← Chapters

မကောင်းသော ဝိဉာဉ်များအား မွေးမြူပျိုးထောင်ခြင်း

Vol. 14 Ch. 138

မကောင်းသော ဝိဉာဉ်များအား မွေးမြူပျိုးထောင်ခြင်း

Vol. 14 Ch. 138

နှစ်နာရီကျော် အနားယူပြီးနောက် အချိန်မှာ နေ့လည်း ၂နာရီခွဲသို့ ရောက်လာခဲ့သည်။

အပိုင်းငါး၏ အဖွဲ့လိုက်ပြိုင်ဆိုင်မှု ဒုတိယပိုင်းသည်လည်း စတင်လာခဲ့ပြီဖြစ်ပေသည်။

“ ကြည့်ရှုသူများနဲ့ သူငယ်ချင်းများ အားလုံးပဲ မင်္ဂလာပါ၊ အခုက အချိန်အားဖြင့်လည်း နေ့လည်နှစ်နာရီခွဲပြီဆိုတော့ အစီအစဉ် တိုက်ရိုက်ထုတ်လွှင့်မှုလည်း မကြာခင်စတင်တော့မှာ ဖြစ်ပါတယ်၊

‘ဝိဉာဉ်ရေးရာ’အစီအစဉ်ရဲ့ အပိုင်း ငါးကတော့ အဖွဲ့လိုက်ပြိုင်ပွဲပဲ ဖြစ်ပါလိမ့်မယ်”

ကင်မရာကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် စောင့်ဆိုင်းနေကြသော ပရိတ်သတ်များလည်း အလုံးအရင်းလိုက် ဝင်ရောက်လာကြသည်။

မျက်နှာပြင်၏ ညာဖက်အပေါ်ထောင့်မှ လူဦးရေစုစုပေါင်းသည်လည်း မိနစ်ပိုင်းအတွင်းမှာပင် တစ်သန်းကျော်သွားခဲ့လေသည်။

တင်ဆက်သူလျို့မှာ ပြောစရာစကားများအား ကြိုတင်ပြင်ဆင်ထားသည်ကြောင့် ကင်မရာရှေ့တွင် ရပ်ကာ ပရိတ်သတ်များအား အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

“အားလုံးလည်း မနက်ခင်းတုန်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ခဲ့ကြမှာပဲ ဟုတ်တယ်မလား”

“အခုဒီနေ့ပြိုင်ပွဲ အစီအစဉ်ပြီးဆုံးသွားရင် ကျန်ရှိနေတဲ့ ပြိုင်ပွဲဝင်ခုနှစ်ယောက်ထဲက တစ်ယောက်ကတော့ အိမ်ကိုပြန်ရမှာပါနော်၊

ဒီတော့ ဘယ်သူတွေက နောင်တနဲ့ အိမ်ကို ပြန်ရမလဲ၊ ဘယ်သူကတော့ အသန်မာဆုံးထူးခြားဆန်းကြယ်ပညာရှင်ဖြစ်လာမလဲဆိုတာကို သေသေချာချာလေး စောင့်ကြည့်ကြရအောင်”

[တင်ဆက်သူကို မမြင်ရတာကြာတော့ နည်းနည်းတောင် လွမ်းနေသလိုပဲ]

[လူတွေနဲ့ နတ်ဘုရားတွေ တိုက်ခိုက်တာကို ကြည့်ရတာပေါ့]

[ဒီတစ်ခေါက်ရာသီရဲ့ အရည်အသွေးကတော့ ကောင်းလွန်းတယ်ဟေ့၊ ရုပ်ချောတာ၊ မချောတာတွေကို မပြောသေးဘူးနော်၊ ငါကတော့ နံပါတ် ရှစ်ကလွဲလို့ ကျန်တဲ့သူတွေကို ထုတ်ပစ်ရမှာ တွေဝေနေမိတယ်]

[အခြားကစားသမားတွေက ဘော့စ်ကြီးတွေဆိုရင် ကုကျစ်စုန့်က ‘နတ်ဘုရား’ပဲ၊ ဒီနေ့လည်ခင်းတုန်းကတောင် သူက တရားဝင်အဖွဲ့အစည်းရဲ့ ကျေးဇူးတင်ခံလိုက်ရသေးတယ်? တစ်မနက်တည်းနဲ့ အမှုနှစ်ခုတောင် ဖြေရှင်းပေးလိုက်တာ၊ အရမ်းကို မိုက်နေတာပဲ!]

[ထပ်ပြီးတော့ လုပ်လို့ ရနိုင်မလား။ ငါတကယ်ကို တစ်ချိန်တည်းမှာ နှစ်မှုဖြေရှင်းလိုက်တာကို သဘောကျလို့ မဆုံးဘူး၊ ဒါမှမဟုတ်လဲ ဒီအစီအစဉ်ကို မပြီးလိုက်ပါနဲ့လား? (ခွေးခေါင်း)]

[ငါတစ်ယောက်ပဲ အစီအစဉ်ရိုက်ကူးရေး တရားဝင်အဖွဲ့တွေရဲ့ ‘စိတ်ဓာတ်’ကို ဂရုစိုက်နေတာများလား? ‘ဝိဉာဉ်ရေးရာ’ရဲ့ တတိယရာသီက လုံးဝကို သာမန်မဟုတ်တဲ့ အောင်မြင်မှုမျိုးပဲ၊

သမိုင်းမှာ‌ တောက်ဓမ္မပညာနဲ့ ပတ်သတ်တဲ့ မှတ်တမ်းတွေရှိခဲ့ပေမယ့် အစိုးရက  အဲဒီလိုအယုံအကြည်တွေကို သိပ်ပြီးအားမပေးခဲ့ဘူး၊ ရလဒ်ကတော့ ဒီပရိုဂရမ်ကလည်း နာမည်ကြီးခေါင်းစဉ်တစ်ခုဖြစ်လာသလို ကုကျစ်စုန့်က အစိုးရအဖွဲ့တွေရဲ့ ချီးကျူးခံရရုံတင်မကဘူး၊ သူတို့နဲ့ပါ အလုပ်တွေ ပူးပေါင်းပြီး လုပ်ခဲ့သေးတာလေ

အဲဒါပ သူတို့အနေနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို လက်ခံလာတဲ့ သဘောမျိုးလား? ဝိဉာဉ်ဆိုင်ရာအဖြစ်အပျက်တွေကိုရော ပိုပြီး ရှေ့တိုးလုပ်ဆောင်သင့်တာမဟုတ်ဘူးလား?]

မှတ်ချက်ထဲတွင် ပြောဆိုနေသည့် ‘အစိုးရအဖွဲ့၏ ချီးကျူးမှု’သည် အမှန်တကယ်ရှိနေသည်။

အမြွှာနှစ်ယောက်၏ အဖြစ်အပျက်သည်ကား လူထုသို့ ချပြရန် မလွယ်ကူသည့် ဝိဉာဉ်ပြောင်းလဲခြင်း ပါဝင်သည်ကြောင့် အကြမ်းဖျင်းသာ အပေါ်ယံသာ ရှင်းပြထားခဲ့သည်။

သို့သော် သက်ကြီးပုလူကြီးမှ အိမ်နီးနားချင်းကောင်မလေး၏ အခန်းသို့ ခိုးဝင်ခြင်း၊ ရက်ပေါင်းများစွာ ဓာတ်ပုံများ ခိုး၍ ရိုက်ယူခြင်း၊ အသက်အန္တရာယ်ခြိမ်းခြောက်ခြင်း၊ တိရိစ္ဆာန်ငြင်းပန်းနှိပ်စက်ခြင်းနှင့် တခြားပြစ်မှုများသည်ကား တစ်ခုပြီးတစ်ခု ဒေသခံရဲများ၏ ဖော်ထုတ်ခြင်းခံရပြီးနောက် ကုကျစ်စုန့်အား သူမ၏ အကောင့်တွင် ကျေးဇူးတင်စကားဆိုလာခဲ့သည်။

ကုကျစ်စုန့်မှာ အစိုးရမီဒီယာ၏ နောက်ဆုံးအကြိမ်ကျေးဇူးတင်ခံရခြင်းမှာ တစ်လပင် မပြည့်သေးပါချေ။

အချိန်အတော်ကြာသည်အထိ ကြည့်ရှုသူများမှ အစိုးရသည်ကား သူတို့ဝန်ထမ်းတချို့အား ကုကျစ်စုန့်၏ တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ခိုင်းသင့်ကြောင်း၊ ထိုမှသာလျှင် အန္တရာယ်ရှိလာနိုင်သည့် တရားခံများ ဖမ်းမိနိုင်ကြောင်း နောက်ပြောင်နေခဲ့ကြသည်။

အစပထမပိုင်းကတော့ ကြည့်ရှု့သူများသည်က ဟာသ,သဘောဖြင့် နောက်ပြောင်နေကြခြင်းသာ ဖြစ်သည်။

သူတို့ မသိသည့်အချက်မှာ ဝိဉာဉ်ဆိုင်ရာအထူးဌာနအဖွဲ့နှင့် တောက်ဓမ္မဂိုဏ်းဝင်များသည်လည်း ကုကျစ်စုန့်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ရှိနေခြင်းပင်။

အင်တာနက်ပေါ်တွင် အကြိတ်အနယ်ဆွေးနွေးမှုများအား မြင်တွေ့ရပြီးနောက် ကုကျစ်စုန့်၏ နာမည်သည်လည်း ပို,ပို၍ သတင်းကောင်းဖြင့် ကျော်ကြားလာကာ ကိုယ့်ကိုကိုယ် ဆရာကြီးများဟု သတ်မှတ်ထားကြသည့် တောက်ဓမ္မဂိုဏ်းများမှ အချို့လူများသည် ငြိမ်ငြိမ်လေး ထိုင်မနေနိုင်ကြတော့။

တောက်ဓမ္မဂိုဏ်းများ၏ အကြီးဆုံးဂိုဏ်းသုံးခုမှ တစ်ခုဖြစ်သည့် ချန်ချင်းဂိုဏ်းသည်ကား ရှေးခေတ်ကတည်းက ဆင်းသက်လာသည့် သက်တမ်းအကြာဆုံးဂိုဏ်းဖြစ်ကာ ဝိဉာဉ်ဆိုင်ရာ အထူးဌာနအား ဆန့်ကျင်ကန့်ကွက်ရာတွင်လည်း  အဆိုးဆုံးဖြစ်သည်။

ဂိုဏ်းကြီးသုံးခုသည် တောက်ဓမ္မလောက၏ ယာယီခေါင်းဆောင်များဖြစ်ကြသော်လည်း ချန်ချင်းဂိုဏ်းမှာ နှစ်ထောင်ကျော်သည့် သမိုင်းအစဉ်အလာနှင့် နာမည်ကြီးသည့် ဂိုဏ်းတစ်ခု ဖြစ်ခဲ့သည်။

သူတို့က သူတို့၏ ဂိုဏ်းသာလျှင် မူလတောက်ဓမ္မဂိုဏ်းဟု သတ်မှတ်ထားကြသည်။

ယခုအချိန်တွင်မူ သူတို့အခန်းထဲမှ မျက်နှာပြင်တွင် ဖွင့်ထားသည်မှာ ကုကျစ်စုန့်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းပင်ဖြစ်နေခဲ့ရသည်။

ကုကျစ်စုန့်အား မှတ်ချက်များတွင် ချီးမွမ်းထောပနာပြုနေကြသည်များအား မြင်ရပြီးနောက် တောက်ကျန့်အိုကြီးတစ်ဦးက မျက်မှောင်ကြုတ်ကာ နှာခေါင်းရှုံ့သည်။

“ပြင်ပလောက,က အသိဉာဏ်နည်းတဲ့ အပြင်လူတွေက ဒီလို ဆံပင်ဝါနဲ့ ကောင်မလေးမျိုးကို ချီးကျုးပြီး ဉာဏ်ကြီးရှင် သဘာဝလွန်ပညာရှင်၊ သဘာဝလွန်ပညာမှာ နံပါတ် တစ်လို့တောင် သမုတ်လိုက်ကြသေးတယ်။ အဓိပ္ပာယ်မဲ့လိုက်တာ!”

“အမှန်ပဲ၊ အဲဒီဝိဉာဉ်ဆိုင်ရာ အထူးဌာနကရော ဘာသဘောလဲ? ဘယ်ကနေ ရောက်လာမှန်းမသိတဲ့ မိန်းမရိုင်းလေးကို‌ ထောက်ခံပေးပြီး အခွင့်ပေးနေတာ၊ သူတို့က ငါတို့နဲ့ ရန်ဖြစ်ချင်နေတာလား?”

နောက်တစ်ယောက်ကလည်း မနှစ်မျို့စွာပြောလာသည်။

“ဒီကုကျစ်စုန့်က ပညာတော့ ရှိပါရဲ့၊ ဒါပေမယ့် မောက်မာလွန်းတယ်!”

ထိုကုကျစ်စုန့်သည်ကား ဝိဉာဉ်ဆိုင်ရာအထူးဌာနအား အင်ပါယာသင်္ချိုင်းကို ရှာဖွေခွင့်ပေးထားကာ ဟောင်ကောင်မှ ဖုန်းရွှေပညာရှင်အားလည်း ချေမှုန်းရန်ပင် ကူညီပေးခဲ့သည်။

သူတို့၏စိတ်ထဲတွင်တော့ ကျောက်စိမ်းလက်ချောင်းရိုးအား သူတို့လက်ထဲရောက်ပြီဟု တွေးခဲ့မိသော်လည်း ထိုခရီးတွင် အချိန်ကုန်လူပန်းသည့်အပြင် တပည့်များရှေ့တွင်ပါ မျက်နှာပျက်ခဲ့ရသည်!

ချန်ချင်းဂိုဏ်းဝင်များမှာ မျက်နှာပြင်ပေါ်မှ တည်ငြိမ်သည့် မိန်းမငယ်လေးအား ကြည့်ရင်း မကျေနပ်မှုအပြည့်ဖြင့် ပြောကြသည်။

“ဒီမိန်းကလေးရဲ့ အစကို ဘယ်သူမှ မသိဘူး၊ သိပ်နာမည်မကြီးတဲ့ မင်းသမီးတစ်ယောက်က ရုတ်တရက် တောက်ကျန့်ပညာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သွားတယ်ဆိုတာကိုက ပုံမှန်မဟုတ်တာ၊

နောက်ပြီးတော့ သူမက အရမ်းလည်းရက်စက်သေးတယ်၊ ဂိုဏ်းထဲက ထူးခြားပညာရှင်တစ်ယောက်ရဲ့ ဝိဉာဉ်ကိုတောင် တိုက်ရိုက်ဖျက်ဆီးပစ်လိုက်တာ”

တောက်ကျန့်အဖိုးအိုက စကားစသည်။

“ဆရာ၊ ကျွန်တော်ကြားတာတော့ ကျိုးမိသားစုက လူတွေက ဒီကုကျစ်စုန့်ဆီက ကျောက်စိမ်းလက်ချောင်းရိုးကို လိုချင်နေကြတယ်တဲ့၊ အဲဒါကို သုံးပြီး ယန်ချန်ရဲ့ ခန္ဓာကိုယ်ထဲက မကောင်းဆိုးဝါးဝိဉာဉ်ကို ဖိနှိပ်မလို့တဲ့”

ချန်ချင်းဂိုဏ်းချုပ် မကြည်မလင်ဖြင့် စကားပြန်သည်။

“ကျိုးမိသားစုရော ၊ ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့ရော မျက်စိလည်လမ်းမှားနေကြတာ၊ အဲဒီလူငယ်လေးကို အစောကြီးတည်းက ငါတို့တောက်ဓမ္မဂိုဏ်းတွေရဲ့ ထိန်းချုပ်မှုအောက်မှာ ထိန်းသိမ်းထားသင့်တာ!”

“ကျောက်စိမ်းဖြူလက်ချောင်းရိုးကလည်း မူလပိုင်ရှင်က တောက်ကျန့်ကျွင်းဟုန်ရဲ့ လက်အောက်ကလူဆိုတော့ အဲဒါက တောက်ဓမ္မဂိုဏ်းရဲ့ ပစ္စည်းပဲ၊ ဘယ်လိုလုပ်ပြီး  အပြင်လူရဲ့ လက်ထဲကို ရောက်သွားရတာလဲ?”

“ဆရာပြောတာ အဓိပ္ပာယ်ရှိပါတယ်”



ကုကျစ်စုန့်ကတော့ မည်သည်ကိုမျှမသိပါချေ။ သို့သော် သူမအား တောက်ဓမ္မဂိုဏ်းသားများမှ မှတ်မိနေကြပြီဖြစ်သည်။

သူမ စောင့်ဆိုင်းခန်းထဲတွင် မျက်လုံးများမှိတ်ကာ အနားယူနေခဲ့သည်။

အပြင်ဘက်မှ ရိုက်ကူးရေးကတော့ ဆက်လက်ရိုက်ကူးနေမြဲပင်။

ထို့အတူ တိုက်ရိုက်ထုတ်လွှင့်ခန်းမှ လူအုပ်ကလည်း တိုးလာဆဲပင် ဖြစ်ချေသည်။

အစိုးရမီဒီယာများ၏ ကျေးဇူးတင်မှုနှင့် ထိပ်တန်းရှာဖွေမှုများကြောင့် ယနေ့နေ့လည်အစီအစဉ်သည်ကား ကြည့်ရှုသူများ၊ ဖြတ်လျှောက်လာကြည့်ကြသူများနှင့် စည်ကားနေခဲ့သည်။

တင်ဆက်သူလျို့ကတော့ အပြုံးနှင့်စကားစသည်။

“ဒီအဖွဲ့လိုက်ပြိုင်ပွဲကတော့ အရှေ့အပိုင်းရဲ့ အဆက်ပါပဲ၊ ပရိုဂရမ်အဖွဲ့ကနေမှ သဘာဝလွန်အဖြစ်အပျက်တွေ ကြုံတွေ့နေရတဲ့ လူတွေရဲ့ တောင်းဆိုချက်တွေ အများကြီးထဲကနေမှ အမှန်ကန်ဆုံးအဖြစ်အပျက်တစ်ခုကို ရွေးချယ်ထားပြီးပါပြီ၊

အခုဆိုရင် အကူအညီတောင်းသူတွေကို စင်ပေါ်သို့ ဖိတ်ခေါ်လိုက်ပါမယ်”

“ပထမဆုံးအကူအညီတောင်းသူတွေကတော့ စုံတွဲတစ်တွဲပဲ ဖြစ်ပါတယ်၊ အခုပဲ သူတို့ကို စင်ပေါ်ကို ခေါ်လိုက်ကြရအောင်”

သူ စကားဆုံးသည်နှင့် အနောက်သို့ လည်ပြန်လည့်ကြည့်လိုက်ပြီးနောက် ကင်မရာကလည်း သူ၏အနောက်မှ လမ်းကြောင်းလေးသို့ ရိုက်ပြလိုက်သည်။

ထိုအခိုက်တွင် အသက်သုံးဆယ်ဝန်းကျင် စုံတွဲတစ်တွဲက ကင်မရာရှေ့သို့ လျှောက်လာကာ ရပ်တန့်လိုက်ကြသည်။

“အကူအညီတောင်းသူ နှစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးပါဦး”

အမျိုးသားမှ ကင်မရာကို ကြည့်ကာ မိတ်ဆက်သည်။

“အားလုံး မင်္ဂလာပါ၊ ကျွန်တော့်ရဲ့ မျိုးရိုးနာမည်ကတော့ ရှုဖြစ်ပြီး နာမည်က ရှန် ဖြစ်ပါတယ်”

“ကျွန်မက ဖူလန်ယွဲ့ပါ”

စုံတွဲ၏ အသွင်အပြင်နှင့် လေယူလေသိမ်းမှာ အင်မတန်ကောင်းမွန်လှသည်။ အထူးသဖြင့် အမျိူးသမီးပင် ဖြစ်သည်။

ဖူလန်ယွဲ့၏ မျက်နှာကျသည်ကား နူးညံ့လွန်းကာ လှပလွန်းသည်တော့ မဟုတ်၊။သို့သော် မိတ်ကပ်နှင့် ဆံပင်အလှဆင်ထားသည်မှာ သူမနှင့် လိုက်ဖက်လှသည်။

မျက်ခုံးပါးပါးများသည် မိုးမခရွက်များကဲ့သို့ ကော့နေကာ မျက်နှာအသားအရေသည်လည်း ဖြူဖွေး၍ တောက်ပြောင်နေခဲ့သည်။ နှုတ်ခမ်းများသည်လည်း ပြည့်ဖူးနေပြီး ဝိုင်နီရောင် နှုတ်ခမ်းနီရဲရဲ ခြယ်သထားသည်။

သူမ ဆံပင်မှာ ကောက်ထားပြီး အနက်ရောင် ဝတ်စုံအား ဝတ်ဆင်ထားခဲ့သည်။ လက်ကောက်ဝတ်တွင် ဝတ်ဆင်ထားသည့် မြွေရိုးလက်ကောက်ကြောင့်လည်း အင်မတန် လျှို့ဝှက်ဆန်းကြယ်သည့် အမျိုးသမီးပုံစံဖြစ်နေသည်။

သူမ စင်ပေါ်တွင် ပေါ်လာသည်နှင့် ကြည့်ရူသူများ တစ်ခဲနက် အားပေးကြသည်။

“မမ ဖိုက်တင်း၊ You can do it!”

(T/n : နဂိုမူရင်းမှာ E လိုပါတာပါ

အဓိပ္ပါယ်: ‘မင်းလုပ်နိုင်တယ်’)

“မစ်စတာရှု၊ မစ်စ်ဖူ၊  ‘ဝိဉာဉ်ရေးရာ’အစီအစဉ်ရဲ့ ရိုက်ကူးရေးကနေ ကြိုဆိုပါတယ်၊ ပရိုဂရမ်အဖွဲ့ကနေမှ မင်းတို့ပို့ထားတဲ့ အီးမေးလ်ကို လက်ခံရရှိခဲ့တယ်၊ အဲဒီအထဲမှာ ပြောထားတာက မင်းတို့က အခုတလော ဖြေရှင်းလို့ မရတဲ့ ထူးခြားဖြစ်စဉ်တွေ ကြုံတွေ့ခဲ့ရပြီး အကူအညီတောင်းချင်တယ်လို့ ပြောခဲ့တာ မှန်ပါသလား?”

**

All Chapters