← Chapters

အခန်း (၂၇၈-၂၈၀)

Vol. 6 Ch. 278-280

အခန်း (၂၇၈-၂၈၀)

Vol. 6 Ch. 278-280

အပိုင်း ၂၇၈

သူမတွင် ပြောပြရန် သတ္တိမရှိပါ။

သူသည် သူမပခုံးအား ရုတ်တရက် ပုတ်လိုက်သည်။

“စိတ်မညစ်ပါနဲ့။ လာ။ မင်း အစ်ကိုရဲ့ပခုံးမှာ မှီလို့ရတယ်။”

လုလျန့်ဝေသည် မျက်လုံးပင့်၍ သူ့အား ကြည့်လိုက်သည်။ သူမသည် ယဉ်ယဉ်ကျေးကျေး ပြုမူမနေတော့ဘဲ သူ့ပခုံးပေါ်သို့ သူမခေါင်းအား အမှန်တကယ် မှီချလိုက်သည်။သူမက သူ့ထက် အရပ်ပိုပုပေသည်။ ထို့ကြောင့် သူ့အပေါ်သို့ မှီလိုက်သောအခါ သူမသည် ခြေဖျားထောက် ရပ်နေရသည်။

လုထင်ချန်းသည် ပင်ပန်းနေပုံရသော သူမအား ပွေ့ဖက်‌ပေးလိုက်ချင်သည်။ သို့သော် သူမက စေ့စပ်ကြောင်း ကမ်းလှမ်းခံထားရပြီး အနာဂါတ်တွင် ဧကရီ ဖြစ်လာမည်အား တွေးလိုက်မိသောအခါ သူ လှုပ်ရှားမှုအား ရပ်လိုက်တော့သည်။

မောင်နှမနှစ်ယောက် အချိန်ကြာကြာ မနေဘဲ အဓိကခန်းမထဲသို့ ဝင်သွားလိုက်သည်။သူတို့ ဝင်လာသည်နှင့် တပြိုင်နက် အဓိကထိုင်ခုံထက်တွင် သူမအဘွားက တည်ငြိမ်သော မျက်နှာထားဖြင့် ထိုင်နေသည်အား လုလျန့်ဝေတွေ့လိုက်သည်။ ပြီးတော့ သူမ ရုတ်တရက် စိတ်လှုပ်ရှားသွ‌ားလေသည်။

“အဘွား။”

လုလျန့်ဝေ ရှေ့တက်၍ သူမအား နှုတ်ဆက်လိုက်သည်။ထိုအရာကို ကြားသည့်အခါ မြို့စားကတော်ဟောင်းက သူမ၏ ညွတ်ကျနေသော မျက်‌တောင်များကို ပင့်တင်လိုက်၍ လုလျန့်ဝေကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

“နောက်ဆုံးတော့ အိမ်ပြန်လာရ‌ကောင်းမှန်း ညည်း သိပြီပေါ့။”

လုလျန့်ဝေ ရုတ်တရက် မတရားခံရသလို ခံစားလိုက်ရသည်။သူမသည် လုံယန်၏ ရုတ်တရက် ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရခြင်းဖြစ်ပြီး တော်ဝင်စံအိမ်တွင်လည်း ပိတ်မိနေခဲ့သည်။ သူမ ပြန်လာချင်ခဲ့သော်လည်း နည်းလမ်း မရှိပေ။

သို့သော်ထိုအကြောင်းကို ပြောပြရန် သူမတွင် သတ္တိမရှိပါ။သူမ သုံးရက်ခန့် အိမ်အပြင်ရောက်နေသည်မှာ အမှန်ပင် ဖြစ်သည်။ထိုအကြောင်းအား တွေးမိသည့်အခါ လုလျန့်ဝေသည် သူမအဘွား၏ ခြေရင်းတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူမလက်မောင်းအား လှုပ်ရမ်းလိုက်သည်။

“ကျွန်မ မှားသွားပါတယ်။ အဘွား ကျွန်မကို အပြစ်ပေးပါ။”

မြို့စားကတော်ဟောင်းက သူမအား စိတ်ဆိုးစွာကြည့်လိုက်‌သည်။

“ညည်းက မကြာခင် ဧကရီ ဖြစ်လာတော့မှာပဲ။ ငါ ညည်းကို ဘယ်လိုလုပ် အပြစ်ပေးရဲပါ့မလဲ။”

ထိုစကားအား ကြားသည့်အခါ လုလျန့်ဝေ ချက်ချင်း စိတ်မသက်သာ ဖြစ်သွားတော့သည်။ သူမသည် သူမအဘွား၏ လက်မောင်းအား ကိုင်ထားပြီး လွှတ်မပေးတော့ပေ။

“အဘွား ဒီလိုပြောရင် ကျွန်မ ဝမ်းနည်းပြီး သေသွားလိမ့်မယ်။ အဘွားက ကျွန်မကို မြေးမအဖြစ် ထပ်မလိုချင်တော့ဘူးလားဟင်။”

သူမမျက်နှာပဩထက်မှ တုန်လှုပ်ခြောက်ခြားနေမှုများအား မြင်သည့်အခါ မြို့စားကတော်ဟောင်းသည် အနည်းငယ် ပို၍ အဆင်‌ပြေလာတော့သည်။ သို့သော်လည်း သူမက ဒေါသဖြင့် ‌ပြောလိုက်‌သေးသည်။

“ညည်းတို့ ညီအမနှစ်ယောက်၊ တစ်ယောက်ထက် နောက်တစ်ယောက်ကို ပိုပြီး စိုးရိမ်နေရတယ်။ ကမ္ဘာပေါ်မှာ ကောင်းတဲ့ ယောက်ျားတွေ အများကြီး ရှိနေတာ‌လေ။ အဲ့ဒါကို ညည်းက ဘာလို့ တော်ဝင်မိသားစုထဲ ဝင်ချင်နေရတာလဲ။”

ထိုအကြောင်းအား ပြောပြီးသည့်အခါ မြို့စားကတော်ဟောင်းလည်း ခေါင်းကိုက်သွားတော့သည်။လုမိသားစုသည် မျိုးရိုးစဉ်ဆက် သစ္စာရှိ မင်းမှုထမ်းများ ဖြစ်ခဲ့ပေသည်။ သူတို့က ဘယ်သောအခါမှ တော်ဝင်မိသားစုနှင့် ကြားဝင်ပြီး ဆက်နွှယ်ခဲ့ခြင်း မရှိပေ။ သို့သော် အခုမျိုးဆက်တွင် သူတို့၏ မြေးမလေး နှစ်ယောက်က တော်ဝင်မိသားစုထဲ ပါဝင် ပတ်သတ်မိလေပြီ။

လုယွင်ရွှမ်းသည် မင်းသားနှင့် လက်ထပ်ခဲ့သည်။ အခု တစ်ဖန် လုလျန့်ဝေက အရှင်မင်းကြီးနှင့် လက်ထပ်ပေတော့မည်။ ထို‌အကြောင်းများကြောင့် သူမ ဘယ်လိုလုပ်ပြီး ဒေါသမထွက်ဘဲ နေနိုင်မှာလဲ။

အခုအချိန်ကစပြီး လုမိသားစုသည် တော်ဝင်မိသားစုများကြားထဲက တိုက်ပွဲနှင့် ကင်းကင်းရှင်းရှင်းနေနိုင်တော့မည် မဟုတ်ပေ။လုမိသားစုသည် အမြဲတမ်း ရှေ့တန်းတွင် တိုက်ခိုက်ပြီး တိုင်းပြည်ကို ကာကွယ်‌ပေးနေသည့် သစ္စာရှိ မင်းမှုထမ်းများသာ ဖြစ်ချင်ခဲ့သည်။ သို့သော် လုမိသားစုဝင် သမီးတစ်ယောက်ယောက်ကသာ တော်ဝင်မိသားစုနှင့် ပတ်သတ်မိလိုက်ပါက နောက်ပိုင်းတွင် သူတို့ လည်းရိုးရှင်းစွာ မနေနိုင်လောက်‌တော့ပေ။

ထိုအရာက မြို့စားကတော်ဟောင်း မဖြစ်စေချင်ဆုံး အရာပင် ဖြစ်သည်။လုယွင်ရွှမ်း လက်ထပ်သောအခါက သူမ၏ လက်ထပ်မှုအား မြို့စားကတော်ဟောင်း အရမ်း ဂရုမစိုက်ခဲ့ပေ။ သို့သော် ယခုတွင်မူ သူမ၏ အချစ်ဆုံး မြေးမလေးသည်ပင် တော်ဝင်မိသားစုနှင့် ပတ်သတ်ရပေတော့မည်။ ထိုအရာက သူမအား စိတ်မတည်မငြိမ် ဖြစ်စေသည်။

အဘွား၏ ‌အတွေးများအား လုလျန့်ဝေ နားလည်သောကြောင့် ပို၍ အပြစ်မကင်းမှုအား ခံစားရပေသည်။ သို့သော် ကိစ္စရပ်များသည် ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူမလည်း မထင်ထားခဲ့ပေ။မူလက လုံချီကို ဟန့်တားရန်နှင့် လုံချီ၏ ဧကရာဇ် ဖြစ်ချင်နေသည့် ဆန္ဒ မဖြစ်မြောက်စေရန်အတွက်ကြောင့်သာ သူမသည် လုံယန်၏ရောဂါကို ကုသပေးချင်ခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်၌ သူမသည် လုံယန်၏ အဆိပ်အား အလုံးစုံ ဖယ်ရှားပြီးသွားပြီဖြစ်သည်။ သို့သော်လည်း သူမ နောက်ဆုတ်ရန် မဖြစ်နိုင်တော့သည်အပြင် သူမ၏ ကိုယ်ပိုင်ဘဝကိုတောင် ထိုသူက ယူသွားတော့မည်။

ထိုအကြောင်းအား တွေးလိုက်မိသည့်အခါ သူမ စိတ်ဓါတ်ကျသွားပြီး သူမ မိသားစုအတွက် အပြစ်ရှိစိတ်ကိုသာ ခံစားရတော့သည်။နန်းတွင်းအာဏာလုပွဲသည် ရှေးယခင်ကတည်းကပင် ရက်စက်ပြင်းထန်လှပေသည်။ လုမိသားစုသည်လည်း အမြော်အမြင်ရှိသော ကာကွယ်မှုလမ်းစဉ်ကိုသာ အစဉ်လိုက်နာခဲ့ခြင်းဖြစ်သည်။ နန်းလုပွဲတွင် မည်သည့်အခါမှ ပါဝင်ပတ်သတ်ခဲ့ခြင်း မရှိခဲ့။ လုမိသားစု မျိုးဆက်များ တစ်ခုပြီးတစ်ခုကြာရှည်အောင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ခြင်းမှာ ထိုအကြောင်းရင်းကြောင့်သာလျှင် ဖြစ်သည်။

သို့ရာတွင် အခုတော့ သူမကြောင့် လုမိသားစုသည် နန်းတွင်းအာဏာလုပွဲတွင် ပါဝင်ပတ်သတ်ရပေတော့မည်။ သူမက အမှန်ပင် တာဝန်မကျေပွန်ခဲ့ပေ။ မိသားစုဝင်များ၏ သူမအပေါ်ထားရှိသော ချစ်မေတ္တာများအတွက် သူမ ရှက်ရွံ့မိလေသည်။ထိုအကြောင်းအား တွေးလိုက်မိသောအခါ လုလျန့်ဝေ ပို၍ပင် မသက်မသာ ခံစားလာရသည်။

“ဒါတွေ အကုန်လုံး ကျွန်မ အမှားပါ ......။”

သူမက အပြစ်ရှိစိတ်ဖြင့် ခေါင်းငုံ့လိုက်သည်။မြို့စားကတော်ဟောင်းလည်း ဘာကိုမှ မပြောနိုင်တော့ပေ။ လုဟယ့်ထျန်းက မထိုင်နိုင်တော့ဘဲ လုလျန့်ဝေအား ဆွဲထူပေးလိုက်သည်။

“သမီးမိုက်လေး၊ အဖေတို့ မင်းကို အပြစ်မတင်ပါဘူး။”

ဆက်ရန် _______

Chapter 279

May 10, 2024 by Nay Chi Lynn

အပိုင်း ၂၇၉

အရှင်မင်းကြီးက အရမ်း ဉာဏ်နီဉာဏ်နက်များလှသည်။

လုလျန့်ဝေသည် သူမခေါင်းအား လုဟယ့်ထျန်း၏ လက်မောင်းတွင်း၌ နစ်မြှုပ်လိုက်သည်။

“ကျွန်မ သိပါတယ်။ ဒါပေမဲ့ ကျွန်မကြောင့် အဘွားနဲ့ အဖေကို အရှက်ရသွား‌စေခဲ့တာတော့ အမှန်ပဲလေ။”

လုဟယ့်ထျန်း၏ နဂို စိတ်အနှောင့်အယှက်ဖြစ်မှုများသည် သူမ၏ အပြုအမူများကြောင့် ခြေရာလက်ရာ မကျန်အောင် ပျောက်ကွယ်သွားပြီး သူ၏နှလုံးသားမှာလည်း နူးညံ့လာတော့သည်။လုဟယ့်ထျန်းသည် သူမခေါင်းအား သူ့လက်ကြီးဖြင့် ပွတ်ပေးလိုက်ပြီး သူ့အသံကို တတ်နိုင်သမျှ ညင်သာအောင်လုပ်၍ ပြောလိုက်သည်။

“ဒီကိစ္စက သမီးနဲ့ ဘာမှမဆိုင်ပါဘူး ......။”

သူသည်ပြောပြီးနောက် ခေတ္တရပ်တန့်လိုက်၍ သူ့စကားအား ချင့်ချိန်၍ ဆက်ပြောလိုက်သည်။

“အရှင်မင်းကြီးက သမီးကို အတင်းအကျပ်အရယူခဲ့သေးလား။”

လုလျန့်ဝေသည် ထိုစကားအား ကြားသည့်အခါ သူမ ရုတ်တရက်နားမလည်လိုက်ပေ။ သို့သော် သူမဘေးမှ အဘွား၏ ချောင်းဟန့်သံအား ကြားလိုက်ရ‌သည်။သူမ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ အဘွားက စိတ်ကသိကအောက်ဖြင့် တစ်ဖက်လှည့်သွားသည်ကို တွေ့လိုက်ရသည်။

သူမ ခန အေးခဲသွားပြီးနောက် ချက်ချင်းဆိုသလို သူမ တစ်စုံတစ်ခုအား နားလည်သွားတော့သည်။ သူမ၏ ကြည်လင်သော မျက်ဝန်းထဲတွင် မယုံကြည်နိုင်ဖွယ် အရိပ်အယောင်က ဖြတ်ခနဲ ပေါ်လာပြီး ပြောလိုက်သည်။

“အရှင်မင်းကြီးက ကျွန်မကို အတင်းအကျပ်အရမယူပါဘူး။”

ထိုသို့ ပွင့်ပွင့်လင်းလင်း အမေးခံရသည့်အခါ လုလျန့်ဝေက မျက်နှာ ပူထူသွားပြီး သူမ၏ ရှက်ရွံ့မှုအား ဖုံးကွယ်ရန် တမင်သက်သက် ခြေတစ်ဖက် ဆောင့်လိုက်တော့သည်။

“အို့၊ အဘွားတို့ အကုန်လုံး အလိမ်ခံရတာ။ အရှင်မင်းကြီးက အဲ့လိုမျိုး မလုပ်ပါဘူး။”

သူမသည် နန်းတော်ထဲ မဝင်ချင်သော်လည်း လုံယန်မှာ အမှန်တကယ်ပင် ဓလေ့ထုံးတမ်းများကို လိုက်နာ‌သောသူ ဖြစ်သည်။ထိုသူက သူမအပေါ် အကြိမ်များစွာ ထိပါးနှောင့်ယှက်သော်လည်း ထိုအရာများက အနမ်း‌ပေးခြင်းမျှသာ ဖြစ်ကာ သူမအပေါ် ၎င်းထက်ပို၍ လွန်လွန်ကျူးကျူး မလုပ်ပေ။

ထိုစကားများအား ကြားသည့်အခါ မြို့စားကတော်ဟောင်းသည် တစ်စုံတစ်ရာကို ချက်ချင်း နားလည်သွားပြီး အံကြိတ်လိုက်တော့သည်။အရှင်မင်းကြီးမှာ အမှန်တကယ်ပင် ဉာဏ်နီဉာဏ်နက်များလှသည်။

မင်းကြီးက ဝေဝေအပေါ် မကျူးလွန်ရသေးကြောင်းကိုသာ သူမ သိခဲ့ပါက သူမ ငြိမ်ခံနေမည် မဟုတ်ဘဲ နောက်ဆုံးအချိန်ထိ သူမကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။အဆုံးတွင် ဝေဝေက သူမ၏ခန္ဓာကိုယ်ကို မင်းကြီးအား ပေးလိုက်ပြီးပါက သူမသည် မင်းကြီး၏လူသာ ဖြစ်‌လာနိုင်‌ပေတော့မည်။ နောက်တစ်ကြိမ် လက်ထပ်ရန်မှာ မဖြစ်နိုင်ပေ။

အရှင်မင်းကြီးသည် ထို‌အကြောင်းများကို ခန့်မှန်းတွက်ချက်ပြီး အလိမ်အညာစကားများကို သဘာဝကျကျ ပြောသွားလေသည်။ကိုယ်ကျင့်သိက္ခာ စောင့်ထိန်းမှုကြောင့်သာ မဟုတ်ပါက မင်းကြီးသည် သူမအား လွယ်လင့်တကူ လက်လွတ်ပေးလိမ့်မည် မဟုတ်သဖြင့် ဝေဝေသည် သူမ၏ အပျိုဘဝကို ဆုံးရှုံးပြီးလောက်ပြီဖြစ်သည်။

အချိန်တစ်ခုကြာကြာ မြို့စားကတော်ဟောင်း၏ မျက်နှာမှာ ကြည့်ရဆိုးနေပြီး သူမသည် လူသတ်ချင်စိတ်တောင် ဖြစ်နေခဲ့သည်။အရေးကြီးဆုံးမှာ မင်္ဂလာပွဲအကြောင်း ဆွေးနွေးစဉ်က ဝေဝေ ဝမ်းဗိုက်ထဲတွင် ဧကရာဇ်၏မျိုးဆက် ရှိနေလောက်ပြီဟု မင်းကြီးက သီးသန့် အရိပ်အမြွက်‌ ပြောခဲ့သေးသည်။ ထို့ကြောင့် လက်ထပ်မည့် နေ့ရက်အား ဆောင်းဦးလ လယ်ပွဲတော်နေ့အဖြစ် အလျင်စလို သတ်မှတ်လိုက်ရသည်။

မူလက သူမ အနည်းငယ် အချိန်ကြာအောင် ဆွဲထားချင်ခဲ့သော်လည်း မင်းကြီးက ထို့ကဲ့သို့ အရိပ်အမြွက် ပြလာသောအခါ သူမ ဝေဝေအား ကြာကြာ ခေါ်ထားနိုင်ခြင်း မရှိတော့ဘဲ သွားခွင့်ပြုလိုက်ရတော့သည်။ ဝေဝေ၏ ဝမ်းဗိုက်ထဲတွင် မင်းကြီး၏ ဆက်ခံသူ ရှိနေပါက ထိုအရာသည် အဆင်မပြေတော့ပေ။သို့ရာတွင် ထိုအရာအားလုံးသည် မင်းကြီး၏ လုပ်ဇာတ်ခင်းမှုများသာ ဖြစ်နေခဲ့သည်။

မြို့စားကတော်ဟောင်း အလွန်ပင် နောင်တရသွားသည်။အရှင်မင်းကြီးက ဝေဝေအား အဝေးသို့ ခေါ်ထုတ်သွားသည်မှာ မထူးဆန်း‌တော့ပေ။ သူသည် သူမ အိမ်မှာ မရှိ‌သောအချိန်တွင် လက်ထပ်ပွဲအကြောင်း ဆွေးနွေးသွားခဲ့သည်။ ဆွေးနွေးပြီး‌သွားသည့်အခါမှသာ သူမကို ပြန်လွှတ်‌ပေးခဲ့သည်။

လုလျန့်ဝေ အနည်းငယ် ထိတ်လန့်သွားပြီး လုဟယ့်ထျန်း လက်‌မောင်းထဲမှ အမြန် ထွက်လာကာ မြို့စားကတော်ဟောင်းကို ဖေးမပေးလိုက်သည်။

ဆက်ရန် _______

Chapter 280

May 10, 2024 by Nay Chi Lynn

အပိုင်း ၂၈၀

အရှင်မင်းကြီး၏ အတွေးများ

ဝေဝေ၏ စိုးရိမ်ပူပန်နေသော မျက်နှာအား တွေ့လိုက်ရသည့်အခါ မြို့စားကတော်ဟောင်းသည် သက်ပြင်းကြီးစွာ ချ၍ သူမလက်ကို ပုတ်ပေးလိုက်သည်။

“အဘွားကသာ မြေးကို ဒုက္ခပေးမိတာပါ။”

“အဘွား ဘာလို့ ဒီလို တွေးနေတာလဲ။ ဒီကိစ္စက အဘွားနဲ့ ဘာမှမဆိုင်ပါဘူး။”

လုလျန့်ဝေ စိုးရိမ်တကြီး ပြောလိုက်သည်။

“ငါက အရှင်မင်းကြီးရဲ့ စကားတွေကို ယုံမိသွားတာလေ။ ငါ့မြေးမလေးက ဒီလိုမျိုး သာမန်လူမျိုး မဖြစ်နိုင်ဘူးဆိုတာ ငါတွေးမိလိုက်သင့်တယ်။ အဘွားအမှားပါ။”

မြို့စားကတော်ဟောင်းက သူမလက်ကို ဝှေ့ရမ်း၍ ခိုင်ခိုင်မာမာ ပြောလာသည်။တစ်ခဏအတွင်း သူမတစ်ကိုယ်လုံးမှာ ပိုပြီး အသက်ကြီးရင့်သွား၍ အိုမင်းသည့်ပုံ ပေါ်လာသည်။လုလျန့်ဝေသည် သူမလက်မောင်းအား ဖက်၍ ချွဲချွဲနွဲ့နွဲ့ ပြောလိုက်သည်။

“အဘွားက စိုးရိမ်ပူပန်နေပြီး အတွေးတွေ ရှုပ်ထွေးသွားလို့ပါ။ ပြီးတော့ ဒီကိစ္စက .........။ ထိုအရာက အရှင်မင်းကြီးရဲ့ အမှားတွေပဲ။”

ထိုစကားအားပြောနေစဥ်တွင် သူမမျက်နှာပေါ်၌ ဒေါသများအရိပ်ယောင်များ ဖြတ်ခနဲ ပေါ်လာတော့သည်။ဒီကိစ္စက တကယ့်ကို လွန်လွန်းအားကြီးသွားလေပြီ။

မြို့စားကတော်‌ဟောင်းသည် သူမအသံအား တိုး၍ ရုတ်တရက် ပြောလိုက်သည်။မင်းရဲ့စိတ်ထဲက အတွေးများအား ဘယ်သူမှမသိနိုင်သော်လည်း ထုတ်ဖော်ပြောခြင်းကိုတော့ ရှောင်ကြဉ်ရမည်ဖြစ်သည်။ဝေဝေသည် မည်မျှပင် စဉ်းစားချင့်ချိန်တတ်ပါစေ သူမမှာ အလွန် ငယ်ရွယ်နေသေးသည်။

မြို့စားကတော်ဟောင်းမှာ ရုတ်တရက် ဝမ်းနည်းမိသွားသည်။အနာဂါတ်တွင် သူမသည် နန်းတော်ထဲ ဝင်ရောက်ရပေတော့မည်။ သူမသည် ထိုကလေးအတွက် ဘာလုပ်ပေးနိုင်မည်နည်း။လုလျန်ဝေက သူမ စကားမှားပြောမိကြောင်း သိလိုက်သဖြင့် တိတ်တိတ်လေးသာနေ၍ ဘာမှ ထပ်မပြောတော့ပေ။

မြို့စားကတော်ဟောင်းက သက်ပြင်းချကာ သူမခေါင်းအား ထိ၍ လေးလေးနက်နက် ပြောလိုက်သည်။

“ကောင်းပြီ။ ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်ကြတာပေါ့။ အခြားနည်းလမ်းလည်း မရှိတော့ဘူးလေ။ လက်ထပ်ပွဲကလည်း အတည်ပြုပြီးနေပြီ။ ဆောင်းဦးလလယ်ပွဲတော်နေ့လို့ ရက်သတ်မှတ်ထားတယ်။ မြေးလည်း ဂရုတစိုက် နေဦး။”

လုလျန်ဝေက ထိုစကားများအား ကြားသည့်အခါ သူမလက်ချောင်းများကို ဖြစ်ညှစ်မိလိုက်သည်။အခုက မေလလယ်ရောက်နေပြီဖြစ်သည်။ ဆောင်းဦးလလယ်ပွဲတော်ဆိုပါက သုံးလသာ ကျန်ရှိတော့သည်။ဧကရာဇ်၏ ဧကရီကို လက်ထပ်ခြင်းမှာ ကြီးကျယ် လေးနက်သော အခမ်းအနားဖြစ်ပြီး ပြင်ဆင်‌ဆောင်ရွက်ရန် အချိန်များစွာ လိုအပ်သည် မဟုတ်လား။

ထိုအခမ်းအနား ပြင်ဆင်မှုများသည် တစ်နှစ်အတွင်းတောင် ပြီးစီးရန် မဖြစ်နိုင်ချေ။သူမအား သုံးလအကြာတွင် လက်ထပ်နိုင်ရန် သူ မည်သို့လုပ်ခဲ့သနည်း။လုလျန့်ဝေ မျက်နှာ သုန်မှုန်သွားပြီး မကျေမနပ် ဖြစ်သွားတော့သည်။

မူလက လက်ထပ်ပွဲအား ဆုံးဖြတ်ပြီးသွားရင်တောင်မှ နောက်နှစ်အထိ သူမ လက်ထပ်ရန် မဖြစ်နိုင်လောက်သေးဘူးဟု တွေးထင်ခဲ့မိသည်။ ထိုသို့ဆိုလျှင် သူမ အိမ်တွင် အနည်းဆုံး နောက်ထပ် တစ်နှစ်လောက်တော့ နေနိုင်ပေလိမ့်မည်။ သို့သော် အခုတော့ သူမသည် အိမ်တွင် သုံးလလောက်သာ နေလို့ရတော့မည်။

လုဟယ့်ထျန်း မျက်မှောင်ကြုပ်လိုက်ပြီး လက်ထပ်ပွဲနေ့နှင့် ပတ်သတ်၍ အလွန် မကျေမနပ် ဖြစ်‌နေတော့သည်။ သို့သော် သူ့အမေ သူ့အား ထိုအကြောင်း ပြောပြသည့်အခါ အရှင်မင်းကြီးက ဝေဝေအပေါ် တစ်ခုခု လုပ်ခဲ့ပြီးပြီဟု သူလည်း တွေးထင်မိခဲ့သည်။ ထို့ကြောင့် သူသည် မကျေနပ်သော်လည်း လက်ထပ်ပွဲနေ့ကို သဘောတူလိုက်ရ‌ပေသည်။

သို့သော် အခုတော့ ဝေဝေက အရှင်မင်းကြီးနှင့် ဘာမှ မဖြစ်ကြသေးပေ။ အရှင်မင်းကြီးက ဝေဝေကို လက်ထပ်ပြီး နန်းတော်ထဲ ခေါ်သွင်းရန် မစောင့်နိုင်တော့ခြင်းသာ ဖြစ်ကြောင်း ရှင်းလင်းသွားပြီဖြစ်သည်။ထိုအရာအား တွေးမိသည့်အခါ လုဟယ့်ထျန်း မျက်နှာ အမူအရာမှာ ပို၍ပင် အေးစက်သွားတော့သည်။

အရှင်မင်းကြီး၏ အတွေးများမှာ အလွန်ပင် သိသာထင်ရှားနေပေသည်။လုဟယ့်ထျန်းသည် လုံယန်အား သူ့စိတ်ထဲမှ ဆူပူကြိမ်းမောင်းလိုက်သည်။ထိုအချိန်တွင် မြို့စားကတော်‌ဟောင်းက စိုးရိမ်တကြီး ပြောလိုက်သည်။

လုဟယ့်ထျန်း ထိုအကြောင်းကို ကြားသည့်အခါ သူ့မျက်နှာ အမူအရာမှာ ပို၍ပင် ဆိုးဝါးသွားတော့သည်။ နောက်ဆုံးအခေါက်က ကျီချင်းယွမ် သူ့အား ပြောလိုက်သည့် စကားများကို ချက်ချင်း ပြန်တွေးလိုက်သည်။

အရှင်မင်းကြီးသည် ကိုယ်လုပ်တော်များစွာယူထားသည်မှာ နှစ်များစွာပင် ရှိနေပြီဖြစ်သည်။ သို့သော် သူ၏စင်ကြယ်မှုကိုတော့ ထိန်းသိမ်းထား‌ဆဲဖြစ်ပြိး သူ့အစ်ကိုကြီး၏ သားကိုပင် အိမ်ရှေ့စံမင်းသားအဖြစ် ခန့်အပ်ထားခဲ့သည်။ ထိုအရာများသည် ရုပ်ပိုင်းဆိုင်ရာ ပြဿနာကြောင့် မဟုတ်ဘူးဆိုပါက အခြား ဘာဖြစ်နိုင်မည်နည်း။အရှင်မင်းကြီးက ဝေဝေကို ဘယ်လိုမျိုး အသက်ရှင် နေထိုင်စေချင်နေတာလဲ။

မြို့စားကတော်‌ဟောင်းသည်လည်း မင်းကြီး၏ ကျန်းမာရေးပြဿနာအား သံသယဝင်သွားပေမဲ့ ထိုကဲ့သို့တော့ ‌သူမ မတွေးထင်မိပေ။ ထိုစဉ်က ဝေဝေသည် သူ၏ အမျိုးသမီး ဖြစ်နေပြီ ဖြစ်ကြောင်း‌ လုံယန်က သူမအား ပြောခဲ့သဖြင့် သူမပင် အလွန် စိတ်ဆိုးသွားခဲ့ရသည်။

ထိုအချိန်တွင် သူမသား၏ မျက်နှာအမူအရာကို တွေ့လိုက်ရသည့်အခါ မောင်းမဆောင်ထဲက အခြေအနေနှင့် အိမ်ရှေ့မင်းသားလုံချီအား တွေးမိသွားလေသည်။ ပြီးနောက် သူမ အလျင်အမြန် တစ်စုံတစ်ခုကို နားလည်သွားပြီး စိတ်ဒုက္ခရောက်သွားတော့သည်။

တစ်ချိန်လုံး စကားမပြောခဲ့သည့် လုထင်ချန်းက သူ့အဘွားနှင့် အဖေတို့၏ ထူးဆန်းသော မျက်နှာ အမူအရာအား တွေ့လိုက်ရသည်။ ထို့နောက် သူတို့က မည်သည့်အရာအား စိုးရိမ်နေကြောင်း နားလည်သွား‌တော့သည်။ သူသည် အနည်းငယ် ရှက်သွားပြီး ပြောလိုက်‌သည်။

“အဘွား၊ အဖေ၊ အရမ်းအတွေးမလွန်ပါနဲ့။ အရှင်မင်းကြီးက ကျန်းမာ‌ရေးကောင်းပါတယ်။ ဘာမှမဖြစ်ပါဘူး။”

All Chapters