← Chapters

အခန်း (၂၇၅-၂၇၇)

Vol. 6 Ch. 275-277

အခန်း (၂၇၅-၂၇၇)

Vol. 6 Ch. 275-277

အပိုင်း ၂၇၅

ဧကရာဇ်မင်းကြီးမှာ ထို့ကဲ့သို့ ရွှတ်နောက်နောက်နိုင်‌သည့် လူမျိုး ဖြစ်သည်။

ထိုအချိန်တွင် လူသုံးယောက် လှုပ်ရှားလိုက်လေသည်။လုံယန်၊ လုဟယ့်ထျန်း၊ လုထင်းချန်။

လုလျန့်ဝေက ကျောက်ချန်လက်ကို ကိုင်ပြီး လှည်းထဲမှ ထွက်လာသောအခါ သူတို့သုံးယောက်သည် ကူညီပေးရန်အတွက် တစ်ချိန်တည်း လှုပ်ရှားမိကြသည်။

အားလုံးသော အခမ်းအနားဆိုင်ရာ မှူးမတ်ဝန်ကြီးများသည် သူတို့ရှေ့ရှိ လှပမှုအား ခံစား‌နေကြသည်။ ဘာဖြစ်နေကြောင်း သူတို့မသိလိုက်ခင်တွင် သူတို့၏ရှေ့တွင် ရပ်နေသည့် တည်ကြည် မြင့်မြတ် ခမ်းနားလှသော ဧကရာဇ်မင်းကြီးက လှည်းရှေ့‌ရောက်သွားသည်ကို တွေ့လိုက်ရလေသည်။

သူ၏အမြန်နှုန်းမှာ လုဟယ့်ထျန်းနှင့် သူ့သားထက်ပင် နှစ်ဆ ပိုမြန်နေခဲ့သည်။လုံယန်သည် လှည်းရှေ့တွင် ရပ်လိုက်ပြီး လုလျန့်ဝေလက်အား ကျောက်ချန်လက်ပေါ်သို့ မတင်မီတွင် သူ့လက်ဖြင့် သဘာဝကျကျ ကိုင်လိုက်သည်။

နူးညံ့သော လက်အား သူ့လက်ဖဝါးထဲတွင် ဆုတ်ကိုင်ထားပြီး အနည်းငယ် ဖျစ်ညှစ်လိုက်သည်။ ထို့နောက် လူတိုင်းရှေ့တွင် လုလျန့်ဝေအား ပေါ့ပေါ့ပါးပါးနှင့် ပွေ့ဖက်လိုက်သည်။

တုန်လှုပ်စွာ ကြည့်‌နေကြ‌သည့် သူမ ‌အဖေ၊ အစ်ကိုနှင့် ဘေးမှဝိုင်းကြည့်နေသူများအား မြင်သည့်အခါ လုလျန့်ဝေ၏ မူလ တည်ငြိမ်နေသော မျက်နှာသည် အက်ကွဲသွား‌တော့သည်။

တစ်ယောက်သော ဧကရာဇ်မင်းကြီးမှာ အသိစိတ်ဖြင့် သူမအား ချက်ချင်း လွှတ်မပေးသောကြောင့် သူမလည်း ထိုသူပခုံးပေါ်တွင် ရွေးချယ်စရာ မရှိ မှီလိုက်နေလိုက်ရသည်။ သို့သော်လည်း လုံယန့်လက်မောင်းထဲတွင်မူ ထိုသူ့အား တိတ်တိတ်လေး ဆိတ်၍ ခြင်သံကဲ့သို့ တိုးတိုးလေး ပြောလိုက်သည်။

လက်မောင်းဆီမှ အနည်းငယ် ထုံကျဉ်မှုက လုံယန်၏မျက်လုံးကို မှင်ကဲ့သို့ မည်းနက်သွားစေပြီး သူမအား နက်နက်နဲနဲ ကြည့်လိုက်သည်။

သူက အနိမ့်သံဖြင့် ပြန်ပြောလိုက်ပြီး အဆုံးတွင်တော့ သူမအား အောက်ချပေးလာသည်။ထိုအခါမှ လုလျန့်ဝေလည်း အနည်းငယ် စိတ်သက်သာရာရသွားတော့သည်။ သို့သော်မူ သူမက အနည်း မကျေမနပ် ဖြစ်သွားပေသည်။

လုံယန်က ထိုသို့ပြုမူလိုက်သည့်အတွက် နောက်ပိုင်းမှာ သူမအဖေနှင့် အစ်ကို့တို့ကို သူမဘယ်လို မျက်နှာချင်းဆိုင်ရတော့မလဲ။သူမက ထိုနေရာတွင် ရပ်၍ ရင့်ကျက်ချင်ယောင် ဆောင်နေသည်အား လုံယန် မြင်လေသည်။ သို့သော် သူ့မျက်ခုံးကြားတွင် ဖြတ်ခနဲ ပေါ်လာသည့် ဒေါသသည် သူ့ကို သူမအား အမိဖမ်းထားရန် သတိပေး‌နေခဲ့သည်။

ထို့ကြောင့် ဤလုပ်ရပ်အတွက် အပြစ်ရှိသည်ဟု သူလုံးဝမခံစားရပေ။ အချိန်တော်တော်ကြာကတည်းက သူ ထိုကဲ့သို့ လုပ်ချင်နေခဲ့ခြင်းဖြစ်သဖြင့် ထိုအပြစ်ရှိစိတ်အား ဘေးဖယ်ထားလိုက်‌တော့မည်။

တန်းတန်းမတ်မတ် သူမအား ပွေ့ဖက်လိုက်ရသည့် ခံစားချက်ကသာ အရင်က သူ မရရှိခဲ့ဖူးသည့် ပျော်ရွှင်မှု ခံစားချက်လေး ဖြစ်ပေသည်။အခုအချိန်မှစပြီး သူမသည် သူ၏ စေ့စပ်ထားသည့် သတို့သမီးလောင်း ဖြစ်လာပေတော့မည်။ သိပ်မကြာခင်၌ သူမ သည် သူ၏ဧကရီ မိဖုရားခေါင်ကြီး ဖြစ်လာလိမ့်မည်။

မင်းကြီးသည် စိတ်ကောင်းဝင်နေပြီး တစ်နှစ်ပတ်လုံး သူ့မျက်ခုံးများကြားတွင် လွှမ်းခြုံနေသည့် အေးစက်နေသော လေထုသည်ပင် ခြေရာလက်ရာ မကျန်အောင် ပျောက်ကွယ်သွားပုံရသည်။

မျက်ခုံးကြားရှိ အပြုံးခပ်ဖျော့ဖျော့က ဆောင်းရာသီတွင် နွေးထွေးစေသော နေမင်းထက်ပင် ပို၍ နွေးထွေးနေခဲ့သည်။လက်ရှိ မှူးမတ်အရာရှိများ အားလုံးမှာ နှစ်များစွာ ကြာသည့်တိုင်အောင် အရှင်မင်းကြီးနောက် လိုက်ပါခဲ့‌ကြသည်။ သို့သော် အခုကဲ့သို့သော မင်းကြီး၏ သွင်ပြင်ပုံသဏ္ဍာန်ကို သူတို့ တစ်ခါမှ မတွေ့မြင်ဖူးပေ။

ဤအချိန်တွင် အရှင်မင်းကြီးနှင့် ဒုတိယ သခင်မလေးလုတို့ အတူတူ ရပ်နေသည်အား မြင်လိုက်ရသည့်အခါ သူတို့နှစ်လုံးသားထဲ၌ လိုက်ဖက်သည်ဟူသော ခံစားချက်အား ခံစားလိုက်ရသည်။

ဒုတိယ သခင်မလေးလု၏ အသွင်အပြင်သည် ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပနေပြီး အရှင်မင်းကြီးသည်လည်း မြင့်မြတ် ခန့်ညားနေပေသည်။

ထိုအချိန်တွင် လူတိုင်းသည် ဒုတိယ သခင်မလေးလုက အရှင်မင်းကြီး၏ တူမတော် ဖြစ်လုနီးပါး ဖြစ်ခဲ့သည်ကို မေ့သွားကြတော့သည်။ ထို့အပြင် အရှင်မင်းကြီးသည် ဒုတိယ သခင်မလေးလုထက်ပို၍ နှစ်များစွာ အသက်ကြီးကြောင်းကိုလည်း မေ့သွားကြလေသည်။

လက်ရှိ မြင်ကွင်းမှာ အလွန် မျက်စိဖမ်းစားဖွယ်ကောင်းသည်ဟု လူတိုင်းထင်နေချိန်တွင် လုဟယ့်ထျန်းကတော့ မျက်စိကျိန်း‌စေသည်ဟု ခံစားနေရသည်။သူမျက်လုံးများပင် အနည်းငယ် နီရဲသွားပြီး အရှင်မင်းကြီးအား မသက်မသာ ကြည့်လိုက်သည်။

ဧကရာဇ်မင်းကြီးက ထို့ကဲ့သို့ ရွှတ်နောက်နောက်နိုင်‌သည့်လူမျိုး ဖြစ်မည်ဟု သူ မထင်ထားခဲ့ပေ။အခုလေးတင် မင်းကြီး၏ ဝေဝေအပေါ် ရင်းနှီးနေ‌သည့် အပြုအမူများကို အကဲဖြတ်လိုက်ခြင်းအားဖြင့် သူ မတွေ့မြင်နိုင်သည့် နေရာတွင် ဝေဝေအပေါ် များစွာအသားယူခဲ့‌လောက်ကြောင်း ခန့်မှန်းကြည့်ရန် မခဲယဉ်းပေ။

၎င်းအား စဉ်းစားမိသည့်အခါ သူ အလွန် ဒေါသထွက်သွားတော့သည်။ပြိုင်ဘက်က အရှင်မင်းကြီးသာ ဖြစ်မနေပါက သူ အပြင်းအထန် ရိုက်နှက်ပြီး ဖြစ်ပေလိမ့်မည်။သို့သော်လည်း အရှင်မင်းကြီး၏ ဂုဏ်အဆင့်အတန်း ထိခိုက်သွားမည်ကို စိုးရိမ်သော်ငြား လုဟယ့်ထျန်းသည် သူ၏ ကသိကအောက်ဖြစ်မှုအား သိမ်းဆည်းထားရန် ကျရှုံးသွားတော့သည်။

သူသည် အမြဲ အေးဆေး တည်ငြိမ်နေခဲ့သော်လည်း အခုအချိန်တွင်မူ ပြိုလဲသွားတော့သည်။သူမသည် ငယ်စဉ်ကတည်းက သူ့လက်ပေါ်တွင် ကြီးပြင်းလာသည့် သူ၏သမီးလေး ဖြစ်ပေသည်။ ပြီးတော့လည်း ရတနာလေးကဲ့သို့ စောင့်ရှောက်ထားခဲ့ခြင်းပေ။ သို့သော် အခုအချိန်တွင်မူ တခြားအမျိုးသားက သူမအား လိုချင်တပ်မက်စွာ ကိုင်ဆွဲထားခဲ့သည်။ သူ၏ နှလုံးသားထဲတွင် ၎င်းအား မမုန်းဘဲ ဘယ်လိုလုပ် နေနိုင်မည်နည်း။

မှူးမတ်အရာရှိများ၏ ထိတ်လန့်နေသည့် အကြည့်များအောက်တွင် လုဟယ့်ထျန်း ရုတ်တရက် ရှေ့တက်လိုက်ပြီး လုလျန့်ဝေကို သူ့နောက်သို့ ဆွဲခေါ်လိုက်သည်။

“အရှင်မင်းကြီး၊ နောက်ကျနေပါပြီ။ ကျေးဇူးပြု၍ နန်းတော်သို့ ပြန်သွားလိုက်ပါ။”

သူ့အသံက အေးစက်နေပြီး ရိုသေလေးစားမှု လုံးဝမရှိပေ။ ထို့ပြင် သေသေချာချာ နားထောင်ကြည့်မည်ဆိုပါက ဒေါသထွက်ခြင်းအား ထိန်းချုပ်နေရသည့် အသံကိုပင် ကြားရန် မခဲယဉ်းပေ။

ဆက်ရန် ______

Chapter 276

May 9, 2024 by Nay Chi Lynn

အပိုင်း ၂၇၆

လုံယန် ဒီသားရဲကောင်ကြီး

မှူးမတ်များမှာ မတတ်နိုင်ဘဲ သူ့အတွက် ချွေးအေးများ ထွက်လာတော့သည်။ကျိန်းကော် မြို့စားမင်းက ဧကရာဇ်မင်းအပေါ် ရိုင်းပျဝံ့လောက်အောင်ကို ရူးနေလေပြီ။ သူ့သမီးကို ဧကရာဇ် ချစ်မြတ်နိုးနေသည်ဟု သူထင်မှတ်နေပြီး အခုအချိန်မှာတောင် ဧကရာဇ်ကို သူ အရေးမစိုက်တော့ဘူးလား။

ရူးနေပြီ။ တကယ်ပဲ ရူးနေလေပြီ။ကျိန်းကော်မြို့စားမင်းက ဧကရာဇ်အပေါ် မလေးမစား ဆက်ဆံ‌နေသဖြင့် ဧကရာဇ်၏ ပြစ်ဒဏ်‌ပေးခြင်းကို ခံစားရ‌ပေတော့မည်။သူတို့၏ မျက်လုံးများကို ဖွင့်ထားပြီး ကျိန်းကော် မြိုစားမင်း၏ ကံဆိုးမှုကို စောင့်ဆိုင်းနေချိန်တွင် မမျှော်လင့်စွာဖြင့် လုံယန်က အပြစ်မပေးခဲ့ပေ။

သူက လုဟယ့်ထျန်းကိုတောင် ညင်သာစွာ ကြည့်လိုက်ပြီးမှ အကြည့်ကို ရွှေ့လိုက်သည်။ထို့နောက် သူ့အကြည့်က လုလျန့်ဝေဆီသို့ တိုက်ရိုက် ရောက်သွားတော့သည်။ သူသည် အနိမ်သံဖြင့် သနားစဖွယ် ပြောလိုက်သည်။

“ကိုယ်တော် ဒီရက်ပိုင်းအတွင်း အလုပ်ကြိုးစားထားတာ။ နန်းတော်ကို ပြန်ပြီး ကောင်းကောင်း အနားယူရမယ်။”

လုဟယ့်ထျန်း ထိုအကြောင်းအား ကြားသည့်အခါ ပေါက်ကွဲလုနီးပါး ဖြစ်သွားတော့သည်။ဧကရာဇ်က ဘာကို ဆိုလိုချင်နေတာလဲ။အလုပ်ကြိုးစားသည်?ဒီသုံးရက်အတွင်း သူ ဝေဝေကို ဘာ‌တွေ လုပ်ခဲ့တာလဲ။ ဘာလို့ အပြင်းအထန် ကြိုးစားရတာလဲ။

လုဟယ့်ထျန်း အကြည့်များသည် တည်ငြိမ်၍ စိတ်အားထိန်းထားသည်။ ထိုအချိန် စိတ်ထဲတွင်တော့ မီးတောက်နေပြီဖြစ်သည်။သူ့မျက်လုံးများ နီရဲလာပြီး လက်သီးအား ကျစ်ကျစ်ဆုပ်လိုက်သည်။ သူ၏ သည်းခံနိုင်စွမ်းက အထွဋ်အထိပ်သို့ မရောက်ရှိမီ နူးညံ့နေသည့် လက်သေးသေးလေးက သူ့လက်မောင်းကို ရုတ်တရက် လာဖက်လေသည်။

ထို့နောက် သူမခေါင်းကို သူ့လက်မောင်းထက်တွင် မှီလိုက်ပြီး တင့်တယ်စွာ သန်းဝေလိုက်သည်။လုဟယ့်ထျန်းက ၎င်းအား မြင်‌သည့်အခါ သူ၏ရန်လိုစိတ်များ ပျောက်ကွယ်သွားပြီး စိတ်ဓါတ်ကျမှုသာ ကျန်ရှိတော့သည်။

လုံယန် ဒီသားရဲကောင်ကြီး။သူ ဘာလုပ်ခဲ့တာလဲ။ သူ ဝေဝေအပေါ် ဘာတွေ လုပ်ခဲ့တာလဲ။လုဟယ့်ထျန်း လက် တုန်ယင်သွားလေသည်။ ထိုအချိန်တွင် သူသည် ပုန်ကန်ပင် စဉ်းစားနေ‌ပြီဖြစ်သည်။

လုလျန့်ဝေသည် သူ၏ထူးဆန်းနေမှုကို သတိထားမိလိုက်ပြီး အိမ်ထဲသို့ အမြန် ဆွဲခေါ်သွားတော့သည်။ထိုစဥ် ရုတ်တရက် လက်တစ်ဖက် ရောက်လာပြီး သူမအား ဆွဲကိုင်လိုက်သည်။

လုလျန့်ဝေ အနည်းငယ် ခေါင်းလှည့် ကြည့်လိုက်သောအခါ လုံယန်၏ နက်နဲသိမ်မွေ့သော အကြည့်အား တွေ့လိုက်ရသည်။

လုလျန့်ဝေ အနည်းငယ် တုန်လှုပ်သွားပြီး ခေါင်းညိတ်လိုက်သည်။

“‌ဟုတ်။”

သူမ၏ နာခံမှုကို တွေ့သောအခါ လုံယန်၏အပြုံးမှာ ပို၍ နက်ရှိုင်းလာတော့သည်။သူမ၏ နူးညံ့ သေးသွယ်ပြီး ကြင်နာတတ်သည့် ထိုပုံစံအား သူ တကယ် သဘောကျပေသည်။လုံယန်သည် သူမလက်ကို မိနစ်အနည်းငယ်လောက် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီးနောက် အမြန်လွှတ်ပေးလိုက်သည်။

သူ သူမအား အမှန်တကယ်ပင် နန်းတော်သို့ အခုချက်ချင်း ခေါ်ဆောင်သွားချင်သည်။သို့သော် အဆုံးတွင်တော့ သူ့ကိုယ်သူ ထိန်းချုပ်လိုက်၏။သူသာ အရာရာကို အချိန်နဲ့ မလျော်ညီစွာ ဆောင်ရွက်မိပါက လုဟယ့်ထျန်းအား ပုန်ကန်လာအောင် အမှန်တကယ်ပင် တွန်းအားပေးမိ‌သွားပေလိမ့်မည်။

လုံယန်သည် သူမခေါင်းအား ပွတ်ပေးချင်သည့် ဆန္ဒကို ချုပ်တီး၍ သူလက်ကို တည်ငြိမ်စွာ ရုတ်သိမ်းလိုက်သည်။

“သွားတော့။”

လုလျန့်ဝေသည် လုံယန်အား ခေါင်းညိတ်ပြလိုက်ပြီး သူမအဖေ၏ လက်မောင်းကို ဖက်ကာ စံအိမ်ထဲသို့ အမြန် ဝင်သွားတော့သည်။သူမအဖေ တစ်ခုခု မှားယွင်းနေကြောင်း သူမ သတိထားမိသဖြင့် အလွန် စိုးရိမ်နေမိသည်။ သူမသာ နှောင့်နှေးနေပါက သူမအဖေက ဓါးယူပြီး လုံယန်အား ခုတ်လိုက်ပေတော့မည်။

ထိုကဲ့သို့ သာ ဖြစ်ခဲ့ပါက ကိစ္စရပ်များမှာ အလွန် ပြင်းထန်သွားတော့မည်ပင်။စံအိမ်တံခါး‌အပြင်တွင် လုထင်ချန်းက လုံယန်အား ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေပြီးနောက် ခေါင်းငုံ့လိုက်သည်။တစ်နေ့တွင် ဧကရာဇ်မင်းကြီးက သူ၏ ယောက်ဖတော် ဖြစ်လာလိမ့်မည်ဟု သူ မျှော်လင့်မထားပေ။

အရှင်မင်းကြီးက အခုလေးတင် သူ့အဘွားထံ၌ သူ့ညီမကို လက်ထပ်ခွင့်ရရန် တောင်းဆိုခဲ့လေသည်။ ယခုအချိန်ထိ သူ သတိပြန်မဝင်လာနိုင်သေးပေ။အရှင်မင်းကြီးက သူ့ညီမကို ဘာလို့ နှစ်သက်တာလဲ။ သူသည် အရှင်မင်းကြီးအား ပြိုင်ပွဲကွင်းပြင်သို့ နောက်တစ်ခေါက် ပြန်သွားစေချင်နေသည်။ ၎င်းက သူ့အဘွားနှင့် အဖေအား လက်ထပ်ပွဲကို သဘောတူလာစေသည့် တွန်းအားပေးနိုင်သော အကြောင်းရင်းသာ ဖြစ်သည်။

အရှင်မင်းကြီးက အရမ်း အလောတကြီး ဖြစ်မနေဘူးလား။

ဝေဝေကို လက်ထပ်ဖို့ပဲလေ။ ဒီအချိန်မှာ လက်ထပ်ခွင့်တောင်းတာက အလျင်စလို ဖြစ်မနေဘူးလား။ပြိုင်ပွဲကွင်းပြင်ကတောင် ထွက်မလာရသေးခင် မင်းကြီးသည် သူတို့စံအိမ်သို့ တဟုန်ထိုး ရောက်ချလာပြီး သူတို့အား အံ့အားသင့်သွားစေခဲ့သည်။

အရှင်မင်းကြီးသည် ပြိုင်ပွဲကွင်းသို့ ကိုယ်တိုင်ကိုယ်ကျ သွားပြိုင်လိမ့်မည်ဟု သူတို့ တစ်ခါမှ တွေးထင်မထားခဲ့ပေ။သိုင်းပညာပြိုင်ပွဲက အချိန်ဆွဲထားရန် သို့မဟုတ် မင်းကြီးကို အရှက်ရစေလိမ့်မည်ဟု မူလက သူတို့ ထင်မိခဲ့လေသည်။ သို့ရာတွင် မင်းကြီး၏ ဘဏ္ဍာထိန်းက နောက်ဆုံးအနိုင်ရသူ၏ အမည်အား တင်ပြလာသည့်အခါမှသာ အရာအားလုံး နိဂုံးချုပ်သွားပြီမှာ သေချာ‌နေပြီဖြစ်ကြောင်း သူတို့ သိလိုက်ရသည်။

အရှင်မင်းကြီးက ဝေဝေအား လွန်ခဲ့သော အချိန်ကာလ‌ တော်တော်ကြာလောက်ကပင် နှစ်သက်နေခဲ့ခြင်းဖြစ်ပြီး ယခုတော့ ဝေဝေ၏ ခင်ပွန်း‌ယောက်ျားဟူသော ဂုဏ်ပုဒ်ကိုပင် ရရှိပေတော့မည်။ အဘွားနှင့် အဖေတို့မှာ ခွင့်ပြု‌ပေးလိုက်ရန်သာ တတ်နိုင်ပေတော့သည်။

ဆက်ရန် _______

Chapter 277

May 9, 2024 by Nay Chi Lynn

အပိုင်း ၂၇၇

ဧကရီ၏ သတို့သား

မူလက သူတို့သည် အဆုံးသတ်တွင် ပထမနေရာကို အနိုင်ရရှိသူပေါ်လာပါက ထိုသူ၏ အကျင့်စရိုက်ကို စစ်ဆေးလိုခဲ့ကြသည်။ သို့သော် သူတို့ ဘယ်လောက်ပင် ရဲတင်းပါစေ။ အရှင်မင်းကြီး၏ အကျင့်စရိုက်ကိုတော့ သူတို့ မစစ်ဆေးဝံ့ပေ။

ပုံမှန်အားဖြင့် ဧကရာဇ်သည် ကိုယ်ကျင့်တရား‌ ကောင်းမွန်သူ ဖြစ်ပြီး နိုင်ငံ‌တော်၏ မြင့်မြတ်သော အရှင်သခင်လည်း ဖြစ်သည်။ သူ့ကို သူတို့ ဘယ်လို စစ်ဆေးနိုင်ပါ့မလဲ။

ထို့ကြောင့် အရှင်မင်းကြီး ကျိန်ကော်စံအိမ်သို့ ရောက်လာသောအခါ မူလက စီစဉ်ထားသည့်အတိုင်း အကျင့်စရိုက်စစ်ဆေးရန် မည်သူမှ မ‌ပြောခဲ့ကြပေ။သို့သော် အရှင်မင်းကြီး၏ အပြုအမူများသည် အချိန်ဆွဲနေခြင်းက ပြဿနာ ဖြစ်စေသကဲ့သို့ပင် လက်ထပ်ပွဲအတွက် အလျင်စလို ဖြစ်နေပုံ‌ရသည်။

သူ အတွေးလွန်နေခြင်းသာ ဖြစ်လိမ့်မည်။အခြေခံအားဖြင့် ယနေ့ လက်ထပ်ခွင့်တောင်းခံခြင်းသည် အလျင်စလို ဖြစ်‌နေသော်လည်း ယဉ်ကျေးမှု‌ထုံးတမ်းစဉ်လာများ ကင်းမဲ့နေခြင်းတော့ မဟုတ်ပေ။

ယနေ့က ‌ရှားပါးသော နေ့ရက်ကောင်းပင် ဖြစ်နေ‌ပြီး အရာရာတိုင်းက သင့်တော်နေပေသည်။အခမ်းအနားဆိုင်ရာဌာနက ပေးပို့သော စေ့စပ်လက်ဆောင်မှာလည်း အလွန် များပြားနေပြီး သူတို့က ပုံမှန်ထက်ပင် ပို၍များ‌သေးသည်။ လက်ဆောင် အသီးသီးအား ဂရုတစိုက် ရွေးချယ်ပြီး ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။

၎င်းတို့မှာ အလွန်ပင် ခမ်းနားလှသည်။ထိုအရာအား ကြည့်ခြင်းဖြင့် ဧကရာဇ်က ဝေဝေကို အမှန်ပင် တန်ဖိုးထားကြောင်း သိနိုင်ပေသည်။

လုထင်ချန်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ အခုအချိန်ထိ မင်းကြီး၏ဂုဏ်ပုဒ် ပြောင်းလဲသွားမှုကို သူလက်သင့် မခံနိုင်သေးပေ။

လုထင်ချန်း တွေးတောနေစဉ် မင်းကြီး၏ အေးစက်စက် အသံကို ရုတ်တရက် သူကြားလိုက်ရသည်။သူသည် ရှက်ရွံ့သွားပြီး ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။

“မစိုးပါနဲ့။ အရှင်မင်းကြီး။ ကျွန်တော်မျိုး သူမကို ဂရုစိုက်လိုက်ပါ့မယ်။”

လုံယန်က သူ့အား ကြည့်လိုက်ပြီး ဘာစကားမှ မပြောဘဲ သူ့မြင်းကို လှည့်လိုက်တော့သည်။လုထင်ချန်းက ဒူးတစ်ဖက် ထောက်၍

“ကျွန်တော်မျိုး အရှင်မင်းကြီးကို တလေးတစား ပို့ဆောင်ပါတယ်။”

လုံယန်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး မြင်းဇတ်ကြိုးကို ဆွဲ၍ အဝေးသို့ ထွက်သွားတော့သည်။လုထင်ချန်း မတ်တပ်ရပ်လိုက်၏။၎င်းကို မြင်သောအခါ မှူးမတ်အရာရှိများသည်လည်း သူတို့၏မြင်းကို စီးပြီး ထွက်ခွါသွားလေသည်။

ရုတ်တရက် တိတ်ဆိတ်သွားသော စံအိမ်တံခါးဝကို ကြည့်ပြီး လုထင်ချန်း အချိန်တစ်ခုကြာ တွေးတောနေမိသည်။ ထို့နောက် သူ လှည့်ပြန်လှည့် စံအိမ်ထဲ ဝင်သွားတော့သည်။

မင်းကြီးသည် မထွက်ခွါသွားမီ ဝေဝေကို ဂရုစိုက်ပေးရန် သူ့အားပြောခဲ့ပေသည်။ သို့သော်လည်း သူ့အဘွားနှင့် အဖေက ဝေဝေအား ဆူပူကြိမ်း‌မောင်းလာမည်ကို သူ စိုးရိမ်မိသည်။

သူ အရှေ့ခြံဝန်းသို့ လျှောက်လာသည့်အခါ သူ့အဖေနှင့် ညီမက ထိုနေရာတွင် ရပ်နေသည်အား တွေ့လိုက်ရသည်။သူသည် သူတို့နှင့် တွေ့ဆုံရန် အလျင်အမြန် ခြေလှမ်း လှမ်းလိုက်သည်။

လုလျန့်ဝေမှာ တံခါးရှေ့ရှိ စေ့စပ်လက်ဆောင် တစ်ပုံတစ်‌ခေါင်းကြီးကို တစ်ချက်ကြည့်၍ ပြောစရာ စကား ကင်းမဲ့သွားတော့သည်။ထိုအရာများက ဧကရီ၏ သတို့သား လက်ဆောင်လား။ဘဏ္ဍာတိုက်တစ်ခုလုံးကိုများ ပြောင်းရွှေ့ပေးလိုက်‌တာလား။

ထိုအချိန်တွင် လုထင်ချန်းက တိတ်ဆိတ်မှုအား ဖြိုခွဲလိုက်သည်။လုလျန့်ဝေက ဘာမှပြန်မပြောပေ။ လုဟယ့်ထျန်းကတော့ ဒေါသထွက်နေပုံပေါ်သည်။ သူသည် အိမ်ထဲသို့ လှည့်မဝင်မီ လုထင်ချန်းအား မကျေမနပ် ကြည့်လိုက်သည်။

ထိုအရာအား မြင်သည့်အခါ လုလျန့်ဝေက သူမအစ်ကိုအား ညည်းတွားလိုက်‌သည်။

လုထင်ချန်းသည် သူ့အဖေ၏ စိတ်အခြေအနေအား ကောင်းစွာ နားလည်ပေသည်။ သို့သော် သူ ပုံမှန်အတိုင်း ပြောလိုက်သည့် စကားက သူ့‌အဖေ၏စိတ်အား နှိုးဆွမိလေမည်ဟု သူ မမျှော်လင့်ထားပေ။သူသည် လုလျန့်ဝေ၏ခေါင်းအား စိတ်ခံစားချက်များစွာဖြင့် ထိလိုက်သည်။

အကယ်၍ ဖြစ်နိုင်ပါက သူ့ညီမ အရွယ်ရောက်လာသည်အား သူ မလိုချင်ပေ။ သူမ အရွယ်ရောက်လာခြင်းသည် သူမအား တခြားတစ်ယောက်မှ ပိုင်ဆိုင်သွားနိုင်သည်ကို ဆိုလိုခြင်း ဖြစ်‌သည်။ သူမ အိမ်က ထွက်ခွါသွားပြီးနောက်တွင် သူတို့မောင်နှမ ကွဲကွာသွားပေတော့မည်။

ထိုအခြားလူမှာ အရှင်မင်းကြီး ဖြစ်နေသော်လည်း သူ့ညီမအား လက်ထပ်ပေးလိုက်ရန်မူ သူ အလွန် တွန့်ဆုတ်မိ‌နေသေးသည်။သူ့နှလုံးသားထဲမှ များပြားလှသည့် စိတ်ဓါတ်ကျ ဝမ်းနည်းမှုများအား လုထင်ချန်း ခံစားနေရသည်။

“ငါ့လက်ကို ကြည့်စမ်းပါဦး။ အနာဂါတ် ဧကရီလောင်းရဲ့ ခေါင်းကို ဘယ်လိုတောင် ထိနိုင်တာလဲ။ အရှင်မင်းကြီးသာ ဒါကို မြင်သွားလို့ရှိရင် ငါ့ကို ရိုင်းပြတယ်ဆိုတဲ့ အမှုနဲ့ အပြစ်ဒဏ်ပေးလိမ့်မယ်။”

ထို့နောက်တွင် သူ့လက်ကို အမြန် ရုတ်သိမ်းလိုက်သည်။လုလျန့်ဝေမျက်နှာ သုန်မှုန်သွားပြီး ညည်းညူလိုက်သည်။

“အစ်ကိုတောင် ကျွန်မ ပျော်ရွှင်နေတယ်လို့ ထင်နေတယ်ပေါ့။”

လုလျန်ဝေ တစ်စုံတစ်ခုကို တွေးတောမိပြီး သူမခေါင်းအား မချင့်မရဲ ငုံ့လိုက်သည်။သူမ ရုတ်တရက် ခေါင်းငုံ့လိုက်သည်အား မြင်သည့်အခါ လုထင်ချန်း၏ နှလုံးသားမှာ တင်းကျပ်သွားတော့သည်။

လုထင်ချန်း သူမအတွက် ဝမ်းနည်းမိသွားသည်။သူ့ညီမ ပြောင်းလဲသွားသည့် အချိန်ကတည်းက သူတို့မောင်နှမကြားရှိ ဆက်ဆံရေးမှာ ပို၍ ကောင်းသထက် ကောင်းမွန်လာ‌ခဲ့သည်။ ထို့အပြင် သူ့ညီမ၏ စိတ်သဘောထားကိုလည်း ပို၍ သိနားလည်လာခဲ့သည်။

သူမသည် လွတ်လပ်မှုအား သဘောကျပြီး ပိတ်လှောင်ထားခံရခြင်းကို မနှစ်သက်ပေ။ နန်းတော်ထဲသို့ ဝင်ရောက်ခြင်းမှာ လွတ်လပ်မှုကို ဆုံးရှုံးလိုက်ရခြင်းသာဖြစ်သည်။ သူမ လုံ့လအားအင်ကင်းမဲ့ပုံ ပေါ်နေသည်မှာ အံ့ဩစရာမရှိပေ။

All Chapters