← Chapters

အခန်း (၂၆၉-၂၇၁)

Vol. 6 Ch. 269-271

အခန်း (၂၆၉-၂၇၁)

Vol. 6 Ch. 269-271

အပိုင်း ၂၆၉

လူများအား စား‌တော့မည့် ပုံစံကဲ့သို့ အကြည့်

ကြောက်လန့်ပြီး ဆီးထွက်သွားသောသူမှာ အခြားတစ်‌ဦးကဲ့သို့ မခက်ခဲပေ။ ထိုသူ၏ ဝမ်းနည်းဖွယ် အခြေအနေအား မြင်သည့်အခါ နောက်ဆုံးလက်ကျန် ဇွဲလုံ့လသည်လည်း ပျက်ပြားသွား‌တော့သည်။

“ ကျွန်တော်၊ ကျွန်တော် ပြောပါ့မယ် ...........။

…….

ဟုန်ရှို့အချိန်တော်တော်ကြာ စောင့်နေခဲ့သော်လည်း သူမ စောင့်နေသည့်လူက ပေါ်မလာပေ။ တစ်ခုခု ဖြစ်နေ‌ပြီဆိုသည်အား သူမ သိလိုက်ရသောအခါ အရှေ့နန်းတော်သို့ အမြန် ပြန်သွားတော့သည်။

သို့သော်လည်း နောက်မှလိုက်ရန် လွှတ်လိုက်သည့် လူနှစ်ယောက်မှာ အရှေ့နန်းတော်ရှိ ထိပ်တန်း လူသတ်သမားများ မဟုတ်သော်လည်း ကျွမ်းကျင်သော နောက်ယောင်ခံလိုက်သူများ ဖြစ်ပေသည်။ ပင်ကိုအားဖြင့် သူတို့က အားမနည်းကြပေ။

သူတို့နှစ်ယောက်စလုံး တစ်ခါမှ မလွဲချော်ခဲ့ဘူးပေ။ ထိုသို့ဆိုလျှင် ဘာကြောင့် သူတို့အခုထိ ပြန်မလာသေးတာလဲ။

သို့သော်လည်း သူမ အရမ်း စိုးရိမ်နေခြင်းတော့ မရှိပေ။ အရှေ့နန်းတော်သည် လူသတ်သမားများအား တင်းတင်းကျပ်ကျပ် လေ့ကျင့်ပေးထားပေသည်။ ထို့အပြင် သူ့တို့ တာဝန်သွားလုပ်သောအခါတွင်လည်း အရေးပေါ် အခြေအနေများတွင် အသုံးပြုရန်အတွက် သူတို့အသီးသီး၏ သွားထဲ၌ အဆိပ် ဖွက်ထည့်ပေးထားသည်။ ကံမကောင်း၍ အဖမ်းခံခဲ့ရပါက အဆိပ်ကိုက်၍ သူတို့ကိုယ် သူတို့ သတ်သေနိုင်ပေသည်။

ထို့အပြင် နောက်ဆုံးအကြိမ်က ချိန်ရွှီးပင်သည် ကျွေ့ရှန်းကဲရှိ လူသတ်သမားအားလုံးကို ပြောင်းရွှေ့ပြီးသွားပြီဖြစ်သဖြင့် ခြေရာလက်ရာလည်း မကျန်တော့ပေ။ သူတို့နှစ်ယောက်သာ လွှဲချော်သွားခဲ့ပါလျှင်လည်း အခြားသူလက်ထဲ ကျရောက်သွားမည်အား သူမ မစိုးရိမ်ပေ။

ထိုအချက်အားတွေးမိသည့်အခါ ဟုန်ရှို့၏ တုန်လှုပ်နေသော နှလုံးသားသည်လည်း ‌တဖြည်းဖြည်းချင်း တည်ငြိမ်သွားတော့သည်။သူတို့နှစ်ယောက်သာ ရှာတွေ့ခံလိုက်ရပြီး အခြားသူလက်ထဲ ကျရောက်သွားပါကလည်း ထိုသူတို့ လျှို့ဝှက်ချက်များ ဖွင့်ပြောလိုက်မည်ကို သူမ မစိုးရိမ်ပေ။

ဟုန်ရှို့ စိတ်ထဲ လန့်သွားပြီး သူမ ဦးရေပြားများ တင်းကျပ်သွားသော်လည်း ရှေ့သို့တိုးသွားလိုက်သည်။

သူမက ခိုင်းလိုက်တဲ့အလုပ်ကို ကျရှုံးခဲ့တာ မင်းသမီး သိသွားပြီလား။သူမစိတ် တည်ငြိမ်‌အောင် လုပ်လိုက်ပြီး ရှင်းပြခါနီးတွင် လုယွင်ရွှမ်းမှ သွားကြိတ်ကာ ရက်ရက်စက်စက် ပြောသည်အား ကြားလိုက်ရသည်။

“ နောက်ဆုံးအကြိမ်က ခြံဝန်းထဲမှာ အလှလေးတွေ လိုနေတယ်လို့ ငါမပြောဘူးလား။ ချိန်ချီးယွီ ထွက်သွားအောင် နည်းလမ်းတစ်ခု အမြန် ရှာ။ ဒီအတောအတွင်း ငါ သူမကို ထပ်မမြင်ချင်ဘူး။ “

ဟုန်ရှို့အံ့ဩသွားလေသည်။ မင်းသမီးက ဘာတွေ ဖြစ်နေတာလဲ။ အတိအကျ ဘာတွေ ဖြစ်သွားတာလဲ။ချိန်ချီယွီမှာ နန်းတွင်းအပျိုတော် မဟုတ်သောကြောင့် စုံစမ်းစစ်ဆေးခြင်းမခံရဘဲ သူမ ထွက်သွားရန် ‌အကြာင်းပြချက်အား ဖန်တီးလို့မရနိုင်ပေ။

ချိန်ချီးယွီသည် ချိန်ကော်ကုန်းစံအိမ်၏ ကိုယ်လုပ်တော်သမီး ဖြစ်နေသော်လည်း သူမမိခင်မှာ နည်းလမ်းများစွာ ကြံဆနိုင်သူ ဖြစ်သည်။ ထို့ကြောင့်လည်း ချိန်ချီးယွီသည် ချိန်ကော်ကုန်းစံအိမ်၌ ကျော်ကြားနေခြင်း ဖြစ်သည်။

“ မင်းသမီး၊ ချိန်ချီးယွီက စိတ်ရှုပ်စရာကောင်းတယ်ဆိုပေမဲ့လည်း သူမက မင်းသားရဲ့ ကိုယ်လုပ်တော် ဖြစ်နေသေးတယ်လေ။ အခြား အာဏာမဲ့တဲ့ အပျိုတော်တွေလို မဟုတ်ဘူး။ မလိုလားတဲ့ သူတွေရဲ့ အာရုံစွဲဆောင်မိပြီး ဒုက္ခများမှာ စိုးရိမ်မိတယ်။ “

လုယွင်ရွှမ်းသည် သူမကိုယ်တွင်းမှ ဒေါသမီးများကြောင့် မွန်းကျပ်နေပြီ ဖြစ်သည်။ ထိုအချိန်တွင် ဟုန်ရှို့၏ စကားများအား ကြားလိုက်ရသည့်အခါ ရုတ်တရက်ဆန်စွာ သူမက လက်မြောက်၍ ရိုက်လိုက်‌တော့သည်။

ဟုန်ရှို့သည် ပြင်းထန်သည့် အင်အားဖြင့် အရိုက်ခံလိုက်ရသဖြင့် သူမ၏ပါးတစ်ဖက်မှာ ရဲရဲနီသွားပြီး နှုတ်ခမ်းထောင့်မှ သွေးများ ထွက်လာတော့သည်။ဟုန်ရှို့မှာ အတွေးဗလာ ဖြစ်သွားလေသည်။

“ငါက အဲ့ဒါကိုတောင် မသိဘူးလို့ နင်ထင်နေတာလား။ နင် ငါ့ကို ဆရာလုပ်စရာ မလိုဘူး။ “

လုယွင်ရွှမ်းသည် သူမကို ဒေါသဖြင့် ကြည့်လိုက်ပြီး ငေးကြောင်နေသေးသည့် သူမအား ထပ်ရိုက်လေသည်။သူမ၌ တစ်ချို့သော အရည်အချင်းများ ရှိနေသေးခြင်းကြောင့်သာ မဟုတ်ပါက သူမအပေါ်သို့ ဒေါသအားလုံး ပုံချမိပေလိမ့်မည်။ဆိုးလိုက်တဲ့ အစေခံ။သူမအား နည်းနည်းလောက် မျက်နှာသာပေးလိုက်သည်နှင့် သူမကိုယ်သူမ သခင်ဖြစ်သွားပြီးဟု ထင်နေလေသည်။အသိအမှတ် မပြုသင့်တဲ့ ဈေးပေါပေါ အစေခံ။ဟုန်ရှို့သည် သူမမျက်နှာထက်မှ နာကျင်မှုအား လျစ်လျူရှု၍ ထိတ်လန့်ကြောက်ရွံစွာ ဒူးထောက်ချလိုက်သည်။

လုယွင်ရွှမ်းက သူမလက်ချောင်းများအား ခါလိုက်သည်။ ခုနက သူမသည် အားပြင်းပြင်း ရိုက်လိုက်မိသဖြင့် သူမလက်ချောင်းထိပ်များပင် နာကျင်နေခဲ့သည်။

“ ဒီအစေခံ သိပါပြီ။ ချိန်ချီးယွင် ထွက်သွားအောင် ဒီအစေခံ သင့်တော်တဲ့ အခွင့်အရေး ရှာလိုက်ပါမယ်။ “

ထိုစကားကြောင့် လုယွင်ရွှမ်းစိတ်ထဲမှ ဒေါသ အနည်းငယ် ပြေသွားလေသည်။ သူမသည် လက်အားဆန့်လိုက် သူ ဟုန်ရှို့အား သူမကိုယ်တိုင် ဆွဲထူပေးလိုက်သည်။ သူမက နီရဲပြီး ဖူးရောင်နေသည့် မျက်နှာအား ထိလိုက်ပြီး ညင်သာစွာ ပြောသည်။

“ နာနေသေးလား။ “

ဆက်ရန် ______

Chapter 270

May 7, 2024 by Nay Chi Lynn

အပိုင်း ၂၇၀

ဝမ်းနည်းကြေကွဲခြင်း

ဟုန်ရှို့စိတ်ထဲ ကြောက်လန့်သွားလေသည်။မင်းသမီး သူမကို ရိုက်သည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။နောက်ဆုံးအခေါက်နှင့် တူတူပင် ဖြစ်သည်။

သူမသည် ငယ်စဉ်ကတည်းက မင်းသမီးဘေး၌ ခစားလာခဲ့ခြင်း ဖြစ်သည်။ မင်းသမီး၏ စိတ်တိုလွယ်ပြီး ဒေါသထွက်တတ်သော အမူအကျင့်ကို သူမ သိပေသည်။

သူမဒေါသထွက်သည့် အချိန်တိုင်း သူမနားတွင် အမှုထမ်းနေသည့်သူများက ဒုက္ခခံရလေသည်။မင်းသမီးသည် အခြားမိန်းကလေးများအား ရှင်းပစ်သည်ကို သူမ ကြည့်ခဲ့နေ‌လေ့ရှိသည်။ ထိုစဥ်က ခံစားရသူမှာ သူမ မဟုတ်သဖြင့် သူမက ဘေးမှ ရပ်ကြည့်နေနိုင်ခဲ့‌သည်။

သို့သော် ယခုတွင်မူ သူမက အထိုးနှက်ခံအိတ် ဖြစ်လာသည့်အခါ၌ သူမ ခံစားချက်များ ကွဲပြားသွားတော့သည်။

သူမသည် မင်းသမီးအတွက် အပင်ပန်းခံ အလုပ်ရှုပ်ခံပြီး ပြေးလွှားပေးခဲ့ရသည်ကို စဉ်းစားမိသည်။ သို့သော်လည်း မင်းသမီးမှာမူ သူမ ဒေါသထွက်သည့်အခါ သူမအား စိတ်တိုင်းကျ ရိုက်နှက် ဆူပူခဲ့သည်။ သူမ အနည်းငယ် မကျေမနပ် ဖြစ်မိပေသည်။

သူမသည် အမြဲတမ်း အရိုက်ခံနေရခြင်းတော့ မဟုတ်ပေ။ အခြားသော ချိုမြိန်ဖွယ် နေ့ရက်များမှာ သူမ ဒဏ်ရာအား ကုစားနိုင်ပေသည်။မင်းသမီးမှာ အရမ်းလွန်လှသည်။

သူမ ခေါင်းငုံထားသည်အား မြင်သည့်အခါ လုယွင်ရွှမ်းက ဘာမှမပြောဘဲ နှုတ်ခမ်းထောင့်မှ မဲ့ပြုံး ပြုံးလိုက်သည်။ဒီ အသုံးမကျသည့်အစေခံက သူမကိုယ်သူမ ဘာဆိုတာကို ‌မစဉ်းစားဘဲ သူမအား လျစ်လျူရှုဝံ့လေသည်။

သို့သော် လူတစ်ယောက်က သူမအတွက် စိတ်ပါလက်ပါ အလုပ် လုပ်ပေးသည်အား လိုချင်ပါက သူ့နှလုံးသားကို အရင် အနိုင်ယူရန်လိုအပ်ကြောင်း သူမ‌ကောင်းကောင်း သိပေသည်။ဤသည်မှာ ချိန်ရွှီးပင် ကဲ့သို့ပင် ဖြစ်သည်။

သူမသည် အရာရာအား လွယ်လင့်တကူ ဆောင်ရွက်နိုင်‌ပေသည်။မကြာမီ သူမက မျက်လုံးများအား နီရဲ‌အောင် လုပ်၍ ငိုသံဖြင့် ပြောလိုက်သည်။

“ ဟုန်ရှို့၊ ငါ အရမ်း ဝမ်းနည်းတယ်။ ငါတောင်းပန်ပါတယ်။ ငါ နင့်ကို နာကျင်အောင် လုပ်မိတယ် ......”

ဟုန်ရှို့သည် ၎င်းအား မြင်သည့်အခါ သူမစိတ်ထဲ ဘာကိုမှ မခံစားလိုက်ရပေ။သူမ မင်းသမီးအား သိလာခဲ့သည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ သူမသည် နေ့တိုင်း မင်းသမီးအား ကိုယ်တိုင် အမှုထမ်းလာခဲ့သဖြင့် သူမ၏ လှည့်ကွက်အားလုံးကို ကောင်းကောင်းသိလေသည်။

သို့သော်လည်း မင်းသမီးက ထိုကဲ့သို့ ပြုမူသည်အား မြင်သည့်အခါ သူမစိတ်ထဲရှိ မကျေနပ်မှုသည် နောက်ဆုံးတော့ လွင့်စင်ပပျောက်သွားခဲ့သည်။အဆုံးတွင်တော့ မင်းသမီးမှာ သူမ၏သခင်မသာ ဖြစ်သည်။ ဤဘဝတွင်တော့ မင်းသမီးနောက်လိုက်ပြီး ခစားရန်မှတစ်ပါး သူမအတွက် အခြားရွေးချယ်စရာ မရှိပေ။

ထို့ကြောင့် မင်းသမီး ကောင်းကောင်းမွန်မွန် ရှိမှသာ သူမလည်း ‌ကောင်းကောင်း နေနိုင်ပေလိမ့်မည်။ထို‌အကြောင်းအား တွေးမိသည့်အခါ သူမကိုယ် သူမ အားပေးလိုက်ပြီး မင်းသမီးလက်အား ကိုင်၍ စိတ်သက်သက်သာသာဖြင့် ပြောလိုက်သည်။

“ မင်းသမီးက မင်းသားကြောင့် မှားယွင်း ခံစား‌နေရတာလား။ “

လုယွင်ရွှမ်း ခေါင်းညိတ်လိုက်ပြီး နေ့လည်က ဖြစ်ပျက်သွားသော ‌အကြောင်းအား ပြန်ပြောပြလိုက်သည် ။

၎င်းအား ကြားသည့်အခါ ဟုန်ရှို့ မျက်မှောင်ကြုပ်သွားလေသည်။မင်းသမီးက အရမ်း တုံးအနေတာပဲ။သူမသည် မင်းသားမှာ သူမအပိုင်လို့ တကယ်ကြီး တွေးထင်နေတာလား။ သူမက သူ့အား အလွန် ချစ်မြတ်နိုးနေတယ်ပေါ့။မင်းသမီးသည် လက်ရှိအခြေအနေအား မကြည့်ဘဲ အလွန်ပင် မာနကြီးဝံ့နေလေသည်။

သူမသည် မင်းသားက အခြားအမျိုးသမီးနှင့်အတူ ကုတင်ပေါ်မှာ လဲလျောင်းနေသည်အား မြင်ခဲ့သော်လည်း သူမ မတရားခံရမည်အား မင်းသားမှ မကြည့်နိုင်သဖြင့် တခြားအမျိုးသမီးကို ထားခဲ့ပြီး သူမနောက် လိုက်လာမည်ဟု ထင်နေခဲ့သည်။

တုံးလိုက်တာ!

အခုမှာ ယခင်နှင့် မတူတော့ပေ။ ယခုအချိန်၌ အရှေ့နန်းတော်အား အိမ်ရှေ့မင်းသားမှ ချုပ်ကိုင်နေခြင်း မဟုတ်တော့ပေ။ အသစ်ရောက်လာသည့်လွယ်လင့်တကူ ကိုင်တွယ်ဖြေရှင်းလို့ မရသော မိန်းမလှလေးများနှင့် ပြည့်နှက်နေ‌ပေသည်။

သူမတို့သည် ကိုယ်လုပ်တော်များ ဖြစ်လာကြသော်လည်း သူတို့ သက်ဆိုင်ရာအိမ်တော်များတွင် ကြီးပြင်းလာကြခြင်းဖြစ်သည်။ မည်သည့်နည်းလမ်းမှ မရှိဘူးဆိုသည်မှာ လုံးဝမဖြစ်နိုင်ပေ။

သူတို့၏ ယခု အနေအထားများမှာ နိမ့်နေ‌ကြသော်လည်း သူတို့မှာ မွေးကတည်းက အလိုလိုက်ခံထားခဲ့ရခြင်းဖြစ်သည်။ သူတို့သည် စံအိမ်၌ မားမားမတ်မတ် ရပ်တည်နိုင်သည့်အပြင် သူတို့ကိုယ်တိုင်မှာလည်း ရိုးစင်းသည့်သူများ မဟုတ်ပေ။

အထူးသဖြင့် အမျိုးသမီး ချိန်ချီးယွီပင် ဖြစ်သည်။မထင်မှတ်ဘဲ သူမသည် မင်းသမီး ရှိ‌နေချိန်တွင်တောင် မင်းသားအား ခစားနိုင်လေသည်။ ၎င်းမှာ သာမန်နည်းလမ်းများနှင့်တော့ မဖြစ်နိုင်ပေ။ထို့အပြင် မင်းသားမှာ လက်ထပ်ပြီးကတည်းက သူကိုယ့်သူ အမြဲ ထိန်းချုပ်နေခဲ့သည်။ သူသည် မင်းသမီးနှင့်တောင်မှ နေ့လည်တွင် အတူနေတာ ရှားပါးလှသည်။ ဒီတစ်ခေါက်ကျ ဘာလို့ နေ့လည်ခင်းကြီးမှာတောင် ချိန်ချီးယွီနှင့် အတူရှိနေတာလဲ။

သူမစိတ်ထဲတွင် သံသယဝင်မိလာသည်။

“ မင်းသမီး ပထမဆုံး စိတ်ကို တည်ငြိမ်အောင် ထားပါ။ တစ်ခုခု ထူးဆန်းနေတယ်လို့ ဒီအစေခံ ခံစားမိတယ်။ ဒီကိစ္စက ထင်သလောက် မရိုးရှင်းမှာကို ကျွန်မစိုးရိမ်တယ်။ “

လုယွင်ရွှမ်း မျက်လုံးထောင့်ကို ပုဝါဖြင့် သုတ်လိုက်ပြီး သူမ စိတ်လှုပ်ရှားသွားတော့သည်။

“ နင် ဆိုလိုတာက ချိန်ချီးယွီ၊ ဒီကောင်မ က မင်းသားကို ဆေးကျွေးတယ်လား။ “

သူမသည်လည်း လုံချီ၏ စွပ်ပြုတ်ထဲသို့ အကြိမ်များစွာ ဆေးထည့်ခဲ့ဖူးသဖြင့် ထိုကဲ့သို့ တွေးထင်လိုက်မိသည်။ ဟုန်ရှို့က ခေါင်းညိတ်လိုက်သည်။

“ ဒါ ဖြစ်နိုင်ပါတယ်။ “

ထိုအခါတွင်တော့ လုယွင်ရွှမ်း၏ စိတ်မှာတည်ငြိမ်သွားတော့သည်။ သူမ ထပ်ပြီး တွေးတောကြည့်လေလေ ဒီကိစ္စက သူမ မြင်‌‌နေသ‌ကဲ့သို့ မရိုးရှင်းလေလေ ဖြစ်ကြောင်း သူမ ခံစားလိုက်ရသည်။၎င်းအား တွေးမိသည့်အခါ ထိုအချိန်က လုံချီ၏ အမူအရာသည် တစ်ခုခု မှားယွင်းနေကြောင်း သိသာထင်ရှားနေပေသည်။

All Chapters