အခန်း (၂၉၉-၃၀၀)
Vol. 6 Ch. 299-300
အပိုင်း ၂၉၉
မလှုပ်နဲ့။ ငါ မင်းကို ဖက်ထားပါရစေ။
ထိုနေရာတွင် အမှိုက်ခြင်း ရှိနေပြီး အမှိုက်ခြင်းထဲတွင်မူ လုံးခြေထားသည့် စက္ကူများဖြင့် ပြည့်နေသည်။သူသည် အကြည့်ကို ရွှေ့လိုက်ပြီး အမြန်လျှောက်သွားတော့သည်။ ထို့နောက် စက္ကူလုံးကို ကောက်ယူ၍ ဖြည်းညှင်းစွာ ဖြန့်လိုက်သည်။
ကိုယ်တော်ကို မွေးဖွားလာသည်။ မမွေးဖွားဘူး။ပြီးတော့ ကိုယ်တော်က အသက်ကြီးနေ။ထိုစာလုံးများကို တွေ့သောအခါ ကျောက်ချန် နှလုံးသား တုန်လှုပ်သွားပြီး သူ့မျက်တောင်များမှာလည်း ဘဝင်မကျစွာ တဖြတ်ဖြတ် ခတ်သွားတော့သည်။
သခင်က အဘယ်ကြောင့် ဤစာလုံးများကို ရေးသားထားသနည်း။ဒုတိယသခင်မလေးလု၊ သူမများ။
သူ၏လက်ထဲ ဘာမှမရှိတော့သည့်အချိန်တွင်မှ သူ အသိပြန်ဝင်လာတော့သည်။ ချူးယီသည် သူ့လက်ထဲမှ စက္ကူလုံးအား ယူသွားကြောင်း သူတွေ့လိုက်ရသည်။
တစ်စုံတစ်ရာကို တွေးမိပြီး သူသည် အမှိုက်ခြင်းထဲမှ ပို၍များသော စက္ကူလုံးများကို ထုတ်ယူလိုက်သည်။
၎င်းတို့ကို ဖြန့်လိုက်သောအခါ အထဲမှ စာကြောင်းအားလုံးသည် အတူတူပင် ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
ကျောက်ချန် လက်တုန်သွားပြီး ထိုပေါ်တွင် ရေးထားသည့်စာများကို တွေ့ထိလိုက်သည်။
သခင်၏ လက်ရေးမှာ လှပလေသည်။ သို့သော် ဤအကြိမ်တွင်မူ ပုံမှန်ဖြစ်သည့် နဂါးနှင့် ဖီးနစ်ကဲ့သို့သော လက်ရေးမှ ကွဲပြားနေခဲ့သည်။ စာလုံးအက္ခရာများမှာ သပ်ရပ်သေသပ်စွာ ရှိနေပြီး အားနှင့်မာန်နှင့် ရေးသားထားသည်ကိုပင် တွေ့မြင်နိုင်သည်။ သို့သော်လည်း အကြောင်းပြချက် အချို့ကြောင့် ထိုစာကြောင်းများကို ရေးသားနေသည့်အချိန်တွင် သခင်သည် တွန်ဆုတ်၍ အကူအညီ ကင်းမဲ့နေသည်ဟု ကျောက်ချန် ခံစားရလေသည်။
အခုအချိန်လေးတွင် ထိုစာကို ရေးသားနေစဉ် စာကြည့်ဆောင်ထဲ၌ ပုန်းအောင်းနေသော သခင်၏ အထီးကျန်နေမှုကို တွေးမိသောအခါ ရုတ်တရက် ကျောင်းချန် မျက်လုံးများ နီရဲလာပြီး သူ့နှလုံးသားထဲတွင်လည်း အလွန်ဝမ်းနည်းသွားတော့သည်။
သခင်၏ စိတ်အခြေအနေ ဆိုးရွားနေသည်မှာ အံ့ဩစရာ မဟုတ်ပေ။ သူ၏ အသက်အရွယ်ကြောင့်သာ ဖြစ်လေသည်။ ဒုတိယသခင်မလေးလုနှင့် သင့်လျော်ရန် သူ၏အသက်အရွယ်မှာ ကြီးနေပြီဟု ခံစားမိသည်လား။
သူ ရုတ်တရက် ငိုချင်မိသွားသည်။
သခင်အတွက် မိသားစု ရရန် အမှန်တကယ် မလွယ်ကူပေ။ နောက်ဆုံးတွင် သူ အမျိုးသမီးတစ်ယောက်အား ကြိုက်နှစ်သက်မိသော်လည်း ထိုအမျိုးသမီးမှာ သူ၏သမီး အရွယ်လောက်သာ ရှိနေခဲ့သည်။ သခင် မည်သို့ပင် ဂရုမစိုက်ဘဲ နေနိုင်မည်နည်း။
သခင်သည် မြင့်မြတ်စွာ မွေးဖွားလာပြီး ကြီးကျယ်သော ကိစ္စရပ်များကို ဆောင်ရွက်ရသည့် အရှင်ဧကရာဇ် ဖြစ်လေသည်။ သူသည် တစ်သီးတစ်သန့်နေနိုင်ပြီး သူ အလိုရှိသည့် အမျိုးသမီးများကို တိုက်ရိုက် ရယူနိုင်ပေသည်။ ဤအကြိမ်တွင်တော့ သခင်သည် ဒုတိယသခင်မလေးလုကို အလွန်ပင် အလေးထားလေသဖြင့် သူ၏ကိုယ်ပိုင် အသက်အရွယ်ကိုပင် ဂရုစိုက်နေပြီ ဖြစ်သည်။
ကိုယ်တော်ကို မွေးဖွားလာသည်။ မမွေးဖွားဘူး။ကိုယ်တော် အသက်ကြီးနေ ..........။အို၊ အလွန်ပင် ဝမ်းနည်းဖွယ်ကောင်းလှ၏။
စာရွက်ပေါ်၌ ရေးထားသည့် ထိုစာကြောင်းကို ချူးယီတွေ့လိုက်သောအခါ သူခေတ္တ စိတ်ပျက်သွားရသည်။ သူ တစ်စုံတစ်ရာကို ပြောခါနီးအချိန်တွင် ကျောက်ချန် မျက်လုံးများမှာ နီရဲနေပြီး သူ ငိုချလုနီးပါး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“မင်း ဘာဖြစ်နေတာလဲ၊ ကျောက်ချန်။ တစ်ယောက်ယောက်က မင်းပိုက်ဆံကို လုယူသွားလို့လား “
ကျောက်ချန် ရုတ်တရက် လှည့်လာပြီး သူ့ပခုံးကို ဖိလိုက်သာ်။ သူ့နှုတ်ခမ်းများမှာ တုန်နေပြီး ဆို့နင့်လျက် ပြောလိုက်သည်။
သူ ပြောပြီးနောက် ချူးယီအား သူ့လက်မောင်းများဖြင့် ဖက်လိုက်သည်။ထိုအချိန်တွင် ချူးယီမှာ မိုးကြိုး အပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံးတွင် ကြက်သီးမွေးညှင်းများ ထလာတော့သည်။
သူ့သွားများ တဆတ်ဆတ်တုန်ရီနေ၏။ ကျောက်ချန်သည် မိန်းမစိုး ဖြစ်နေခြင်းကြောင့်လား။ ၎င်းမှာ မဖြစ်နိုင်ပေ။ သူ မူမမှန်ဖြစ်ပြီး လမ်းလွှဲသွားလောက်သည်။ သူ့မှာ ညစ်ညမ်းသည့် ဝါသနာများ ရှိနေသည်လား။
ချူးယီ အလွန် ကြောက်လန့်သွားသဖြင့် သူ့ပါးစပ်ထဲသို့ လက်သီးသာ သိပ်ထည့်ထားမိတော့သည်။သို့သော် ဘာကြောင့် သူ့ကိုလဲ။ ကျောက်ချန်သည် အဘယ်ကြောင့် သူ့အား ပွေ့ဖက်ချင်နေရသနည်း။
သူတို့နှစ်ယောက် စာကြည့်ဆောင်တွင် အချိန်ကြာကြာ ရှိနေလေသည်။ သူတို့ ထွက်မလာသေးသဖြင့် သူဝင်လာပြီး တစ်ချက်ကြည့်လိုက်ခြင်းသာ ဖြစ်သည်။
သို့ရာတွင် သူ စာကြည့်ဆောင်သို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့ရှေ့မှ ထိတ်လန့်စရာ မြင်ကွင်းကို မြင်လိုက်ရလေသည်။
ချူးချီ၏ မျက်လုံးနက်များ ပြူးကျယ်သွားပြီး အချင်းချင်း ပွေ့ဖက်နေကြသည့် သူတို့နှစ်ယောက်ကို သူ တအံ့တဩ ကြည့်နေမိသည်။ ထိုအချိန် သူရပ်တန့်သွားပြီးနောက် ပြောလိုက်သည်။
သူပြောပြီးနောက် အမြန် ဆုတ်ခွါလာတော့သည်။ သူတို့နှစ်ယောက်အတွက် တွေးတောပေးပြီး တံခါးကိုပါ ပိတ်ပေးလိုက်သေးသည်။
ထိုအနံ့ဆိုးထွက်နေသည့် ကောင်စုတ်ချူးချီက ဘာကို ဆိုလိုချင်နေသနည်း။ သူသည်တံခါးကိုပင် ပိတ်ပေးလိုက်သေး၏။ ဘာကြောင့် တံခါးကို ပိတ်လိုက်ရပါသနည်း။ချူးယီသည် သူကို ဖက်ထားသည့် ထိုသေချင်းဆိုးကို တွန်းထုတ်ရန် အားများစွာ သုံးလိုက်ရသည်။
“ကျောက်ချန်၊ မင်းက မိန်းမစိုး ဖြစ်နေလို့ ငါ မရိုက်ဘူး မထင်နဲ့။ မင်းလက်ကို လှုပ်လိုက်မယ်ဆိုရင် သခင်ရှေ့မှာပဲ ငါ မင်းကို သတ်ပစ်ရလိမ့်မယ်။”
ကျောက်ချန်သည် ဝမ်းနည်းမှုထဲတွင် နစ်မြှုပ်နေသောကြောင့် သူ့နှင့် ပတ်သတ်၍ ဘာမှားနေသည်ကိုတောင် သတိမထားမိပေ။ သူသည် လက်ကိုခါလိုက်ပြီး မကျေမနပ်ပြောလိုက်သည်။
ချူးယီကတော့ မွှေးညှင်းများ ထောင်ထသွားကာ ခြေတစ်လှမ်း နောက်ဆုတ်၍ သူ့အား ကာကွယ်မှုအပြည့်ဖြင့် စိုက်ကြည့်နေသည်။ကျောက်ချန် သူ့ကိုကြည့်လိုက်ပြီး သူ့လက်ထဲမှ လုံးနေအောင် ခြေလုံးထားသော စက္ကူစကို ဆတ်ကနဲ ဆွဲယူလိုက်သည်။ ထို့နောက် အမှိုက်ခြင်းထဲသို့ ပစ်ထည့်လိုက်ပြီး ရွှင်ရွှင်ပျပျနှင့် ပြောလိုက်သည်။
“ဒီည ဖြစ်ပျက်ခဲ့တဲ့အရာကို သခင် မသိစေနဲ့။ ငါတို့ မသိချင် ယောင်ဆောင်နေကြမယ်။”
ဆက်ရန် ______
Chapter 300
May 17, 2024 by Nay Chi Lynn
အပိုင်း ၃၀၀
မင်းက လောဘကြီးပြီး တစ်လက်မပေးတောင် တစ်ကိုက်လိုချင်နေတယ်။
ချူးယီ လှောင်ပြုံးပြုံးလိုက်သည်။
“ကျောက်ချန်၊ မင်း ဖက်တီးပုတ်၊ မင်းနှလုံးသားက အရမ်း ညစ်ပတ်တာပဲ။ သခင် သိသွားမှာကို မင်း ကြောက်နေပြီမလား။ ငါ သခင်ကို ပြောပြပြီး သခင်က မင်းကို စက်ဆုပ်ရွံရှာသွားအောင် လုပ်ပစ်မယ်။”
ကျောက်ချန် မျက်မှောင်ကြုပ်လိုက်သည်။
“ငါက ဘာလို့ ညစ်ပတ်ရမှာလဲ။ မဟုတ်ဘူး။ မင်း သခင်ကို ဒီကိစ္စ မပြောပြရဘူး။ မဟုတ်လို့ရှိရင် သခင် စိတ်ကသိကအောက် ဖြစ်သွားလိမ့်မယ်။”
“စိတ်ကသိကအောက် ဖြစ်ရမှာက မင်း။”
ချူးယီက သူ့ကို ကြောက်စရာကောင်းစွာ စိုက်ကြည့်လာသည်။ကျောက်ချန် ခေတ္တမျှ တွေးတောနေ၏။
“မင်းပြောတာ မှန်တယ်။”
ချူးယီ ကြက်သေသေသွားတော့သည်။ ထိုအမျိုးသားသည် အလွယ်တကူ ဝန်ခံလိမ့်မည်ဟု သူ မျှော်လင့်မထားပေ။ သူ့နှလုံးသားထဲရှိ ဒေါသမှာ ပျောက်ကွယ်သွားပြီး သူ သတိပေးလိုက်လေသည်။
“မင်း စိတ်ကသိကအောက် ဖြစ်ရမယ်မှန်းသိရင် မင်းပြောင်းလဲသင့်တယ်။”
“သခင်ရဲ့ ခွင့်ပြုချက်မရှိဘဲ အနာဂါတ်မှာ ငါ ခိုးမကြည့်တော့ဘူး။”
ကျောက်ချန်၏အတွေးများကို လိုက်၍မမှီနိုင်တော့ကြောင်း သူ ခံစားလိုက်ရ၏။သူ မည်သည့်အရာကို ခိုးကြည့်မိလေသနည်း။ချူးယီသည် တစ်စုံတစ်ရာကို စဉ်းစားမိသွားပြီး သူ့အား လက်ညှိုးထိုး၍ ဝက်မြီးကို ဆွဲကိုင်မိသွားသကဲ့သို့ ကျိန်ဆဲတော့သည်။
“မင်း မိန်းမစိုးဖြစ်နေလို့ မသန့်ရှင်းတော့ဘူးလို့ ငါထင်တယ်။ ဒါကြောင့် မင်း မရိုးသားတဲ့ အရာတွေကိုတောင် လုပ်နေပြီး အပြာစာအုပ်တွေကိုတောင် ခိုးကြည့်နေပြီပေါ့။ နောက်ကျရင် ငါ သခင်ကို ပြောပြပြီး မင်းကို သခင် အပြစ်ပေးလိမ့်မယ်။”
ကျောက်ချန် ထိုစကားများကို ကြားသောအခါ သူ့ကို အံ့အားသင့်လျက် ကြည့်လိုက်သည်။
“ချူးယီ၊ မင်း ပါးစပ်ဖွင့်လိုက်တာနဲ့ ငါ့ကို မိန်းမစိုးလို့ ခေါ်နေတယ်။ ငါ မင်းကို ဂရုမစိုက်တော့ဘူး။ မင်းက လောဘကြီးပြီး တစ်လက်မပေးရင် တစ်ကိုက်လိုချင်နေတာပဲ”
သူသည် ပြောလိုက်ပြီးနောက် မြင်းမြီးခလောက်တံကို ပစ်လိုက်သည်။ချူးယီသည် ၎င်းကို ချက်ချင်း ရှောင်တိမ်းလိုက်သည်။စာကြည့်ဆောင်ထဲမှ လှုပ်ရှားသံများကို ချူးချီ ကြားလိုက်သောအခါ သူ အနည်းငယ် အံ့ဩသွားလေသည်။ အခုလေးတင် သူတို့နှစ်ယောက် အချင်းချင်း ကြင်ကြင်နာနာ အမြတ်တနိုး ဖက်နေကြသည် မဟုတ်လား။
မကြာမီ ကျောက်ချန်နှင့် ချူးယီတို့ နှစ်ယောက်စလုံး စာကြည့်ဆောင်မှ ပျံသန်း၍ ထွက်လာတော့သည်။သူတို့နှစ်ယောက် အပြန်အလှန် ဖွင့်ဟရန် မလိုဘဲ နားလည်မှု ရှိကြပေသည်။ သူတို့သည် လုံချန်နန်းတော်ထဲတွင် မတိုက်ခိုက်ဝံ့ကြပေ။
သူတို့နှစ်ယောက် လုံချန်နန်းတော်မှ အလျင်အမြန် ပျံသန်းထွက်သွားတော့သည်။ညနှောင်းပိုင်းအချိန်၌ သယ်ရှင်းနန်းဆောင်တွင် မီးများထိန်လင်းနေသေးသည်။ထိုအချိန် သယ်ကိုယ်လုပ်တော် ဦးဆောင်သော ကိုယ်လုပ်တော်လေးယောက်သည် ထိုနေရာ၌ စုစည်းနေကြလေသည်။
သူတို့လေးယောက်မှာ အချင်းချင်း အဆက်အဆံ မရှိကြပေ။ ထို့ပြင် သူတို့ အချင်းချင်းလည်း စောင့်ကြည့်မနေဖူးခဲ့။ ဤကဲ့သို့ အတူတကွ စုစည်းခြင်းမှာ အလွန် ထူးဆန်းလှသည်။သူတို့ အချိန်အချို့ကြာအောင် ထိုင်နေကြသော်လည်း တစ်ယောက်မှ စကားမပြောကြပေ။
နန်းဆောင်ရှိ လူအားလုံး အပြင်ထွက်နေကြ၍ အခန်းက ပို၍ပင် တိတ်ဆိတ်ငြိမ်သက်နေပုံ ရသည်။မနက်မိုးလင်းသည်အထိ သူတို့ ထိုကဲ့သို့ ထိုင်နေကြမည့်ပုံပေါ်လေသည်။အချိန်မည်မျှ ကြာသွားသည် မသိပေ။ နောက်ဆုံးတွင် ရှုကိုယ်လုပ်တော် မနေနိုင်တော့ဘဲ ပြောလိုက်သည်။
ရှုကိုယ်လုပ်တော်အား ဖိတ်ကြားထားသော သယ်ကိုယ်လုပ်တော်သည် သူမကို ကြည့်လိုက်သည်။ ထိုအချိန် သူမ တိတ်တဆိတ် မနေတော့ဘဲ အပြုံးလေးဖြင့် ပြောလေသည်။
ရှုကိုယ်လုပ်တော် လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ပြီး စိတ်ဝင်စားမှုမရှိဘဲ ပြောလိုက်သည်။
“ငါ ဘယ်လိုလုပ် ထင်မြင်ရဲပါ့မလဲ။ သူမက ငါ့တို့ထက် အသက်ငယ်နေပေမယ့် သူမ ဝင်လာလို့ရှိရင် သူမက ဧကရီ ဖြစ်လာလိမ့်မယ်။ ဖုံးတံဆိပ်တုံးကို ကိုင်ဆောင်ထားတဲ့ ဧကရီကသာ မောင်းမဆောင်ကို အုပ်ချုပ်ရမှာ။ အချိန်ကျလာလို့ရှိရင် မောင်းမဆောင်က ကိစ္စတွေက ကြီးကြီး သေးသေး။ ငါတို့ထက် အသက်ငယ်တဲ့ သူမကပဲ နောက်ဆုံး ပြောပိုင်ခွင့်ရှိတယ်။”
မင်း ဘယ်လိုပဲ ထင်မြင်နေပါစေ။ အရေးမပါပေ။ အရေးမပါဘူးဆိုပါကလည်း နောက်ဆုတ်နေရုံသာဖြစ်သည်။သယ် ကိုယ်လုပ်တော်သည် တိတ်တဆိတ် လှောင်ရယ်လိုက်သည်။ သို့သော် သူမ ဟွေ့ကိုယ်လုပ်တော်အား ကြည့်လိုက်ပြီး သူမ ဝမ်းနည်းပုံရနေသည်အား တွေ့လိုက်ရသောအခါ ပို၍ပင် ပြက်ရယ်ပြုလိုက်တော့သည်။
ဟွေ့ကိုယ်လုပ်တော် စဉ်းစားနေသည့် အကြောင်းကို သူမ အတိအကျ သိလေသည်။
သူတို့နှစ်ဦး၏ ပန်းတိုင်မှာ အတူတူပင် ဖြစ်နိုင်ပေသည်။
လုလျန့်ဝေ၏ အစွမ်းအစကို မတွေ့မီအချိန်က သူတို့၏ ပန်းတိုင်မှာ မောင်းမဆောင်သို့ ဝင်ရောက်ရန်သာဖြစ်သည်။ သူတို့အားလုံး ထိုအမျိုးသားနှင့် အနီးဆုံးသောနေရာတွင် နေထိုင်ရန် အလိုရှိကြသည်။
အရှင်မင်းကြီးသည် သူတို့အပေါ် စိမ်းကား၍ စိတ်ဝင်စားမှု မရှိသော်လည်း အနည်းဆုံးတော့ မောင်းမဆောင်ရှိ ဟန်ချက်သည် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ပျက်စီးသွားခြင်းမရှိခဲ့ချေ။ သူမသာ ဧကရီနေရာ မရနိုင်ပါက အခြားသူများလည်း ထိုနေရာကို ရရှိနိုင်လိမ့်မည် မဟုတ်ကြောင်း သူမ ထင်မိခဲ့လေသည်။
သို့သော် အမှန်တရားက သူမ မျက်နှာအား ဖြတ်ရိုက်လိုက်ပြီဖြစ်သည်။