အခန်း (၁၄၈)
Vol. 15 Ch. 148
ပိုင်စစ်က ခေါင်းကို ခါရမ်းကာ ပြန်မဖြေပါခဲ့ချေ။ သူက ဧည့်ခန်းအနီးမှ ပြတင်းပေါက်အနားတွင် လှည့်ပတ်ကြည့်နေပြီးနောက် မစ်စ်လျှို့အား ကြည့်လိုက်သည်။
သူက သူ၏ လွယ်အိတ်ကို ရင်ဘတ်နားသို့ မ,လိုက်လျှင် ထိုအိတ်လေးထဲမှ တစ်စုံတစ်ခုက လှုပ်စိ၊လှုပ်စိဖြစ်နေခဲ့သည်။
ထိုအချိန်တွင် ပိုင်စစ်က သူ၏လက်ချောင်းများကို ဆန့်ကာ အိတ်၏ ဇစ်အား အနည်းငယ်ဖွင့်ပေးလိုက်သည်။
တစ်ခဏမျှအကြာတွင် နှာခေါင်းမည်းမည်းချွန်ချွန်လေးတစ်ခုက ဇစ်ကြားမှ အရင်ထိုးထွက်လာပြီးနောက် တစ်ခေါင်းလုံး ထွက်လာခဲ့လေသည်။
ထိုအရာသည်ကား အဖြူနှင့်မီးခိုးရောင် စပ်ကြား ဖြူကောင်လေးဖြစ်ကာ လက်ဖဝါးအရွယ်ခန့်အရွယ်ရှိသည်။
၎င်း၏ ပဲစေ့လုံးကဲ့သို့ မျက်လုံးမည်းမည်းလေးများက မှိတ်တုတ်၊မှိတ်တုတ်ဖြစ်နေကာ လက်သည်းလေးများနှင့် လွယ်အိတ်၏ အစွန်းအား ကုတ်တွယ်ထားသည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းမှ ပရိသတ်များသည်ကား အစီအစဉ်အား လေးလံသော နှလုံးသားများနှင့် ကြည့်နေကြသော်လည်း ဖြူကောင်ငယ်လေးက ချစ်ဖို့ကောင်းလွန်းနေသည်ကို မြင်လိုက်ရလျှင် စိတ်နှလုံးတို့က နူးညံ့သွားခဲ့ကြပြန်သည်။
ဖြူကောင်ဆင့်ခေါ်သူအဖြစ် အသွင်ယူထားသော မသေမျိုးဖြူကောင် ပိုင်စစ်သည်ကား သူ့လက်ဖဝါးထဲတွင် ဖြူကောင်ငယ်လေးအား တင်ထားလိုက်သည်။
ထိုသတ္တဝါလေးက သူ၏ ဆူးချွန်များကို သိမ်းထားကာ လက်ဖဝါးပေါ်တွင် ငြိမ်ငြိမ်လေး ရှိနေခဲ့သည်။
ပိုင်စသ် မစ်စ်လျှိုု့ကို ကြည့်ကာ ပြောလိုက်သည်။
“ခင်ဗျားတို့ရဲ့ မိသားစုထဲက တစ်ယောက်ယောက်က တော်တော်လေး နေမကောင်းဖြစ်နေတယ်၊ အဲဒီလူက ခင်ဗျားတော့ မဟုတ်ဘူး၊ ဒါပေမယ့် ခင်ဗျားရဲ့ ခန္ဓာကိုယ်ဆီမှာ ပြင်းထန်တဲ့ နာမကျန်းမှုအငွေ့အသက်တွေ ကပ်နေတယ်၊
ဆိုလိုတာက ခင်ဗျားက အဲဒီလူရဲ့နားမှာ အနီးကပ်နေတဲ့သူပဲ၊ သူက အရမ်းနေမကောင်းဖြစ်နေခဲ့တယ်? သွေးထွက်ပါ အပြင်ကို ထွက်ရလောက်တဲ့အထိပဲ
အတိုပြောရရင် ဒီလောက်အဆင့်အထိ နေမကောင်းဖြစ်နေတာဆိုရင် သေခြင်းတရားနဲ့ မဝေးတော့ဘူး”
“ပြိုင်ပွဲဝင် ပိုင်စစ်ပြောတာမှန်ပါတယ်၊ မစ်စ်လျှို့ ရဲ့ သမီးက အပြင်းအထန် နေမကောင်းဖြစ်နေတာပါ!”
“ဒီကလေးလေးက ဘာဖြစ်တာလဲဆိုတာကိုရော မြင်ရလား?”
သမီးဖြစ်သူ သေတော့မည်ဟု ကြားရပြီးနောက်တွင် မစ်စ်လျှို့မှာ သူမ၏ နှလုံးအား ဆွဲဆုတ်လိုက်သလို ခံစားလိုက်ရကာ သူမ ပိုင်စစ်အား ပူပန်စွာ ကြည့်လိုက်သည်။
သူမ နျူနျူ၏ အင်္ကျီများနှင့် အရုပ်လေးများကို ယူလာပြီးနောက် မဝံ့မရဲမေးလိုက်သည်။
“ဆရာလေး၊ ဒါတွေက သမီးလေးရဲ့ ပစ္စည်းလေးတွေပါ”
ပိုင်စစ်က ခေါင်းကို ခါရမ်းကာ ထိုပစ္စည်းများကိုလည်း လက်မခံခဲ့ပေ။
“ဒီအဝတ်အစားတွေက ကျွန်တော့်အတွက်တော့ သိပ်အသုံးမဝင်ဘူး၊ သူ့ကို လူကိုယ်တိုင်မြင်ရမှ ရောဂါရဲ့ အခြေအနေကို ဆုံးဖြတ်လို့ ရနိုင်လိမ့်မယ်”
“အဲလိုလား၊ ဒါက ကုသလို့ ရနိုင်လားဟင်?”
ပိုင်စစ်မှာ ထိုကဲ့သို့ မျှော်လင့်တကြီးအကြည့်မျိုးနှင့် သိပ်မရင်းနှီးလှပါချေ။
“ဒီလိုလည်း မဟုတ်ဘူး၊ ကျွန်တော် မပြောခင် အရင်ဆုံး ကြည့်ပြီးမှ…”
“ကောင်းပါပြီ၊ ဆရာလေးကို အဲဒီကို အခုပဲ ခေါ်သွားပေးပါမယ်”
[ရှောင်စစ်က နောက်ဆုံးတော့ သူနဲ့ကိုက်ညီတဲ့နေရာကိုတွေ့ပြီပဲ! သူက ရောဂါတွေ ကုတဲ့နေရာမှာ အရမ်းတော်တာ!]
ပရိုဂရမ်အဖွဲ့သားများက ငှားထားသည့် အိမ်မှ ထွက်လာချိန်တွင် အပြင်မှ မြင်ကွင်းကြောင့် အံ့အားသင့်သွားရပြန်သည်။
သူတို့ မြင်လိုက်ရသည်မှ နေရာမကျယ်လှသည့် ကော်ရစ်ဒါအပေါက်တွင် ဤအဆောက်အဦးတွင် နေထိုင်ကြသူများနှင့် လမ်းပိတ်နေခဲ့လေသည်။
ပရိုဂရမ်အဖွဲ့သားများမှာ နှစ်ယောက်၊သုံးယောက်စီ အစုစုရှိနေလိုက်ကြပြီး မည်သည့်စကားကို ပြောရမှန်းမသိဖြစ်နေခဲ့ကြသည်။
ပရိုဂရမ်အဖွဲ့မှ လူများနှင့် မစ်စ်လျှို့ တို့ ထွက်လာသည်ကို မြင်လိုက်သည်နှင့် အိမ်ငှားများက တစ်ယောက်ပြီးတစ်ယောက် လူစုလာကြသည်။
တင်ဆက်သူလျှို့ : “?!!”
ပိုင်စစ်၏ လက်ဖဝါးပေါ်မှ ဖြူကောင်လေးလည်း အသံဆူဆူကြောင့် ကြောက်လန့်ကာ ပိုင်စစ်၏ ရင်ဘတ်နားမှ လွယ်အိတ်ထဲသို့ ပြန်ဝင်ပြေးသွားသည်။
“မင်းတို့တွေက ‘ဝိဉာဉ်ရေးရာ’အစီအစဉ်ရိုက်တဲ့လူတွေမဟုတ်လား? ငါ အခု မင်းတို့ တိုက်ရိုက်လွှင့်တာကို ကြည့်နေတာ၊ တင်ဆက်သူ ဒီမှာကြည့် ငါ့ဖုန်းမှာ ဖွင့်ထားတုန်းပဲ!”
သက်လတ်ပိုင်းလူတစ်ဦးက သူ့ဖုန်းအား တက်ကြွစွာ ရမ်းခါပြနေခဲ့သည်။
ကျန်ရှိနေသည့် လူများနှင့် အိမ်နီးနားချင်းများကလည်း ဖုန်းများကိုထုတ်ကာ ပရိုဂရမ်အဖွဲ့အား ဓာတ်ပုံများ ရိုက်နေကြသည်။
မစ်စ်လျှို့ နှင့် သမီးတို့အကြောင်းသိထားသည့် အိမ်နီးနားချင်းတစ်ဦးက လှမ်းမေးသည်။
“မင်းတို့ရဲ့ အစီအစဉ်က လူတွေက နာတာရှည်ရောဂါတွေကိုပါ ကုပေးနိုင်တာလား? ငါ့မိန်းမကိုလည်း ကြည့်ပေးပါဦးကွာ၊ သူမက ဆေးလိပ်တွေ အလွန်အကျွံသောက်လို့ အဆုတ်ပျက်စီးနေတာ..”
တင်ဆက်သူလျှို့ နှင့် ဝန်ထမ်းများ ချက်ချင်း ငြင်းဆိုသည်။
“မဟုတ်ပါဘူး၊ အခု ဒီကလေးမလေး နေမကောင်းဖြစ်တာ သဘာဝလွန်နည်းလမ်းတွေများ ပါနေမလားလို့ပဲ လာကြည့်တာပါ၊ မိသားစုဝင် ဒါမှမဟုတ် ကိုယ်တိုင်နေမကောင်းဖြစ်နေရင် ဆရာဝန်နဲ့ပဲ ဆွေးနွေးတိုင်ပင်ကြပါ”
ဤအငှားအိမ်ရာမှ လူများသည်ကား ကုသရခက်ခဲသော ရောဂါသည်များ၏ ဆွေမျိုးများဖြစ်ကြပေသည်။
ရုတ်တရက် ‘ဝိဉာဉ်ရေးရာ’အစီအစဉ်အဖွဲ့များက ရောဂါကြောင့် သေလုနီးပါးဖြစ်နေသည့် ကောင်မလေးတစ်ယောက်အား လာ၍ ရိုက်ကူးရေးလုပ်မည်ဟု ကြားလိုက်ရချိန်တွင် သူတို့၏ကြားတွင် မကုသနိုင်သော ရောဂါများအား ပျောက်ကင်းအောင် လုပ်ပေးနိုင်သည်ဆိုသည့် ကောလဟာလများ ထွက်လာတော့သည်။
တင်ဆက်သူလျှို့၏ စကားကိုကြားပြီးသည့်နောက်တွင်တောင်မှ မည်သူမှ ထွက်မသွားကြပေ။ အခန်းတံခါးနားတွင် ဝိုင်းအုံနေကြသေးသည်။
“ငါ့ရဲ့ယောင်္ကျားကလည်း ဆေးရုံခန်းထဲမှာ လဲနေတာပါ၊ သူ့ကိုလည်း ကြည့်ပေးပါဦး!”
“ပိုင်စစ်ကောကော၊ friend အပ်ရအောင်လေ….”
လူအုပ်ကြားမှ အပြင်သို့ရောက်အောင် တိုးထွက်လာပြီးနောက်တွင် တင်ဆက်သူလျှို့၏ အင်္ကျီများလည်း ကြေမွနေတော့သည်။
လူကြောက်တတ်သည့် အကျင့်ကြောင့် ပိုင်စစ်ကတော့ အရှေ့ကို တည့်တည့်ကြည့်ရင်း နှုတ်ခမ်းကိုလည်း တင်းတင်းစေ့ထားကာ ခပ်သော့သော့ လျှောက်သွားတော့သည်။
နျူနျူ၏ အခန်းအနီးသို့ ရောက်ချိန်တွင် ကင်မရာကိုင်ထားသည့် ကောင်လေးက အနည်းငယ် လှည့်ပတ်ပြလိုက်သည်။
အခန်းအတွင်းဘက်အား တံခါးပေါက်၏ မှန်အကာလေးမှ မြင်နေရသည်။
မစ်စ်လျှူ တံခါးခေါက်လိုက်ပြီး ဒေသစကားဖြင့် တစ်ခုခု လှမ်းအော်လိုက်သည်။ ခဏကြာသည့်နောက်တွင် ပိန်ပိန်ပါးပါးဖြင့် အရပ်ရှည်ရှည် လူလတ်ပိုင်းအရွယ် ဆံပင်ဖြူနေသည့် အမျိုးသားတစ်ဦးက အတွင်းဘက်မှ နေ၍ တံခါးကို ဖွင့်ပေးလိုက်သည်။
ပရိုဂရမ်အဖွဲ့အား ဇနီးသည်၏အနောက်တွင် မြင်လိုက်ရပြီးနောက် ပင်ပန်းနေပုံပေါ်သည့် အမျိုးသား အံ့ဩသွားသည်။
“ဒါက…”
“ပရိုဂရမ်အဖွဲ့ကလူတွေလေ၊ ဆရာလေးပိုင်စစ်က နျူနျူလေးကို တွေ့ချင်တာတဲ့။ သမီးရော ဘယ်လိုနေလဲ? အိပ်ပျော်နေလား?”
“ဝင်ခဲ့ပါ”
မစ်စတာဟဲက တင်ဆက်သူနှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီးနောက် ကင်မရာမန်းနှင့် ပိုင်စစရအား နှုတ်ဆက်လိုက်သည်။
“သမီးက အိပ်မပျော်ဘူး၊ သူနာပြုက အခုလေးပဲ သူ့ရဲ့ IV လာလဲပေးသွားတာ၊ သမီးရဲ့ လက်မောင်းက ရောင်နေတုန်းပဲ၊ သူနာပြုဆရာမက အပ်ကို နှစ်ခါတောင် သွင်းလိုက်ရတယ်၊ အခုတော့ သူမရဲ့လက်က နာနေသေးတယ်…”
ဆေးရုံသို့ မလာမှီတွင် ပရိုဂရမ်အဖွဲ့သည် မစ်စ်လျှို့ထံမှ နျူနျူလေးသည် ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်းကြောင့် အစာစားရခက်ကြောင်း သိထားပြီးဖြစ်သည်။
သူမ၏ လည်ပြွန်သည်က ရောင်ရမ်းနေသောကြောင့် အစာမာမာ မစားနိုင်ပေ။ ယခုတစ်လလုံး အစာပျော့နှင့် အရည်သာ စားနေရခြင်းဖြစ်သည်။
ယနေ့နေ့လည်ခင်း ရိုက်ကူးရေးနောက်ကျသွားခြင်းမှာလည်း နျူနျူလေးမှာ နေ့လည်စာ စားပြီးချိန်တွင် အစာအိမ်ဖောရောင်ကာ အစာမကြေခြင်းကြောင့် အရေးပေါ်အခြေအနေဖြစ်သွားခြင်းကြောင့်ပင်။
အချိန်မှီသာ မကုသနိုင်ပါက ယခုအပိုင်းသည် ရိုက်ကူးရေးလုပ်ဖို့ပင် လိုတော့မည်မဟုတ်ပေ။
တင်ဆက်သူလျှို့ အသံတိုးတိုးဖြင့် မေးလိုက်သည်။
“ကျွန်တော်တို့တွေ မဝင်ခင် ပိုးသတ်ဖို့ ဘာညာလိုသေးလား? ကင်မရာတွေကိုရော ယူလာလို့ ရရဲ့လား??”
“ဝင်လို့ရပါတယ်၊ ဆရာဝန်က ပြောထားပြီးသားပါ၊ သမီးလေးရဲ့ ရောဂါက အတွင်းက အင်္ဂါတွေ အလုပ်မလုပ်လို့ ဖြစ်ရတာ၊ အပြင်ပတ်ဝန်းကျင်နဲ့ မဆိုင်ပါဘူးတဲ့”
မတိုင်မှီက သူမ ငွေအမြောက်အမြားသုံးကာ သမီးလေးအား ပိုးသတ်ထားသည့် အခန်းတွင် နှစ်ပတ်ကျော် ထားခဲ့ဖူးသည်။ သို့သော် သမီးလေး၏ အခြေအနေသည်ကား တိုးတက်ခြင်းမရှိပဲ ဆုတ်ယုတ်မြဲသာဖြစ်ပေသည်။
“ဒါဆို ကျွန်တော်တို့ဆွေ လေသံတိုးတိုးနှင့်ပဲ ပြောပါ့မယ်”
ပရိုဂရမ်အဖွဲ့ အခန်းထဲသို့ ဝင်လိုက်ချိန်တွင် နေမကောင်းဖြစ်နေသူ နျူနျူလေးလည်း ကင်မရာတွင် ပေါ်လာခဲ့သည်။
ကလေးငယ်လေးသည်ကား ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေကာ ခန္ဓာကိုယ်တွင်လည်း ပိုက်ပေါင်းများစွာ တပ်ဆင်ထားသည်။
သူမသည် ရောဂါ၏ နှိပ်စက်မှုအား အလူးအလဲခံနေရရှာသည်။ မူလကဗီဒီယိုတွင် မြင်ရသော ဆုတံဆိပ်ကိုင်ထားသည့် နေလုံးငယ်လေးနှင့် တခြားစီပင်။
လှုပ်ရှားသံအားကြားလိုက်ရပြီးနောက် နျူနျူ မျက်လုံးလေးများ အနည်းငယ်ပွင့်လာပြီး အားပျော့နေသည့် အသံနှင့် ပြောလာလေ၏။
“အမေ..”
မစ်စ်လျှို့ သမီးဖြစ်သူ၏အနားသို့ လျှောက်သွားရင်း နဖူးလေးအား အသာစမ်းကြည့်သည်။
“ဗိုက်က နာနေသေးလား သမီးလေး? အမေ့ရဲ့ အသိက နျူနျူလေးကို တွေ့ဖို့ ရောက်လာတယ်”
“မနာတော့ပါဘူး မေမေ”
နျူနျူလေးမှာ သိတတ်လွန်းသောကြောင့် မစ်စ်လျှူ မျက်ရည်ဝဲရပြန်သည်။
ဘယ်လိုလုပ်ပြီး မနာရမှာလဲ?
ဆရာဝန်ကတောင် သမီးငယ်၏ ကိုယ်တွင်းအင်္ဂါများသည် အခြေအနေတစ်ခုထိ ပျက်စီးနေပြီဖြစ်ကြောင်းကို ပြောထားသည်လေ။
အရိုးရှင်းဆုံး အသက်ရှုခြင်း၊ အစာမျိုခြင်းနှင့် အညစ်အကြေးစွန့်ခြင်းတို့ကပင် သမီးငယ်အတွက်တော့ နှိပ်စက်ခံရသကဲ့သို့ ဖြစ်နေရလိမ့်မည်။
ထို့အပြင် သူမ၏ ကျောက်ကပ်နှင့် အသည်းတို့မှာလည်း ပျက်စီးနေသောကြောင့် ခန္ဓာကိုယ်နှင့် မျက်နှာတို့က ရောင်ရမ်းပြာနှမ်းနေတတ်သည်။
ဆရာဝန်က အပွင့်လင်းဆုံးပြောသည်မှာ ယခုအချိန်တွင် နျူနျူအတွက်တော့ သေခြင်းတရားကမှ သက်သာမှုအရှိဆုံးဖြစ်လိမ့်မည်ဟုပင်။
နျူနျူလေးသည်ကား အသက် ၉နှစ်ရှိပြီဖြစ်ကာ ဉာဏ်ရည်လည်း ထက်သည်။ သူမ၏ နေမကောင်းဖြစ်ခြင်းသည် ပြင်းထန်မှန်းလည်း သဘောပေါက်သည်။
သူမ၏ မိဘများက အိမ်ကိုရောင်း၊ အလုပ်လည်းထွက်ကာ သူမအား ဆေးကုပေးနေခဲ့သည်။ ထို့ကြောင့် မည်သူကဖြစ်ဖြစ် သူမအား နာကျင်မှုရှိလား မေးလာခဲ့ပါလျှင် နျူနျူကတော့ မနာဘူးဟုသာ ပြန်ဖြေတတ်ရှာသည်။
ထိုကဲ့သို့ သိတတ်လွန်းသောကြောင့်ပင် မစ်စ်လျှူနှင့် ခင်ပွန်းသည်မှာ သမီးလေးအား လက်မလွှတ်နိုင်ခြင်းပင်။
မစ်စတာဟဲ ခုံပေါ်တွင် ထိုင်ကာ မျက်လုံးများကို လက်နှင့် အုပ်ထားပြီး လေသံ ခပ်တိုးတိုးဖြင့် ပြောသည်။
“ဆရာဝန်က ငါတို့ကို စိတ်ကြိုပြင်ဆင်ထားဖို့ပြောတယ်.. သမီးလေးမှာ အချိန် ၂ပတ်၊ ၃ပတ်လောက်ပဲ အများဆုံး.. ကျန်တော့တယ်တဲ့…”
သမီးငယ်၏ အပြင်းအထန်ဖျားနာမှုကြောင့် ပေါ်ပေါက်လာသည့် မိသားစုဖိအားသည့် သူ့အား ပြီးခဲ့သည့် ၆လလုံးလုံး အသက်ရှူကြပ်စေခဲ့သည်။
သူ၏ မိဘများ၊ သမီးလေး၏ အဖိုးအဖွားများက သူ့အား သီးသန့် ဖုန်းခေါ်ကာ သမီးလေးရောဂါ ကုသ၍ မရနိုင်တော့လျှင် မကုသတော့ရန် ဇနီးသည်အား နားချခိုင်းနေကြသည်။
သို့သော် လိမ္မာရေးခြားရှိလွန်းသည့် သမီးလေး၏ မျက်လုံးများ၊ နာကျင်မှုအား အောင့်ခံနေရှာသည့် သမီးငယ်လေး၏ အကြည့်များကို မြင်လိုက်ရချိန်တိုင်းတွင် စကားလုံးများသည် လည်ချောင်းထဲတွင် တစ်ဆို့နေတတ်သည်။
သူ ထိုစကားအား မည်သို့မှ ပြောမထွက်နိုင်ခဲ့ပေ။
သမီးလေးအား ချော့ပြီးနောက် မစ်စ်လျှို့ ပိုင်စစ်အား ပြောလိုက်သည်။
“ဆရာလေးပိုင်၊ နျူနျူကို လာကြည့်လို့ ရပါပြီ”
ပိုင်ခီလည်း ခေါင်းငြိမ့်ကာ ဆေးရုံခုတင်နားသို့ လျှောက်သွားခဲ့လေသည်။
**