အခန်း (၃၁၃-၃၁၅)
Vol. 7 Ch. 3131-316
Chapter 313
လုလျန့်ဝေအား သေစေလောက်သော အကြည့်ဖြင့် ကြည့်ခြင်း။
လုယွင်ရွှမ်းသည် ထိခိုက်ဒဏ်ရာမရခဲ့သော လုလျန့်ဝေအား မုန်းတီးစိတ်ပျက်စွာဖြင့် ကြည့်နေခဲ့သော်လည်း အပြင်ပန်းတွင်တော့
“ငါအဆင်ပြေပါတယ်။ မင်းအန္တရာယ်ဖြစ်တော့မှာကို မြင်လိုက်ရတော့ လန့်သွားရုံပါပဲ။ ညီမလေးသာ အဆင်ပြေနေသ၍ အကုန်လုံးအဆင်ပြေပါတယ်။ အဲ့လိုမှမဟုတ်ရင် ဒီကိစ္စကို အဖွားတော်နဲ့ဖခင်ကို ဘယ်လိုရှင်းပြရမလဲ သိတော့မှာမဟုတ်ဘူး။”
ဟုပြောခဲ့သည်။
လုလျန့်ဝေသည် သူမအား အေးစက်စွာပင် ကြည့်လိုက်သည်။ ထိုအမျိုးသမီးသည် အလွန် သရုပ်ဆောင်ကောင်းတာ သေချာပေသည်။ ဒီကိစ္စကို လုယွင်ရွှမ်းက အဖွားတော်နဲ့ဖခင်ကို ဘာကြောင့်ရှင်းပြဖို့လိုမည်နည်း? လုယွင်ရွှမ်းက သူတို့၏ အဖွားတော်နှင့်ဖခင်သည် လုလျန့်ဝေအား လုယွင်ရွှမ်းထက်ပိုဂရုစိုက်ကြောင်းကို သူများတွေအား အသိပေးစေချင်တာလား။
“အစ်မကြီး၊ မင်းနောက်နေတာဖြစ်ရမယ်။ အကယ်၍ ကျွန်မတစ်ခုခုဖြစ်သွားခဲ့လျှင်တောင် အစ်မကြီးက အဖွားတော်နဲ့ဖခင်ကို ဘာမှရှင်းပြဖို့မလိုပါဘူး။ ဒါက အရှေ့နန်းတော်မဟုတ်ဘဲ ဧကရာဇ်ဥယျာဉ်ပါ။ အစ်မကြီးက အရမ်းတုန်လှုပ်သွားပြီး ကိုယ်ဘယ်မှာရောက်နေလဲဆိုတာတောင် မေ့သွားတဲ့ပုံပါပဲ။”
လုယွင်ရွှမ်းသည် သူမရဲ့အရှေ့မှ မိန်းခလေး၏ တောက်ပသောအပြုံးကို ကြည့်နေသည်။ သူမသည် သူမ၏ လက်ကိုင်ပုဝါကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး သူမ၏ ချွန်ထက်နေသော လက်သည်းဖြင့် ထိုမျက်နှာကို ကုတ်ခြစ်နိုင်ဖို့အတွက် သူမမှာရှိသောအရာအားလုံးရင်းပြီး ဆုတောင်းနေမိသည်။
သူမ၏ မျက်နှာပေါ်တွင် ထိန်းထားသောအပြုံးတွေတောင် ပျောက်ကွယ်လုနီးပါးပင်။
“ညီမလေး၊ မင်းက ဟာသတွေကို သဘောကျတတ်တာပဲ။ ဘယ်လောက်ပဲ စိတ်ရှုပ်ထွေးနေပါစေ ငါဘယ်မှာရှိနေလဲဆိုတာကိုတော့ ငါပြောနိုင်သေးပါတယ်။”
လုလျန့်ဝေသည် ခေါင်းငြိမ့်လိုက်ပြီး သူမနှင့် ဆက်မငြင်းခုံဖို့ ဆုံးဖြတ်လိုက်သည်။
“ကျွန်မအတွက်နဲ့ အစ်မစိတ်ပူသွားရတဲ့အတွက် စိတ်မကောင်းပါဘူး။ ဒါပေမဲ့ အစ်မကြီးရဲ့ ဖြူဖပ်ဖြူရော်ဖြစ်နေပုံက ကျွန်မကို စိတ်ပူစေတုန်းပဲ။ အစ်မကြီး နေလို့မကောင်းတာတစ်ခုခုများ ဖြစ်နေသလား?”
ထိုသို့ပြောလိုက်ပြီး သူမ၏လက်များကို လုယွင်ရွှမ်း၏ သွေးခုန်နှုန်းပေါ်သို့ ကျွမ်းကျင်စွာပင် နေရာယူလိုက်သည်။
“ကျွန်မ ဆေးပညာကို သင်ယူခဲ့တာ ရက်အနည်းငယ်ပဲရှိသေးပေမယ့် သွေးခုန်နှုန်းကိုတော့ ကျွန်မကောင်းကောင်း စမ်းသပ်တတ်ပါတယ်။ ကျွန်မ တစ်ချက်လောက် စမ်းသပ်ပေးပါရစေ၊ အစ်မကြီး။”
လုယွင်ရွှမ်းသည် ရွံရှာစွာပင် မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် လုလျန့်ဝေ၏ လက်များကို အဝေးသို့ ပုတ်ထုတ်လိုက်ချင်သော်လည်း အရှင်သခင်သည် သူတို့ကို ကြည့်နေခဲ့သည်။ အခြားသူများလည်း ရှိနေသည်။ ထို့ကြောင့် သူမသည် ရွံရှာနေသော်လည်း ရွေးချယ်စရာမရှိသည့်အတွက် လုလျန့်ဝေအား သူမ၏သွေးခုန်နှုန်းကို စမ်းသပ်ခွင့်ပြုလိုက်ရသည်။
လုယွင်ရွှမ်းက သူမ၏ စိတ်ထဲတွင် လှောင်ရယ်နေခဲ့သည်။ လုလျန့်ဝေသည် ဘာမှမဟုတ်သည့် ငတုံးတစ်ယောက်ပင်။ သူမက အလွန်ကိုပင် ရယ်စရာကောင်းသည်။ သူမသည် အရှင်သခင်ရဲ့ မျက်နှာသာပေးခြင်းကို လိုချင်လျှင်တောင်မှပင် ထိုမျှလောက်ကြီးမားသော မုသားကို ပြောဖို့မလိုပေ။
သူမလို ငတုံးတစ်ယောက်က ဆေးပညာတတ်သည်ဟုဆိုခြင်းမှာ ရယ်စရာကောင်းလှသည်။လုလျန့်ဝေသာ ဒီဟန်ဆောင်မှုကို အကြာကြီးမလုပ်ပါက ပိုကောင်းပေလိမ့်မည်။ သူမ၏ အလိမ်တွေသာ ပေါ်သွားခဲ့ပါက အရှင်သခင်၏ မနှစ်မြို့ခြင်းကို ရလိမ့်မည်ပင်။ ထိုကဲ့သို့ဖြစ်လာခဲ့လျှင် ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်မလဲ။
ထိုအကြောင်းကို တွေးမိချိန်မှာတော့ လုယွင်ရွှမ်းဟာ စိတ်အေးသွားတော့သည်။
“...အစ်မကြီး၊ အစ်မကြီးရဲ့ သွေးခုန်နှုန်းကနေတစ်ဆင့် ကိုယ်ဝန်ရှိနေတယ်လို့ ဘာလို့ကျွန်မစမ်းသပ်မိတာပါလိမ့်။”
ရုတ်တရက်ဆန်စွာပင် လုလျန့်ဝေ၏ တုံ့ဆိုင်းနေသောအသံသည် ထွက်ပေါ်လာခဲ့သည်။ လုယွင်ရွှမ်းသည် တုံ့ပြန်ဖို့ အနည်းငယ် တွန့်ဆုတ်သွားသည်။
လုလျန့်ဝေသည် သူမ၏ လက်တွေကို ရုတ်သိမ်းလိုက်ပြီး အပြုံးနှင့်ပင် ပြန်ဖြေလိုက်သည်
“ကျွန်မမှာ ကျွမ်းကျင်မှု မလုံလောက်သေးလို့ပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်မ မှားယွင်းပြီး စမ်းသပ်လိုက်တာဖြစ်နိုင်ပါတယ်။”
လုယွင်ရွှမ်းသည် နောက်ဆုံးမှာတော့ တုံ့ပြန့်နိုင်ခဲ့သည်။ သူမသည် လုလျန့်ဝေ၏ လက်ကို အလွန်ပျော်ရွှင်စွာဖြင့် ဆုပ်ကိုင်လိုက်သည်။
“ညီမလေး၊ အခုနဘာပြောလိုက်တာလဲ။ ငါ…ငါကိုယ်ဝန်ရှိနေတာလား?”
လုလျန့်ဝေသည် သူမထင်ခဲ့သလောက် မုန်းတီးဖို့မကောင်းသည်ကို ရုတ်တရက်ပင် သူမခံစားလိုက်ရသည်။ လုယွင်ရွှမ်းသည် သူတို့နှစ်ယောက်ကြားတွင် ဘာမှမဖြစ်ခဲ့သလိုပင် မျှော်လင့်ချက်အပြည့်ဖြင့် သူမကို ကြည့်နေသည်။
လုလျန့်ဝေသည် သူမ၏ ပျော်ရွှင်လွန်းနေသော မျက်နှာအမူအရာအား ကြည့်လိုက်သည်။ လုလျန့်ဝေသည် ဤသည်အား အရွဲ့တိုက်နေသည်ဟု ထင်မိသော်လည်း လေးနက်သော မျက်နှာထားကို ထိန်းထားလိုက်သည်။
“ကျွန်မပြောခဲ့သလိုပဲ ဒါဟာ ကျွန်မရဲ့ ကျွမ်းကျင်မှု မလုံလောက်သေးတဲ့အတွက်ကြောင့် မှားယွင်းတဲ့ ရောဂါလက္ခဏာကို ပေးခဲ့တာ ဖြစ်နိုင်ပါတယ်။ အစ်မကြီး၊ ရောဂါလက္ခဏာကို အတည်ပြုဖို့ ဧကရာဇ်ဆရာဝန်တစ်ယောက်ကို ဘာလို့ ဆင့်ခေါ်မကြည့်တာပါလဲ?”
“ရပါတယ်။ ညီမလေးက တော်တော်လေးပါရမီပါတယ်။ ရက်အနည်းငယ်လောက်သာ ဆေးပညာကို သင်ယူခဲ့ပေမယ့် ညီမလေးရဲ့ စစ်ဆေးချက်ကို ယုံကြည်ပါတယ်။ ငါ…ငါတစ်ကယ်ပဲ ကိုယ်ဝန်ရှိနေတာလား?”
ပြောနေရင်းနဲ့ပင် သူမ၏ လက်ချောင်းများသည် ဗိုက်ကို တို့ထိနေခဲ့သည်။ သူမ၏ မျက်နှာပေါ်တွင် စိတ်ထင့်လောက်စရာ ပျော်ရွှင်မှုကို မြင်တွေ့နေရသည်။
လုလျန့်ဝေသည် ထိုအချင်းအရာကို မြင်လိုက်ရသောအခါတွင် ထိုအရာကို မဖျက်ဆီးရက်တော့ပေ။
“ဟုတ်ပါတယ်။ ကျွန်မ မှားယွင်းပြီး စမ်းသပ်မိတာမဟုတ်ဘူးလို့ ယုံကြည်မိတယ်။ အကယ်၍ ကျွန်မသာ မမှားဘူးဆိုလျှင် အစ်မကြီးမှာ ကိုယ်ဝန်ဆောင်ထားရတာ တစ်လလောက်ရှိပါပြီ။ ဒါပေမယ့် အစ်မကြီးရဲ့ စိတ်ထဲမှာ ပူပန်စရာတွေအများကြီးရှိနေတယ်။ ထိုအရာတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကလေးကို မထိန်းသိမ်းနိုင်မှာ ကျွန်မစိုးရိမ်မိပါတယ်။”
လုယွင်ရွှမ်း၏ မျက်နှာပေါ်မှ ပျော်ရွှင်မှုတို့သည် ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ သူမသည် လုလျန့်ဝေအား သေစေလောက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
ဒီကောင်မက ဘာလို့ အရမ်းရက်စက်ရတာလဲ? လုလျန့်ဝေက ဘယ်လိုတောင် သူမ၏ ကလေးကို ကျိန်ဆဲဝံ့တာလဲ?
Chapter 314: အကယ်၍ သူတစ်ကယ်ပဲ ကလေးလိုချင်ခဲ့လျှင် ဝေဝေက သူ့အတွက် မွေးပေးနိုင်ပါသည်။
ဟုန်ရှို့သာ သူမ၏ လက်မောင်းကို တင်းတင်းကြပ်ကြပ် မဆုပ်ကိုင်ထားခဲ့လျှင် လုယွင်ရွှမ်းသည် ချက်ချင်းပင် လုလျန့်ဝေအား ပစ်ချလိုက်ပြီး သူမ၏ မျက်နှာကို ကုတ်ခြစ်မိလိမ့်မည်။
အဲ့ဒီသောက်ကောင်မ။ လုယွင်ရွှမ်းအတွက် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရသော ဒီကလေးကို သူမသည် ဘယ်လိုတောင် ကျိန်ဆဲရဲရတာလဲ?
လုလျန့်ဝေဆီမှာ ဘယ်လိုမကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာလဲ?
လုယွင်ရွှမ်း၏ မျက်လုံးထဲမှ ရက်စက်မုန်းတီးမှုတွေသည် ဖုံးကွယ်လို့ပင် မရနိုင်ပေ။
သူမသည် လုလျန့်ဝေအား သေစေလောက်သော အကြည့်ဖြင့်ကြည့်လိုက်သည်။ သူမ၏ အသံသည် ပြတ်သားလွန်းနေသည်။
“လုလျန့်ဝေ၊ မင်းရဲ့ အဓိပ္ပာယ်မရှိတာတဲ့စကားတွေကို ရပ်လိုက်ပါ။ ဧကရာဇ်မင်းဆက်ကို ကျိန်ဆဲခြင်းဟာ ခေါင်းဖြတ်ခံရနိုင်တဲ့ အပြစ်ဒဏ်ဖြစ်တယ်။ မင်းရဲ့အဖွားတော်နဲ့ဖခင်က မင်းကိုကာကွယ်ပေးနေလို့ ဒီလိုမျိုး ရယ်စရာစကားတွေကို ပြောလို့ရနိုင်တယ်လို့ မထင်လိုက်ပါနဲ့။ ဒါက အိမ်ရှေ့မင်းသားရဲ့ ပထမဆုံးကလေးပါ။ ဒါက ဘယ်လောက်တောင် အရေးကြီးလဲဆိုတာ မင်းသိရဲ့လား?”
လုလျန့်ဝေသည် သူမအစ်မ၏ စကားလုံးများကြောင့် ထိတ်လန့်သွားမိပြီး နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။ သူမသည် တွေးတွေးဆဆပင် ပြောလိုက်သည်။
“အစ်မကြီး၊ မင်းက တစ်ကယ်ကို ကြောက်ဖို့ကောင်းတယ်။ ကျွန်မက အဓိပ္ပာယ်မရှိတာတွေကို ပြောနေတာမဟုတ်ဘူး။ မင်းပဲ ကျွန်မရဲ့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုကို ယုံကြည်တယ်လို့ ပြောခဲ့တယ်မလား? ကျွန်မအမှန်တိုင်းပြောမိလို့ စိတ်မကောင်းဖြစ်နေတာလား? မင်းက ကျွန်မတစ်ကိုယ်လုံးကို ဝါးမြိုတော့မယ့်ပုံပေါက်နေတယ်။”
လုယွင်ရွှမ်း၏ ရင်ဘက်သည် လေးလံနေသည်။ ဒီကိစ္စကြောင့် သူမတော်တော်လေး ဒေါသထွက်နေရတာ ရှင်းပါသည်။
“ဒီမှာ အဓိပ္ပာယ်မရှိတာတွေကို ပြောနေတဲ့သူက မင်းပဲလို့ငါထင်တယ်၊ အိမ်ရှေ့စံမင်းသမီး။”
ကြောက်မက်ဖွယ်ကောင်းလောက်သော လူတစ်ယောက်၏ အသံသည် လုယွင်ရွှမ်းပြောမည့် စကားလုံးတွေကို ကြားဖြတ်ပြီး ပြောလာခဲ့သည်။
လုယွင်ရွှမ်းသည် ထိတ်လန့်သွားခဲ့ပြီး သူမ၏ကျောဖက်မှ ချွေးတွေနဲ့စိုစွတ်လာသည်ကို ခံစားလိုက်ရသည်။
ထိုတဒင်္ဂလေးမှာပင် သူမသည် သူမ၏ဆင်ခြင်တုံတရားကို ပြန်ကပ်ထားရသည်။
သူမသည် ချက်ချင်းပင် ဒူးထောက်ချလိုက်သည်။
“ဧကရာဇ်မင်းဆက်အတွက် စိုးရိမ်မိသွားပြီး စိတ်လှုပ်ရှားမိသွားလို့ မပြောသင့်တဲ့ စကားတွေကို ပြောလိုက်မိပါတယ်။ ကျွန်တော်မျိုးမကို ပေးတဲ့ အပြစ်ဒဏ်တိုင်းကို ကျွန်တော်မျိုးမ လက်ခံပါမယ်၊ အရှင်မင်းကြီး။”
သူမ ဘယ်လောက်ပင် စိတ်လှုပ်ရှားနေပါစေ ဒါတွေအားလုံးသည် ဝမ်းဗိုက်ထဲမှ သူမ၏ ကလေးကြောင့်သာဖြစ်သည်။ အဲ့ဒီထဲမှာ ဧကရာဇ်မင်းဆက်ရှိနေပြီး အရှင်မင်းမြတ်သည် သူမနဲ့ပတ်သက်ပြီး စိတ်တိုစရာကိစ္စရှိလာခဲ့လျှင်တောင် သူမကို လုံးဝအပြစ်ပေးမည်မဟုတ်ပေ။
သူမတွင် ကိုယ်ဝန်ရှိနေသည်ကို သူမအခိုင်အမာပင် ယုံကြည်နေသည်။
သူမ၏ ရာသီလာချိန်သည်လည်း ရက်အတော်ကြာ နောက်ကျနေခဲ့သောကြောင့်ဖြစ်သည်။ ချန်ချီးယီ ၏ ဟာသတွေကြောင့်သာ မဟုတ်လျှင် သူမသည် ဒီကိစ္စကို မေ့မည်မဟုတ်ပေ။
အခု သူမသည် ကိုယ်ဝန်ရှိနေခဲ့ပြီး သူမဝမ်းဗိုက်ထဲက ကလေးမှာ သူမ၏ အကောင်းဆုံးအကာအကွယ်ပင် ဖြစ်သည်။
အရှင်ဘုရင်သည် ဧကရာဇ်မင်းဆက်အတွက်ကြောင့် သူမကို အမှန်တစ်ကယ်အပြစ်ပေးတော့မည်မဟုတ်ပေ။
သူမသည် ဒါနဲ့ပတ်သက်ပြီး ယုံကြည်မှုရှိနေသည်။
“အိမ်ရှေ့စံမင်းသမီး၊ မင်းက စိတ်ပူနေတဲ့အတွက် မှားသော စကားကိုရွေးချယ်မိခဲ့တာကြောင့် မင်းကို အပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ပေးမယ်။ ဒါပေမဲ့ အိမ်ရှေ့စံမင်းသမီး၊ မင်းက အခြားသူတွေအတွက် စံနမူနာတစ်ခု ဖြစ်နေသင့်ပေမယ့်လည်း အခုမင်းရဲ့စကားလုံးနှင့် အပြုအမူတွေက ဧကရာဇ်မိသားစုဝင်တစ်ဦးအနေနဲ့ မသင့်တော်ကြောင်းကို သက်သေပြနေတယ်။ ဒီမှာရှိနေတဲ့လူတိုင်းက သက်သေဖြစ်ပြီး အကယ်၍ မင်းကို ကိုယ်တော်က အပြစ်မပေးလျှင် လူထုကို မင်းအပြစ်အတွက် ခွင့်လွှတ်ပေးဖို့ နားချရလိမ့်မယ်။ ဒီမှာပဲ ဆက်ပြီးတော့ ဒူးထောက်နေပါ၊ အိမ်ရှေ့စံမင်းသမီး။ မင်းရဲ့လုပ်ရပ်ကိုလည်း ပြန်ဆင်ခြင်ပါ။ မင်းနောင်တရပြီဆိုတာနဲ့ မတ်တပ်ရပ်နိုင်ပါပြီ။”
လုယွင်ရွှမ်းသည် လုံယန်၏ စကားများအား မယုံကြည်နိုင်စွာဖြင့် ခေါင်း မော့ထားမိသည်။
သူမရဲ့ကိုယ်ထဲမှာ ကလေးတစ်ယောက်ရှိနေသည်။ သူသည် ဘယ်လိုတောင် သူမကို ဒူးထောက်ဖို့ ခိုင်းစေနိုင်သနည်း?
ထိုသို့ဆိုလျှင် သူသည် သူမကို သင်ခန်းစာပေးနေပြီးတော့ သူမကို အပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပေးသည်ဟုပြောခြင်းမှာ ဘာကို ဆိုလိုပါသနည်း?
အရှင်ဘုရင်၏ အကြီးမားဆုံး အပြစ်ဒဏ်သည် သူမကို လူကြားထဲတွင် ဒူးထောက်စေပြီး နောင်တရစေဖို့ဖြစ်သည်။ ဒီနောက်မှာ လူတွေနှင့် ရင်ဆိုင်ရန်အတွက် သူမ၏ဂုဏ်သိက္ခာသည် ဘယ်လိုလုပ်ရှိနိုင်တော့မည်နည်း။
လုယွင်ရွမ်း၏ ယုံကြည်မှုသည် အခုတွင်တော့ တုန်လှုပ်မှုတို့ဖြင့် အစားထိုးသွားသည်။
လုံယန်သည် သူမကို ကြည့်တောင်မကြည့်ပေ။ ထိုအခြေအနေမှာ သူသတိပြုလိုက်မိတာသည်က အိမ်ရှေ့စံမင်းသမီးသည် သူ၏အနာဂတ် ဧကရာဇ်မင်းသမီးကို မကောင်းမြင်စိတ်အပြည့်ရှိနေသည်။
ဒါဆို အကယ်၍ လုယွင်ရွမ်းမှာ တစ်ကယ်ကလေးရှိခဲ့မည်ဆိုလျှင်ရော? သူ့မတွင် မြေးတွေရှိနေလျှင်ပင် ဂရုမစိုက်ပေ။ အကယ်၍ သူတစ်ကယ်ပဲ ကလေးလိုချင်ခဲ့လျှင်တောင် ဝေဝေက သူ့အတွက် မွေးပေးနိုင်ပါသည်။
လုယွင်ရွှမ်းသည် သူမကိုယ်သူမ ဂုဏ်ယူလွန်းနေခဲ့သည်!
သူသည် လုလျန့်ဝေဆီသို့ ချဥ်းကပ်လိုက်ပြီး သူမသရုပ်ဆောင်နေသည်ကို ရယ်မြူးစွာပင် ကြည့်နေခဲ့သည်။
လုလျန့်ဝေသည် မြေကြီးပေါ်တွင် ဒူးထောက်နေသော လုယွင်ရွှမ်းကို ကိုယ်ချင်းစာသောအကြည့်ဖြင့် ကြည့်လိုက်သည်။
သူမသည် သူမကိုယ်ဝန်ရှိခြင်းကို သူမ၏ကာကွယ်မှု အာမခံချက်ဟု ထင်နေပေသည်။
လုလျန့်ဝေသည် လုယွင်ရွှမ်း၏ ယုံကြည်ချက်တို့ ဘယ်ကရလာသည်ကို အံ့အားသင့်နေမိသည်။
သူမသည် ပူပန်နေသော အကြည့်ဖြင့် လုံယန်အား ကြည့်လိုက်ပြီးနောက် လုယွင်ရွှမ်းအား ကြည့်ရန် တစ်ဖန်ပြန်လှည့်လိုက်သည်။
လုယွင်ရွှမ်းက ဒါကို သတိထားမိလိုက်ပြီး လုလျန့်ဝေသည် သူမကိုယ်စား သက်ညှာပေးဖို့အတွက် အသနားခံပေးလိမ့်မည်ဟု ထင်မိသည်။ လုယွင်ရွှမ်းသည် စိတ်သက်သာရလိုက်ပြီးနောက် သူမ၏ မာန်မာနကို တစ်ဖန်ပြန်ခံစားမိလိုက်သည်။
လုလျန့်ဝေသည် သူမကို စွန့်ပစ်နိုင်မည်မဟုတ်သည်ကို သူမသိသည်။ လုလျန့်ဝေသည် သေချာပေါက် သူမကိုယ်စား သက်ညှာပေးဖို့ အသနားခံပေးလိမ့်မည်မှာ သေချာသည်။
လုလျန့်ဝေသည် လုယွင်ရွှမ်း၏ မျက်နှာပေါ်မှ ယုံကြည်ချက်ရှိနေပုံကို တွေ့လိုက်ရသောအခါ အတော်လေးရယ်စရာကောင်းသည်ဟု ထင်မိသော်လည်း သူမ၏ မျက်နှာထက်တွင်တော့ ရယ်မောခြင်းအစား ဝမ်းနည်းဖွယ်ကောင်းနေသည် အမူအယာပင် ပေါ်နေလေသည်။
“အစ်မကြီး၊ ကျွန်မစကားကို နားမထောင်ချင်ရင်တောင်မှ မင်းကိုစစ်ဆေးဖို့အတွက် ဧကရာဇ်ဆရာဝန်တစ်ယောက်ကို အမြန်ဆုံးပင့်ခေါ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဖြစ်နိုင်တာက ဧကရာဇ်ဆရာဝန်က ပိုပြီးကျွမ်းကျင်တယ်ဆိုတော့ အစ်မရဲ့ကလေးကို ထိန်းသိမ်းဖို့အတွက် နည်းလမ်းတစ်ခုတော့ တွေ့နိုင်ပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင် နောက်ငါးရက်အတွင်းမှာပဲ အစ်မရဲ့ ကိုယ်ဝန်က ပျက်ကျသွားမှာကို ကျွန်မစိုးရိမ်မိပါတယ်
။”
Chapter 315
လုံယန်၏ စိတ်ချရမှု။
လုယွင်ရွှမ်းသည် ထိုစကားလုံးများအား စိတ်တိုလွန်း၍ သူမ၏ မျက်နှာသည်ပင် စိမ်းကားလာခဲ့သည်။ သူမသည် အံ့ကြိတ်ထားလိုက်ပြီး သူမ၏ ခံစားချက်တွေကို ဖုံးကွယ်နိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေလေသည်။
“အစ်မမင်းကို အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပါတယ် ညီမလေး။ ဘာလို့များ အစ်မရဲ့ကလေးကို ထပ်ခါတစ်လဲလဲ ကျိန်ဆဲနေရတာလဲ? မင်းက အိမ်ရှေ့မင်းသားနဲ့ အစ်မလက်ထပ်ခဲ့တာကို လက်မလွတ်နိုင်ဖြစ်နေသေးတာကို အစ်မနားလည်ပေမယ့် ကလေးကတော့ အပြစ်ကင်းပါတယ်။ မင်းမကျေနပ်တာတစ်ခုခုရှိနေရင် ကလေးအစား ငါ့ဆီကိုပဲလာခဲ့ပါ။”
သူမစကားဆုံးသွားသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးသည် ခြောက်ခြားဖွယ် တိတ်ဆိတ်သွားလေသည်။
ရှိနေသောသူအားလုံးသည်လည်း လုလျန့်ဝေသည် အိမ်ရှေ့မင်းသားအား ဘယ်လိုပင် ကပ်တွယ်ခဲ့သည်ကို ကောင်းကောင်းသိထားကြသည်။ အခုလုယွင်ရွှမ်းသည် ထိုအချက်ကို ထောက်ပြလိုက်၍ လူတိုင်း၏ အကြည့်များသည် လုလျန့်ဝေအပေါ်တွင် အနည်းငယ်စိမ်းသက်သွားကြသည်။
လုလျန့်ဝေက လုယွင်ရွှမ်၏ ဝမ်းဗိုက်ထဲမှ ကလေးကို ကျိန်ဆဲနေခဲ့ခြင်းမှာ အိမ်ရှေ့မင်းသားက သူမအား လက်မထပ်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သလား?
အကယ်၍ ထိုအရာသည်သာ အမှန်ဖြစ်ခဲ့လျှင် လုလျန့်ဝေ၏ နှလုံးသားသည် အတော်ပင် ကောက်ကျစ်လွန်းလှသည်။
ဒါ့အပြင် အရှင်ဘုရင်က သူမကို လွှတ်ပေးထားမည်လား?
အရှင်ဘုရင်သည် သူ၏အနာဂတ် ဧကရာဇ်မင်းသမီးက အိမ်ရှေ့မင်းသားအကြောင်းကိုသာ ဆက်စဥ်းစားနေမည်ဆိုလျှင် ဘာမှမလုပ်ဘဲ လက်ခံပေးမည်လား?
ခဏလေးအတွင်းမှာပင် ခေါင်းဆောင်ဖြစ်သူ သဲ့ဖေးသည် ရုတ်ရက်စိတ်လှုပ်ရှားလာသည်။
အရှင်ဘုရင်သည် လုလျန့်ဝေကို ကာကွယ်ချင်ခဲ့၍ ကိုယ်လုပ်တော်ကိုပင် တွန့်ဆုတ်ခြင်းမရှိဘဲ အဝေးသို့ ကန်ထုတ်ခဲ့သည်။ ထိုရက်စက်လှသော မြင်ကွင်းသည် လူတိုင်း၏စိတ်ထဲတွင် ထင်ကျန်နေတုန်းပင်ဖြစ်သည်။
အကယ်၍ လုလျန့်ဝေသာ အမှန်တစ်ကယ် နန်းတော်သို့ ဝင်ရောက်လာခဲ့ပါက သူတို့ဆက်ရှင်သန်နိုင်မည်လား?
သဲ့ဖေးသည် သူမ၏ လက်ထဲတွင်ရှိသော လက်ကိုင်ပုဝါကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။ သူမ၏ နှလုံးသားဟာ ထိတ်လန့်မှုနဲ့ စိတ်ဓာတ်ကျမှုတို့ဖြင့် အေးစက်သွားသည်။
အရှင်ဘုရင်သည် လုလျန့်ဝေအား လွန်စွာပင် ဂရုစိုက်သည်။
လုလျန့်ဝေအား မကောင်းတာတစ်ခုခု ကြံစည်ဖို့အတွက် အခွင့်အရေးမရခဲ့သဖြင့် သူမ ကံမကောင်းသလို ခံစားရသည်။ ထိုသို့မဟုတ်လျှင် ကိုယ်လုပ်တော်၏ ကံကြမ္မာနှင့် ရင်ဆိုင်ရတော့မည့်သူမှာ သူမပင်ဖြစ်သည်။
ထိုနည်းဖြင့် အဆုံးသတ်နိုင်သည့် ဖြစ်နိုင်ချေကို စဥ်းစားမိပြီးနောက်တွင် အရင်ကသူမအတွေးများအားလုံးသည် ပျောက်ကွယ်သွားခဲ့သည်။
အခုချိန်တွင် သူမသည် လုလျန့်ဝေနောက်သို့ လိုက်ဖမ်းခြင်းဟာ လွယ်ကူတဲ့အလုပ်ဟု မမြင်တော့ပေ။
အခု လုယွင်ရွှမ်းသည် လုလျန့်ဝေနှင့် ရင်ဆိုင်ခဲ့သည်ကို သူမတွေ့ခဲ့လိုက်ရပြီးနောက် သူမမကူညီနိုင်ခဲ့သော်လည်း လုယွင်ရွှမ်းအတွက် သူမ၏ နှလုံးသားတွင် လက်ခုပ်တီးအားပေးနေမိသည်။
တစ်ကယ်တော့ ထိုအိမ်ရှေ့စံမင်းသမီးသည် လုံးဝမိုက်မဲသူတစ်ယောက် မဟုတ်ပေ။ သူမသည် လုလျန့်ဝေအား အပြင်းထန်ဆုံး နာကျင်အောင် လုပ်နိုင်မည့် နေရာကို သူမသိသည်။
အိမ်ရှေ့စံမင်းသားတောင် မလိုချင်ခဲ့သော မိန်းကလေးတစ်ယောက်က တစ်ကယ်တမ်းတွင် အရှင်ဘုရင်နှင့် လက်ထပ်ဖို့အတွက်မှာ အလွန်ပင် မျက်နှာပြောင်တိုက်လွန်းသည်။ သူမက ဘယ်လိုလုပ်ပြီး ဧကရီလို ဂုဏ်ထူးတန်းကိုတောင် လိုချင်နေရတာလဲ?
အရှင်ဘုရင်သည် လုလျန့်ဝေအား မည်မျှပင် ကြိုက်နှစ်သက်နေပါစေ အရေးမကြီးပေ။ သူသည်လည်း ထိုကိစ္စအား ဘယ်လိုများ မစိုးရိမ်ဘဲ နေနိုင်မည်နည်း?
တစ်ကယ်တော့ လုလျန့်ဝေသည် အရင်က အိမ်ရှေ့စံမင်းသားအား စွဲစွဲလမ်းလမ်းပင် ဖြစ်ခဲ့သည်။ သူသည် အရှင်ဘုရင်၏ တူတော်ဖြစ်ပြီး အဆိုးဆုံးကတော့ လုလျန့်ဝေက အိမ်ရှေ့စံမင်းသားအား လုံးဝလက်မလျှော့နိုင်သေးပေ။
ဒါကို တွေးနေချိန်တွင် သူမသည် လုံယန်၏မျက်နှာအမူအရာအား မျှော်လင့်စွာဖြင့် ကြည့်လိုက်သည်။ သူမ မျှော်လင့်သည်က ထိုသူ၏မျက်နှာတွင် စိတ်ပျက်မှု သို့မဟုတ် ဒေါသဖြစ်သည်ကို မြင်ရဖို့ဖြစ်သည်။ ထိုသူ လုလျန့်ဝေကို နန်းတော်ကနေ မောင်းထုတ်လိုက်ပြီး သူတို့၏ လက်ထပ်ပွဲကို ဖျက်ရန်အတွက် အမိန့်ကို ချက်ချင်းပေးလိုက်လျှင် ပိုကောင်းပါလိမ့်မည်။
ကျောက်ချန်သည်လည်း သူ့ရဲ့အရှင်သခင်ကို ကြည့်နေသည်။
လုယွင်ရွှမ်း၏ စကားလုံးတွေကို ကြားလိုက်ရပြီးနောက်မှာတော့ ကျောက်ချန်သည်လည်း စိတ်ပူနေခဲ့သည်။ သူသည် သူ၏ အရှင်သခင် ဒေါသထွက်သွားမည်ကို အလွန်ပင် စိုးရိမ်နေမိသည်။ သို့သော်လည်း သူ့ရဲ့ အရှင်သခင်သည် ဂရုမစိုက်သော မျက်နှာမျိုးဖြစ်နေလေသည်။ သူ၏ အရှင်သခင်သည် ပျော်နေသည်လား၊ ဒေါသထွက်နေသည်လား သူမပြောနိုင်သော်လည်း လုယွင်ရွှမ်းရဲ့ လှည့်စားမှုတွေက သူ့ကို သက်ရောက်မှု မရှိခဲ့ပုံပင်။ ကျောက်ချန်သည် တိတ်တိတ်ကလေး သက်ပြင်းချလိုက်သည်။
အိမ်ရှေ့မင်းသမီးသည် တစ်ကယ်ကိုပင် ထူးခြားသည်။ ဒီလိုအရာတွေကို ပြောရတဲ့ သူမ၏ ရည်ရွယ်ချက်တွေက ဘာလဲ? သူ၏ အရှင်သခင်နှင့် ဒုတိယသခင်မလေးလုကြားမှာ ပဋိပက္ခတွေ ဖြစ်အောင် ကြိုးစားနေတာလား? ဆိုးယုတ်လိုက်တဲ့ အမျိုးသမီးပဲ။
ကျောက်ချန်သည် စိတ်တိုတိုနှင့် တွေးမိပြီး လုလျန့်ဝေအား လှည့်ကြည့်လိုက်သည်။
လုယွင်ရွှမ်းမျှော်လင့်ထားသကဲ့သို့ လုလျန်ဝေသည် ဒီလိုအရှက်ရစေခြင်းကနေ ဒေါသတကြီးထွက်မလာခဲ့ပေ။ သူမရဲ့မျက်နှာဟာ တော်တော်လေး ပေါ့ပေါ့ပါးပါးပါပင် ဖြစ်နေသည်။ သူမ၏ လှပတဲ့ မျက်လုံးတောက်တောက်လေးထဲမှာတောင်မှ အေးစက်သော အလင်းတန်းတွေရှိနေသည်။
“အစ်မကြီး၊ မင်းဟာ ဂုဏ်သရေရှိတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ နှလုံးသားကို မင်းရဲ့ ယုတ်မာတဲ့ စိတ်နဲ့ တိုင်းတာနေတာကို သိလိုက်ရတာဟာ စိတ်ပျက်ဖို့ကောင်းလှတယ်။ ဧကရာဇ်ဆရာဝန်က မင်းရဲ့ကျန်းမာရေးအခြေအနေကို မှန်မှန်ကန်ကန် စစ်ဆေးပေးနိုင်ပါလိမ့်မယ်။ ကျွန်မရဲ့ဂုဏ်သိက္ခာကိုတော့ ဒီလိုနည်းလမ်းနဲ့ ထိခိုက်စရာမလိုပါဘူး။”
လုံယန်က ကျောက်ချန်ကို ကြည့်လိုက်တော့ ကျောက်ချန်သည် ချက်ချင်းသဘောပေါက်ကာ ပြောလိုက်သည်။
“ဒီနှိမ့်ကျတဲ့ အစေခံဟာ အိမ်ရှေ့စံမင်းသမီးကို စစ်ဆေးဖို့အတွက် ဧကရာဇ်ဆရာဝန်ကို ချက်ချင်းခေါ်လာပါ့မယ်။ တစ်ကယ်လို့ ကျန်းမာရေးပြသနာရှိနေခဲ့ရင် မနှောင့်နှေးသင့်ပါဘူး။”
ထိုသို့ပြောပြီးနောက် သူသည် ဧကရာဇ်ဆေးရုံသို့ ထွက်သွားခဲ့သည်။
ကျောက်ချန်သည် လုယွင်ရွှမ်းအား စိတ်ပူနေပုံရသာ်လည်း သူမရဲ့ခြေထောက်တွေ ပြန်မတ်တပ်ရပ်နိုင်ဖို့အတွက် ကူညီဖို့ကိုတော့ သူမေ့သွားပုံရသည်။
လုယွင်ရွှမ်းသည် သွေးအန်ထုတ်လုနီးပါး ဒေါသထွက်သွားခဲ့သည်။ သို့သော်လည်း အရှင်ဘုရင်၏ ခွင့်ပြုချက်မရဘဲ သူမကိုယ်တိုင် ပြန်မတ်တပ်ရပ်ဖို့တော့ သူမ မလုပ်ရဲပေ။
သူမသည် လုလျန့်ဝေကို ကြည့်၍ စတင်ငိုကြွေးလိုက်သည်။
“ညီမလေး၊ ကျေးဇူးပြုပြီး စိတ်မဆိုးလိုက်ပါနဲ့။ အစ်မမင်းကို နားလည်မှုလွဲခဲ့ရင် အစ်မသေချာပေါက် တောင်းပန်ပါ့မယ်။”
သူမ၏အမြင်မှာတော့ လုလျန့်ဝေသည် သူမ၏ ကလေးအား တမင်တကာ ကျိန်ဆဲနေတာပင်။ ဧကရာဇ်ဆရာဝန်သာ ရောက်လာခဲ့ပါက လုလျန့်ဝေ၌ ပြောစရာပင် မရှိနိုင်လောက်တော့။