← Chapters

အခန်း (၃၀၇-၃၀၉)

Vol. 7 Ch. 307-309

အခန်း (၃၀၇-၃၀၉)

Vol. 7 Ch. 307-309

Chapter 307

လုံယန်က လူကိုယ်တိုင်လာပြီး ကြိုမယ်တဲ့။

“ဟုတ်ကဲ့”

ကျောက်ချန် ကြောက်ရွံနေသည်ကိုပင်မေ့ကာအလွန်လန့်သွားပြီး ချက်ချင်း ပြန်ပြောလိုက်သည်။ သို့သော် သူထွက်သွားခါနီး အရှင်က ထပ်ပြောလာသည်ကိုကြားလိုက်ရသည်။

“ထားလိုက်တော့ ငါပဲသွားတော့မယ်”

ကျောက်ချန်ပြောစရာများ စကားပျောက်ရှသွားတော့သည်။သခင်မလေးအပေါ် တော်တော်လေး သည်းသည်းလှုပ်ဖြစ်မနေဘူးလား။ကမ္ဘာပေါ်မှာ ဒုတိယသခင်မလေးကသာ ဝင်ပေါက်မှာ အရှင့်ရဲ့ ကြိုဆိုမှုကို ရရှိတဲ့သူပင်။

အရှင်ရဲ့ စားပွဲနားက ထွက်လာသည့်ပုံကို ကျောက်ချန် မခိုးကြည့်ပဲ မနေနိုင်ခဲ့ပေ။အရင်ညကပဲ အရှင်က စိတ်ညိုးငယ်ပြီး ဝမ်းနည်းစရာစာတွေရေးနေတော့ အရှင်သူမအပေါ်စိတ်ဖျောက်ပြီး သခင်မလေးနားက ဝေးဝေးနေတော့မယ်လို့ထင်ခဲ့တာလေ။ အခုတော့ သူထင်တာ တော်တော်ကို မှားသွားသည်ပင်။ကျောက်ချန် စိတ်လျှော့ပြီး သူ၏ကိုယ်ရှိချွေးများအား သုတ်လိုက်သည်။

ထိုအချိန်တွင် လုလျန့်ဝေသည် ရထားလုံးပေါ်၌ ထိုင်နေပြီး မြို့တော်ဝင်ဟောင်းကတော်က သူမ မထွက်လာခင်ပြောထားသည်ကို ပြန်တွေးနေမိသည်။

“မင်းကို ဖိတ်တာက ကောင်းတဲ့ရည်ရွယ်ချက်နဲ့မဟုတ်လောက်ပေမဲ့ အရမ်းကြီးတော့ စိတ်ဖိစီးမနေနဲ့။မင်းကို နာကျင်အောင်လုပ်ချင်နေကြရင်တောင် အရမ်းသိသိသာသာတော့ မလုပ်ရဲဘူး။သူများအတွက် အကျိုးဖြစ်နိုင်လောက်တဲ့ဟာကို လုပ်ရအောင်ထိ သူတို့တွေ မရူးမိုက်ကြသေးဘူး။သူတို့ရည်ရွယ်ချက်က မင်းကိုခေါ်ပြီး မင်းအနာဂါတ်မှာ ဧကရီဖြစ်လာမယ်ဆိုရင်တောင် သူတို့က မင်းထက်စီနီယာကျတယ်ဆိုတာ သတိပေးချင်လို့။အဲ့တာမို့ ဘာလုပ်လုပ်သတိထားပါ”

ထိုစကားများကို ပြန်ကြားယောင်ပြီးနောက် လုလျန့်ဝေ၏ နှလုံးသားထဲ နွေးထွေးသွားရသည်။ သူမ လုံးဝစိတ်မပူသော်လည်း သူမအဘွား၏မှာကြားချက်က သူမအား နှလုံးသားထဲထိနွေးထွေးစေသည်။သို့သော်လည်း ဒီလိုအကျင့်တွေရှိသည့်နန်းတွင်းထဲသို့ သူမ မဝင်ချင်ပေ။

လုံယန်ရဲ့ ကြင်ယာတော်အုပ်စုက သူမကို ဖိတ်ခေါ်သည်တဲ့။အနာဂါတ်ရဲ့အရှင့်ကတော်ကို အစားအစာတည်ခင်းကျွေး...တွေးကြည့်တာနဲ့တင် ဟာသကြီး။

လုလျန့်ဝေ မထိန်းနိုင်ဘဲ ရယ်လိုက်သည်။သူမဘေးရှိစိတ်ပူနေသော ကျူးယွီကတော့ ထိုအသံကြားပြီး သူမအား မျက်လုံးပြူး၍ ကြည့်လာသည်။

“သခင်မလေး ဒီအချိန်မှာ ဘယ်လိုလုပ်ရယ်နိုင်သေးတာလဲ”

ကျူးယွီဒေါသထွက်စွာမေးလိုက်သည်။

“ဒါ ကျွန်မဆိုလိုချင်တာမဟုတ်ဘူးလေ။ဧကရီလောင်းအဖြစ် စားပွဲကို ပထမဆုံးတက်တာမို့ အစစအရာရာ ဂရုစိုက်သင့်တာပေါ့ ။အဲ့ဒီမိန်းမတွေက အချဉ်မဟုတ်ဘူး။ထောင်ခြောက်တစ်ခုခုတော့ သခင်မလေး မိ‌အောင် ဆင်ထားမှာပဲလေ။”

“သခင်မလေး သတိလက်လွတ်မနေလို့ရမလား။ဘာပဲဖြစ်လာဖြစ်လာ ဂရုစိုက်ပြီး နောက်ပိုင်းဖြစ်လာမယ့်အရာ‌တွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ တွေးရမယ်လေ”

လုလျန့်ဝေ သူမအားလျစ်လျူရှုပြီးခေါင်းခါလိုက်သည်။

နောက်ဆုံးတော့ရထားလုံးလဲ နန်းတွင်းဂိတ်ဝသို့ရောက်၍ ရပ်တန့်သွားခဲ့သည်။

လုလျန့်ဝေရထားလုံးမှ ဆင်းဖို့လုပ်တုန်း ကျောက်ချန်၏ အသံအား ကြားလိုက်ရသည်။

ထိုသို့ကြားပြီးနောက် သူမ၏ လက်ကိုင်ပဝါအားတင်းတင်းဆုတ်ကိုင်ထားလိုက်မိသည်။ လုံယန်က ဒီရောက်နေတာလား။

ကျူးယွီသူမ၏သခင်မလေးအားပြုံးပြလိုက်ပြီး ရပ်တန့်ကာ သာသာယာယာဖြင့် ထွက်လာတော့သည်။

လုလျန့်ဝေ ခဏလောက်တွေးပြီး အချိုးကျသောလက်က ခန်းစီးအား နောက်တစ်ခါ ဖွင့်လာသည့်အခါ ထဖို့ပြင်လိုက်သည်။

လုံယန်က ရထားလုံးထဲသို့ ခါးနှိမ့်၍ ဝင်လာသည်။ထိုသူအား သူမ၏ နက်မှောင်၍ ချစ်စရာကောင်းသောမျက်ဝန်းများဖြင့် လုလျန့်ဝေက အံ့ဩစွာကြည့်လိုက်သည်။

ထိုသူ သူမ၏ဘေးတွင်ထိုင်လာသောအခါ သူမရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

“မင်းကိုစောင့်နေခဲ့တာ”

လုံယန်၏ ပြုံးရွှင်သော အကြည့်က သူမထံသို့ရောက်လာလေသည်။

လုလျန့်ဝေ နှုတ်ခမ်းအားကိုက်လိုက်သည်။စိတ်ထဲတွင်‌တော့ ထိုအချိန်၌ သူမဝမ်းသာသွားကြောင်း လက်ခံလိုက်ပြီး ရိုးသားစွာပြောလိုက်သည်။

လုံယန်ခဏလောက် ကြက်သေသေသွားပြီး သူမ၏ မေးစေ့အားပင့်လိုက်ကာ သူ၏ နက်မှောင်သောမျက်လုံးများဖြင့်ငေးစိုက်ကြည့်၍

“နှစ်ယောက်ထဲရှိတဲ့အချိန် ငါတို့ကြားထဲ အဲ့လောက်ယဉ်ကျေးနေစရာလိုလို့လား”

သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် အလွန်နီးကပ်နေပြီးသားဖြစ်သဖြင့် ကျဉ်းမြောင်းသောကွာဟချက်လေးက သူတို့ကြားထဲ မီးဖွားလေးတစ်ခုအဖြစ်ပေါက်ဖွားလာတော့သည်။

Chapter308

နှလုံးခုန်နှုန်းမြန်လာခြင်း

လုလျန့်ဝေ၏ အသက်ရှူသံနည်းနည်းရပ်တန့်သွားပြီး သူမ‌မျက်နှာပေါ်ရှိလေငွေ့အား ခံစား‌လိုက်ရသောအခါ သူမရှက်သွေးဖျာသွားရသည်။ သူမသည် သတိကပ်အောင်ပြန်လုပ်ပြီး လက်အား ကြမ်းတမ်းစွာ တွန်းထုတ်လိုက်သည်။

“အရှင်မင်းကြီး ကျွန်မမေးစေ့ကို မကိုင်ပါနဲ့”

ထို့နောက် မေးစေ့အား သူမ၏လက်နောက်ဖက်ဖြင့် အရှင်၏ စွဲကျန်နေသည့် အငွေ့အသတ်များကို သုတ်နေသကဲ့သို့လုပ်လိုက်သည်။လုံယန်က ရယ်ချလိုက်သည်။

“လက်မထက်ခင်ထိ ဒီလိုပုံစံ‌အတိုင်းနေမယ်လို့ မင်းပြောလာမယ်ထင်နေတာ။”

သူမမေးစေ့ကိုမဆွဲဖို့ပြောလာလိမ့်မယ်လို့တော့ သူမမျော်လင့်ထားခဲ့ဘူး။ဒီမိန်းကလေး ဘယ်လိုတောင်ချစ်ဖို့ကောင်းနိုင်ရတာလဲ။

သူရယ်နေတုန်းမှာပင် သူ့မေးစေ့မှာလဲ နူးညံ့သောအထိအတွေ့တစ်ခုအား ခံစားလိုက်ရသည်။သူ့ကိုယ်တိုင် သတိကပ်လာသည့်အချိန်တွင်တော့ ထိုနူးညံ့သည့်အထိအတွေ့မှာ ပျောက်ဆုံးသွားလေပြီ။

“တွေ့လား အရှင်လည်း အရှင့်မေးစေ့ကိုကိုင်ရင် မကြိုက်ဘူးလေ။ဒါနဲ့ အရှင့်မှာကောင်းတဲ့အသားအရေရှိသားပဲ။ထိလိုက်သော ချောမွေ့ပြီး နူးညံ့နေတာပဲ”

လုလျန့်ဝေသည် လက်ချောင်းတစ်ချောင်းနှင့်တစ်ချောင်းထိနေပြီး သူမ၏ နှလုံးခုန်သံ မြန်ဆန်နေသည်အား ခံစားလိုက်ရသည်။လုံယန် အေးခဲသွားတော့သည်။ အခု ဒီအသေးလေးဆီကနေ သူအဆွခံလိုက်ရတာလား။

လုလျန့်ဝေက ဒေါသသကြီးပြောလာသည်။ရထားလုံးဘေးတွင် လမ်းလျှောက်နေသောကျောက်ချန်တစ်ယောက်မှာတော့ ယိုင်လဲတော့မတက်ပင်။ထိတယ်?

သူဘာတွေ တွေးမိနေတာလဲ။သခင်က သခင်မလေးလုကို ထိလိုက်တာလား။သူ့သခင်သည် ခဏလေးအတွင်း ဒီလိုပွင့်ပွင့်လင်းလင်းလုပ်လိုက်မည်ဟု သူမထင်ထားခဲ့ပေ။

ကျောက်ချန် ရထားလုံးကိုငေးကြည့်လိုက်ပြီး ထိုရထားလုံးတွင် အပေါက်ရှိရင်ကောင်းမယ်ဟု ဆုတောင်းလိုက်သည်။ဒါမှလည်း သူ့သခင် ဘာလုပ်နေလဲဆိုတာ သူချောင်းကြည့်လို့ရမှာလေ။ရထားထဲတွင်တော့ လုလျန့်ဝေ၏ စကားကိုကြားပြီးနောက် လုံယန်က မျက်ခုံးပင့်လိုက်ပြီး မျက်လုံးမှာ နက်မှောင်သွားသည်။

သို့သော်ငြား ကောင်မလေး၏ သန့်စင်ပြီး ဘာမှမသိသေးသော အကြည့်ကြောင့် သူ့ရဲ့ အတွေးလွန်မှုအပေါ် ကြိတ်တွေး၍ ရယ်လိုက်သည်။

ဒီမိန်းကလေးက အရမ်းရိုးသားတာပဲ။ သူမက သူ့ကို ဘာလို့ ရည်ရွယ်ချက်ရှိရှိ ထိရမှာလဲ။သူသည် စိတ်ထဲရှိအတွေးများအား ဖိနှိပ်လိုက်ကာ လက်မြှောက်၍ ကောင်မလေး၏ ဆံပင်အား ပွတ်သပ်ပေးလိုက်သည်။

သို့သော် ထိုသူလည်းလှည့်လာသည့်အချိန်နှင့် ကိုက်၍ မျက်လုံးနှစ်ဆုံဟာ တိုက်ဆိုင်စွာဖြင့် ဆုံစည်းသွားတော့သည်။ ထိုဆုံစည်းမှုသည် လုလျန့်ဝေ၏ နှလုံးခုန်နှုန်းအား မြှင့်တင်နိုင်ခဲ့သည်။ သူမသည် သတိကပ်ပြီး အကြည့်အားပြန်သိမ်းလိုက်ကာ သူမနှလုံးနား၌ လက်အားဖိကြည့်လိုက်တော့ အမြန်ခုန်နေသော နှလုံးသားအား ခံစားလိုက်ရသည်။

အစားအသောက်ကြောင့်ပဲလား အဲ့ဒီအချိန်က ထိုလူရဲ့ လူကြီးလူကောင်းဆန်မှုကြောင့်ပဲလားတော့မသိ။ သူမ အပြုအမူတွေမှာ ပုံမှန်မဟုတ်တော့ပေ။သူမထွက်သွားသည်ကိုကြည့်၍ လုံယန် စိတ်ဓာတ်ကျသလိုခံစားလိုက်ရသည်။

မနေ့ကပြဿနာက ထပ်ပေါ်လာပြန်ပြီးသူ့အား ဒုက္ခပေးနေသည်။သူတို့နှစ်ယောက်ကြားရှိအသက်ကွာဟမှုကို‌တွေး၍ လုံယန် မျက်မှောင်ကျုံ့လိုက်သည်။ထိုအချိန်၌ သူ၏ ဝတ်ရုံအား ဆွဲလိုက်သည်ကိုခံစားလိုက်ရသည်။အတွေးထဲမှ ထွက်ပြီး ကြည့်လိုက်တော့ လုလျန့်ဝေ၏ သွယ်လျသော လက်လေးက သူ့ ဝတ်ရုံလက်အား ကိုင်ထားသည်ကိုတွေ့လိုက်ရသည်။

သူ၏ မျက်ဝန်းထဲရှိ ဝမ်းနည်းနေသည့် အရိပ်အ‌ယောင်များမှာ ပျောက်ကွယ်သွားပြီး ပျော်ရွှင်မှုများ အစားထိုးလာကာ အခွင့်အရေးကို အပြည့်အဝယူ၍ သူမ၏လက်အားကိုင်လိုက်သည်။

“အရှင်အတွေးထဲနစ်နေတယ်ထင်လို့၊အရှင် တစ်ခုခုဖြစ်လို့လား”

လုလျန့်ဝေ ခေါင်းငြိမ့်လိုက်ပြီး သူမလက်အား ပြန်ဆွဲဖို့လုပ်သော်လည်း ပို၍ တင်းကြပ်စွာဆုပ်ကိုင်လိုက်ရခြင်းကြောင့် သူမလက်အားမရွေ့နိုင်တော့ပေ။ သူမသည် လုံယန်အားကြည့်လိုက်ပြီး ရှက်သွေးဖျာသွားသည်။

လုံယန်သည် သူမ၏ သွယ်လျသောလက်လေးများအား ကျီဆယ်ကာ မေးလာသည်။

“ဟင်”

လုလျန့်ဝေ ခေါင်းထဲ ပဟေဠိဖြစ်သွားသည်။

“ကြင်ယာတော် (၁) က သူ့သဘောနဲ့သူ မင်းကို နန်း‌တော်ထဲဖိတ်တာ ၊ကိုယ်တော်လုပ်ချင်လို့မဟုတ်ဘူး”

Chapter 309

မလွတ်ချင်ပဲ လွတ်ပေးလိုက်ရတယ်

သူမ၏ လက်ချောင်းလေးများအား သူဆော့နေ‌တာကို မဆန့်ကျင်လာသောကြောင့် လုံယန်၏ နှူတ်ခမ်းထောင့်စွန်းများမှာ ကျေနပ်‌မှုကြောင့် ကွေးတက်သွားတော့သည်။

နောက်ဆုံးတော့ လုလျန့်ဝေသဘောပေါက်သွားသည်။

“အော ဒါ‌ကြောင့် ဒီလိုပြောခဲ့တာကိုး”

လုံယန် သူမ၏လက်လေးများကို သူ၏လက်ဖဝါးပေါ်တွင်တင်၍ သူမ၏ လက်သီးဆုပ်လေးအား ဖြည်လိုက်သည်။ ထိုအခါ သူမ၏လက်က အရမ်းသေးသည်ကို သတိပြုမိသွားတော့သည်။ မိန်းကလေးတွေရဲ့လက်က အမြဲတမ်းဒီလိုပဲ သေးပြီး နူးညံ့နေတာလား။

တခြားမိန်းကလေးတွေရဲ့လက်ကို သူတစ်ခါမှ သတိမထားခဲ့ဖူးပေ။သို့သော် လုလျန့်ဝေ၏ လက်ချောင်းလေးတွေအပေါ် နှစ်သက်မှုကတော့ တိုးတက်လာသည်။သူမ၏ လက်ဖဝါးလေးသည် အကောင်းဆုံးအရည်အသွေးမြင့်ကျောက်စိမ်းနှင့်ထွင်းထုထားသလို သေးငယ်ပြီး ချောမွေ့နေသည်။

လက်ချောင်းထိပ်လေးများကိုကြည့်ရင်း သူမအိပ်ပျော်သွားတုန်းက သူ၏လက်ချောင်းကို သူမနှုတ်ခမ်းနားထိလိုက်သည့် နေ့အား သတိရမိသွားသည်။လုံယန်သည် နှလုံးအနည်းငယ်ခုန်လာပြီး သူမကိုမလွတ်ပေးခင် သူမ၏ သွယ်လျ‌သော လက်ချောင်းလေးများကို အချိန်အတော်ကြာငေးစိုက်ကြည့်နေခဲ့သည်။

“သူတို့ကို ဂရုမစိုက်နေနဲ့ ။နောက်ခါကျလည်း ဒီလိုအ‌ခြေအနေနဲ့ ကြုံပြီး နန်းတွင်းထဲမဝင်ချင်ဘူးဆို သူတို့ကို လစ်လျူရှူလိုက်။မင်းက ငါရွေးချယ်ထားတဲ့ဧကရီမို့ ဘယ်သူ့ကိုမှဂရုမစိုက်လဲဖြစ်တယ်”

“ ဘယ်သူ့ကိုမှ ဆိုတော့ အရှင့်ကိုရော ၊အနာဂါတ်မှာ ဂရုမစိုက်ရမယ့်ထဲ အရှင်ရောပါလား”

သူမမျက်နှာရှိ ရက်စက်သောအပြုံးကိုမြင်လိုက်ရပြီးတောက် လုံယန် မျက်ခုံးများပင့်ကာ နက်ရှိုင်းသောအသံဖြင့်ပြောလိုက်သည်။

ဒီအချိန်တွင်တော့ လုလျန့်ဝေသည် ထိုလူအား လုံးဝမကြောက်တော့ပေ။ထိုသူ၏အသံမှာ တင်းမှာသော‌လည် အကြည့်ထဲတွင်တော့ ပြုံးရွှင်မှုများပါနေသည်ပင်။

ထိုစကားကြောင့် လုံယန်၏ ကြည့်ကောင်းသောမျက်နှာပေါ်၌ အပြုံးတစ်ခုပေါ်လာလေသည်။ ထို့နောက် သူ၏အကြည့်များက သူမ၏ နှုတ်ခမ်းနားသို့ ရောက်သွားကာ ရုတ်တရက် ရှေ့တိုးသွားလိုက်သည်။ သူသည် သူမအားဖက်၍ နှေးကွေးစွာဖြင့် ခေါင်းကိုငုံ့လိုက်ပြီး ရှေ့ဆက်တိုးလိုက်သည်။

“အရှင် ကျွန်တော်တို့ နန်းတွင်းဥယျာဉ်တော်ကိုရောက်ပါပြီ”

လုံယန်သည် ချဉ်းကပ်မှုအား ရပ်တန့်လိုက်ရပြီး ဒေါသအရိပ်အယောင်များ လွှမ်းခြုံသွားတော့သည်။

ထိုလူ ရှေ့သို့ရုတ်တရက်တိုးလာသောကြောင့် လုလျန့်ဝေ၏အသက်ရှုနှုန်းများ နှေးကွေးသွားရပြီး လက်ကိုင်ပဝါအား ဖိဆုပ်ထားကာ ထိုသူအား စိတ်လှုပ်ရှားစွာကြည့်နေမိခဲ့သည်။ထိုအချိန် ကျောက်ချန်၏ အသံအား ကြားလိုက်ရသောကြောင့် သူမ အသက်ရှူချောင်သွားပြီး သူမနှုတ်ခမ်းထောင့်စွန်း၌ အပြုံးပန်းပွင့်လန်းလာကာ ထိုလူအားတွန်း၍

“အရှင်မင်းကြီး ကျွန်မတို့ရောက်ပြီလို့ မိန်းမစိုးကျောက်က ပြောနေပါတယ်”

လုံယန်သည် သူ့အရှေ့ရှိ နှင်းဆီဖူးနှုတ်ခမ်းလေးကိုကြည့်၍ မျက်လုံးများကျဉ်းမြောင်းလိုက်ကာ ရုတ်တရက် ရှေ့သို့တိုးပြီး ခပ်မြန်မြန်ထိကပ်လိုက်တော့သည်။

လုလျန့်ဝေ တောင့်တင်းသွားသည်။

ထိုသူ၏ လတ်ဆတ်ပြီး ကောင်းမွန်တဲ့ အနံ့မှာ မပျောက်ကွယ်ခင်အချိန်ထိ သူမ၏ နှာခေါင်းနားထိ ရစ်မူး‌နေခဲ့သည်။

လုံယန်ကတော့ မတ်တပ်ရပ်ကာ စိတ်လှုပ်ရှားနေသည်။ သူသည် ထိုင်ခုံပေါ်မှာထိုင်လျက်ရှိနေဆဲဖြစ်သော လုလျန့်ဝေအားကြည့်၍ ချစ်ခင်စွာပြောလိုက်သည်။

“ဝေဝေ ကိုယ်တော်တို့ရောက်ပြီ”

အသိပြန်ဝင်လာပြီးနောက် လုလျန့်ဝေ အမြန်ထရပ်လိုက်ပြီး ထို‌သူ့နောက်သို့ အမြန်လိုက်သွားလိုက်သည်။သူ၏ ကျီဆယ်သောအကြည့်အားမြင်လျှင် သူမမျက်နှာ ပူသွားရပြီး သူမထံရောက်နေသည့် လုံယန်၏အကြည့်များအား ရှောင်ကာ အမြန်တခြားဖက်သို့ လှည့်လိုက်သည်။

“အရှင်မင်းကြီးကို အရိုအသေပေးပါတယ်”

မိန်းကလေးတစ်ယောက်၏အသံကထွက်ပေါ်လာသည်။ရထားလုံးက နန်းတွင်းဥယျာဉ်ကိုရောက်ပြီဖြစ်ကြောင်း လုလျန့်ဝေ သတိပြုမိလိုက်ပြီး အမျိုးသမီး၃ယောက်က ရထားလုံးရှေ့တွင် မတ်တက်ရပ်နေခဲ့သည်။

ထိုအမျိုးသမီးသုံးယောက်အား သူမမြင်ဖူးလေပြီ။ သူတို့မှာ လုန်၏ ကြင်ယာတော်များပင်ဖြစ်သည်။

လုလျန့်ဝေထံသို့ ပြသထားသော လွတ်လပ်ပြီး ဂရုစိုက်တက်သည့် လုံယန်၏ ပုံစံမှာတော့ ပျောက်ကွယ်သွားပြီဖြစ်သည်။ယခုအချိန်၌ ထိုသူ၏မျက်နှာက အေးစက်ကာ မြင်ရသူတိုင်းကို ကြောက်ရွံ့စေသော အရှိန်အဝါအားပေးနေခဲ့သည်။

ထိုသည်ကို ကြား၍ ကြင်ယာတော် (၄)၊ ကြင်ယာတော် (၂)နှင့် ကြင်ယာတော်(၃)တို့မှာ ခန္တာကိုယ်အား မတ်မတ်ပြန်ထားလိုက်သည်။ ထို့နောက် သူတို့သည် ရထားလုံး‌ပေါ်တွင် ရပ်နေသော ဧကရာဇ်အား စိတ်အားထက်သန်စွာငေးကြည့်နေကြပြီး ဧကရာဇ်ဘေးရှိ လှပသောမိန်းကလေးကိုတော့ လစ်လျူရှူထားလေသည်။

လုလျန့်ဝေ ရထားပေါ်မှ ဆင်းဖို့ကူညီရန်အတွက် ကျောက်ချန်မှ အမြန်ရောက်လာပြီး လက်ကမ်းပေးဖို့လုပ်စဥ် ထိုလက်လေးအား လုံယန်ကဦးစွာ ဆုပ်ကိုင်လိုက်ပြီးဖြစ်သည်။

တခြားသူတွေ၏ အံ့အားသင့်သော အကြည့်များကြား ‌သူမရထားလုံးပေါ်မှဆင်းသက်ရန် လုံယန်က အကူအညီပေးခဲ့သည်။

ကြင်ယာတော်သုံးဦး၏အကြည့်များသည် နောက်ဆုံးတွင် လုလျန့်ဝေ အပေါ်သို့ကျရောက်လာတော့သည်

All Chapters