← Chapters

အိမ်ထဲမှ တစ္ဆေ (1)

Vol. 14 Ch. 134

အိမ်ထဲမှ တစ္ဆေ (1)

Vol. 14 Ch. 134

ကုကျစ်စုန့် စကားဆုံးသည်နှင့် မရေတွက်နိုင်သော မှတ်ချက်များက တိုက်ရိုက်ထုတ်လွှင့်ခန်းတွင် ပေါ်လာခဲ့သည်။

တစ်ချို့က သူမအား ဆက်၍ ဗေဒင်ဟောစေချင်သည်။ တချို့ကတော့ သူမအား အိမ်၏ ဖုန်းရွှေကို စစ်ပေးစေချင်သည်။

သူမ အမြွှာများအကြောင်း ပြောနေရင်းဖြင့် ရုတ်တရက်ထွက်လိုက်သည်ကြောင့် ထွက်သွားကြသည့် ကြည့်ရှု့သူများလည်း ပြန်ရောက်လာကြလေသည်။

ထိုကဲ့သို့ မှတ်ချက်များ သောင်းခြောက်ထောင်အတွင်းမှ ကုကျစ်စုန့်တစ်ယောက် ‘ခုန်နေသောကြွက်’၏ မှတ်ချက်အား အကြည့်တစ်ချက်ဖြင့် မြင်လိုက်ရသည်။

သူမ မျက်နှာပြင်အနီးသို့ ကပ်လာသည့်အတွက် သူမ၏ နူးညံ့ကာ ဖြူဥနေသည့် မျက်နှာလေးက ကင်မရာရှေ့သို့ ရောက်ရှိသွားခဲ့သည်။

မျက်နှာပြင်၏ အခြားတစ်ဖက်မှ ပရိတ်သတ်များမှာ သူမ၏ ရှည်လျားကော့ညွှတ်နေသော မျက်တောင်များနှင့် သူမမျက်ဆံနက်နက်တို့အား အနီးကပ် မြင်တွေ့လိုက်ရလေသည်။

[ဘုရားရေ၊ ခေါင်းတွေတောင် မူးသွားတယ်၊ ငါ့ရဲ့လောင်ဖော စုန့်စုန့်က ငါ့အနားကို အဲလောက်ကြီး ကပ်လာတော့ လှလွန်းလို့ ရုတ်တရက် သေသွားတော့မလိုပဲ]

[သေသွားတော့မလိုလို့  ဘာကိစ္စ ပြောနေသေးတာ၊ Screenshotတွေ မြန်မြန်ရိုက်ထားကြ!]

ကုကျစ်စုန့်:

“’ခုန်ပေါက်နေတဲ့ကြွက်ကလေး’ ဒီမှာရှိလား? ငါတို့ စကားပြောလို့ရနိုင်မလား?”

သူမ ထိုအကူအညီတောင်းစာအား တစ်ချက်ကြည့်ရုံနှင့် မြင်လိုက်နိုင်သည်မှာ ထိုမှတ်ချက်တွင် ဖုံးလွှမ်းနေ‌သော ‘သွေး’၏ အရောင်အဝါအား မြင်တွေ့လိုက်ရခြင်းကြောင့်ပင်။

တောက်ဓမ္မပညာလိုက်စားသူတိုင်း၏ မျက်လုံးထဲတွင် ကမ္ဘာပေါ်မှ အရာအားလုံး၌ ‘အရှိန်အဝါ’တစ်ခု ရှိသည်။

မြေအောက်ကမ္ဘာနှင့် တစ္ဆေသရဲများတွင် ‘ယင်စွမ်းအင်’ရှိသည်။ သေဆုံးပြီးအလောင်းများတွင် ‘သေခြင်းစွမ်းအင်’ရှိသည်။

တိရိစ္ဆာန်များနှင့် မသေမျိုးအဆင့်ထိ ရောက်ရန် ကျင့်ကြံထားသူများတွင် ‘နတ်ဆိုးစွမ်းအင်’ရှိသည်။ ပျက်စီးဆုတ်ယုတ်ခြင်း လမ်းစဉ်လိုက်နာသူများတွင် ‘ယုတ်ညံ့သောစွမ်းအင်’ရှိကြသည်။

တစ်ဖက်တွင်တော့ သာမန်သက်ရှိလူများ၏ အရှိန်အဝါသည် စင်ကြယ်သော အဖြူရောင်ဖြစ်သည်။

သူတို့ ပြောသည့် ဘာသာစကား၊ သူတို့ရေးသားသည့် စာလုံးများနှင့် ဓာတ်ပုံများ၌ပင် သူမသည် ‘အရှိန်အဝါ’တစ်ခုကို မြင်နိုင်သည်။

ဥပမာဆိုရလျှင် တိုက်ရိုက်ထုတ်လွှင့်ခန်းမှ မှတ်ချက်ဧရိယာတွင် ကုကျစ်စုန့်အနေဖြင့် ရံဖန်ရံခါတွင် မှောင်မှိုင်းနေသော မှတ်ချက်များအား မြင်တွေ့ရတတ်သည်။ သူတို့က တခြားမှတ်ချက်များနှင့် အဆက်အစပ်မရှိသကဲ့သို့ အရေးအသားသည်လည်း ထူးဆန်းနေတတ်သည်။

သို့သော် ယနေ့ ‘ခုန်ပေါက်နေသော ကြွက်ကလေး’၏ မှတ်ချက်သည်လည်း တမူထူးခြားနေသည်။

လူတစ်ယောက်၏ မှတ်ချက်က သွေးရောင်ထူထူဖုံးလွှမ်းနေခဲ့သည်မှာ သူသည်က မကြာခင် သွေးထွက်သံယို အပြင်းအထန်ဖြစ်လိမ့်မည်ဟူသော အဓိပ္ပာယ်ဖြစ်ကာ မကြာခင် သေဆုံးတော့မည့် လူတစ်ဦးလည်း ဖြစ်ပေသည်။

ခုန်ပေါက်နေသော ကြွက်ကလေး၏ မှတ်ချက်အရ သူသည်က အန္တရာယ်ကြုံတွေ့နေရပြီဖြစ်ကာ ငရဲဂိတ်တံခါးဝသို့ ခြေတစ်ဖက်လှမ်းနေပြီဟု ယူဆ၍ ရနိုင်သည်။

ထိုကဲ့သို့ သေရေးရှင်ရေးအခြေအနေတွင် ကုကျစ်စုန့်နှင့် တွေ့ဆုံသည်ဆိုသည်မှာ သူ၏ ဘဝတွင် ကြုံတွေ့နေရသည့် ကပ်ဆိုးက ဖြေရှင်းနိုင်ရန် အခွင့်အရေးရှိသေးသည်ဆိုသော အဓိပ္ပာယ်ပင်ဖြစ်နိုင်သည်လား။

ကုကျစ်စုန့်အနေဖြင့် ကမ္ဘာမြေ၏ အရှုပ်အထွေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်လေ့မရှိသော်လည်း သူမသည်က အသက်ရှိသူများအား သေနေ့မစေ့သေးခင် သေဆုံးခြင်းကို ခွင့်မပြုနိုင်ချေ။

ထို့ကြောင့် သူမ ခုန်ပေါက်နေသော ကြွက်ကလေးနှင့် ဆက်သွယ်ရန် ရွေးချယ်လိုက်ခြင်းပင်ဖြစ်သည်။

တစ်ဖက်မှ ‘ခုပေါက်န်နေသော ကြွက်ကလေး’ကမူ သူမအနေဖြင့် ယနေ့တစ်နေကုန် ပင်ပန်းလွန်းလှသည်ကြောင့် မှတ်ချက်တစ်ခုရေးရန် ကြိုးစားခဲ့ခြင်းပင်ဖြစ်သည်။

မမျှော်လင့်ထားဘဲ ကုကျစ်စုန့်က သူမအား ရွေးချယ်ခဲ့သည်။

သူမ အံ့ဩမှုအပြင် စိတ်လည်း လှုပ်ရှားနေခဲ့သည်။ အသက်ပြင်းပြင်း နှစ်ချက်ရှူလိုက်ပြီးနောက် သူမ ကင်မရာအား ဖွင့်လိုက်လေသည်။

သူမမျက်နှာ တိုက်ရိုက်ထုတ်လွှင့်ခန်းတွင် ပေါ်လာသည်အား မြင်လိုက်ရပြီးနောက် ခေါင်းကိုငုံ့ကာ အင်္ကျီအစအား ခပ်တင်းတင်း ဆုတ်ကိုင်ထားခဲ့သည်။

“ကျွန်မ ချိတ်ဆက်လို့ ရပါတယ်၊ စုန့်.. စုန့်စုန့် မင်္ဂလာပါ၊ အားလုံးပဲ မင်္ဂလာပါ”

ပရိတ်သတ်များသည်လည်း သူမ စိတ်လှုပ်ရှားနေသည်အား မြင်တွေ့ရပြီးနောက် တစ်ယောက်ပြီးတစ်ယောက် စိတ်မပူရန် အားပေးစကား ဆိုနေကြသည်။

မိန်းမငယ်လေး၏ မျက်နှာအား မြင်လိုက်ရပြီးနောက် ကုကျစ်စုန့် မျက်မှောင်ကြုတ်သည်။

ခုန်ပေါက်နေသော ကြွက်ကလေး၏ မျက်နှာက ‘သွေးစွမ်းအင်’ အပြည့် ဖုံးလွှမ်းနေသည်အား သူမ မြင်တွေ့နေရသည်။

အဓိပ္ပာယ်မှာ မူလကံကြမ္မာလမ်းကြောင်းအတိုင်းသာ ဆက်သွားနေမည်ဆိုပါက သူမ၏ ဘဝသက်တမ်းသည်ကား အချိန်တစ်နာရီသာ ကျန်ရှိတော့သည်ဖြစ်ပြီး မကြာခင် သေဆုံးရတော့မည်ဖြစ်သည်။

တစ်ဖက်မှ တိုက်ရိုက်ထုတ်လွှင့်သည့် ကင်မရာဖွင့်လိုက်ချိန်တွင် သူမမျက်နှာအား ဖုံးနေသည့် သွေးရိပ်များ အနည်းငယ်မှိန်သွားကာ ထိုအချိန်မှသာလျှင် မိန်းမငယ်၏ မူလမျက်နှာအား သေသေချာချာမြင်တွေ့ရသည်။

သို့သော် ထိုသွေးရိပ်က မှေးမှိန်သွားချင်သာဖြစ်ပြီး ပျောက်ကွယ်သွားခြင်းမဟုတ်ချေ။

သူမသည် ယနေ့သေဆုံးလိမ့်မည်ဖြစ်သည်!

ကုကျစ်စုန့် နွေးထွေးစွာ မေးလိုက်မိသည်။

“မင်း ထူးဆန်းတာတွေ ကြုံရတယ်လို့ ပြောတာမြင်လိုက်ရတယ်၊ အဲဒါက သဘာဝလွန်ကိစ္စတွေလား?”

“ဟုတ်ပါတယ်…”

မိန်းမငယ်လေး၏ မျက်နှာအမူအယာမှာ တုန်လှုပ်ခြောက်ခြားမှုများရှိနေခဲ့သည်။

“အဲဒီအချိန်တုန်းက ကျွန်မ တစ်ခုခုကို သွားပြီး နှောင့်ယှက်မိတာလို့ ထင်မိတာပဲ၊ ဟိုလိုဟာမျိုးတွေလေ!”

သူမ ထိုရက်ပိုင်းအတွင်း အိပ်၍လည်းမရသကဲ့သို့ အမြဲတစေ စိတ်အခြေအနေ မသက်မသာဖြစ်နေခဲ့သည်။

ကင်မရာရှေ့မှ လူသန်းပေါင်းများစွာ ကြည့်နေသည်ကို တွေးမိပြီးနောက် သူမ စကားပင် ကောင်းစွာမပြောနိုင်ပဲ မျက်နှာသည်လည်း နီမြန်းလာခဲ့ရလေသည်။

“ရတယ် စိတ်အရမ်း မလှုပ်ရှားပါနဲ့၊ ငါ မင်းရဲ့မျက်နှာကို ဖတ်ကြည့်လိုက်ပြီးတော့ ပြဿနာကို ကူညီပေးနိုင်အောင် ဟောပြောတွက်ချက်တာတွေ လုပ်ပေးပါမယ်”

ခုန်ပေါက်နေသော ကြွက်ကလေးက ရှက်သွားပြီးနောက် ကုကျစ်စုန့်အား ပါးချိုင့်လေးများ ပေါ်သည်ထိ ပြုံးပြလိုက်သည်။

“အင်း”

‘သွေးစွမ်းအင်’၏ ဖုံးလွှမ်းထားမှုကြောင့် မိန်းမငယ်လေး၏ မျက်နှာက ထင်ရှားမှုမရှိလှသောကြောင့် ကုကျစ်စုန့် ရှေးအကြွေစေ့များအား ထုတ်လိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် သူမ ဖြည်းညင်းစွာ ပြောလိုက်သည်။

“မင်းက အခုနေ,နေတဲ့ မြို့မှာပဲ မွေးခဲ့တာ၊ မိသားစုက သုံးယောက်ပဲ၊ မင်းက မွေးတည်းက မြို့ကနေ မထွက်ခဲ့ဖူးဘဲ အရွယ်ရောက်လာခဲ့တယ်၊ အခု မင်းက အသက် ၂၅နှစ်ရှိပြီး ကျောင်းပြီးကာစပဲ”

“မင်းရဲ့ ဂဏန်းဗေဒင်အရဆိုရင် မင်းက လွန်ခဲ့တဲ့ (၂၅)နှစ်လုံးမှာ အနိမ့်၊အကျ ကြီးကြီးမားမား မရှိခဲ့ဘူး၊ ဒါပေမယ့် မင်းက ကိုယ့်ဘဝ အတွေ့အကြုံရော၊ ကိုယ့်ကိုကိုယ်ပါ စိတ်တိုင်းမကျဘူ၊

အဲဒီခံစားချက်က မင်းကို တော်တော်လေး သက်ရောက်သွားပြီး မင်းက လူတွေကို ရှောင်တတ်လာတယ်၊ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ မင်းက ကြင်နာပြီး နူးညံ့တဲ့သူတစ်ယောက်ဖြစ်နေခဲ့တယ်၊

မင်းရဲ့ သူငယ်ချင်းတွေအားလုံးက မင်းအကြောင်းနဲ့ပတ်သက်ရင် အကောင်းတွေကိုချည်းပဲ ပြောကြလိမ့်မယ်”

“သိပ်မကြာသေးခင်က မင်းရဲ့ အလုပ်အကိုင်မှာ အပြောင်းအလဲဖြစ်မယ့် အရာတစ်ခု ဖြစ်ခဲ့ပေမယ့် သိပ်ပြီးတော့ စိတ်ကျေနပ်ဖို့ မကောင်းခဲ့ဘူး၊ မင်းရဲ့ အလုပ်အကိုင်လမ်းကြောင်းက မထင်ရှားဘူး၊

ဆိုလိုတာက မင်းက အခုထိ အနာဂတ်အတွက် လမ်းပျောက်နေတုန်းပဲ”

“ဒီအချိန်တွင်းမှာ မင်းက အချိန်ပိုင်းအလုပ်နှင့်၊ နောက်ထပ်က ပြည်သူတွေကို ကူညီတဲ့ နေရာမျိုးမှာ လုပ်နေခဲ့တယ်၊ အဲဒါက ကောင်းပါတယ်၊ မင်း ကုသိုလ်လည်း ရတာပေါ့”

ခုန်ပေါက်နေတဲ့ ကြွက်ကလေးလည်း ကုကျစ်စုန့်၏ ချီးကျူးစကားကြောင့် ရှက်သွားသော်လည်း ရင်ထဲတွင် မွန်းကြပ်နေသည်များတော့ အနည်းငယ် ပြေပျောက်သွားခဲ့သည်။

“စုန့်စုန့် ပြောတဲ့အတိုင်းပါပဲ၊ ကျွန်မ တစ်သက်လုံးမှာ ဘာမှ ထူးထူးခြားခြား ပြောင်းလဲတာမျိုး မရှိခဲ့ပါဘူး၊ ဒါပေမယ့် ပျင်းဖို့ကောင်းတယ်လေ”

“ကျွန်မ ငယ်ငယ်လေးထဲက အတန်းထဲမှာဆိုရင် လူပျောက်လိုပဲ၊ အနေအေးတယ်၊ အဆင့်တွေကလည်း သာမန်ပဲ၊ ပြီးတော့ ရုပ်ရည်ရော၊ အကျင့်စရိုက်ရောက သိသာထင်ရှားနေတာမျိုး မရှိဘူး၊ ကျွန်မကို ဆရာတွေ အမြဲ မှတ်ချက်ပေးတာက အနေအေးတယ်ဆိုတဲ့စကားသက်သက်ပဲ၊

ဘာတူရိယာမှလည်း မတီးတတ်ဘူး၊ ထူးကဲပြီး တော်နေတာမျိုးလည်း မရှိဘူး၊ တစ်ခါတစ်လေကျ တွေးမိတယ်၊ ကျွန်မက ကမ္ဘာပေါ်မှ လူအရေအတွက်ပြည့်အောင် ဖြည့်ထားတဲ့ လူစားမျိုးလားလို့”

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ‘ခုန်ပေါက်နေသော ကြွက်ကလေး’ ၏ အသွင်အပြင်သည်က အမှန်လည်း ထူး၍ ချောမောလှပလွန်းသည်တော့ မဟုတ်။

သူမ၏ ပါးများက ဖောင်းမို့နေကာ မျက်နှာကျသည်လည်း ထင်ရှားမှုမရှိ။ သို့သော် သူမက လူအများအတွက် သက်တောင့်သက်သာဖြစ်စေကာ ရင်းနှီးလိုသည့် မျက်နှာမျိုး ဖြစ်သည်။

အထူးသဖြင့် ပြုံးလိုက်ချိန်တွင် ပါးချိုင့်လေးများာ ထင်းနေခဲ့သည်။

သူမသည် ထက်မြက်သော မိန်းမငယ်များနှင့် ယှဉ်လျှင် နိမ့်ကျသည်ဟု ခံစားရကာ မနာလိုမိခဲ့သည်။

“ဘွဲ့ရပြီးတော့ ကျွန်မက မွေးရပ်မြို့မှာပဲနေပြီး အစိုးရစာမေးပွဲဝင်ဖြေချင်ခဲ့ပေမယ့် ကျခဲ့တယ်၊  အဲဒီတုန်းက ကျွန်မ milk tea ဆိုင်တွေနဲ့ fast food ဆိုင်တွေမှာ အချိန်ပိုင်းလုပ်ခဲ့တယ် ၊ အားတဲ့အချိန်တွေမှာဆိုရင် ဘိုးဘွားရိပ်သာကိုသွားပြီးတော့မှ ကူညီပေးတယ်၊ အဲဒီမှာ အထားခဲ့ခံရတဲ့ အဘိုး၊အဘွားတွေကို စောင့်ရှောက်ပြုစုပေးလေ့ရှိတယ်”

မိန်းမငယ်လေးက သူမတွင် အားသာချက်မရှိဟု အခိုင်အမာ ပြောစကားအား ကြားရပြီးနောက် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ကြည့်ရှုသူများသည် သူမအား ချီးကျူးစကားများနှင့် စိတ်အားမငယ်ရန် အားပေးစကားများ ဆိုကြပြန်သည်။

သူမ စိတ်သက်တောင့်သက်သာ ဖြစ်လာသည်အား မြင်ရပြီးနောက် ကုကျစ်စုန့် ဆက်ပြောသည်။

“လွန်ခဲ့တဲ့ တစ်ပတ်လောက်ကစပြီး မင်းက အိပ်ရေးပျက်တယ်၊ အိပ်မက်ဆိုးတွေ မက်တယ်၊ အနားယူလို့ မရ၊ ပင်ပန်းနေသလိုပဲ ခံစားနေခဲ့ရတယ်၊

အထူးသဖြင့် လွန်ခဲ့တဲ့ နှစ်ရက်၊သုံးရက်မှာ အဆိုးဆုံးပဲ၊ မင်းရဲ့ စိတ်က အရမ်းကို တင်းကြပ်နေတာကို မြင်နေရတယ်၊ မင်းက တစ်ခုခုကြောင့် စိတ်ရှုပ်နေရပြီး အရမ်းလည်း ကြောက်နေခဲ့တာပဲ”

မိန်းကလေး၏ မျက်နှာအမူအရာက ကြက်သေ,သေသွားပြီးနောက် အတန်ကြာမှ ခေါင်းငြိမ့်သည်။

“ဒါ့အပြင် မင်းက အိမ်မှာ ကြောင်လေးတစ်ကောင် မွေးထားလိမ့်မယ်၊ မင်းရဲ့ ဘဝမှာ အိမ်မွေးတိရိစ္ဆာန်နဲ့ ဆက်သွယ်မှုရှိနေတယ်လေ၊ သူက အခုတလောမှ ခိုက်မိထားပြီး အဲဒူကြောင့်လဲ မင်း ပိုပြီး စိတ်ပူနေရတယ်၊ သူ ထိခိုက်မိထားတာက တစ်ခုခုနဲ့ ပတ်သတ်နေမယ်လို့ ထင်လို့လား?”

အိမ်မွေးတိရိစ္ဆာန်များ၏အကြောင်းကို ပြောလာချိန်တွင် ခုန်ပေါက်နေသော ကြွက်ကလေးက အံကို ကြိတ်ကာ ခေါင်းငြိမ့်သည်။

“မှန်ပါတယ်၊ ကျွန်မမှာ ခြေတံတို‌ကြောင်လေး တစ်ကောင်ရှိတယ်၊ နာမည်က ပူးပူးတဲ့၊ အိမ်ထဲမှာ ညစ်ပတ်တာ တစ်ခုခု ရှိနေပြီး အဲဒါကြောင့် သူ ထိခိုက်မိတယ်လို့ ထင်တာပါပဲ…”

မိန်းကလေး၏ စကားအရ ပူးပူးသည်ကား နဂိုက စကားနားထောင်ကာ လိမ္မာပြီး အိမ်ထဲတွင်လည်း အော်ဟစ်လေ့မရှိပေ။

လွန်ခဲ့သည့် တစ်ပတ်ခန့်က သူမသတိထားမိသည်မှာ ပူးပူးက သူမ အိမ်၌ ရှိနေချိန်တွင် အမွှေးများ ထောင်နေတတ်ပြီး တစ်ခါတစ်ရံ ဝရံတာတွင် ပုန်းနေတတ်သည်။

ခုတင်အောက်တွင်လည်း အော်နေတတ်ကာ သူမအားလည်း အကပ်မခံပေ။

ပထမကတော့ ခုန်ပေါက်နေသော ကြွက်ကဘေ့သည် အိမ်ထဲ၌ ပိုးကောင်များ၊ကြွက်များရှိနေသည်ဟု ထင်ခဲ့သော်လည်း အကြိမ်ကြိမ် သန့်ရှင်းရေးလုပ်ခဲ့ပြီးနောက် မည်သည်ကိုမျှ ရှာမတွေ့ခဲ့ပေ။

ပူးပူး၏ အခြေအနေက မသက်သာလာပဲ ပို,ပို၍ ဆိုးလာခဲ့သည်။

တစ်ခါတစ်ရံတွင် သူမက သူမ၏အိပ်ရာဘေးတွင် ထိုင်နေကာ ဧည့်ခန်းသို့ လှည့်၍ စူးစူးဝါးဝါးအော်နေတတ်သောကြောင့်လည်း သူမ ပို၍ ထိတ်လန့်ကာ ကြောက်ရွံ့လာသည်။

နှစ်ရက်ကြာပြီးနောက် ပူးပူးက အစားလည်း သိပ်မစားသောကြောင့် အားနည်းစပြုလာခဲ့သည်။

ခုန်ပေါက်နေသော ကြွက်ကလေးက ပူးပူးအား တိရိစ္ဆာန်ဆေးရုံသို့ ခေါ်ကာ ပြခဲ့သော်လည်း ဆရာဝန်က ထိုအရာသည်က စိတ်ဖိစီးမှုကြောင့် ဖြစ်ရသည့် လက္ခဏာဟု ဆိုခဲ့သည်။

သူမမှ ပူးပူးအား တခြားကြောင်စိမ်းများနှင့် တွေ့ရန် ခေါ်သွားခြင်း၊ သို့မဟုတ် ရန်လိုစွာ ပြောဆိုဆက်ဆံခြင်းများ ရှိသလားဟုပင် မေးခွန်းထုတ်လာခဲ့သည်။

သို့သော် သူမ မည်သည့်အရာကိုမှ မပြုလုပ်ခဲ့ဖူးပေ။

ဤမျှလောက်သာ ဆိုပါလျှင် ခုန်ပေါက်နေသော ကြွက်ကလေးသည် သူမ အိမ်တွင်း၌ သရဲရှိသည်ဟု တွေးမိဦးမည်မဟုတ်ပေ။

သူမ ပို၍ တုန်လှုပ်လာရသည့် အကြောင်းအရင်းမှာ တစ်ခါတစ်ရံတွင် ညဘက်၌ ဧည့်ခန်း၊ မီးဖိုချောင်နှင့် အိပ်ခန်းတွင်းမှပင် လှုပ်လှုပ်ရှားရှားသံများ ကြားရတတ်သည်။

သို့သော် သူမ အပြင်သို့ထွက်ကြည့်လိုက်ချိန်တိုင်းတွင် မည်သည်ကိုမျှ ရှာမတွေ့ခဲ့ပေ။

နောက်ပိုင်းတွင် သူမ၏ ပစ္စည်းများ၊ သွားတိုက်တံနှင့် ပူးပူး၏ သဲပုံးပင်လျှင် နေရာရွေ့နေသည်ကို သတိထားမိပြန်သည်။

သူမ အလုပ်မသွားခင်၊ အိပ်ရာမဝင်ခင်ချိန်များတွင် ထိုပစ္စည်းများ၏ တည်နေရာအား သေသေချာချာမှတ်ထာခဲ့သော်လည်း သူမ ပြန်ရောက်လာချိန်တွင် ထိုပစ္စည်းများက နေရာအနည်းငယ်ရွေ့နေတတ်ကြောင်း မြင်လိုက်ရတတ်သည်။

ထိုအခြေအနေက ရက်အနည်းငယ် ဆက်တိုက်ဖြစ်လာချိန်တွင် ကြောင်မဆိုထားနှင့်၊ သူမပင်လျှင် ရူးချင်လာသည်။

သူမ အင်တာနက်ပေါ်မှ ရှာဖွေမှုများနှင့် အိမ်နီးချင်းများကိုလည်း လှည့်ပတ်မေးလိုက်ချိန်၌ သိလိုက်ရသည်မှာ သူမ ကျောင်းသွားတက်နေသည့် အချိန်၌ သူမ၏ အိမ်ဘေးမှ စိတ်ဖိစီးမှုများနေသည့် ကျောင်းသူတစ်ယောက်က မိဘများနှင့် စကားများပြီးနောက် အိမ်ပေါ်မှ ခုန်ချကာ သတ်သေသွားသည်ဆိုသော အဖြစ်ကို သိလိုက်ရသည်ပင်။

လူအများ ယုံကြည်ကြသည်မှာ ခွေးများ၊ ကြောင်များသည် စိတ်စွမ်းအင် မြင့်မားကာ လူမျက်လုံးမှ မမြင်နိုင်သည့်အရာများကိုပင် မြင်နိုင်သည်။

ခုန်ပေါက်နေသော ကြွက်ကလေးလည်း စဉ်းစားမိသည်။ သူမ အိမ်ထဲတွင် တစ်စုံတစ်ခုရှိနေခဲ့ပြီးနောက် မြင်နိုင်နေသော ပူးပူးမှ ကြောက်လန့်နေခဲ့ခြင်းပင် ဖြစ်ရမည်။

ခုန်ပေါက်နေ‌သောကြွက်ကလေးက တုန်ရီစွာ ပြောလိုက်သည်။

“ကျွန်မ.. ကျွန်မ မခံစားနိုင်တော့ဘူး၊ မနေ့တစ်နေ့ကပဲ ကျွန်မ အလုပ်လုပ်နေတုနရးမှာ ဖုန်းဝင်လာတယ်၊ အောက်ထပ်က အခန်းရှင်က လှမ်းပြောတာ၊ ပူးပူး ပြုတင်းပေါက်ကနေ ပြုတ်ကျလို့တဲ့၊

ဒါပေမယ့် ကျွန်မအိမ်က ပြုတင်းပေါက်တွေက အကုန် ပိတ်ထားတာလေ၊ အသေပိတ်မထားတဲ့ တစ်ပေါက်ကလည်း မီးဖိုချောင်ဘက်ဘဲ၊

အဲဒီအပေါက်က အမြဲ ချက်ချထားတာ၊ ဘယ်တုန်းကမှ မဖွင့်ဖူးဘူး”

သူမ ကြောင်လေးအား ဆေးရုံခေါ်သွားချိန်တွင် ဆရာဝန်က ပူးပီး၏ နောက်ခြေထောက် ကျိုးသွားသည်ဟု ဆိုသည်။

ဆေးရုံမှ ပြန်လာသော်လည်း သူမ ပူးပူးကို အိမ်သို့ ခေါ်မသွားရဲသေးချေ။

“ကျွန်မ အခု ဖုန်းသာ မရလိုက်ဘူးဆိုရင် အထုတ်သိမ်းပြီး‌ နေ့လည်ကျရင် အိမ်ပြန်တော့မလို့”

“အမေနဲ့ အဖေက လူကြီးတွေ နေမကောင်းလို့ ရွာကို ခဏပြန်သွားတာလေ၊ ဒါကြောင့်  အိမ်မှာ ကျွန်မတစ်ယောက်တည်းပဲ ရှိနေတာ၊

အခု ကျွန်မ မနေရဲတော့ဘူး၊ ကျွန်မ ဒီမှာ ဆက်နေ,နေရင် ရူးသွားလိမ့်မယ်၊ မနေ့က အမေတို့ဆီက ဖုန်းဆက်ပြီး ပြောပြီးသွားပြီ၊

ပူးပူးကိုတော့ ဒဏ်ရာသက်သာတဲ့ထိ တိရိစ္ဆာန်ဆေးရုံမှာပဲ ခဏ အပ်ထားခဲ့ပြီး ကျွန်မ ရွာကို ရက်နည်းနည်းလောက်တော့ သွားနေမလို့ စီစဉ်ထားတာ”

“စုန့်စုန့်၊ ကျွန်မရဲ့ အိမ်မှာ ဘာတွေ ဖြစ်နေတာလဲဟင်? ကျွန်မ ဘာကိုမှ ရန်မစခဲ့ဖူးဘူးလေ”

ကုကျစ်စုန့် သူမ၏ မျက်လုံးထဲမှ အေးခဲမှုအား ဖိနှိပ်ထားရင် စကားဆိုသည်။

“စိတ်မပူပါနဲ့၊ မင်းက မြေအောက်ကမ္ဘာက အရာတွေကိုတော့ ရန်စခဲ့မိပေမဲ့ သူတို့ကို ပြန်ပို့လို့ ရပါတယ်”

*

All Chapters