အခန်း (၃၀၄-၃၀၆)
Vol. 7 Ch. 304-306
Chapter 304
ကျွန်မအပေါ်သူက ကြမ်းတမ်းတယ်
“အိမ်ရှေ့စံမင်းသမီး ကြင်ယာတော်(၁) က ဒုတိယသခင်မလေးကိုလဲ ဖိတ်တယ်လို့ဆိုလိုတာလား”
ဟုန်ရှို့ သဘောပေါက်စွာမေးလိုက်သည်။
“လုလျန့်ဝေက ဧကရီအဖြစ် သတ်မှတ်ခံထားရသော အဲ့ဒီမိန်းမတွေ တစ်ခုခုလှုပ်ရှားတော့မှာပဲလေ။သူတို့လုပ်နိုင်တာက မျက်နှာလိုမျက်နှာရ လုပ်တာပဲမလား။”
သူမ၏မျက်လုံးထဲ၌ ရက်စက်သောအရိပ်တစ်ခုက ဖျက်ခနဲလင်းလာသည်။လုလျန့်ဝေ ဒီလိုမြင့်မားတဲ့နေရာကို ရောက်မယ်လို့ တစ်ခါမှ မမျှော်လင့်ဖူးခဲ့ပေ။
သူမတွေးခဲ့သည်မှာ လုလျန့်ဝေသည် ဟိုကိစ္စကြောင့် အချို့သော သာမာန်အဆင့်သာရှိသည့် လူကိုသာ လက်ထက်နိုင်ပြီး သူမရဲ့ နိမ့်ကျ သောဘဝနိဂုံးချုပ်လိမ့်မည်ဟု။အခုတော့ သူမအား ဧကရာဇ်က မျက်စိကျသွားလေပြီ။ဧကရာဇ်အချိန်အကြာကြီး အသက်မရှင်ရင်တောင် သူမသည် ဧကရီတစ်ပါးအနေနဲ့ မြင့်မြတ်သောနေရာတွင်ရှိနေဆဲဖြစ်သည်။
ထို့အပြင် ဘုရင်မင်းကြီးမှာ ဒီနှစ်ဆို အသက်သုံးဆယ်ပြည့်တော့မှာဖြစ်သော်လည်း နုပျိုပြီး ကြည့်ကောင်းနေဆဲပင်။သူက အိမ်ရှေ့စံထက်တောင်ပိုကြည့်ကောင်းပြီး၊ ပြောရမယ်ဆိုလျှင်အရှင်က ဗဟုသုတလည်းကြွယ်သလို အတွေ့အကြုံလည်း အများကြီးရှိသေးသည်။ဒါကလည်း ဘယ်သူမှ မယှဉ်နိုင်သည့် အရှင့်၏ အရည်အသွေးပင်ဖြစ်သည်။
လုယွင်ရွှမ်း ထိုသည်ကိုတွေး၍ သူမ၏နှလုံးသားက ထိုလူသားထံသို့ရွေ့လျားသွားသည်။သို့သော်လည်း ထိုလူက အဆိပ်သင့်ထားသောလူဟု သတိရသွားသောအခါ ထိုခံစားချက်များလည်း ချက်ချင်းပျောက်ကွယ်သွားတော့သည်။
တော်ပြီးထက်မြတ်နေလဲ ဘာလုပ်ရမှာတုန်း။သူ့ရဲ့ကံတရားကိုမလွန်ဆန်နိုင်ပါဘူး။သူက သေတော့မယ်လူပဲလေ။
လုလျန့်ဝေ နန်းတွင်ထဲဝင်ပြီး လက်ထက်တော့မှာကြောင့် မပျော်ရွှင်နိုင်သော သူမက ထိုအတွေးများကြောင့် ပျော်ရွှင်သွားသည်။မကြာခင် အဲ့ဒီ ညီမဆိုတဲ့သူက မုဆိုးမဖြစ်မှာပဲလေ ။
လုလျန့်ဝေ အခုတော့ လွတ်လွတ်လပ်လပ်ပျော်နေပါစေ။အခုအရမ်းပျော်နေလေ အနာဂါတ်မှာ အရမ်းငိုရလေပဲလေ။
သူမ ထိုကိစ္စအတွက် ယုံကြည်ချက်ရှိလာပြီး အရင်နေ့တွေတုန်းက ခံစားနေရသည့် ညိုးငယ်မှုများမှာလည်း လွှင့်စင်သွားတော့သည်။သူမသည် ဟုန်ရှို့ကိုခေါ်၍ ခြံဝန်းထဲမှ ထွက်ပြီး နန်းတွင်းဉယျာဉ်တော်သို့သွားရန် အစီအစဉ်ဆွဲလိုက်သည်။
သို့သော် သူမ ခြံဝန်းထဲမှ ထွက်ရုံရှိသေး ချန်ချီးယွီနှင့် သွားတိုက်မိလေသည် ။
ချန်ချီးယွီက ယပ်တောင်အဝိုင်းလေးနှင့်ရပ်ခတ်နေသည့်ပုံဖြင့် သူမ၏ သေးငယ်သောခါးနှင့်ကောက်ကြောင်းအလှကို အရှက်မရှိဖော်ပြထားပြီး လုယွင်ရွှမ်းထံသို့ စိမ်ပြေနပြေလမ်းလျှောက်လာသည်။
“အမကြီး အမလည်း ကြင်ယာတော် (၁) ဆီက ဖိတ်ကြားချက်ရတယ်မလား”
ချန်ချီးယွီမျက်လုံးထဲအလင်းတန်းတစ်ခု ဖျက်ခနဲလတ်လာသည်။ သူမသည် အရင်က ဘာမှမဖြစ်ခဲ့ဖူးသည့်အတိုင်း ရှေ့သို့တစ်လှမ်းတိုးကာ လုယွင်ရွှမ်း၏ လက်ကိုကိုင်လိုက်သည်မှာ နှစ်ယောက်သားအရမ်းခင်နေသကဲ့သို့ပင်။
လုယွင်ရွှမ်း၏ မျက်လုံးထဲမုန်းသည့်အရိပ်အယောင်များ တစ်ချက်ပေါ်လာတော့သည်။ သူမသည် ဘာမှဟန်ဆောင်မနေဘဲ ချန်ချီးယွီ၏ လက်အား အကြမ်းပတမ်း ဖယ်ချလိုက်သည်။
“ငါ့မှာ နင့်လို အရမ်းဆွဲဆောင်မှုရှိတဲ့ ညီမမျိုးမရှိဘူး”
ထိုစကားသည် ချန်ချီးယွီအား ဖြားယောင်းတက်သောမိန်းမဟု သွယ်ဝိုက်ပြောလိုက်ခြင်းပင်။
“ကျွန်မတို့ နန်းတော်ရဲ့အလှကို ခံစားဖို့ အခွင့်အရေးရတာ ကြင်ယာတော်(၁) ကို ကျေးဇူးတင်ရမှာပဲနော်။သူမက အရမ်းသဘောကောင်းတာပဲ။”
ချန်ချီးယွီက အရမ်းကို ငြင်သာသည့်ပုံဖြင့်ပြောလာသည်။လုယွင်ရွှမ်း ထိုစကားကိုကြားသောအခါ ခုနက အကောင်းဝင်သွားသော စိတ်အခြေအနေလေးက ပြန်ဆုတ်ယုတ်သွားရသည်။
ချန်ချီးယွီ သနားစရာကောင်းအောင် လုပ်ပြုံးပြုံး၍ ပြောလာသည်။လုယွင်ရွှမ်း၏မျက်နှာ ပိုမို မဲမှောင်လာပြီး ဟုန်ရှို့အားကြည့်လိုက်သည်။
ဟုန်ရှို့တိတ်တဆိတ် စိတ်ထဲမှ ညီးညူလိုက်ပြီး ချက်ချင်းခေါင်းငုံ့လိုက်တော့သည်။
သူမသည် အခုထိ အိမ်ရှေ့စံမင်းသမီးအတွက် လုံးဝပြည့်စုံတဲ့ အစီအစဉ်အား မတွေးရသေးပေ။
အရှေ့ဖက်နန်းတော်မှ ကိုယ်လုပ်တော်တစ်ယောက်ကို ဖယ်ထုတ်ဖို့က အမှန်ပင် ခက်ခဲလှသည်။သာမာန်အစေခံဆိုရင်တော့ အဆင်ပြေပေမယ့် နှစ်သက်ခံရတဲ့ အလှလေးချန်ဖြစ်နေတဲ့အတွက် ဘာကိစ္စမှမရှိပဲပျောက်သွားမယ်ဆိုရင် အိမ်ရှေ့စံမင်းသားကို သတိပေးသလိုဖြစ်ပြီး တခြားပြဿနာတွေလဲပေါ်လာနိုင်သေးသည်။
အိမ်ရှေ့စံမင်းသမီးမှာ ချန်ချီးယွီ၏ နောက်ဆုံးစကားကြောင့် ဒေါသထွက်နေပြီး လူကွယ်ရာရောက်ရင် သူမအပေါ် ဒေါသပေါက်ကွဲတော့မည်မှာသေချာနေပေသည်။
ထိုကိစ္စကြောင့် ဟုန်ရှို့ မပျော်မရွှင်ဖြစ်သွားပြီး ချန်ချီးယွီအပေါ် သူမ၏ အမုန်းများလည်း တိုးပွားလာတော့သည်။
“ရက်အနည်းငယ်ထိ ကိုယ့်ကိုယ်ကိုဂရုစိုက်ထားဦးပေါ့။ပြည့်တန်ဆာဂေဟာကိုရောက်သွားရင်တော့ မျက်ရည်တွေ အပြည့်နဲ့ ထွက်ပြေးချင်လာလိမ့်မယ်။”
ဟုန်ရှို့စိတ်ထဲ၌ တေးမှတ်ထားလိုက်သည်။
Chapter 305
သူမရဲ့အလှက အရှင့်ကိုဆွဲဆောင်သွားတာ။
“ကြင်ယာတော်(၁) ကိုယ်တိုင်ကဖိတ်ခေါ်တာမို့ အပြင်မထွက်ခင် လုံလုံခြုံခြုံဝတ်သင့်တယ်နော် အလှလေးချန်။အင်ပါယာနန်းတော်ထဲက ဒီအရှေ့နန်းဆောင်လိုမဟုတ်ဘူး။ဘုရင့်အမြင်မှာ ဆိုးရွားသွားရင် ဆိုးဝါးတဲ့ကိစ္စတွေဖြစ်လာလိမ့်မယ်”
ထိုသို့ပြောပြီး သူမသည် ချန်ချီးယွီအား လစ်လျူရှုလိုက်ကာ ဟုန်ရှို့နှင့်ထွက်ခွာလာလိုက်သည်။
သူမ ထိုမိန်းမအားရွံရှာပေသည်။ချန်ချီယွီအားကြည့်လိုက်တဲ့အချိန်တိုင်း အိမ်ရှေ့စံက ထိုရွံစရာမိန်းမနှင့်အိပ်ခဲ့ကြောင်း သတိပေးနေသလိုပင်။ဒါကြောင့်လဲ အဲ့ဒီငတုံးမအား သူမပညာပေးမှရတော့မည်ဖြစ်သည်။
ရက်ရက်စက်စက်ကို စီရင်ရမှာ။
ချန်ချီးယွီသူမ၏အဝတ်အားပြန်ကြည့်သော်လည်း ဘာမှ မဖြစ်နေပေ။ဟိုမိန်းမက သူ့မအား မနာလိုနေကြောင်း ချန်ချီးယွီ ခံစားမိသည့်အတွက် သူမစိတ်ထဲရှိ ရိုင်းစိုင်းတဲ့စိတ်ထားကို ပြောခွင့်ပေးထားခဲ့ခြင်းပင်။ ထို့နောက် သူမလည်း သူမ၏ အစေခံအားခေါ်ကာ အရှေ့နန်းဆောင်မှ ထွက်လာလိုက်တော့သည်။
လုယွင်ရွှမ်း ဘာကို ပိုစိတ်တိုလဲဆိုတော့ ကြင်ယာတော်(၁) က သူ့တစ်ယောက်ထဲကို မဖိတ်ဘဲ ချန်ချီးယွီကိုပါ အတူဖိတ်ခဲ့သည်ကိုပင်။သို့သော်လည်း ကြင်ယာတော်(၁)မှာ တခြားအလှလေးတွေကိုလည်း ဖိတ်ခေါ်ခဲ့သေးသည်။
သူမသည် လမ်းတွင် နန်းတွင်းဥယျာဥ်ထဲသွားနေသော အလှလေးအချို့ကိုပါ တွေ့လိုက်ရသည်။
အလှလေးများမှာ သူမအား တွေ့လျှင် လာ၍ အရိုအသေပေးကြသည်။
လုယွင်ရွှမ်း သူတို့အား အကြည့်တစ်စက်ပင်မပေးဘဲ ဟုန်ရှို့အားခေါ်ကာ သူတို့နှင့်အဝေးသို့လျှောက်သွားလိုက်သည်။
နန်းတွင်းဥယျာဉ်သို့မရောက်မချင်း လုယွင်ရွှမ်း သူမစိတ်တိုစရာအကြောင်းမရှိဟုတွေးကာ ကိုယ့်ကိုယ်ကို ထိန်းချုပ်ထားခဲ့သည်။
ဒီနေ့အတွက် စားသောက်ပွဲအား ပန်းများနှင့်လှပစွာ စီစဉ်ထားသူမှာ ကြင်ယာတော်(၁) ဖြစ်သောကြောင့် နန်းတွင်းဥယျာဉ်သို့ သူမက အစောဆုံးရောက်ရှိနေသည်။
လုယွင်ရွှမ်းရောက်လာသည်ကိုတွေ့လျှင်သူမ လုယွင်ရွှမ်း၏ လက်ကိုကိုင်လိုက်ကာပြောလိုက်သည်။
လုယွင်ရွှမ်းးမှာ ကြင်ယာတော်(၁) ၏ အပြုအမူကြောင့် လုံးဝမပျော်တော့ပေမဲ့လည်း သူမက မသိသာစေပေ။
“အရှင်မဆီက ဖိတ်ကြားခံရတာက ရှားတယ်လေ။ဒါကြောင့် ကျွန်မကပဲ စောစောလာပြီး အရှင်မကို တက်နိုင်သမျှ ကူရတာပေါ့”
ထိုစကားကြောင့် ကြင်ယာတော်(၁) ပြုံးရွှင်သွားသော်လည်း ထိုနေရာသို့လာရောက်သော အလှလေးများကိုမြင်လျှင် သူမ၏အကြည့်ကချက်ခြင်း နက်မှောင်သွားရသည်။
“ကြည့်ပါဦး ၊ကျွန်မတို့ အင်ပါယာနန်းဆောင်မှာ အရှေ့နန်းဆောင်လို အလှလေးတွေအများကြီးမရှိဘူးပဲ။အိမ်ရှေ့စံက ကံကောင်းတယ်နော်။ဒီအလှလေးတွေကိုတစ်ချက်ကြည့်ရုံနဲ့ သူတို့တွေက ကျက်သရေရှိပြီး လှပမှန်းသိသာတယ်။အသားရောင်လေးတွေက အစကြည်လင်နေတာပဲနော်။ကျွန်မတောင် ငေးမိတယ်”
လုယွင်ရွှမ်း၏ မျက်နှာလုံးဝပျက်သွားပြီး သူမအား ကိုင်ထားသော လက်ကိုပင် ဆွဲထုတ်ပစ်မတက်ပင်။
သို့ပေမဲ့လည်း ကြင်ယာတော်(၁)က အင်ပါယာနန်းတော်ရဲ့ ကြင်ယာတော်လေးဦးထဲမှာ စီနီယာဖြစ်ပြီး သူမသည် ဧကရီမဖြစ်နိုင်သော်လည်း အင်အားကတော့ ရှိနေဆဲပင်။
လုယွင်ရွှမ်း ခံစားချက်ကို အတင်းထိန်းထားလိုက်သည်။
“အရှင်မက အရမ်းကြင်နာတာပဲ။ဟိုအလှလေးတွေက လှကောင်းလှနိုင်ပေမဲ့ အရှင်မလေးယောက်လုံးကို ဘယ်ယှဉ်နိုင်ပါ့မလဲ။ဒီမှာ အများကြီးမရှိပေမဲ့လည်း ကျွန်မ ညီမလေး နန်းတွင်းကိုဝင်လာရင် တခြားသူတွေရဲ့အလှက မှေးမှိန်သွားလိမ့်မယ်။သူမက လူတွေ ကတောက်ကယက်ဖြစ်စေနိုင်လောက်ထိအောင် ထူးခြားတဲ့အလှကို ပိုင်ဆိုင်ထားတာလေ။သာမာန်အလှတွေက သူမကို ဘယ်ယှဉ်နိုင်ပါ့မလဲ”
ဒီအချိန်မှာတော့ ကြင်ယာတော်(၁) ၏မျက်နှာ ပျက်သွားရသည့်အလှည့်ပင်။
ဘယ်သူ့ကို လုယွင်ရွှမ်းက သာမာန်အလှလို့ ပြောလိုက်တာလဲ။
လုယွင်ရွှမ်း သူ့ညီမကို ချီးကျူးသလိုပြောနေသော်လည်း အမှန်မှာတော့ ရန်သူတိုးစေချင်လို့ပင်။ကြင်ယာတော်(၁) ကဲ့သို့သော စီနီယာတွေနားက အမုန်းခံရရင် လုလျန့်ဝေတစ်ယောက် နန်းတွင်းထဲ ဘယ်လိုမှအဆင်မပြေနိုင်ပေ။
လုယွင်ရွှမ်း ကြင်ယာတော်(၁) ၏မျက်နှာအခြေအနေကို ကြည့်ပြီး သူမ၏ ခံစားချက်တွေက ပိုကောင်းသွားသည်။
ကြင်ယာတော်(၁) ၏ ပျက်သွားသောမျက်နှာမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
သူမသည် လုယွင်ရွှမ်းရဲ့ ရည်ရွယ်ချက်အမှန်ကိုတောင်မသိတဲ့ထိဖြစ်နေရင် သူနန်းတွင်းမှာ နေလာတဲ့တစ်လျှောက်လုံး အတွေ့အကြုံက ဘာမှမဟုတ်တော့ပေ။
လုယွင်ရွှမ်းသည် အပြင်ပိုင်းမှာ လုလျန့်ဝေကို ချီးကျူးနေသော်လည်း အမှန်တော့ သူ့ညီမအား တခြား ကြင်ယာတော်တွေထံမှ အမုန်းကို ရစေချင်တာပင်။
လုယွင်ရွှမ်း ဒီလိုလုပ်ဖို့တောင်မလိုပါဘူး။ကြင်ယာတော်(၁) အတွက် လုလျန့်ဝေကို နှစ်သက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်လို့လေ။
လုယွင်ရွှမ်းက မှားတော့မမှားနေပါဘူး။လုလျန့်ဝေရဲ့အလှက ယှဉ်နိုင်စရာမဟုတ်ပေ။လှပမှုက အရှင့်ကို ဆွဲဆောင်လိုက်တာလား။
ကြင်ယာတော်(၁)သည် မနာလိုမှုများအား ဖိနှိပ်လိုက်ကာ လုံးဝကိုပျော်ရွှင်သွားသည့်ဟန်က ပေါ်လာခဲ့သည်။
“တွေးကြည့်လိုက်တော့ ကျွန်မလည်း ရှင့် ညီမကို တစ်ခေါက်နှစ်ခေါက်လောက် တွေ့ဖူးတယ်လေ။သူမမျက်နှာက တကယ့်ရင်သက်ရှုမောဖွယ်ပဲ။နောက်ဆုံးတော့ ရှင့်ညီမနဲ့ ပိုပြီး နီးစပ်ရတော့မှာလေ”
သူမ၏မျက်နှာပေါ်က မျော်လင့်ချက်အပြည့်နှင့်အပြုံးက သူမမျက်လုံးထဲတွင်တော့ လုံးဝနာကျင်နေသလိုပဲဟု လုယွင်ရွှမ်းတွေးလိုက်သည်။
Chapter 306
လုလျန့်ဝေ နေရကျပ်အောင်လုပ်မယ်
တစ်ယောက်အကြောင်းတစ်ယောက်မသိသလိုပင်သူတို့စကားဆက်ပြောနေကြသည်။
လုယွင်ရွှမ်းစိတ်ထဲတွင် ရယ်မောနေလိုက်သည်။
ကြင်ယာတော်(၁)က တကယ့်ကို လုလျန့်ဝေအား ချစ်သလိုမျိုးပြောလာသည်ပင်။
“မင်းရဲ့ညီမလေးရဲ့ ရင်သက်ရှုမောဖွယ်အလှကို ငါသဘောကျခဲ့သေးတယ်။ဒါပေမဲ့လည်း အရှင်က သူ့မကို တွေ့တွေ့ချင်းသဘောကျသွားမယ်လို့မထင်ခဲ့ဘူး။သူမရဲ့ ထက်မြတ်မှုက ဧကရီရာထူးနဲ့ ထိုက်တန်ပါပေတယ်”
စိတ်ထိန်းချုပ်မှုမလွတ်ကင်းသွားစေရန် လုယွင်ရွှမ်း သူမ၏ လက်သည်းများကို လက်ဖဝါးထဲနစ်ဝင်သည်အထိ တင်းတင်းဆုတ်ကိုင်ထားလိုက်သည်။
“ကြင်ယာတော် (၁) ပြောတာမှန်ပါတယ် ။ကျွန်မညီမက လောကအကြောင်းအများကြီးမသိပေမဲ့ ထက်မြတ်တဲ့မျက်နှာတော့ရှိတယ်လေ”
“တစ်ခါတစ်လေတော့ လှပတာကလည်း အားသာချက်ပဲလေ။တသသတွေးနေမိတာပေါ့။အင်းး!အိမ်ရှေ့စံကလွဲလို့......”
ခဏလောက်ရပ်ပြီး သူမအမှားကိုသတိထားမိသည့်ပုံဖြင့် ရပ်တန့်လိုက်ကာ တောင်းပန်လာသည်။
လုယွင်ရွှမ်းရဲ့ လက်ကိုင်ပဝါမှာ အပိုင်းပိုင်း စုတ်ပြဲတော့မတက်ပင်။
သူမ၏ အဆင်မပြေတော့သောပုံရိပ်ကြောင့် ကြင်ယာတော်(၁)က စကားလမ်းကြောင်းအမြန်လွဲလိုက်သည်။
“ဒီနန်းတွင်းမှာ ကျွန်မတို့ပဲရှိတယ်လေ။အဲ့ဒါက ပြဿနာတော့မဟုတ်ပါဘူး။ဒါပေမဲ့လည်း စားသောက်ပွဲတွေရှိတဲ့အခါကျ လူနည်းနည်းနဲ့ပျင်းစရာကောင်းတာပေါ့။ဒါကြောင့် ဒီအချိန်မျိုးဆို အရှေ့နန်းဆောင်က ပိုနှစ်သက်စရာကောင်းပြီး အဆင့်အတန်းမြင့်တဲ့သူတွေကို ဖိတ်ခေါ်လိုက်တာရယ်။အိမ်ရှေ့စံမင်းသမီး စိတ်မကွက်ဖို့မျော်လင့်ပါတယ်”
သူမ၏ နောက်ဆုံးစကားတွင် မြှောက်ပင့်သောအရိပ်အယောင်ပါရှိနေပေသည်။လုယွင်ရွှမ်းက အိမ်ရှေ့စံမင်းသမီးဖြစ်နေဆဲပင်။သူမ အိမ်ရှေ့စံအနာဂါတ်မှာ အရိုက်အရာဆက်ခံနိုင်မှာမဟုတ်ဘူးလို့ သူသိသော်လည်း အခုတော့လုယွင်ရွှမ်းအား အပြစ်မလုပ်ချင်သေးပေ။
အရှေ့နန်းဆောင်က မိန်းကလေးတွေ ဖိတ်ခေါ်ရတဲ့သူမရဲ့ရည်ရွယ်ချက်က အရမ်းတော့ မရိုးရှင်းပေ။ ၎င်းမှာ လုလျန့်ဝေအား အနေအထိုင်ကျပ်စေချင်သောကြောင့်သာဖြစ်သည်။
လုလျန့်ဝေမှာ အိမ်ရှေ့စံမင်းသားအား ကြိုက်ခဲ့ဖူးသည် မဟုတ်လော။ သူ့ရဲ့ ကိုယ်လုပ်တော်အများကြီးကို မြင်ရင် တစ်နည်းနည်းနဲ့တော့ ဝမ်းနည်းသွားမည်ပင်။
ထိုသို့တွေးလိုက်တော့ ကြင်ယာတော်(၁)၏ နှုတ်ခမ်းထောင့်စွန်က ကွေးတက်သွားရသည်။
လုယွင်ရွှမ်း သူမအားကြည့်လိုက်ပြီး သူမမျက်နှာပေါ်ရှိဒေါသတွေကပျောက်ကွယ်သွားသည်။ကြင်ယာတော် (၁)ဘာတွေးသည်လဲ ဆိုတာ သူမနားလည်သွားပြီး ဒီကိစ္စကို သူမဝင်စွက်ဖက်ရန်အတွက် သူမစိတ်မပါပေ။
နန်းတွင်းဥယျာဉ်တော်၌ အသက်ဝင်နေလေသည်။ထိုအချိန်၌ လုံယန်သည် စာကြည့်ဆောင်မှ ပြန်လာပြီဖြစ်ပြီး ကျောက်ချန်က ကြင်ယာတော်(၁)၏ လုလျန့်ဝေအား နန်းတွင်းသို့ဖိတ်ခေါ်ထားသော အစီအစဉ်ကိုပြောပြလိုက်သည်။
ဒီအချိန်၌ ကြင်ယာတော်(၁)က သူ့အားကိုယ်တိုင်ပြောရန် လာသင့်ပေသည်။
ကြင်ယာတော်များတွင် စားသောက်ပွဲလုပ်၍ ဧည့်သည်များကို ဖိတ်ခေါ်နိုင်သော လုပ်ပိုင်ခွင့်ရှိလေသည်။သာမာန်အားဖြင့် အရှင်က သူ့အားအနှောက်အယှက် မပေးနေသ၍ ထိုကိစ္စတွေကို စိတ်ထဲထားနေမည်မဟုတ်ပေ။
ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခေါက်ကျ ဒုတိယသခင်မလေး လု ပါသည့်အတွက်အခြေအနေတွေက မတူညီတော့ပေ။
ကျောက်ချန် ထိုကိစ္စကို အရှင့်အား အချက်အလက်များနှင့်ပြောပြလိုက်သည်။လုယန်အနည်းငယ် အံ့ဩသွားပြီး မျက်နှာအခြေအနေက နက်မှောင်သွားတော့သည်။
“ကြင်ယာတော် (၁)က ငါ့ကိုအသိမပေးပဲ ဒီလိုကြီးမားတဲ့ ကိစ္စကို လုပ်ဆောင်နိုင်ရတယ်ပေါ့။ဘယ်သူက သူမကို လုလျန့်ဝေကို သူမစိတ်နဲ့ ဖိတ်ရလောက်တဲ့အာဏာကိုပေးထားလို့လဲ။လုလျန့်ဝေသာ နန်းတော်ထဲလာချင်ရင် သူမရဲ့ ဖိတ်ခေါ်ချက်ရမှဝင်ရမှာမို့လား”
သခင်သည် ရုတ်တရက်ဖြစ်ပေါ်လာတဲ့ဒေါသဖြင့် ပဟေဠိအကြည့်များနှင့် သူ့အား ကြည့်လာသောကြောင့် ကျောက်ချန်မှာ လန့်သွားတော့သည်။သခင်သည် အရင်က ဒီလိုကိစ္စတွေမှာ လုံးဝဝင်မပါခဲ့ပေ။ပြီးတော့လည်း ကြင်ယာတော်(၁)မှာ စားသောက်ပွဲသို့ အပြင်လူတစ်ယောက်မှ မဖိတ်ခေါ်ခဲ့ပေ။ စားပွဲတွင် နန်းတွင်းနှင့်အရှေ့နန်းဆောင် မှလူများသာရှိပြီး ဆယ်ယောက်တောင်မပြည့်။
အေးလေ ၊စားသောက်ပွဲမှာ ဒုတိယသခင်မလေးပါ ပါတယ်ဆိုတော့လဲ။
ကြင်ယာတော်(၁)ကတော့ အရှင့်ရဲ့ဒေါသကိုဆွမိလေပြီ။
လုံယန်၏မျက်နှာအခြေအနေက အေးစက်တင်းမာနေသော်လည်း လုလျန့်ဝေကို စကားထဲထည့်ပြောလိုက်တော့ အသံက နူးညံ့သွားလေသည်။
ထိုသို့ကြားပြီး အရှင်ဘာတွေးနေလဲဆိုတာ ကျောက်ချန် သံသယရှိသွားသော်လည်း အဖြေတော့တန်းပေးလိုက်သည်။
လုံယန် တစ်ခဏသာတိတ်ဆိတ်သွားပြီး အမိန့်ပေးလာသည်။
“နန်းတွင်းဝင်ပေါက်မှာ လူကိုယ်တိုင်သွားနှုတ်ဆက်လိုက်။ရောက်ရင် ဥယျာဉ်ကိုတန်းမသွားစေနဲ့ ၊ဒီအရင်ခေါ်လာခဲ့”