အခန်း (၂၇၂-၂၇၄)
Vol. 6 Ch. 272-274
အပိုင်း ၂၇၂
သခင်လား မင်းသားလား ဘယ်သူက ပိုတော်လဲ။
အစေခံက မပြောလိုက်နိုင်ပေ။ ထို့ကြောင့် သူမသည် ဧည့်သည်အား ဘေးအဆောင်တွင် ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။
ချန်ချီယွီသည် လုံချီဆီမှ အင်တင်တင်ဖြင့် တွားသွားပြီး ထွက်မလာမီ အကြိမ်များစွာ တိုက်တွန်းနှိုးဆော်ခဲ့သည်။
သူမသည် ပထမဆုံးအကြိမ်အဖြစ် သူအရေးပေးသည်ကို လက်ခံရရှိခြင်း ဖြစ်သောကြောင့် တိုက်ပွဲမှာ ပြင်းထန်လှသည်။ သူမ အပြင်ထွက်လာသည့်အခါတွင်တော့ ပျော့ဖက် အားနည်းနေပြီး အစေခံနှစ်ယောက် ကူတွဲပေးမှသာ ဘေးအဆောင်သို့ လမ်းလျှောက်လာနိုင်လေသည်။
“ အစ်ကိုက ဘယ်လိုလုပ် ဒီရောက်နေတာလဲ။”
ချန်ချီယွီသည် ထိုင်ခုံပေါ်မှ လူကို ကြည့်၍ ဆွဲဆောင်မှုရှိရှိ ပြောလိုက်သည်။
ချန်ရွှီးပင်မှ မနှစ်မြို့စွာ မျက်မှောင်ကြုပ်လိုက်သည်။ ထို့နောက် မတ်တပ်ရပ်၍
“အဒေါ်လျို့က မင်းကို အရမ်းလွမ်းနေလို့ ငါ့ကို နန်းတော်ထဲဝင်ခိုင်းပြီး မင်းကိုတွေ့ခိုင်းတာ။ ဒါပေမဲ့ မင်းပုံစံ ကြည့်ရတာ အဆင်ပြေနေတဲ့ပုံပဲ။ အဒေါ်လျို့ စိတ်သက်သက်သာသာနေနိုင်လောက်ပါပြီ။”
ပြောြပီးနောက် ချန်ချီယွီ မတုံ့ပြန်နိုင်သေးခင် သူမအား ဖြတ်ကျော်၍ ဘေးအဆောင်မှ ထွက်ခွါသွားတော့သည်။
သူမ တုံ့ပြန်နိုင်သောအချိန်တွင် သူက ထွက်သွားနှင့်ပြီဖြစ်သည်။
သူမအစ်ကိုက သူမအား လာတွေ့ခြင်းမှာ မဖြစ်နိုင်ပေ။ ထိုသူ ရုတ်တရက် သူမအား လာတွေ့ခြင်းမှာ အလွန် ထူးဆန်းနေလှသည်။ ထိုအချိန်က သူ အဒေါ်လျို့ အကြောင်းထုတ်ပြောသည်ကို ကြားလိုက်ရသည့်အခါ သူမ ရယ်ချင်စိတ်သာ ဖြစ်သွားခဲ့သည်။
အဒေါ်လျို့က သူမကို လွမ်းနေတာကြောင့်နဲ့ သူမကို သူ လာတွေ့ပါ့မလား။
သူ လုယွင်ရွှမ်းနှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိနေကြောင်းကိုသာ သူမ သိမထားခဲ့ပါက သူ၏ မဟုတ်မဟတ်စကားကို သူမ ယုံကြည်မိပေလိမ့်မည်။
ထို ကြားဖြတ်နောက်ယှက်မှုပြီးမှသာ သူမနှင့် မင်းသား ........…။
မေ့လိုက်ပါတော့။ သူမ လူးလှိမ့်ရသည်မှာ ပင်ပန်းနေပြီဖြစ်သည်။ မင်းသားကို ရဲရင့်စွာ ဆေးကျွေးခဲ့ခြင်းကြောင့်သာ မဟုတ်ပါက သူမ တကယ် ကိုင်တွယ်နိုင်မည် မဟုတ်ပေ။
ထိုအချိန်တွင် ခေါင်မိုးပေါ်မှ အရိပ်နှစ်ခုသည် အဝေးသို့ တိတ်တဆိတ် ပျံသွားလေသည်။
လုံချန်နန်းတော်သို့ရောက်သည့်အခါ ချူးယီက ချူးချီကို အထူးတဆန်း ကြည့်လိုက်သည်။
“မင်း အခုလေးတင် တစ်ခုခုကို မြင်လိုက်သေးလား။”
“မထင်ရဘူး။ မင်းသားက ကျွမ်းကျင်သားပဲ။ ချန်ချီယွီရဲ့ လှပတဲ့ အသွင်အပြင်ကိုပဲ ကြည့်ဦး။ငါတောင် သေသေချာချာ မတ်တပ်မရပ်နိုင်ဘူး ..…….....။”
ချူးယီ သတိပြန်ဝင်လာသောအခါ သူ့လက်အား ဆန့်၍ ချူးချီပခုံးကို ဖက်ကာ ရှက်ရွံ့စွာပြောလိုက်သည်။
“ငါ မေ့သွားတယ်။ မင်းက ကလေးပဲရှိသေးတာကို။ မင်းရှေ့မှာ ငါ မပြောလိုက်သင့်ဘူး။ ဒါပေမဲ့ မင်းလည်း ယောက်ျားလေးပဲလေ။တစ်နေ့နေ့ တစ်ချိန်ချိန်ကြရင် မင်း အရွယ်ရောက်လာပြီး ဒါတွေ ကြုံတွေ့ရလိမ့်မယ်။ အခုနားထောင်ထားတာ အဆင်ပြေပါတယ်။”
ချူးချီက သူ့ကို တွန်းထုတ်ကာ အေးစက်စက် ပြောလိုက်သည်။
ချူးယီ စိတ်တိုသွားခြင်း မရှိဘဲ ထိုအစား ရယ်မောနေပေသည်။
သူပြောပြီးနောက် သိချင်စိတ်ဖြင့် သူ့အနားသို့ ချည်းကပ်လာပြီး သူ့မျက်နှာအား ကြည့်လိုက်သည်။
ချူးချီမှ သူ့အား လူသေတစ်ယောက်ကဲ့သို့ ပြန်ကြည့်လာသည်။
“ မင်းသမီးဘေးက အစေခံက ဟိုနှစ်ယောက်ကို ငါ့နောက်လိုက်ဖို့ ခိုင်းလိုက်တာပဲ။ သူမ ဘာလုပ်ချင်နေတာလဲ။ မင်းသမီး သူမကို ခိုင်းထားတာများလား။”
ထိုနှစ်ယောက် သူ့အား အမှန်အတိုင်း ပြောပြပြီးနောက်တွင် သူသည် ချူးချီနှင့်အတူ အရှေ့နန်းတော်သို့ လာခဲ့လေသည်။ထိုအချိန် ဟုန်ရှို့က ချန်ရွှီးပင်အား ချန်ချီယွီ၏ ခြံဝန်းသို့ ခေါ်ဆောင်လာသည်ကို သူတို့ တွေ့လိုက်ရသည်။
ပုံမှန်အားဖြင့် မင်းသားနှင့် ချန်ချီယွီကြားထဲက ပြဿနာအသေးစားကို သူတို့ သိလေသည်။
ချူးချီက ဤကဲ့သို့သော အရာအား ကြည့်ရန် ဒုက္ခခံမည် မဟုတ်ကြောင်း သေချာသည်။ ချူးချီကြည့်သည်ဖြစ်စေ၊ မကြည့်သည်ဖြစ်စေ၊ သူကတော့ ကြည့်မည်ပင်။
နောက်ဆုံးအနေဖြင့် အခုကဲ့သို့ အခွင့်အရေးနှင့်သာ တွေ့ကြုံလာပါက သူ ဤအခွင့်အရေးအား အသုံးချ၍ သင်ယူရမည်မှာ အသေအချာပင် ဖြစ်သည်။ သို့မဟုတ်ပါက သူလည်း အနာဂါတ်၌ မိန်းမယူသောအချိန်တွင် ဘာမှ မသိဘဲ ဖြစ်နေပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ့အနာဂါတ် ဇနီးမယားက သူ့အား ရယ်နေပေတော့မည်။
သို့သော်လည်း ထိုအရာက အဓိကအချက် မဟုတ်သည်မှာ သေချာပါသည်။ ဟုန်ရှို့က ဘာကြောင့် သူ့နောက်ကို တစ်စုံတစ်ယောက် လိုက်ခိုင်းတာလဲဆိုသည်မှာသာ သူသိလိုသော အချက် ဖြစ်သည်။ လုယွင်ရွှမ်းက သူမကို ခိုင်းထားတာလား။ ထိုသို့ပြုလုပ်ရသည့် သူမ၏ ရည်ရွယ်ချက်မှာ ဘာဖြစ်နိုင်မည်နည်း။
“လုယွင်ရွှမ်းရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိပေမဲ့လည်း ငါတို့ ဒီနေ့ အရှေ့နန်းတော်ထဲက ပြဇာတ်ကောင်းကောင်းကိုတော့ ကြည့်လိုက်ရတာပဲလေ။”
ထို့နောက် သူ စိတ်ရှုပ်ထွေးသွားပြီး ပေါ့ပါးစွာ ပြောလိုက်သည်။
“အတိတ်တုန်းက ဒုတိယ သခင်မလေးလုကမင်းသားကို အရမ်း စိတ်ဝင်စားနေခဲ့တာ။ လိင်မှုကိစ္စမှာရော သခင်က မင်းသားကို အနိုင်ရနိုင်လောက်မယ်လို့ မင်းထင်လား။ အခုလေးတင် မင်းသားက အရမ်းရဲတင်းတယ်လို့ ငါထင်မိတယ် .........”
ဆက်ရန် _______
Chapter 273
May 8, 2024 by Nay Chi Lynn
အပိုင်း ၂၇၃
အလွန် ရိုးသားလှသည်။
ချူးချီသည် သူ့မျက်လုံးများကို ရွှေ့ကာ ချူးယီအား အထင်သေးစွာ ကြည့်၍ ဖြည်းညှင်းစွာ ပြောလိုက်သည်။
“မင်းသားက ဆေးခတ်ခံထားရတာ။”
ချူးယီ ပြန်တုံ့ပြန်နိုင်ခြင်း မပြုခင် အချိန်အတော်ကြာ ကြက်သေသေသွားတော့သည်။
“ဝိုး၊ မင်း ဆိုးရွားလိုက်တဲ့ ကောင်လေး၊ ငါ့ရှေ့မှာ လာပြီး ရိုးသားဟန် ဆောင်နေခဲ့တာပေါ့လေ။ မင်းက ငါ့ထက် အတွေ့အကြုံ ပိုများနေမယ်လို့ ငါမထင်ထားဘူး။ မင်းသား ဆေးခတ်ထားခံရတာကိုတောင် သိနေတယ်။ ပြောစမ်းပါဦး။ ငါနဲ့ သခင် မသိအောင် မင်း တစ်ခုခု ဖုံးကွယ်ထားတယ်မလား။ အံ့ဩစရာေကာင်းတဲ့ တစ်ခုခုကို မင်း သိုသိုသိပ်သိပ်လေး ကြည့်နေတာမလား။”
“ရူးလိုက်တာ။”
ချူးချီသည် သူ့အား အာရုံစိုက်ရန် ပျင်းရိနေပြီဖြစ်သည်။ ထို့နောက် သူက ဆက် ပြောလိုက်လေသည်။
“မင်းကိုက ကန်းနေတာ။ လူတိုင်းက မင်းနဲ့အတူတူပဲလို့ ထင်မနေနဲ့။”
ထိုစကားအား ကြားသည့်အခါ ချူးယီ ဒေါသထွက်သွားပြီး သူ့လက်ကို ဆွဲလိုက်သည်။
“ကောင်စုတ်လေး၊ မင်း အကြီးကို ဘယ်လိုတောင် ပြောလိုက်တာလဲ။”
ချူးချီ သူ့လက်အား ပြန်န်ဆွဲယူကာ ဘာမှမပြောဘဲ ကြည့်လိုက်သည်။ချူးယီသည် ထိုကောင်လေး ထွက်သွားသည်အား မြင်သည့်အခါ သူ့ကို ဆွဲထားပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်ပစ်လိုက်ချင်သည်။
ချူးချီမှာ ငယ်ရွယ်နေသေးသော်လည်း သူ၏သိုင်းပညာကမူ သူ့ထက်သာလွန်နေခဲ့သည်။ သူ အရိုက်မခံရဘဲ ထွက်ပြေးနိုင်ရင်တောင် ကောင်းမွန်နေပြီးဖြစ်သည်။သူတွင် အနှိပ်စက်ခံချင်သည့်စိတ်လည်း ရှိမနေပါ။ သူငယ်ငယ်ကပင် ချူးချီးလောက် ဗဟုသုတမများပေ။
မင်းသားက ဆေးခတ်ခံနေရတယ်လား။မင်းသားမှာ အလွန် ရဲတင်းလှသည်ဟု သူထင်နေခဲ့ခြင်း ဖြစ်သည်။သူ့နှုတ်ခမ်းများကို တွန့်ကွေးလိုက်ပြီး ရုတ်တရက် မင်းသားအား ငုံ့ကြည့်လိုက်သည်။သခင် ရွေးချယ်ထားသည့် မင်းသားမှာ အလွန်ပါးနပ်လွန်းသည်ဟု သူပြောနိုင်ပေသည်။ ဒုတိယ သခင်မလေးလုက အမှန်ပင် အမြင်မရှိပေ။ မင်းသားကဲ့သို့ မာနထောင်လွှားနေသူအား ကြိုက်နှစ်သက်နေခဲ့သည်။
ဤသည်မှာ အသိဉာဏ် မရှိခြင်းပင် ဖြစ်သည်။သို့သော်လည်း သူ့အား ပို၍အံ့အားသင့်စေသည့်အရာမှာ လုယွင်ရွှမ်း လုပ်လိုက်သည့်ကိစ္စပင် ဖြစ်သည်။ဟုန်ရှို့က လုယွင်ရွှမ်း အမိန့်ပေးထားသည့်အတိုင်း သူ့နောက်လိုက်ရန် တစ်စုံတစ်ယောက်ကို စေခိုင်းခဲ့ပေသည်။ သို့သော် သူမ ဘာကိုလိုချင်နေကြောင်း သူ မသိပေ။
ဟိုလူနှစ်ယောက်မှာ ဟုန်ရှို့အကြောင်းကိုသာ ဝန်ခံခဲ့ပြီး တခြားသောအရာများကိုတော့ သူတို့မသိကြပေ။ သူတို့ကို ဘယ်လောက်ပဲ နှိပ်စက်ပါစေ။ တခြား အသုံးဝင်သော အချက်အလက်များအား မပေးနိုင်ခဲ့။ထိုသို့ဆိုလျှင်ပင် သူအလျင်မလိုပါ။ လုယွင်ရွှမ်း အတိအကျ ဘာကို လိုချင်နေတာလဲဆိုတာကို သူသိအောင် လုပ်နိုင်ပေလိမ့်မည်။
အများဆုံးတော့ သူ အနာဂါတ်မှာ အလုပ်ပိုကြိုးစားပြီး အရှေ့နန်းတော်သို့ မကြာခဏ အလည်လာရလိမ့်မည်။ (တစ်စုံတစ်ခုကို မြင်ချင်သောကြောင့် မဟုတ်တာ သေချာပါသည်။)ချူးယီဆုံးဖြတ်ချက်ချလိုက်ပြီး သူ၏ ခါးကိုဆန့်လိုက်လေသည်။ ထို့နောက် ကောင်းကောင်း အိပ်စက်အနားယူရန်သာ ဆုံးဖြတ်လိုက်သည်။ မနက်ဖြန်တွင် သခင်က ပြိုင်ပွဲကွင်းပြင်ပ၌ ပေါ်လာမည်ဖြစ်သဖြင့် သူဂရုတစိုက် ကိုင်တွယ်ဖြေရှင်းရလိမ့်မည်။
နောက်တစ်နေ့ ထျန်းကျဲ ပြိုင်ပွဲကွင်းပြင်တွင်။တခြားပြိုင်ပွဲဝင်သူတစ်ဦးသည် ပြိုင်ပွဲကွင်းပြင်အတွင်း၌ ချူးယီ၏ အနိုင်ယူခြင်းအား ခံလိုက်ရသည်။ လူတစ်ယောက်က ပြိုင်ပွဲကွင်းပြင်သို့ လျှောက်လှမ်းလာသည်ကို မမြင်တွေ့မီ၏အချိန်ထိ ချူးယီအောင်ပွဲခံ၍ တက်ကြွနေခဲ့သည်။
ထို့နောက်မှာတော့ ချူးယီမျက်နှာအမူအရာသည် တောင့်တင်းသွားပြီး ကြွက်သားများပင် တုန်လှုပ်သွားတော့သည်။ ချူးယီသည် မျက်နှာချင်းဆိုင်မှ လမ်းလျှောက်လာနေသော ထိုလူအား သနားစဖွယ်၊ စိုးရိမ်စဖွယ် မျက်လုံးများဖြင့် အားနည်းစွာ ကြည့်နေပေသည်။ သခင်၊ နည်းနည်းပဲ အနိုင်ကျင့်ပါလို့ ........။
လုံယန်သည် သူ့အား ယဲ့ယဲ့လေး ကြည့်လိုက်ပြီး သူ့ခါးမှ ဓါးကို ဆွဲထုတ်လိုက်တော့သည်။ပထမအကြည့်တစ်ချက်တွင်ပင် သူ တံတွေးမြိုချလိုက်ပြီး နောက်ထပ် မတွန့်ဆုတ်ဝံ့တော့ပေ။ သူ၏ ကြီးမားသောဓါးကို ကောက်ကိုင်၍ ထိုလူဆီသို့ တဟုန်ထိုး ပြေးသွားလိုက်သည်။
သုံးရက်ကြာ တော်ဝင်နန်းတော်တွင် ရှိနေခဲ့ရသည့် လုလျန့်ဝေသည် အနည်းငယ်မျှပင် ဒေါသထွက်ခြင်းမရှိပေ။ နောက်ဆုံးလူနာကို အလျင်အမြန် ကြည့်ပေးပြီးနောက် သူမပစ္စည်းများကို ထုတ်ပိုးလိုက်သည်။
လူနာက တော်ဝင်ကျေးလက်ရှိ လက်အောက်ငယ်သား ဖြစ်လေသည်။ အမှန်တွင်တော့ ထိုသူက ဘာမှ မှားယွင်းနေခြင်း မရှိပေ။ သူ့နောက်ကျောက မကြာခဏ နာကျင်နေခြင်းသာ ဖြစ်သည်။ လုလျန့်ဝေမှ ဘာမှလုပ်ပေးရန် မလိုအပ်ပေ။
သူမသည် ကျေးရွာရှိ လက်အောက်ငယ်သား၏ ရောဂါအား ကုသပေးခြင်းဖြင့် သူမ အချိန်ကို ကုန်ဆုံးစေလိုခြင်း ဖြစ်သည်။
သို့သော် လူအများသည် သူမ တွေးထင်ထားသကဲ့သို့ မဟုတ်ခဲ့ပေ။ လွန်ခဲ့သော နှစ်ရက်အတွင်း ဒုတိယ သခင်မလေးလု ကုသပေးခဲ့သည့် လူနာများမှာ ကျေးရွာတွင်း၌ များစွာ ရှိနေပြီဖြစ်သည်။
ရောဂါအသေးစားများဆိုသော်လည်း ဒုတိယ သခင်မလေးလုက ရောဂါကို ရှာဖွေဖော်ထုတ်၍ ကုသပေးသည်။ ဆေးသောက်ပြီးနောက်တွင်တော့ သူတို့အားလုံး တော်တော်လေး ကောင်းမွန်လာလေသည်။
သူတို့၏ကိုယ်ပိုင် အတွေးထဲတွင် ဒုတိယ သခင်မလေးလု၏ ဆေးဝါးကျွမ်းကျင်မှုသည် မြို့ထဲမှ ဆေးခန်းကြီးများရှိ ထိုသမားတော်များထက်ပင် ပိုကောင်းမွန်နေတော့သည်။
ထိုအရာကို စဉ်းစားမိသောအခါ အစေခံသည် လုလျန့်ဝေ လက်ထဲမှ ဆေးစာကို ယူလိုက်ပြီး သူမကို စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်လိုက်သည်။
“ကျေးဇူးတင်ပါတယ် ဒုတိယ သခင်မလေးလု။ ဒုတိယသခင်မလေးလုရဲ့ ကြင်နာမှုကို ဒီငယ်သားနဲ့ အစေခံတို့က သတိရနေမှာပါ။”
လုလျန့်ဝေက ပြုံးလိုက်ပြီး အမှန်တကယ်ပင် ဂရုမစိုက်ပေ။ သူမသည် အချိန်ဖြုန်းနေခြင်း သက်သက်သာ ဖြစ်သည်။ထိုလူက ကျေးဇူးတင်စွာဖြင့် ထွက်သွားတော့သည်။
ထိုအရာအား မြင်သည့်အခါ ကျောက်ချန်က ရုတ်တရက် ရှေ့တက်လာပြီး လုလျန့်ဝေကို ကူညီ၍ စားပွဲပေါ်မှ ပစ္စည်းများအား သိမ်းဆည်းပေးသည်။
သူက ပါးနပ်စွာ သတိပေးလိုက်သည်။လုလျန့်ဝေ ခေါင်းညိတ်လိုက်သည်။သူမ ဘာတွေးနေသည်ဆိုတာ ကျောက်ချန် မခန့်မှန်းနိုင်ပေ။သခင်က သူမအား ဤနေရာတွင် သုံးရက် ပိတ်လှောင်ထားခဲ့သည်။ အမှန်တွင်တော့ ၎င်းမှာလည်း သူမအတွက်သာ ဖြစ်သည်။
မြို့စားကတော်ဟောင်း၏ ပုံစံအရ သူမသည် ဒုတိယ သခင်မလေးအား ချစ်မြတ်နိုးသော်လည်း သူမ လက်မထပ်ရသေးခင် သခင်ထံ၌ သူမ၏အပျိုစင်ဘဝ ဆုံးရှုံးသွားမည်ကို မြို့စားကတော်ဟောင်းမှ လက်မခံလောက်ပေ။
မြို့စားကတော်ဟောင်းသည်လည်း ကျိန်ကော်ထက် မသာချေ။ သူမသည် ဒုတိယ သခင်မလေးလုအား ဘိုးဘွားပိုင်ခန်းမတွင် ဒူးထောက်ခိုင်းခြင်းနှင့် ရိုက်နှက်ခြင်းတို့ဖြင့် မညှာမတာ အပြစ်ပေးမည်ကို ကြောက်ရွံ့မိသည်။
ဆက်ရန် _______
Chapter 274
May 8, 2024 by Nay Chi Lynn
အပိုင်း ၂၇၄
ဆွေးနွေးခြင်း
သခင်သည် ဒုတိယ သခင်မလေးလု အိမ်မပြန်ခင်တွင် ကိစ္စရပ်များ တည်ငြိမ်စေရန် စောင့်ဆိုင်းနေခြင်းသာ ဖြစ်သည်။
လပ်ထက်ပွဲသာ အခြေကျသွားပြီဆိုပါက ဒုတိယ သခင်မလေးလုမှာ သခင် စေ့စပ်ထားသော တရှန်းနိုင်ငံ၏ မိဖုရားခေါင်ကြီး ဖြစ်သွားပေလိမ့်မည်။ ထိုအခါ မြို့စားကတော်ဟောင်း မည်မျှပင် စိတ်ဆိုးနေပါစေ၊ ဒုတိယ သခင်မလေးလုအား လွယ်လင့်တကူ အပြစ်ပေးနိုင်တော့မည် မဟုတ်ချေ။
သူမ၏ပစ္စည်းများကို သိမ်းဆည်းပြီးနောက် လုလျန့်ဝေသည် ကျောက်ချန် ပြင်ဆင်ပေးထားသော လှည်းပေါ်သို့ တက်လိုက်လေသည်။မြို့တော် တံခါးပေါက်သို့ မဝင်မီ လှည်းအပြင်မှ စိတ်ဝင်တစား ဆွေးနွေးနေမှုများအား သူမ ကြားလိုက်ရသည်။
“မင်း ကြားပြီးပြီလား။”
“ဘာကိုလဲ။”
“ဒီနေ့ ထျန်းကျဲပြိုင်ပွဲကွင်းပြင်မှာ လေးရက်ဆက်တိုက် အနိုင်ရသူ ဖြစ်နေတဲ့ ကျိန်းကော်နန်းတော်ကလူလေ နောက်ဆုံးတော့ ရှုံးနိမ့်သွားပြီး အစားထိုးခံလိုက်ရတယ်တဲ့။”
“ငါကြားပြီးပြီ။ အဲ့ဒီလူက အရမ်း စွမ်းအားကြီးတာပဲ။ တစ်ချက်ထဲနဲ့ အနိုင်ရထားသူကို ကွင်းပြင်ရောက်အောင် ရိုက်ချနိုင်တယ်။”
“ငါလည်း အဲ့ဒါကို မြင်လိုက်တယ်။ အဲ့လူက သိုင်းပညာတင်မကဘူး။ သူ့ရုပ်ရည်သွင်ပြင်ကလည်း သာမန်ထက် ထူးကဲနေတာ။ ကျိန်းကော်စံအိမ်တော်က ဒုတိယ သခင်မလေးလုကတော့ အရမ်းကံကောင်းတာပဲ။ သူမက ဒီလို သိုင်းပညာထူးချွန်တဲ့ သတို့သားလောင်းကို ရရှိလိုက်တာဆိုတော့။”
အပြင်မှ လူများ၏ စိတ်လှုပ်ရှားနေမှုများကို ကြားလိုက်ရသည့်အခါ လုလျန့်ဝေ၏ နှုတ်ခမ်းထောင့်များသည် အနည်းငယ် ကွေးညွတ်သွားလေသည်။
လုံယန်က ပြိုင်ပွဲကွင်းပြင်ကို တကယ်သွားခဲ့သည်လား။
သို့သော် သူသည် ချူးယီအား တစ်ချက်ထဲနှင့် ပြိုင်ပွဲက ထုတ်လိုက်လေသည်။ထိုအရာက အရမ်း အတုအယောင်ဆန်လွန်းနေတယ် မလား။သူမ ကျိန်းကော်စံအိမ် တံခါးဝသို့ ရောက်သည့်အခါ ကျောက်ချန်သည် အပြင်မှ တလေးတစား ပြောလာသည်။
သူကပြောလိုက်ပြီး ခန်းစီးစကို ပင့်တင်ပေးလိုက်သည်။ သူ့သည်လက်ကို ဆန့်ထုတ်၍ သူမ ထွက်လာရန် ကူညီပေးသည်။လုလျန့်ဝေ ထိုင်နေပြီး သူ့အား ဂရုမစိုက်ဘဲ ကြည့်လိုက်သည်။
“အိမ်တော်ထိန်းကျောက်၊ မင်းကြီးက ချူးယီကို တစ်ချက်ထဲနဲ့ အနိုင်ယူလိုက်တယ်ဆိုတာ တကယ်လား။”
ကျောက်ချန်က ဂုဏ်ယူစွာ ပြောလိုက်သည်။
“တကယ်ဆိုတာ သေချာတာပေါ့။ ........ကြောင့် သခင်က လုပ်လေ့ရှိတယ်။”
“ခန္ဓာကိုယ်က အဆိပ်မိနေလို့ သခင်ရဲ့ပြိုင်ဘက် ချူးယီလိုမျိုး သူ့စွမ်းအားကို အကုန် ထုတ်မသုံးရဲခဲ့ဘူး။ သခင်ကသာ သူ့ကို မျက်နှာသာမပေးထားဘူးဆိုရင် ရိုက်ချက် တစ်ဝက်ထဲနဲ့တောင် သူ့ကို ဖြေရှင်းနိုင်တယ်။”
လုလျန့်ဝေ နှုတ်ခမ်းထောင့် အနည်းငယ် တွန့်ကွေးသွားလေသည်။ သူပိုပြောလေလေ ပိုပြီး အတုယောင်ဆန်လာလေလေ ဖြစ်နေသည်။
“ချူးယီက ရေလောင်းချနေတာ မဟုတ်ဘူးဆိုတာ ရှင်သေချာလား။”
ကျောက်ချန်မျက်နှာပေါ်ရှိ အပြုံးမှာ အေးခဲသွားလေသည်။ဒုတိယ သခင်မလေးလု ဘာပြောလိုက်တာလဲ။ ရေလောင်းချတယ်လား။သူမ နားထောင်နေတာလား။
သူက တဖန်ပြုံးလိုက်ပြီး ဂရုတစိုက် မေးလိုက်သည်။လုလျန့်ဝေက အနည်းငယ် ပခုံးတွန့်လိုက်၍
“ရေလောင်းချတယ်ဆိုတာ လိမ်လည်လှည့်ဖျားတာ။ ဒါမှမဟုတ် အကောင်းဆုံး မလုပ်ဆောင်ဘဲ ပြိုင်ဘက်ကို တမင်သက်သက် အနိုင်ပေးတာ။ သေချာတာပေါ့။ အရှင်မင်းကြီးက ချူးယီကို မနိုင်ဘူးလို့ ကျွန်မ မထင်ပါဘူး။ ဒါပေမဲ့ ရှင်ပြောကြည့်။ တစ်ချက်ထဲနဲ့ အနိုင်ရတယ်ဆိုတာ လွန်လွန်းအား ကြီးမနေဘူးလား။ ဒါက ချဲ့ကားနေတာပဲ။ လေးရက်ဆက်တိုက် အနိုင်ရသူ ဖြစ်ခဲ့တဲ့ ချူးယီက ကံကောင်းပြီး အနိုင်ရခဲ့တာများလား။”
လုလျန့်ဝေက ပြောပြီးသွားသောအခါ လှည်းအပြင်သို့ ထွက်လိုက်သည်။ကျောက်ချန်မှာ ကြက်သေသေသွားတော့သည်။ဒုတိယ သခင်မလေးလုမှာ ချူးယီက သခင်ကို အနိုင်ယူခွင့်ပေးရန် တမင်သက်သက်ဟန်ဆောင်ပေးနေသည်ဟု ဆိုလိုနေခြင်းပင် မဟုတ်လား။
ထိုကဲ့သို့ သူမတွေးနေသည်လား။ဒုတိယ သခင်မလေးလု၏နှလုံးသားထဲတွင် ထူးချွန်ပြီး အကြွင်းမဲ့ အာဏာရှိတဲ့သခင်အား ဘယ်လိုဖြစ်၍ ထိုကဲ့သို့ နားလည်မှုလွဲနေပါသနည်း။
သူတုံ့ပြန်ရန် ခေါင်းမော့လိုက်သည်။ သို့သော် သူ ရှင်းပြတော့မည့်အချိန်၌ လုလျန့်ဝေသည် လှည်းအရှေ့တွင် မလှုပ်ရှားဘဲ ရပ်နေသည်အား တွေ့လိုက်ရသည်။ သူ့မမျက်လုံးများမှာ တစ်နေရာသို့ အကြည့်ရောက်နေပေသည်။
သူမအကြည့်နောက်လိုက်၍ သူကြည့်ကြည့်သောအခါ သူ၏ ထူးချွန်ပြီး သိုင်းပညာ မြင့်မားလှသည့် သခင်အား တွေ့လိုက်ရသည်။ သခင် မည်သည့်အချိန်ကတည်းက ရောက်နေသည်ကို သူ မသိခဲ့ပေ။
ထိုအချိန်တွင် သခင်သည် အခမ်းအနားဆိုင်ရာ အစိုးရအရာရှိများ နောက်က လိုက်ပါလာလျက် ကျိန်ကော်စံအိမ်ရှေ့ လှေကားထက်တွင် ရပ်နေလေသည်။ ကျိန်ကော်နှင့် လုထင်ချန်းတို့မှာတော့ ဘေးတစ်ဖက်စီမှ လိုက်ပါလာခဲ့သည်။
သူတို့ စကားပြောဆိုပြီးနောက် အိမ်ထဲမှ အပြင်သို့ ထွက်လာပုံပေါ်သည်။ထိုအရာကိုမြင်သည့်အခါ ကျောက်ချန် သက်သာရာရစွာဖြင့် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ကြည့်ရသည်မှာ သခင်သည် မင်္ဂလာပွဲအတွက် ဆွေးနွေးပြီးပုံ ပေါ်သည်။
လုလျန့်ဝေသည် သူမ ပြန်ရောက်လာသည့်အခါ ထိုသို့သော အခြေအနေမျိုး၌ ထိုသူနှင့် ကြုံကြိုက်ရလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ထိုသူနှင့် ယနေ့မနက်ကမှ တွေ့ခဲ့သော်လည်း နောက်တစ်ကြိမ် သူ့အား ထပ်တွေ့လိုက်ရသည့်အခါ တစ်ခုခု ကွဲပြားနေပုံ ရသည်။
လုလျန့်ဝေသည် နှုတ်ခမ်းအား ကိုက်လိုက်ပြီး လှပသော မျက်လုံးများဖြင့် ထိုသူကို ကြည့်နေခဲ့သည်။ ထို့နောက်တွင်တော့ သူမမျက်လုံးအား အောက်ချလိုက်တော့သည်။ သူမသည် လက်အားဆန့်ထုတ်ကာ ကျောက်ချန်၏လက်ပေါ် တင်၍ လှည်းထဲမှ ထွက်လာရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။