← Chapters

အခန်း (၂၉၀-၂၉၂)

Vol. 6 Ch. 290-292

အခန်း (၂၉၀-၂၉၂)

Vol. 6 Ch. 290-292

အပိုင်း ၂၉၀

မင်းသားက လုလျန့်ဝေဆိုတဲ့ ကောင်မရဲ့ ဆွဲဆောင်မှုကို ခံနေရတာလား။

“အဘွားက ကျွန်မကို အသိဆုံးပဲ။”

လုလျန့်ဝေ အပြောခံရသည်ကို မရှက်ရွံ့ပေ။ သူမက အပြုံးဖြင့် ပြောလိုက်ပြီး ခြေလှမ်းများကို အမြန်စတင်၍ ပြေးထွက်သွားလေသည်။

“အရွယ်ရောက်နေပြီ။ အခုထိ မဆင်မခြင် နေနေတုန်းပဲ။”

မြို့စားကတော်ဟောင်းက သူမ ပြေးထွက်သွားသည်ကို ကြည့်၍ ခေါင်းခါပြီး ဆိုဆုံးမလိုက်လေသည်။ သို့သော် သူမမျက်နှာရှိ အပြုံးမှာတော့ လုံးဝ လျော့နည်းသွားခြင်း မရှိပေ။

လုယွင်ရွှမ်းကမူ ထိုမြင်ကွင်းအား သူမနှလုံးသားထဲမှ စိတ်မသက်မသာဖြစ်မှု မနာလိုမှု မုန်းတီးမှုများဖြင့် ကြည့်နေခဲ့သည်။

ဤညံ့ဖျင်းသော လုလျန့်ဝေသည် မည်သည့်အချိန်ကတည်းက အဘွား၏ ချစ်မြတ်နိုး အလိုလိုက်မှုကို ရရှိသွားသနည်း။

လုလျန့်ဝေမှာ အဘွားရှေ့တွင် ပေါ့ပေါ့ပါးပါးစည်းမရှိ ကမ်းမရှိ နေသော်လည်း အဘွားက သူမအား ခွင့်ပြုထားလေသည်။

လုယွင်ရွှမ်းနှလုံးသားထဲမှ မကျေမချမ်းဖြစ်မှုသည် အလွန်အမင်း များပြားလုနီးပါးဖြစ်လာတော့သည်။

သူမ ခေါင်းလှည့်လိုက်သောအခါ လုံချီသည် တံခါးအပြင်ဘက်သို့ ကြည့်နေကြောင်း တွေ့လိုက်ရသည်။ သူ့မျက်နှာမှာ ငူငေါင်ပြီး သူ့အကြည့်များကို အချိန်ကြာသည်အထိ မရုပ်သိမ်းနိုင် ဖြစ်နေလေသည်။

သူမ တစ်စုံတစ်ခုကို ပြောရန် ပြင်နေစဉ် လုံချီက ရုတ်တရက် မတ်တပ်ရပ်၍ ပြောလာသည်အား ကြားလိုက်ရသည်။

“မြို့စားကတော်ဟောင်း ကျွန်တော် အခု ရောက်လာတဲ့အချိန်မှာ ဥယျာဉ်ထဲက ရှုခင်းက လှပနေတာကို တွေ့လိုက်ရတယ်။ ကျွန်တော် အခုလာတာက ကျိန်းကော်ကုန်းနဲ့ ဆွေးနွေးစရာလေး ရှိလို့ပါ။”

မြို့စားကတော်ဟောင်းက နူးညံ့စွာ ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“မင်းသား သွားပါ။ ကျွန်မ ဒီမှာ ရွှမ်းအာနဲ့ အတူရှိနေပါမယ်။”

လုံချီ ခေါင်းညိတ်ပြလိုက်ပြီး လုယွင်ရွှမ်းကို နွေးထွေးစွာ ပြောလိုက်သည်။

“မင်း အိမ်ပြန်မရောက်တာတောင် တော်တော်ကြာနေပြီ။ အခု ပြန်ရောက်နေပြီဆိုမှတော့ အဘွားကို ကောင်းကောင်း အဖော်ပြုပေးလိုက်ပါ။ ဒါဆို မင်း ပြန်သွားရင် သူမကို အရမ်းလွမ်း‌နေမှာ မဟုတ်တော့ဘူး။”

လုယွင်ရွှမ်းက သူ့ကို ရှက်ရွံ့စွာ ကြည့်လိုက်ပြီး နာနာခံခံ ပြောလာသည်။

လုံချီ အချိန်ကြာကြာ မနေတော့ဘဲ လှည့်ထွက်သွားလေသည်။

သူ ထွက်ခွါသွားသည်နှင့် လုယွင်ရွှမ်းမျက်နှာပေါ်ရှိ အပြုံးမှာ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။ သူမသည် ‌ဒေါသမထွက်မိစေရန် သူမလက်ဖဝါးအား လက်သည်းများဖြင့် ပြင်းပြင်းထန်ထန် ဖျစ်ညှစ်ထားခဲ့သည်။

မနေ့က ချိန်ချီယွီ၏ ရန်စခံရမှုနှင့်ပင် မလုံလောက်‌သေးဘဲ ထိုကောင်မ လုလျန့်ဝေရဲ့ ဆွဲဆောင်မှုကိုပါ ခံနေရပြီလား။

သူမက အရူးတစ်ယောက် ဖြစ်နေချိန်မှာတောင် ဟိတ်ဟန်များတာကို မပြောနိုင်ဘူးလား။

လုလျန့်ဝေ ထွက်ခွါသွားခါရုံသာ ရှိသေးသောအချိန်တွင် မင်းသားကလည်း အမြန်ထွက်ခွါသွားလေသည်။

ကျိန်းကော်စံအိမ်မှ ဉယျာဉ်သည် အရှေ့နန်းတော်က ရှုခင်းထက် ပိုကောင်းနေသည်တဲ့လား။

မြို့စားကတော်ဟောင်းက သူမကို အေးစက်စက် ကြည့်လိုက်ပြီး စကားမပြောပေ။

သူမ နေထိုင်လာခဲ့သည်မှာ အသက်အရွယ်တစ်ခုထိ ရှိနေပြီး အကြည့်တစ်ချက်ဖြင့် အရာများစွာကို နားလည်လေသည်။

အဘွားက သူမကိုကြည့်နေသေးကြောင်း လုယွင်ရွှမ်း အမြန် သတိရသွားလေသည်။ သူမခံစားချက်များအား ချက်ချင်း ရှင်းလင်းကာ သူမလက်မောင်းကိုမှီ၍ တစ်ဖန်ပြန်ထိုင်လိုက်ပြီး မကျေမနပ် ‌ပြောလိုက်သည်။

“ဘာမှားနေလို့လဲ။ တစ်ယောက်ယောက်က မြေးကို စိတ်ဆိုးအောင် လုပ်လိုက်လို့လား။”

လုယွင်ရွှမ်း ပါးစပ်ဖွင့်ပြီး လုလျန့်ဝေက မင်းသားကို ဖျားယောင်းနေကြောင်း ‌ပြောပြချင်လေသည်။ သို့သော် သူမနှလုံးသားထဲ ပြန်သိမ်းလိုက်၏။ သူမ ထိုအကြောင်းကို ပြောပြရလောက်အောင် မနုံအသေးပေ။

သူမသည် လက်ကိုင်ပုဝါဖြင့် သူမမျက်လုံးထောင့်ကို သုတ်လိုက်ပြီး မျက်ရည်များဖြင့်‌ ပြောလိုက်သည်။

“အခုဆို အရှေ့နန်းတော်မှာ အသစ်ရောက်လာသူတွေ အများကြီးပဲ။ သူတို့ထဲမှာ ချန်ချီယွီက မင်းသားနှလုံးသားကို ..............”

မြို့စားကတော်ဟောင်းက ခံစားချက်မပါဘဲ ပြောလာသည်။

“မြေးက ဒီလမ်းကြောင်းကို ရွေးလိုက်ပြီဆိုမှတော့ စိတ်ကို ကြိုတင်ပြင်ဆင်ထားသင့်‌တယ်လေ။ ပုံမှန်အားဖြင့် အမျိုးသားတိုင်းမှာ ဇနီး သုံးယောက်၊ ကိုယ်လုပ်တော် လေးယောက် ရှိကြတယ်။ မင်းသားဆိုရင် ပြောမနေနဲ့တော့။”

ထိုသို့ကြားသောအခါ လုယွင်ရွှမ်း မယုံကြည်နိုင် ဖြစ်သွားလေသည်။ လုလျန့်ဝေသာ ဤအခြေအနေမျိုးဖြင့် ကြုံပါက မြို့စားကတော်ဟောင်းက ငြိမ်ငြိမ်လေး ထိုင်ကြည့်နေနိုင်မည်လား။

“ညီမလေးသာ ထိုလမ်းကြောင်း ရွေးမယ်ဆိုရင် သူမလည်း အနာဂါတ်မှာ ဒီလိုအခြေအနေမျိုး သေချာပေါက် ကြုံတွေ့ရလိမ့်မယ်။”

မြို့စားကတော်ဟောင်းက မယုတ်မလွန်ဖြင့် အဒေါ်လန် ထည့်ပေးထားသော ဂျင်ဆင်းလက်ဖက်ရည်ကို တစ်ငုံစီ သောက်နေလေသည်။ထို့နောက် ပြုံးလိုက်ပြီး

“ဝေဝေပေးထားတဲ့ ဒီဂျင်ဆင်းလက်ဖက်ရည်က တော်တော် ကောင်းတာပဲ။ ရက်ဆက် သောက်သုံးပြီးတော့ ငါ ပိုပြီး အားအင်ပြည့်ဝလာတယ်လို့ ခံစားနေရတယ်။”

“ဟုတ်တယ်။ ဒီဂျင်ဆင်းလက်ဖက်ရည်အကောင်းဆုံးပဲ။ အနံ့ ရှူလိုက်တာနဲ့ အခြားပုံမှန် ဂျင်ဆင်းလက်ဖက်ရည်နဲ့ ကွဲပြားတယ်ဆိုတာ သိနိုင်တယ်။”

ဆက်ရန် ______

Chapter 291

May 14, 2024 by Nay Chi Lynn

အပိုင်း ၂၉၁

လုလျန့်ဝေ၊ မင်း အရမ်းရိုင်းတာပဲ

လုယွင်ရွှမ်း သူမတို့ အချင်းချင်း လုလျန့်ဝေ အကြောင်း ချီးမွမ်းပြောဆိုနေသည်ကို ကြားသောအခါ သူမ ဆက်မထိုင်နိုင်အောင် ဖြစ်သွားတော့သည်။လုလျန့်ဝေ။ လုလျန့်ဝေ။ ဘာကြောင့် သူတို့စကားပြောတိုင်း သူတို့နှုတ်က လုလျန့်ဝေအကြောင်းသာ ပြောနေသနည်း။ သူမကို သူတို့ မမြင်ကြဘူးလား။

လုလျန့်ဝေ ဖုရှို့ထန်မှ ထွက်လာပြီးနောက် သူမ စီစဉ်ထားသည့်အတိုင်း ဝေရှီးဉယျာဉ်သို့ ပြန်သွားခဲ့သည်။သို့သော် မကြာမီ တစ်စုံတစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရလေသည်။

“လုလျန့်ဝေ။”

ရုတ်တရက် ပေါ်လာသော ထိုလူကို တွေ့လိုက်ပြီး လုလျန့်ဝေ မနှစ်မြို့စွာ မျက်မှောင်ကြုပ်၍ ကျူးယွီကို လှမ်းကြည့်လိုက်သည်။ကျူးယွီက ရုတ်တရက် ပြောလိုက်သည်။

“မင်းသား၊ သခင်မလေးရဲ့နာမည်ကို ဘယ်လိုလုပ် တိုက်ရိုက်ခေါ်ရတာလဲ။ သခင်မလေးက အနာဂါတ် ဧကရီလောင်း‌လျာပါ။”

လုံချီ မျက်မှောင်ကြုပ်လိုက်သည်။

“ရဲတင်းလိုက်တာ။ ငါက မင်းရဲ့ သခင်မလေးနဲ့ သီးသန့် စကားပြောနေတာလေ။ မင်းက ဘယ်လို အဆင့်နဲ့ ငါ့စကားကို ကြားဝင်‌ပြောရဲတာလဲ။”

လုံချီသည် ငြင်းပယ်ခွင့် မပေးဘဲ ပြောလိုက်သည်။ ထို့နောက် သူသည် လက်ကို ဆန့်ထုတ်၍ သူမကို အဝေးသို့ တွန်းထုတ်ကာ လုလျန့်ဝေလက်အား ဆွဲကိုင်လိုက်သည်။ ကျူးယွီ သတိမထားလိုက်သဖြင့် လူတစ်ကိုယ်လုံး မြေပြင်ပေါ်သို့ လဲကျသွားလေသည်။ ထိုမြင်ကွင်းအား မြင်သည့်အခါ သူမက ချက်ချင်း ထရပ်၍

“သခင်‌မလေးကို မထိနဲ့။”

“ဟစ်!”

ထိုအချိန်တွင် လုံချီ ‘ဟစ်’ဟု အသံထွက်သွားလေသည်။ သူသည် လက်ကောက်ဝတ်ကို မြှောက်၍ လက်ကို ကြည့်လိုက်သည်။ ထို့နောက် လုလျန့်ဝေအား မယုံကြည်နိုင်စွာ ကြည့်နေတော့သည်။

လုလျန့်ဝေသည် သူမလက်ထဲမှ ငွေအပ်များကို စုစည်းလိုက်ပြီး နောက်ဆုတ်၍ သူနှင့် အကွာအဝေးတစ်ခု ခြားလိုက်လေသည်။

“မင်းသား ကိုယ့်ကိုယ်ကို လေးစားမှု ထားပါ။”

လုလျန့်ဝေက မျက်တောင်ခတ်လိုက်ပြီး ရိုးသားစွာ ပြောလာသည်။

တူတော်ဆိုသည့် စကားကို ကြားလိုက်သည်နှင့်တပြိုင်နက် လုံချီ၏ ချောမောနေသော မျက်နှာသည် အနည်းငယ် ရှုံ့မဲ့သွားပြီး သွေးအန်လုနီးပါး ဖြစ်သွားတော့သည်။အချိန်တော်တော်ကြာပြီးနောက် သူသည်အံကြိတ်လိုက်ပြီး သူမကို စိုက်ကြည့်လေသည်။

“မင်းက ငါ့အဒေါ် ဖြစ်ရတာကို တော်တော် သဘောကျနေတာလား။”

“ကမ္ဘာမှာ အမြင့်မြတ်ဆုံး အမျိုးသမီးဖြစ်မှာကို မကြိုက်တဲ့သူ ဘယ်သူ ရှိလဲ။”

“မင်းက အရမ်း ဂုဏ်မောက်နေမယ်လို့ ငါမထင်ထားဘူး။”

“မင်းသား မတွေးတောနိုင်တဲ့ အရာတွေ အများကြီးရှိ‌ပါသေးတယ်။”

လုလျန့်ဝေက အရေးမစိုက်ပေ။လုံချီ သူမကို စိုက်ကြည့်နေပြီး ရုတ်တရက် အနည်းငယ် ရှေ့တက်လာလေသည်။ သူသည် လက်ကို ဆန်ထုတ်၍ သူမပခုံးကို ကိုင်လိုက်သည်။

“လုလျန့်ဝေ၊ မင်း အမြင့်မြတ်ဆုံး အမျိုးသမီး ဖြစ်ချင်တယ်ဆိုရင်တောင် အဲ့ဒီလူက မင်းကို ပျော်ရွှင်မှု ပေးနိုင်လားဆိုတာ မင်းကြည့်ရမယ်။ မုဆိုးမအဖြစ် နေရတဲ့အချိန်ကျမှ ငယ်ရွယ်တဲ့ အမျိုးသားက ဘာလို့ သားရဲကောင်ကြီးလိုမျိုး အားရှိနေရတာလဲ ဆိုတာ သိနိုင်မှာမဟုတ်တော့ဘူး။”

ရှစ်ယီးသည် နှိမ့်ချမှုရှိသော ဝတ်စုံကို ဝတ်ဆင်ထားပြီး လျှို့ဝှက်နေရာတွင် ရပ်နေခဲ့သည်။အခြားသူများက သူ့အား မမြင်နိုင်သော်လည်း သူ၏ရှု့ထောင့်မှကြည့်လျှင်တော့ ဉယျာဉ်ထဲရှိ မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်ရပေသည်။

လုံချီက လုလျန့်ဝေလက်ကို ဆွဲလိုက်သောအချိန်တွင် မူလက သူ အမြန် ပြေးသွားချင်ခဲ့သည်။ သို့သော် လုလျန့်ဝေ လုံချီအား ဘာလုပ်လိုက်သည်ကို မသိသော်လည်း သူမအား လွှတ်‌ပေးရန် ဖိအားပေးခံလိုက်ရသည်ကိုတော့ တွေ့လိုက်ရသည်။

ထိုအခါမှသာ သူ့ခြေလှမ်းများကို ရုတ်သိမ်းလိုက်တော့သည်။ ထိုအချိန်တွင် လုံချီသည် လုလျန့်ဝေထံ တစ်ဖန် ချည်းကပ်လာသည်အား တွေ့ရပြန်သည်။ ထိုအရာအား မြင်သည့်အခါ သူသည် မည်သည့်လှုပ်ရှားမှုကိုမှ မလုပ်သေးဘဲ ထိန်းချုပ်၍ နေလိုက်သည်။

မင်းသားနှင့် ဒုတိယသခင်မလေးလုတို့က ဘာတွေများ ပြောနေကြသနည်း။သူ အားစိုက်၍ နားထောင်လိုက်သည်။ သို့သော် အကွာအဝေးမှာ အလွန်ပင် ဝေးကွာနေသောကြောင့် သူ မည်မျှပင် အတွင်းအား မြင့်မားနေပါစေ၊ လုံချီနှင့် လုလျန့်ဝေတို့ ပြောနေသော အကြောင်းအရာကို သူ မကြားနိုင်ပေ။

လုလျန့်ဝေသည် ထိုရုတ်တရက် ထွက်လာသော မကောင်းသည့် မင်းသားစုတ်ကို ကြည့်လိုက်ပြီး သရော်ပြုံး ပြုံးလေသည်။

“အရှင်မင်းကြီးက ကျွန်မကို ပျော်ရွှင်မှု မပေးနိုင်ဘူးဆိုတော့ ရှင်ကရော ပေးနိုင်မယ် ထင်နေတာလား။”

ထိုအကြောင်း‌ ပြောလိုက်သည့်အခါ သူမမျက်လုံး ဝင်းလက်သွားပြီး ရုတ်တရက် သူမက ခြေထောက်ကိုမြောက်၍ ကန်လိုက်တော့သည်။လုံချီက သူမကို ငုံ့ကြည့်နေလေသည်။

ဤအချိန်သည် သူမကို အနီးကပ် ကြည့်ရသည့် ပထမဆုံးအကြိမ် ဖြစ်ပြီး သူမမှာ အလွန်ပင် ချောမောလှကြောင်းကိုလည်း တွေ့လိုက်ရသည်။လက်ဖဝါးလောက်သာ ရှိသော မျက်နှာသေးသေးလေး၏ အသားအရေသည် ထိပ်တန်း ယန်းကျစ်ကျောက်စိမ်းကဲ့သို့(ကျောက်စိမ်းတစ်မျိုး) နူးညံ့ချောမွတ်နေလေသည်။ မျက်ဝန်းများကလည်း နက်မှောင်၍ မီးတောက်လေးကဲ့သို့ တောက်ပနေခဲ့သည်။ မည်သူမှ မနေနိုင်ဘဲ ကောက်ယူချင် ..........။

လုံချီသည် လည်စေ့ကို အနည်းငယ် လှိမ့်လိုက်သည်။ချောမောလှပသည့် မျက်နှာလေးသည် လက်တစ်ကမ်း အလိုတွင် ရှိနေပြီး သူသည်လည်း ငေးကြောင် ကြည့်နေမိသည်။

ထို့‌နောက် သူ ပြင်ဆင်ထားမှု မရှိချိန်တွင် လုလျန့်ဝေသည် သူခြေထောက်အား ကန်လိုက်လေသည်။သူမကန်ချက်သည် သူ့အား လဲကျသွား‌လောက်သည်အထိ မဖြစ်စေသော်လည်း လုလျန့်ဝေမှာ အားအပြည့် သုံးထားခဲ့သည်။ ထို့ကြာင့် သူ ဒူးညွတ်ကျသွားပြီး အနည်းငယ် နာကျင်သွားတော့သည်။

သူ သက်သာလာသောအခါ မျက်မှောင်ကြုပ်၍ လုလျန့်ဝေအား စိုက်ကြည့်လိုက်သည်။

“လုလျန့်ဝေ၊ မင်း အရမ်းရိုင်းတာပဲ။”

ဆက်ရန် _______

Chapter 292

May 14, 2024 by Nay Chi Lynn

အပိုင်း ၂၉၂

ကျွန်မက ရှင့်ရဲ့ ဆွေမျိုးသားချင်း အဒေါ် ပဲ

လုလျန့်ဝေ အနည်းငယ် နောင်တရသွားသည်။ လုံချီ၏ ခွန်အားမှာ မသေးသောကြောင့် သူမ သူ့အား လဲကျသွားအောင် မလုပ်လိုက်နိုင်‌ပေ။

“ရိုင်းပျတဲ့သူတွေကို ရိုင်းရိုင်းစိုင်းစိုင်းပဲ ကျွန်မ ဆက်ဆံတယ်။”

လုလျန့်ဝေသည် ကျူးယွီနှင့်အတူ ထွက်မသွားမီ အေးစက်စက် ပြောလိုက်သည်။ထိုအရာကို မြင်သည့်အခါ လုံချီ မျက်မှောင်ကြုပ်သွားပြီး သုန်မှုန်စွာ ပြောလာသည်။

“လုလျန့်ဝေ၊ မင်း နောင်တရလိမ့်မယ်။”

လုလျန့်ဝေ လှောင်ပြုံး ပြုံးလေသည်။

“ကျွန်မ နောင်တရမှာ မဟုတ်ဘူး။ ဒီကိစ္စက ရှင်နဲ့ ဘာဆိုင်လို့လဲ။ အို မဟုတ်သေးဘူး။ ရှင်က မကြာခင် ကျွန်မကို ဒေါ်လေးလို့ ခေါ်ရတော့မှဦဆိုတော့ အတိအကျ ပြောရမယ်ဆိုရင် ဆွေမျိုးနည်းနည်းတော့ တော်စပ်တာပေါ့။”

လုံချီ သွေးအန်လုနီးပါး ဒေါသထွက်သွားလေသည်။မည်သည့်အချိန်မှစ၍ လုလျန့်ဝေ ထိုကဲ့သို့ ဖြစ်သွားသနည်း။သူမက နေ့တိုင်း သူ့အနား ကပ်ချင်နေခဲ့လေ့ရှိသည်။ သို့သော် အခုတွင်မူ ..........

အမျိုးသမီးများသည် စိတ်ပြောင်းလွယ်လေသလား။ မကြာသေးသောအချိန်က သူမသည် သူကို အလွန် ချစ်မြတ်နိုးခဲ့ပေသည်။ အခုတွင်မူ သူမသည် အခြားသူတစ်ယောက်နှင့် လက်ထပ်တော့မည်ဖြစ်သည်။

“လုလျန့်ဝေ၊ လူတိုင်း သိကျွမ်းလာတာ ကြာပြီ။ မင်းကို သတိမပေးဘူးလို့ ငါ့ကို လာအပြစ်မတင်နဲ့။ မင်းကြီးက မင်းထင်ထားသလို မဟုတ်ဘူး။ သူက.....”

သူသည် တစ်စုံတစ်ခုကို စိုးရိမ်သွားသကဲ့သို့ ခေတ္တရပ်တန့်လိုက်သည်။လုလျန့်ဝေက အနည်းငယ် မျက်ခုံးပင့်လိုက်သည်။ သူက အရာအားလုံးကို အတိအကျ သိနေသကဲ့သို့ ယောင်ဝါးဝါးဖြင့် အတွေးများအောင် လုပ်နေပေသည်။

လုံယန် အဆိပ်မိနေပြီး မကြာမီ သေတော့မည့်အကြောင်းကို လုံချီနှင့် လုယွင်ရွှမ်း သိနေသည်မှာ အချိန်အတော် ကြာနေပြီဖြစ်ကြောင်း မူလစာအုပ်တွင် ဖော်ပြထားသည်။သူတို့နှစ်ယောက်သည် လုံယန် သေဆုံးသွားပြီး‌နောက် ထီးနန်းဆက်ခံနိုင်ရန် စောင့်ဆိုင်းနေခဲ့ကြခြင်းပေ။

သို့သော် နောက်ဆုံးတွင် သူတို့၏အကြံ ကျရှုံးသွားပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လုံယန်၏ အဆိပ်မှာ ဖယ်ရှားပြီး ဖြစ်‌၍ ထိုသူမှာ မသေဆုံးနိုင်တော့ပေ။ သူ သေသေချာချာ ပြုမူနေထိုင်နေသမျှ ကာလပတ်လုံး ထိုခွေးကောင် လုံချီထက်ပင် ကြာရှည်စွာ အသက်ရှင်နေနိုင်ပေလိမ့်မည်။

လုံယန် ထီးနန်းပလ္လင်ပေါ် ထိုင်‌နေသရွေ့ လုံချီသည် ထီးနန်းပလ္လင်အား ရယူနိုင်မည်မဟုတ်ပေ။ ထိုအကြောင်းကို တွေးမိသောအခါ သူမ ဝမ်းသာသွားလေသည်။ထိုသို့ တွေးမိ၍ လုလျန့်ဝေက သူ့ကို သနားမှုဖြင့် ကြည့်လိုက်ပြီး ဟန်ဆောင်ပြောလိုက်သည်။

“ကျွန်မ ထင်နေသလို မဟုတ်ဘူးဆိုရင် ဘယ်လိုမျိုးလဲ။”

သူသာ ပြောရဲပါက သူမလည်း လုံယန်အား သူသည် အဆိပ်မိ၍ နေမကောင်းဖြစ်နေကြောင်း၊ လုံချီသည်လည်း ထိုအကြောင်းကို သိနေကြောင်း၊ သူသေဆုံးပြီးနောက် လုံချီက ထီးနန်းကို ဆက်ခံရန် မျှော်လင့်နေကြောင်းကိုပါ ပြောပြရဲပေသည်။

သို့ရာတွင် လုံယန်သည် သူမကို ယုံကြည်မည်လားဆိုသည်မှာ အခြားကိစ္စ ဖြစ်သွား‌ပြီဖြစ်သည်။လုံယန် သူမကို မယုံကြည်သော်လည်း သံသယမျိုးစေ့ တစ်ခါ ချပြီးသွားပြပါက လုံချီ၏မင်းသားဘဝမှာ ချောမွေ့တော့မည် မဟုတ်ပေ။လုံချီသည် သူမ၏ သနားနေသော အကြည့်များကြောင့် အလွန် စိတ်အနှောင့်အယှက် ဖြစ်သွားလေသည်။ သူ ရှေ့သို့လှမ်းတော့မည့်အချိန်တွင် လုလျန့်ဝေ လက်ထဲ၌ ငွေအပ်များအား ကစားနေကြောင်း သူတွေ့လိုက်ရသည်။ လုံချီသည် မတတ်နိုင်ဘဲ ရပ်တန့်လိုက်ပြီးနောက် သူ့မျက်လုံးများမှာ ကျဉ်းမြောင်းသွားတော့သည်။

“လုလျန့်ဝေ၊ မင်းသားကို ငွေအပ်နဲ့ ခြိမ်းခြောက်ဝံ့ရအောင် မင်း သတ္တိတွေ ရှိနေတယ်ပေါ့။ မင်းကို ဘယ်လို အပြစ်ဒဏ်ပေးသင့်လဲ။”

“ကျွန်မ ဘယ်တုန်းက မင်းသားကို အပ်နဲ့ ထိုးဖူးလို့လဲ။ မင်းသား အပြစ်ပေးချင်ရင်တောင် သက်သေရှိရမှာပေါ့။ ဟုတ်တယ်မလား။”

“မင်း သက်သေလိုချင်ရင် လက်မောင်းမှာရှိတဲ့ ဒီအပ်ပေါက်ရာက သက်သေပဲ။”

ထို့နောက် အပ်ပေါက်ရာဆိုသော ထိုအရာအား သူ ငုံ့ကြည့်လိုက်သည်။သို့သော် အပ်ပေါက်ရာဆိုသော အရာများသည် သူ၏ ချောမွေ့‌တောင့်တင်းသော အသားအရေပေါ်၌ မည်သည့်နေရာတွင် ရှိနေသနည်း။

လုလျန့်ဝေ ခနမျှ ကြည့်လိုက်ပြီး အပြုံးဖြင့်ပြောလိုက်သည်။

“မင်းသားက အရှင့်ရဲ့ ချောမွေ့‌တောင့်တင်းတဲ့ အသားအရေကို ပြချင်နေလို့လား။ ကောင်းပြီ။ ဒါက တော်တော်လေး ကောင်းပါတယ်။ အမျိုးသမီးတွေလောက်တော့ သိပ်မကောင်းဘူးပေါ့။ ဒါက တော်တော်လေးတော့ နူးညံ့လောက်တယ်။”

ထိုစကားအား ကြားသည့်အခါ လုံချီသည် ကြီးကြီးမားမား အရှက်ခွဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး လုလျန့်ဝေအား ကြည့်လိုက်သည်။

လုံချီ၏ လည်ချောင်းသည် ‌ချိုသော သွေးများဖြင့် ပြည့်နှက်သွားတော့သည်။ သူသာ ခေါင်းညိတ်လိုက်ပါက မင်းသားသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် ဘယ်လိုတောင် နားမကြား ဖြစ်နေသနည်းဟု သူမ ‌ဗြုန်းစားကြီး ပြောလာပေလိမ့်မည်။

ထိုလှပသော ပါးစပ်လေးသည် အဘယ်ကြောင့် မုန်းစရာ‌ကောင်း‌အောင် ပြောဆိုနိုင်ပါသနည်း။

“လုလျန့်ဝေ၊ မင်းနောက်မှာ ဦးရီးတော်ဧကရာဇ်ရဲ့ အထောက်အပံ့ရှိလို့၊ မလေးမစားနဲ့ မင်းသားကို မျက်လုံးထဲ ထည့်စရာမလိုဘူးလို့ မင်း မထင်နဲ့။ ဒီမင်းသားသာ ...........။”

လုလျန့်ဝေသည် သူ့၏စကားကို အလျင်မလိုဘဲ ကြားဖြတ်ပြောလိုက်သည်။

“ကျွန်မက အနာဂါတ် ဧကရီလောင်း။ ရှင့်ရဲ့ ဆွေမျိုးသားချင်း အဒေါ်ပါ။ ရှင် ကျွန်မကို ရှင့် မျက်လုံးထဲ မထည့်ရင်တောင်မှ ဘာလို့ ရှင့်ထက်ဝါကြီးတဲ့ ကျွန်မအပေါ် အပြစ်ကျူးလွန်ပြီး မနာခံရတာလဲ။”

All Chapters