← Chapters

အခန်း (၃၁၆-၃၁၈)

Vol. 7 Ch. 316-319

အခန်း (၃၁၆-၃၁၈)

Vol. 7 Ch. 316-319

Chapter 316

အရှင့်သားက ဘာလို့ လုလျန့်ဝေအပေါ် ဒီလောက်နာခံနေရတာ လဲ။

“အစ်မကြီး အမှန်အတိုင်းပြောနေတာဆိုရင်တော့ ကျွန်မဒီနေရာမှာပဲ စောင့်နေလိုက်ပါ့ မယ်။ နန်းတွင်းသမားတော်ဆီမှာ ကျွန်မ ပေးထားတဲ့ဆေးမှတ်တမ်းရှိတယ်ဆိုရင် ရှင်ပြောထားတဲ့အတိုင်း ကျွန်မကို ပြန်တောင်းပန်ရမယ်”

လုလျန့်ဝေက ပြောလိုက်သည်။

သူမထိုသို့ပြောပြီးသည်နှင့် အစေခံတစ်ယောက်သည် ချက်ချင်း ထိုင်ခုံတစ်လုံးအား ယူဆောင်လာလေသည်။

လုလျန့်ဝေလည်း သူမ၏ပျူငှါမှုကို လျစ်လျူရှုမနေပဲ ထိုင်ခုံတွင်အားရပါးရ ၀င်ထိုင်လိုက်သည်။

လုံယန်သည်လည်း ဘာတစ်ခွန်းမှမပြောပဲ အခြား ခုံတစ်ခုံ၌ ၀င်ထိုင်လေသည်။

အစေခံတွေများသည် သူတို့နှစ်ဦးအား လက်ဖက်ရည်နှင့်မုန့်များချပေးလာသည်။

လုလျန့်ဝေသည် သူမရှေ့ရှိ နေကြာစေ့နှင့် သစ်သီးတွေကိုကြည့်ကာ လုံယန်အား လှည့်မေးလိုက်သည်။

လုံယန်က သူမအား ရယ်ချင်နေသောမျက်နှာဖြင့် ကြည့်ကာ

“မင်းရှေ့တောင်ရောက်နေပြီကို ဘာတွေစဉ်းစားနေသေးတာလဲ။”

လုလျန့်ဝေသည် ပြုံး၍ နေကြာစေ့လက်တစ်ဆုပ်စာယူလျက် သူမဘေး၌ဘယ်သူမှမရှိသလို မှတ်ယူကာ အခွံခွာစားနေတော့သည်။

လုယွင်ရွှမ်းလည်း တုံ့ဆိုင်းမနေပဲ ၀တ်ရုံလက် ကိုမြှောက်လျက် သူမနှင့်အတူ ပူးပေါင်း ပါ၀င်လာသည်။ သူမနှလုံးသားထဲတွင်တော့ လုလျန့်ဝေကို လှောင်ရယ်နေလျက်ရှိသည်။ ကိစ္စတွေအကုန်ပေါ်ကုန်ရင် လုလျန့်ဝေ ဘယ်လိုလုပ်မလဲဆိုတာ သူမမြင်ချင်သေးသည်။

လုလျန့်ဝေကို အရှင့်သားစိတ်ပျက်သွားမည်အား ကြိုတွေးရင်း သူမနှလုံးသားထဲ၌ ပျော်ရွှင်မှုတွေဖြင့် ပြည့်နှက်သွားတော့သည်။

ရုတ်တရက် ဟုန်ရှို့ကအနားကပ်ကာ တစ်ခုခုပြောလာသည်။

လုယွင်ရွှမ်း ခေါင်းမော့ကာကြည့်လိုက်တော့ အမှန်ပင် လုံချီက လုံယန့်ထံလျှောက်လာသည်ကို မြင်လိုက်ရသည်။

လုံယန်သည် သူ့အား အေးဆေးတည်ငြိမ်စွာ ကြည့်၍

လုံချီထရပ်လိုက်ရင်း သူ့မျက်လုံးတွေမှာတော့ လုံယန်ဘေး၌ထိုင်နေသည့် ကောင်မလေးထံ ရောက်သွားလေသည်။ လုံချီ မျက်မှောင်ကြုတ်သွား ရသည်။ သို့သော် မျက်နှာအမူအရာအား အမြန်ပြန်ပြင်လိုက်ကာ သူ့ဘေးရှိ လုယွင်ရွှမ်း ကိုကြည့်လိုက်သည်။

လုံချီ သူမအားကြည့်နေတာမြင်တော့ လုယွင်ရွှမ်း ထိတ်လန့်သွားပြီး

“အရှင့်သား၊ ကျွန်မမှာ ကိုယ်၀န်ရှိနေတာပါ၊ ဝေ့ဝေ့က ကျွန်မကို အဲ့တာမှားနေတယ်ဆိုပြီး စွပ်စွဲနေလို့…”

လုံချီ ထိုအကြောင်းကိုကြားတော့ သူလုံး၀ အံ့ဩသွားရသည်။ သူ၏ချောမောသည့် မျက်နှာထက်၌ ပျော်ရွှင်သည့်အရိပ်အယောင် လေးဖြတ်ပြေးသွားလေသည်။ ရုတ်တရက် သူတစ်စုံတစ်ရာကို တွေးမိသွားကာ အကြည့် တွေအား လုလျန့်ဝေထံ ပြန်ပို့လိုက်သည်။

လုလျန့်ဝေကတော့ သူ့အားတစ်ချက်တောင် ပြန်မကြည့်ပဲ သူမရှေ့ရှိမုန့်တွေကိုသာ ထိုင်စားနေလေသည်။

လုံယန်သည် လက်ဖက်ရည်ခွက်ကို မ ကာ တစ်ငုံသောက်လိုက်သည်။ သူ့မျက်နှာထက်၌ ယခင်နှင့်ကွဲပြားသော အမူအရာတစ်ခုရှိနေသည်။ သို့သော် ထိုသည်မှာ ပျော်နေသည်လား ဒေါသထွက်နေသည်လားတော့ မည်သူမှမပြောနိုင်ချေ။

ထို့နောက် သူ နောက်တစ်ငုံထပ်သောက်ရန် ပြင်ချိန်တွင် ဘေးမှသွယ်လျသော လက်တစ်ဖက် ထွက်လာကာ ခွက်ကိုဆွဲယူလိုက်သည်။

လုံယန်လှည့်ကြည့်လိုက်တော့ ထိုမိန်းမငယ်လေး၏ မျက်နှာထက်၌ သဘောမကျကြောင်းပြ‌နေသော အကြည့် တစ်ခုနှင့် ရင်‌ဆိုင်လိုက်ရသည်။

“အရှင်၊ ဒီနိမ့်ကျတဲ့အစေခံ အရင်က အရှင့်ကို ပြောခဲ့ဖူးတဲ့စကားကို မှတ်မိပါရဲ့လား”

Chapter 317

ဧကရာဇ်၏ နှစ်သက်ကြောင်းပြသသော အပြုအမူ

ထိုမိန်းကလေး၏မျက်နှာထက်ရှိ တည်ငြိမ် လေးနက်သောအကြည့်ကို မြင်လိုက်ရချိန်၌ လုံယန်၏နှလုံးသားထဲရှိ မသက်မသာဖြစ်မှုတွေဟာ ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွားရသည်။ သူ၏အေးစက်ပြီးခြိမ်းခြောက်လိုဟန် အပြည့်ရှိသော မျက်လုံးတစ်စုံအတွင်း၌ ယခုတွင် ညင်သာမှုလေးတစ်စဖြတ်ပြေးသွားသည်။

“ကိုယ်မမေ့ပါဘူး။ မှတ်မိပါသေးတယ်”

လုလျန့်ဝေ မျက်မှောင်ကြုတ်လိုက်ပြီး သူမမျက်နှာထက်တွင်တော့ ခက်ထန်သော အကြည့်တစ်ခုရှိနေသည်။

“တကယ်မှတ်မိတာရော ဟုတ်လို့လား။ ဦးနှောက်ထဲတောင် ထည့်မထားတဲ့ပုံပေါ်နေတယ်”

အပြင်လူတွေသာရှိမနေလျှင် သူမ သူ့ကို သင်ခန်းစာပေးလိုက်ပြီဖြစ်သည်။

ထိုသူ့ခန္ဓာကိုယ်ထဲရှိအဆိပ်မှာ သန့်စင်ပြီး ဖြစ်သော်လည်း ပြန်လည်ထူထောင်ဆဲကာလ တွင်သာရှိသေးသည်။ နေ့တိုင်း တိုင်းရင်းဆေးသောက်နေရတဲ့အချိန်မှာ သူကလက်ဖက်ရည်သောက်နိုင်သေးတယ် လား။

ဒါက နားမလည်တာပဲလား။ ရည်ရွယ်ချက်ရှိရှိ လုပ်နေတာပဲလား။

သူမစိတ်တို‌လာတာကို‌တွေ့တော့ လုံယန်က အသံကိုနှိမ့်၍

“ကိုယ်အနာဂတ်မှာ လုံး၀လက်ဖက်ရည် မသောက်တော့ပါဘူးလို့ ကတိပေးတယ်”

သူ၏အသံမှာအလွန်နူးညံ့နေလျက် ချော့မော့ပြောနေသည့်ဟန်ပေါ်ကာ မြင်နေရသည့်လူတိုင်းအား ထိတ်လန့်သွားစေ သည်။

ထိုထက်ပိုထိတ်လန့်ဖွယ်ကောင်းသည်မှာ လုလျန့်ဝေက အရှင့်ကို အဲ့လိုလေသံမျိုးနဲ့ ပြောရဲတယ်။သူမဘယ်လိုတောင် အတင့်ရဲနေတာလဲ။

သို့ရာတွင် အရှင်ဟာတော့ သူမကို အပြစ်ပေးရန်အတွေး စိုးစဉ်းမျှပင်ရှိဟန် မပေါ်ချေ။ ထိုအစား မြင်ရခဲသည့် နူးညံ့သည့် ဟန်ပန်ပင် ထုတ်ပြလာလေသည်။

ထိုသည်မှာ မည်သူမျှမမြင်ဖူးသည့် ဧကရာဇ်၏နူးညံ့သည့်ဘက်ခြမ်းပင် ဖြစ်သည်။

ထိုနေရာ၌ရှိနေသည့်လူတွေမှာ အချိန်ခဏ လောက် သူတို့၏မယုံကြည်နိုင်မှုကို ဘယ်လို ထိန်းချုပ်ရမလဲမသိဖြစ်သွားရသည်။ ဧကရာဇ်ကို အဲ့လိုနူးနူးညံ့ညံ့ပြုမူလာအောင်လို့ လုလျန့်ဝေ အရင်ဘဝက ဘာကုသိုလ်တွေများ လုပ်ခဲ့ပါလိမ့်။

ဧကရာဇ်၏နှစ်သက်ကြောင်းပြသော ထိုအပြုအမူမှာ လူတိုင်းအတွက် မှတ်သားရန် ခက်ခဲသောအရာတစ်ခုပင်ဖြစ်သည်။ သူတို့အတွက် လုလျန့်ဝေအပေါ်တွက်ချက်နေမှုအား မတောင့်ခံနိုင်ကြတော့ပေ။

ကံကြမ္မာက တော်တော်လှည့်ကွက်များတာပဲ။ တစ်ချိန်က အိမ်ရှေ့စံရဲ့စွန့်ပစ်ခံမိန်းကလေး က အခုတော့ ဧကရာဇ်ရဲ့အရေးပါတဲ့ လူတစ်ယောက်ဖြစ်နေပြီ။ ဒီအပေါ်မှာ အိမ်ရှေ့စံဘယ်လိုခံစားနေရမလဲမသိဘူး။

ထိုနေရာ၌ရှိနေသည့်လူတိုင်းဟာ လုံချီကို အကဲဖြတ်ဝေဖန်နေကြသည်။

ထိုအချိန်တွင် လုံချီ၏မျက်နှာထက်ရှိ ပျော်ရွှင်နေသော အရိပ်အယောင်မှာ လျော့ပါးသွားကာ သူ့နှလုံးသားထဲ၌ ခံစားမှု လှိုင်းလုံးကြီးတစ်လုံးရိုက်ခတ်လာသည်။

သူသည်လည်း ဦးရီးတော်၏မြင်ရခဲသော ထိုနူးညံ့ညင်သာမှုကို တွေ့လိုက်ရသည်ပင်။ သူ့ဦးရီးတော်လိုလူတစ်ယောက်က တကယ်ပဲ ဘယ်လိုနူးညံ့ညင်သာရမယ်ဆိုတာကို သိသည်ကို သူမယုံနိုင်ချေ…။

အမွေဆက်ခံသူ‌တစ်ယောက်အနေနဲ့ ထိုအကြောင်းကို လုံချီလောက် မည်သူမျှ ရှင်းရှင်းလင်းလင်းမသိနိုင်ချေ။ သူဟာ ဦးရီးတော်နှင့် နေ့စဉ်နေ့တိုင်း ပြောဆိုဆက်ဆံနေရသူဖြစ်သည်။

သူ့ဦးရီးတော်ဖြစ်သူဟာ ထိုခြိမ်းခြောက်နိုင် သောအရှိန်အ၀ါနှင့် သူ့အားနေ့တိုင်း ပြင်းထန်သောဖိအားကိုပေးနေသူဖြစ်သည်။ အရိုးသားဆုံးပြောရလျှင် လုံချီမှာ ဦးရီးတော် ဖြစ်သူနှင့်တွေ့တိုင်း ကြီးမားသောဖိအားထံ တွန်းပို့ခံနေရသည်။

လုံယန်သည် မကြာခင်သေတော့မည့်သူ တစ်ယောက်ဖြစ်သော်လည်း သူ၏ ခြိမ်းခြောက်နိုင်သော အရှိန်အဝါမှာတော့ နည်းနည်းလေးမျှပင် လျော့နည်းမသွားချေ။

ဦးရီးတော်သည် ပလ္လင်ထက်၌နေရာယူထားသည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်သည်။ ထိုလူဟာ သူ၏ ဩဇာ၊ အာဏာ၊ ဂုဏ်သိက္ခာကို ပြသရန်ပင် မလိုခဲ့ချေ။ သူတစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် လူတစ်ယောက် အားတစ်စစီဆုတ်ဖြဲပစ်နိုင်ပေသည်။

ထိုသို့သောလူမျိုးက လုလျန့်ဝေနဲ့ ရင်ဆိုင်သည့်အခါ တကယ်ကြီး နူးညံ့နေခဲ့သည်။ ၎င်းမှာ ခြင်္သေ့တစ်ကောင် တောထဲ၌လျှောက်သွားရင်း သူ၏အန္တရာယ်ရှိသည့် တစ်ဖက်ခြမ်းကို ယာယီစွ့န်လွှတ်ထားဟန်နှင့်တူ‌နေသည်။

လုလျန့်ဝေမှာတော့ လူတိုင်းကသူမအား ကြည့်နေသည့် ထူးဆန်းသည့်အကြည့်များကို သတိမမူမိချေ။ လုံယန်က သူ့ကတိကို မှတ်မိ‌ကြောင်းပြောလာသည်နှင့် ကျောက်ချန် ဘက်လှည့်ကာ

“အထိန်း‌တော်ကျောက်၊ ရှင်ကြားတယ်မလား။ အခုကစပြီး သူ့ကို သေချာစောင့်ကြည့်ထားပေးပါအုံး။ တကယ်လို့ သူဒီလို ထပ်လုပ်ရင် ကျွန်မကိုလာပြော”

ကျောက်ချန်မှာတော့ ချွေးများပျံလာရကာ သူမကို ဘယ်လိုပြန်ဖြေရမလဲပင်မသိတော့ချေ။

သူ့သခင်ဖြစ်သူမှာ လက်ဖက်ရည်သောက်ရ သည်ကို အလွန်နှစ်ခြိုက်ပြီး နေ့တိုင်း သောက်လေ့ရှိသည်။ ထိုသို့လုပ်ဖို့ရာမှာ သူ့အတွက်အနည်းငယ်ခက်ခဲလေသည်။

လုံယန်သူ့အားလှစ်ခနဲကြည့်လိုက်ပြီး

ကျောက်ချန်မှာရှုံ့မဲ့သွားရကာ ချက်ချင်း ပြန်ဖြေလိုက်သည်။

“ဒီနိမ့်ကျတဲ့အစေခံ နားလည်ပါပြီ။ ဒုတိယသခင်မလု စိတ်မပူပါနဲ့။ တကယ်လို့ သခင်ကြီး… သခင်ကြီး…”

သခင်ကြီးလက်ဖက်ရည် သောက်ခဲ့လျှင်တောင် သူ ဒုတိယသခင်မထံ ပြန်မတင်ပြရဲပေ။

‘သခင်ကြီးသာအဲ့လိုမလိုက်နာရင် ဘာလုပ်ဖို့ ကတိထားနေသေးတာလဲ။ ငါ့ကို တမင်တကာ ခက်ခဲအောင်လာလုပ်နေသလိုပဲ’

ကျောက်ချန်အခက်တွေ့ပြီး ဘာမှ‌မပြောနိုင် ဖြစ်နေသည်ကို လုလျန့်ဝေနားလည်လိုက်သည်။ တကယ်အရေးကြီးသည်မှာ အရှင်ကိုယ်တိုင် ပင်ဖြစ်သည်။ သူသည် ဧကရာဇ်တစ်ပါးဖြစ်သောကြောင့် သူသာနှစ်သက်သည်ဆိုပါက မည်သူမှသူ့ကို မတားရဲပေ။

သူမ၏ဂုဏ်သိက္ခာကိုငဲ့၍ သူထိုသို့ပြောခြင်းသာဖြစ်သည်။

ထိုသို့တွေးမိပြီး သူမအရှင့်ထံ အကြည့်တစ်ချက်ပို့လိုက်သည်။

လုံယန်လည်း ထိုအရာကိုသတိပြုမိပြီး သူမ ခေါင်းကိုပုတ်ကာ

“ဒီဧကရာဇ်က စကားကို အလွယ်မပြောတတ်ပါဘူး။ ပြောတဲ့အတိုင်း လုပ်မှာပါ”

Chapter 318

တဏှာက သူ့ဆုံးဖြတ်ချက်ကို ဝေဝါးအောင် လုပ်လိုက်တာလား

လုလျန့်ဝေ သူ့လက်အားဆွဲကိုင်၍ ပြုံးလိုက်ကာ

“ဟုတ်ပါပြီ။ အဲ့တာဆို ကတိပေးထားတဲ့အတိုင်းလုပ်ရမယ်နော် အရှင်”

ယခုသူမအပြုအမူက မည်မျှရင်းနှီး ဟန်ပြနေကြောင်း သူမသတိမပြုမိချေ။

လုံယန်၏နှုတ်ခမ်းများ‌တွန့်ကွေးသွားပြီး မျက်လုံးထဲ၌ အပြုံးတစ်စထွက်ပေါ်လာလေသည်။

“ကောင်းပါပြီ”

လုံချီလက်သီးတင်းတင်းဆုပ်လိုက်မိသည်။ သူ့ရှေ့ရှိ ထိုမြင်ကွင်းမှာ အတော်လေး စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလှသည်။

လုလျန့်ဝေက ဘာလို့များ ဒီလောက်တောင် ဣန္ဒြေမဲ့နေရတာလဲ။ သူ့ဦးရီးတော်လဲ ရှိနေတဲ့ဟာကို သူ့အသက်ဘယ်လောက်လဲ ဆိုတာရော သူမ သိရဲ့လား။ ဦး‌ရီးတော်ကရော အမြဲတမ်းစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနေကျမဟုတ်ဘူးလား၊ အခုကျ သူ ဘာတွေလုပ်နေတာလဲ။

သူတို့အားလုံး အိမ်ရှေ့စံမယ်မယ် နန်းတွင်းသမားတော်၏၀တ်ရုံစကို လှမ်းဆွဲ လိုက်သည်ကို မြင်လိုက်ရသည်။ ထို့နောက် သူမက ကယောင်ချောက်ခြားနှင့် အော်လာသည်။

“နင်ရမ်းကုနေတာ။ လုလျန့်ဝေနဲ့ ပေါင်းကြံထားတာမလား။ ငါလိုအိမ်ရှေ့စံမယ်မယ်ရဲ့ ကလေးကိုတောင် နင်ကျိန်ဆဲရဲတယ်ပေါ့။ နင်ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်မှတ်”

နန်းတွင်းသမားတော်မှာ ကြောက်လန့်ကာ ကြောင်အနေမိသည်။

လုံချီက ထိုအခြင်းအရာအားမြင်တော့ သူ့မျက်လုံးများ နက်မှောင်သွားရသည်။ သူက အရှေ့သို့ ခြေလှမ်းကျဲကျဲဖြင့်လျှောက်လာ ကာ ကယောင်ချောက်ခြားဖြစ်နေသော လုယွင်ရွှမ်းကို ဆွဲလိုက်သည်။ ထို့နောက် နန်းတွင်းသမားတော်အား တင်းမာစွာ မေးလိုက်သည်။

နန်းတွင်းသမားတော်ပင် မဖြေရသေးခင်၌ လုယွင်ရွှမ်းတစ်ယောက် လုံချီ့လက်မောင်း တွေထံ ခုန်၀င်ကာ ငိုလေတော့သည်။

“အစ်မပြောတာကို ညီမလေး နားမလည်ပါဘူး။ ညီမနဲ့နန်းတွင်းသမားတော် ပူးပေါင်းကြံစည်ထားပါတယ်လို့ ဘာလို့ပြောရတာပါလဲ။ ညီမ သူ့ကို ဒီနေ့မှ ပထမဆုံးမြင်ဖူးတာ”

ထို့နောက် နန်းတွင်းသမားတော်ဘက်လှည့် ကာ မေးလိုက်သည်။

နန်းတွင်းသမားတော်မှာ အစောကထက် တည်ငြိမ်သွားပြီဖြစ်သောကြောင့် သူ့၀တ်ရုံကို သပ်ရပ်သွားအောင် ပြုပြင်လိုက်သည်။ သူနဲ့ ဒုတိယသခင်မလုနဲ့ ပူးပေါင်းကြံစည်ထားပါ တယ်လို့ ဘာလို့ အိမ်ရှေ့စံမယ်မယ် အတင်းပြောနေသလဲမသိပေမယ့် လူကြားထဲ ၌ ထိုသို့မကောင်းပြောခံရသည့်အတွက် မပျော်ရွှင်သည့်အမူအရာဖြစ်နေသည်။

“ကျွန်တော့်ရာထူးကနိမ့်ကျပေမယ့် အိမ်ရှေ့စံ မယ်မယ် ကျွန်တော့်ကို ဒီလိုအပုပ်ချတာကို တော့ လက်မခံနိုင်ပါဘူး။ ဒုတိယသခင်မလုနဲ့ ရင်းနှီးဖို့မပြောနဲ့ သူမနဲ့တစ်ခါမှတောင် မတွေ့ခဲ့ဖူးပါဘူး။ ဘာလို့များ အိမ်ရှေ့စံမယ်မယ်က အမှန်တရားကို ဒီလို အလွယ်လေး လိုရာဆွဲပြောရတာပါလဲ။ အိမ်ရှေ့စံမယ်မယ်က ကျွန်တော့်ဆေးပညာ ကို မယုံဘူးဆိုရင်လည်း အခြား နန်းတွင်းသမားတော်တစ်ပါးကို ဆင့်ခေါ်ပြီး ကျန်းမာရေးအခြေအနေကို စစ်ဆေးခိုင်းလို့ ရပါတယ်။ နန်းတွင်းဆေးဌာနတစ်ခုလုံး ဒုတိယသခင်မလုနဲ့ ပူးပေါင်းကြံစည်ထား သလားဆိုတာကို ကျွန်တော်လဲ သိချင်မိပါတယ်”

လုလျန့်ဝေမှာ ထိုလူအား လက်မအကြီးကြီးပင် ထောင်ပြလိုက်ချင်သည်။ ထိုနန်းတွင်း သမားတော်ဟာ ခိုင်မာသောသဘောထားရှိ သူဖြစ်သည်။ သူ့စကားတွေက တကယ်ကို ကျိုးကြောင်းဆီလျော်လွန်းလှသည်။

လုယွင်ရွှမ်းသည် လုံချီ၏လက်မောင်းကိုမှီထား ရင်း သူမမျက်နှာမှာ စိမ်းတစ်လှည့် ပြာတစ်လှည့်ဖြစ်လာရသည်။ သူမ ခဏလောက်ဘာမှမပြောနိုင်ဖြစ်သွားရသည်။

လုံချီ နန်းတွင်းသမားတော်အား နောက်တစ်ကြိမ် တင်းမာစွာထပ်မေးလိုက်သည်။

နန်းတွင်းသမားတော်လည်း သက်ပြင်းချကာ သူ့စစ်ဆေးမှုရလဒ်ကို လုံချီအား ပြောပြလိုက်သည်။

“ကျွန်တော်မျိုး အိမ်ရှေ့စံမယ်မယ်ရဲ့ သွေးခုန်နှုန်းကို စစ်ဆေးကြည့်လိုက်တော့ သူမ ကိုယ်၀န်တစ်လရှိနေပြီဆိုတာကို သိလိုက်ရပါတယ်။ ဒါပေမယ့် သူမ ခန္ဓာကိုယ် က အထိအခိုက်လွယ်တာကြောင့် ကိုယ်၀န် ပျက်ကျသွားနိုင်တဲ့ လက္ခဏာကိုတွေ့လိုက်ရပါ တယ်။ အိမ်ရှေ့စံမယ်မယ်က အမှန်တရားကို လက်မခံနိုင်ပဲ ကျွန်တော်မျိုးကို အပုပ်ချခဲ့ တာပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ငဲ့ညာပေးပါ အရှင့်သား”

ထိုသို့ပြောပြီး နန်းတွင်းသမားတော်ဟာ ၀တ်ရုံစကို မ လျက် ဒူးထောက်လိုက်သည်။ သူ့ပုံစံမှာ မည်သည့်အချိန်တွင်မဆို သေရန် အဆင်သင့်ဖြစ်နေပုံပင်။

လုလျန့်ဝေမှာ ထိုသမားတော်အား လွန်စွာ အထင်ကြီးသွားရသည်။

နန်းတော်ထဲ၌ ထိုသို့သော ခိုင်မာသည့် သဘောထားရှိသူမှာ အလွန်ရှားလှသည်။ ထို့အပြင် သူပြောသည့်စကားတိုင်းမှာ အကြောင်းတရားလည်း ခိုင်လုံပေသည်။

လုယွင်ရွှမ်းမှာတော့ ထိုသိုသောအခြေအနေနှင့် ထိပ်တိုက်ရင်ဆိုင်ရသဖြင့် ကြောင်အသွားရပြီး ဘာမှထပ်မပြောနိုင်တော့ပေ။

All Chapters