← Chapters

ခန္ဓာကိုယ်အား ပြန်လည် သိမ်းယူခြင်း (3)

Vol. 14 Ch. 133

ခန္ဓာကိုယ်အား ပြန်လည် သိမ်းယူခြင်း (3)

Vol. 14 Ch. 133

ပစ္စည်းကိုယူဆောင်သွားသည့် ခရီးသည်မှာ ဘူတာမှ ထွက်ခွာသွားသည်မှာ ဆယ်မိနစ်သာ ရှိသေးသည်။

မကြာခင်တွင်ပင်  ရှာဖွေရန် စေလွှတ်လိုက်သည့် အဖွဲ့သားက လက်မခန့်အရွယ်ရှိ ကြေးနီကိရိယာလေးအား ကိုင်ဆောင်ကာ ပြေးလာခဲ့သည်။

“အဖွဲ့ခေါင်းဆောင်၊ ရှာတွေ့ခဲ့ပြီ!!”

ရင်းနှီးနေသည့် ကိရိယာအား မြင်လိုက်ရပြီးနောက် ချန်ရှင်း၏ တည်ငြိမ်နေသည့် စိတ်အခြေအနေသည် လုံးဝ ပြိုလဲကျသွားတော့သည်။

“မဖြစ်နိုင်တာ! ဘယ်လိုလုပ်ပြီးတော့…”

“မဟုတ်ဘူး၊ ငါပြန်ပြောင်းလို့ မရဘူးလေ! အဲလိုမျိုး လုပ်လို့ မရဘူး!!!”

ဌာနခွဲမှူးက တင်းမာစွာ ပြောလိုက်သည်။

“မင်းက တောက်ဓမ္မဂိုဏ်းက လူတွေနဲ့ ပေါင်းပြီး အစ်ကိုရင်းကို သတ်ခဲ့တယ်၊ သူ့ခန္ဓာကိုလည်း အပိုင်စီးခဲ့တယ်၊ ဒါက မင်းနဲ့ အထိုက်တန်ဆုံး ဇာတ်သိမ်းပဲ”

“အဲဒီကျိုးဟန်က ကောင်းကင်ဘုံကတောင် ဂုဏ်ယူရတဲ့ သားလိုပဲ၊ သူ့ညီအရင်းဖြစ်တဲ့ ကျုပ်ကိုတောင် အထင်သေးတာလေ၊ ကျုပ်ကလည်း ဘာလို့ သူ့ကို အစ်ကိုလို ဆက်ဆံရမှာလဲ? ကျုပ်နဲ့ ထိုက်တန်တဲ့ ဘဝကို အခုမှ ပိုင်ဆိုင်ရတာလေ!!”

သူ အလွန်ပင် ရှုံ့မဲ့သုန်မှုန်သွားပြီးနောက် ရုတ်တရက် မစ်စ်ကျိုးကို ကြည့်ကာ တောင်းပန်လိုက်သည်။

“အမေ၊ ကျွန်တော် ဝိဉာဉ်ချင်းလဲခံလိုက်ရရင် သေသွားမှာနော်၊ ကျွန်တော်ကလည်း အမေ့သားလေ! အနာဂတ်မှာ ကျွန်တော် အမေ့ကို သိတတ်လိမ္မာပါ့မယ်၊ အမေ ကျွန်တော့်ကို ငယ်တုန်းကလည်း ပစ်ထားခဲ့တာလေ၊ အခုရော ကျွန်တော့်ကို ထပ်ပြီး စွန့်ပစ်ဦးမလို့လား?”

သို့သော် မစ္စကျိုးကတော့ အသံတိတ် မျက်ရည်များသာ သုတ်နေခဲ့သည်။

မိခင်အရင်းမှပင် မကူညီတော့ကြောင်း သိလိုက်ရပြီးနောက် ချန်ရှင်း ကူကယ်ရာမဲ့သွားကာ ပါးစပ်မှာ အော်ဟစ်ဆဲဆိုနေခဲ့သည်။

သူ မည်မျှပင် ရုန်းကန်နေပါစေ၊ ဝိဉာဉ်ရေးရာ အထူးအဖွဲ့သားများက သူ့၏ဝိဉာဉ်အား ဆွဲထုတ်ကာ ကျိုးဟန်၏ ဝိဉာဉ်အား ကိရိယာထဲမှ ထုတ်၍ မူလခန္ဓာကိုယ်သို့ ပြန်လည် ဝင်ရောက်စေခဲ့သည်။

ကျိုးဟန် မူလခန္ဓာကိုယ်အား ပြန်လည်ပိုင်ဆိုင်ရပြီးနောက် နိုးထလာခဲ့သည်။ သူ၏ ဝိဉာဉ်မှာ ခန္ဓာကိုယ်မှ ထွက်ခွာသွားသည်မှာ အချိန်ကြာမြင့်သောကြောင့် ချက်ချင်း အံဝင်ခွင်ကျမဖြစ်ပဲ အနည်းငယ် မူးဝေနေခဲ့သည်။

သို့သော် ထိုအချိန်အတွင်း ဖြစ်ပျက်ခဲ့သမျှအားလုံးကို သူသိသည်။

သူက ဝိဉာဉ်ဆိုင်ရာအထူးဌာနအဖွဲ့သားများနှင့် ကင်မရာနောက်မှ ကုကျစ်စုန့်အား အလေးအနက် ခါးညွှတ်ကာ အရိုအသေပြုလိုက်ပြီး တည်ငြိမ်ကာ လေးနက်သော မျက်ဝန်းများနှင့် ကျေးဇူးတင်စကားဆိုသည်။

ထို့နောက် မိခင်ဖြစ်သူ မစ်စ်ကျိုးအား ဝေခွဲရခက်သော လေသံဖြင့် နှုတ်ဆက်လိုက်သည်။

“အမေ…”

မစ္စကျိုး မျက်ရည်များဖြင့် ဝမ်းသာအားရ ပြုံးမိသည်။

“ရှောင်ဟန်! ရှောင်ဟန်၊ အမေ့သားလေး ပြန်ရောက်လာပြီ! အမေ တောင်းပန်ပါတယ် သားလေး!”

ကျိုးဟန် ခေတ္တမျှ အသံတိတ်သွားသည်။

“ဒါက အမေနဲ့ ဘာမှ မဆိုင်ပါဘူး”

“ဒါဆို သား အမေ့ကို အပြစ်တင်မလား?”

ကျိုးဟန် စိတ်ထဲတွင် ခါးသက်သက်ဖြစ်နေရကာ ထိုမေးခွန်းအား မည်သို့ဖြေရမည်ကို သူမသိခဲ့တော့ပေ။

အမေဖြစ်သူကို အပြစ်တင်လား?

ယခုဖြစ်သည့် ကိစ္စသည်က မိခင်ဖြစ်သူနှင့် မည်သည့်အရာမှမဆိုင်ကြောင်း သူသိသည်။

သို့သော် မိခင်သည်ကား ညီငယ်အတွက် အမြဲတစေအားနာစိတ် ခံစားရကာ အဆုံးစမရှိ အလိုလိုက်ထားခဲ့သည်။

သူ ထိုနေ့က နိုးလာချိန်တွင် ချန်ရှင်းဖြစ်နေကာ ဒုက္ခိတတစ်ဦးဖြစ်နေခဲ့ရသည်။ သူ့ခန္ဓာအား အပိုင်စီးထားသည့် ညီဖြစ်သူ၏ လုပ်ကြံခံလိုက်ရချိန်တွင် ရုပ်ပိုင်းဆိုင်ရာနာကျင်မှုအပြင် စိတ်ပိုင်းဆိုင်ရာနာကျင်မှုမှာလည်း စကားလုံးနှင့်ပင် မဖော်ပြနိုင်ပေ။

ထို့အပြင် ဇနီးလောင်းအား ချန်ရှင်းလိမ်ညာကာ ဖျက်ဆီးရန် ကြံစည်နေသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။

ထိုအချိန်များတွင် သူသည်ကား ချန်ရှင်းကို သတ်ကာ သူပါ လိုက်သေချင်ခဲ့သည်။

ထိုအတွေ့အကြုံများကို ခံစားခဲ့ရပြီးနောက် ကျိုးဟန်သည် မိခင်အား အပြစ်မတင်ဟု ပြောမထွက်နိုင်တော့ပေ။

သူ့အနေနဲ့ အကြိမ်ပေါင်းများစွာ မိခင်ဖြစ်သူမှ သူတို့နှစ်ဦးအား အဘယ်ကြောင့် မခွဲနိုင်ရသည်နည်းဟု မေးခွန်းထုတ်ခဲ့မိသည်။

မစ္စကျိုးပြောခဲ့သလိုပင် လူ၏ နှလုံးသားသည် အသွေးအသားနှင့် ဖန်တီးထားသည်ကြောင့် အမြဲလိုလို သေချာတွေးတောနိုင်သည့်လူ အဘယ်မှာရှိလိမ့်မည်နည်း?

တိတ်ဆိတ်သွားသည့် သားဖြစ်သူအား ကြည့်ရင်း မစ္စကျိုုးတစ်ယောက် မျက်ရည်ပေါက် ကြီးငယ် ကျရပြန်ပေသည်။

ကျိုးဟန် မူလခန္ဓာကိုယ်ထဲသို့ ပြန်ရောက်ပြီးချိန်၌ အနားယူကာ အားအင် ပြန်လည်ပြည့်စေရန်အတွက် ဆေးရုံသို့ သွားရသေးသည်။

သူ၏ ခန္ဓာမှ လူသတ်ခဲ့သော်လည်း ထူးခြားမတော်တဆမှုများသည်ကား ထူးခြားဖြစ်စဉ်အဖြစ် သတ်မှတ်ခြင်း ခံရသည်။

ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့သားများမှ မေးခွန်းများ မေးမြန်းပြီးနောက် ထိုကိစ္စသည် ပြီးဆုံးဟု သတ်မှတ်ကာ ချိတ်ပိတ်ခံလိုက်ရလေသည်။

ချန်ရှင်း၏ ဖုန်းထဲတွင် ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့မှ ချန်ရှင်းနှင့် လျှို့ဝှက်တောက်ကျန့်တစ်ဦးကြားမှ ငွေအလွှဲအပြောင်း လုပ်ထားသည့် သက်သေများလည်း ရှာဖွေတွေ့ရှိခဲ့သည်။

ချန်ရှင်းမှာ ခြေထောက်များ ကျိုးသွားပြီးနောက် မစ္စကျိုးငှားရမ်းပေးထားသည့် ဗီလာတွင်သာ နေထိုင်ရပြီး နေ့ရက်တိုင်းသည် သူ့အတွက် စိတ်ဓာတ်ကျစရာရက်များသာလျှင် ဖြစ်နေခဲ့သည်။

ထိုအချိန်က သူ သဘာဝလွန်ဖြစ်ရပ်များအား ယုံကြည်လာခဲ့သည်။ သူ့တစ်ဘဝလုံး ဒုက္ခိတတစ်ယောက်အဖြစ် မနေချင်ခဲ့ပေ။ မည်သို့နည်းလမ်း သုံးရပါစေ၊ သူ၏ ကံကြမ္မာအား ပြောင်းလဲချင်ခဲ့သည်။

သို့နှင့် သူ အွန်လိုင်းဗေဒင်ဆိုင်တစ်ခုမှ ထိုပညာရှင်နှင့် ဆုံခွင့်ရခဲ့သည်။

ထိုတောက်ကျန့်၏ ပြောစကားအရ အမြွှာများကြားမှ ဤကဲ့သို့ ကံကြမ္မာသည် ပုံမှန်ပင်ဖြစ်သည်။ သူ့ဘဝတွင် မည်သို့မှ အသုံးမကျသည့်သူဖြစ်လာရခြင်းမှာ အစ်ကိုဖြစ်သူ ကျိုးဟန်မှ ကံကောင်းမှုအားလုံး စုတ်ယူသွားခြင်းကြောင့်ဟု ဆိုခဲ့သည်။

တောက်ကျန့်မှ သူနှင့် ကျိုးဟန်တို့၏ ဘဝအား လဲလှယ်ပေးနိုင်ကာ တစ်သက်လုံး ဒုက္ခိတဘဝရောက်မည့် အဖြစ်မှ ပြောင်းလဲပေးနိုင်သည်ဟုလည်း ဆိုသည်။

ချန်ရှင်း သဘောတူညီရန်ပင် မစောင့်နိုင်ခဲ့ပါချေ။ သူ မစ္စကျိုးပေးခဲ့သည့် ပိုက်ဆံဖြင့် ယွမ်(၅)သိန်း စပေါ်တင်လိုက်ပြီးနောက် နောက်ထပ် ယွမ်(၁)သန်း ထပ်ပေးခဲ့သေးသည်။

ကျိုးဟန်အား သတ်ဖြတ်ရန်ကိစ္စမှာတော့ သူတစ်ယောက်တည်း၏ အကြံဉာဏ်သာဖြစ်သည်။

ကျိုးဟန်၏ ဝိဉာဉ် မကျွတ်မလွတ်သေးကြောင်း သိရချိန်မှ ထိုတောက်ကျန့်အား ထပ်မံဆက်သွယ်ကာ ပြဿနာအား ဖြေရှင်းပေးရန် အကူအညီတောင်းခဲ့သည်။

ပြဿနာ အဆင်ပြေသွားချိန်တွင်လည်း နောက်ထပ် ဉာဏ်ပူဇော်ခ (၁)သန်းထပ်ပေးမည်ဟု ကတိပေးခဲ့သည်။

ဝိဉာဉ်ထည့်သိမ်းသည့် ကိရိယာသည်လည်း ချန်ရှင်းအား ထိုတောက်ကျန့်ပေးသည့် ကိရိယာတစ်ခုသာဖြစ်ချေသည်။

ဖန်းမြောင်တစ်ယောက် ဝိဉာဉ်ရေးရာအစီအစဉ်တွင် ပါဝင်လာသည်အား အကျင့်စာရိတ္တမရှိသည့် ထိုတောက်ကျန့်ကလည်း မြင်လိုက်သည်။

ထို့ကြောင့် ကိစ္စများ အားလုံးက ဘူးပေါ်သကဲ့သို့ ပေါ်တော့မည်ဆိုသည်ကို သိလိုက်ကြောင့် ချန်ရှင်းထက်ပင် ခြေမြန်အောင် ပြေးနှင့်ပြီးဖြစ်သည်။

ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့အနေဖြင့် ဖမ်းဝရမ်းထုတ်ရုံမှလွဲ၍ အခြားမတတ်နိုင်ပေ။

ချန်ရှင်းအတွက်ကတော့ သူ့၏  ကိုယ်ပိုင်ခန္ဓာကိုယ်ကို သူကိုယ်တိုင်  သတ်လိုက်ပြီးဖြစ်သောကြောင့် ကျိုးဟန်၏ ကိုယ်ထဲမှ ဆွဲထုတ်ခံလိုက်ရပြီးချိန်တွင် သူသည်ကား သေဆုံးပြီးသူဖြစ်သွားကာ ဝိဉာဉ်တစ်ခုသာလျှင် ကျန်ရစ်တော့သည်။

ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့မှ လူများသည်လည်း သူ့အား ထိန်းသိမ်းထားရန် မလိုအပ်တော့သည်ကြောင့် အဖွဲ့ထဲမှ ‘ဝိညာဉ်လမ်းပြ’ ယင်အရာရှိအား သူ့ကို မြေအောက်ကမ္ဘာသို့ ပို့စေလိုက်သည်။

မြေအောက်ကမ္ဘာသို့ အပို့ခံရမည့်နေ့တွင် ချန်ရှင်းမှာ မျက်နှာတစ်ခုလုံး သုန်မှုန်ထိုင်းမှိုင်းနေခဲ့ပြီးနောက် တောက်တခေါက်ခေါက်၊ အံတကြိတ်ကြိတ်နှင့်ဖြစ်နေခဲ့သည်။

သူ့၏ရင်ထဲမှ အမုန်းတရားများက ထပ်မံပျံ့နှံ့လာပြီးနောက် ပေါက်ထွက်တော့မည့်အလားပင်။

သူ လူသတ်ခဲ့လျှင်တောင်မှ ဝိဉာဉ်ရေးရာအထူးအဖွဲ့မှ လူများက သူ့အား မည်သည်ကိုမှမလုပ်နိုင်ကြသကဲ့သို့ ဖမ်းဆီးချုပ်နှောင်၍ပင် အပြစ်မပေးနိုင်ကြပေ။

သို့သော် သူ ဟွမ်ကွမ်းလမ်းမပေါ်၌ ခြေချလိုက်ချိန်တွင် အနီးအနား တံတားများပေါ်မှ သရဲတစ္ဆေများသည် သူ့အား ဝိုင်း၍ စိုက်ကြည့်နေကြသလို ခံစားလိုက်ရကာ စိတ်ထဲတွင် မသိုးမသန့်ဖြစ်လာရသည်။

သူ မောကြည့်လိုက်ချိန်တွင် ချန်ရှင်းမှာ အရပ်ရှည်ရှည်နှင့် မြင်းမျက်နှာဖြင့် ‘မကောင်းဆိုးဝါး’တစ်ကောင်က သူ့အား ကြေးခေါင်းလောင်းကဲ့သို့ မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်ကို မြင်လိုက်ရသည်။

ချန်ရှင်းခန့်မှန်းချက်အရ ထိုအရာသည် မြင်းမျက်နှာဖြင့် ယင်အရာရှိသာလျှင် ဖြစ်ရမည်။ သူ တုန်ရီသော အသံဖြင့် :

“မာ.. သခင် မားမြန်… …”

မားမြန်က ခြေထောက်ကို မြှောက်ကာ သူ့အား ဆယ်မီတာကျော်လောက်ထိ လွင့်ထွက်သွားအောင် ဆောင့်ကန်လိုက်သည်။

ချန်ရှင်း၏ မျက်နှာက ရှုံ့မဲ့သွားခဲ့ရသည်။ သရဲဖြစ်ပြီးလျှင်တောင်မှ မြေအောက်ကမ္ဘာတွင် သရဲများအချင်းချင်း အနိုင်ကျင့်ခံရသေးကြောင်း သိလိုက်ရသည်။

သို့သော် ထို သုန်မှုန်နေသည့် မြင်းမျက်နှာက အကြောင်းရင်းမရှိပါပဲနှင့် သူ့အား အများရှေ့တွင် အရှက်ခွဲရသည့်ကိစ္စအား နားမလည်နိုင်ပေ။

သူသည် မြေပေါ်တွင်သာ ပုံကျနေပြီးနောက် ပြန်ထရန်လည်း စိတ်ကူးမရှိခဲ့ချေ။

သို့သော် သူ့အား ပွဲလန့်တုန်းဖျာခင်းသည့် သရဲတစ္ဆေများကလည်း ဝင်ရောက်ကန်ကျောက်ကြသေးပြန်သည်။

သူ၏ နှာခေါင်းရိုးကျိုးကာ မျက်နှာတစ်ခုလုံး ယောင်ကိုင်းနေသည့် အချိန်မှသာလျှင် တီးတိုးသံများအား ပို၍ ကွဲကွဲပြားပြား ကြားရတော့သည်။

“အဲတာက အပိုင်းငါးက သူ့အစ်ကိုရဲ့ ခန္ဓာကိုယ်ကို ဝင်စီးတဲ့ တစ်ယောက်မဟုတ်ဘူးလား?”

“အာ.. ကုတောက်ကျန့်ဖမ်းတာ ခံလိုက်ရတဲ့တစ်ယောက်မဟုတ်လား? မြေအောက်ကမ္ဘာကို ဘာလို့ ဒီလောက်နောက်ကျမှ ရောက်လာတာပါလိမ့်?”

“ဒီကောင်က မရီးကိုတောင် အနိုင်ကျင့်ချင်သေးတာတဲ့၊ ငါကလည်း အဲလိုတွေလောက် မုန်းတဲ့ ယောင်္ကျားမျိုးတွေမရှိဘူး၊ ညီအစ်မတို့ ငါ့အစား သူ့ကို ဝိုင်းအမဲဖျက်ပေးကြပါ!!”

“ကျွတ်ကျွတ်… ဒီကလေးကတော့ ဒီနေရာမှာ အေးဆေးနေရမည်လို့ မထင်ဘူး၊ သူ ငရဲမှာ ဘယ်လောက်ကြာကြာ နေရမှာပါလိမ့်? အနည်းဆုံး ၈၈နှစ်ကနေ စတာဟုတ်တယ်မဟုတ်လား?                

မားမြန် သူ့ကို စိုက်ကြည့်လိုက်ပြီးနောက် လေသံကြမ်းကြမ်းဖြင့် အော်ပြောလိုက်သေးသည်။

“မြန်မြန် ဒီကနေ ထွက်သွားစမ်း! မင်းကိုကြည့်လိုက်တာနဲ့ ငါ့မျက်စိတွေတောင်  ညစ်ညမ်းသွားသလိုပဲ၊ လူသတ်သမားကောင်!”

သူသည်ကား ဟွမ်ကွမ်းလမ်းမအား စောင့်ကြပ်လာသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သကဲ့သို့ လူဆိုး၊လူယုတ်မာပေါင်း သောင်းခြောက်ထောင် ကြုံဖူး၊ မြင်တွေ့ဖူးပြီးဖြစ်သည်။

ညီအစ်ကိုချင်း သတ်ဖြတ်မှု မဆိုထားနှင့်၊ သူသည် မိသားစုဒါဇင်ကျော် သတ်ဖြတ်ခဲ့သော လူသတ်သမားများကိုပင် မြင်တွေ့ဖူးခဲ့သည်။

သူ့အနေဖြင်် မသေခင်နှင့် သေဆုံးပြီးနောက် အပြစ်ကျူးလွန်သူများအပေါ်တွင် မြေအောက်ကမ္ဘာ၏ ဥပဒေများအတိုင်းသာ စီရင်လေ့ရှိပြီး ကိုယ်ပိုင်စိတ်သဘောထားဖြင့် မည်သည်ကိုမျှ မရောထွေးစေခဲ့ပေ။

သို့သော် ယခုတွင်တော့ မားမြန်သည် ကုကျစ်စုန့်၏ အကြီးစားပရိတ်သတ်ဖြစ်နေခဲ့သည်။

သူ၏ အိုင်ဒေါက ဒီလူကို မနှစ်မျို့လျှင် သူသည်လည်း ဤလူအား အငြိုးထားကာ မျက်နှာသာပေးမည်မဟုတ်ပေ။



ချန်ရှင်းအား အွန်လိုင်းပေါ်မှ ဖမ်းဆီးပြီးနောက် ကုကျစ်စုန့်သည် တိုက်ရိုက်ထုတ်လွှင့်ခန်းသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။

မကျေနပ်မှုများ၊ အတွန့်တက်မှုများအား အဆက်မပြတ်ပြောဆိုမြည်တွန်ရန် ငွေများ ပင်သုံးနေကြသည့် ပရိတ်သတ်များအား ကြည့်ရင်း ကုကျစ်စုန့်ကိုယ်တိုင်လည်း သူမ၏လုပ်ရပ်မှာ မသင့်တော်သကဲ့သို့ ဖြစ်သွားကြောင်းကို သူမ သိနေသိသည်။

[ဝူးးးး စုန့်စုန့်၊ နှလုံးသားမရှိတဲ့သူ!]

[ဇာတ်လမ်းက ဇာတ်ရှိန်ရောက်နေပြီလေ၊ အသက်တောင် မရှူနိုင်တော့တဲ့ထိ အရှိန်တက်နေပြီလေ၊ အခုကျတော့ ဘာဖြစ်သွားလဲ ဆိုတာကို သိချင်လွန်းလို့ အူတွေ၊အသဲတွေကို ယားနေရပြီ]

[ပြိုင်ပွဲဝင်အမှတ် ၇ ကုကျစ်စုန့်၊ နောက်ဆက်တွဲဘာဖြစ်သွားလဲဆိုတာနဲ့ အမြွှာတွေ ဘယ်လိုဆက်ဖြစ်သွားလဲဆိုတာကို ပြောပြဖို့ အကြံပြုချင်ပါတယ်၊ ပရိတ်သတ်ကို သက်ညှာတဲ့အနေနဲ့ ပွင့်ပွင့်လင်းလင်းပြောပေးပါ!]

[ငါကတော့ ဘယ်လိုအကြောင်းအရာတွေတောင် ဖြစ်ခဲ့လို့ ပရိတ်သတ်တွေတောင် နားထောင်လို့မရတာလဲဆိုတာကို သိချင်မိတယ်?!]

ကုကျစ်စုန့် ချောင်းဟန့်လိုက်ပြီးနောက် ပရိတ်သတ်များအား စိတ်လျှော့စေလိုက်သည်။

“အဲဒါက နစ်နာသူရဲ့ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်တာကြောင့် လူအများရှေ့မှာ ချပြလို့ မရလို့ပါ၊ အားလုံးကို ပြန်ပြီး အစားထိုးပေးတဲ့ သဘောမျိုးနဲ့ ဒီနေ့ နေ့လည်မတိုင်ခင်ထိ တိုက်ရိုက်လွှင့်ထားပေးမယ်၊ သိချင်တာတွေမေးလို့ ရတယ်”

“ရုပ်လွန်ဗေဒ၊ ဖုန်းရွှေပညာ၊ ဒါမှမဟုတ် ကြုံရတဲ့ ပြဿနာတွေနဲ့ ပတ်သတ်ပြီး ကြိုက်တာ မေးလို့ရတယ်၊ ကျွန်မ ကြည့်ပြီး ကူညီပေးမှာပါ”

စကားဆုံးသည်နှင့် မှတ်ချက်လေးတစ်ခုက နှင်းများကျသည့်အလား တဟုန်ထိုး တက်လာသည့် မှတ်ချက်များအကြား ပျောက်ကွယ်သွားတော့သည်။

[ခုန်ပေါက်နေတဲ့ကြွက်လေး: စုန့်စုန့်၊ ငါကလေ တစ်ခုခုနဲ့ သွားပြီး ရှုပ်ထွေးနေတယ်လို့ ထင်နေတယ်၊ ငါ့ကို ကြည့်ပေးလို့ရမလားဟင်?]

*

All Chapters