← Chapters

အခန်း (၂၈၄-၂၈၆)

Vol. 6 Ch. 284-286

အခန်း (၂၈၄-၂၈၆)

Vol. 6 Ch. 284-286

အပိုင်း ၂၈၄

စွဲလမ်းစေ‌သည်

ဒီအမျိုးသမီးလေး ဘာများတွေးနေသနည်း။ ထိုအရာတော့ဖြစ်မည်ဟု သူ မထင်ပေ။

လုံယန် ခေတ္တရပ်တန့်သွားသည်။ သူ အလိုဆန္ဒရှိနေသော်လည်း သူမ အနစ်နာခံရမည်ကိုတော့ သူ မလိုချင်‌ပေ။ ထို့ကြောင့် အခုအချိန် သူမအပေါ် ကျူးလွန်ဖို့တော့ သူ မတွေးထားပါ။

“ဒါဆို ကိုယ်တော် နန်းတွင်းကို ပြန်သင့်ပြီပေါ့။”

သူပြောပြီး မတ်တပ်ထရပ်လိုက်သည်။

လုလျန့်ဝေ စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်သည်။

လုံယန်က သူမနောက်ကျောကို လက်တစ်ဖက်ဖြင့် ကိုင်၍ ရုတ်တရက် ရှေ့သို့ ကိုင်းညွတ်လာပြီး သူမအား နမ်းလိုက်သည်။

လုလျန့်ဝေ : “.........”

သူမ ကြက်သေသေသွားသည်ကို မြင်သည့်အခါ လုံယန် ပေါ့ပေါ့လေး ပြုံးလိုက်သည်။

အချိန်တစ်ချို့ကြာပြီးနောက် သူ ထိန်းချုပ်နိုင်စွမ်း မဆုံးရှုံးသွားမီ လုံယန် သူမကို အင်တင်တင်ဖြင့် လွှတ်ပေးလေသည်။ သူမ၏ အနည်းငယ် နီရဲပြီး ဖူးယောင်နေသော နှုတ်ခမ်းကို သူ့လက်ဖြင့် ပွတ်‌ပေးလိုက်ပြီး သူ၏အနိမ့်သံမှာလည်း ဆွဲဆောင်မှုရှိနေသည်။

“မင်းဆံပင်ကို ခြောက်အောင် သုတ်ပေးရတဲ့အတွက် ဆုလာဘ်ပဲ။”

မင်္ဂလာပွဲမတိုင်မီ သူမကို မထိဘူးဟု ဆိုခြင်းမှာ သူမကို သူ မနမ်းဘူးဟုတော့ မဆိုလိုပေ။

သူမက အလွန်ချိုမြိန်လေသည်။ သူ သူမကို ထိလိုက်သည့်အချိန်တိုင်း သူ ထိန်းချုပ်နိုင်စွမ်း ပျောက်ဆုံးသွားတော့မည်ဟု ခံစားနေရသည်။ အမြဲတမ်း သူ ဂုဏ်ယူရသော သူ၏တည်ငြိမ်မှုနှင့် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှုတို့အားလုံးမှာလည်း ကုန်ဆုံးသွားခဲ့ရသည်။

သူမရှေ့တွင် ဤသို့သော ခံစားချက်ကို သူတစ်ခါမှ မတွေ့ကြုံဘူးပါ။ သူသည် အမြဲတမ်း တည်ငြိမ်၍ ချုပ်တီးနိုင်စွမ်း အားကောင်းလေသည်။ ပြီးတော့လည်း တစ်ခါမှ ထိန်းချုပ်နိုင်စွမ်း မကင်းလွတ်ဖူး‌ပေ။

သူမက ပျားရည်နှင့်တူသည့် အဆိပ်သာဖြစ်သည်။ တစ်ခါ ကူးစက်ခံရပြီးပါက သူမအား အလွဲတကူ စွဲလမ်းစေ‌နိုင်သည်။

သူခန္ဓာကိုယ်မှ ဂနာမငြိမ်မှုကို ဖိနှိပ်ရန် သူ့သွေးကြောထဲသို့ အအေးဓါတ်ကို လည်ပတ်စေလိုက်သည်။

လုံယန်၏စကားအား ကြားသည့်အခါ လုလျန့်ဝေ၏ ငေးကြောင်နေသည့်မျက်နှာသည် ရှက်ရွံ့မှုဖြင့် အစားထိုးသွားတော့သည်။ သူမ တိုးတိုးလေးပြောလိုက်သည်။

သူမနှုတ်ခမ်းမှ သူ၏ ရှင်းလင်း‌သည့် အထိအတွေ့ လွှမ်းမိုးမှုကြောင့် သူမနှလုံးခုန်မြန်လာပြီး စည်းချက်များ ရှုပ်ထွေးသွားတော့သည်။

သူမ ထရပ်ရန် ပြင်လိုက်စဉ် လုံယန်က သူမပခုံးများကို ကိုင်လိုက်သည်။

လုလျန့်ဝေ ထိုစကားအား ကြားသည့်အခါ သူမ မလှုပ်ရှားတော့ပေ။

လုံယန်က သူမအား ဖြတ်ခနဲ ကြည့်လိုက်ပြီး သူနှုတ်ခမ်းထောင့်စွန်းများ ကော့တက်သွားတော့သည်။ သူသည် အချိန်ကြာကြာ မနေတော့ဘဲ လှည့်ပြန်သွားလိုက်သည်။

သူပြန်သွားသည်နှင့်တပြိုင်နက် လုလျန့်ဝေ အိပ်ရာပေါ်သို့ လှဲချလိုက်သည်။

ယနေ့ည အဖြစ်အပျက်များသည် သူမကို စိတ်ရှုပ်ထွေးပြီး စိတ်ကျဉ်းကျပ်စေသည်။

ဤနိုင်ငံ၏ ဘုရင်မင်းမြတ်ကဲ့သို့ ကျိန်းကော်စံအိမ်သို့ အေးအေးဆေးဆေး လာရောက်လည်ပတ်‌နေသည့် ဧကရာဇ်ဟူ၍ မရှိပေ။

ထိုအချိန် ကျူးယွီသည် တိတ်တဆိတ် လျှောက်လာလေသည်။

လုလျန့်ဝေက ထထိုင်ပြီး သူမကို စိုက်ကြည့်လိုက်သည်။

ကျူးယွီ ခေါင်းကုတ်လိုက်ပြီး အပြစ်ရှိစိတ်ဖြင့် သူမမျက်လုံးအား ရှောင်ရှားနေသည်။

“အရှင်မင်းကြီးက ရုတ်တရက် ရောက်လာပြီး အစေခံတွေကို အာရုံလွှဲပြောင်းလိုက်လို့ပါ။”

လုလျန့်ဝေ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။

“နင့်မမလေး ငါက ရေချိုးနေတုန်းလေ။ အဲ့ဒါကို နင်က အဝေးကို ထွက်သွားရဲတယ်။ တစ်ယောက်ယောက် ဝင်လာရင် ဘယ်လိုလုပ်မလဲ။”

ကျူးယွီ ရုတ်တရက် ကြောက်လန့်သွားပြီး‌ ပြောလေသည်။

“တခြားသူဆိုရင် ဒီအစေခံနဲ့ ကျန်တဲ့သူတွေက သေမယ်ဆိုရင်တောင် အဝေးကို ထွက်သွားမှာ မဟုတ်ပါဘူး။ အရှင်မင်းကြီး မဟုတ်ဘူးလား။ အရှင်မင်းကြီးက ဒီနေ့ပဲ စေ့စပ်ကြောင်းကမ်းလှမ်းပြီးပြီလေ .............”

လုလျန့်ဝေ ခုနက သူမ၏ ရှက်ရွံ့မှုများကို တွေးမိပြီး စိတ်အနှောင့်အယှက် ဖြစ်သွား‌‌တော့သည်။

“နင့်ကို နောက်တစ်ခါ ဒီလိုလုပ်ဖို့ ခွင့်မပြုဘူး။လာတဲ့သူက အရှင်မင်းကြီး ဖြစ်ပါစေ။ နင် အဝေးကို သွားလို့မရဘူး။ နင် သွားမှရမယ်ဆိုရင်တောင် အနည်းဆုံးတော့ ငါ့ကို အသိပေးရမယ်။”

ထိုအခါမှသာ လုလျန့်ဝေ သူမ၏အသက်ရှူသံအား ဖြေလျော့လိုက်‌တော့သည်။

“သေချာမှတ်ထား‌နော်။ အဲ့ဒါဆို ရပြီ။ ရပြီ။ နင် သွားအိပ်‌တော့။”

ကျူးယွီက မျက်နှာတွင် အနည်းငယ်သော စိတ်လှုပ်ရှားမှုဖြင့် သူမကို ကြည့်လာသည်။

လုလျန့်ဝေက သူမကို မမြင်ဟန် ဆောင်ပြီး စကားပြောခြင်းအား ရပ်တန့်လိုက်သည်။

ကျူးယွီက မနေနိုင်တော့ဘဲ ချည်းကပ်လာပြီး စိတ်လှုပ်ရှားစွာ ပြောလေသည်။

“သခင်မလေး၊ သခင်မလေးက မကြာခင် ဧကရီ ဖြစ်တော့မှာပေါ့နော်။”

သူမ ဘာအတွက် စိတ်လှုပ်ရှားနေသည်အား နားမလည်သည့်အတွက် လုလျန့်ဝေ သူမကို ဖြတ်ခနဲ ကြည့်လိုက်သည်။

“သခင်မလေး၊ ဒါက ကြီးမားတဲ့ ကိစ္စကြီးပဲ။ သခင်မလေး စဉ်းစားကြည့်လေ။ သခင်မလေး မင်းကြီးကို လက်ထပ်လိုက်တဲ့အခါ အနာဂါတ်မှာ မင်းသားနဲ့ မင်းသမီးက သခင်မလေးကို နေ့တိုင်းလာ‌တွေ့ရလိမ့်မယ်။ သခင်မလေးကို အဒေါ်လို့လည်း ခေါ်ကြရဦးမှာ။”

ကျူးယွီသည် အချိန်တော်တော်ကြာကတည်းက မင်းသားနှင့် မင်းသမီးအား မကျေနပ်ခဲ့‌ပေ။ သို့သော် အခု‌တော့ အဆင်ပြေသွားပြီဖြစ်သည်။ သူမ၏ သခင်မလေးသည် မင်းကြီး၏ ချစ်မြတ်နိုးရသူ ဖြစ်ပြီး ဧကရီ ဖြစ်လာ‌ပေလိမ့်မည်။ မင်းသားနှင့် မင်းသမီးက သခင်မလေး၏ ခြေရင်းတွင် ဝပ်ဆင်းရပေတော့မည်။

ထို‌အကြောင်းကို တွေးမိပြီး သူမ ပျော်ရွှင်သွားလေသည်။

အပိုင်း ၂၈၅

လုံယန်၏ ကောင်းကွက်များစွာကို ရှာဖွေတွေ့ရှိခြင်း

လုလျန့်ဝေ ခန‌မျှ ကြက်သေသေသွားလေသည်။ သူမ ထိုအကြောင်းကို မေ့လုနီးပါးပင် ဖြစ်၏။

သူမ သတိပြန်ဝင်လာပြီး ကျူးယွီ၏ စိတ်လှုပ်ရှားနေသော မျက်နှာလေးကို ဖျစ်ညှစ်လိုက်သည်။

“ဒါကြောင့် နင် အရမ်း စိတ်လှုပ်ရှားနေတာလား။”

ကျူးယွီ ကြက်သေသေသွားသည်။

“ဟုတ်တယ်လေ။ တခြား ဘာရှိသေးလို့လဲ။

တစ်စုံတစ်ရာကို တွေးမိသွားပြီး သူမ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ကမ္ဘာပေါ်က အကောင်းဆုံး အမျိူးသားကို ရှာတွေ့တဲ့အတွက် သခင်မလေးကို ဂုဏ်ပြုပါတယ်။ ဒီအစေခံအတွက်ကတော့ မင်းကြီးက မင်းသားနဲ့ ယှဉ်ရင် အကြိမ်တစ်ရာခန့် ပိုသန်မာလှတယ်။ သူက ပိုပြီးလည်း ချောတယ်။ အရမ်းလည်း ထက်မြက်တယ်။ အဓိက ကတော့ မင်းကြီးက သခင်မလေးကို အရမ်း ဂရုစိုက်သေးတယ်။ မင်းသားကတော့ ဂရုတောင်မစိုက်ဘူး။”

“သခင်မလေးသာ အရှင်မင်းကြီးနဲ့ လက်ထပ်လိုက်ရင် မင်းကြီးက သခင်မလေးကို ကောင်းကောင်း ဆက်ဆံပေးလိမ့်မယ်။ ပြီးတော့ သခင်မလေးလည်း ပျော်ရွှင်နိုင်‌တော့မှာ။ အဲ့ဒီအချိန်မှာ သခင်မလေးက တရှန်းနိုင်ငံရဲ့ ဧကရီ ဖြစ်နေပြီးလေ။ မင်းကြီးကလည်း သခင်မလေးကို ချစ်မြတ်နိုးလိမ့်မယ်။”

လုလျန့်ဝေ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားရသည်။ အရင်က ထိုမိန်းကလေး၏ စကားပြောဆိုမှုမှာ အလွန်ကောင်းလှကြောင်း သူမ သတိမပြုမိခဲ့ပေ။

ခနလောက် တိတ်ဆိတ်သွားပြီး သူမ ငြင်းဆိုလိုက်သည်။

“နင်က မင်းကြီးကို အကြိမ်အနည်းငယ်လောက်ပဲ တွေ့ဖူးတာလေ။ ပြီးတော့လည်း သူ့ကောင်းကွက်တွေချည်း ပြောနေတယ်။ ကျန်တဲ့ဘဝတစ်‌လျှောက်လုံးမှာ သူက ငါ့ကို ကောင်းကောင်း ဆက်ဆံလိမ့်မယ်လို့ နင် ဘယ်လို သိလဲ။”

ကျူးယွီက ထိုစကားများအား ကြားသည့်အခါ သူမမျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုများလည်း အနည်းငယ် လျော့နည်းသွားပြီး လေးလေးနက်နက် ပြောလိုက်သည်။

“သခင်မလေး၊ ကျွန်တော်မျိုးမ မင်းကြီးကို အကြိမ်ရေ နည်းနည်းပဲ တွေ့ဖူးပါတယ်။ မင်းကြီးက သခင်မလေးကို တစ်သက်လုံး ကောင်းကောင်းမွန်မွန် ဆက်ဆံသွားမယ်လို့ ကျွန်တော်မျိုးမ အာမ မခံရဲပါဘူး။ ဒါပေမဲ့လည်း အခုချိန်မှာ မင်းကြီးက သခင်မလေးကို ကောင်းကောင်း ဆက်ဆံနေပြီး အရမ်းလည်း ဝီရိယစိုက်ထုတ်ထားပါတယ်။ မင်းကြီးက သခင်မလေးကို အလွန်နှစ်သက်နေတာကိုတော့ ဒီအစေခံ မြင်နိုင်ပါတယ်။”

“ဒီအစေခံက အသိပညာ နိမ့်ပါးပြီး ရေရှည်ကို သိပ်မတွေးတတ်ပါဘူး။ သခင်လေးနဲ့ သခင်ကြီး ဘာကို စိုးရိမ်‌ကြောင့်ကြနေတယ်ဆိုတာကိုလည်း မသိပါဘူး။ ဒါပေမဲ့ မင်းကြီးက မင်းသားထက် ပိုကောင်းတယ်ဆိုတာကိုတော့ ဒီအစေခံ ခံစားမိပါတယ်။ မင်းကြီးက သခင်မလေး ဝမ်းနည်းသွားအောင် လုံးဝ လုပ်မှာ မဟုတ်ပါဘူး။”

သူမသည် သခင်မလေးအား ကိုယ်တိုင်ကိုယ်ကျ ခစားခဲ့ခြင်းဖြစ်‌သည်။ မင်းသားအပေါ် ထားရှိသော သခင်မလေး၏ ခံစားချက်မှာ ရူးသွပ်သွားလောက်သည်အထိ ဖြစ်ခဲ့ကြောင်းကို သူမသာ အသိဆုံးဖြစ်သည်။

မင်းသားက စက်ဆုပ်ဖွယ်ကောင်းသူ ဖြစ်‌နေသော်လည်း သခင်မလေးက သူ၏ ကိုယ်လုပ်တော်သာ ဖြစ်ချင်‌နေခဲ့‌သည်။ သခင်ကြီးနှင့် သခင်လေး၏ သဘောမတူမှုကြောင့် သခင်မလေးသည် သူမကိုယ်သူမပင် သေကြောင်းကြံခဲ့‌သေးသည်။

ထိုအကြောင်းများကို တွေးမိသောအခါ ယခုအချိန်ထိ သူမ၌ ကြောက်လန့်မှုများ ကျန်ရှိနေသေးသည်။

သူမအထင်တွင် မင်းသားမှာ ငယ်ရွယ်ပြီး ကြည့်ကောင်းပါသည်။ သို့သော် မင်းကြီးနှင့် ယှဉ်ပါက သူသည် မင်းကြီး၏ လက်ဖျားကိုတောင် မမှီနိုင်ပေ။

အနည်းဆုံးတော့ အရှင်မင်းကြီးက သခင်မလေးအပေါ် အလေးအနက်ထားပြီး အနာဂါတ်တွင်လည်း တစ်ဦးနှင့် တစ်ဦး အဆင်ေပြပြေ ‌နေကြရန် ဆန္ဒရှိပေသည်။ ထိုအရာက မင်းကြီးသည် သခင်မလေးအပေါ် စိတ်ရင်းမှန်ကန်ကြောင်း ပြသနေလေသည်။

“သခင်မလေး၊ အနာဂါတ်မှာ ဘာတွေပဲ ဖြစ်လာပါစေ။ အနည်းဆုံးတော့ သခင်မလေးက မိဖုရားကြီး ဖြစ်နေပြီး မင်းကြီးကလည်း စိတ်ပြောင်းသွားမှာ မဟုတ်ဘူး။ သခင်မလေးမှာ ကျိန်းကော်စံအိမ်ကလည်း ကျောထောက်နောက်ခံအဖြစ် ရှိသေးတယ် မဟုတ်လား။ သခင်မလေး ဘာမှစိုးရိမ်‌နေဖို့ မလိုပါဘူး။”

ထို့အပြင် မင်းကြီး၏ အသက်မှာ မငယ်တော့ပေ။ သခင်မလေးကမူ ကျောက်စိမ်းပန်းပွင့်ကဲ့သို့ ငယ်ရွယ်ပြီး လှပနေ‌သည်။ မင်းကြီးက အခြားအမျိုးသမီးများအပေါ် အာရုံရှိနိုင်ဦးမည်လား။

ကျူးယွီ နောက်ဆုံးစာ‌ကြောင်းကိုတော့ ‌မပြောလိုက်ပေ။ သို့သော် သူမစိတ်ထဲတွင် ထိုကဲ့သို့ တွေးနေလေသည်။

သခင်မလေးက အခုအချိန်၌ ကြည့်ကောင်းပြီး ချောမောလှပလေသည်။ အခြားသူများ ဘယ်လိုပင် ခက်ခက်ခဲခဲ ကြိုးစားပါစေ။ သခင်မလေးကို ယှဉ်နိုင်‌မည့်သူ ရှိလာမည်မဟုတ်ကြောင်း သူမသိပေသည်။

သခင်မလေးကဲ့သို့ ကောင်းမွန်သောသူ ရှိနေပါကလည်း မင်းကြီးက ထိုအခြားအမျိုးသမီးများကို အကြည့်‌‌ပေးနိုင်ဦးမည်ဟု သူမ မယုံကြည်ပေ။

ကျူးယွီ၏ စကားများအား ကြားသည့်အခါ လုလျန့်ဝေက သူမကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

ဤမိန်းကလေးသည် နှုတ်ရေးကောင်းသည် သာမဟုတ်။ အလွန်ပင် စဉ်းစားတွေး‌ခေါ်တတ်သေးသည်။ အရင်က ကျူးယွီကို သူမ အမှန်ပင် လျှော့တွက်မိပုံပေါ်လေသည်။

သို့ရာတွင် လုံယန်သည် ကျူးယွီ၏အတွေး၌ ထိုကဲ့သို့ ကောင်းမွန်နေလိမ့်မည်ဟု သူမ တစ်ခါမှမထင်ခဲ့ဖူးပေ။

ထိုအကြောင်းကိုတွေးမိပြီး ကျူးယွီ၏ စိတ်ကူးအကြံကို သူမ အမြန် သိနားလည်သွားတော့သည်။

လုံချီနှင့် လုယွင်ရွှမ်းအတွက်ကတော့ ဒီမိန်းကလေးသည် သူတို့ကို အမြဲ အရေးစိုက်နေခဲ့သည်။

လုံချီ၏ စက်ဆုပ်ဖွယ်ကောင်းမှုနှင့် နှိုင်းယှဉ်ပါက လုံယန်သည် အလွန် အဖိုးတန်လေကြောင်း သူမ တွေးမိသည်။

သို့သော် လုံယန်က အမှန်ပင် ထိုကဲ့သို့ ကောင်းမွန်သည်လား။

သူမ စားပွဲပေါ် လဲ‌လျောင်းလိုက်ပြီး တိတ်တဆိတ် တွေးတောနေသည်။

လုံယန်၏ နာမည်အား စားပွဲပေါ်တွင် သူမလက်ဖြင့် ကြုံရာကျပန်း ရေးခြစ်နေခဲ့သည်။

ရုတ်တရက် လုံယန်၏ ကောင်းကွက်စွာကို သူမ ရှာဖွေတွေ့ရှိသွားရသည်။

သူမ၏ အသက်အရွယ်နှင့် ယှဉ်ပါက လုံယန်မှာ အနည်းငယ် အသက်ကြီးနေသော်လည်း သူက ကြည့်ကောင်းပြီး သူ၏ ပုံပန်းသွင်ပြင်ကလည်း ကောင်းမွန်ပေသည်။ အဓိကမှာ သူက ညှင်သာပြီး သူမအပေါ် ထောက်ထားညှာတာပေးသည်။ ထို့အပြင် လုပ်ဆောင်နိုင်စွမ်းလည်း ရှိသေးသည်။

ထိုသို့ စဉ်းစားမိသောအခါ ထိုသူ၏ ချို့ယွင်းချက်များကို သူမ အမှန်ပင် မဖော်ထုတ်နိုင်တော့ပေ။

ဆက်ရန် _______

အပိုင်း ၂၈၆

မင်းသား၏ ငြင်းဆိုမှုကို ခံရသော အမျိုးသမီး

လုံယန်သည် အခုချိန်၌ အပြင်းအထန် ချုပ်တီးထားလေသည်။ လက်ထပ်ပြီးပါကမူ သူကိုယ့်သူ မထိန်းချုပ်တော့ဘဲ လွှတ်ပေးလိုက်ပေလိမ့်မည်။

ထိုအရာက အသက်ကြီးသူကို လက်ထပ်ခြင်း၏ ကောင်းကျိုးပင် ဖြစ်၏။

ထိုအရာကို တွေးမိပြီး လုံလျန့်ဝေ နှလုံးသားမှာ အလွန် ရှင်းလင်းသွားတော့သည်။

သူမ ရှုပ်ထွေးမနေသင့်ပါ။

လုံယန်က အမှန်ပင် အလွန် ကောင်းမွန်သူ ဖြစ်သည်။ အနည်းဆုံးတော့ သူမ၏အဖေနှင့် အစ်ကိုမှလွဲ၍ လုံယန်ထက် ပိုကောင်းမွန်သောသူကို သူမ မတွေ့ဖူးပါ။

သူကိုယ့်သူသာ သည်းညည်းခံနိုင်ပါက အနာဂါတ်၌ သူ ကိုယ်‌လုပ်တော်များ ထပ်ထားခဲ့လျှင်လည်း သူမ ၎င်းအား အရမ်း ဂရုစိုက်နေလိမ့်မည် မဟုတ်‌ပေ။

အဆုံးတွင်တော့ ဤအချိန်သည် ရှေးခေတ်ကာလဖြစ်လေသည်။ ပြီးတော့လည်း အခြားသူမှာ ဧကရာဇ် ဖြစ်နေသည်။

တစ်သက်လုံး ထိုသူ့မှာ သူမတစ်ယောက်တည်း ရှိ‌နေမည်ဟု သူမ မျှော်လင့်မထားနိုင်ပေ။ ထိုအရာက လက်တွေ့မဆန်ပါ။

သို့သော် တူညီစွာပင် သူမနှလုံးသားကိုလည်း သူ့အား ပေးလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူမတို့နှစ်ဦးသည် အချင်းချင်း ဧည့်သည်များကဲ့သို့ လေးစားမှုရှိသည့် ဇနီးမောင်နှံ ဖြစ်သင့်ပေသည်။

လုလျန့်ဝေ ထိုကဲ့သို့ တွေးတောပြီးနောက် သူမနှလုံးသားထဲမှ မြူခိုးများလည်း ရှင်းလင်းသွားတော့သည်။

သူမသည် ရှောင်တိမ်းနိုင်ခြင်း မရှိပါက လုံယန်၏ဧကရီဖြစ်လာပေမည်။ သူမ စည်းမျဉ်းများကို ဘောင်ကျော်မည် မဟုတ်ဘဲ ၎င်းအား ဂရုလည်းစိုက်မည်လည်း မဟုတ်ပေ။ ထိုအခါ သူမ ဘဝကို အေးအေးဆေးဆေး ရှင်သန်နိုင်ပေလိမ့်မည်။

လုလျန့်ဝေ ရုတ်တရက် ရွှင်မြူးသွားပြီး ကျူးယွီကို ပြုံးပြလိုက်သည်။

“နင်ပြောတာ မှန်လောက်တယ်။”

ကျူးယွီ ထိုစကားများကို ကြားသည့်အခါ ပြုံး၍ ခေါင်းကို ပြင်းထန်စွာ ညိတ်ပြလေသည်။

“ကျွန်တော်မျိုးမ သခင်မလေးနဲ့ အမြဲ အတူရှိနေမှာပါ။ တစ်နေ့နေ့မှာ မင်းကြီးက သခင်မလေးကို အနိုင်ကျင့်ရင် ဒီအစေခံ တစ်ဘဝလုံး မင်းကြီးကို အလွတ်ပေးမှာ မဟုတ်ဘူး။ ကျွန်တော်မျိုးမက သခင်မလေးကို ကာကွယ်ပေးမှာပါ။”

သူမ၏ ပိန်ပါးသော ခန္ဓာကိုယ်ကို ကြည့်ပြီး လုလျန့်ဝေ ရယ်သင့်လား ငိုသင့်လားပင် မသိတော့ပေ။ သို့သော် သူမ အလွန် စိတ်လှုပ်ရှားမိလေသည်။

“ကောင်းပြီ။ ငါမှတ်ထားမယ်။ အဲ့ကျရင် နင် ငါ့ရှေ့မှာ ရဲရဲဝံ့ဝံ့ ကာကွယ်ပေးရမယ်နော်။”

ကျူးယွီက သူမလည်းပင်ကို ကျုံ့လိုက်သည်။

“ဒီအစေခံက ဟာသပြောတာပါ။ ကျွန်တော်မျိုးမမှာ သတ္တိမရှိပါဘူး။”

လုလျန့်ဝေ သူမအား စနောက်ခြင်းကို ရပ်တန့်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။

“ဒီအစေခံ သွားမအိပ်ခင် သခင်မလေး အိပ်ပျော်သွားတာကို စောင့်‌နေပေးပါမယ်။”

အရှင်မင်းကြီးသည် ကျိန်းကော်စံအိမ်မှ ဒုတိယ သခင်မလေးလုကို ဧကရီအဖြစ် လက်ထပ်ထိမ်းမြားချင်သည့် အကြောင်းမှာ အတောင်ပေါက်သကဲ့သို့ နိုင်ငံအနှံ့ ပျံ့နှံ့သွားတော့သည်။

ထိုသတင်းအား ကြားသည့်အခါ အရင်ဆုံး မည်သူမျှ မတုံ့ပြန်ကြသေးပေ။

ဘာလဲ။ အရှင်မင်းကြီးက ဒုတိယ သခင်မလေးလုကို လက်ထပ်မယ်?

ဒုတိယ သခင်မလေးလုကို မင်းသားက စွန့်ပစ်ခဲ့တာ မဟုတ်ဘူးလား။ မင်းကြီးက ဘယ်လိုလုပ် သူမကို လိုချင်ပါဦးမလဲ။

ကမ္ဘာပေါ်တွင် မည်သည့်အရာများ ဖြစ်‌နေပါသနည်း။

မေးခွန်းတစ်ခုပြီး တစ်ခုက လူတိုင်း၏စိတ်တွင် ပေါ်ထွက်လာလေသည်။

လုလျန့်ဝေက သူမကိုယ်သူမ ဆွဲကြိုးချသေကြောင်းကြံခဲ့ပြီး နောက်ပိုင်းတွင် လူတိုင်းက သူမကို အထင်အမြင်သေးခဲ့ကြသည်။ သူမတစ်ဘဝလုံးတွင် လက်ထပ်ရန် ခဲယဉ်းသော အမျိုးသမီး ဖြစ်လာမည်ဟု သူတို့တွေးထင်မိကြလေသည်။ တစ်ယောက်ယောက် လပ်ထပ်ချင်လာပါကလည်း သူမကို လုံးဝ သည်းခံနိုင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ကျိန်းကော်စံအိမ်တွင် သတို့သားလောင်း ရှာဖွေရန် ပြိုင်ပွဲကျင်းပခြင်းကို သူတို့ မအံ့ဩမိကြ။

အဆုံးတွင်တော့ မင်းသား၏ ငြင်းဆိုမှုကို ခံရသော အမျိုးသမီးကို ဘယ်သူက လက်ထပ်ချင်မည်နည်း။

ကျိန်းကော်စံအိမ်က ဘယ်လောက် အာဏာရှိနိုင်မည်နည်း။ လုလျန့်ဝေကလည်း ဘယ်လောက် လှပနိုင်မည်နည်း။ သူတို့က သူမအစား သေးငယ်သော မိသားစုမှ အကျင့်စရိုက်‌ ကောင်းမွန်သည့် အမျိုးသမီးနှင့်သာ လက်ထပ်ချင်ကြလေသည်။

လုလျန့်ဝေ တစ်ဘဝလုံးတွင် အသုံးမကျသော အမျိုးသားနှင့်သာ လက်ထပ်နိုင်လိမ့်မည်ဟု သူတို့ တိတ်တဆိတ် ဟာသပြောခဲ့ကြသော်လည်း ဤကဲ့သို့သော တုန်လှုပ်ဖွယ် သတင်းက ထွက်ပေါ်လာခဲ့သည်။

အခမ်းအနားဆိုင်ရာ မှူးမတ်အရာရှိများ အားလုံးကို ခေါ်ဆောင်၍ မင်းကြီးသည် ကျိန်းကော်စံအိမ်သို့ စေ့စပ်ကမ်းလှမ်းမှုအကြောင်း ဆွေးနွေးရန် သွားရောက်ခဲ့သည်ဟု သတင်းထွက်လာလေသည်။

ဧကရာဇ်မှာ တိုင်းပြည်ကို အုပ်ချုပ်သော ဘုရင်မင်းမြတ် ဖြစ်သည်။ အဘယ်ကြောင့် သူကိုယ်တိုင် သွားရောက်၍ စေ့စပ်ကမ်းလှမ်းရန် လိုအပ်မည်နည်း။

သို့သော် သူသည် ကိုယ်တိုင်ကိုယ်ကျ သွားခဲ့ပေသည်။ ကျိန်းကော်စံအိမ်၏ အရှေ့ခြံဝင်းတစ်ခုလုံးက အနာဂါတ်ဧကရီလောင်းအတွက် ပေးသောစေ့စပ်လက်ဆောင်များဖြင့် ထားစရာနေရာ မရှိတော့လောက်အောင်ကိုပင် ပြည့်နှက်နေသည်ဟု ပြောကြလေသည်။

ဤအခြင်းအရာအား ကြည့်ခြင်းဖြင့် အရှင်မင်းကြီးက ဤမင်္ဂလာပွဲကို အလွန်ပင် အလေးအနက်ထားကြောင်း သိမြင်နိုင်ပေသည်။

လူတိုင်းက နားလည်ရခက်သော ထိတ်လန့်မှုများဖြင့် တုံ့ပြန်ကြတော့သည်။

All Chapters