ဖြစ်ချင်ရုံလေးပါ ။ သူများတွေပြောသလိုမျိုး မင်းရန်သူကိုသိတာနဲ့ မင်းကိုယ်မင်းသိလာလိမ့်မယ် ။ပြိုင်ပွဲတွေ ရာချီရှိလာရင်တောင် ကြောက်စရာမလိုတော့ဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့က မင်းရဲ့အားနည်းချက်ကိုရှာဖို့ မင်းနောက်လိုက်လာကြတာပါ “
အခြားတစ်ယောက်က စိတ်ရင်းအမှန်၊ရိုးသားသောပုံစံနှင့် အရင်ပြောလေသည်။
ချူးယီက ထိုသို့သော ဖြေရှင်းချက်ကို ကြားလိုက်ရ၍ ဤကိစ္စအပေါ် ပေါ့ပေါ့တန်တန်ဖြစ်သွားသည်။
သူ ခေါင်းညိတ်လိုက်ပြီး စိတ်မကောင်းသော အသံဖြင့် ပြောလေသည်။
“အစ်ကို ပြောတာမှန်တယ်။ ကျွန်တော်က အရမ်းတော်တာ။ လေးရက်ရှိနေပြီ ကျွန်တော် အခုထိ ပြိုင်ဘက် မတွေ့သေးဘူး။ အရမ်း အထီးကျန်တာပဲ”
ချူးချီ သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ခေါင်းငုံ့လိုက်ကာ ဓားမြှောင်ကို ဆက်ကစားနေလေသည်။ ချူးယီရဲ့ စွမ်းအားနဲ့ သိက္ခာက ဒီနေ့နောက်ဆုံးဖြစ်သည်။ မနက်ဖြန် ဆရာသာ ပေါ်လာတာနဲ့ ချူးယီ ခံရမယ်ဆိုတာ အကြွင်းမဲ့ပင်ဖြစ်၏။
စိတ်ညစ်လိုက်တာ ။ ဒီကမ္ဘာပေါ်မှာ ဒီလောက် စိတ်ရှုပ်စရာကောင်းတဲ့ နှစ်တွေကို သူ ဖြတ်သန်းခဲ့ရတာတောင် ဒီလောက်အရှက်မဲ့တဲ့သူမျိုး သူမကြုံဖူးပေ။
သူ့စိတ်ထဲတွင် ဒေါသတကြီး ဝေဖန်နေမိသော်လည်း သူ့မျက်နှာပေါ်ရှိ လေးစားအားကျသည့် အကြည့်ကတော့ ပို၍ပင် သဘာဝကျစွာ ထွက်ပေါ်လာ၏။
“ဟုတ်တာပေါ့ ကျွန်တော့်ရဲ့ သူရဲကောင်းကြီး ။ ခင်ဗျားက အရမ်း အံ့ဩဖို့ကောင်းတယ်။ ကျွန်တော် သိုင်းလောကမှာ ကျင်လည်လာတာ နှစ်များစွာကြာပြီ။ မင်းလိုလူမျိုး အခုထိမတွေ့ဖူးသေးဘူး “
ချူးယီရဲ့ မျက်နှာအမူအရာက မပြောင်းလဲပါဘဲ သူက ထိုလူ့ကို ကြည့်လိုက်သည်။
“ မင်း ငါ့ကို လှောင်နေတာလား။ “
ထိုလူ : “.........”
ထိုလူရဲ့ တိတ်ဆိတ်မှုက ချူးယီကို ပိုပြီးဒေါသဖြစ်စေ၏။ ဒီလိုမျိုး မြှောက်ပင့်တဲ့ စကားလုံးအတုတွေကို ဘယ်လိုများ ဟောင်ဖွာဟောင်ဖွာ ပြောနိုင်ရတာလဲ။
သူက သူ့ရဲ့ထူထဲသော ဓားရိုးဖြင့် ထိုသူ့ခေါင်းကို ပုတ်လိုက်သည်။
“အသက်ရှင်ရတာ ပင်ပန်းနေပြီလား ကောင်စုတ်လေး ။မင်းအဘိုး ချူးယီကို ဘယ်လိုတောင်ဟာသ လုပ်ရဲရတာလဲ ။ ဘယ်သူက ကြိုးကိုင်နေတာလဲဆိုတာ ဖြေစမ်း ။မဟုတ်ရင် မင်းတို့ရဲ့ အင်္ဂါတွေကိုဖြတ်ပြီး နှစ်ယောက်လုံးကို မိန်းမစိုးဖြစ်အောင် လုပ်ပေးမယ် “
သူက စကားပြောပြီးသည့်နောက်တွင် သူ့လက်ထဲမှ ဓားကိုအောက်သို့ ထိုးချလိုက်သည်။ ထိုလူက စူးစူးဝါးဝါး အော်ဟစ်လာ၏။
အခြားလူကလည်း ၎င်းကို မြင်လိုက်ရတဲ့အခါတွင်တော့ နေရာမှာပင် ချက်ချင်း ဘောင်းဘီထဲမှ သေးများ ထွက်ကျသွား၏။
အနံ့ဆိုးကြီး ပျံ့လွင့်လာသောအခါတွင် နှိပ်စက်သည့်ခုံတွင် ထိုင်နေသည့် ချူးချီက မျက်မှောင်ကြုပ်လိုက်ပြီး စကားတစ်ခွန်းမျှ မပြောပါဘဲ ထွက်သွားလေသည်။
ချူးယီလည်း ထွက်သွားချင်လေသည်။ သို့သော် သူသိချင်သော အကြောင်းအရာကို မမေးရသေးပေ။ အခု သူထွက်သွားပါက သူတို့ကို သက်သာအောင်လုပ်ပေးသကဲ့သို့ ဖြစ်သွားပေမည်။ နောက်တစ်ခါ သူတို့ကို အမှန်ပြောအောင် စစ်မေးနိုင်ဖို့က အလွန် ခက်ခဲသွားပေလိမ့်မည်။
ချူးယီ သူ့နှာခေါင်းနှင့် ပါးစပ်ကို လက်ကိုင်ပုဝါဖြင့် ဖုံးလိုက်ပြီး သူ့ကြောင့် အဖြတ်ခံလိုက်ရသော ထိုလူကို လျစ်လျူရှုထားလိုက်ပြီး သေးထွက်ကျခဲ့သော လူဘက်သို့ လှည့်ကြည့်လိုက်သည်။
“ မင်း သူ့လို မဖြစ်ချင်ရင် ပိုပြီးရိုးရိုးသားသား ဖြေသင့်တယ် “