အခန်း (၃၁၀-၃၁၂)
Vol. 7 Ch. 310-312
Chapter310
မျော်လင့်ထားသည်နှင့်ကွဲလွဲနေခြင်း
သူမကို သူတို့မကြည့်လည်း အဆင်ပြေသည်ပင်။သို့သော်လည်း သူတို့အပေါ်သို့ မော့ကြည့်လိုက်သည့်ခဏမှာပင် သူတို့အံ့ဩသွားသလို မနာလိုလဲဖြစ်သွားရသည်။အရှင်က သူမရထားလုံးပေါ်ကဆင်းဖို့ကို တကယ်ကူညီနေတယ်တဲ့။
သူမက ဘာလို့ဒီလောက်အထိ ကံကောင်းနေရတာလဲ။သူမအပေါ်၌ ရှိနေသော သူတို့၏ အကြည့်များကြောင့် လုလျန့်ဝေ စိတ်လှုပ်ရှားခြင်းမရှိဘဲ သူတို့အား တည်တံ့စွာပြင်ပြန်ကြည့်လိုက်သည်။
ကြင်ယာတော်သုံးဉီးမှာ သူတို့ရဲ့အကြည့်တွေအား ရုတ်သိမ်းလိုက်ပြီး လုလျန့်ဝေမှရှေ့တက်၍ သူမတို့အား နှုတ်ဆက်လာမည်ကို စောင့်ဆိုင်းနေလိုက်သည်။
လုလျန့်ဝေက အနာဂါတ်ဧကရီဖြစ်သော်လည်း အခုထိ ရာထူးက လူသိထင်ရှားနှင်းအပ်ခြင်းမခံရသေးပေ။
ပြီးတော့လည်း သူတို့က ဧကရာဇ်၏ ကြင်ယာတော်များဖြစ်ပြီး နန်းတွင်းမှာနေထိုင်သည်မှာကြာလှပြီဖြစ်သည်။သူတို့ရဲ့အတွေ့အကြုံနှင့်ဆိုရင် လုလျန့်ဝေသူမတို့ကိုအရင်နှုတ်ဆက်ရမည်မှာ အကျိုးကြောင်းသင့်လေသည်။
သုံးယောက်သားကိုယ့်အတွေးနှင့်ကိုယ် ပိုပြီး မြင့်မြတ်တဲ့ပုံစံဖမ်းကာလုလျန့်ဝေရှေ့ဆက်တိုးလာမည်ကိုစောင့်နေသည်။
သို့သော်လည်း မကြာမှီပင် လုလျန့်ဝေ၏ ခေါင်းပဲငြိမ့်ကာဘာမှမပြောလာသော အပြုအမူကြောင့် သူမတို့စိတ်ပျက်သွားရတော့သည်။
ရထားလုံးထဲမှာအခုပဲ လုံယန်က သူမကို ဘယ်သူ့ကိုမှဂရုမစိုက်ဖို့ ပြောခဲ့တယ်လေ။ဒါကြောင့် သူမ ဘယ်သူ့ကိုမှနှုတ်ဆက်ဖို့မလိုအပ်ပေ။သူမ ထိုစည်းမျဉ်းတွေကိုမှ မကြိုက်တာကို။ လုံယန်ကလည်းပြောပြီးသားမို့ ဘာလို့ သူ မလုပ်ချင်တဲ့ဟာကို လုပ်နေရအုံးမှာလဲ။
ကြင်ယာတော်၃ယောက်ကတော့ ထိုသည်ကိုမြင်၍ အလွန်ဒေါသထွက်သွားသည်။အရှင်နဲ့တောင် မယူရသေးဘူး ၊ဧကရီလို လုပ်နေပြီ။ဘယ်လောက်တောင် စိတ်ကြီးဝင်နေလဲမသိဘူး။အခု သူ့ရဲ့ရိုင်းတဲ့အပြုအမူကိုအရှင်တွေ့သွားပြီလေ။သူမကို လုံးဝ လျစ်လျူရှုလိုက်တော့မှာ ။
သူမက ရိုင်းစိုင်းပြီး စိတ်လိုက်မာန်ပါလုပ်တက်တဲ့သူပဲ။ အိမ်ရှေ့စံက မြို့စားသမီးဖြစ်တဲ့ သူ့ကိုကျော်ပြီး လုယွင်ရွှမ်းကိုရွေးလိုက်တာ အံ့ဩစရာမဟုတ်တော့ပါဘူး။ဒီလိုရိုင်းစိုင်းပြီး မာနကြီးတဲ့ မိန်းမကို ဘယ်သူကကြိုက်မှာလဲ။
ထိုသို့တွေးပြီး သုံးယောက်လုံးက လုံယန်အား စိတ်အားထက်သန်စွာကြည့်လိုက်သည်။လုံယန်ကတော့ သူတို့အား တစ်စက်မှပင်မကြည့်ဘဲ သူ့ဘေးရှိ ချစ်စရာအမျိုးသမီးငယ်လေးကိုသာ စိုက်ကြည့်နေလေသည်။
သူမရဲ့ မှားနေသည့် အပြုအမူအား သူမမြင်ပါ။ ဤသည်မှဦ သူမ လုပ်သင့်သောအရာပင်ဖြစ်သည်။ သူမသည် မည်သူ့ကိုမှ ဦးခိုက်နေစရာမလိုပေ။ ဒီ ကြင်ယာတော် ၃ယောက်ဆို ပိုဆိုးပေါ့။
“အရင်တစ်ခေါက်က ဥယျာဉ်ထဲကောင်းကောင်းမလည်ရဘူးမလား။အခု ကိုယ်တော်တို့အချိန်ရပြီလေ။အရင်ကမမြင်ခဲ့တဲ့အရာတွေ သွားကြည့်မလား။”
ထိုသူပြောတဲ့အချိန်က သူမနန်းတွင်းထဲ သံချပ်ကာဖြင့် ဝင်လာတဲ့အချိန်ဖြစ်မှန်းသိလိုက်သည်။ လုလျန့်ဝေသည် ခေါင်းအားငြိမ့်၍
ဂျွန်လရောက်တော့မှာဖြစ်သည့်အတွက် ပန်းများက ညိုးနွမ်းနေပြီး နွေဦးရာသီကဲ့သို့ဝေဆာခြင်းမရှိတော့ပေ။သို့သော်လည်း ဥယျာဉ်တော်ကတော့ အလှမလျော့ပါပေ။
သူ့ဘေးရှိ ကျောက်ချန်ကတော့ ကိုယ့်ကိုယ်တွေးနေလိုက်သည်။အချိန်ရတယ်ဆိုတာဘယ်လိုတုန်း၊အရမ်းအေးဆေးနေတာကျနေတာပဲ။စားပွဲပေါ်က နန်းတွင်းကိစ္စ အပုံလိုက်ကို မမှတ်မိတော့တာလား။
တကယ်တော့ လုံယန်လို အုပ်စိုးသူတစ်ယောက်မှာ အားလပ်ချိန်မရှိတာကို သူမ သိလေသည်။သို့သော်လည်းသူ၏ ကြင်နာမှူကို ငြင်းဆန်နေမည်တော့ မဟုတ်ပေ။အမှန်တော့ သူမမျက်နှာတွင် စိတ်ကျေနပ်မှုများထင်ဟပ်နေကာ ထိုသူအားဂါရဝပြုလိုက်သည်။
နှစ်ယောက်တည်းရှိသည့်အချိန်ဆို ကိစ္စမရှိသော်လည်း ဤနေရာ၌ အပြင်လူတွေလဲရှိနေသောကြောင့် ဝေဝေ ဝေဖန်ခံရမှာကို သူမလိုချင်ပေ။
ပြီးတော့ သူတို့က လက်မထပ်ရသေးသည့်အတွက် တစ်ယောက်နှင့်တစ်ယောက် အရမ်းနီးကပ်နေလျှင်လည်း ဝေဝေအား အတင်းပြောကြလိမ့်မည်ပင်။
ကြင်ယာတော်သုံးပါးကတော့ အံ့အားသင့်သည့် မူလအမူအယာကနေထိတ်လန့်တုန်လှုပ်မှုအဖြစ်ကူးပြောင်းလာပြီး အခုအချိန်မှာတော့ သူတို့၏စိတ်ခံစားချက်တွေကို ဘယ်လိုထားရမလဲပင်မသိတော့ပေ။
တခြားသူတွေကို အဖက်မလုပ်ပဲ အရေးပေးမှုနည်းပါးသော ဧကရာဇ်သည် လုလျန့်ဝေ၏ရှေ့၌ ဒီလိုပုံမျိုးဖြစ်နေမည်ဟုသူတို့မထင်ထားခဲ့ပေ။သူတို့ရဲ့ထင်မြင်ချက်တွေနဲ့ဆန့်ကျင်ပြီး ချစ်တတ်ကာ နွေးထွေးတက်တဲ့လူလဲ ဧကရာဇ်က ဖြစ်နေနိုင်ပေသည်။
သူမတို့၃ယောက်လုံးလက်ထဲ၌ လက်ကိုင်ပဝါအားဖိချေထားပြီး စိုးရိမ်မှုများလဲရောထွေး၍ မဖော်ပြနိုင်သော ခံစားချက်များလဲ ဖြစ်ပေါ်နေကြသည်။ အထူးသဖြင့် ကြင်ယာတော်၃ပင်။
သူမ၏ အေးစက်ပြီးမာနကြီးသောမျက်လုံးများတွင် စိုးရိမ်စိတ်များဖြစ်ပေါ်လာပြီး နှလုံးသားထဲရှိမနာလိုမှု မီးတောက်များမှာ သူမကိုပင် လောင်ကျွမ်းတော့မယောင်ဖြစ်နေသည်။အရှင်က တခြားမိန်းမအပေါ် ဘယ်လိုများကွဲပြားစွာဆက်ဆံနိုင်ရတာလဲ ။
အဲ့ဒီမိန်းကလေးက ဘာဖြစ်လို့ သူမ မဟုတ်ရတာ
Chapter 311
May 21, 2024 by Nay Chi Lynn
Chapter 311: အေးစက်သောနန်းဆောင်သို့ ချက်ချင်းပင် ပြည်နှင်ဒဏ်ပေးခြင်း။
ဧကရာဇ်မင်းသည် လုလျန့်ဝေအတွက် လမ်းပြပေးမည်ဟု ကမ်းလှမ်းခဲ့လေသလား?
ဧကရာဇ်မင်းဟာ သူဘာလုပ်နေမှန်း သိပါရဲ့လား? လုလျန့်ဝေသည်လည်း ငြင်းပယ်ဖို့ပင် မကြိုးစားသည့်အပြင် ဒီတိုင်းပင်လက်ခံလိုက်သည်။ သူမကိုယ်ကိုသူမ မည်သူဟု ထင်မှတ်နေပါသလဲ?
ဂုဏ်သိက္ခာကြီးမားသော ဧကရာဇ်မင်းကိုတောင် သူမအတွက် လမ်းပြခိုင်းစေသည့် သူမဟာ မည်သူနည်း။
မနာလိုစိတ်ကြောင့် ကိုယ်လုပ်တော်သည် ချက်ချင်းပင် သူမ၏တည်ငြိမ်စိတ်များ ပျောက်ကွယ်သွားသည်။ သူမသည် ရုတ်တရက် ရှေ့သို့ထွက်လာကာ ဂရုတစိုက်ပြောလိုက်သည်။
“ဧကရာဇ်မင်းမှာ အရေးကြီးသော လုပ်စရာတွေ ရှိပါသေးတယ်။ ပြီးတော့ နိုင်ငံတော်ရေးရာတွေကို လျစ်လျူရှုထားဖို့ မသင့်တော်ပါဘူး။ ညီမငယ် လျန့်ဝေက ဥယျာဥ်တော်ကို လှည့်ပတ်ကြည့်ရှုလိုတယ်ဆို သူမစိတ်မရှိရင် ကျွန်တော်မျိုးမကိုယ်တိုင် သူမအတွက် လမ်းပြပေးနိုင်ပါတယ်။”
ဂုဏ်သိက္ခာရှိသော ဧကရာဇ်ကိုယ်လုပ်တော်သည်ပင် သူမအတွက် လမ်းပြပေးမည်ဆိုခြင်းက လုလျန့်ဝေအတွက် အလွန်ပင်ကြီးမားသော ကောင်းချီးပေးခံရခြင်းနှင့် ဂုဏ်ယူဖွယ်ပင်ဖြစ်သည်။
စဥ်းစားဆင်ခြင်တတ်သူ မည်သူမဆို ထိုကမ်းလှမ်းချက်အား ငြင်းပယ်မည်မဟုတ်ပေ။
ကိုယ်လုပ်တော်သည် သူမကိုယ်ကိုသူမ ဂုဏ်ယူနေစဥ်မှာပင် ဧကရာဇ်မင်း၏ ထိတ်လန့်ဖွယ်အသံအား သူမကြားလိုက်ရသည်
“နန်းတော်တွင်းမှာရှိနေတဲ့ အမျိုးသမီးတွေဟာ တိုင်းပြည်ရေးရာကိစ္စတွေမှာ ဝင်ရောက်ဆွေးနွေးခွင့်ကို တားမြစ်ထားပေမယ့် ကိုယ်လုပ်တော်ဟာ ဒါကို နားမလည်ပုံရတယ်။ ကျောက်ချန်၊ ကိုယ်တော့်ရဲ့အမိန့်ကို ထုတ်ပြန်လိုက်ပါ။ ကိုယ်လုပ်တော်သည် စည်းကမ်းချက်ကို ချိုးဖောက်ခဲ့တယ်။ ဒါကြောင့် အခုချိန်ကနေစပြီး အပြစ်ဒဏ်အနေနဲ့ သူမကို ချိုက်ရန်အဖြစ် ရာထူးချလိုက်ပါ!”
ကျောက်ချန်သည် ခေါင်းကို မသိမသာ ခါယမ်းလိုက်သည်။ ကိုယ်လုပ်တော်သည် ပုံမှန်ဆိုလျှင် စဥ်းစားဆင်ခြင်တတ်ပြီး အမျှော်အမြင်ရှိလှသည်။ သို့သော်လည်း ဒီနေ့မှာတော့ အဘယ်ကြောင့် မသင့်တော်တာကို ပြောခဲ့တာလဲ?
သူမကိုယ်ကိုသူမ ဘယ်သူ ထင်နေတာလဲ? သူမသည် ဘယ်လိုတောင် အရှင်သခင်၏ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ပြီး လေးစားမှုပင်မရှိ ဝင်ရောက်ဆုံးဖြတ်ဝံ့ပါသလဲ?
ကျောက်ချန်သည် စာနာမှုကင်းမဲ့စွာဖြင့် ကိုယ်လုပ်တော်ဆီသို့ ချဥ်းကပ်သွားသည်။ အရှင်သခင်သည် သူမနှင့် အခြားသော ကိုယ်လုပ်တော်တွေအား ဂရုမစိုက်ခြင်းမှာ အတော် ဆိုးဝါးလှသည်။
သူ့အတွက်တော့ အရှင်သခင်၏ နှစ်သက်သောအရာတွေက အခြားအရာအားလုံးထက် ပိုအရေးပါခဲ့ပြီး ဘုရားသခင်ကဲ့သို့ပင် ကိုးကွယ်ခဲ့သည်။
“အရှင်သခင်ကို မင်းကျေးဇူးတင်သင့်တယ် ချိုက်ရန်ကျွမ်း။”
သူက အခုထိပင် အံ့သြတုန်လှုပ်နေသေးသော ကိုယ်လုပ်တော်နားကို လျှောက်သွားပြီး အေးစက်စွာပင် သတိပေးခဲ့သည်။
ဧကရာဇ်ဥယျာဉ်ဝင်ပေါက်တွင်း တိတ်ဆိတ်မှုသည် လွှမ်းမိုးနေသည်။ သတင်းကို ကြားပြီးနောက် ဧကရာဇ်မင်းအား နှုတ်ဆက်ရန် အပြေးအလွှားပင်လာခဲ့ကြသည့် သဲ့ဖေးနှင့် လုယွင်ရွှမ်းတို့ပင် ထိတ်လန့်တုန်လှုပ်မှုကြောင့် တောင့်ခဲသွားတော့သည်။
ဘာလို့ ကိုယ်လုပ်တော်က ချိုက်ရန်အဖြစ် ရာထူးချခံလိုက်ရတာလဲ?
လုလျန့်ဝေသည်လည်း အံ့အားသင့်စွာဖြင့် လုံယန်ကို လှမ်းကြည့်လိုက်သည်။ ဘာလို့ သူကရုတ်တရက်ကြီး ဒေါသထွက်နေရတာလဲ?
သူမသည် ကိုယ်လုပ်တော်အား ခေါင်းစခြေဆုံး လှည့်ကြည့်လိုက်သည်။ အခုအချိန်တွင် သူမတို့ပထမဆုံးတွေ့ဆုံခဲ့ချိန်တုန်းကကဲ့သို့ ကိုယ်လုပ်တော်၏ အေးစက်မှုနှင့် မာနကြီးမှုတို့သည် သူမတွင် မရှိတော့ပေ။ သူမသည် ထိုနေရာတွင်ပဲ မတ်တပ်ရပ်နေခဲ့သည်။ သူမ၏ မျက်နှာသည် စာရွက်တစ်ရွက်လိုပင် ဖြူလျော့နေခဲ့ပြီး မည်သို့တုံ့ပြန်ရမည်ကို မေ့နေပုံပေါ်သည်။ သူမဝတ်စုံ၏အနားသတ် တုန်ယင်နေပုံက သူမ၏ကြောက်စိတ်နဲ့ပူပန်ပူကို ဖော်ပြနေသည်။
ထိုသို့ဆိုလျှင်တောင် ကိုယ်လုပ်တော်၏ အလှအပကတော့ ပျောက်ကွယ်မသွားပေ။ ဆိုရလျှင် သူမသည် တစ်မျိုးတစ်ဖုံ နူးညံ့သိမ်မွေ့နေပြီး သနားစဖွယ်ပင် ဖြစ်နေသည်။
ကိုယ်လုပ်တော်သည် လုလျန့်ဝေ၏ စူးစမ်းနေသော အကြည့်ကို သတိထားမိလိုက်ပြီး သူမ၏ အသိစိတ်ကို ပြန်ကပ်လိုက်သည်။ အခုအချိန်တွင် သူမ၏ နာကြည်းမှုကို မထိန်းချုပ်နိုင်သောကြောင့် လုလျန့်ဝေအား ကောက်ကျစ်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ဒါတွေအကုန်လုံးဟာ သူမကြောင့်ဖြစ်သည်။ သူမသာမရှိခဲ့လျှင် ဒီစကားတွေကို သူမပြောထွက်ခဲ့မှာ မဟုတ်သလို ဧကရာဇ်မင်းကို စိတ်ဆိုးစေခဲ့မှာ မဟုတ်ပေ။
သူမ၏ နှစ်ရှည်ကာလများစွာ မက်ခဲ့ရသော အိပ်မက်တွေဟာ ဒီအချိန်လေးအတွင်းမှာပင် ပြိုလဲသွားခဲ့ပြီပင်။ ရုတ်တရက်ဆန်စွာပင် သူမသည် သူမ၏ ဆံပင်ကြားမှ ရွှေဆံထိုးကို ဆွဲထုတ်လိုက်ပြီးနောက် လုလျန့်ဝေဆီသို့ ပြေးဝင်သွားသည်။
ကျောက်ချန်သည် ထိတ်လန့်သွားခဲ့သည်။ သူသည် ကိုယ်လုပ်တော်၏ ဘေးကပ်ရပ်တွင် မတ်တပ်ရပ်နေခဲ့သော်လည်း သူမဒီလိုမျိုး ရူးမိုက်သော လုပ်ရပ်ကိုလုပ်လိမ့်မည်ဟု မထင်ထားပေ။
အရာအားလုံးဟာ ရုတ်တရက်ဆန်စွာပင် ဖြစ်သွားခဲ့ပြီး သူမကို တားမြစ်ဖို့ သတိဝင်လာချိန်မှာတော့ အလွန်နောက်ကျသွားခဲ့ပြီ။
လုလျန့်ဝေသည်လည်း ကိုယ်လုပ်တော်မှ သူမကို ထိုကဲ့သို့ ရုတ်တရက် တိုက်ခိုက်မည်မှန်း မမျှော်မှန်းခဲ့ပေ။
သို့ပေမယ့် သူမကို နာကျင်အောင်လုပ်ရန်အတွက် သူမဆီသို့ လာနေချိန်တွင် သူမသည် လုံးဝပင် မကြောက်လန့်ခဲ့ပေ။
သူမ၏ လက်ကောက်ဝတ်တွင် ဖုံးကွယ်ထားသော သူမ၏ ငွေရောင်အပ်လေးအား လက်ချောင်းထိပ်တွင် ဆုပ်ကိုင်ထားပြီးဖြစ်သည်။
သို့သော်လည်း သူမကိုယ်သူမ မကာကွယ်လိုက်နိုင်ခင်မှာပင် ယောကျ်ားတစ်ယောက်ရဲ့ တင်းကြပ်စွာ ပွေ့ဖက်ခြင်းအား ခံလိုက်ရသည်။
ထိုအချိန်မှာပဲ ကျယ်လောင်သော အော်သံက လူတိုင်းရဲ့နားထဲသို့ ထိုးဖောက်ဝင်သွားသည်။
လုံယန်၏ လက်မောင်းကြားမှပွေ့ဖက်ခြင်းခံထားရသော လုလျန့်ဝေသည် သူ့ခြေထောက်ဖြင့် အနောက်ဘက်ကို လျင်မြန်စွာ ကန်လိုက်သည်ကို တွေ့လိုက်ရသည်။
ချင်းဝမ်ရုကဲ့သို့ပင် ကိုယ်လုပ်တော်သည် ကျယ်လောင်စွာ အော်ဟစ်ပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာပင် လဲကျသွားခဲ့သည်။
လုံယန်၏ နက်ရှိုင်းပြီး ဒေါသထွက်နေသော အသံသည် ချင်ချင်းပင် ထွက်ပေါ်လာသည်။
“ချိုက်ရန်ကျွမ်းက ကိုယ်တော်နှင့် လက်ထပ်ထိမ်းမြားထားသူကို ထိခိုက်စေဖို့ ရည်ရွယ်ပြီး လုပ်ကြံဝံ့သော မိန်းမယုတ်တစ်ယောက်ဖြစ်တယ်။ သူမကို အေးစက်သော နန်းဆောင်သို့ ချက်ချင်းပင် ပြည်နှင်ဒဏ်ပေးစေ။”
Chapter 312
လုံယန်၏ အကြမ်းဖက်ခြင်း။
သူ့စကားတွေကို ကြားလိုက်ရပြီးနောက်တွင် လုလျန့်ဝေသည် စိတ်မချမ်းမသာဖြစ်သွားပြီး သူမ၏နှလုံးသားတွင်လည်း ခံစားချက်တွေ ရောထွေးသွားသည်။
ရှိနေသော လူအားလုံးသည် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အံ့သြမှုဖြင့် တိတ်ဆိတ်သွားကြသည်။ သူတို့သည် အလွန်ပင် ထိတ်လန့်လွန်း၍ ဘယ်လိုတုံ့ပြန်ရမည်ကိုပင် မေ့နေကြသည်။
ဧကရာဇ်မင်းက ကိုယ်လုပ်တော်ကို သေစေနိုင်တဲ့အထိ ကန်လိုက်တာလား?
သူတို့သည် ထိုအတွေးကို စိတ်ထဲတွင် တွေးမိပြီးနောက်တွင် သူတို့၏နှလုံးသားကို တစ်စုံတစ်ခုက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသလို ခံစားလိုက်ရပြီး အသက်တောင် မရှုဝံ့တော့ပေ။
မြေပြင်ပေါ်တွင် မထိန်းချုပ်နိုင်လောက်အောင် ခံစားနေရသော ကိုယ်လုပ်တော်ကို ကြည့်ပြီး လုလျန့်ဝေသည် သူမကို စမ်းသပ်စစ်ဆေးပေးဖို့အတွက် တစ်လှမ်းမှမလှမ်းခဲ့ပေ။
သူမသည် သူတော်စင်တစ်ယောက်မဟုတ်ပေ။ မကြာသေးခင်မှ သူမကို သတ်ဖို့အတွက် ကြိုးစားခဲ့သူကို သူမခွင့်လွှတ်ပေးဖို့ မဖြစ်နိုင်ပေ။
သူမသည် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သော်လည်း အဲ့ကျွမ်းကျင်မှုကို အသုံးချမည်မဟုတ်ပေ။ ပြီးနောက် သူမသည် သူမကို သတ်ချင်ခဲ့သူအား အာဃာတတရားတွေ ဘေးချိတ်ထားသင့်ပြီး ကုသပေးရန် တွေးနေမိသည်။
အဲ့လိုလုပ်ဖို့က သူမအတွက် လုံးဝမဖြစ်နိုင်ပေ!။
သူမသည် ကိုယ်လုပ်တော်အား တစ်ခါမျှပင် စကားမပြောဖူးခဲ့တာတောင် သူမကို ရက်ရက်စက်စက် သတ်ချင်နေခဲ့သည်။ ဒါဟာ ရယ်စရာကောင်းလွန်းလှသည်။
လုလျန့်ဝေသည် လုံယန်အား တည်ငြိမ်သော အမူအရာနှင့်ပင် တွန်းဖယ်လိုက်သည်။
ကျောက်ချန်သည် သူ၏အရှင်သခင်ကို လှမ်းကြည့်လိုက်ပြီး သူ့၏အမိန့်ကိုပင် မစောင့်တော့ဘဲ ချက်ချင်းပင် အစေခံတွေအား ကိုယ်လုပ်တော်ကို အဝေးသို့ သယ်ဆောင်ဖို့ အမိန့်ပေးလိုက်သည်။
သူ့ဘာသာတွေးမိလိုက်ပြီးနောက် လုလျန့်ဝေကို လှမ်းကြည့်လိုက်သောအခါတွင် သူမ၏ မတုန်မလှုပ်ဖြစ်နေသော မျက်နှာကို တွေ့လိုက်ရသည်။ သူမသည် အသိစိတ်လွတ်သည်အထိ ထိတ်လန့်သွားတာဖြစ်မည်။
အရှင်သခင်သည် ကိုယ်လုပ်တော်အား ပေါ့လျော့သော အပြစ်ဒဏ်သာလျှင် ပေးနိုင်သည်။ သူသည် ဘာကြောင့် ရက်စက်ကြမ်းကြုတ်စွာ ကန်ခဲ့ရတာလဲ။
အရှင်သခင်သည် ဒုတိယသခင်မလေးလုကို ကြောက်လန့်စေမိတဲ့အတွက် နောင်တရနေမှာ သေချာသည်!
ကျောက်ချန်သည် ပြုံးလိုက်ပြီး လုလျန့်ဝေကို ပြောလိုက်သည်
“မတ်တပ်ရပ်တာ အတော်ကြာနေပါပြီ၊ ဒုတိယသခင်မလေးလု။ ပင်ပန်းနေပါသလား။ ဟိုဘက်မှာရှိတဲ့ ခန်းမထဲမှာ အနားယူ လိုက်ပါအုံး။”
လုလျန့်ဝေသည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူ့ရဲ့ ဂရုတစိုက်ရှိလှသော အမူအရာတွေကို သတိထားမိလိုက်သည်။ ခုနက လုံယန်ရဲ့ အပြုအမူကြောင့် သူမကြောက်လန့်သွားတယ်လို့ သူထင်နေတာလား?
လုံယန်ရဲ့ တုံ့ပြန်မှုဟာ သူမထင်ထားသည်ထက် ကျော်လွန်ခဲ့ပေမယ့်လည်း သူမသည် အဲ့လောက်ပျော့ညံ့တဲ့သူ မဟုတ်ဘူးလေ?
သို့ပေမယ့်လည်း လုံယန်သည် ဒီလောက် ရက်စက်လိမ့်မည်မှန်း သူမ မထင်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ကိုယ်လုပ်တော်သည်လည်း သူ၏ ကြင်ယာတော်ပင် ဖြစ်သည်။ သူတို့နှစ်ယောက်ကြားတွင် စိတ်ကူးယဥ်ဆန်တဲ့ ခံစားချက်တွေမရှိဘူးဆိုလျှင်တောင်မှ အချင်းချင်း သက်ဆိုင်မှုတော့ ရှိနေသေးသည်မလား?
တွေးနေရင်းပင် သူမသည် လုံယန်ကို တစ်ခါပြန်၍ လှမ်းကြည့်လိုက်သည်။သူမ၏ မကြာခဏကြည့်နေခြင်းကို သတိထားမိသော လုံယန်သည် ခဏလောက်တော့ တွန့်ဆုတ်နေခဲ့သည်။ သူ့မျက်လုံးထဲတွင် ရန်လိုမှုတို့ ပျောက်ကွယ်သွားပြီး နွေးထွေးစွာပင် ပြောလိုက်သည်
“ကျွန်မ တစ်ကယ်ကို ပင်ပန်းနေပြီ။ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြပေးပါ၊ မိန်းမစိုးကျောက်။”
ကျောက်ချန်သည် ထိုစကားကို ကြားလိုက်ရသောကြောင့် စိတ်သက်သာရာရသွားပြီး လျင်မြန်စွာပင် ပြန်ဖြေလိုက်သည်
လုလျန့်ဝေသည် ခေါင်းငြိမ့်ပြလိုက်သည်။ သူမက ခြေလှမ်းလှမ်းဖို့ ပြင်နေတုန်းမှာပင် လုယွင်ရွှမ်းသည် အသိစိတ်ပြန်ဝင်လာကာ ရုတ်တရက် လျှောက်လာခဲ့သည်။
သူမ၏ အမူအရာသည် စိတ်ပူနေပုံပေါ်သည်။လုလျန့်ဝေသည် စိတ်ထဲတွင်တော့ စိတ်အနှောက်အယှက်ဖြစ်နေမိပေမယ့် ပြန်ဖြေလိုက်သည်။
သူမ၏ ဖြူဖပ်ဖြူရော်အမူအရာနဲ့ တောက်ပနေသောမျက်လုံးတွေကို လှမ်းကြည့်လိုက်သည်
“အစ်မကြီး၊ မင်းကြည့်ရတာ အဆင်မပြေသလိုပဲ။ နေမကောင်းဘူးလား။”
လုယွင်ရွှမ်းသည် သေချာပေါက် နေမကောင်းတာမဟုတ်ပေ။ သို့သော်လည်း သူမသည် ဒေါသကြောင့် ဖြူဖပ်ဖြူလျော်ဖြစ်နေရခြင်းဖြစ်သည်။
မကြာခင်က ကိုယ်လုပ်တော်သည် လုလျန့်ဝေအား သူမ၏ ဆံထိုးဖြင့် အပြေးသွားပြီး ထိုးစိုက်ဖို့ ကြံစည်ခဲ့ချိန်မှာ ပုံမှန်အားဖြင့် သွေးအေးတတ်သော ဧကရာဇ်မင်းသည် လုလျန့်ဝေကို သူ့လက်မောင်းတွင် ဘယ်လိုတောင် တင်းကြပ်စွာ ဖက်ထားခဲ့သည်ကို သူမမြင်တွေ့ခဲ့ရသည်။
ကိုယ်လုပ်တော်သည် လုလျန့်ဝေအား သတ်ဖို့အတွက် ကြံရွယ်ပြီး အပြေးလာခဲ့ချိန်က သူမ ဝမ်းမြောက်ခဲ့သော်လည်း ထိုအသုံးမကျသော မိန်းမသည် လုလျန့်ဝေ၏ ဆံပင်တစ်စကိုပင် ထိဖို့အတွက် ကျရှုံးခဲ့သည့်အပြင် သူမကိုယ်ကိုသူမ ပျက်စီးစေခဲ့မယ်လို့ ဘယ်သူက ထင်ထားမည်နည်း။
လုလျန့်ဝေကို ဧကရာဇ်မင်းကိုယ်တိုင်က ဘယ်လောက်ကာကွယ်ပေးခဲ့သည်ကို မြင်လိုက်ရခြင်းက သူမကို ပိုတောင်ဒေါသထွက်စေသည်။
ကိုယ်လုပ်တော်သည် ရူးမိုက်သောသူတစ်ယောက်ပင်။ သူမသည် လုပ်ကြံနိုင်ဖို့အတွက် အလွန်ကိုပင် နီးစပ်ခဲ့သည်။ သူမ လုလျန့်ဝေကို မထိုးစိုက်နိုင်ခဲ့လျှင်တောင်မှ အနည်းဆုံးတော့ သူမ၏ မျက်နှာကို ဆွဲခြစ်ခဲ့လိုက်နိုင်ပေသည်။
အကယ်၍ လုလျန့်ဝေသာ သူမ၏လှပမှုတို့ မရှိတော့လျှင် ဧကရာဇ်မင်းက သူမကို သေချာပေါက် စွန့်ပစ်လိမ့်မည်။
နှမြောဖို့ကောင်းလိုက်တာ။ အဲ့ဒါက အရမ်း နီးစပ်ခဲ့တယ်။လုယွင်ရွှမ်းသည် အင်မတန်ကို မကျေမနပ်ဖြစ်မိသည်။
သူမသည် အိမ်ရှေ့မင်းသာထက် ပိုမြင့်မြတ်သောယောကျ်ားတစ်ယောက်က လုလျန့်ဝေအား ကာကွယ်ပေးခြင်းကို မမြင်ဖူးခဲ့ပေ။ ဒီအချိန်မှာတော့ သူမမြင်ခဲ့ရလိုက်ပြီး မနာလိုစိတ်ကြောင့်ပင် လောင်ကျွမ်းမတတ်ဖြစ်နေတော့သည်။