← Chapters

အခန်း (၁၅၀)

Vol. 15 Ch. 150

အခန်း (၁၅၀)

Vol. 15 Ch. 150

ပိုင်စစ် ထွက်ခွာသွားရန် ပြင်လိုက်သော်လည်း ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။

“စကားမစပ်၊ ခင်ဗျားမှာ အခုတလော ဂုတ်ပိုးနာတာတို့၊ ပုခုံးကြောတွေ တောင့်တင်းတာမျိုးများ ဖြစ်သေးလား?”

ထိုမေးခွန်းသည်ကား မစ်စ်တာ ဟဲအတွက် ဖြစ်သည်။

မစ်စတာဟဲ ဂုတ်ပိုးအား ကိုင်လိုက်ပြီး ခေါင်းငြိမ့်သည်။

“နည်းနည်း…”

သက်လတ်ပိုင်းအလုပ်သမားတိုင်းသည်ကား ပုခုံး၊ လည်ပင်း၊ ဂုတ်ပိုးနှင့် ကျောရိုးပြဿနာများ ရှိကြသည်။ သူသည်လည်း ရှေ့နေဖြစ်ခဲ့သောကြောင့် စားပွဲတွင် ထိုင်ရာ စာရေးရလေ့ရှိပြီး ကောင်းလွန်းသည့် နေထိုင်မှုပုံစံတော့ မဟုတ်ပေ။

သမီးဖြစ်သူ နေမကောင်းဖြစ်ပြီးနောက် မစ်စတာဟဲလည်စ ကုမ္ပဏီမှ ထွက်စာထင်ကာ အနီးကပ်ပြုစုခဲ့သည်။ တစ်နေကုန် ပြေးလွှားနေရသည်မှာ ပင်ပန်းလှသော်လည်း သူအနည်းဆုံးတော့ တစ်လလျှင် ယွမ်၁သောင်းမှ နှစ်သောင်းခန့်ထိ ရှာဖွေနိုင်သေးသည်။

အဆင်မပြေသည့် အချက်တစ်ခုမှာ သူ၏ ခန္ဓာကိုယ်သည်ကား တစ်နေ့တစ်ခြား ပိုဆိုးလာခြင်းပင်။

သူ့ပုခုံးတွင် အမြဲတမ်း ဒဏ်ဖြစ်နေတတ်သည်။

ပိုင်ခီ စကားဆက်သည်။

“ခင်ဗျား ညဘက်ပြန်လာရင် ဧည့်ခန်းရဲ့ ပြတင်းပေါက်နားမှာထားတဲ့ ခုံပေါ်မှာ ထိုင်ပြီး အလုပ်လုပ်တတတ်တယ် ဟုတ်တယ်မလား?”

မစ်စတာဟဲ အံ့အားသင့်သွားသည်။

“အမှန်ပဲ၊ ကျွန်တော်က ညဘက်ဆိုရင် အွန်လိုင်းဥပဒေအကြံပေးအနေနဲ့ ငွေရှာချင်တာလေ၊ အဲဗီတော့ ဧည့်ခန်းပြတင်းပေါက်ဘေးက ခုံမှာ ထိုင်ပြီး အလုပ်လုပ်တတ်တယ် ပြဿနာများ ရှိလို့လား ဆရာလေး?”

“ခင်ဗျား အဲဒီပြတင်းပေါက်ရှေ့မှာ ထိုင်နေရင် လည်ပင်းအနောက် ဂုတ်ပိုးကို တစ်ခုခုက လာပြီး ဖိထားသလို၊ တိုက်မိသလိုမျိုး နာကျင်တာတွေ ဖြစ်သေးလား?”

“မှန်.. မှန်ပါတယ်၊ ဒါပေမယ့် အဲ့တာက အာရုံကြောညပ်တာလေ။ ပွင့်ပွင့်လင်းလင်းပြောရရင် ရိုးတောင်နေပါပြီ၊ နေမကောင်းဖြစ်ရင်တောင် အလုပ်ကတော့ နားလို့မရဘူးလေ”

သမီးလေး နျူနျူက နေ့တိုင်း ဆေးစစ်မှုတွေ၊ သွေးဖောက်စစ်တာတွေ နေ့စဉ်နီးပါးလုပ်ရပြီး တစ်ခါတစ်ရံ ပလာစမာလဲတာမျိုးတောင် လုပ်ရသည်။ အားလုံးသည်ကာစ ခန္ဓာကိုယ်ထဲမှ အင်္ဂါများ အလုပ်မလုပ်တော့ခြင်းကြောင့်ပင်။

ထို့အပြင် ဆေးရုံစရိတ်၊ ဈေးကြီးသော ဆေးများ၊ ကိရိယာများ၊ အောက်ဆီဂျင်စက်များ အစရှိသည်တို့ ငှားရမ်းခများကလည်း ရှိသေးသည်….

တစ်နေ့တာ ကုန်ကျစရိတ်သည်ကား ယွမ်ထောင်ဂဏန်းမှ သောင်းဂဏန်းထိ ရှိနေတတ်သည်။

“ကျွန်တော်က ပိုက်ဆံမရှာစေချင်တဲ့ သဘောမျိုး ပြောတာမဟုတ်ပါဘူး၊ ဒါပေမယ့် အဲဒီကျောရိုးတစ်လျှောက် နာတာက ရောဂါကြောင့် ဖြစ်တာမဟုတ်ဘူးလေ၊  ခင်ဗျားတို့ ငှားထားတဲ့ အိမ်မှာ သရဲရှိတယ်ဆိုတာကို သိလား?”

မစ်စ်လျှို့: “?!!”

မစ်စတာဟဲ: “?!!”

ကြည့်ရှုသူများ: “?!!”

မစ်စ်တာဟဲရော ဇနီးသည်ပါ ဤကိစ္စကို လုံးဝမသိထားကြပေ။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ထိုအိမ်မှ ငှားနေတာ ကြာပြီဖြစ်သူတစ်ဦးရှိနေသောကြောင့် ပိုင်စစ်၏ စကားကို အတည်ပြုနိုင်ခဲ့သည်။

ထိုအိမ်တွင် လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က လူတစ်ယောက်သေခဲ့ဖူးသည်။

၎င်းသည်ကား ကိုယ့်ကိုကိုယ်သတ်သေသွားသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဖြစ်သည်။

သူ့တွင် နာတာရှည် ကင်ဆာရောဂါရှိသည်။ မစ်စ်လျှို့တို့ မိသားစုကဲ့သို့ သူသည်လည်း ဆေးရုံနှင့်ကပ်ရပ်တွင် အိမ်ငယ်လေး ငှားရမ်းနေခဲ့ခြင်းဖြစ်ပေသည်။ သူ၏ ဇနီးသည်မှာ ခင်ပွန်းသည်တွင် ကင်ဆာရှိကြောင်း သိရပြီးနောက် ကွာရှင်း၍ အဆက်အသွယ်ဖြတ်သွားသည်။

နောက်ဆုံးတော့ မည်သို့မှ တောင့်မခံနိုင်တော့သည် လူလတ်ပိုင်းအမျိူးသားသည်ကား ကြိုးတစ်ချောင်းကို ဆွဲကာ အငှားအိမ်၏ ဧည့်ခန်းတွင် ကြိုးဆွဲချ သတ်သေခဲ့သည်။

နောက်ရက် ဆရာဝန်ပြရန် လာကြသည့် လူများမှာ အဝေးတစ်နေရာပြတင်းပေါက်နောက်တွင် တွဲလောင်းဖြစ်နေသူအား မြင်ရပြီးနောက် ကြောက်ရွံ့တုန်လှုပ်နေခဲ့သည်။

ရဲသားများ ရောက်လာချိန်တွင်တော့ ထိုလူ၏ ခန္ဓာကိုယ်သည် အေးစက်တောင့်တင်းနေပြီဖြစ်သည်။

ထိုပြဿနာဖြစ်ပြီးသည့်နောက် အငှားအိမ်ရာသည်ကား သရဲခြောက်ခံရသည့် အိမ်တစ်ခု ဖြစ်လာခဲ့သည်။

ပိုင်ရှင်ဆိုလျှင် စိတ်ဆိုး၊စိတ်ညစ်လွန်း၍ ကိုယ့်ပေါင်ကိုထုကာ ငိုကြွေးနေခဲ့ပြီး အိမ်ငှားများလည်း တဖြည်းဖြည်း နည်းပါးသွားတော့သည်။

သူက ထိုကိစ္စအား ဖုံးကွယ်ကာ အိမ်ကို ဈေးပေါပေါဖြင့် ငှားရမ်းခဲ့ကြသည်။

တခြားအိမ်များထက် ထိုနေရာက ပို၍ ဈေးပေါသောကြောင့် ပိုက်ဆံကို ရနိုင်သမျှ စုထားချင်သည့် ၎င်းတို့မိသားစု ဤနေရာအား ငှားရမ်းခဲ့ခြင်းဖြစ်သည်။

ပိုင်စစ်ခေါင်းငြိမ့်ကာ ဆက်ပြောသည်။

“အဲဒီလူက သေသွားပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်ကို ဘယ်သူမှ လာမယူကြဘူးလေ၊ ဒီတော့ သူက ဒီအိမ်မှာ  မြေစွဲဖုတ်သရဲလိုမျိုး ဖြစ်နေတာ၊

ညဘက် တိမ်ထူတဲ့ ရက်တွေမှာဆိုရင် သူက သူသတ်သေထားတဲ့ နေရာမှာ ပြန်ပေါ်လာတတ်တယ်၊ အဲဒါက ခင်ဗျား ထိုင်တဲ့ ပြုတင်းပေါက် နေရာမှာပဲ”

“ခင်ဗျား ခုံမှာ ထိုင်ပြီး နေ့တိုင်းစာရေးတယ်၊ ဒီတော့ ခင်ဗျားရဲ့ခေါင်းကို မော့လိုက်တိုင်း သူ့ရဲ့ ခြေဖနောင့်က  မင်းနဲ့ လာ,လာထိတတ်တယ်၊ အဲဒီအချိန်မှာဆိုရင် ခင်ဗျား ဇတ်ပိုးမှာ နာတာ၊ ကျဉ်တာတွေ ဖြစ်တာပဲ”

သူ တံခါးဝမှ ဝင်လိုက်သည်နှင့် ပြတင်းပေါက်ရှေ့တွင် တွဲလောင်းဖြစ်နေသော သရဲအား မြင်လိုက်ရသည်။

ထိုသရဲသည် မသေဆုံးခင်က မကျေနပ်မှုများ ရှိသော်လည်း အမုန်းတရား၊ အညိုးတရားတော့ နည်းပါးလှသည်။ သူသည်ကား မစ်စ်လျှို့နှင့် ခင်ပွန်းသည်အား ထိခိုက်စေလိုစိတ်တော့ မရှိ။

သူက ထိုအခန်းတွင် နေထိုင်ခဲ့ပြီးသည့်အတွက် ထွက်မသွားချင်ရုံသာ ဖြစ်သည်။

ပိုင်စစ်၏ စကားအား ကြားရပြီးနောက် မစ်စတာဟဲ သူ့ဂုတ်ပိုးအား အမြဲတမ်း တစ်ခုခုက လာတိုက်နေသကဲ့သို့ ခံစားရကာ နာကျင်မှုအား ရုတ်တရက် သတိရသွားပြီး မျက်နှာမှာလည်း ကြောက်လန့်မှုကြောင့် စိမ်းဖန့်သွားသည်။

“ဆရာလေးပိုင်၊ သူ့မှာ အန္တရာယ်များ ရှိသေးလားဟင်?”

ပိုင်စစ် ထိုသရဲတွင် မကောင်းသည့်အရာ ဖြစ်စေလိုစိတ်မရှိကြောင်း ရှင်းပြလိုက်သည်။

“အဲဒါက ယင်စွမ်းအင် နည်းနည်းလောက်ပါပဲ။ အချိန်ရရင် ခန္ဓာကိုယ်ကို ဒေါနသားနဲ့ မှိုင်းတိုက်တာမျိုးတို့၊ ဘုန်းကြီးကျောင်းသွားပြီး အမွှေးတိုင်ထွန်းတာမျိုးတို့ လုပ်ပေးပေါ့၊

အိမ်ထဲမှာ သရဲရှိတာကတော့ ခန္ဓာကိုယ်အတွက် မကောင်းဘူးလေ၊  အဲမှာပဲ ဆက်နေဦးမယ်ဆိုရင်တော့ တောက်ကျန့်ကောင်းကောင်း ရှာလိုက်ပါ”

လင်မယားနှစ်ယောက်လုံး ခေါင်းကို တွင်တွင်ခါလိုက်ကြသည်။

သရဲရှိနေမှန်းကို သိနေပြီးမှတော့ သူတို့ ထိုအိမ်မှာ ဆက်နေရဲပါဦးမလား!?

“ကျွန်မတို့ အိမ်အသစ်ရှာပြီး ချက်ချင်း ပြောင်းရွေ့ပါ့မယ်”

ပိုင်စစ် ခေါင်းကိုအသာငြိမ့်သည်။

“ဒါဆိုရင်တော့ ကျွန်တော့်မှာလည်း အခြားပြောစရာမရှိတော့ပါဘူး”

ထိုစကားပြောပြီးနောက် သူ ဆေးရုံခန်းထဲမှ အသာလှည့်ထွက်သွားသည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းတွင်တော့ အနည်းငယ်ဆူပွက်သွားခဲ့သည်။

[ဘုရားရေ၊ ရှုဖူတစ်ယောက် အခန်းထဲဝင်လာတုန်းက ပြတင်းပေါက်မှာ တစ်ခုခုရှိနေတယ်လို့ ပြောတာတောင် အမှတ်ရသွားတယ်၊ သူ တကယ်မြင်ခဲ့တာပဲလား?]

[ငါထင်တာကတော့ ရှုဖူက သူ့ရဲ့ မွေးဖွားတဲ့အချိန်ကြောင့် ယင်နဲ့ယန်မျက်လုံးတွေ ရှိတယ်လို့ ထင်တယ်၊ သူက မြင်တော့ မြင်ရတတ်တယ်၊ မဖြေရှင်းနိုင်ဘူး၊

ပြောရရင် သူက အဆိုးကြီးတော့ မဟုတ်ပါဘူး၊ ထွက်မသွားခင်တောင် ဝန်ထမ်းတွေကို နတ်ဆိုးနှင်ဖို့ ပစ္စည်းတွေ ဝေသွားသေးတယ်လေ]

[ဆွဲကြိုးချသေထားတဲ့ သရဲရဲ့ ခြေထောက်က… အဲဒီတာ့ကောရဲ့ ဂုတ်ပိုးကို ကန်နေတာ.. တွေးကြည့်ရုံနဲ့တင် ကြက်သီးဖြန်းဖြန်းထတယ်!]

[နျူနျူလေးက  သနားစရာကောင်းလိုက်တာ၊ အခြားပြိုင်ပွဲဝင်တွေ ကူညီနိုင်ရင် ကောင်းမှာပဲ]

ထိုအဖြစ်အပျက်ပြီးနောက် ရှုဖူ၏ ဂုဏ်သတင်းက နည်းနည်းလောက်တော့ ပြောင်းလဲသွားသည်။

သူ့ကိုယ်ပေါ်တွင် ကပ်ထားသည့် ကျမ်းစာရွက်နှင့် အဆောင်များကလည်း ပြိုင်ပွဲပြီးနောက် နာမည်ကြီးလာခဲ့သည်။ အချို့ကြည့်ရှုသူများက သူ့တွင် ယင်၊ယန် မျက်လုံးများ ရှိသည်ဟု ယုံကြည်ကြပြီး သူသည်ကား သရဲရှိနေသည်ဟု ဟန်ဆောင်နေသည့် အပြည့်အဝလူလိမ်မဟုတ်ကြောင်း၊ ထို့ကြောင့် သူ့တွင်လည်း အသုံးဝင်သည့် နေရာရှိလိမ့်မည်ဟု မှတ်ချက်ပေးကြသည်။

သို့သော် ထိုအရာများသည် နောင်ပိုင်းအတွက်ကိစ္စများသာ ဖြစ်ပေသည်။

“နောက်ထပ် ပြိုင်ပွဲဝင်ကတော့ နံပါတ်ကိုး ဟဲမီတူဖြစ်ပါတယ်”

နျူနျူလေး၏ အခြေအနေမှာ အနည်းငယ်သက်သာလာပြီဖြစ်သောကြောင့် အငှားအိမ်သို့ ပြန်သွားပါက အိမ်ငှားများနှင့် ရှုပ်ထွေးနေမည်ကို ပရိုဂရမ် အဖွဲ့ စိုးရိမ်မိသည်။

ထို့ကြောင့် နောက်ထပ်ပြိုင်ပွဲဝင်များအား နျူနျူ၏ ဆေးရုံခန်းသို့သာ တိုက်ရိုက် ဖိတ်ခေါ်လိုက်တော့သည်။

ဟဲမီတူ အခန်းထဲသို့ ရောက်လာချိန်တွင် သူသည်ကား နက်ပြာရောင်ဝတ်စုံအား ဝတ်ဆင်ထားပြီး သူ၏ ကျောလယ်ခန့် ဆံနွယ်များကိုလည်း ခပ်လျောလျော စည်းနှောင်ထားသည်။ ထို့နောက် ထိုင်းစတိုင် ဘဲဥပုံမျက်မှန်အသေးလေးကို တပ်ထားခဲ့သည်။

ရောဂါသည် ကလေးမလေးအား တွေ့ရချိန်တွင် သူက စကားစသည်။

“ကောကောကို မင်းရဲ့ လက်ပေးပါဦး”

လက်ကို အတန်ကြာ ကိုင်ထားပြီးနောက် ဟဲမီတူက အနားသို့ ကပ်ကာ နျူနျူ၏ မျက်ဆံများ၊ မျက်သားဖြူများအား ကြည့်ပြီးနောက် နောက်ဆုံးကောက်ချက်ချသည်။

“သူ့မှာ ရှင်သန်နိုင်မှုစွမ်းရည်နည်းနေပြီး အပြင်းအထန် နေမကောင်းဖြစ်နေတယ်၊ ဒါပေမယ့် သရဲ၊ဝိဉာဉ် ဒါမှမဟုတ် အခြား ဖမ်းစားနေတဲ့ အရာမျိုးတော့ တစ်ခုမှ မရှိဘူး”

“ကျွန်တော်ထင်တာကတော့ သူ့ရဲ့ ရောဂါက လူပြုစားတာ မဟုတ်ဘူး၊ ဘယ်သူကမှ သူ့ကို မပြုစားထားသလို ဝိဉာဉ်သရဲလည်း မရှိဘူး၊ ဒီအတိုင်း နေမကောင်းဖြစ်နေတာ၊

ဒါကိုတော့ ကျွန်တော်လည်း ဘာမှ လုပ်မပေးနိုင်ဘူး၊ ကျွန်တော်က ရောဂါမကုနိုင်ဘူးလေ၊ဒီတော့ ဆရာဝန်နဲ့ ကုသတာပဲ အကောင်းဆုံးဖြစ်ပါလိမ့်မယ်”

ဟဲမီတူ စကားဆုံးပြီးနောက် မှတ်ချက်ဧရိယာထဲမှ လူအများကတော့ သူသည်ကား ပွင့်လင်းရိုးသားကာ သူမြင်သည်ကို ပြောခြင်းဖြစ်ကြောင်း၊ အချို့သော ပညာရှင်များကဲ့သို့ သရဲရှိသည်ဟု မလိမ်တတ်ကြောင်း ချီးကျူးနေကြသည်။

ထွက်မသွားခင်တော့ သူ ခဏရပ်ကာ ပြောလိုက်သည်။

“တစ်ခုပြောရရင်တော့ သူ့မှာ ပညာအရင်းအမြစ်အားကောင်းတယ်၊ အဲဒါက သာမန်လူတွေထက်ကို သာတယ်၊ သူ့ဘဝပေးအခြေအနေဆိုးတာကြောင့် ဒီလိုရောဂါမျိုး ဖြစ်ရတာ ကလေးအတွက်တော့ တကယ့်ကို စိတ်မကောင်းစရာပါပဲ”

စိတ်စွမ်းအင်ခန္ဓာကိုယ်နှင့် ဝိဉာဉ်အဆက်အသွယ်တို့ကဲ့သို့ပင် လူတစ်ယောက်သည် ပညာအရင်းအမြစ် အားကောင်းကောင်းနှင့် မွေးဖွားလာခြင်းကိုလည်း သူပြောနိုင်သည်။

All Chapters