အခန်း (၂၈၁-၂၈၃)
Vol. 6 Ch. 281-283
အပိုင်း ၂၈၁
ဝေဝေက သူရဲ့ဘဝ
ဘာမှမဖြစ်ကြောင်းကို ပြောသည့်အခါတွင်လည်း သူ့အသံကို အလေးပေး၍ ပြောလိုက်သည်။
ထို့ပြင် ဝေဝေသည် မင်းကြီး၏ အဆိပ်အား ကူညီပြီးဖြေရှင်းပေးခဲ့ပြီးဖြစ်သည်။ မင်းကြီးတွင် ပြဿနာ ရှိနေလားဆိုသည်ကို ဝေဝေကသာ အသိဆုံး ဖြစ်သည်။
သိုသော် ထိုအကြောင်းအား သူမ ထုတ်မပြောနိုင်ပေ။ သူ့အဘွားနှင့် အဖေသာ ထိုအကြောင်း သိသွားပါက ဝေဝေ အပြစ်ပေးခံရလိမ့်မည်။
လုထင်ချန်း၏ စကားများကို ကြားသောအခါ မြို့စားကတော်ဟောင်းနှင့် လုဟယ့်ထျန်းတို့၏ အမူအရာမှာ ကောင်းမွန်လာခဲ့သည်။
လုထင်ချန်းသည် မင်းကြီး၏ ယုံကြည်မှုကို မြင့်မားစွာ ရရှိထားပြီး မင်းကြီးအတွက် နေ့တိုင်း အလုပ်လုပ်ပေးနေရလေသည်။ ထို့ကြောင့် သူပြောသည့် စကားများမှာ အခြားသူထက်စာလျှင် ပို၍ လက်ခံနိုင်ဖွယ်ရာ ရှိသည်။
အရှင်မင်းကြီး အဆင်ပြေနေသည်ဟု သူပြောပါက တကယ် အဆင်ပြေနေလို့ပင် ဖြစ်လိမ့်မည်။
လုဟယ့်ထျန်းက အနည်းငယ် တွန့်ဆုတ်နေသေးသည်။ မင်းကြီး အဆင်ပြေနေသည်ဆိုပါက ကျိလင်ဟွေ့ နန်းတော်ထဲရောက်နေသည်မှာ နှစ်များစွာ ရှိနေပြီး သူမ ဘာကြောင့် အပျိုစင် ဖြစ်နေသေးတာလဲ။ ကျိချင်းယွင်ကရော ဘာလို့ ရှန်းယန်ဘုရင်ကို တိတ်တဆိတ် ထောက်ပံ့နေတာလဲ။
လုဟယ့်ထျန်းသည် စိတ်ထဲတွင် သံသယများ ရှိနေသေးသည်။။
သို့သော် လုထင်ချန်းသည် အမှန်တရားကို သိထားခြင်းသာ မဟုတ်ပါက သူ့ကို လိမ်ပြောလိမ့်မည်တော့ မဟုတ်ပေ။
ထိုအရာကို တွေးမိပြီး လုံယန်တွင် ရုပ်ပိုင်းဆိုင်ရာ ပြဿနာ ရှိနေသလားဆိုသည်ကို လုဟယ့်ထျန်း သံသယရှိလာသည်။
သူတို့သုံးယောက် စကားမပြောကြသော်လည်း ထူးဆန်းနေသည့် လေထုအခြေအနေက လုလျန့်ဝေအား တစ်စုံတစ်ခု သိနားလည်သွားစေလေသည်။
သူမက ဘာကိုမှ နားမလည်သည့် အသက်ငယ်ငယ် ကလေးမလေး မဟုတ်တော့ပေ။ မြို့စားကတော်ဟောင်းက မင်းကြီး၏ ခန္ဓာကိုယ်အကြောင်း ရုတ်တရက် ပြောလာသောအခါ သူမ သိသွားလေသည်။
သူမ လုံယန်နှင့်သာ လက်ထပ်လိုက်ပါက သူမ မပျော်မရွှင် ဖြစ်နေမည်ကို မြို့စားကတော်ဟောင်းနှင့် လုဟယ့်ထျန်း စိုးရိမ်နေကြပေသည်။
သူမ နှလုံးသားထဲ နွေးထွေးသွားသော်လည်း သူမ အနည်းငယ် စိတ်ရှုပ်ထွေးသွားတော့သည်။
လုံယန် ခန္ဓာကိုယ်က ပြဿနာ ရှိ မရှိဆိုသည်ကို အသာထားပါဦး။ သူက မင်းဧကရာဇ် ဖြစ်သဖြင့် ဧကရာဇ်ကို လက်ထပ်လိုက်ပါက ပျော်ရွှင်မှုအား မျှော်လင့်မနေသင့်တော့ပေ။
လုံယန်က သူမကို ဘယ်လိုပဲ ကောင်းကောင်းမွန်မွန် ဆက်ဆံနေပါစေ။ သူက တော်ဝင်နန်းတော် တစ်ခုလုံးကို အုပ်စိုးရသော ဧကရာဇ် ဖြစ်နေသဖြင့် သူ့တွင် မရေမတွက်နိုင်သော အလှလေးများစွာ ရှိလာနိုင်ပေသည်။
လုံယန် မကျန်းမာစဉ်က သူ၏ မောင်းမဆောင်တွင် ကိုယ်လုပ်တော် လေးယောက်သာ ရှိလေသည်။ အခု သူပြန်လည် ကျန်းမာလာပြီ ဖြစ်သဖြင့် အလှလေးများကို လက်ခံပြီး မောင်းမဆောင် ချဲ့ထွင်ရန်မှာ မကြာတော့ပေ..........။
သူမလည်းပဲ မကြာခင် ထိုအမျိုးသမီးများစွာထဲမှ တစ်ယောက် ဖြစ်လာမည်ကို လုလျန့်ဝေ တွေးမိသွားပြီး အနည်းငယ် စိတ်ပျက်အားလျော့သွားလေသည်။
သူမ ထိုအခြေအနေထိ ရောက်သွားအောင် ဘယ်လိုလုပ်ပြီး သူမကိုယ်သူမ တွန်းပို့မိသွားတာလဲ။
လုအိမ်တော်ထဲတွင် နေထိုင်ပြီး ရိုးသားသည့် ခင်ပွန်းတစ်ယောက်အား လက်ထပ်၍ သူမ မိသားစုနှင့် မကွဲမကွာ ရှိနေရန်မှာ သူမ၏ မူလပန်းတိုင်သာ ဖြစ်သည်။ သို့ရာတွင် ယခုမူ ထိုပန်းတိုင်သည် သူမနှင့် ဝေးသထက်ဝေးသွားပြီး သူမ တစ်ဘဝလုံးတွင် ဖြစ်မြောက်နိုင်တော့မည် မဟုတ်ပေ။
လုလျန့်ဝေသည် ညှိုးငယ်စွာ ခေါင်းငိုက်စိုက်ကျသွားတော့သည်။
လုဟယ့်ထျန်းသည် သူမ၏ စိတ်ဓါတ်ကျနေမှုကို သတိထားမိသွားပြီး သူ့နှလုံးသားမှာ စူးအောင့်သွားရသည်။ သူ လွှတ်ခနဲ ပြောလိုက်သည်။
“အမေ၊ ဝေဝေက နန်းတော်ထဲကို တကယ် မဝင်ချင်ဘူး။ ဘာလို့ .........”
မြို့စားကတော်ဟောင်းက သူ့အား စိုက်ကြည့်လာသည်။
လုဟယ့်ထျန်း လက်သီးအား ကျစ်ကျစ်ဆုပ်လိုက်သည်။ အကယ်၍ ဝေဝေ အလိုမရှိ၍ ပုန်ကန်လိုက်ပါကလည်း ဘာဖြစ်သွားနိုင်မည်နည်း။
မြို့စားကတော်ဟောင်း ခေါင်းကိုက်သွားတော့သည်။ သူမ ဘယ်လိုလုပ် သူမသား၏ အတွေးကို နားမလည်နိုင်ရမှာလဲ။
ဝေဝေက သူ၏ဘဝ ဖြစ်လေသည်။ ဝေဝေသာ နန်းတော်ထဲ ပျော်ရွှင်စွာ လက်ထပ်သွားသည်ဆိုလျှင်တောင် သူအတွက် လက်သင့်ခံနိုင်ရုံသာ ဖြစ်ပေလိမ့်မည်။ သို့သော် ဝေဝေသည် မင်းကြီးနှင့် လက်ထပ်ရန် မပျော်မရွှင်သာ ဖြစ်နေပါက သူ ဘယ်လိုလုပ်ပြီး ထိုင်ကြည့်နေနိုင်တော့မည်နည်း။
သူမသား မိုက်မဲသည့်အရာ တစ်ခုခု လုပ်လိုက်လိမ့်မည်ကို ကြောက်လန့်သွားပြီး မြို့စားကတော်ဟောင်းက သူ့ကို စိတ်ငြိမ်ငြိမ်ထားရန် သတိပေးလိုက်သည်။
“ရာသီဉတုက ပူနွေးလာပြီဆိုတော့ ငါ ဝေဝေကို ထျန်းကျူးတောင်မှာ ခနလောက် နေထိုင်ဖို့ ခေါ်သွားမယ်။”
သူမ ထိုသို့ပြောလိုက်သောအခါ လုဟယ့်ထျန်း အံ့ဩသွားလေသည်။
ထျန်းကျူးတောင်သည် ထျန်းကျူးဘုရားကျောင်းကြောင့် ကျော်ကြားပေသည်။
အမွှေးနံ့သာများဖြင့် ပြည့်နေသော ထျန်းကျူးဘုရားကျောင်းကို ထျန်းကျူးတောင်ပေါ်တွင် တည်ဆောက်ထားသည်။ ဗုဒ္ဓကို ဝတ်ပြုဆုတောင်းရန် ရောက်လာကြသည့် များစွာသော ဘုရားဖူးများက နေ့စဉ် ဇင်ဘာသာကို လာရောက် နားထောင်ကြလေသည်။
သူမ မကြာသေးခင်က ထိုနေရာသို့ သွားခဲ့သော်လည်း အခုတစ်ဖန် ထပ်မံ၍ သွားပေဦးမည်။ လုဟယ့်ထျန်းလည်း ရွေးချယ်စရာမရှိဘဲ သွားခွင့်ပြုရတော့မည်။
သူကိုယ်တိုင်ကလည်း အမြော်အမြင်ရှိသူ ဖြစ်သည်။ စိတ်တည်ငြိမ်သွားပြီးနောက် သူမ၏ ရည်ရွယ်ချက်အား သူ အလျင်အမြန် နားလည်သွားတော့သည်။
အရှင်မင်းကြီးကို ရှောင်ရှားရန် အမေက ဝေဝေအား တမင်သက်သက် အဝေးသို့ ခေါ်ဆောင်သွားခြင်းသာ ဖြစ်သည်။
ဤကိစ္စကိုတော့ လုဟယ့်ထျန်းလည်း သဘောတူပေသည်။
“ကောင်းပြီ။ နှစ်ရက်ကြာရင် စစ်တပ်က အလုပ်မရှုပ်တော့ဘူး။ ကျွန်တော်ကိုယ်တိုင် အမေ့တို့ကို လိုက်ပို့ပေးမယ်။”
လုထင်ချန်းသည် သူလိုက်ပို့ပေးမည်ဟု ပြောလိုက်ချင်သော်လည်း သူ့အဖေက အရင်ဆုံး ပြောသွားခဲ့သည်။ သူသည် သူအဖေနှင့် ငြင်းခုန်နိုင်လိမ့်မည် မဟုတ်ပေ။
ဆက်ရန် _______
Chapter 282
May 11, 2024 by Nay Chi Lynn
အပိုင်း ၂၈၂
လုံယန်က ည၌ သူမအိပ်ဆောင်သို့ ရောက်လာရခြင်းကို နှစ်သက်လေသည်။
လုလျန့်ဝေက သူမအဘွားနှင့် အဖေ၏ ဆုံးဖြတ်ချက်အား ကြားသော်လည်း သူမတွင် ထင်မြင်ချက်မရှိပေ။
သူမကိုယ်တိုင်လည်း အပြင်ထွက်၍ လျှောက်လည်ချင်နေခြင်းဖြစ်သည်။ ထို့အတွက် ထျန်းကျူးတောင်သို့ သွားရမည်ဆိုပါကလည်း သူမအတွက် အဆင်ပြေပေသည်။
သို့မဟုတ်ပါက လက်ထပ်ရန်အတွက် သူမကို အိမ်ထဲတွင်သာ နေခိုင်းပါက သူမ ရူးသွားပေလိမ့်မည်။
ညအချိန်၌။
လုလျန့်ဝေ ရေချိုးနေရင်း အကြောင်းအရာများစွာကို တွေးတောနေလေသည်။ ခနအကြာ သူမ ရေထဲမှ ထွက်လာချိန်တွင် ရေက အနည်းငယ်ပင် အေးစက်နေပြီဖြစ်သည်။
သူမ တွေ့ရာ အတွင်းဝတ်စုံအား ယူဝတ်လိုက်သည်။ ထို့နောက် ပုဝါတစ်ထည်ကို ကောက်ကိုင်၍ သူမ၏ ဆံပင်စိုများကို သုတ်နေလိုက်သည်။
ပုဝါအား လက်တစ်ဖက်ဖြင့် ကိုင်၍ သူမ ခန်းစီးလိုက်ကာနောက်မှ ထွက်လာခဲ့သည်။
သို့သော် မကြာမီ သူမ လှုပ်ရှားမှုများ အေးခဲသွားတော့သည်။
သူမ မျက်ဝန်းလှလှလေးများ ပြူးကျယ်သွားပြီး ပြတင်းပေါက်ဘေးက ထိုင်ခုံတွင် ထိုင်နေသည့် ထိုအမျိုးသားအား ကြည့်လိုက်သည်။
လုံယန်သည် သူ့လက်ထဲမှ စာအုပ်အား ချလိုက်ပြီး သူ့အကြည့်ကမူ အကာအကွယ်မဲ့နေသည့် ခြေထောက်ဖြူဖြူလေး နှစ်ခုဆီသို့ ဖြတ်ခနဲ ရောက်သွားတော့သည်။ ထို့နောက် အဆုံးတွင် သူ့အကြည့်က သူမ၏ ကြင်သေသေနေသည့် မျက်နှာထက်သို့ ရောက်သွားပြီး သူနှုတ်ခမ်းထောင့်များ တွန့်သွားခဲ့သည်။
လုလျန့်ဝေက သူ့အား အလွန်အမင်း မနှစ်သက်ခြင်း မဟုတ်ကြောင်း သူစိတ်ထဲတွင် သိလေသည်။သူမ ပြောရန် ပြင်နေစဉ် ရုတ်တရက် တစ်စုံတစ်ခုအား သတိရသွားသည်။ သူမ အာမေဍိတ်ပြုလိုက်ပြီး ခန်းစီးလိုက်ကာနောက်သို့ အလျင်အမြန် သွားလိုက်သည်။ သူမသည် အတွင်းဝတ်စုံမှလွဲ၍ တခြားဘာကိုမှ ဝတ်မထားသောကြောင့် သူမမျက်နှာ ရှက်သွေးဖြာသွားရသည်။
အခု ရာသီဉတုက ပူနွေးလာပြီ ဖြစ်သဖြင့် အတွင်းဝတ်ရုံများမှာ အတော်လေး ပါးလွှာနေခဲ့သည်။
သူမ ထိုအရာအား မသိဘဲ အခုလေးတင် သူ့အရှေ့လျှောက်သွားနေသည်ကို တွေးမိပြီး အဆင်မပြေဖြစ်သွားတော့သည်။
“အရှင် ဘာလို့ ကျွန်တော်မျိုးမရဲ့ အိပ်ဆောင်ထဲကို ဆန္ဒရှိသလို ဝင်လာရတာလဲ။”
“မင်းက ကိုယ်တော်ရဲ့ သတို့သမီးလောင်း ဖြစ်နေပြီလေ။ ကိုယ်တော်က ဘာလို့ မင်းအိပ်ဆောင်ကို မဝင်နိုင်ရမှာလဲ။”
အရှင်မင်းကြီးက အရမ်းကို ဗိုလ်ကျ ခြယ်လှယ်နေတယ်မလား။
လွန်ခဲ့သော နှစ်ရက်က ဟွမ်ကျွမ်းတွင် သူတိုနှစ်ဦးသည် နေ့တိုင်း ညတိုင်း တွေ့မြင်နေရသည်။ ထို့ကြောင့် ယနေ့ည သူ ထပ်၍ လာလိမ့်မည် မဟုတ်ဟု သူမထင်နေခဲ့သည်။ သူမ မမျှော်လင့်ထားခဲ့သော်လည်း သူသည် ထပ်မံ၍ ရောက်ရှိလာပေသည်။
ထို့ပြင် အခုည၌ အချိန် နည်းနည်းပင် ပိုစောနေသေးသည်။ သူလာချင်ရင်တောင်မှ နည်းနည်း စောမနေဘူးလား။
လုလျန့်ဝေ သူမနှုတ်ခမ်း နီနီလေးကို ကိုက်လိုက်ပြီး စိတ်ရှုပ်ထွေးသွားရသည်။
ထိုအမျိုးသား၏ အေးဆေး ညှင်သာသော အနိမ့်သံကို ကြားလိုက်ရပြီးနောက် လုလျန့်ဝေ တသိမ့်သိမ့် တုန်သွားကာ ရုတ်တရက် ပြောလိုက်သည်။
လုံယန် ထိုစကားအား ကြားသည့်အခါ သူ့မျက်လုံးများ နက်နဲသွားပြီး မှန်းဆ၍ မရနိုင်တော့ပေ။ လုံယန်သည် သူ့နောက်ရှိ သူ့လက်ချောင်းများကို မိနစ် အနည်းငယ်လောက် တင်းကျပ်လိုက်ပြီး သူ့၏ တည်ငြိမ်လှသောအနိမ့်သံဖြင့် ပြောလိုက်သည်။
အဝေးသို့ လျှောက်သွားသည့် ခြေသံများကို ကြားလိုက်ရသောအခါ လုလျန့်ဝေ စိတ်သက်သာရာရသွားတော့သည်။
လုံယန်သည် ည၌ သူမအိပ်ဆောင်သို့ ရောက်လာရခြင်းကို နှစ်သက်သော်လည်း သူက ပွေရှုပ်တတ်သည့်သူတော့ မဟုတ်ပေ။
သူမ ဗီရိုဆီ တဟုန်ထိုးပြေးသွားလိုက်ပြီး အဝတ်များကို ထုတ်ယူလိုက်သည်။ ဘောင်းဘီကို အမြန်ဝတ်ပြီးနောက် အင်္ကျီကို ဝတ်၍ သူမကိုယ်သူမ တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားလေသည်။ လှစ်ဟာနေသော နေရာများ မရှိစေရန် အသေအချာ လုပ်ပြီးမှသာ သူမခေါင်းပေါ်မှ ပုဝါကို ဆွဲယူလိုက်သည်။ သူမဆံပင်အား ဖြစ်သလို သုတ်လိုက်ပြီးနောက် တံခါး ဖွင့်၍ လုံယန်ကို ဝင်လာခွင့် ပေးလိုက်သည်။
တံခါးအပြင်တွင် တိတ်ဆိတ်နေလေသည်။ ကျူယွီ ဘယ်နေရာသို့ ထွက်သွားကြောင်း သူမ မသိပေ။ အစေခံများ၏ အရိပ်အယောင်ကိုလည်း မတွေ့ရပေ။ ညမှောင်မှောင်က ခြံဝန်းတစ်ခုလုံးအား လွှမ်းခြုံနေပေသည်။
ထိုအမျိုးသားက အကန့်အသတ်မဲ့ ညအမှောင်ထဲ ရောနှောသွားချင်နေသကဲ့သို့ ဆင်ဝင်အောက်တွင် တံခါးကို ကျောပေး၍ ရပ်နေခဲ့သည်။
လုလျန့်ဝေ ထိုအမျိုးသား၏ ရှည်သွယ်နေသော ပုံသဏ္ဍာန်ကို ကြည့်ပြီး အင်တင်တင် ပြောလိုက်သည်။
“အရှင်မင်းကြီး၊ ဝင်လို့ရပါပြီ။”
လုံယန်သည် သူမ၏ခြေသံများကို အစောကတည်းက ကြားနေရခြင်းပေ။ သူမပြောသံအား ကြားသည့်အခါ သူက လှည့်လာခဲ့သည်။
မှိန်ပျပျ မီးရောင်အောက်တွင် တံခါးကို မှီ၍ ရပ်နေသည့် ထိုအမျိုးသမီးလေးမှာ သူမ၏ ဆံပင်စိုများကို ဂရုစိုက်ရန် အချိန်မရှိပေ။ သူမမျက်နှာမှာလည်း ပန်းရောင်သန်းပြီး ရှက်သွေးဖြာနေခဲ့သည်။ သူမကိုယ်မှ မွှေးရနံ့ ခပ်ဖျော့ဖျော့ကိုအား အဝေးမှပင် သူ ခံစားလိုက်ရသည်။
လုံယန်သည် သူ့လက်ချောင်းများကို ပွတ်လိုက်ကာ သူမအား အပြုံးဖြင့် ကြည့်လာသည်။
လုလျန့်ဝေ သူ့အား ဖြတ်ခနဲ ကြည့်လိုက်သည်။ အဆင်မပြေဘူးဆိုသည့် အကြောင်းကို သူမ မပြောနိုင်ဘူးမလား။
ဆက်ရန် ______
Chapter 283
May 11, 2024 by Nay Chi Lynn
အပိုင်း ၂၈၃ - အရှင်မင်းကြီး၏ ဝန်ဆောင်မှု
သူမ စကားမပြောဘဲ သူမ၏ကိုယ်ကို ဘေးဘက်သို့ ရွှေ့လိုက်သည်။
ထိုအရာအား မြင်သည့်အခါ လုံယန်က စိတ်ကျေနပ်မှုဖြင့် နှုတ်ခမ်းများ ကော့တက်သွားပြီး အိမ်ထဲသို့ ဝင်လာလေသည်။
လုံယန် သူမအား ကျော်ဖြတ်သွားချိန်တွင် ခပ်ဖျော့ဖျော့ မွှေးရနံ့က အတားအဆီးမရှိဘဲ သူ့နှာခေါင်းဆီသို့ ရောက်လာခဲ့သည်။ သူ၏ ဂနာမငြိမ်ဖြစ်မှုကို တည်ငြိမ်အောင် မလုပ်ရသေးမီပင် တစ်ဖန် အစကနေ ပြန်၍ ရှုပ်ထွေးသွားတော့သည်။
သူက အသံနက်နက်ဖြင့် ပြောလိုက်သည်။
“ဝေဝေ .........”
သူ၏ အသံနက်နက်မှာ ဆွဲဆောင်မှု ရှိလှသည်။ လုလျန်ဝေမှာ လုံယန်က မမျှော်လင့်စွာဖြင့် သူမအား ခေါ်လိုက်ခြင်းကြောင့် သူမနှလုံးသား တုန်ယင်သွားရသည်။ သူမခေါင်းမမော့ရဲဘဲ အခန်းထဲသို့ အမြန်ဝင်သွားတော့သည်။
“ထိုင်ပါဦး။ ကျွန်တော်မျိုးမ အရှင့်အတွက် လက်ဖက်ရည် သွားဖျော်လိုက်ပါဦးမယ်။”
လက်ဖက်ရည် ဖျော်မည်ဟု ပြောလိုက်သော်လည်း ရေနွေး ဘယ်လိုတည်ရမည်ကိုပင် သူမ မသိပေ။ ထို့ကြောင့် ထို့ကြောင့် စားပွဲပေါ်ရှိ ရေအေးတစ်ခွက်အား လောင်းထည့်ကာ သူ့ကို ပေးလိုက်သည်။
လုံယန် သူမကို ကြည်သည့် အကြည့်များမှာ နက်နဲသွားတော့သည်။ လုံယန် သူမဆီမှ လက်ဖက်ရည်ခွက်အား ယူသောအခါ သူ့လက်ချောင်းထိပ်များက သူမအား အမှတ်တမဲ့ ထိမိသွားလေသည်။ မရင်းနှီးသည့် လျှပ်စီးကြောင်းက လက်ကနေတစ်ဆင့် တဟုန်ထိုး ဝင်ရောက်လာပြီး သူတို့နှစ်ယောက်စလုံးအား နောက်တွန့်သွားစေခဲ့သည်။
လုံယန်သည် သူ့ရှေ့မှ ထိုအမျိုးသမီးလေးအား ကြည့်ပြီး ပေါက်ကွဲထွက်တော့မည့် အခြေအနေတွင် ရှိနေသကဲ့သို့ သူ့ဝမ်းဗိုက်တွင်း၌ မီးတောက်နေသည်ကိုသာ ခံစားရတော့သည်။
သူသည် မျက်မှောင်ကြုပ်လိုက်ပြီး သူ့လက်ထဲမှ ရေအေးခွက်ကလည်း တုန်သွားခဲ့သည်။ လုံယန်က ထိုရေအေးခွက်အား မယူ၍ သောက်လိုက်လေသည်။
ထိုအရာအား မြင်သောအခါ လုလျန့်ဝေ နှုတ်ခမ်းများ လှုပ်ခတ်သွားပြီး သူ့ကို ရပ်တန့်လိုက်ချင်သည်။ သို့သော်လည်း နောက်ကျသွားရ၏။
ထိုအရာက သူမ တမင်သက်သက် သူ့ကို ထည့်ပေးလိုက်သော ရေအေးသာ ဖြစ်သည်။ သို့သော် သူတကယ် သောက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။
ထိုအမျိုးသား၏ အသံက ကြည်လင်ပြတ်သားနေသည်။
လုလျန့်ဝေ မျက်ခုံးတွန့်လိုက်ပြီး ခနမျှတွေးတောကာ ပြောလိုက်သည်။
“အရှင်ရဲ့ ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်နေဆဲ အခြေအနေမှာပဲ ရှိသေးတယ်။ ရေအေး မပြောနဲ့။ ရေနွေးသောက်ဖို့တောင် မသင့်တော်ဘူး။”
“မဟုတ်ပါဘူး။ အရှင့်ရဲ့ ရောဂါဟောင်း ပြန်ဖြစ်လာမှာ စိုးလို့ပါ။ အဲ့ဒါက စိတ်အနှောင့်အယှက် ဖြစ်စေလိမ့်မယ်။”
လုံယန်က ထိုစကားကို ကြားပြီးနောက် မျက်မှောင်ကြုပ်သွားတော့သည်။
“ဟုတ်ပါတယ်။ ဒါပေမဲ့လည်း အဲ့ဒါကို မဖျက်စီးသင့်ဘူးလေ။”
လုံယန် သူမအား အလွန် ချစ်မြတ်နိုးပေသည်။ သူမသည် ချစ်စရာကောင်းသော်လည်း ရင့်ကျက်ဟန် ဆောင်နေခဲ့သည်။
လုံယန်က လက်ချောင်းများကို မြှောက်၍ သူမ၏ ချောမွတ်နေသော မျက်နှာရှိအသားအရည်အား ထိကာ ပျော်ရွှင်နေလေသည်။ သို့သော် သူသည် သူမအား သတိပေးလိုက်သည်။
လုလျန့်ဝေ မျက်နှာမှာ လုံယန်ကြောင့် ယားယံနေပေသည်။ ထိုအချိန်တွင် ထိုသူပြောသော စကားများအား သူမ ကြားလိုက်ရသည်။ သူမသည် သူ့အပြုအမူများအား အရေးမစိုက်နိုင်တော့ဘဲ ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည်။
လုံယန် လုလျန်ဝေအား ဘာမှမပြောဘဲ ပြုံးနေပြီး သူမဘေးတွင် ချထားသော ပုဝါကို ယူလိုက်သည်။ ထို့နောက် သူမကို ဆွဲ၍ ထိုင်ခုံတွင် ထိုင်ခိုင်းလိုက်သည်။
လုလျန့်ဝေ အနည်းငယ် တုန်သွားလေသည်။ ခနကြာတော့ သူ၏ နွေးထွေးသော လက်ချောင်းများက သူမ၏ ဦးရေပြားကို ပွတ်နေပြီး သူမဆံပင်ကို ညင်သာစွာ သုတ်ပေးလာသည်။
ထိုအမျိုးသမီးလေး၏ ခန္ဓာကိုယ် ရုတ်တရက် အေးခဲသွားသည်ကို သတိထားမိသော်အခါ လုံယန်၏ အပြုံးကမှာ ပိုမိုနက်ရှိုင်းသွားတော့သည်။
ဤအချိန်တွင် နိုင်ငံ၏ ဘုရင်မင်းမြတ်က သူမအား ဝန်ဆောင်မှုပေးနေသည်ကို စဉ်းစားမိသောအခါ လုလျန့်ဝေ တဖြည်းဖြည်း ဖြေလျော့လာလေသည်။
ထိုအရာက အလွန်ရှားပါးပေသည်။ ထို့ကြောင့် သူမ ၎င်းအား ပျော်မွေ့နေသင့်သည်။
ထိုအကြောင်းအား တွေးမိပြီး သူမမျက်လုံးများကို မှိတ်လိုက်တော့သည်။ သူ၏ ညှင်သာသည့် လှုပ်ရှားမှုများကို ခံစားမိပြီး သူမ သက်တောင့်သက်သာ ဖြစ်နေခဲ့သည်။
ခနကြာတော့ အိပ်ချင်စိတ် ပေါ်လာပြီး သူမ အိပ်ပျော်လုနီးပါး ဖြစ်နေစဉ် လုံယန်မှာ ရပ်တန့်လိုက်ပြီး သူမအား သူ့လက်ချောင်းများဖြင့် ပွေ့လာ၏။
သူမက သူ့အား ရန်သူကဲ့သို့ ကြည့်နေသည်ကို မြင်လိုက်ရသည့်အခါ လုံယန် အနည်းငယ် ရယ်မိသွားတော့သည်။
ထိုအမျိုးသမီးလေး၏ ခုခံကာကွယ်နေမှုအား မြင်သည့်အခါ လုံယန် ခနဲ့တဲ့တဲ့ ပြုံးလိုက်တော့သည်။