အခန်း (၂၉၃-၂၉၅)
Vol. 6 Ch. 293-295
အပိုင်း ၂၉၃
အရှင် ဖောက်ပြန်ခံနေရတာလား။
လုံချီ၏မျက်နှာသည် ဒေါသများဖြင့် ရှုံ့တွသွားပြီး ထေ့ငေါ့ ပြောလိုက်သည်။
“မင်း တကယ် အရှက်မရှိဘူးပဲ။ အရှင်မင်းကြီးက မင်းနဲ့ လက်ထပ်မယ်ဆိုရင်တောင် မင်းက အခုထိ တံခါးတောင် မဖြတ်ကျော်ရသေးဘူး။ မင်း ဝါကြီးသူ ဖြစ်ချင်ရင် မင်း ဧကရီဖြစ်ပြီးတဲ့အထိ စောင့်ရမယ်။ ဒီအကြောင်း နောက်မှ ပြောကြတာပေါ့။”
လုလျန့်ဝေက လုံးဝ စိတ်အနှောင့်အယှက် ဖြစ်မသွားပေ။
“ရှင် မှန်တယ်။ ကျွန်မက တံခါးတောင် မဖြတ်ကျော်ရသေးဘူး။ ဒါပေမဲ့ ကျွန်မက မင်းကြီးနဲ့ လက်ထပ်ရတော့မှာလေ။ အချက်ကျကျ ပြောရရင် အနာဂါတ် ဧကရီလောင်းအနေနဲ့ ရှင့်ကို သွန်သင်နိုင်တယ်။ အဆုံးမှာတော့ ရှင်က ကျွန်မရဲ့ အနာဂါတ် တူတော်ပဲ။ ဟုတ်တာပေါ့။ ရှင် အခုချိန် ကျွန်မကို ဒေါ်လေးလို့ခေါ်မယ်ဆိုရင်လည်း ကျွန်မ စိတ်မရှိပါဘူး။”
လုံချီ နှဖူးပြင်တွင် သွေးကြောပြာများ ထွက်ပေါ်လာလေသည်။ သူသည် လုလျန့်ဝေအား စိုက်ကြည့်ပြီး လှောင်လိုက်သည်။
“ရှင့်လို သူတစ်ပါးထက် ပိုတော်ချင်ဇောကြီးတဲ့ အကောင်စုတ်ထက်တော့ သာပါသေးတယ်။”
သူကိုယ်တိုင် သွေးအန်လုနီးနီး ဖြစ်သွားသည်ကို သူမ မြင်သောအခါ လုလျန့်ဝေ မျက်တောင်ခပ်လိုက်ပြီး စိတ်ပါလက်ပါ ပြောလိုက်သည်။
“မင်းသားတစ်ပါး အနေနဲ့ အခြားသူတွေကို ရှင် သည်းညည်းခံနိုင်ရမယ်။ အကြီးတွေဆီက နည်းနည်းလေး အပြောခံရလို့ရှိရင်တောင် ရှင်က သေသွားတော့မလိုပဲ။ တူလေး၊ အနာဂါတ်မှာ ကိစ္စကြီးတွေကို ရှင် ဘယ်လို စီမံမလဲ။ မှူးမတ်အရာရှိတွေကို ခိုင်းမှာလား။ ရှင် သူတို့ကို ဘယ်လို ဆက်ဆံမလဲ။”
ထိုအချိန်တွင် ရှစ်ယီးသည် ဉယျာဉ်မှူးအဖြစ် ဟန်ဆောင်ပြီး ပန်းပင်အကိုင်းများကို ပြုပြင်နေသည်။ ထိုအကြောင်းကို ကြားသောအခါ သူ့လက်ထဲရှိ ပန်းညှပ်ကတ်ကြေးသည် အသံမြည်သွားပြီး သူ့လက်ကို ညှပ်မိလုနီးပါးပင် ဖြစ်သွားလေသည်။
ဒုတိယမမလေးလုက သူမကိုယ်သူမ မင်းသား၏အကြီးဟု အမှန်တကယ်ပင် သတ်မှတ်နေသည်လား။ရှစ်ယီး၏ နှုတ်ခမ်းထောင့်များ တွန့်သွားပြီး မင်းသားကို ရုတ်တရက် သနားမိသွားတော့သည်။
လုံချီ၏ အသားရောင်သည် မဲပြာသွားလေသည်။ သူသည် လုလျန့်ဝေကို ငေးကြည့်နေပြီး မည်သည့်စကားတစ်ခွန်းမျှ ဆက်မပြောနိုင်တော့ပေ။
လုလျန့်ဝေသည် လူများကို ဒေါသထွက်အောင် လုပ်နိုင်စွမ်းရှိကြောင်း သူ အရင်က မသိခဲ့ပေ။သူသာ အချိန်ကြာကြာ ဆက်နေပါက သူ့ကိုယ်သူ အရှက်ရအောင် လုပ်မိပေလိမ့်မည်။ လုံချီ စကားတစ်ခွန်းသာ ပြောဆိုခဲ့တော့သည်။
အသက်ကြီးကြီး အမျိုးသားနှင့် လက်ထက်ပြီး သူမ ရယ်နေနိုင်အုံးမလားကြည့်ရသေးတာပေါ့။သူမအရွယ်သည် ဦးရီးတော်မင်းကြီး၏ သမီးသာ ဖြစ်နိုင်ပေသည်။ ထို့အပြင် ဦးရီးတော်မင်းကြီး၏ အခြေအနေမှာ လုံးဝ မကောင်းပေ။ သူမမှာ တိုင်းပြည်၏ အမြင့်မြတ်ဆုံး အမျိုးသမီး ဖြစ်လာလျှင်လည်း ဘာဖြစ်သနည်း။ သူမ၏ကိုယ်ပိုင် မျိုးဆက်ကို သူမ မွေးဖွားနိုင်မည် မဟုတ်ပေ။ မင်းကြီး၏ သေဆုံးမှုကိုသာ စောင့်ဆိုင်းနေရပေလိမ့်မည်။ အဆုံးတွင် သူမမှာ ဘာမှမဟုတ်ပေ။
အချိန်ကျလာပါက ဦးရီးတော်မင်းကြီး ပြိုလဲသွားပေလိမ့်မည်။ ထို့နောက်မှာတော့ လုလျန့်ဝေ မည်သည့်အရာကို မှီခိုနေဦးမည်ဆိုတာ ကြည့်ရပေတော့မည်။ ထိုအချိန်မှ သူ့ခြေရင်း၌ ဒူးထောက်ပြီး သူမကို ယူရန် တောင်းပန်လာသည်အထိ သူ လုပ်လိုက်ပေမည်။
လုံချီသည် ဆိုးယုတ်စွာ တွေးတောပြီး လုလျန့်ဝေကို အကြည့်ကြည့်နက်နက် ပေး၍ အဝေးသို့ ထွက်သွားတော့သည်။
လုံချီသည် လုလျန့်ဝေ၏ အထင်သေးခြင်းကို ခံလိုက်ရပေသည်။ ထိုသို့ပြောပြီးသည့်နောက် သူ၏ခွေးပါးစပ်မှ အခြားဘာကိုများ ထပ်၍ ပြောနိုင်အုံးမည်နည်း။ထို့အပြင် အဆုံး၌ အဘယ်သူ ငိုရမည်ဆိုသည်မှာ မသေချာသေးပေ။
လုံယန်၏ အဆိပ် ကုသပြီးပြီ ဖြစ်ကြောင်းကို ထိုငတုံးက မသိသေးပေ။ လုံချီမှာ သူ၏ အရှင်ဘုရင် ဖြစ်လာရန်ဟူသော အိပ်မက် ကို ဆက်မက်နေသေးသည်။အချိန်ကျလာသောအခါ တစ်ခါက မျှော်လင့်ထားသည့် အရာများ ပျောက်ဆုံးသွားမည့် ထိုပုံစံမှာ ကြည့်ကောင်းနေပေလိမ့်မည်။
သူမ လုံချီနှင့် မတော်တဆ တွေ့ဆုံမိကြောင်း လုံယန်နားသို့ ချက်ချင်း ရောက်သွားသည်ကို လုလျန့်ဝေ မသိလိုက်ပေ။
လုံယန်သည် မှတ်တမ်းများကို ဖတ်ရှုနေလေသည်။ရှစ်ယီး၏ တင်ပြမှုကို နားထောင်ပြီးနောက် တော်ဝင်စာကြည့်ခန်း တစ်ခုလုံးသည် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားတော့သည်။
ကျောင်းချန် အရှင်၏မျက်နှာကို တိတ်တဆိတ် ကြည့်လိုက်သည်။ အရှင်သည် ရှစ်ယီး၏ တင်ပြမှုကို နားထောင်ပြီး မှတ်တမ်းများ ဆက်လက်ရေးသားနေသေးကြောင်း တွေ့လိုက်ရသည်။ သူ ဘာမှမဖြစ်ပုံပေါ်နေ၍ စိတ်ထဲ၌ တွေးမိတော့သည်။
အရှင်သည် အမှန်တကယ် တည်ငြိမ်နေပေသည်။ မင်းသားနှင့် ဒုတိယသခင်မလေးလုတို့ သီးသန့် တွေ့ဆုံနေမှုကိုတောင် အရှင်က လုံးဝ ဂရုမစိုက်ဘူးလား။ အတိတ်တွင် ဒုတိယသခင်မလေးလုသည် မင်းသားကို အလွန် ကြိုက်နှစ်သက်ခဲ့လေသည်။ ထိုအချိန်၌ မင်းသားမှာ လက်ထပ်ပြီးပြီဖြစ်သည်။ ဒုတိယသခင်မလေးလုသည် အချိန်အတော်ကြာ မင်းသားကို အနှောင့်အယှက် မပေးသော်လည်း သူမစိတ်ထဲ မည်သည့်အရာ တွေးနေမည်ကို မည်သူက သိနိုင်မည်နည်း။
ထိုသို့တွေးတောပြီးနောက် ကျောင်းချန်သည် ဒယ်အိုးပူထဲမှ အလျင်စလို ပတ်ချာလည် ပြေးနေသည့် ပုရွက်ဆိတ်ကဲ့သို့ ရုတ်တရက် စိတ်တုန်လှုပ်သွားပြီး ပြောလိုက်သည်။
“ရှစ်ယီး၊ မင်းသားက ဒုတိယသခင်မလေးလုကို ဘာပြောလိုက်တာလဲ။ ဒုတိယသခင်မလေးလုကရော ဘယ်လို တုန့်ပြန်လိုက်လဲ။”
ဆက်ရန် _____
Chapter 294
May 15, 2024 by Nay Chi Lynn
အပိုင်း ၂၉၄
သူမ မီးငြှိမ်းပြီးပြီလေ။ ဘာလို့သူက ဝင်လာနေသေးတာလဲ။
၎င်းကိုကြားပြီး လုံယန်လက် အနည်းငယ် ရပ်တန့်သွားတော့သည်။ ထို့နောက် ရှစ်ယီးနှင့် ကျောင်းချန်တို့ ပြောနေသည်အား သူ မကြားသကဲ့သို့ ချက်ချင်း သူ တည်ငြိမ်အေးဆေးစွာ စာဆက်ရေးနေခဲ့သည်။
ချူးချီသည် သူ့အကြည့်ကို တိတ်တဆိတ် ရုပ်သိမ်းလိုက်ပြီး ရှစ်ယီးကို ကြည့်လိုက်လေသည်။ရှစ်ယီးက ခေတ္တ တွေးတောနေပြီး ပြောလိုက်သည်။
“မင်းသားနဲ့ ဒုတိယသခင်မလေးလုတို့ ပြောနေတဲ့စကားတွေကိုတော့ ဝေးကွာနေလို့ ဒီလက်အောက်ငယ်သား မကြားလိုက်ရပါဘူး။ ဒါပေမဲ့ ဒီလက်အောက်ငယ်သား သူတို့ဆီ ဉယျာဉ်မှူးအဖြစ် အနီးကို ချည်းကပ်သွားတော့ ဒုတိယသခင်မလေးလုက မင်းသားကို သွန်သင်ဆုံးမနေတာ ကြားလိုက်ရပါတယ်။ မင်းသားလည်း အရမ်း စိတ်ဆိုးသွားပါတယ်။”
ကျောင်းချန် အံ့အားသင့်သွားလေသည်။
“မင်းသားကို သွန်သင်ဆုံးမတယ်။”
ချူးချီသည် တော်ဝင်စားပွဲနောက်မှ လူအား ဖျက်ကနဲ ကြည့်လိုက်သည့်အခါ ထိုလူသည် စာရေးနေခြင်းမှ ရပ်တန့်သွားသည်ကို တွေ့လိုက်ရသည်။
သူက ထိုအချိန်က လုံချီကို စကားပြောနေသည့် လုလျန့်ဝေ၏ အသံအတိုင်း ပြန်၍ ပုံဖော်ပြလိုက်သည်။
“သူမ အဲ့ဒီအတိုင်း ပြောလိုက်တာပါ။ မင်းသားက မျက်နှာတောင် ဖျော့တော့သွားတဲ့အထိ ဒေါသထွက်သွားတယ်။ ပြီးတော့ ဒုတိယသခင်မလေးလုကို ဂုဏ်ယူမနေဖို့၊ အနာဂါတ် တစ်ချိန်ချိန်မှာ သူမ ငိုနေရလိမ့်မယ်လို့ သူ ပြောလိုက်တယ်။”
ချူးချီက သူ့သခင်ကို ဆက်ကြည့်နေလေသည်။ ရှစ်ယီး ပြောသည်အား ကြားသည့်အခါ သူ့နှုတ်ခမ်းထောင့်များသည် ဖျော့ဖျော့လေး ကော့တက်သွားခဲ့သည်။ မျက်ခုံးများမှာ ပို၍ ရွှင်မြူးနေပုံ ရသည်။
ချူးချီ ခေတ္တရပ်တန့်သွားပြီး သခင်က အမှန်တကယ်ပဲ သူတော်ကောင်းယောင် ဆောင်နေသည်ဟု စိတ်ထဲ တွေးမိသွားသည်။
သိသာစွာပင် သူသည် ဒုတိယသခင်မလေးလုနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသော်လည်း အရေးမထားဟန် ဆောင်နေပေသည်။ ဒုတိယသခင်မလေးလုက မင်းသားကို အကြီးတစ်ယောက်အနေနဲ့ ဆုံးမသည်အား ကြားသည့်အခါတွင်တော့ ထိုသူကအရမ်း ပျော်ရွှင်နေတော့သည်။
ချူးချီသည် သူ့သခင်မှာ အမှန်တကယ် ရိုးစင်းနေကြောင်း တွေးမိပြီး သူ့ခေါင်းကို တိတ်တဆိတ် ခါလိုက်သည်။
“မင်းသားက အတွေ့အကြုံမရှိဘူးပဲ။ သူက ဘယ်လိုလုပ် ဒုတိယသခင်မလေးလုကို ဒီလိုမျိုး ပြောရတာလဲ။ ဒုတိယသခင်မလေးလုကို သခင်က အလိုလိုက်တယ်လေ။ သူမ ဘယ်လိုလုပ် ငိုပါ့မလဲ။”
ရှစ်ယီး သူ့ကို နားလည်ရခက်စွာ ဖျက်ကနဲ ကြည့်လိုက်၏။ထိုသူသည် အမှန်တကယ် ပြောရဲပေသည်။ဒုတိယသခင်မလေးလုသည် မင်းသားထက် နှစ်နည်းနည်းပင် အသက်ငယ်လေသည်။ သူမက ရုတ်တရက် သူ့ကို အကြီးတစ်ယောက်အနေနဲ့ ဆိုဆုံးမလာသဖြင့်၊ မင်းသား လက်ခံနေမှသာလျှင် ထူးဆန်းပေလိမ့်မည်။
လုံယန်က ခေါင်းမော့၍ ကျောင်းချန်ကို ကြည့်လိုက်သည်။
“အရသာရှိတဲ့ မုန့်အချို့ ပြုလုပ်ဖို့ တော်ဝင်စားဖိုမှူးကို ပြောလိုက်။”
လုံယန်က သူ့အား လျစ်လျူရှုလိုက်ပြီး ခေါင်းငုံ့၍ သူ့လက်ထဲမှ မှတ်တမ်းများကို ဆက်လက် ဖြေရှင်းနေလေသည်။
ကျောင်းချန် အချိန်ခနလောက် ကြက်သေသေသွားပြီး နောက်ဆုံးတွင် နားလည်သွားတော့သည်။
“သခင်က ဒီည ဒုတိယသခင်မလေးလုကို သွားတွေ့မလို့လား။”
လုံယန်က စိတ်ကောင်းဝင်နေသဖြင့် သူ၏ စည်းကမ်း ချိုးဖောက်မှုကို အရေးမစိုက်ပေ။
ကျောင်းချန်၏ ဖြူနေသည့် မျက်နှာဝဝသည် အပြုံးပန်းများ ဝေဆာသွားတော့သည်။
“ဒီလက်အောက်ငယ်သား တော်ဝင်စားဖိုဆောင်ကို သွားပြီး သူ့တို့ လုပ်နေတာကို စောင့်ကြည့်နေပါ့မယ်။ ဒုတိယသခင်မလေးလု စိတ်ကျေနပ်စေလောက်မယ့် အချိုမုန့်တွေကိုလည်း အသေအချာ လုပ်ခိုင်းလိုက်ပါမယ်။”
လုံယန်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားရပြီး ဘာကိုမှ ထပ်မပြောတော့ပေ။ကျောင်းချန်သည် တော်ဝင် စားဖိုဆောင်သို့ အလျင်အမြန် သွားလိုက်သည်။
ညရောက်သောအခါ လုံယန် ထပ်မံ၍ ရောက်လာမည်ကို စိုးရိမ်၍ လုလျန့်ဝေက ခပ်စောစော ရေချိုးလိုက်သည်။ သူမသည် အိမ်ထဲမှ ဖယောင်းတိုင်မီးကို ငြှိမ်းလိုက်ပြီး လဲလျောင်း၍ အိပ်စက်ရန် အဆင်သင့် ဖြစ်နေပြီပင်။
သူမသာ စောစော အိပ်ပျော်သွားပြီး အခန်းက မှောင်မည်းနေပါက လုံယန် မရှက်ရွံ့ဘဲ အခန်းထဲ ဝင်လာမည်ဟု သူမ မယုံကြည်ပေ။သဘက်ခါတွင် သူမ အဘွားနှင့်အတူ ထျန်းကျူတောင်သို့ သွားရပေတော့မည်။ သူမ အချိန်တော်တော်ကြာ သူ့ကို မြင်တွေ့ရမည် မဟုတ်ပေ။ ၎င်းကို တွေးမိပြီး သူမ စိတ်ပြေလျော့သွားတော့သည်။
သူမ ညောင်စောင်းပေါ်တွင် လဲလျောင်း၍ ထိုထိုဤဤ တွေးတောနေပြီး တဖြည်းဖြည်း အိပ်ချင်စိတ် ဖြစ်လာလေသည်။ သူမ အိပ်မောကျသွားလုနီးပါး အချိန်တွင် အခန်းမှာ ရုတ်တရက် မီးလင်းသွားခဲ့ပြီး
ကျစ်လစ်သော ပုံရိပ်သည် အပြင်မှ လှမ်းဝင်လာ၏။နီးကပ်လာသည့် ပုံရိပ်အား မြင်သည့်အခါ လုလျန့်ဝေ မျက်မှောင်ကြုပ်သွားတော့သည်။
သူ ဘာကြောင့် ထပ်ရောက်လာသနည်း။ သူမ မီးငြှိမ်းပြီးပြီလေ။ ဘာလို့သူက ဝင်လာနေသေးတာလဲ။
“မင်း အိပ်မပျော်သေးဘူးဆိုတော့ ထဦး။ မင်းအတွက် မုန့်အချို့ ကိုယ်တော် ယူလာတယ်။”
ထိုလူ၏ နူးညံ့ပြီး အလိုလိုက်သော အသံကို ခန်းစီးအပြင်မှ ကြားလိုက်ရသည်။ အဆုံးတွင် ထိုသူသည် နောက်တစ်ခွန်း ထပ်ပြောလာသည်။
“တော်ဝင်စားဖိုဆောင်က အသစ် လုပ်ထားတဲ့ လတ်ဆတ်တဲ့ ပန်းအလွှာ အဆာသွတ်မုန့်။ မင်းကြိုက်လောက်မှာပါ။ ပြီးတော့ ရွှေရောင် အသားပေါင်း နဲ့ သစ်အယ်သီးကိတ်ရောပဲ။”
လုံယန်၏ မျက်ဝန်းနက်ထဲတွင် အပြုံးတို့ ဖြတ်ပြေးသွားလေသည်။
“ဟုတ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေဆိုရင်တော့ ဘာမှမဖြစ်ပါဘူး။”
ခေတ္တရပ်တန့်လိုက်ပြီးနောက် သူက မေးလိုက်သည်။
“ဒါဆို နည်းနည်း စားဦးမလား။”
လုလျန့်ဝေ အစားအစာ၏ ဆွဲဆောင်မှုကို မတွန်းလှန်နိုင်တော့ဘဲ ခန်းစီးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။
ဆက်ရန် ______
Chapter 295
May 15, 2024 by Nay Chi Lynn
အပိုင်း ၂၉၅
သူမကြောင့် စိတ်ကျေနပ်မိသည်။
ထို့အပြင် ထိုမုန့်များကို တော်ဝင်စားဖိုဆောင်မှ ပြုလုပ်ထားခြင်းဖြစ်သည်။လုလျန့်ဝေ အချိန်ကြာကြာ ရုန်းကန်မနေတော့ဘဲ အိပ်ရာမှ အမြန်ထပြီး ဖိနပ်စီးလိုက်သည်။
လုံယန် ပြုံးသွားပြီး ခန်းစီးအကာပေါ်မှ ပန်းရောင်ခြုံထည်ကို ယူ၍ သူမပခုံးပေါ် တင်ပေးလိုက်သည်။လုလျန့်ဝေသည် သူ့အား နောက်လှည့်ကြည့်၍
“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။”
လုံယန်က သူမဆံပင်ကို ထိလိုက်လေသည်။
“မလိုပါဘူး ဧကရီရဲ့။”
လုလျန့်ဝေသည် အနည်းငယ် ခြေလှမ်းလိုက်သော်လည်း သူ၏ ပြုံးနေသော မျက်ဝန်းများကို တွေ့သောအခါ ရုတ်တရက် သူမ အပြစ်ရှိစိတ်အား ခံစားလိုက်ရသည်။သူမသည် နေ့လည်က ဉယျာဉ်ထဲတွင် ပြောခဲ့သော စကားများကို စဉ်းစားမိသွားခဲ့သည်။
သူမက အရှက်ရှိဘဲ နန်းတော်ထဲ လက်ထပ်၍ မဝင်ရောက်ရသေးမီတွင် သူမကိုယ်သူမ ဧကရီအဖြစ် သတ်မှတ်နေကြောင်း လုံချီက ပြောခဲ့ပေသည်။ထိုအချိန်က ဘာမှမမှားဘူးဟု သူမ ထင်ခဲ့သော်လည်း လုံယန်၏ စနောက်နေသောအသံကို သူမ ကြားသည့်အခါတွင်တော့ အပြစ်ရှိစိတ် အနည်းငယ်အား ခံစားလိုက်ရသည်။
သူမ လုံချီအား ပြောလိုက်သည့် အကြောင်းအရာကို လုံယန်က မသိနိုင်သော်လည်း အပြစ်ရှိစိတ်ကြောင့် သူမ စိတ်မသက်မသာ ဖြစ်မိသည်။
“အရှင်မင်းကြီး၊ ကျွန်တော်မျိုးမက တံခါးကို မဖြတ်ကျော်ရသေးပါဘူး။ အရှင် ကျွန်တော်မျိုးမကို ဒီလိုမျိုးခေါ်တော့ ထူးဆန်းနေတယ်။”
သူမ လုံချီ ရှေ့၌ပြောခဲ့သော စကားများကိုမူ လုံယန် ထုတ်ဖော်မပြောလိုက်တော့ပေ။ သူ၏နှုတ်ခမ်းထောင့်များ အနည်းငယ် ကော့တက်သွားပြီး
“တစ်ချိန်ချိန်ကျရင်တော့ ကိုယ်တော် မင်းကို ဒီလို ခေါ်ရမှာပဲလေ။ မင်း အရင် အလေ့အကျင့် ဖြစ်ထားတော့ ကောင်းတာပေါ့။”
ထိုအရာကို အလေ့အကျင့် ဖြစ်ရန် လိုသေးသည်လား။လုံယန်သည် အပြင်သို့ လျှောက်လာပြီး စားပွဲပေါ်မှ မုန့်ဘူးကို ဖွင့်လိုက်သည်။ဘူးထဲမှ ရွှေရောင် အသားပေါင်းသည် အငွေ့များထွက်နေသေးသည်။
သူသည် အပြင်သို့ ထုတ်ယူလိုက်ပြီး စားပွဲပေါ် တင်၍ သူမအား တူတစ်စုံ ပေးလိုက်သည်။
လုလျန့်ဝေ ယူလိုက်ပြီး ပန်းကန်ထဲမှ အငွေ့ထွက်နေသည့် အလွန်နူးညံ့သော အသားပေါင်း သေးသေးလေးကို ကြည့်လိုက်သည်။ ထို့နောက် တစ်ခုကို ယူပြီး တစ်ကိုက်ကိုက်လိုက်လေသည်။
သူမ မော့ကြည့်လိုက်သောအခါ လုံယန်က သူမအား ကြည့်နေကြောင်း တွေ့လိုက်ရပြီး အနည်းငယ် ကိုးရိုးကားရား ဖြစ်သွားတော့သည်။ အဆုံးတွင် အသားပေါင်းအား မြိုချပြီး တိုးတိုးလေး ပြောလိုက်သည်။
“အရှင်မင်းကြီး၊ အရှင်လည်း ထိုင်ပြီးတော့ အတူတူ စားပါဦး။”
လုံယန်က ပင်လုံးကြိုင်ရေနွေးကြမ်းအား သူမရှေ့သို့ ချပေးလိုက်သည်။
“ကိုယ်တော် မစားတော့ဘူး။ ဒါ ပင်လုံးကြိုင်ရေနွေးကြမ်းလေ။ တော်ဝင်စားဖိုဆောင်က အထူး ပြင်ဆင်ပေးထားတာ။ အဆီတွေကို ဖယ်ရှားပေးနိုင်တယ်။ နောက်မှ မင်း သောက်လိုက်။”
လုလျန့်ဝေ တူကို ကိုင်ထားပြီး ရုတ်တရက် သောက ဖိစီးသွားတော့သည်။သူမက ခေါင်းငုံ့၍ မရေမရာ ပြောလိုက်သည်။
“အရှင် ဘာလို့ ကျွန်တော်မျိုးမအပေါ် ကောင်းကောင်း ဆက်ဆံပေးတာလဲဟင်”
သူမ အမြင်တွင် လုံယန်သည် ခပ်တန်းတန်းသာ နေသင့်ပေသည်။ ထိုသူသည် နေ့စဉ် ဆုံးဖြတ်ချက်များ ချမှတ်ပြီး အရေးပါသည့် တိုင်းပြည်ကိစ္စရပ်များကို ဆောင်ရွက်သင့်သည်။ ဤကဲ့သို့သော အသေးအဖွဲ့ကိစ္စများအား ဆောင်ရွက်မနေသင့်ပေ။ ဤကိစ္စများသည် သူ လုပ်ဆောင်ရန် မလိုအပ်ပါချေ။
သို့သော် အချိန်ကြာကြာ သိကျွမ်းလာပြီးနောက် ထိုသူသည် အစဉ်အမြဲ သူမ ဖြစ်သင့်သည်ဟု တွေးထင်ထားသော သူမစိတ်ထဲရှိပုံရိပ်အား ဖျက်စီးလာခဲ့သည်။မင်းကြီးသည် လူများကို မီးနှင့် မီးခိုးကဲ့သို့ တရင်းတနှီး ဆက်ဆံပေသည်။ ထို့ကြောင့် သူမ စိတ်ခံစားချက် များသွားရသည်။ သို့သော် ဖိအားများမှာလည်း နေ့စဉ် တိုးပွါးလာခဲ့သည်။
လုံယန်က သူမ၏ နက်မှောင်နေသည့် ဆံကေသာကို ကြည့်ပြီး ပြောလိုက်သည်။
“ဘာဖြစ်လို့လဲဆိုတော့ မင်းက လုလျန့်ဝေ၊ ငါကိုယ်တော်ရဲ့ မိဖုရား၊ ငါကိုယ်တော်ရဲ့ ဧကရီ ဖြစ်နေလို့ပဲ။”
သူ၏ အလိုလိုက်ပြီး နူးညံ့သော အသံသည် သူမနှလုံးသားကို အကြောင်းမရှိ ထိမှန်သွားခဲ့သည်။သူမ ‘ဘုန်း’ဟူသော အသံအား ကြားလိုက် ရပြီး ထိုအသံမှာ သူမ၏ ပိတ်ထားသော နှလုံးသားတံခါး ပွင့်သွားသည့် အသံနှင့် တူလေသည်။ ချက်ချင်းပင် သူမနှလုံးသည် ဒရမ်တီးနေသကဲ့သို့ ခုန်လာ၏။ သူမ စိတ်ရှုပ်ထွေးသွားပြီး သူ့ကို ငေးကြောင်၍ မော့ကြည့်နေမိသည်။
သူမ၏ ချစ်စဖွယ်ကောင်းသည့် အကြည့်ကြောင့် လုံယန် စိတ်ကျေနပ်သွားလေသည်။ သူ၏ နက်မှောင်ပြီး ခန့်မှန်းမရသော မျက်ဝန်းများသည် အပြုံးဖြင့် ပြည့်နှက်နေတော့သည်။ ထို့နောက် သူ့အကြည့်သည် သူမ၏ ဆီများစွန်းပေနေသော နှုတ်ခမ်းထောင့်စွန်းပေါ်သို့ ကျရောက်သွားလေသည်။ သူသည် လက်ကိုင်ပုဝါအား ယူ၍ အနီးသို့ ခြေနှစ်လှမ်း လှမ်းလိုက်လေသည်။ ထို့နောက် သွယ်လျသော သူ့လက်ချောင်းများဖြင့် သူမမေးစေ့ကို ကိုင်၍ သူမအား ညင်ညင်သာသာ သုတ်ပေးလာသည်။
လုလျန့်ဝေ ခေါင်းမော့ထားပြီး သူမ၏ နက်မှောင်တက်ကြွနေသည့် မျက်လုံးများဖြင့် လုံယန်အား မျက်တောင်မခတ်ဘဲ ကြည့်လိုက်သည်။
မီးရောင်အောက်တွင် သူ၏ အေးစက်သော မျက်နှာသည် အများကြီး နူးညံ့သွားပုံ ပေါ်သည်။ ထိုအချိန်တွင် သူ၏ ခက်ထန်မြင့်မြတ်သော မျက်ခုံးမှာလည်း ကြင်နာနေဟန် ရသည်။
သူ့မျက်လုံးများသည် အာရုံစူးစိုက်၍ စိတ်ရှည်သော အကြည့်ဖြင့် အနည်းငယ် ငုံ့ကြည့်နေ၏။ လုလျန့်ဝေ အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်လိုက်ပြီး သူ့ကို ငေးကြောင်ကြည့်နေခဲ့သည်။ အရှင်မင်းကြီးသည် အလွန်ညင်သာ........။
အရိပ်က တဖြည်းဖြည်း ဖုံးကွယ်လာသည့်တိုင်အောင် သူမ စူးစူးစိုက်စိုက် ကြည့်နေမိသည်။ ထို့နောက် သူမ တစ်စုံတစ်ခုအား သတိထားမိသွားပြီး သူမပါးစပ်ကို ဖုံးကာရန် အလျင်အမြန် လက်ဆန့်ထုတ်၍ ရှက်ရွံ့စွာ ပြောလိုက်သည်။
“အရှင်မင်းကြီး၊ ကျွန်တော်မျိုးမ ပါးစပ် မဆေးရသေးဘူး။”
လုလျန့်ဝေ အလွန် ရှက်ရွံ့သွားပြီး သူမပါးစပ်ကို ဖုံးကွယ်ထားလျက် သူမခေါင်းကို အပြင်းအထန် ခါရမ်းလိုက်သည်။