← Chapters

အခန်း (၃၀၁-၃၀၃)

Vol. 7 Ch. 301-303

အခန်း (၃၀၁-၃၀၃)

Vol. 7 Ch. 301-303

အခန်း301

အရမ်းနောက်ကျသွားပြီ

တည်ငြိမ်သောကြင်ယာတော်(၁)ကတော့ ဧကရာဇ်၏ မွေးနေ့ပွဲအတွင်း လုလျန့်ဝေနှင့် ဧကရာဇ်ရဲ့ အခြေအနေကိုမြင်ပြီးနောက် ဆောက်တည်ရာမရဖြစ်သွားသည်။ဘယ်လိုပဲဖြစ်နေဖြစ်နေ သူမသည် ဘုရင်မင်းကြီး၏ သန့်စင်သောစိတ်ဓာတ်နှင့် ရမ္မက်ကင်းမှုတို့ကို ယုံကြည်မိပြီး ထိုအသေးအမွှားလူတွေ‌အပေါ် မကျဆုံးနိုင်ဟုသာ သူမတွေးခဲ့သောကြောင့် ဒီထက်ပိုပြီး စဉ်းစားခြင်းမရှိခဲ့ပေ။

ထိုအတွေးများမှာ မြို့စားအိမ်တော်၌ အရှင်မင်းကြီး လက်ထက်ခွင့်‌မတောင်းခင်အချိန်ထိသာဖြစ်ပြီး အခုတော့ သူမ အရင်ကထားရှိခဲ့တဲ့ သံသယတွေဟာကျိုးကြောင်းစီလျော်မှုရှိနေမှန်း လက်ခံလိုက်သည်။

သူ့ရဲ့ အရှင်မင်းမြတ်က လုလျန့်ဝေအပေါ် တကယ်ခံစားချက်ရှိ‌နေတာပဲ။သူမ ခုမှသိသော်လည်း အချိန်ကနှောင်းသွားလေပြီ။ထိုသို့တွေးပြီး သူမလက်ထဲရှိလက်ကိုင်ပုဝါအား တင်းတင်းဆုတ်ကိုင်လိုက်သည်။

အရှင်က သူမလို ငယ်ရွယ်တဲ့ကောင်မလေးမျိုးအပေါ်မှာ သဘောကျသွားလိမ့်မယ်လို့ သူဘယ်တုန်းကမှမတွေးဖူးခဲ့ပေ။ထိုအတွေးနှင့်အတူ သူမ၏ အကြည့်များက နန်းဆောင်အတွင်းရှိ အမျိုးသမီးများထံသို့ရောက်သွားသည်။

နန်းဆောင်ထဲ၌ သူမအပါအဝင် ကိုယ်လုပ်တော်လေးယောက်ရှိပြီး သူတို့တစ်ဦးဆီက ထူးခြားဆန်းပြားပြီး ‌စစ်မက်ဖြစ်စေလောက်သည့်အလှကို မပိုင်ဆိုင်ကြသော်လည်း သူ့ဟာနှင့်သူတော့ လှကြသည်ပင်။သူတို့တွေက ဟိုကလေးမလေးလို ဆွဲဆောင်မှုမရှိကြတော့လို့လား။ကလေးသာသာကလေးမလေးနဲ့ယှဉ်ရင်လေ..။

လုလျန့်ဝေက ရင်သက်ရှုမောဖွယ်အလှမျိုးနှင့်မွေးဖွားလာသော်လည်း သူမက အခုထိ ငယ်ရွယ်ပြီး ကလေးသာသာ သာရှိသေးသည်။ဘယ်လိုလုပ်သူမက ကျက်သရေရှိပြီး ရင့်ကျက်တဲ့အလှရှိတဲ့ သူတို့လေးယောက်ကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။

အရှင်မင်းမြတ်က သူမအား နှစ်ပေါင်းများစွာထိ မထိခဲ့ဘဲ စိတ်ဝင်စားမှုလဲ မပြခဲ့ပေ။အခုတော့ အရှင်မင်းမြတ်၏ အကြည့်က တခြားမိန်းကလေးတစ်ယောက်ထံ၌ အခြေတည်သွားလေပြီ။

လုလျန့်ဝေက အိမ်ရှေ့စံနဲ့တောင် ယူတော့မလို့လေ။အရှင်မင်းကြီးက အဲ့ဒါက စိတ်မခုဘူးပေါ့၊မရွံဘူးပေါ့။တူ‌လေးရဲ့မိန်းမ ဖြစ်လုနီးနီးဖြစ်ခဲ့တဲ့ကောင်မလေးကို သဘောကျသွားတာပေါ့။

သည်းခံတက်တဲ့ကြင်ယာတော်(၁)တောင်မှ ဟားတိုက်၍ ရယ်ချင်သွားသည်။သူမသည် နေ့‌တိုင်းညတိုင်း အရှင့်ထံမှ အကြည့်လေးတစ်ချက်ပိုရဖို့မျော်လင့်ခဲ့သမျှမှာ သဲထဲရေသွန်ဖြစ်သွားလေပြီ။သူမစိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းခဲ့သမျှကလည်း အရှင်တခြားသူအား မိဖုရားခန့်အပ်တာကို ကြည့်ဖို့အတွက်ပဲပေါ့။

ထိုမကျေနပ်စိတ်များက သူမက လုံးဝ‌ပြိုလဲစေနေသည်။ဘယ်လိုပဲဖြစ်ဖြစ် ထိုကိစ္စက ပိုသေချာလေလေ သူမလည်း သူမရဲ့ကြောက်စိတ်ကို ဖယ်ဖျောက်သင့်လေလေဖြစ်သည်။လက်ထက်ခွင့်တောင်းပြီးတာမှန်သော်လည်း သူမသာ နန်းတွင်းထဲမရောက်သေးသ၍ အခြေအနေတွေက ပြောင်းလဲနိုင်သည်ပင်။

ကြားထဲမှာ တစ်ခုခုဖြစ်သွားရင်လည်း ဖြစ်သွားနိုင်တာပဲလေ။ကြင်ယာတော်(၁)သည် အတွေးများကို ထိန်းချုပ်လိုက်ပြီး စားပွဲပေါ်မှ လက်ဖက်ရည်ခွက်အား ယူသောက်လိုက်ကာ ကျိလင်ဟွေ့အားထပ်ကြည့်လိုက်သည်။

ကျိလင်ဟွေ့လည်း စိတ်ရှုပ်ထွေးပြီး အသည်းကွဲနေသလို အနည်းနှင့်အများတော့ ခံစားရသည်ပင်။အရှင်က လုလျန့်ဝေကို တကယ်လက်ထက်တော့မည်ဖြစ်ပြီး မိဖုရား မြှောက်တော့မည်ဖြစ်သည်။

သူမထက် နှစ်အနည်းငယ်လောက်ငယ်တဲ့ကောင်မလေးက အရှင့်၏ မျက်စိကျမှုကို ရယူခဲ့သည်တဲ့။သူမအပါအဝင် သူတို့အားလုံးထဲက ဘုရင့်အတွက် အနည်းစုကသာ လူသိထင်ရှား တော်ကောက်ခံထားရခြင်းဖြစ်သည်။သူမ နန်းတော်ထဲဝင်ရဖို့အတွက်ရင်းရသော အရင်းအနှီးမှာလည်း နည်းသည်တော့မဟုတ်ပေ။

အရှင်သည် သူ့ရဲ့အချိန်တွေအားလုံးကို နိုင်ငံရေးပဍိပက္ခတွင်သာ မြုပ်နှံထားပြီး အနောက်ဆောင်ကိုတော့ ခြေဦးလှည့်ဖို့ပင် အစီအစဉ်မရှိခဲ့ပေ။ခန်းမ၌ အနောက်ဆောင်လူဖြည့်ရန် တောင်းဆိုမှုကြောင့်သာ မိန်းကလေး အနည်းစုကို တော်ကောက်ခဲ့ခြင်းဖြစ်သည်။

Chapter302

ဧကရီလောင်းကို ခြိမ်းခြောက်ခြင်း

ဒီကိစ္စက အရင်တုန်းကအဖြစ်အပျက်‌တွေနဲ့ လုံးဝကွဲပြားသည်။လုလျန့်ဝေက အရှင့်အလိုတော်အရ အရွေးချယ်ခံခဲ့ရတာဖြစ်သည်။လက်ထက်ခွင့်တောင်းဖို့ကိုယ်ကိုယ်တိုင် ပြင်ဆင်ပြီး ဧကရီအတွက်လက်ဖွဲ့လက်ဆောင်ကို‌လည်း နန်းတွင်းစည်းမျဉ်းတွေထက် နှစ်ဆလောက်ပိုပြီး ပေးခြင်းလည်းဖြစ်သည်။

သူမအဖေပြောပြခဲ့သည့်အကြောင်းမှာ ပို၍ပင်အံ့ဩဖွယ်ကောင်းသည်။လုလျန့်ဝေရဲ့ သတို့သားလောင်းရွေးချယ်ပွဲနောက်ဆုံးရက်မှာ အရှင့်ကို တစ်ယောက်ယောက်ကမြင်ခဲ့သည်တဲ့။ရှေးရက်တွေတုန်းက ဆက်တိုက်အနိုင်ရရှိခဲ့သူမှာလည်း အရှင့်ရဲ့အနီးကပ်ဆုံး ကိုယ်ရံတော်ချူးယီသာပင်။

ဒီလိုအကွက်ကျကျစီစဉ်ထားပုံကိုကြည့်ခြင်းအားဖြင့် အရှင် လုလျန့်ဝေအပေါ်ဘယ်လောက်ဂရုစိုက်လဲဆိုတာ ပေါ်လွင်နေသည်။

ထိုသို့တွေးမိသောကြောင့် ကျိလင်းဟွေ့၏ မျက်လုံးများသည် ထပ်မံ၍ ‌ငွေ့ရည်ဖွဲ့လာပြန်သည်။ခန္တာကိုယ်က တုန်လှုပ်လာပြီး ကြင်ယာ‌တော်၏စကားများကိုပင်နားမဝင်တော့ပေ။

ကြည့်‌‌နေ‌သောသုံးယောက်ကတော့ သူမ၏အမူအရာကိုကြည့်ပြီး သူမအပေါ်လေးစားမှု နည်းနည်းလျှော့သွားသည်။ကျိလင်ဟွေ့၏ မာယာတစ်မျိုးက အရမ်းအားနွဲ့သလိုလုပ်တာပင်။အခုလို ဖြစ်နေသလိုပေါ့။သူတို့လည်း ဒီပုံစံကို စိတ်ပျက်နေလေပြီ။

သူမ၏ တစ်ယောက်တည်းတွေးပြီးဝမ်းနည်းနေမှုကို ကြင်ယာ‌တော် (၁) ကကြည့်ပြီး ကျိလင်းဟွေ့အား စိတ်အနှောက်အယှက်ထပ်မပေးတော့ဘဲ သူမ၏အကြည့်များအား အခုထိ တိတ်ဆိတ်နေသေးသည့် ကြင်ယာ‌တော်(၃) ထံသို့ပို့လိုက်သည်။

ကြင်ယာတော်(၃) က အေးစက်ပြီးမာနကြီးသောပုံစံရှိလေသည်။သူဘယ်ကိစ္စကိုမှ သေချာအလေးမထားသည့်ပုံက တခြားသူတွေ သူမ‌စိတ်ကို အကဲမခတ်နိုင်သော အကြောင်းပြချက်ဖြစ်သည်။

သို့သော်လည်း ကြင်ယာတော်(၁)သည် ကြင်ယာတော်(၃)မှာ သူမ၏ အရှင့်အ‌ပေါ်ထားရှိသည့်အချစ်အား လုံးဝဖော်ထုတ်ပြသထားသော ကြင်ယာတော်(၂) နှင့်ယှဉ်လျှင် သူမသည်လည်း ရူးရူးမူးမူးအချစ်မှာ ကျဆုံးနေသည်ကို သိထားပေသည်။သူမက ထိုအရာအား ရိုးရှင်းစွာ ဖုံးကွယ်ဟန်ဆောင်ထားခဲ့သည်သာဖြစ်သည်။

ကြင်ယာတော်(၃)၏ ခံစားချက်တွေကို သူမ သတိပြုမိခဲ့သည်မှာအလွန်ကြာပြီဖြစ်သည်။

သူမသည် ဤနန်းတော်တွင်အလွန်ကြာရှည်စွာနေခဲ့ခြင်းကြောင့် ထို သုံးယောက်အကြောင်းအား ကောင်းကောင်းသိခြင်းဖြစ်သည်။

ကြင်ယာတော်(၃) ၏ အရှင့်အပေါ်အချစ်က သူမနှင့်ကြင်ယာ‌တော်(၂) ထက်တော့မလျော့ပေ။ကြင်ယာတော်(၃) က ကမ္ဘာ‌ပေါ်ရှိလူအားလုံးက သူမခြေဖျားအောက်မှာဘဲဟုတွေးထားတာကြောင့် အရှင့်အား သူမဖက်ကစ၍ ဆွဲဆောင်ဖို့အများကြီး မကြိုးစားခဲ့ပေ။

တစ်နေ့မှာ အရှင်က သူမ၏အေးစက်မိမိုက်သောအသွင်အပြင်ကို သတိထားမိပြီး သဘောကျလာမည်ဟု သူမ ယုံကြည်ခဲ့လောက်မည်ပင်။ သို့သော်လည်း မထင်မှတ်ပါပဲ ကြင်ယာတော်(၃)ကတော့ စိတ်ပျက်အားလျော့သွား‌တော့မည်ဖြစ်သည်။

ကြင်ယာတော်(၁) စိတ်ထဲ၌ ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။ဘယ်လောက်ရယ်စရာကောင်းတဲ့အခြေအနေလဲ!

ဒါက ကြင်ယာတော်(၃) အထင်လေ။သူက ကမ္ဘာပေါ်မှာ သူ့လောက်ထူးချွန်တဲ့မိန်းမမရှိဘူးလို့ထင်နေခဲ့တာ။ဒါကြောင့် တစ်စက်မှကို မစိုးရိမ်ခဲ့ဘူး။

ကြင်ယာတော်(၁) ၏ အကြည့်များက ကြင်ယာ‌တော် (၃)၏ ကျုံ့နေသော မျက်ခုံးများသို့ရောက်သွားသည်။သူမ၏အပြင်ပုံစံကမူ အရင်ကသူမ၏ပုံစံအတိုင်း တည်ငြိမ်နေသေးသော်လည်း သူမ၏ မာနကို ထိပါးစေတဲ့အရာကတော့ ဖြစ်ပေါ်လာပြီပင်။

ကြင်ယာတော်(၁ )စိတ်ထဲတွင် ကျေနပ်နေပြီး ကြင်ယာတော်(၃)အားကြည့်လိုက်သည်။

ကြင်ယာတော်(၃) ၏အကြည့်က သူမနာမည်ကိုခေါ်ဆိုခဲ့သော မိန်းမထံသို့ရောက်သွားသည်။

“ကြင်ယာတော်(၁) က ကျွန်မ ဘာပြောတာကို ကြားချင်လို့လဲ”

ကြင်ယာတော်(၁) သူမလက်ထက်ရှိ အဆင့်မြင့်ကျောက်စိမ်းခွက်အားပျင်းရိပျင်းတွဲဟန်ဖြင့် ပွတ်သပ်လိုက်သည်။ကြင်ယာတော်(၃)၏ ပြန်ပြောလာမည့်စကားကို သူဂရုမစိုက်ပေ။ထိုစကားအရိပ်အယောင်က သူမ၏အတွေးတွေ မှန်ကန်ကြောင်း ထင်ဟပ်စေသည်။

“ကြင်ယာတော်(၃) က ဘာမှမဖြစ်သလို ဆက်ပြီးဟန်ဆောင်နေမယ်ဆို ကျွန်မတို့လုပ်နိုင်တာ ဘာမှမရှိတော့ဘူးနော်။အရှင်က လုမိသားစုရဲ့ဒုတိယသခင်မလေးကို လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တာမို့ ကျွန်မတို့က စီနီယာ အမတွေအနေနဲ့ အနာဂါတ်ရဲ့ ဧကရီကို နန်းတော်ဖိတ်ပြီး တစ်ယောက်နဲ့တစ်ယောက် မိတ်‌ဆက်သင့်တယ်မဟုတ်လား။”

ကြင်ရာတော်(၄) က ကြည့်လိုက်ပြီး ထိုအကြံအားထောက်ခံလိုက်သည်။

“မှန်တယ်နော်။ကျွန်မ‌တို့က စီနီယာအမတွေလေ။အကုန်လုံးလဲဖြစ်လာပြီးသွားပြီမို့ ကျွန်မတို့ ဧကရီလောင်းကို ‌ဖိတ်ခေါ်ဖို့ပဲတက်နိုင်တော့တယ်။သူ နန်းတွင်းထံရောက်လာရင် ကျွန်မတို့ကြားထဲ အေးစက်စက်ကြီးမဖြစ်အောင် စကားဝိုင်းတစ်ခုတော့ရှိသင့်တယ်နော် ။

ကြင်ယာတော်(၃) ၏မျက်လုံးများတွင် တုံ့ဆိုင်းမှုများရှိနေပြီး လက်လဲမခံသလို ငြင်းလဲမငြင်းဆန်ခဲ့ပေ။

ကြင်ယာတော်(၃)သည် အတွေးထဲ၌ သူမဘေးရှိ လူသုံးယောက်အား လှောင်ရီလိုက်သည်။အဓိပ္ပာယ်မရှိတာတွေ! တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီးနေမယ်တဲ့လား။သူတို့လုလျန့်ဝေကို ခြိမ်းခြောက်ချင်တာကိုများ။

“သူမက ကလေးသာသာဘဲ ရှိသေးတယ် အခုက ဘာမှမဟုတ်သေးဘူး”

ကြင်ယာတော်(၃)က မတ်တက်ရပ်ပြီးပြောလိုက်သည်။ထိုသို့ပြောပြီး သူမသည် အမြန်ပင် မြင့်မြတ်သော သင်းရနံ့ နန်းဆောင်မှ ထွက်လာခဲ့သည်။

ကြင်ယာတော်(၂) လဲ အကြာကြီးဆက်မနေခဲ့ပေ။ကြင်ယာတော်(၁)အား နှုတ်ဆက်စကားပြောပြီး မြင့်မြတ်သော သင်းရနံ့နန်းဆောင်မှ အားနည်းသည့်ဟန်ဖြင့် ထပ်ထွက်သွားသည်။

ကြင်ယာတော်(၄) ပဲကျန်ခဲ့ပြီး တစ်ယောက်နှင့်တစ်‌ယောက်ကြည့်လိုက်ကြသည်။

Chapter 303

သူတို့ဖြစ်တည်မှုကို ပြချင်နေတယ်။

ကြင်ယာတော်(၄ )မတ်တပ်ရပ်လိုက်သည်။

“ကြင်ယာတော်အမ။ သခင်မလေးလုကို ဘယ်ချိန်နန်းတော်ထဲ ဖိတ်ခေါ်မှာလဲ”

“ငါလည်း ဒါကို မင်းတို့အားလုံးနဲ့ဆွေးနွေးချင်တာပဲ။ဒါပေမဲ့လည်း ကြင်ယာတော် (၂) နဲ့ ကြင်ယာတော် (၃)က အမြန်ထွက်သွားတယ်လေ။မနက်ဖန်ရော အဆင်ပြေလောက်လား”

ကြင်ယာတော်(၁)က အကူအညီမဲ့စွာပြောလာသည်။

ကြင်ယာတော်(၄)က အပြုံးတုတစ်ခုကိုဆင်မြန်း၍

“ကြင်ယာတော် (၁) အမက အမအကြီးဆုံးပဲလေ။အမပဲဆုံးဖြတ်လိုက်ပါ”

ကြင်ရာတော်(၁)သည် စိမ်းဝါးစွာတစ်ချက်ကြည့်လိုက်သည်။သူသိတာပေါ့ ကြင်ယာတော်(၄)ရဲ့စကားက မရိုးသားတာကို။သူက ဒီကိစ္စအတွက်တာဝန်မယူချင်ပဲ အပြောခံရတာတွေကနေ ကိုယ်လွှတ်ရုံးဖို့တွေးနေတာပင်။

သူမစိတ်ထဲလှောင်‌ရယ်လိုက်သော်လည်း သိပ်မတွက်ကပ်တော့ဘူးလို့တွေးကာ

ကြင်ယာတော်(၄)ခေါင်းညိမ့်လိုက်ပြီး ကျက်သရေရှိစွာ ထွက်ခွာသွားတော့သည်။ကြင်ယာတော်(၁) ၏လက်ထဲရှိအရည်အသွေးမြင့်သောကျောက်စိမ်းခွက်ကတော့ မြေပြင်ပေါ်သို့ပစ်ပေါက်ခံလိုက်ရပြီး တစ်စစီဖြစ်သွားလေသည်။

“အကုန်လုံး ဘယ်လိုဟန်‌ဆောင်ရမလဲဆိုတာ ကောင်းကောင်းသိနေကြတာပဲ။’

သူ့ကို ဗီလိန်ဖြစ်အောင် အဲ့ဒီလူတွေက တွန်းအားပေးခဲ့တာပဲလေ။ကောင်းပြီလေ ငါကလဲ အဲ့နေရာကို ကောင်းကောင်းလုပ်ပေးရမှာပေါ့။

လုလျန့်ဝေကို အရှင်ကိုယ်တိုင်က ဧကရီရာထူးပေးထားတာပင်။သူမ နန်းတွင်းထဲဝင်လာတာနဲ့ အနောက်နန်းဆောင်နဲ့ ဆက်စပ်သမျှအကုန်စီမံတော့‌မှာဖြစ်သည်။လုလျန့်ဝေ ဘာအပူအပင်မှမရှိဘဲ နန်းတော်ထဲမှာနေနေမှာကို သူဘယ်လိုခွင့်ပြုနိုင်ပါ့မလဲ။ဧကရီရာထူးရပေမဲ့လည်း သူကသာ ဒီနန်းတွင်းမှာ နောက်ဆုံးထိနေရမယ့်သူဖြစ်တာကိုလုလျန့်ဝေသိအောင် သူလုပ်ရတော့မည်ပင်။

ဒီကိစ္စသာအောင်မြင်ရင် ဟိုသုံးယောက်သူ့ကို ယှဉ်နိုင်တော့မှာမဟုတ်ဘူး ။ဆိုတော့ လုလျန့်ဝေက ဧကရီဖြစ်တော့ရော ဘာလုပ်ရမှာလဲ။သူ ကြင်ယာတော်က အဲ့လိုချာတိတ်သာသာလောက်လေးကို မကိုင်တွယ်နိုင်ဘူးလို့ထင်နေတာလား။

ကြင်ယာတော်(၁) လှောင်ရယ်လိုက်သည်။တစ်ယောက်တည်းကျန်တော့တာဖြစ်တဲ့အတွက် သူဘာမှ ဟန်ဆောင်နေစရာမလိုပေ။

ကျောက်ချန် ခေါင်မိုးပေါ်ရှိကြွေပြားချပ်အား သူ့နေရာသူပြန်ထားလိုက်သည်။

ဒီမိန်းမတွေက ပြဿနာတွေဘဲ။သူ့သခင်က အဲ့ဒီမိန်းမတွေကိုတောင် မကြိုက်တာကို။သူတို့အအေးဆောင်ထဲအပို့ခံရမှာကို မကြောက်ကြဘူးလား။

သူတို့က ပြဿနာပဲရှာနေကြတယ်။သူတို့သာ စိတ်မပြောင်းပါက သခင်ဒေါသထွက်ပြီး သူတို့အကုန်လုံးကို အအေးဆောင်သို့ပို့ပစ်တော့မည်ပင်။

ဒီမိန်းမတွေအား သူနားကိုမလည်နိုင်ပေ။နေ့တိုင်း စားကောင်းသောက်ကောင်းတွေရနေတာတောင် သူတို့အတွက်မလုံလောက်သေးဘူးလား။ဘုရင့်ရဲ့ သူတို့ရဲ့ဖြစ်တည်မှုအပေါ် သတိထားမှုကို ဘာကြောင့်များ လိုချင်နေသေးတာလဲ။

ချူးယီသည် ခေါင်မိုးရှိ ကြွေပြားကိုတစ်ချက်ကြည့်လိုက်ပြီး စဉ်းစဉ်းစားစားဖြင့်

“သူတို့တွေ ဒုတိယသခင်မလေးလုကို ဒုက္ခပေးဖို့ကြံနေ‌တာလား”

ကျောက်ချန် ချူးယီအားမယုံသင်္ကာဖြင့်ကြည့်လိုက်ပြီး တွေးလိုက်သည်။

“ဒီကောင်ချူးယီက ခန္တာကိုယ်ကတော့ မိုက်ပါရဲ့၊စိတ်ကတော့ အရမ်းကို ရိုးရှင်းလွန်းတယ်”

“သူမကို ပေါ်တင် ဒုက္ခပေးရဲလောက်အောင်ထိ သူတို့တွေ မိုက်မဲမယ်လို့ထင်နေတာလား။သူတို့ သေတယ် ဆိုတဲ့ စကားလုံးကို မသိဘူးများထင်နေလား။”

ကျောက်ချန် ထိုသူအားအထင်သေးဟန်ဖြင့်ကြည့်ကာ ချူးယီ၏ ပြန်ပြောလာမည့် စကားကိုလစ်လျူရှုပြီး ထိုနေရာမှ ထွက်ခွာသွားသည်။

သူ အစက ချူးယီနဲ့ နန်းဆောင်နားမှာ တိုက်ခိုက်နေတာဖြစ်သည်။ ထို့နောက် ကြင်ယာတော်(၂) နှင့် ကြင်ယာတော်(၃) တို့က သိပ်မကွာဘဲ ထွက်လာသည်ကိုတွေ့လိုက်ရသည်။

ညနက်နေ‌တာကိုတောင် သူတို့ကဘာလို့မအိပ်သေးဘဲ ဒီကိုလာတာလဲ။

သူတို့ရဲ့စပ်စုစိတ်ကြောင့် သူတို့နှစ်ယောက်တိုက်ခတ်မှုကို ခေတ္တရပ်ဆဲပြီး နှစ်ယောက်သား ခေါင်မိုးပေါ်ရှိ ကြွေပြားကိုခွာ၍ ကြင်ယာတော်(၂) နှင့်ကြင်ယာတော်(၃) တို့ကြားရှိစကားကို‌ ချောင်းနားထောင်ခဲ့သည်။

ဒါဆို သူတို့က သခင်မလေးလုကို နန်းတော်ထဲ ဖိတ်ခေါ်ချင်တာလား။

ကြင်ယာတော်(၁) ၏ မနက်ဖန်ဟူသောစကားကြောင့် ကျောက်ချန်သည် နဂါးအိပ်ဆောင်သို့ သွားလိုက်တော့သည်။ သူ့နောက်တွင်တော့ ချူးယီက နီးကပ်စွာလိုက်ပါလျက်။

သို့သော်လည်း သူတို့၏သခင်ရဲ့ အိပ်ဆောင်မှာ မှောင်မဲနေသောကြောင့် သူတို့နှစ်ယောက်လုံးခြေလှမ်းရပ်တန့်သွားရသည်။

“သခင်အိပ်နေပြီထင်တယ်၊ဒီကိစ္စကိုမနက်ဖန်မှ သတင်းပို့ကြမလား”

ကျောက်ချန်က ပြောလိုက်သည်။

ချူးယီ ပဟေဠိဖြစ်သွားသည်။

“သခင် ဒီလောက်အစောကြီး ဘယ်တုန်းကမှ မအိပ်ခဲ့ဖူးပါဘူး”

ချူးယီထောက်ပြလာသောကြောင့် ကျောက်ချန်လဲ စိတ်ရှုပ်ထွေးသွားသည်။

ဒါတော့ဟုတ်တယ်။သခင် ဘယ်တုန်းကမှစောစောမအိပ်ဘူး။သူဒီချိန်ဆို အမြဲ စာကြည့်ခန်းမှာ သမိုင်းကျောင်းတွေလေ့လာနေကျ၊ဒီနေ့ကျတော့.....။

လူနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး သိချင်စိတ်ပြင်းပြသွားသည်။

ကြင်ယာတော်(၁) ၏ စာကြောင့် လုယွင်ရွှမ်း အနည်းငယ်အံ့အားသင့်သွားသည်။

“ဘာလို့ ကြင်ယာတော် (၁) က သခင်မလေးကို နန်းတော် လာစေချင်တာလဲ”

စာပို့သမားက ဘာမှမပြောခဲ့သော်လည်း လုယွင်ရွှမ်း အဖြေကိုသိပြီးသားပင်။

“ဒါက ငါ့ရဲ့ အရမ်းကောင်းတဲ့ ညီမလေးကြောင့်ပဲနေမှာပေါ့”

All Chapters